People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(မြင်းခြံခရိုင်စစ်ဌာန ဖော်ဆောင်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)
25👍14🔥2🤣2🖕2🥰1
စစ်တပ်စခန်းချခဲ့တဲ့ အင်းဒင်ရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ဒဏ်ရာရ

ဩဂုတ် ၂၀၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring

အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီ နေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်ခန့်က ကလေးငယ်တစ်စု ဗုံးသီးကို ထုခွဲကစားကြရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက် ဒဏ်ရာရသွားခဲ့တာပါ။

“ ရွာအနားက ကောက်လာကြတာထင်တယ်။ ဒီနားမှာက နယ်ခြားစောင့်စခန်းရှိခဲ့တယ်လေ။ အဲဒီမှာ မိုင်းတွေ လည်း အများကြီးထောင်ထားခဲ့ကြတာ။ အဲဒီနားက ရလာတာ ဖြစ်နိုင်တယ်။ ကလေးတွေဆိုတော့ ကစားနေကျအ တိုင်း ကစားနေရင်းနဲ့ ပေါက်ကွဲသွားတာ” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကျန်လက်နက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသွားတဲ့ ကလေးငယ်တွေဟာ KG တန်းကနေ ၄တန်းအရွယ် ကလေးငယ်တွေဖြစ်ပြီး အဲဒီထဲက အချို့ဟာ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ဆေးရုံကိုတော့ ပို့ ထားပြီ” လို့ အဆိုပါမောင်တောဒေသခံက ဆိုပါတယ်။

အခု စစ်ကျန်လက်နက်ပေါက်ကွဲခဲ့တဲ့ အင်းဒင်ကျေးရွာမှာ အမှတ်(၆)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၆) အခြေစိုက်ခဲ့ ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်ခြားစောင့်ရဲတွေအပြင် အင်အားရာဂဏန်းရှိ စစ်တပ်ပါအထိုင်ချခဲ့ပါတယ်။

အဲဒီစခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်တပ် တပ်ဆုတ်ထွက်ပြေးသွားခဲ့ပြီး စစ်ကျန်လက် နက်တွေနဲ့ မိုင်းတွေ ကျန်နေခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်၊ သေဆုံးရသူတွေ အများအပြားရှိနေပြီး AA ကလည်း တိုက်ပွဲလက်ကျန်မိုင်းတွေကို အပြည့်အ၀ရှင်းလင်းပေးနိုင်ခြင်းမရှိသေးပါဘူး။

AA ကတော့ ရခိုင်ပြည်အတွင်း ရှိနေတဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို တတ်နိုင်သလောက် ရှင်းလင်း၊ ဖယ်ရှားနေပေမယ့် စက်ကိရိယာတွေ လုံလောက်၊ ပြည့်စုံမှုမရှိတာကြောင့် အပြည့်အ၀ ရှင်းလင်းပေးနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုထားပါတယ်။

မိုင်းရှင်းလင်းရေးအထောက်အကူပြုပစ္စည်းကိရိယာတွေကို အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ အကူအညီပေးနိုင်ရင်တော့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ပိုပြီးတော့ အရှိန်အဟုန်မြင့် လုပ်ဆောင်နိုင်မယ်လို့ AA က ပြောထားပါတယ်။

မိုင်းရှင်းလင်းမှုအားနည်းတဲ့အပြင် မိုင်းနဲ့ပက်သက်တဲ့ အသိပညာပေးမှုကလည်း ရခိုင်ပြည်မှာ အားနည်းမှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကျန်လက်နက်နဲ့ ပတ်သက်ပြီး ကိုယ့်အစိုးရက ပညာပေး ဆိုင်းဘုတ်တွေ ကပ်တာတွေအပြင် ကျောင်းတွေမှာ လည်း ကလေးတွေကို ဆရာ၊ ဆရာမတွေက ဒါတွေကို တွေ့ရင် မကိုင်ဖို့ ၊ မထုခွဲဖို့ စသဖြင့် မဖြစ်မနေ အသိပညာ ပေးပြောပြဖို့လည်း လိုအပ်ပါတယ်၊ ကလေးတွေက စူးစမ်းတတ်တော့လေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ အလယ် တန်းပြဆရာမတဦးက ထောက်ပြပါတယ်။

မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို ရှင်းလင်းပေးဖို့၊ အသိပညာပေးဖို့လိုအပ်သလို မိုင်းနဲ့ စစ်ကျန်လက်တွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရ သူတွေအတွက်လည်း ခြေတု၊ လက်တု ထောက်ပံ့ပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကုစားပေးဖို့ လည်း လိုအပ်နေတယ်လို့ မသန်စွမ်းအရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ နိုဝင်ဘာ ၂၃ ရက်ကနေ ၂၀၂၅ ဖေဖော်ဝါရီ ၂၀ ရက်အထိ မိုင်းနဲ့စစ်ကျန်လက်နက် ကြောင့် သေဆုံးရသူ ၅၁ ဦး၊ဒဏ် ရာရသူ ၂၈၅ ဦး ရှိခဲ့တယ်လို့ AA ရဲ့အချက်အလက်တွေမှာ ဖော်ပြပါတယ်။
😢307🤬2👍1👎1🤣1😡1
(ရခိုင်ပြည်နယ်မှာ တွေ့ရတဲ့ မိုင်းအန္တရယ် သတိပေးဆိုင်းဘုတ်။ ဓာတ်ပုံ - CJ)
👍25😢92🔥2🤣1
KNU ဥက္ကဋ္ဌနဲ့ ဝန်ကြီးဦးတင်ထွန်းနိုင်တို့ ပါဝင်တဲ့ SCEF ခေါင်းဆောင်တွေ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံ

ဩဂုတ် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများနဲ့ တွေ့ဆုံကာ SCEF စုဖွဲ့မှု အကြောင်း၊ ရှေ့လုပ်ငန်းစဉ် နဲ့ ရည်မှန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

SCEF ဦးဆောင်သူတဦးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်တဲ့ SCEF တာဝန်ရှိသူတွေဟာ ဩဂုတ် ၈ရက်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့သလို ဩဂုတ် ၁၀ရက်မှာ မီဒီယာတွေ့ဆုံပွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ SCEF စုဖွဲ့ခဲ့တဲ့ နောက်ခံ၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေနဲ့ ရည်မှန်းချက်တွေ ရှင်းလင်းခဲ့သလို ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများနဲ့ သတင်းသမားများက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် SCEF ရဲ့ နိုင်ငံရေး အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာကို တာဝန်ရှိသူတွေက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း အသိပေးပါတယ်။

