People's Spring
59.9K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🔥6👍4👎1
🔥7😢2👎1🤬1
မိတ္ထီလာ နဲ့ နေပြည်တော်ကလာတဲ့ စစ်ကားအစီး ၁၅၀ ​ကျော် ပြည်မြို့ကို​ရောက်

■အ​နောက်သို့ဆက်သွားရင်ပန်းတောင်း၊ဥ
သျှစ်ပင်ဘက်သို့​​ရောက်ပြီး ​တောင်ဘက်သွားရင်ဧရာဝတီတိုင်းထဲ​ရောက်မယ်

ဩဂုတ်-၂၀၊၂၀၂၆။ဖိုးသား/People's Spring

မိတ္ထီလာမြို့ နဲ့ နေပြည်တော်ကလာတဲ့စစ်ကားအစီးရေ ၁၅၀ ကျော်ပါတဲ့စစ်တပ်ယာဉ်တန်းဟာ ပဲခူးတိုင်းပြည်မြို့ကိုရောက်ရှိပြီလို့ မကွေးတိုင်းပြည်သူ့ကာကွယ်​ရေးအဖွဲ့(မ​ကွေးတိုင်းပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ယာဉ်တန်းက အာရက္ခတပ်တော် AA နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေကို စစ်ကူပို့ဖို့ ဖြစ်တယ်လို့ မကွေးတိုင်းပကဖ ပြန်ကြား
ရေးတာ၀န်ခံကသုံးသပ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့တပ်မ (၅၅) နဲ့ ရဲတပ်
ရင်းတွေပါတဲ့ ကားအစီးရေ ၁၂၆ စီးက သြဂုတ် ၁၉ ရက်ညနေ ၅ နာရီခွဲမှာ မကွေးမြို့ကို စတင်၀င်ရောက်လာပြီး မကွေးလေတပ်၊ ခမရ - (၃၁၇) နဲ့ အမှတ် (၅၀၁၃) တင့်ကားတပ်ရင်းတွေမှာဖြန့်ခွဲအနားယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်သြဂုတ်၂၀မနက်မှာမကွေး-သစ်
ရာကောက် - ကိုးပင်လမ်းအတိုင်းထွက်ခွာခဲ့ပြီး ကိုးပင်ရဲစခန်းရှေ့မှာခေတ္တနားကာ နေပြည်တော်ဘက်ကလည်းလာတဲ့ ခဲ၊ ယမ်း တင် ကားအစီးရေ (၃၀) ပါ ယာဉ်တန်းကို စောင့်ဆိုင်းပြီး အစီးရေ (၁၅၀) ကျော်နဲ့ အောင်လံမြို့ဘက်ကိုဆက်လက်ထွက်ခွာခဲ့တယ်လို့ အသိပေးပါတယ်။

သရက်ခရိုင်၊အောင်လံမြို့ကိုဖြတ်ပြီးတောင်
ဘက်ကိုဦးတည်ခဲ့ကာ လက်ရှ်ိ( ဩဂုတ် ၂၀ ရက်၊ ည ၇ နာရီ၀န်းကျင်) ပဲခူးတိုင်း၊ ပြည်မြို့ကို ရောက်ရှိနေတယ်လို့ ဖော်ပြပါတယ်။

"ပြည်ကနေ အနောက်ဆို ပန်းတောင်း၊ ဥသျှစ်
ပင်ဘက်ပါ။တောင်ဘက်ဆက်သွားမယ်ဆို ဧ
ရာ၀တီတိုင်းထဲရောက်မှာ။ကြံခင်း၊မြန်အောင်
ဘက်ပေါ့"လို့ မကွေး ပကဖ ပြန်ကြားရေးတာ
၀န်ခံကလူထုနွေဦးကို ပြောပါတယ်။

စစ်ယာဉ်တန်းရဲ့လမ်းကြောင်းတလျှောက် သ
တင်းကို မကွေးတိုင်း အနှံ့ ဖြန့်ကျက် လှုပ်ရှားနေတဲ့ မြို့နယ်၊ခရိုင်ပကဖရဲဘော်တွေနဲ့ မန္တ‌
လေးတိုင်း၊ မိတ္ထီလာမြို့နယ်ပကဖ နဲ့ ပကဖ ရဲဘော်တွေက ထောက်လှမ်းပေးပို့ထားတာလို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း၊ပန်းတောင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတာတစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။

လက်နက်နဲ့ ယမ်းထုတ်လုပ်ရေးစက်ရုံတွေရှိနေတာ အပြင် ‌ရခိုင်ပြည်နယ်အတွက်လည်း ပန်းတောင်းဒေသက စစ်ရေးအရ ဗျူဟာမြောက်နေရာလို့ စစ်ရေးသတင်းရင်းမြစ်တချို့က သုံးသပ်ထားပါတယ်။

အာရက္ခတပ်တော်(AA) နဲ့ မဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲက အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ကိုဦးတည်တဲ့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ဇူလိုင်လလယ်မှာ ပိုပြင်းထန်လာပြီး စစ်တပ်အထိနာနေပါတယ်။

ကပစ(၁၆)ဟာ ပန်းတောင်းမြို့နယ်၊မသုံးကျေးရွာအနီးမှာ ရှိပါတယ်။ ယမ်းချက်ပြီး ဗုံးသီးတွေ အဓိကထုတ်တဲ့ အဲ့ဒီစက်ရုံဟာ ပန်းတောင်းမြို့နဲ့ ၂၅ မိုင်ခန့်အကွာမှာ ရှိတာပါ။ကပစ(၁၆)ကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဦးတည်တိုက်ခိုက်ခဲ့တာပါ။စစ်တပ်က အမှတ်(၁၀) စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၁၀) လက် အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၆၃)၊ ခမရ(၃၆၄)၊ ခမရ(၃၆၆)၊ ခမရ(၃၆၉) တပ်တွေအပြင် စစ်မှုထမ်းသင်တန်းဆင်းတွေအများအပြားပို့ပြီး ခုခံခဲ့တာပါ။

