People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၂ ဦး။ ဓာတ်ပုံ - KNU-Hpa-An District)
👍207🤣1🖕1
တကောင်းဒေသမှာ စစ်တပ်ယာဉ်တန်းကို မန္တလေး PDF ကြားဖြတ်တိုက်ခိုက်

ဩဂုတ် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ စစ်တပ်ယာဉ်တန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သပိတ်ကျဉ်းအခြေစိုက် စစ်တပ်ရဲ့ အမှတ်(၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁၃)က ထွက်လာတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ယာဉ် ၁စီးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်တာကတော့ တကောင်းမြို့အနီး (၃)မိုင်နေရာ ဝန်းကျင်မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ အသေးစိတ်အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ။

စစ်ယာဉ် ၁၂ စီး အနက် ၁စီး ရရှိခဲ့ပြီး ၁၁စီးဟာ တကောင်းမြို့ကို ရောက်ရှိသွားပြီလို့လည်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မန္တလေး PDF (အထူးလှုပ်ရှားတပ်မ)အနေနဲ့ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး စစ်ဆင်ရေးတွေကို အပြည့်အ၀ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း ဇူလိုင် ပထမပတ်မှာ ထုတ်ပြန်ကြေညာအသိပေးထားပါတယ်။

တပ်တခုလုံးအတိုင်းအတာ ပြန်လည်စုဖွဲ့ လေ့ကျင့်နေတာကြောင့် စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့ ဖော်ဆောင်နိုင်ခဲ့တဲ့ အခြေအနေကနေ စုဖွဲ့လေ့ကျင့်မှုတွေ ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီးဖြစ်လို့ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ အသိပေးခဲ့တာဖြစ်ပါတယ်။
27👍14👏2🤣2🔥1
(မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ရဲဘော်တွေ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ -MDY PDF)
35👍3🔥2🤣2👏1
တောင်မော်ဦးတိုက်ပွဲမှာဆုတ်ပြေးတဲ့စစ်တပ်ကို AAလိုက်လံတိုက်ခိုက်

■တိုက်ပွဲ​တွေပြင်းထန်နေပြီး ​တောင်​မော်ဦး​ရေတပ်နဲ့ပိုနီးလား

ဩဂုတ်-၂၀၊၂၀၂၆။ခိုင်မြတ်/People's Spring

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စ
ခန်းအနီးတိုက်ပွဲမှာ တပ်လန်ဆုတ်ခွာသွားတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က လိုက်လံတိုက်ခိုက်နေပြီး တောင်မော်ဦးရေတပ်နဲ့ တမိုင်ကျော်အ ကွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လဆန်းကစပြီးအင်အားနှစ်ရာဝန်းကျင်နဲ့ စစ်ကြောင်းထိုး လာခဲ့ရာ အဲဒီစစ်ကြောင်းကို AA က ခုခံတိုက်
ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ဆယ်ချီသေဆုံးကာ တပ်လန် နောက်ဆုတ်သွားခဲ့တာပါ။

“လွန်ခဲ့တဲ့တပတ်လောက်က ​ေးတွေ ဆုတ်ပြေးသွားလို့သူတို့စခန်းကုန်းတခုကိုယ့်ဘက်ကရလိုက်တာရှိတယ်။အဲဒီကနေ ရှေ့တိုးပြီး လိုက်တိုက်နေတာ။ တိုက်ပွဲကတော့ နေ့တိုင်းပြင်းနေတယ်။အသေးစိတ် ပြောဖို့ စောသေး တယ်။ ကိုယ့်ဘက်က အရှေ့ကို တော်တော်ရောက်သွားပြီလို့တော့ ပြောလို့ရတယ်” လို့ မြေပြင်မှာ ရှိနေတဲ့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