ဂျပန်မီဒီယာများအနေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေအနေတွေ ပိုသိနားလည်စေဖို့ အခုတွေ့ဆုံပွဲဟာ အရေးပါတဲ့ အခွင့်အလမ်းဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး က ထုတ်ပြန်ပါတယ်။

SCEF ခေါင်းဆောင်တွေဟာ ဂျပန်နိုင်ငံရောက် မြန်မာတွေနဲ့ တွေ့ဆုံရာမှာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက်ကြိုးပမ်း ဆောင်ရွက်နေမှုတွေ ရှင်းပြခဲ့သလို ဂျပန်ရောက်မြန်မာတွေရဲ့ မေးမြန်းချက်၊ အကြံပြုချက်၊ သဘောထားအမြင်တွေ အပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
31👍7🥰2👏2🖕2🤮1
(SCEF ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်သတင်းမီဒီယာတွေနဲ့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG)
32👍10🥰2👏1🤮1🖕1
စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် လမ်းတံတားအများအပြား ပျက်စီးသွားလို့ ရေဘေးသင့်ပြည်သူတွေ နေရပ်မပြန်နိုင်သေး

သြဂုတ် ၂၀၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်ကျသွားပေမယ့် လမ်းတံတားတွေ ပျက်စီးသွားလို့ ရေဘေးသင့်ပြည်သူအချို့ နေအိမ်မပြန်နိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လဆန်းပိုင်းကတည်းက ရေကြီးရေလျှံခဲ့တဲ့ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်ကျသွားပေမယ့် ရွာချင်းဆက်လမ်းတွေ၊ တာပေါင်လမ်းတွေနဲ့ ချောင်းကူးမြောင်းကူးတံတားတွေပါ ပျက်စီးသွားတာကြောင့် ရေဘေးသင့်ပြည်သူတွေ ရွာထဲ ပြန်ဝင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

"လက်ရှိ ရေကျသွားပြီဆိုပေ့မယ့် မြေကျွံမှု၊လမ်းကြောင်း ပြတ်တောက်မှုတွေကြောင့် တချို့မပြန်နိုင်ကြသေးပါဘူး"လို့ ရွှေဘိုပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်တလော ရေဘေးသင့်ပြည်သူတွေ၊ စစ်ရှောင်တွေ အတွက် ယာယီတဲ၊အမိုးအကာ၊ အသုံးအဆောင်တွေကအစ ရေမြုပ်သွားတာဖြစ်တဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသက ပြည်သူ​တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး သြဂုတ် ၁၈ ရက်က အရာတော်မြို့နယ်က ရေဘေးသင့်ရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က ရေဘေးသင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
😢255🔥2🖕2🤮1
(ဒီပဲယင်းမြို့နယ်အတွင်းက ပျက်စီးသွားတဲ့ လမ်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)
😢20🔥5🖕2👍1👎1
ရေဘေးသင့်ပြည်သူတွေ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေး ဦးစားပေးဖို့ NUG ယာယီသမ္မတ မှာကြား

စစ်ကိုင်းတိုင်းက လူဦးရေ ၂သိန်းကျော် ရေဘေးဒုက္ခကြုံနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်၊ ရေဘေးကြောင့် သေဆုံးပျောက်ဆုံး ၂၄ဦးရှိ

ဩဂုတ် ၂၀၊၂၀၂၆။ ထားမြတ်/People’s Spring

ရေးဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ကျန်းမာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးကို ဦးစားပေးဖို့ မှာကြားခဲ့ပါတယ်။

NUG ရဲ့ လူသားချင်းစာနာကူညီရေးနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ဩဂုတ် ၁၇ရက်က ကျင်းပခဲ့စဉ် ယာယီသမ္မတက ရေဘေးနဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ဘေးဒုက္ခကြုံနေရတဲ့ ပြည်သူတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေး ပိုမိုထိရောက်စွာ လုပ်ဆောင်ဖို့ ပြောကြားခဲ့တာပါ။

ကော်မရှင်ဥက္ကဋ္ဌ ယာယီသမ္မတရဲ့ မှာကြားချက်မှာ ဘေးသင့်ပြည်သူတွေအရေးနဲ့ပတ်သက်ပြီး ကဏ္ဍအလိုက် ဆန်းစစ်မှုများ ဆောင်ရွက်ဖို့ နိုင်ငံတကာအကူအညီရယူနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်ချက်ပေါ်မူတည်ပြီး အကူအညီများကို ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ဖို့ စတဲ့ အချက်တွေလည်းပါဝင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြဖို့ လမ်းညွှန်ခဲ့ပါတယ်။

ကော်မရှင်အတွင်းရေးမှူး၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက စစ်ကိုင်းယူနစ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒုဝန်ကြီးရဲ့တင်ပြချက်အရ စစ်ကိုင်းယူနစ်အတွင်းရှိ မြို့နယ် (၁၅) ခုထက်မနည်းမှာ အိမ်ထောင်စုပေါင်း ငါးသောင်းကျော်(၅၄,၅၃၁ စု)မှ ပြည်သူ နှစ်သိန်း သုံးသော်ကျော် ရေဘေးဒဏ်ဆိုးရွားစွာ ခံစားနေရတယ်လို့ ဆိုပါတယ်။

ရေဘေးကြောင့်သေဆုံးသူနဲ့ ပျောက်ဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိနေပြီး လူနေအိမ် နဲ့ စိုက်ပျိုးမြေ၊ သောက်သုံးရေတွင်း၊ ရေကန်များ စတာတွေ ထိခိုက်ဆုံးရှုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အရေးပေါ်တုံ့ပြန်မှုများကို ပိုမိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းနိုင်ရန် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ (SFUIG) နဲ့ ပူးပေါင်းပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC) ကို ဩဂုတ်လ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကောင်း NUGက အသိပေးပါတယ်။

ကနဦး ရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ အပါအဝင် အရေးပေါ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေသန့်များကို မြေပြင်အရောက် ထောက်ပံ့ပေးလျက်တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမြေပြင်အခြေအနေတွင် သောက်သုံးရေသန့်၊ စားနပ်ရိက္ခာ၊ မိုးကာတဲများနဲ့ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါများအတွက် အရေးပေါ်ဆေးဝါးများ အထူးလိုအပ်နေကြောင်း ဖော်ပြထားပြီး စစ်ရေးအန္တရာယ်၊ လမ်းကြောင်းပိတ်ဆို့မှုတွေနဲ့ အင်တာနက်၊ ဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြီးမားသော အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း လူမှုဖူလုံရေး၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန က ကော်မရှင်သို့ တင်ပြခဲ့ပါတယ်။

ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေ ထပ်မံ ဖြည့်ဆည်းတာ၊ ရိက္ခာနဲ့ဆေးဝါး အမြန်ပို့တာ၊ သောက်သုံးရေကန်တွေ သန့်စင်တာ၊ ကူးစက်ရောဂါကာကွယ်ရေးလုပ်ဆောင်တာ၊ ပျက်စီးသွားတဲ့ စိုက်ပျိုးမြေတွေ အတွက် မျိုးစေနဲ့ စိုက်ပျိုးစရိတ်တွေ ထောက်ပံ့တာ၊ စစ်ရှောင်နေအိမ်တွေ ပြန်တည်ဆောက်တာ စတာတွေ လုပ်ဆောင်ဖို့ရှိတဲ့အကြောင်းလည်း အသိပေးပါတယ်။

NUG အနေနဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်ရေးနဲ့ ဖအခြေခံလိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းနိုင်ဖို့ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
29👍9🖕2😭2🤮1
22😭9👍2🖕2🤮1
မြန်မာမှာ ဝမ်းရေးအကျပ်အတည်း ပိုဆိုးရွားလာနေဟု WFP ထုတ်ပြန်

ဩဂုတ်-၂၀၊ ၂၀၂၆။မိုမို/People's Spring

မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့(ဩဂုတ် ၂၀ ရက်)မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုအချိန်မှာပဲ ကိုရီးယားသမ္မတနိုင်ငံက ဒေါ်လာ ၅သန်းကူညီလိုက်ပြီး ကူညီမှုအတွက် ရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ ပူးပေါင်းကာ ပဋိပက္ခဒဏ်ခံစားနေရတဲ့ လူဦးရေ ၁၄၀,၀၀၀ အတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီနဲ့ အသက် (၅)နှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင် စုစုပေါင်း ၁၅,၀၀၀ ဦး အတွက် အာဟာရဆိုင်ရာအထောက်အပံ့တွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

"ပဋိပက္ခဒဏ်ခံစားရသော အိမ်ထောင်စုများအတွက် အရေးပေါ်အကူအညီဖြင့် တုံ့ပြန်ခြင်း" လို့ အဓိပ္ပါယ်ရတဲ့ REACH အစီအစဥ်ဟာ ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP မြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေကို လျှော့ချနိုင်ရေးအတွက် ရပ်ရွာလူထုနဲ့လက်တွဲပြီး လုပ်ဆောင်ကြဖို့ ရည်ရွယ်တယ်လို့ အသိပေးပါတယ်။

"မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေချိန်၊ အလွန်အရေးပါတဲ့အချိန်မှာ REACH အစီအစဥ်ရဲ့ ဒုတိယအဆင့်ကို ဆောင်ရွက်တာ"လို့ WFP က ဖော်ပြပါတယ်။

လက်ရှိမြန်မာ့ လူဦးရေ ၁၂ ဒဿမ ၄ သန်းဟာ လတ်တလောဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရသလို လူဦးရေ ၄ သန်းဝန်းကျင်ဟာလည်း နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ WFP က ဆိုပါတယ်။

ဒါ့အပြင် မြင့်မားနေတဲ့ စားနပ်ရိက္ခာနဲ့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေရင် ထပ်တိုး လူဦးရေ (၅) သန်းအထိ လတ်တလော စားနပ်ရိက္ခာမလုံလောက်မှုအခြေအနေကို ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

REACH အစီအစဥ် ပထမအဆင့်အနေနဲ့ ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ သန်းကူညီထားပြီး
မြန်မာတစ်ဝန်းက လူဦးရေ ၄၂၀,၀၀၀ ကျော်ဆီ အကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပဋိပက္ခတွေ နှစ်ချီကြာမြင့်မှုနဲ့အတူ လက်ရှိ ရေဘေး ဖြစ်ပွားနေတဲ့ မြန်မာပြည်တွင်းမှာ ကုလအဖွဲ့အစည်း တွေအပါအ၀င် လူသားစာနာရေးအသင်းအဖွဲ့တွေအနေနဲ့ စစ်တပ်ထိန်းချုပ်ရာဒေသတွေကိုပဲ ဦးတည်ပံ့ပိုးပေးနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အကူအညီတွေမှာ စစ်တပ်ရဲ့ ချုပ်ကိုင်မှုကို ဖြေလျော့နိုင်ရေးနဲ့ အမှန်တကယ်အရေးပေါ်အကူအညီ လိုနေတဲ့ဒေသတွေကို လာရောက်ဖို့ အခက်အခဲရှိခဲ့ရင် တဆင့်ခံ အကူအညီတွေပေးနိုင်ရေး ကြိုးစားပေးဖို့ အရပ်ဘက်နဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။
👍254😢4🔥2👎1🖕1
(စစ်ဘေးရှောင် ကလေးငယ်တွေကို Clean Yangon အဖွဲ့က ထမင်း အဟာရ ကျွေးမွေးနေစဉ်။ ဓာတ်ပုံ - Clean Yangon)
👍24😢163🥰1
■​ဆောင်းပါး

ထောက်ကူဖို့လိုနေတဲ့
ကြယ်ပန်းတွေရဲ့ကျောင်း

-ဇွန်ပွင့် ​ရေးသားသည်။

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

အရှေ့က ကျောင်းသား ဦးဆောင်ဖတ်ပြတာကို အသံနဲ့ လိုက်ဆိုတဲ့ကျောင်းသားတွေ ရှိသလို၊ လက်ဟန် ခြေဟန်နဲ့ လိုက်လုပ်နေတဲ့ ကျောင်းသားတွေလဲ ရှိပါတယ်။ တစ်ချို့ကျောင်းသား တွေက သူတို့နဲ့ မဆိုင်သလို ကျောင်းပြတင်းပေါက်အပြင်က မြင်ကွင်းတွေ ငေးတဲ့ သူက ငေး၊ လက်ထဲက ကားရုပ်ကလေးနဲ့ ဆော့တဲ့သူကဆော့နေကြပါတယ်။

ဆရာမဖြစ်တဲ့ နော်သူးမွဲဖောကတော့ ကလေးတွေကို တစ်ယောက်ခြင်းစီ နာမည်ခေါ် ပြီး စည်းကမ်းချက်တွေ ကို အာရုံစိုက်ဖို့ သတိ
ပေးနေပါတယ်။ ကျောင်းသားတစ်ယောက်စည်းကမ်း ချက် ဖတ်ပြီးတာနဲ့ ဆရာမ သူးမွဲဖောက နောက်ထပ်ကျောင်းသားတစ်ယောက်ကို အတန်းရှေ့ ခေါ်ပြီး စည်းကမ်းချက်တွေကို ထပ်ဖတ်ခိုင်းလိုက်ပါတယ်။

