People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
Star flower Center မှာမသန်စွမ်း ကလေးငယ်​တွေကို ပညာသင်ကြားပေးနေစဥ်။
ဓါတ်ပုံ- Star flower
👍317🔥1🥰1
ရေဘေးကြုံရမယ့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ဖို့ အသင့်စီမံထားဟု ပဲခူးတိုင်းစစ်ဌာန ထုတ်ပြန်

ဩဂုတ် ၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာနအနေနဲ့ ရေကြီးရေလျှံမှု ဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ ပြည်သူသို့ အသိပေးချက်ကို ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ခဲ့ပြီး ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဖို့ ထောက်ပံ့ပို့ အသင့်စီမံထားကြောင်း အသိပေးပါတယ်။

စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိလာနိုင်လို့ ရေကြီးရေလျှံမှု ဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ဆုံးရှုံးမှု နည်းပါးစေဖို့ ပဲခူးတိုင်းစစ်ဌာနအောက်ရှိ ဗျူဟာတပ်ရင်းတပ်ဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ အလေးထားဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ရေကြီးရေလျှံမှု ဖြစ်ပွားလာပါက ပြည်သူလူထုကို အချိန်မီ ကူညီကယ်ဆယ်နိုင်ရေးအတွက် တပ်ရင်းတပ်ဖွဲ့များအလိုက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားခြင်း၊ ကယ်ဆယ်ရေးလှေများ၊ ယာဉ်များနဲ့ စက်ပစ္စည်းများ အဆင်သင့် ပြင်ဆင်ထားခြင်းအပြင် အရေးပေါ် ဆေးဝါးနဲ့ စားနပ်ရိက္ခာများ ကူညီထောက်ပံ့နိုင်ဖို့ ကြိုတင်စီမံ ဆောင်ရွက်ထားရှိပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဌာနအနေနဲ့ ပြည်သူလူထု အန္တရာယ်ကင်းရှင်းရေးအတွက် ရေကြီးရေလျှံမှု ကြုံတွေ့ရလေ့ရှိသော ဒေသများတွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးနဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရမယ့် နည်းလမ်းတွေနဲ့ပတ်သက်ပြီး ဗျူဟာတပ်ရင်းတပ်ဖွဲ့များက လူထုအသိပညာပေးဟောပြောပွဲတွေ သက်ဆိုင်ရာနယ်မြေမှာ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရေဘေးအန္တရာယ် ကြုံတွေ့လာပါက အလွယ်တကူ ထိခိုက်ဒဏ်ရာရရှိနိုင်တဲ့ သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်သူများ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များအားရေဘေးလွတ်ကင်းရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိဖို့ တပ်ရင်းတပ်ဖွဲ့များအား ညွှန်ကြားထားကြောင်း အသိပေးပါတယ်။

ပဲခူးတိုင်းစစ်ဌာနအောက်ရှိ ဗျူဟာတပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရေဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အပြည့်အဝ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ ဒေသခံတွေအနေနဲ့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ရေဘေးသတိပေးချက်များကို မပြတ်မလပ် နားထောင်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ထုတ်ပြန်ပါတယ်။
👍299🖕2🥰1🤮1
(ပဲခူးတိုင်းစစ်ဌာနက ရဲဘော်တွေ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန)
👍3312🥰1🤮1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေး ဦးစားပေးဖို့ NUG ယာယီသမ္မတ မှာကြား

ရေဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ကျန်းမာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးကို ဦးစားပေးဖို့ မှာကြားခဲ့ပါတယ်။ NUG ရဲ့ လူသားချင်းစာနာကူညီရေးနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ဩဂုတ် ၁၇ရက်က ကျင်းပခဲ့စဉ် ယာယီသမ္မတက ရေဘေးနဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ဘေးဒုက္ခကြုံနေရတဲ့ ပြည်သူတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေး ပိုမိုထိရောက်စွာ လုပ်ဆောင်ဖို့ ပြောကြားခဲ့တာပါ။ ကော်မရှင်ဥက္ကဋ္ဌ ယာယီသမ္မတရဲ့ မှာကြားချက်မှာ ဘေးသင့်ပြည်သူတွေအရေးနဲ့ပတ်သက်ပြီး ကဏ္ဍအလိုက် ဆန်းစစ်မှုများ ဆောင်ရွက်ဖို့ နိုင်ငံတကာအကူအညီရယူနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်ချက်ပေါ်မူတည်ပြီး အကူအညီများကို ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ဖို့ စတဲ့ အချက်တွေလည်းပါဝင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြဖို့ လမ်းညွှန်ခဲ့ပါတယ်။ ကော်မရှင်အတွင်းရေးမှူး၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက စစ်ကိုင်းယူနစ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒုဝန်ကြီးရဲ့တင်ပြချက်အရ စစ်ကိုင်းယူနစ်အတွင်းရှိ မြို့နယ် (၁၅) ခုထက်မနည်းမှာ အိမ်ထောင်စုပေါင်း ငါးသောင်းကျော်(၅၄,၅၃၁ စု)မှ ပြည်သူ နှစ်သိန်း သုံးသော်ကျော် ရေဘေးဒဏ်ဆိုးရွားစွာ ခံစားနေရတယ်လို့ ဆိုပါတယ်။ ရေဘေးကြောင့်သေဆုံးသူနဲ့ ပျောက်ဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိနေပြီး လူနေအိမ် နဲ့ စိုက်ပျိုးမြေ၊ သောက်သုံးရေတွင်း၊ ရေကန်များ စတာတွေ ထိခိုက်ဆုံးရှုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

◾️စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် လမ်းတံတားအများအပြား ပျက်စီးသွားလို့ ရေဘေးသင့်ပြည်သူတွေ နေရပ်မပြန်နိုင်သေး

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်ကျသွားပေမယ့် လမ်းတံတားတွေ ပျက်စီးသွားလို့ ရေဘေးသင့်ပြည်သူအချို့ နေအိမ်မပြန်နိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။ သြဂုတ်လဆန်းပိုင်းကတည်းက ရေကြီးရေလျှံခဲ့တဲ့ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်ကျသွားပေမယ့် ရွာချင်းဆက်လမ်းတွေ၊ တာပေါင်လမ်းတွေနဲ့ ချောင်းကူးမြောင်းကူးတံတားတွေပါ ပျက်စီးသွားတာကြောင့် ရေဘေးသင့်ပြည်သူတွေ ရွာထဲ ပြန်ဝင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ရေကျသွားပြီဆိုပေမယ့် မြေကျွံမှု၊ လမ်းကြောင်း ပြတ်တောက်မှုတွေကြောင့် တချို့မပြန်နိုင်ကြသေးဘူးလို့ ရွှေဘိုပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ လတ်တလော ရေဘေးသင့်ပြည်သူတွေ၊ စစ်ရှောင်တွေအတွက် ယာယီတဲ၊ အမိုးအကာ၊ အသုံးအဆောင်တွေကအစ ရေမြုပ်သွားတာဖြစ်တဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

◾️တောင်မော်ဦးမှာ ဆုတ်ပြေးတဲ့စစ်တပ်ကို AA လိုက်လံတိုက်ခိုက်

ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲမှာ တပ်လန်ဆုတ်ခွာသွားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က လိုက်လံတိုက်ခိုက်နေပြီး တောင်မော်ဦးရေတပ်နဲ့ တမိုင်ကျော်အကွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လဆန်းကစပြီး အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာခဲ့ရာ အဲဒီစစ်ကြောင်းကို AA က ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ဆယ်ချီသေဆုံးကာ တပ်လန် နောက်ဆုတ်သွားခဲ့တာပါ။ ပြီးခဲ့တဲ့တပတ်လောက်က စစ်တပ်က ဆုတ်ပြေးသွားလို့ သူတို့စခန်းတစ်ခုကို AA က သိမ်းရလိုက်ပြီး အဲဒီကနေ ရှေ့တိုးလိုက်လံတိုက်ခိုက်နေတယ်လို့ AAနဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နေ့စဥ်တိုက်ပွဲပြင်းထန်နေပြီး အသေးစိတ်ပြောဖို့ စောနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ AA တပ်ဖွဲ့တွေ ရှေ့ကို တော်တော်ရောက်သွားပြီလို့ ပြောလို့ရကြောင်း မြေပြင်မှာ ရှိနေတဲ့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ လက်ရှိမှာ အ၀တောင်ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အချို့တိုက်ပွဲတွေကတော့ အ၀တောင်ရွာအကျော် တောင်မော်ဦးရေတပ်စခန်းအနီးကို ရောက်နေပြီလို့ သိရပါတယ်။ တောင်မော်ဦးရေတပ်စခန်းနဲ့ဆိုရင် တမိုင်ကျော်သာ ဝေးတော့တယ်လို့လည်း သိရပါတယ်။