ထိုးစစ်စတင်တဲ့ ဇန်နဝါရီလထဲမှာပဲ ကပစ
(၁၆) ရဲ့ ကာကင်း ၆၆၆ ပွိုင့်ကုန်းနဲ့ မေလထဲကတိုက်ပွဲတွေမှာ ပွိုင့် ၅၀၀ကုန်းရဲ့ ကာကင်းစခန်း အချို့ကို ​တော်လှန်​ရေးတပ်​တွေကသိမ်းယူခဲ့ပါတယ်။၆၆၆ပွိုင့်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စကခ-၁၀ ရဲ့ စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

လက်ရှိမှာ စကစ(၁၆)အနီးနဲ့ ရခိုင်-ပဲခူးနယ်
စပ်စစ်မျက်နှာအပြင် ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ် ဖြစ်တဲ့ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာ၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီ
တိုင်းနယ်စပ်ဖြစ်တဲ့ရွှေသောင်ယံ၊သာ‌ပေါင်း၊ ရေကြည်၊ လေးမျက်နှာမြို့နယ်တွေမှာတိုက်
ပွဲတွေပြင်းထန်နေပြီးစစ်တပ်အထိနာ​နေတယ်လို့စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။
19👍11👎8🔥1👏1🤬1
၂၀၂၆ ​မေလမှာ စစ်ကိုင်းတိုင်းကိုဖြတ်၍
ကချင်ပြည်နယ်သို့စစ်တပ်ကားတန်း​တွေသွား​နေစဥ်။မြစ်ကြီးနားမြို့ရှိ မပခသို့သွားတဲ့စစ်တပ်ယာဥ်တန်းမှာကားအစီး​ရေရာချီပါ​ပေမယ့်ကား​ပေါ်မှာ ကားတစ်စီးစစ်သား ၄ ဦး ၊၅ ဦးသာပါတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်
12👎10🔥1👏1🤬1
အောက်တိုဘာ ၁၀ ရက်မှာတော့လှည်းကူးမြို့နယ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာ ၂၅ ခုအထိ ရေကြီးခဲ့ပြီး အိမ်ထောင်စု ၁,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပါတယ်။လှည်းကူးမြို့ပေါ်တင် မဟုတ်ဘဲ ငမိုးရိပ်ချောင်းအနီးနား အနိမ့်ပိုင်းနေရာတွေ ကိုပါ ထိခိုက်ခဲ့ပါတယ်။

ရေလှောင်တမံမှာ ရေကို သိုလှောင်ထားတဲ့ ရေလှောင်ကန်၊ ရေထုတ်ပေါက်နဲ့ ရေပိုလွှဲလို အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ မိုးများလာလို့ ရေလှောင်ကန်ထဲကို ရေဝင်များလာရင် ရေအဆင့်တက်လာနိုင်ပါတယ်။ ရေက သတ်

မှတ်အဆင့်ထက် ပိုလာတဲ့အခါ ပိုလျှံတဲ့ရေကို ရေပိုလွှဲကနေ အောက်ဘက်ကို စီးဆင်းစေပါတယ်။ ဒါကြောင့် ရေပိုလွှဲကနေ ရေကျနေတယ်ဆိုတာနဲ့ တမံပေါက်နေပြီလို့ သတ်မှတ်ရမှာမျိုးတော့မဟုတ်ဘူးလို့ သိရပါတယ်။ ရေပိုလွှဲကနေ ရေကျတာက ရေလှောင်ကန်ထဲမှာ ရေများလာတဲ့အခါ ပိုလျှံတဲ့ရေကို ထိန်းချုပ်ပြီး ထုတ်တဲ့ လုပ်ငန်းစဉ် ဖြစ်နိုင်ပါတယ်။

တမံပေါက်တယ်ဆိုတာကတော့တမံကိုယ်ထည် ပျက်စီးပြီး ရေလှောင်ထားတဲ့ရေပမာဏအများအပြားကို ထိန်းမထားနိုင်တော့ဘဲ အောက်ဘက်ကို ရုတ်တရက်စီးဆင်းသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။

ရေလှောင်တမံတစ်ခုအတွက် ရေသိုလှောင်နိုင်စွမ်းကို ထိန်းသိမ်းဖို့ကလည်း အရေးကြီးပါတယ်။ဒီအတွက်နှုန်းအနည်ကျမှုကလည်း သတိထားရမယ့်အချက်တခုဖြစ်ပါတယ်။ ရေဝေရေလဲဒေသကနေ မြေဆီလွှာနဲ့ နှုန်းတွေ ရေထဲပါလာပြီးရေလှောင်ကန်နဲ့ရေစီးကြောင်းတွေမှာ အနည်ကျလာရင် ရေလှောင်နိုင်စွမ်းနဲ့ ရေစီးဆင်းနိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) ရဲ့ Greater Yangon Water Supply လေ့လာချက်မှာလည်းငမိုးရိပ်ရေလှောင်ကန်က ရေသန့်စင်စက်ရုံတွေကို ပို့တဲ့ ရေစီးကြောင်းမှာသဲ၊ရွှံ့နဲ့ အနည်အနှစ်တွေ စုလာနိုင်ပြီးရေစီးနိုင်စွမ်း လျော့နည်းနိုင်တာကြောင့်တမံအတွင်းအနယ်အနှစ်တူးဖော်ရှင်းလင်းတာတွေ လုပ်ဖို့ လိအပ်နိုင်ကြောင်း ဆွေးနွေးထားပါတယ်။


https://www.ludunwayoo.com/feature-mm/2026/08/20/166101/
👍24🔥32
စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီက စစ်ရေးဖော်ဆောင်တဲ့အခါစစ်တိုင်းနယ်မြေတွေ သတ်မှတ်ပြီဟန်ချက်ညီညီ အလုပ်လုပ်ဆောင်နိုင်ရေး ကိုင်တွယ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