ဆရာမသူးမွဲဖောရဲ့ စတားဖလားဝါး စင်တာ (StarFlower Center)ဟာထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ရှိတာဖြစ်ပါတယ်။ရွှေ့ပြောင်းမြန်မာ မသန်စွမ်း ကလေးတွေ ကို ပညာရေးနဲ့ တစ်ခြားလိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို ပေးနေတဲ့ ထိုင်းအစိုးရ အသိအမှတ်ပြုတဲ့ စင်တာတစ်ခုဖြစ်ပါတယ်။ ဆရာမသူးမွဲဖောကတော့ ကျောင်းတာဝန်ခံအဖြစ်တာဝန်ယူ
ထားတာ ၁၁နှစ်လောက်ရှိပါပြီ။

ကျောင်းသားတွေထဲမှာ ညဏ်ရည် ဖွံဖြိုးတိုး
တက်မှု နှေးတဲ့ ကျောင်းသားတွေနဲ့ စာသင်ကြားရတာ ခက်တဲ့ ကလေးတွေ ပါဝင်တာကြောင့်ကျောင်းစည်းကမ်းချက်တွေကို မနက်
တိုင်း ပြန်ပြီး ဖတ်ခိုင်းနေရတာ ဖြစ်တယ်လို့ ဆရာမက ပြောပါတယ်။

စတားဖလားဝါးစင်တာ(Star Flower Center)
ကို ၂၀၀၉ခုနှစ်မှာ World Education အဖွဲ့အစည်းက တည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၂ခုနှစ်မှာတော့ Burmese Migrant Workers' Education Committee (BMWEC) ရဲ့ စီမံခန့်ခွဲမှုအောက်ကို လွှဲပြောင်းခဲ့ပါတယ်။

စတားဖလားဝါး စင်တာ ဟာ ပုံမှန်အလှုရှင်
မရှိတာကြောင့် လက်ရှိမှာ ရံပုံငွေ အခက်အခဲ၊ ကျောင်းလည်ပတ်စရိတ်အခက်အခဲနဲ့ ဆရာ ဆရာမတွေရဲ့ လစာငွေ အခက်အခဲ စတာတွေနဲ့ရင်ဆိုင်နေရပါတယ်။

“ကျောင်းလည်ပတ်ဖို့အတွက် တစ်နှစ်ထပ်တစ်နှစ် ပိုပြီးတော့ကျပ် ပိုပြီးတော့ ခက်ခဲလာတယ်” လို့ ဆရာမ သူးမွဲဖောက သူ့ကျောင်းရဲ့ အခြေအနေကို ရှင်းပြပါတယ်။

BMWEC (Burmese Migrant Workers' Education Committee) ရဲ့ လက်အောက်မှာ Star Flower Center အပါအဝင် ရွှေ့ပြောင်းသင်ယူရေးစင်တာ (Migrant Learning Centers - MLCs) ၂၅ ကျောင်း ရှိပါတယ်။

BMWECဟာ ထိုင်း-မြန်မာနယ်စပ် အထူးသ
ဖြင့် မဲဆောက်မြို့နဲ့ တာ့ခ်ခရိုင်အတွင်းမှာရှိ
တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ သား
သမီးများကို ပညာရေး ထောက်ပံ့ကူညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်း (NGO) တစ်ခု ဖြစ်ပါတယ်။

“Star flower ကျောင်းကျတော့သူကမသန်
စွမ်းကျောင်း၊ တစ်ကျောင်းတည်းပဲ ရှိတာ။ဒီ ရွှေ့ပြောင်း လူ့အဖွဲ့အစည်းထဲမှာ တောင်မှ လူ သိပ်မသိသေးဘူး။ မသိသေးတော့ အလှူရှင် တွေကို ကိုယ်က ကြိုးစားပြီး ပြောပေမဲ့လည်း စိတ်ဝင်စားမှု သိပ်မဖြစ်တာရယ်၊ လူတွေ မသိတာရယ်နဲ့ကျ သူတို့က ရံပုံငွေ မရှိနေတာ ဖြစ်တယ်” လို့ BMWEC ရဲ့အစီအစဥ်ဒါရိုက်
တာ(Program Director)ဆရာမလားရှီး ကပြောပါတယ်။

ရွှေ့ပြောင်းကျောင်း အများစု ရန်ပုံငွေ ခက်ခဲကြပေမဲ့ စင်တာဟာ လိုအပ်ချက်တွေ ပိုများပြီး သီးသန့် ပံ့ပိုးပေးရတာတွေ ရှိတာမို့ အလှူ
ရှင်ရဖို့ ပိုပြီးခက်ခဲတယ်လို့ ဆရာမလားရှီးက​ပြောပါတယ်။

●အလှူရှင် မရှိဘဲလည်ပတ်နေရ

စတားဖလားဝါး စင်တာ ( StarFlower Center) စတင်ဖွင့်လှစ်ချိန်က ကျောင်းသားငါးယောက်နဲ့ စတင်ခဲ့တာပါ။အခု၂၀၂၆
ပညာသင်နှစ်မှာ မသန်စွမ်းကျောင်းသား ၄၂ ယောက်လောက်ကို ပညာသင်ကြားပေးနေတယ်လို့ ဆရာမ သူးမွဲဖောက ပြောပါတယ်။

မသန်စွမ်းမှု ငါးမျိုးဖြစ်တဲ့ Cerebral Palsy(ဦးနှောက်ထိခိုက်မှုကြောင့် ဖြစ်ပွားသော ကြွက်သားနှင့်လှုပ်ရှားမှုဆိုင်ရာမသန်
စွမ်းမှု) ၊ ADHD(အာရုံစူးစိုက်မှု အားနည်းပြီး လှုပ်ရှားမှု လွန်ကဲခြင်း) ၊Down syndrome
(မျိုးရိုးဗီဇဆိုင်ရာ သီးခြားလက္ခဏာများဖြင့် ဖွံ့ဖြိုးမှု နှေးကွေးသော အခြေအနေ) ၊ Learning difficulty(သင်ယူမှု ခက်ခဲခြင်း ၊ စာသင်ယူရန် အခက်အခဲရှိခြင်း) နဲ့ Autism
(အော်တီဇင်) စတဲ့ မသန်စွမ်းရွှေ့ပြောင်းကလေးငယ်တွေကို ပညာသင်ကြားပေးနေတာပါ။

ကျောင်းစတင်တည်ထောင်တဲ့ ၂၀၁၂ ခုနှစ်ကပြီး လက်ရှိအချိန်ထိ မသန်စွမ်းကျောင်းသားပေါင်း၁၃၀ကျော်ကိုပညာရေးနဲ့ တကွ အ
သက်မွေးဝမ်းကျောင်းမှုပညာအပါအဝင်တစ်ခြား လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုတွေကို ပေးနိုင်ခဲ့တယ် လို့ သူကဆိုပါတယ်။