လက်ရှိမှာ အ၀တောင်ကျေးရွာအနီးဝန်းကျင်မှာတိုက်ပွဲဖြစ်နေတာဖြစ်ပြီး အချို့တိုက်ပွဲတွေကတော့ အ၀တောင် ရွာအကျော် တောင်မော်ဦးရေတပ်စခန်းအနီးသို့ ရောက်နေကာ တောင်မော်ဦးရေတပ်စခန်းနဲ့ဆိုရင် တမိုင်ကျော် သာ ဝေးတော့တယ်လို့ ဆိုပါတယ်။

တောင်မော်ဦးရေတပ်စခန်းကနေတဆင့် အ၀တောင်စခန်းတွေဆီ အင်အားဖြည့်ပြီး စစ်ကြောင်းထိုး၊ ထိုးစစ်ဆင် လာတဲ့ စစ်တပ်နဲ့ AA တို့ရဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဆယ်ချီသေဆုံး၊ ထိခိုက် ခဲ့တာဖြစ်ပါတယ်။

“အဲတုန်းက အင်အားနှစ်ရာလောက်မှာ တော်
တော်များများ ထိသွားတယ်။ ဒဏ်ရာရတာ ပိုများတယ်။ကျောက်ဖြူ ပြည်သူ့ဆေးရုံမှာတောင် ဆေးကုနေကြရတယ် ကြားတယ်” လို့ ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။

အထိနာနေတဲ့စစ်တပ်ဟာ တောင်မော်ဦးရေတပ်စခန်းကို ထပ်မံအင်အားဖြည့်ဖို့ ပြင်ဆင်နေကြောင်း ကြား သိရပြီး ရေတပ်စခန်းဆီ စစ်သင်္ဘောအဝင်အထွက်တွေနေ့စဉ်ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်ဖြူမြို့ပေါ်ကနေဓည၀တီရေတပ်စ
ခန်းဘက်သို့ သွားရာ မင်းတက်တောင်လမ်း
ဆုံအနီးဝန်းကျင်က မင်းပြင်၊ သိုင်းချောင်းနဲ့ ပြိုင်းစေ့ကေကျေးရွာတို့ဘက်မှာတော့ အခုရက်ပိုင်း တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

“အရင်ကတော့မင်းပြင်ဘက်ရော၊ပြိုင်းစေ့ကေဘက်ကရော တပြိုင်တည်း အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတာ၊ တောင်မော်ဦးဘက်မှာ အထိနာနေတဲ့အခါ ဒီဘက်တွေမှာ တိုက်ပွဲငြိမ်နေတယ်။ ကြည့်ရတာ တော်တော်အထိ နာသွားတယ်ထင်တယ်” လို့ မင်းပြင်ဘက်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းကနယ်မြေအများ
စုကို လက်လွှတ်ထားရပြီး ရေတပ်စခန်းနှစ်ခု(ဓည၀တီ၊ တောင်မော် ဦး)တို့နဲ့ မြို့အနီးဝန်းကျင်တပ်ရင်းတွေမှာသာအခြေစိုက်နိုင်တော့တဲ့ စစ်တပ်ဟာ တောင်မော်ဦး၊ မင်းပြင်တို့ဘက် ကနေ အင်အားအလုံးအရင်းသုံးကာ AA ထိန်းချုပ်နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ မကြာခဏကြိုးစားနေခဲ့တာပါ။

ဒါပေမယ့် တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ -ရမ်းဗြဲဆုံရာ စနဲမြို့ထိ သိမ်း
ပိုက်ဖို့ ရည်ရွယ်ချက်နဲ့ ထိုး စစ်ဆင်လာတဲ့ စစ်ကြောင်းကတော့ တပ်ဦးကျိုးပြီး အကြိမ်
ကြိမ်ပြန်လှည့်နေရပါတယ်။ အလားတူပဲ မင်းပြင်၊ သိုင်း ချောင်းကျေးရွာအနီးရှိ စစ်တပ်စစ်ကြောင်းတွေဟာ AA ရဲ့ ဒရုန်း၊ လက်နက်
ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အထိနာ ကာ ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