◾️စစ်တပ်စခန်းချခဲ့တဲ့ အင်းဒင်ရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ဒဏ်ရာရ
🔥114👍4😢2🖕1
အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီနေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်ခန့်က ကလေးငယ်တစ်စု ဗုံးသီးကို ထုခွဲကစားကြရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက် ဒဏ်ရာရသွားခဲ့တာပါ။ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသွားတဲ့ ကလေးငယ်တွေဟာ KG တန်းကနေ ၄တန်းအရွယ် ကလေးငယ်တွေဖြစ်ပြီး အဲဒီထဲက အချို့ဟာ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ အခု စစ်ကျန်လက်နက်ပေါက်ကွဲခဲ့တဲ့ အင်းဒင်ကျေးရွာမှာ အမှတ်(၆)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၆) အခြေစိုက်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်ခြားစောင့်ရဲတွေအပြင် အင်အားရာဂဏန်းရှိ စစ်တပ်ပါ အထိုင်ချခဲ့ပါတယ်။

◾️စစ်တပ်ရဲ့လက်နက်ကြီးကြောင့် DKBA တပ်ဖွဲ့ဝင်အချို့ သေဆုံး

ကရင်ပြည်နယ်၊မြ၀တီမြို့ရဲ့တောင်ဘက်မှာအာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တပ်ဖွဲ့ဝင်အချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းကရင်သတင်းရင်းမြစ်အချို့ဆီက သိရပါတယ်။ ဩဂုတ် ၁၇ ရက် ညနေပိုင်း ၅ နာရီကျော်အချိန်မှာ စစ်တပ်က မြ၀တီမြို့တောင်ဘက်ခြမ်းဖလူးလေးရွာဝန်းကျင်တဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာDKBA စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်ရဲ့စခန်းဝန်းထဲကျရောက်ပေါက်ကွဲခဲ့တာပါ။ စောဆန်းအောင်ရဲ့စခန်းဟာ ဖလူးလေးရွာအနီးကျွန်းတောမှာ တည်ရှိတာပါ။ စစ်တပ်ရဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် DKBA တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားခဲ့ပြီး တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေအပါအဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

◾️စလင်းမြို့‌က စစ်တပ်ရဲ့ ဆင်ကျူံးစစ်ဆေးရေးဂိတ်ကို PDF ဒရုန်းနဲ့ တ်ိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၉ရက်​​ ညနေ ၆နာရီ၀န်းကျင်မှာ စလင်းမြို့‌ပေါ် ၀က်သည်းကန်အနီးက စစ်တပ်ရဲ့ ဆင်ကျူံးစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ တ်ိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား၊ ရဲ နဲ့ပျူစောထီးအဖွဲ့က ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရတယ်လို့ အသိပေးပါတယ်။ ဒရုန်းစစ်ဆင်ရေးကို မင်းဘူးခရိုင်စစ်ဌာနရဲ့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းနဲ့ တပ်ရင်း Drone လက်ရုံးအဖွဲ့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

◾️စစ်တပ်က ဇူလိုင်တိုက်ပွဲအတွင်း ၃၀၀ကျော် သေဆုံးဟု NUG ကာကွယ်ရေး ထုတ်ပြန်

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။ NUG ကာကွယ်ရေးက စုစည်းထားတဲ့ စာရင်းတွေအရ စစ်ကောင်စီဘက်က သေဆုံးသူ ၃၁၅ဦး၊ ဒဏ်ရာရသူ ၄၇၃ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံး၊ ဖမ်းမိနဲ့ ဒဏ်ရာရသူတွေထဲမှာ အရာရှိ ၂၉ဦး ပါဝင်ကြောင်း ဖော်ပြထားပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။ ဒါ့အပြင် စစ်တပ်စခန်းကို တိုက်ခိုက်မှု ၁၆ကြိမ်ပြုလုပ်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်မှု ၁၀ကြိမ်ရှိခဲ့တယ်လို့ အသိပေးပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ထုတ်ပြန်ချက်ရ ဇူလိုင်လအတွင်း မကွေးတိုင်း ဆောမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာရှိပါတယ်။