ကျောင်းတည်ထောင်ခဲ့တဲ့ ၁၇နှစ်ကာလအ
တွင်းလက်ရှိအချိန်ကရံပုံငွေပြတ်တောက်တာ အဆိုးဆုံး အခြေအနေဖြစ်တယ်လို့ ကျောင်းတာဝန်ခံ ဖြစ်တဲ့ နော်သူးမွဲဖောကဆိုပါတယ်။
အရင်ကတော့ အလှူရှင်အဖွဲ့ အစည်းအချို့နဲ့ ပုဂ္ဂလိက အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေ ရှိခဲ့ပေမယ့်လည်း ၂၀၂၄ကစလို့ ထောက်ပံ့မှု အခြေအနေတွေ တစ်ဖြေးဖြေး လျှော့ကျလာတယ်လို သူကပြောပါတယ်။
👍173🤮2
“အလှူရှင် လုံးဝ မရှိတော့တာကတော့ ဒီ ၂၀၂၄၊ ၂၀၂၅၊ ဒီ သုံးနှစ်တွေထဲမှာပေါ့နော်
ဒီနှစ်က ပိုပြီးတော့ကျပ် ပိုပြီးတော့ ခက်ခဲလာတယ် လက်ရှိမှာဆို ထောက်ပံ့မှုက ဇီးရိုး ပဲ” လို့ နော်သူးမွဲဖောက ပြောပါတယ်။

လက်ရှိမှာ BMWEC လက်အောက်မှာ ရှိတဲ့ ရွှေ့ပြောင်း ကျောင်းအများစုဟာလည်း ရံပုံငွေ ပြတ်တောက်မှုနဲ့ ကြုံတွေနေရပါတယ်။

“အလှူရှင်တွေက အများအားဖြင့်ကျတော့ သူတို့က အသီးအပွင့်မြန်မြန် တွေ့ရတဲ့ဟာပေါ့နော်၊ short term တွေကိုပဲ သူတို့က အကူအ
ညီပေးတာတွေ များတယ်။ပညာရေးကတော့ ရှေရှည်ထောက်ပံ့ရမယ်ဟာဖြစ်နေတယ်”လို့နော်လားရှီးက ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ်မှု လူသားချင်းစာနာမှု အ
ထောက်အပံ့ပေးနေတဲ့ အလှူရှင် အဖွဲ့အစည်းတွေဟာ စစ်ဘေးရှောင်နဲ့ နေရပ်စွန့်ခွာထွက်
ပြေးသူတွေ၊ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ၊သက်မွေးဝမ်းကျောင်းသင်တန်း
တွေနဲ့ စိုက်ပျိုးရေး စတဲ့ ကဏ္ဍတွေမှာ ပိုပြီးတော့ ကူညီထောက်ပံ့ကြတာများတယ်လို့ သူကဆိုပါတယ်။

●လစာပုံမှန်မရဘဲ လုပ်ကိုင်နေရ

အလှုရှင်မရှိတဲ့ နောက်ဆက်တွဲ အနေနဲ့ ဆရာ၊ ဆရာမတွေရဲ့ လစာငွေတွေကို ပုံမှန်မပေးနိုင်တဲ့ အခြေအနေနဲ့ ကြုံတွေနေရတယ်လို့ နော်သူးမွဲဖောက ပြောပါတယ်။

စင်တာမှာ ဆရာ၊ ဆရာမ၊သန့်ရှင်းရေး ဝန်
ထမ်းနဲ့ အလုပ်သင်အပါအဝင်ဝန်ထမ်း ၁၀
ယောက်ရှိပြီးလစာငွေကို အနည်းဆုံး ထိုင်းဘတ်ငွေ ၃,၀၀၀ ကနေ အများဆုံး ၅,၀၀၀
အထိသတ်မှတ်ထားပါတယ်။

အဲဒီလို လစာနှုန်းတွေရှိပေမယ့်လည်း ဝန်
ထမ်းတွေကိုသတ်မှတ်ထားတဲ့လစာငွေနှုန်းအတိုင်း မပေးနိုင်ဘူးလို့ နော်သူးမွဲဖောကဆိုပါတယ်။

“မေလကစပြီး လစာပေးမပေးနိုင်ဘူး၊အခုချိန်ထိပဲ။နောက်လတွေလဲ မသေချာဘူး”လို့ နော်သူးမွဲဖောက လက်ရှိကြုံတွေနေရတဲ့ အ
ခြေအနေကို ရှင်းပြပါတယ်။

စင်တာ မှာ ကျောင်းသားတွေကို ကျောင်းလခ တစ်လ ဘတ် ၇၀၀ နဲ့ ကျောင်းဖယ်ရီခ အဖြစ် ဘတ် ၅၀၀ စုစုပေါင်း တစ်လကိုဘတ် ၁,၂၀၀ သတ်မှတ်ထားပေမယ့်ကျောင်းသားမိဘအ
များစုဟာ ရွှေ့ပြောင်းလုပ်သား တွေဖြစ်ကြတာကြောင့် သတ်မှတ်ထားတဲ့ နှုန်းထားအ
တိုင်းမရတာများတယ်လို့ဆိုပါတယ်။

ကောက်ခံရရှိတဲ့ ကျောင်းလခတွေကို ရေဖိုး၊ မီတာခ၊ ကားဆီဖိုး စတဲ့ အရေးကြီးလိုအပ်တဲ့ နေရာတွေမှာ အရင်အသုံးပြုပြီး ပိုလာတဲ့ငွေကိုမှ ဆရာ၊ဆရာမတွေ မျှပြီး ယူရတဲ့ အခြေ
အနေလို့ နော်သူးမွဲဖောက ရှင်းပြပါတယ်။

“မဲဆောက်ရဲ့ လူနေမှုနဲ့ဆိုလို့ရှိရင် အခု ခွဲဝေနိုင်တဲ့ ပမာဏ ဆိုတာ ဘာမှမရှိဘူး။နယ်စပ်မှာ မိသားစုတွေ အလုပ်မရှိရင် ဘယ်လိုမှ အဆင်မပြေဘူး။ဆရာ ဆရာမတွေကို ကျွန်မတို့ဘက်က အပြည့်အဝ မဖြည့်ဆည်းပေးနိုင်လို့အားနာရတယ်။သူတို့တတ်နိုင်သလောက်
ကူညီလုပ်ပေးတာကိုပဲ ကျေးဇူးတင်နေရတယ်" သူကပြောပါတယ်။

သင်ကြားရေး အပိုင်းမှာ တာဝန်ယူထားတဲ့ ဆရာမ နော်ဧပရယ်ဖောကတော့အလှူရှင်ရှိ တုန်းကထက်လစာတစ်ဝက်လောက် လျော့
နည်းသွားပေမယ့် ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးမှာစိုးရိမ်တာကြောင့် ဒီအလုပ်ကို ဆက်လုပ် ဖြစ်နေတယ်လို့ ပြောပါတယ်။