စစ်တိုင်း​တွေခွဲထား​ပေမယ့် စစ်ရေးအစီအမံတွေလုပ်ဆောင်ရာမှာ မူဝါဒတခုတည်း မဟာ
ဗျူဟာတခုတည်းနဲ့ စစ်ရေးဖော်ဆောင်သွားမယ်လို့ SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကဆိုပါတယ်။ စစ်​ရေးကိုSCEF အဖွဲ့ဝင်တွေသာမကမဟာမိတ်တွေနဲ့ ပူးပေါင်း
လုပ်ဆောင်မယ်လို့လည်း အသိပေးပါတယ်။

SCEF အဖွဲ့ဝင်NUGရဲ့ကာကွယ်ရေးဝန်ကြီး
ဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်
မတော်(PDF)တပ်မှူးတွေအနေနဲ့လည်းဩ
ဂုတ်လ ပထမပတ်မှာ တပ်မှူးကြီးများအ
စည်းအဝေးကို ၄ ရက်တာ ကျင်းပခဲ့ပါတယ်။ အဲဒီတပ်မှူးကြီးများအစည်းအဝေးမှာရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်ခဲ့ရာ SCEF စစ်မ
ဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်
မတီမှာ မဟာဗျူဟာကျကျပါဝင်ဆောင်ရွက်နိုင်ရေးနဲ့စစ်ဒေသအသီးသီးမှာသက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်
အားစုများအားလုံးနဲ့ လက်တွဲပြီး ပြည်သူ့ခုခံတွန်းလှန်စစ်မှသည် မဟာဗျူဟာ ထိုးစစ် သို့ တက်လှမ်းနိုင်ရေး လုပ်ဆောင်သွားဖို့ ချမှတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးထုတ်ပြန်ပါတယ်။

"မြန်မာပြည်မှာ အရင်က နိုင်ငံရေးနဲ့ စစ်ရေးမဟာမိတ်တွေ ပေါ်ပေါက်ဖူးပေမဲ့ အခုအခြေအနေနဲ့ မတူဘူး။ အရင်က ပြည်နယ်တခုချင်းနေ တိုင်းရင်းသားအဖွဲ့တွေဟာ ကိုယ့်ပြည်နယ်နဲ့ကိုယ်လှုပ်ရှားနေခဲ့ကြတာ များတယ်။ ချိတ်ဆက်ပြီးတပြိုင်နက်လှုပ်ရှားမှု အားမကောင်းခဲ့ဘူး။ ဧရာဝတီ၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းစတဲ့ တိုင်းတွေ၊ မြေပြန့်ဒေသတွေမှာ ဆိုရင်လည်း အခုလိုတိုက်ပွဲတွေ တပြိုင်နက် ဘယ်တုန်းကမှ မလုပ်နိုင်ခဲ့ကြဘူး။ ဒါတွေအခုပေါ်လာတာဟာ NUG နဲ့ ERO တွေရဲ့ ညီညွတ်ရေးက ပေါ်ထွက်လာတာဖြစ်တယ်။ ဒါကြောင့် NUG နဲ့ ERO တွေပေါင်းထားတဲ့ SCEF ဟာ မြန်မာပြည်သူတရပ်လုံးရဲ့ ထွက်ပေါက်ဖြစ်တယ်လို့ ကျနော်ပြောတာပါ။" လို့ SCEF နဲ့ နိုင်ငံတကာ​ရောက် မြန်မာပြည်သူ​တွေ​တွေ့ဆုံပွဲတက်​ရောက်ခဲ့တဲ့ ဝါရင့်သတင်းစာဆရာတဦးက​​ပြောပါတယ်။

တဖက်မှာလည်း ဒီ​ကောင်စီဟာ အရင်တုန်းကမဟာမိတ်အဖွဲ့​တွေလိုပဲ ဖြစ်သွားမလား၊စစ်တပ်နဲ့​ဆွေး​နွေးဖို့ပဲဖွဲ့တာလား ၊တကယ်လုပ်နိုင်မှာလား စတဲ့ သံသယနဲ့ မယုံကြည်မှု​တွေကလည်း ရှိ​နေကြဆဲဖြစ်ပါတယ်။ ထူးခြားချက်တခုက​တော့ အာဏာသိမ်းစစ်တပ်က SCEF ဖွဲ့စည်းတာ ၅ လဝန်းကျင်ရှိလာတဲ့တိုင် အမည်ကို ၁ ကြိမ်​တောင်ထုတ်​​ပြောတာမရှိဘဲ တစ်ဖွဲ့ချင်းစီကိုသာအမည်
တပ်ဝါဒဖြန့်​နေတာကို​တွေ့ရပါတယ်။ စစ်အုပ်စုက ​တော်လှန်​ရေးအင်အားစု​တွေ ​သွေးစည်းညီညွတ်မှာကို အ​ကြောက်ဆုံးဖြစ်တယ်လို့အထက်ပါ ဝါရင့်သတင်းစာဆရာကသုံးသပ်ပါတယ်။

​တော်လှန်ပြည်သူ​တွေက​တော့ အမည်နာမ​တွေထက် စစ်အာဏာရှင်စနစ်ဆိုးကိုအဆုံးသတ်​ပေးမယ့် အင်အားစု​တွေကို ​မျှောိလင့်​နေကြဆဲဖြစ်ပါတယ် ။ပြည်သူ​တွေရဲ့ ​မျှော်လင့်ချက်​တွေကို SCEF ဘယ်​လောက်ဖြစ်ဆည်း​ပေးနိုင်မလဲ ဆိုတာ သက်​သေပြနိုင်ဖို့လိုပါတယ်။ အဲဒီလိုသက်​သေပြတာမှာလည်း စစ်​ရေး ၊သံတမန်​ရေး ၊နိုင်ငံ​ရေး စတဲ့နည်းလမ်းအသွယ်သွယ်ထဲမှာ စစ်​ရေးကအဓိကဖြစ်လာဖွယ်ရှိ​နေပါတယ် ။


https://youtu.be/bZ0uI3BHfxA?si=lV1sH1aslF7JsJHO
37👍11🔥1🥰1🖕1
■​ဆောင်းပါး

နိုင်ငံတကာမီဒီယာတွေက မင်းအောင်လှိုင်ရဲ့ မော်စကိုခရီးစဉ်ကို ဘာကြောင့် အထင်မကြီးခဲ့ကြသလဲ