◾️ကျိုက်ထိုမှာ စစ်တပ်လက်နက်ကြီးကြောင့် ၅နှစ်အရွယ် ကလေးငယ် သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်းအနီး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျပေါက်ကွဲခဲ့တာကြောင့် (၅)နှစ်အရွယ် မူလတန်းကလေးငယ် ၁ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဩဂုတ် ၁၉ ရက် မနေ့က မနက် ၁၁ နာရီခန့်မှာ ကျိုက်ထိုမြို့နယ် ၅ ဇီးပြောင်းကျေးရွာ ဘောလုံးကွင်းအနီးကို စစ်တပ်ရဲ့ သိမ်ဇရပ်အမြောက်တပ်(၃၁၀)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကျောင်းသားဘောလုံးပြိုင်ပွဲ ကျင်းပနေတဲ့ ဘောလုံးကွင်း ကပ်ရပ် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၅)နှစ်အရွယ် မူလတန်း ကလေးငယ် ၁ဦး ဦးခေါင်းထိမှန် သေဆုံးပြီး ကလေးငယ် ၇ဦးနဲ့ လူကြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️မြန်မာမှာ ဝမ်းရေးအကျပ်အတည်း ပိုဆိုးရွားလာနေဟု WFP ထုတ်ပြန်
🔥8👍52🖕1
မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီနေ့ ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုအချိန်မှာပဲ ကိုရီးယားသမ္မတနိုင်ငံက ဒေါ်လာ ၅သန်းကူညီလိုက်ပြီး ကူညီမှုအတွက် ရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ ပူးပေါင်းကာ ပဋိပက္ခဒဏ်ခံစားနေရတဲ့ လူဦးရေ ၁၄၀,၀၀၀ အတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီနဲ့ အသက် (၅)နှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် စုစုပေါင်း ၁၅,၀၀၀ ဦး အတွက် အာဟာရဆိုင်ရာအထောက်အပံ့တွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ ‘ပဋိပက္ခဒဏ်ခံစားရသော အိမ်ထောင်စုများအတွက် အရေးပေါ်အကူအညီဖြင့် တုံ့ပြန်ခြင်း’ လို့ အဓိပ္ပါယ်ရတဲ့ REACH အစီအစဥ်ဟာ ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP မြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေကို လျှော့ချနိုင်ရေးအတွက် ရပ်ရွာလူထုနဲ့လက်တွဲပြီး လုပ်ဆောင်ကြဖို့ ရည်ရွယ်တယ်လို့ အသိပေးပါတယ်။

◾️ရွှေကူမြို့အနီး တိုက်ပွဲဆက်ပြင်းထန်

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီး သြဂုတ်၂၀ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဟာ နေရာ ၃ခုထက်မနည်းမှာ ဖြစ်နေပြီး ရွှေကူမြို့၊ ဧရာဝတီမြစ်တဖက်ကမ်းက ဆင်တပ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။ ရွှေကူမြို့အနီးမှာ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေပြီး သြဂုတ်လဆန်းကတိုက်ပွဲမှာ စစ်တပ်စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ KPDFက သိမ်းယူခဲ့ပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း လက်နက်ကြီးထိမှန်တာနဲ့ စစ်တပ် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သား ၁၅ဦးခန့်ရှိလာပြီလို့ သိရပါတယ်။

◾️စစ်တပ်ယာဉ်တန်းကို မန္တလေး PDF ကြားဖြတ်တိုက်ခိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ စစ်တပ်ယာဉ်တန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ သပိတ်ကျင်းအခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၁၃)က ထွက်လာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ယာဉ် ၁စီးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်တာကတော့ တကောင်းမြို့အနီး (၃)မိုင်နေရာ ဝန်းကျင်မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အသေးစိတ်အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။ စစ်ယာဉ် ၁၂ စီး အနက် ၁စီး ရရှိခဲ့ပြီး ၁၁စီးဟာ တကောင်းမြို့ကို ရောက်ရှိသွားပြီလို့လည်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