သူဟာ အရင်တုန်းက ကျန်းမာရေး ဆရာမတစ်ယောက်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းတဲ့ အချိန်မှာ CDM လုပ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မိသားစုလိုက် တိမ်းရှောင်လာတာ ဖြစ်ပါတယ်။အဲဒီနောက်မှာတော့ Star Flower Center မှာ ဆရာမ အနေနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာမဲဆောက်မြို့မှာရှိတဲ့ဘုရားကျောင်းတစ်ခုကဖွင့်ထားတဲ့ ဘော်ဒါဆောင်မှာ အမျိုးသားဖြစ်တဲ့ သူက အဂ်လိပ်စာသင်
ပေးပြီး သူက အားတဲ့ အချိန်မှာအတန်းငယ်လေးတွေကို ကြည့်ရှု့ပေးတာ ကြောင့် ရေဖိုး၊မီးဖိုး၊ အိမ်လစာ ပေးစရာ မလိုဘဲ နေခွင့်ရတယ်လို့ သူကဆိုပါတယ်။

“လစာကလည်း တကယ့်တကယ်သာ အပြင်မှာ ထွက်နေလို့ရှိရင် လုံးဝ မလောက်နိုင်ဘူး ပေါ့နော်။ဆန်ဝယ်စားရတယ်၊ဟင်းတွေဝယ်စားရတယ်၊သားသမီးမုန့်ဖိုးဝတ်စုံဖိုးတွေ အ
များကြီး ရှိတယ်ပေါ့နော်။ အဲဒါနဲ့ လုံးဝဘူးပေါ့နော်” လို့ နော်ဧပရယ်ဖောက ပြောပါတယ်။

လစာငွေ မလောက်ငတဲ့ အတွက် လိုအပ်ချက်တွေ ရှိလာတဲ့အခါ မိသားစု ရပ်တည်နိုင်ရေး အတွက် မိခင်ဖြစ်သူနဲ့ ယောက္ခမဆီကနေအ ထောက်အပံ့တွေ ပြန်တောင်းရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းကနေ ပြန်လာတဲ့ အခါ ဘော်ဒါဆောင်က အလုပ်တွေကိုပါ ဆက်ပြီး လုပ်ရတဲ့ အတွက် ပိုပြီးပင်ပန်းတယ်လို့လဲ သူကပြောပါတယ်။

“တစ်ခါတစ်လေ စိတ်ဓာတ်ကျတဲ့အခါ ကျရင် စဉ်းစားမိတယ် တခြား အလုပ်ပြောင်းရင် ကောင်းမလား၊ အဲလိုမျိုး ငါ တခြား အလုပ်ပြောင်းမယ်ဆိုပြီးတော့” နော်ဧပရယ်ဖောက ဆိုပါတယ်။

ဒါပေမယ့် ကျောင်းသားတွေကို သံယောဇဥ်ရှိတာကြောင့် ဒီအလုပ်တတ်နိုင်သလောက်တော့ ဆက်ပြီးလုပ်သွားမယ်လို့သူကပြောပါတယ်။

ကျောင်းတက်နေတာ သုံးနှစ်လောက်ရှိပြီ ဖြစ်တဲ့ အော်တစ်ဇင်ကျောင်းသား တစ်ယောက်ရဲ့ မိခင်ကတော့ “ကိုယ်တောင်မှ ကိုယ့်ကလေးတစ်ယောက်တည်း ထိန်းရတာ သိပ်မလွယ်ကူတဲ့ အနေအထားမှာ ဆရာမတွေက ကလေးတွေ အများကြီးနဲ့ ပုံစံမျိုးစုံနဲ့ သူတို့ ထိန်းရတဲ့အခါကျတော့ သူတို့အတွက်လည်း သူတို့လည်း မိသားစုတွေ ရှိတဲ့အခါကျတော့ ကျွန်မကလည်း အဲ့လို သူတို့အတွက်လည်း လစာလေး ပြည့်ပြည့်ဝဝ ဖြစ်စေချင်တယ်ပေါ့နော်”လို့ဆိုပါတယ်။
👍174🤮2
ဆရာ ဆရာမတွေ အနေနဲ့ လုံလောက်တဲ့ လ
စာရမှ မိသားစုနဲ့ စားဝတ်နေရေးကို စိတ်ပူစရာမလိုဘဲ ကျောင်းသား ကို သေချာကြည့်ရှု့စောင့်ရှောက်နိုင်မှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

●ကျောင်းဆက်ရှိနေဖို့လိုအပ်

Star Flower Center ဟာမသန်စွမ်းကလေးတွေကို လုံခြုံစိတ်ချမှုရှိရှိနဲ့ ပညာသင်ကြားနိုင်ဖို့၊ အသက်အရွယ်ရလာတဲ့ အချိန်မှာ ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ဖွင့်လှစ်ခဲ့တာပါ။

စင်တာမှာ အဆင့်နှစ်ဆင့်နဲ့ ကလေးတွေကို သင်ကြားပို့ချပေးနေပါတယ်။ ပထမအဆင့် အနေနဲ့ကလေးတွေကိုလူအသိုင်းအဝိုင်းမှာ ဝင်ဆန့်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်တတ်အောင်၊ ခန္ဓာကိုယ် သန်စွမ်းလာအောင် သင်ကြားပြုစုပေးပြီးဒုတိယ အဆင့်မှာတော့ ကလေးတွေရပ်တည်နိုင်ရေးအတွက်အသက်
မွေးမှု ပညာတွေကိုသင်ကြားပေးနေပါတယ်။

ကျောင်းသားမိဘတစ်ဦးကတော့ သူ့ကလေးကို ကျောင်းပို့ပြီးတဲ့ နောက်ပိုင်းမှာ ကလေး အခြေအနေ တိုးတက် မှုတွေ ရှိလာတယ်လို့ ​ပြောပါတယ်။

“ကျောင်းမတက်ခင်တုန်းကကျတော့ အော်
ဟစ်တာတို့ဘာတို့ အဲ့လိုမျိုး၊ သူ့ဟာသူ သိပ်ပြီးတော့ မထိန်းချုပ်နိုင်ဘူးလေ။ ကျောင်းထားတဲ့အခါကျတော့ သူ့ဟာသူ အချိန်လေးနဲ့သူ ပုံမှန်လေး၊မနက်ဆိုပုံမှန်လေးထ၊ ကျောင်းသွား၊ အဲ့လိုပေါ့... သူ training နဲ့သူပုံမှန်လေး လှုပ်ရှားမှု ရှိတဲ့အခါကျတော့ သူ့ ပိုပြီးတော့ သူ့အတွက် အဆင်ပြေလာတယ်”လို့ဆိုပါတယ်။