- ဥဂ္ဂါ ရေးသားသည်။

"စာချုပ် ၁၀ ခု လက်မှတ်ထိုးတယ်" ဆိုတဲ့ သတင်းခေါင်းစဉ်ကို ဖတ်လိုက်ရင် နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်တော့မယ့်ပုံစံမျိုး ထင်ရနိုင်ပါတယ်။ ဒါပေမယ့် ဥရောပအခြေ
စိုက် သတင်းဌာန တချို့ကတော့ ဒီခရီးစဉ်ကို အဲဒီလို မမြင်ပါဘူး။

ယခုရက်ပိုင်းအတွင်းမော်စကိုသို့ သွားရောက်
ခဲ့တဲ့ အဆိုပါခရီးဟာ အတုအယောင် ရွေး
ကောက်ပွဲအပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိမိကိုယ်မိမိ သမ္မတအဖြစ် ကြေညာပြီးနောက် ပြည်ပသို့ သွားရောက်ခဲ့တဲ့ ပဉ္စမမြောက် ခရီးစဉ် ဖြစ်ပါတယ်။ ယင်းမတိုင်မီ အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။

တစ်ဖက်မှာ ရုရှားက အာဆီယံထဲမှာ ကိုယ့်အသံကို ကြားစေမယ့် မိတ်ဖက်တစ်ဦး လို
အပ်နေပြီး အခြားတစ်ဖက်မှာ မြန်မာစစ်အစိုးရကလည်း နိုင်ငံတကာဇာတ်ခုံမှာ “ကျွန်တော်တို့ကို မမြင်ချင်ယောင်ဆောင်လို့ မရဘူး” ဒီမှာကြည့်ဆိုတဲ့ ပူတင်က လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံရိပ်တစ်ခု လိုအပ်နေပါတယ်။ဒါကြောင့်ဒီခရီးစဉ်ဟာစီးပွားရေးထက်
၊ နိုင်ငံရေးအရ တစ်ယောက်ကိုတစ်ယောက် “မင်းမှာ ငါရှိတယ်၊ ငါမှာ မင်းရှိတယ်” လို့ ပြ
သတဲ့ ဓာတ်ပုံရိုက်ပွဲတစ်ခုနဲ့ ပိုတူနေပါတယ်။

ဒီလို သုံးသပ်ချက်တွေထဲက ထင်ရှားတဲ့တစ်ခုကတော့ ရုရှားနဲ့ အရှေ့/အလယ်ပိုင်း ဥရောပရဲ့ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးတွေကို အဓိကဖော်ပြတဲ့ BNE IntelliNews က ဘာလင်အခြေစိုက် သတင်းထောက် Ben Aris ရဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။

Ben Aris ရဲ့ အဓိကသုံးသပ်ချက်က စာချုပ်တွေအများကြီးလက်မှတ်ထိုးခဲ့ပေမယ့် လက်
တွေ့အကောင်အထည်ပေါ်နေတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုက အလွန်နည်းပါးနေဆဲဖြစ်တယ်။ ရုရှားအတွက် အဓိကအကျိုး
ကျေးဇူးက အာဆီယံ (ASEAN) ထဲမှာ မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ရရှိထားခြင်းဖြစ်ပြီး၊ မြန်မာစစ်အစိုးရအတွက်တော့ နိုင်ငံတကာမှာ သမ္မတအဖြစ် လက်ခံတဲ့ ပူတင်နဲ့ အတူရိုက်တဲ့ဓာတ်ပုံနဲ့ သူ့ရဲ့နိုင်ငံရေးအသိအမှတ်ပြုမှု ရယူဖို့ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ဆောင်းပါးအစမှာပဲ ရုရှားနဲ့ မြန်မာတို့ဟာ ကရင်မလင်မှာ စာချုပ်နဲ့ နားလည်မှုစာချွန်လွှာ စုစုပေါင်း ၁၀ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲမှာ နျူကလီးယားစွမ်းအင် (Nuclear Energy)၊ သဘာဝဓာတ်ငွေ့ရည် (LNG)၊ ရေနက်ဆိပ်
ကမ်း၊ ဂြိုဟ်တုနဲ့ ရှာဖွေရေးကယ်ဆယ်ရေးစနစ်တွေ ပါဝင်ပါတယ်။

ဒါပေမယ့် အဲဒီစာချုပ်တွေဟာ "အနာဂတ်မှာ လုပ်မယ့် အစီအစဉ်တွေသာ" လို့ပဲ သတ်မှတ် ထားပါတယ်။ အကြောင်းကတော့ စာချုပ်တွေမှာ အကြီးစားစီမံကိန်းတွေကို ပြောထားပေမယ့် လက်တွေ့ စီးပွားရေးအခြေအနေကို ကြည့်လိုက်ရင်တော့ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၇၅ သန်းတောင် မပြည့်သေးဘဲ အဲဒီပမာဏဟာ ရုရှားရဲ့ ရေနံစိမ်းတင်ပို့မှု ၃နာရီစာသာ ရှိတယ်လို့နှိုင်းယှဉ်ဖော်ပြထားပါတယ်။စာချုပ်
တွေက ကြီးမားပေမယ့် အခြေခံစီးပွားရေး ဆက်ဆံရေးကတော့ အလွန်သေးငယ်ပါတယ်လို့ ဆိုလိုတာပါ။

ဒီလက်မှတ်ထိုးခဲ့တဲ့ စာချုပ်တွေထဲမှာ အရေး
ကြီးဆုံးအဖြစ် ဖော်ပြထားတာကတော့
"မတရားသော တစ်ဖက်သတ် အကျပ်ကိုင် အရေးယူဆောင်ရွက်မှုများ၏ ဆိုးကျိုးများကို တုံ့ပြန်ရန်၊ လျှော့ချရန်နှင့် ကုစားရန် နည်းလမ်းများဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ပူးတွဲကြေညာချက်" ဖြစ်ပါတယ်။ Ben Aris ကဒီစာချုပ်က နှစ်ဖက်စလုံး ဘာလိုချင်လဲဆိုတာကို အထင်အရှား ဖော်ပြနေတယ်လို့ သုံးသပ်ပါတယ်။