◾️KNU ဥက္ကဋ္ဌနဲ့ ဝန်ကြီးဦးတင်ထွန်းနိုင်တို့ ပါဝင်တဲ့ SCEF ခေါင်းဆောင်တွေ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများနဲ့ တွေ့ဆုံကာ SCEF စုဖွဲ့မှု အကြောင်း၊ ရှေ့လုပ်ငန်းစဉ် နဲ့ ရည်မှန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။ SCEF ဦးဆောင်သူတဦးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်တဲ့ SCEF တာဝန်ရှိသူတွေဟာ ဩဂုတ် ၈ရက်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့သလို ဩဂုတ် ၁၀ရက်မှာ မီဒီယာတွေ့ဆုံပွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲမှာ SCEF စုဖွဲ့ခဲ့တဲ့ နောက်ခံ၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေနဲ့ ရည်မှန်းချက်တွေ ရှင်းလင်းခဲ့သလို ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများနဲ့ သတင်းသမားများက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် SCEF ရဲ့ နိုင်ငံရေး အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာကို တာဝန်ရှိသူတွေက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း အသိပေးပါတယ်။

◾️မလှိုင်မှာ စစ်တပ်က ကျေးရွာတွေ မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းတွေ သိမ်းယူ
🔥7👍52🖕1
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္စည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ​ကျောက်ပန်းတောင်းနဲ့ တောင်သာမြို့နယ်ဘက်ကတဆင့် သြဂုတ် ၁၇ ရက် မနက်ပိုင်းမှာ မလှိုင်မြို့နယ်အတွင်း စတင်ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဖိုးကြွယ်၊ တောင်ရိုးတဲ၊ လယ်ဗျား၊ ရေပေါ်၊ မိတ်ကုန်း၊ ကျောက်တန်း၊ မုံပင် စတဲ့ ကျေးရွာတွေကို ဝင်ရောက် မီးရှို့တာတွေ၊ တန်ဖိုးကြီးပစ္စည်း အဓမ္မသိမ်းယူတာတွေ ပြုလုပ်ခဲ့ကြောင်း လူထုသတင်းကွန်ရက်-မလှိူင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အဲဒီစစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် တောင်ရိုးတဲရွာနဲ့ လယ်ဗျားရွာက နေအိမ် ၆ လုံး၊ မိတ်ကုန်းရွာက နေအိမ် ၇ လုံး၊ ​ကျောက်တန်းရွာလမ်းတလျှောက် တောထဲက တဲအိမ် ၄ လုံး၊ ကျောက်တန်းရွာက နေအိမ် ၁၅ လုံးခန့်၊ မုံပင်ရွာက နေအိမ် ၂ လုံး စုစုပေါင်း ၃၄ လုံးခန့် ပျက်စီးခဲ့ကြောင်း ၎င်းက ပြောပါတယ်။ ဒါ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောက်တန်းရွာ အလယ်ကျောင်းဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

◾️မဟာအောင်မြေမှာ တစ်ညတည်း လူငယ် ၃ ဦး ပေါ်တာဆွဲခံရ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ တစ်ညတည်း လူငယ် ၃ ဦး ပေါ်တာဆွဲခံလိုက်ရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၈ရက် ည၈နာရီခန့်က မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ သံလျက်မှော် အနောက်၊ ပင်မ၁၀ ရပ်ကွက်၊ လမ်း၉၀ ၄၂လမ်းအနီးက နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က ကား ၃စီးနဲ့ ရောက်လာပြီး အိမ်ထောင်စုဇယားကြည့်ကာ အသက် ၂၅ ဝန်းကျင် လူငယ် ၁ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က အသိပေးပါတယ်။ အဲဒီညမှာပဲ ည၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၄၃လမ်း၊ ၈၈လမ်းနဲ့ ၈၉လမ်းကြား၊ ဝါးလုံးတံတားအနီးမှာအသက်၂၅ ကျော် လူငယ်၂ဦးကို အာဏာသိမ်းစစ်တပ်က ကား၄စီးနဲ့ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ထပ်မံအသိပေးပါတယ်။
👍13🔥2🖕2
🔥6👍4👎1
🔥7😢2👎1🤬1