ကျောင်းသားတွေ တိုးတက်မှုတွေ ရှိတာကြောင့် ကျောင်းကို ဆက်ပြီး ရှိနေစေချင်ပြီး လုံလောက်တဲ့ ထောက်ပံ့မှုတွေ ရှိစေချင်တယ်လို့ သူကပြောပါတယ်။

လက်ရှိ မြန်မာ ရွှေ့ပြောင်းမိသားစု တွေထဲမှာ မသန်စွမ်းကလေးငယ် ပမာဏ များစွာပါဝင်လာပြီး သူတို့အတွက် ပညာသင်ကြားခွင့်ရဖို့ အထူးလိုအပ်တယ်လို BMWEC ရဲ့ ဒါရိုက်တာ နော်လားရှီးကဆိုပါတယ်။

အရင်က ဆိုရင် မသန်စွမ်းနဲ့ ပက်သက်ပြီး အ
သိပညာ နည်းပါးမှုကြောင့် ကလေးငယ်တွေကို ကျောင်းမပို့ဘဲ အိမ်မှာထားတာကြောင့် မိသားစုအပေါ် ဝန်ထုတ်ဝန်ပိုး ဖြစ်ခဲ့ပေမယ့် ကျောင်းတက်ခွင့်ရပြီးနောက်ပိုင်း ကလေးတွေဟာ ကိုယ်ကိုကိုယ် ပြန်ပြီး စောင့်ရှောက်နိုင်တဲ့ အဆင့်ကို ရောက်လာတယ်လို့ သူကဆိုပါတယ်။

ကျောင်းတက်ပြီး သင်ကြားခွင့်ရတာဟာ မိ
သားစုကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေတဲ့ အပြင် ကလေးတွေ လမ်းဘေးရောက်သွားမယ့် အန္တရာယ်ကနေလဲ ကာကွယ်နိုင်တာကြောင့် ကျောင်းဆက်ရှိနေပြီး ကလေးတွေ ပညာသင်ခွင့်ရဖို့က အရမ်းအရေးကြီးတယ်လို့ သူကပြောပါတယ်။

လက်ရှိမှာ BMWEC အနေနဲ့ Star Flower Center အတွက် လိုအပ်တဲ့ အလှူရှင်တွေ ပြန်ပြီး ရလာနိုင်ဖို့ အတွက် အသိပညာပေးတဲ့
( Awareness ,Advocacy) လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ပြီး လုပ်​နေပါတယ်။

တစ်ဖက်မှာလည်း ကျောင်းရေရှည် လည်ပတ်နိုင်ဖို့အတွက် ကျောင်းအခြေပြု စီးပွားရေးပုံစံမျိုး ဖြစ်တဲ့ Starflower ကျောင်းက ကလေးငယ်တွေရဲ့ လက်မှုပညာပစ္စည်းတွေကို ဆိုင်ဖွင့် ရောင်းချပြီး လိုအပ်တဲ့ ရန်ပုံငွေ ပြန်လည်ရှာမယ့် နည်းလမ်းတွေကို စဥ်းစားနေတယ်လို့ နော်လားရှီးက ဆိုပါတယ်။

ကျောင်းတာဝန်ခံ ဖြစ်တဲ့ နော်သူးမွဲဖောကတော့ “ မသန်စွမ်းကလေးတွေရဲ့ အနာ
ဂတ်တစ်ခုကို ဒီထက်ပိုပြီးတော့ တိုးတက်စေချင်တယ်။ မသန်ပေမဲ့လည်း သူတို့မှာ စွမ်းရည်အများကြီး ရှိတာလေနော်။ ဆိုတဲ့အခါကျတော့ ဒီ သူတို့ဘဝကို ဒီအတိုင်းပဲ မပြီးဆုံးစေချင်ဘူး။ ဒီကျောင်းကိုတော့ မပိတ်စေချင်ဘူး”ဖွင့်ဟလိုက်ပါတယ် ။ ။
👍232🥰2🤮2
Star flower Center မှာမသန်စွမ်း ကလေးငယ်​တွေကို ပညာသင်ကြားပေးနေစဥ်။
ဓါတ်ပုံ- Star flower
👍317🔥1🥰1
ရေဘေးကြုံရမယ့် ပြည်သူတွေကို ကူညီကယ်ဆယ်ထောက်ပံ့ဖို့ အသင့်စီမံထားဟု ပဲခူးတိုင်းစစ်ဌာန ထုတ်ပြန်

ဩဂုတ် ၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာနအနေနဲ့ ရေကြီးရေလျှံမှု ဘေးအန္တရာယ်တွေနဲ့ ပတ်သက်တဲ့ ပြည်သူသို့ အသိပေးချက်ကို ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ခဲ့ပြီး ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဖို့ ထောက်ပံ့ပို့ အသင့်စီမံထားကြောင်း အသိပေးပါတယ်။

စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိလာနိုင်လို့ ရေကြီးရေလျှံမှု ဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ဆုံးရှုံးမှု နည်းပါးစေဖို့ ပဲခူးတိုင်းစစ်ဌာနအောက်ရှိ ဗျူဟာတပ်ရင်းတပ်ဖွဲ့တွေက ကြိုတင်ပြင်ဆင်မှုတွေ အလေးထားဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ရေကြီးရေလျှံမှု ဖြစ်ပွားလာပါက ပြည်သူလူထုကို အချိန်မီ ကူညီကယ်ဆယ်နိုင်ရေးအတွက် တပ်ရင်းတပ်ဖွဲ့များအလိုက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားခြင်း၊ ကယ်ဆယ်ရေးလှေများ၊ ယာဉ်များနဲ့ စက်ပစ္စည်းများ အဆင်သင့် ပြင်ဆင်ထားခြင်းအပြင် အရေးပေါ် ဆေးဝါးနဲ့ စားနပ်ရိက္ခာများ ကူညီထောက်ပံ့နိုင်ဖို့ ကြိုတင်စီမံ ဆောင်ရွက်ထားရှိပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဌာနအနေနဲ့ ပြည်သူလူထု အန္တရာယ်ကင်းရှင်းရေးအတွက် ရေကြီးရေလျှံမှု ကြုံတွေ့ရလေ့ရှိသော ဒေသများတွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးနဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရမယ့် နည်းလမ်းတွေနဲ့ပတ်သက်ပြီး ဗျူဟာတပ်ရင်းတပ်ဖွဲ့များက လူထုအသိပညာပေးဟောပြောပွဲတွေ သက်ဆိုင်ရာနယ်မြေမှာ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရေဘေးအန္တရာယ် ကြုံတွေ့လာပါက အလွယ်တကူ ထိခိုက်ဒဏ်ရာရရှိနိုင်တဲ့ သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်သူများ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင်မိခင်များအားရေဘေးလွတ်ကင်းရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းထားရှိဖို့ တပ်ရင်းတပ်ဖွဲ့များအား ညွှန်ကြားထားကြောင်း အသိပေးပါတယ်။