တကယ်တော့ နှစ်နိုင်ငံစလုံးဟာအနောက်နိုင်
ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြင်းထန်စွာ ရင်ဆိုင်နေရပြီး နှစ်ဦးစလုံး ယခုကဲ့သို့ အတူတကွ ပူးတွဲထုတ်ပြန်ခြင်းမှအပ အခြားဘာမျှ မတတ်နိုင် ကြကြောင်း ၎င်းကဆိုပါတယ်။

ကျန်တဲ့ သဘောတူညီချက်အများစုကတော့ ဝန်ကြီးဌာနအချင်းချင်း နားလည်မှုစာချွန်လွှာ (MOU) တွေဖြစ်ပြီး လျှပ်စစ်၊ ရေနံနဲ့ သဘာ
ဝဓာတ်ငွေ့၊ ဒစ်ဂျစ်တယ်နည်းပညာ (Digital Technology)၊ ဆက်သွယ်ရေး၊ ယဉ်ကျေးမှု၊ အာကာသနဲ့ ဂြိုဟ်တုဆိုင်ရာ ပူးပေါင်းဆောင်
ရွက်ရေး ကဏ္ဍများ ပါဝင်တယ်။

စီးပွားရေးအရ တကယ်အကောင်အထည်
ဖော်မယ့် တစ်ခုတည်းသောစာချုပ်ကတော့ ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က ရုရှားရဲ့ RC-Investments ရန်ပုံငွေအဖွဲ့နဲ့ မြန်မာရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ အကြား လက်မှတ်ရေးထိုးခဲ့တဲ့ ရေရှည် သဘာဝ
ဓာတ်ငွေ့ရည် (LNG) တင်ပို့ရေး နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ဖို့ လုပ်
ထုံးလုပ်နည်းစာချုပ် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပူတင်က သူ့မိန့်ခွန်းမှာ စွမ်းအင်ကဏ္ဍကို အလေးထားပြောခဲ့ပြီး မြန်မာတောင်ပိုင်းမှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ LNG တင်ပို့ရေးနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို ပြောဆိုခဲ့ပါတယ်။
21👎5
ဒါပေမယ့် Ben Aris က ဒီအချက်ကိုလည်း သံသယရှိပါတယ်။မြန်မာနိုင်ငံရဲ့သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုက ဆက်တိုက်ကျဆင်းနေပြီး အဓိက ရတနာဓာတ်ငွေ့ကမ်းလွန်မြေကလည်း အထွက်နှုန်း လျော့လာနေချိန်၊ပြည်တွင်းမှာလည်း လျှပ်စစ်နဲ့ လောင်စာဆီ ပြတ်လပ်မှုတွေကြောင့် နှစ်နှစ်နီးပါး လောင်စာဆီကို ခွဲတမ်းနဲ့ သုံးစွဲနေရတဲ့ အခြေအနေ အခြေအနေမှာ LNG ကိုတင်ပို့မယ့် အဓိကလမ်းကြောင်း ဖြစ်လာနိုင်တယ်ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်ခြေ နည်းတယ်လို့ ထောက်ပြထားပါတယ်။

နျူကလီးယားစွမ်းအင်ကတော့ ပူတင် အထူးအလေးထားပြောတဲ့ စီမံကိန်းဖြစ်ပါတယ်။ ရုရှားပုံစံအသေးစားနျူကလီးယားဓာတ်အား
ပေးစက်ရုံ(SMR)ကိုမြန်မာမှာတည်ဆောက်ဖို့ သဘောတူထားပြီး ၁၁၀ မဂ္ဂါဝပ်ကနေ ၃၃၀
မဂ္ဂါဝပ်အထိ တိုးချဲ့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ နျူကလီး
ယားစွမ်းအင်မရှိသေးဘဲ၂၀၁၉ ခုနှစ်မှာ လျှပ်
စစ်ဓာတ်အား ၂၄.၃ တာရာဝပ်နာရီ ထုတ်လုပ်ခဲ့ပြီး၊ လက်ရှိမှာ လက်နက်ကိုင် အတိုက်အခံအဖွဲ့တွေက နိုင်ငံဧရိယာရဲ့ သုံးပုံတစ်ပုံနီးပါးကို ထိန်းချုပ်ထားတာမို့ နိုင်ငံအနှံ့ လုံခြုံရေးအခြေအနေ တည်ငြိမ်မှုမရှိတာကို ဆောင်းပါးက ထောက်ပြထားပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကိုတော့ ရုရှားရင်းနှီးမြှုပ်နှံမှုတွေ အများဆုံး မြင်ရတဲ့နေရာအဖြစ် ဖော်ပြထားပါတယ်။Inter RAO၊ Gazprom International နဲ့ RosGeo လို ရုရှားကုမ္ပဏီတွေက ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ LNG Terminal နဲ့ တုပဉ္စလက် (AI) အသုံးပြုဓာတ်ငွေ့ရှာဖွေ
ရေး စီမံကိန်းတွေကို ဆွေးနွေးနေကြပါတယ်။ ဒါပေမယ့်အများစုကတော့သဘောတူညီချက်အဆင့်မှာပဲ ရှိနေသေးတယ်လို့ဆိုပါတယ်။