ပဲခူးတိုင်းစစ်ဌာနအောက်ရှိ ဗျူဟာတပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရေဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အပြည့်အဝ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်လို့ ဒေသခံတွေအနေနဲ့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ရေဘေးသတိပေးချက်များကို မပြတ်မလပ် နားထောင်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ထုတ်ပြန်ပါတယ်။
👍299🖕2🥰1🤮1
(ပဲခူးတိုင်းစစ်ဌာနက ရဲဘော်တွေ ရေဘေးသင့်ပြည်သူတွေကို ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - ပဲခူးတိုင်းစစ်ဌာန)
👍3312🥰1🤮1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေး ဦးစားပေးဖို့ NUG ယာယီသမ္မတ မှာကြား

ရေဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ကျန်းမာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးကို ဦးစားပေးဖို့ မှာကြားခဲ့ပါတယ်။ NUG ရဲ့ လူသားချင်းစာနာကူညီရေးနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ဩဂုတ် ၁၇ရက်က ကျင်းပခဲ့စဉ် ယာယီသမ္မတက ရေဘေးနဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ဘေးဒုက္ခကြုံနေရတဲ့ ပြည်သူတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေး ပိုမိုထိရောက်စွာ လုပ်ဆောင်ဖို့ ပြောကြားခဲ့တာပါ။ ကော်မရှင်ဥက္ကဋ္ဌ ယာယီသမ္မတရဲ့ မှာကြားချက်မှာ ဘေးသင့်ပြည်သူတွေအရေးနဲ့ပတ်သက်ပြီး ကဏ္ဍအလိုက် ဆန်းစစ်မှုများ ဆောင်ရွက်ဖို့ နိုင်ငံတကာအကူအညီရယူနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်ချက်ပေါ်မူတည်ပြီး အကူအညီများကို ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ဖို့ စတဲ့ အချက်တွေလည်းပါဝင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြဖို့ လမ်းညွှန်ခဲ့ပါတယ်။ ကော်မရှင်အတွင်းရေးမှူး၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက စစ်ကိုင်းယူနစ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ဒုဝန်ကြီးရဲ့တင်ပြချက်အရ စစ်ကိုင်းယူနစ်အတွင်းရှိ မြို့နယ် (၁၅) ခုထက်မနည်းမှာ အိမ်ထောင်စုပေါင်း ငါးသောင်းကျော်(၅၄,၅၃၁ စု)မှ ပြည်သူ နှစ်သိန်း သုံးသော်ကျော် ရေဘေးဒဏ်ဆိုးရွားစွာ ခံစားနေရတယ်လို့ ဆိုပါတယ်။ ရေဘေးကြောင့်သေဆုံးသူနဲ့ ပျောက်ဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိနေပြီး လူနေအိမ် နဲ့ စိုက်ပျိုးမြေ၊ သောက်သုံးရေတွင်း၊ ရေကန်များ စတာတွေ ထိခိုက်ဆုံးရှုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

◾️စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် လမ်းတံတားအများအပြား ပျက်စီးသွားလို့ ရေဘေးသင့်ပြည်သူတွေ နေရပ်မပြန်နိုင်သေး

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်ကျသွားပေမယ့် လမ်းတံတားတွေ ပျက်စီးသွားလို့ ရေဘေးသင့်ပြည်သူအချို့ နေအိမ်မပြန်နိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။ သြဂုတ်လဆန်းပိုင်းကတည်းက ရေကြီးရေလျှံခဲ့တဲ့ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်ကျသွားပေမယ့် ရွာချင်းဆက်လမ်းတွေ၊ တာပေါင်လမ်းတွေနဲ့ ချောင်းကူးမြောင်းကူးတံတားတွေပါ ပျက်စီးသွားတာကြောင့် ရေဘေးသင့်ပြည်သူတွေ ရွာထဲ ပြန်ဝင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ရေကျသွားပြီဆိုပေမယ့် မြေကျွံမှု၊ လမ်းကြောင်း ပြတ်တောက်မှုတွေကြောင့် တချို့မပြန်နိုင်ကြသေးဘူးလို့ ရွှေဘိုပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ လတ်တလော ရေဘေးသင့်ပြည်သူတွေ၊ စစ်ရှောင်တွေအတွက် ယာယီတဲ၊ အမိုးအကာ၊ အသုံးအဆောင်တွေကအစ ရေမြုပ်သွားတာဖြစ်တဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

◾️တောင်မော်ဦးမှာ ဆုတ်ပြေးတဲ့စစ်တပ်ကို AA လိုက်လံတိုက်ခိုက်

ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲမှာ တပ်လန်ဆုတ်ခွာသွားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က လိုက်လံတိုက်ခိုက်နေပြီး တောင်မော်ဦးရေတပ်နဲ့ တမိုင်ကျော်အကွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဩဂုတ်လဆန်းကစပြီး အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာခဲ့ရာ အဲဒီစစ်ကြောင်းကို AA က ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ဆယ်ချီသေဆုံးကာ တပ်လန် နောက်ဆုတ်သွားခဲ့တာပါ။ ပြီးခဲ့တဲ့တပတ်လောက်က စစ်တပ်က ဆုတ်ပြေးသွားလို့ သူတို့စခန်းတစ်ခုကို AA က သိမ်းရလိုက်ပြီး အဲဒီကနေ ရှေ့တိုးလိုက်လံတိုက်ခိုက်နေတယ်လို့ AAနဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နေ့စဥ်တိုက်ပွဲပြင်းထန်နေပြီး အသေးစိတ်ပြောဖို့ စောနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ AA တပ်ဖွဲ့တွေ ရှေ့ကို တော်တော်ရောက်သွားပြီလို့ ပြောလို့ရကြောင်း မြေပြင်မှာ ရှိနေတဲ့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။ လက်ရှိမှာ အ၀တောင်ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အချို့တိုက်ပွဲတွေကတော့ အ၀တောင်ရွာအကျော် တောင်မော်ဦးရေတပ်စခန်းအနီးကို ရောက်နေပြီလို့ သိရပါတယ်။ တောင်မော်ဦးရေတပ်စခန်းနဲ့ဆိုရင် တမိုင်ကျော်သာ ဝေးတော့တယ်လို့လည်း သိရပါတယ်။

◾️စစ်တပ်စခန်းချခဲ့တဲ့ အင်းဒင်ရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ဒဏ်ရာရ
🔥114👍4😢2🖕1