Ben Aris က စီးပွားရေးအရ အရေးပါတဲ့ တိုး
တက်မှုတစ်ခုရှိတယ်လို့တော့ ဝန်ခံထားပါတယ်။အဲဒါကရုရှားရူးဘယ်ငွေ (Ruble)နဲ့ ငွေပေးချေမှုစနစ် တိုးချဲ့လာတာပါ။ ပူတင်ရဲ့ အဆိုအရ နှစ်နိုင်ငံ အရောင်းအဝယ်ရဲ့ သုံးပုံနှစ်ပုံကို ရူးဘယ်နဲ့ ဆောင်ရွက်နေပြီဖြစ်ပြီး Mir ကတ်တွေကို မြန်မာဟိုတယ်နဲ့ စတိုးဆိုင်တချို့မှာ လက်ခံနေပြီလို့ ဆိုပါတယ်။ မြန်မာဗဟိုဘဏ်ကလည်း Sberbank နဲ့ ဆိုက်ဘာ လုံခြုံရေး၊Smile Payနဲ့ဒစ်ဂျစ်တယ်ငွေပေး
ချေမှုတွေကို ဆွေးနွေးခဲ့ပါတယ်။ စာရေးသူကတော့ ဒါဟာကုန်သွယ်မှုတိုးလာတာထက် ပိတ်ဆို့မှုကိုရှောင်လွှဲနိုင်တဲ့နည်းလမ်းတစ်ခုအဖြစ်ပိုအရေးကြီးတယ်လို့သုံးသပ်ပါတယ်။

ကုန်သွယ်ရေးကိန်းဂဏန်းတွေကို ကြည့်ရင်လည်းနှစ်နိုင်ငံကြားကုန်သွယ်မှုဟာ၂၀၂၃-၂၄
ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၇၄.၇၃ သန်းအထိ တိုးလာပေမယ့် အခြေခံပမာဏကအလွန်သေးငယ်နေဆဲ ဖြစ်ပါတယ်။မြန်မာကအဝတ်
အထည်၊ ဖိနပ်၊သရက်သီးယို၊လူဆံပင် စတာ
တွေ တင်ပို့ပြီး ရုရှားကတော့ ရေနံထွက်ပစ္စည်း၊ ဓာတ်မြေသြဇာနဲ့ စက်မှုပစ္စည်းတွေ တင်ပို့နေပါတယ်။

ဒီခရီးစဉ်မှာ စစ်ရေးနဲ့ပတ်သက်တဲ့ သဘော
တူညီချက်အသစ် မပါဝင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနဲ့ ရုရှားတို့ဟာ ငါးနှစ်သက်တမ်းရှိတဲ့ စစ်ရေးပူးပေါင်းဆောင်
ရွက်မှု သဘောတူညီချက်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ လက်မှတ်ရေးထိုးထားပြီးသားဖြစ်သလို၊ အသေးစိတ်အကြောင်းအရာ တွေကိုလည်း အများပြည်သူထံ ထုတ်ပြန်ထားတာ မရှိပါဘူး။ လက်ရှိမှာတော့ ရုရှားဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာ၊ စစ်ဘက်သင်တန်းတွေ ပေးတာနဲ့ မြန်မာစစ်ဘက်အရာရှိအများအပြားကိုရုရှားတက္က
သိုလ်တွေမှာ ပညာသင်ဆု ပေးတာတွေက
တော့ ဆက်လက်ရှိနေပါတယ်။

ပညာရေးနဲ့ ယဉ်ကျေးမှုကဏ္ဍမှာရုရှားဘာသာ
စကားကို ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေအပြင် စစ်တက္ကသိုလ်မှာလည်း သင်ကြားပေးနေပါတယ်။လက်ရှိမှာတော့ မြန်မာကျောင်း
သား ၄၀၀ နီးပါး ရုရှားတက္ကသိုလ်တွေမှာ ပညာသင်ကြားနေပြီး အခုအချိန်အထိ စုစု
ပေါင်း ၇,၀၀၀ ကျော် ရုရှားမှာ ပညာသင်ယူ
ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပူတင်ရဲ့ မိန့်ခွန်းမှာ စီးပွားရေးထက် သမိုင်း
ကြောင်းကို ပိုမိုအလေးထားခဲ့တာကိုလည်း Ben Aris က သတိထားမိပါတယ်။ ဆိုဗီယက်ခေတ်ကမြန်မာကိုကူညီခဲ့တာတွေကိုပြန်လည်
ပြောဆိုခဲ့ပြီးမင်းအောင်လှိုင်ကိုအာဆီယံနဲ့ ရု
ရှားဆက်ဆံရေးတိုးမြှင့်ပေးတဲ့အတွက် ကျေး
ဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ စာရေးသူကတော့ ဒါဟာ ရုရှားအတွက် အာဆီယံထဲမှာ ဩဇာလွှမ်းမိုးနိုင်မယ့် မိတ်ဖက်နိုင်ငံတစ်နိုင်ငံ လိုအပ်နေတာကို ပြသနေတယ်လို့ သုံးသပ်ပါတယ်။

ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ချက်တွေမှာ ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ရေးလို အ
ကြောင်းအရာတွေ ပိုများနေပြီး အကြီးစားစီးပွားရေး စီမံကိန်းတွေကိုလက်တွေ့အ
ကောင်အထည်ဖော်မယ့် လှုပ်ရှားမှုကတော့ နည်းပါးနေဆဲလို့ ဆောင်းပါးက မှတ်ချက်ပြုထားပါတယ်။

ခြုံငုံကြည့်မယ်ဆိုရင် ဒီမော်စကိုခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေးကို အဆုံးအဖြတ်ပြောင်း
လဲပေးမယ့် စီးပွားရေးအောင်မြင်မှုတစ်ခုထက် နိုင်ငံရေးအရ အပြန်အလှန်အားပေးတဲ့ သင်္ကေတတစ်ခုအဖြစ် ပိုထင်ရှားနေပါတယ်။ လက်မှတ်ထိုးခဲ့တဲ့စာချုပ်အများစုက အနာ
12🤣3👏1
ဂတ်ကတိကဝတ်တွေအဖြစ်သာ ရှိနေသေးပြီးလက်တွေ့အကောင်အထည်ဖော်မှုကတော့
အချိန်ယူစောင့်ကြည့်ရဦးမယ့်အခြေအနေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။အဲဒါကြောင့် နိုင်ငံ
တကာမီဒီယာတချို့က ဒီခရီးစဉ်ကို "စာချုပ် ၁၀ ခု" ဆိုတဲ့ ကိန်းဂဏန်းထက်၊ အဲဒီစာချုပ်တွေ ဘယ်လောက်အထိ အကောင်အထည် ပေါ်လာနိုင်မလဲ ဆိုတဲ့ မေးခွန်းနဲ့ပဲ ပိုပြီး ရှုမြင်ခဲ့ကြတာ ဖြစ်ပါတယ်။ ။

ကိုးကား - BNE IntelliNews
👍24🤣3
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် နဲ့ အာဏာရှင် ပူတင်တို့ကို​တွေ့ရစဥ်။
ဓါတ်ပုံ-Pool
🖕36💩10🤮6👎21🤬1
●Breaking News

မြောင်မှာ ဥပုသ်နေ့ သီလယူနေချိန် ဘုန်းကြီး
ကျောင်းက တရားစခန်းကို စစ်တပ် ဗုံးကြဲ

■ကျောင်းထိုင်ဆရာတော်အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံး၊ အများအပြား ဒဏ်ရာရ

သြဂုတ်-၂၁၊၂၀၂၆။ရွှေပြည်စိုး၊နှင်း/People's Spring

မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာဓမ္မာရုံမှာ
ဒီနေ့ (ဝါတွင်းကာလဖြစ်တဲ့ဝါ​ခေါင်လဆန်း ၈ရက်)ဥပုသ်နေ့ဖြစ်တာမို့ ဆရာတော်နဲ့ ဒေသခံတွေ တရားနာသီလယူနေကြစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးပြီး အ
များအပြား ဒဏ်ရာရခဲ့ပါတယ်။

"ဓမ္မာရုံတည့်တည့်ကို ကြဲတာ။ ဘုရားခန်းကို ဒဲ့ ကျတာ။ဘုန်းကြီးလည်းပျံလွန်တယ်။ စုစု
ပေါင်း ဆယ်ဦးကျော် သေဆုံးတယ်"လို့ ဒေ
သခံသတင်းရင်းမြစ်ကပြောပါတယ်။

သြဂုတ်၂၁ ရက်မနက်၉နာရီ ဝန်းကျင်က ဆွဲလွဲအိုရွာ ရွာဦးဓမ္မာရုံက တရားစခန်းကို
ဓမ္မာရုံကို စစ်တပ်ရဲ့ တံတားဦး လေတပ်က တက်လာတဲ့ဂျက်ဖိုက်တာနဲ့ ဗုံး​​လေးလုံးကြဲခဲ့တာလို့ ကနဦးသတင်းရရှိပါတယ်။သံဃာ​တော်​တွေအပါအဝင်သေဆုံးသူ​​များသလို ၊ဒဏ်ရာရသူတွေလည်း များပြားပြီး အရေးပေါ်ကုသနိုင်ဖို့ ကြိုစား​နေရတယ်လို့အထက်
ပါသတင်းရင်းမြစ်က​ပြောပါတယ်။

"စစချင်း တော့ အသေ၆လောင်းရတယ်။ဒါပေမယ့်ထပ်တိုးနဲ့အခု သေဆုံး ၁၀ဦးလို့ သိရတယ်။အထိခိုက်လည်းများတယ်"လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

ဓမ္မရုံမှာ ဝါတွင်းတရားစခန်းရှိပြီး ဒီနေ့ကဝါ
တွင်းကာလ ဥပုဒ် နေ့မို့ တရားနာလာတဲ့သူ တွေများတဲ့​နေ့ဖြစ်ပါတယ်။

ထပ်မံရရှိတဲ့သတင်း​တွေအရ ​သေဆုံးသူ ၁၂ ဦးရှိပြီး ဒဏ်ရာရသူ (၂၀) ဝန်းကျင်ရှိပြီလို့သိရပါတယ် ။အဆိုပါဘုန်းကြီး​ကျောင်းမှာ ၇ ရက်တရားစခန်းပြုလုပ်​နေတာဖြစ်ပြီး ဒီ​နေ့က သုံးရက်​မြောက်​နေ့ဖြစ်ပါတယ် ။

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်ဟာစစ်တပ်ထိန်း
ချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်ဖြစ်ပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲလို့ ​ဒေ
သခံပြည်သူ​တွေ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ဩဂုတ်လ၁၉ရက် နေ့ကလည်း မြောင်မြို့
နယ်၊လှေတင်ဦး ကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့တာမို့ ပြည်သူ၂ဦး သေဆုံးပြီး ၁၉ဦး ထိခိုက်ဒဏ်ရာရခဲ့ပါ သေးတယ်။ဒါ့အပြင်သြဂုတ် ၂၀ ရက်ညကလည်း လေကြောင်းဗုံးကြဲတာမှာ အမျိုးသမီးအချို့ သေဆုံးခဲ့ပါတယ်။

လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်
ရေးရဲဘော်တွေကသတိပေးထားပြီး လက်ရှိအခြေအနေကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

အာဏာသိမ်းစစ်တပ် နဲ့ အာဏာသိမ်းစစ်​​ခေါင်း​​ဆောင်​တွေဟာ အမျိုးဘာသာ သာသနာကို​စောင့်​ရှောက်တယ်၊ ဗုဒ္ဓဘာသာကိုမြှင့်တင်တယ်လို့ တချိန်လုံးဝါဒဖြန့်​ပေမယ့်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဘုန်းကြီး​ကျောင်း​တွေ ၊ဘုရား​တွေ ပါမ​ရှောင် ဗုံးကြဲသတ်ဖြတ်တာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာ၊မီးရှို့တာ​တွေမကြာခဏလုပ်​နေတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာသာမက ခရစ်ယာန် ၊အစ္စလာမ်စတဲ့အခြားဘာသာဝင်​တွေရဲ့အထွဋ်
အမြတ်ထားရာ ဘုရား​ကျောင်း​တွေ ၊ဘာသာ​ရေးအ​​ဆောက်အအုံ​တွေ စသဖြင့် ဘာသာ၊လူမျိုး ၊​ဒေသမခွဲခြားပဲ စစ်တပ်က ဗုံးကြဲတာ ၊မီးရှို့တာ ၊ အကြမ်းဖက်သတ်ဖြတ်တာ​တွေ
ဆက်တိုက်လုပ်​နေတာဖြစ်ပါတယ်။
🤬465😢5😡4👍1👎1🔥1👏1
😡35🤬11👎3👏2😢1🤮1🖕1
မြောင်၊ ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်း ဥပုသ်နေ့ သီလယူ​နေချိန် စစ်တပ် ဗုံးကြဲ

■ကျောင်းထိုင်ဆရာတော်အပါအဝင် ၁၂ ဦးသေဆုံး၊ ၂၀ ဦးခန့်ဒဏ်ရာရ

သြဂုတ်-၂၁၊၂၀၂၆။ရွှေပြည်စိုး၊နှင်း/People's Spring

မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာဓမ္မာရုံမှာ ဒီနေ့ (ဝါတွင်းကာလဖြစ်တဲ့ဝါ​ခေါင်လဆန်း ၈ရက်)ဥပုသ်နေ့ဖြစ်တာမို့ ဆရာတော်နဲ့ ဒေသခံတွေ တရားနာသီလယူနေကြစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ဒေသခံ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

"ဓမ္မာရုံတည့်တည့်ကို ကြဲတာ။ ဘုရားခန်းကို ဒဲ့ ကျတာ။ဘုန်းကြီးလည်းပျံလွန်တယ်။ စုစုပေါင်း ဆယ်ဦးကျော် သေဆုံးတယ်"လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

သြဂုတ်၂၁ ရက်မနက်၉နာရီ ဝန်းကျင်က ဆွဲလွဲအိုရွာ ရွာဦးဓမ္မာရုံက တရားစခန်းကိုဓမ္မာရုံကို စစ်တပ်ရဲ့ တံတားဦး လေတပ်က တက်လာတဲ့ဂျက်ဖိုက်တာနဲ့ ဗုံး​​လေးလုံးကြဲခဲ့တာလို့ ကနဦးသတင်းရရှိပါတယ်။သံဃာ​တော်​တွေအပါအဝင်သေဆုံးသူ​​များသလို ၊ဒဏ်ရာရသူတွေလည်း များပြားပြီး အရေးပေါ်ကုသနိုင်ဖို့ ကြိုစား​နေရတယ်လို့အထက်ပါသတင်းရင်းမြစ်က​ပြောပါတယ်။

"စစချင်း တော့ အသေ၆လောင်းရတယ်။ဒါပေမယ့်ထပ်တိုးနဲ့အခု သေဆုံး ၁၀ဦးလို့ သိရတယ်။အထိခိုက်လည်းများတယ်"လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

ဓမ္မရုံမှာ ဝါတွင်းတရားစခန်းရှိပြီး ဒီနေ့ကဝါတွင်းကာလ ဥပုဒ် နေ့မို့ တရားနာလာတဲ့သူ တွေများတဲ့​နေ့ဖြစ်ပါတယ်။

ထပ်မံရရှိတဲ့သတင်း​တွေအရ ​သေဆုံးသူ ၁၂ ဦးရှိပြီး ဒဏ်ရာရသူ (၂၀) ဝန်းကျင်ရှိပြီလို့သိရပါတယ် ။အဆိုပါဘုန်းကြီး​ကျောင်းမှာ ၇ ရက်တရားစခန်းပြုလုပ်​နေတာဖြစ်ပြီး ဒီ​နေ့က သုံးရက်​မြောက်​နေ့ဖြစ်ပါတယ် ။

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်ဟာစစ်တပ်ထိန်းချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်ဖြစ်ပြီး စစ်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲလို့ ​ဒေသခံပြည်သူ​တွေ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

ဩဂုတ်လ၁၉ရက် နေ့ကလည်း မြောင်မြို့နယ်၊လှေတင်ဦး ကျေးရွာကို စစ်တပ်က ဗုံးကြဲခဲ့တာမို့ ပြည်သူ၂ဦး သေဆုံးပြီး ၁၉ဦး ထိခိုက်ဒဏ်ရာရခဲ့ပါ သေးတယ်။ဒါ့အပြင်သြဂုတ် ၂၀ ရက်ညကလည်း လေကြောင်းဗုံးကြဲတာမှာ အမျိုးသမီးအချို့ သေဆုံးခဲ့ပါတယ်။

လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးရဲဘော်တွေကသတိပေးထားပြီး လက်ရှိအခြေအနေကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

အာဏာသိမ်းစစ်တပ် နဲ့ အာဏာသိမ်းစစ်​​ခေါင်း​​ဆောင်​တွေဟာ အမျိုးဘာသာ သာသနာကို​စောင့်​ရှောက်တယ်၊ ဗုဒ္ဓဘာသာကိုမြှင့်တင်တယ်လို့ တချိန်လုံးဝါဒဖြန့်​ပေမယ့်စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ဘုန်းကြီး​ကျောင်း​တွေ ၊ဘုရား​တွေ ပါမ​ရှောင် ဗုံးကြဲသတ်ဖြတ်တာ ၊လက်နက်ကြီးနဲ့ပစ်ခတ်တာ၊မီးရှို့တာ​တွေမကြာခဏလုပ်​နေတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာသာမက ခရစ်ယာန် ၊အစ္စလာမ်စတဲ့အခြားဘာသာဝင်​တွေရဲ့အထွဋ်အမြတ်ထားရာ ဘုရား​ကျောင်း​တွေ ၊ဘာသာ​ရေးအ​​ဆောက်အအုံ​တွေ စသဖြင့် ဘာသာ၊လူမျိုး ၊​ဒေသမခွဲခြားပဲ စစ်တပ်က ဗုံးကြဲတာ ၊မီးရှို့တာ ၊ အကြမ်းဖက်သတ်ဖြတ်တာ​တွေဆက်တိုက်လုပ်​နေတာဖြစ်ပါတယ်။
🤬39😢8👏3👍21👎1🔥1😡1
ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-supplied
🤬38😢5👏4👍2👎1🔥1