အဲဒီလိုအထိနာနေတဲ့စစ်တပ်ဟာ ကျောက်ဖြူ
မြို့နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်
သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကျောက်ဖြူပင်လယ်ပြင်အတွင်း သွား
လာနေကြတဲ့ကုန်တင်၊ခရီးသည်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို လည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာ
ဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်ရှိ​နေပါတယ် ။ AA တပ်မှူးချုပ် ဗိုလ်
ချုပ်ထွန်းမြတ်နိုင်က​​တော့ ရခိုင်ပြည်နယ်အတွင်းကလက်ကျန်မြို့တွေဖြစ်တဲ့ကျောက်
ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်
သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်
ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။
🥰24👏1710🤣3🖕2👍1👎1
🥰28👍84🤣4🖕2🤮1
■သ​ရော်စာ

YBS ပေါ်က ငွေစုပ်ဖုတ်ကောင်များ

-သျှိသျှား ရေးသားသည်။

YBS ကားတွေပေါ်မှာ ငွေစုပ်ဖုတ်ကောင်တွေ သောင်းကျန်းနေတယ်။

မိတ်ဆွေ...သင်နားကြားလွဲတယ်လို့ မထင်လိုက်ပါနဲ့။ သွေးစုပ်ဖုတ်ကောင်တွေမဟုတ်ပါဘူး။ ငွေစုပ်ဖုတ်ကောင် တွေလို့ ပီပီသသပြောလိုက်တာပါ။ ရန်ကုန်မြို့မှာ နေ့တဓူဝပြေးဆွဲနေတဲ့ YBS ကားတွေပေါ်မှာ အဲဒီငွေစုပ်ဖုတ် ကောင်တွေ သောင်းကျန်းနေတဲ့အ
ကြောင်း နေရာမျိုးစုံကနေ ကြားသိလာရပါတယ်။

YBS ကားတွေပေါ်၊ YBS မောင်းနှင်သွားလာရာလမ်းကြောင်းတစ်လျှောက်နဲ့ ယုတ်စွအဆုံး အဲဒီ YBSယာဉ်လိုင်းတွေကိုကြပ်မတ်စီမံအုပ်
ချုပ်နေပါတယ်ဆိုတဲ့ YRTC အမည်ရ YBS ခေါင်းကိုင်ကြီးတွေရဲ့ ရုံးခန်းတွေထဲအထိ အဲဒီငွေစုပ်ဖုတ်ကောင်တွေ ရောက်နေကြတာပါ။

သူတို့တွေဘယ်လိုရောက်လာပြီးဘယ်လို
တွေသောင်းကျန်းနေ ကြပါသလဲ။YBSကား
တွေပေါ် သူတို့ ဘယ်လိုလိုက်လာသလဲ။ အဲဒီငွေစုပ်ဖုတ်ကောင်တွေဟာ အသွင်ယူ၊ အသွင်ပြောင်းနိုင်ကြ တဲ့ အစွမ်းရှိပါတယ်။ သူတို့ကို YBS ကားတွေပေါ်မှာဆိုရင် ယာဉ်မောင်းတွေလို အသွင်ယူ၊ အသွင်ပြောင်းနေထိုင်ကြ တာကို တွေ့ရပါတယ်။ သူတို့ဟာ အဲ့ဒီလိုအသွင်ပြောင်းထားကြပြီးတဲ့နောက် ကားပေါ်တက်လာတဲ့ ခရီးသည်တွေ ဆီက ပိုက်ဆံကို ရတဲ့နည်းနဲ့စတင်စုပ်ယူပါတယ်။

Cash Box ဆိုတဲ့ ငွေထည့်ပုံးဆီလှမ်းနေတဲ့လက်ထဲက ငွေကိုဦးအောင်ဖြတ်ယူပါတယ်။ ၃၀၀ တန်၊ ၄၀၀ တန်ခရီးအတွက် ခရီးသည်က ၅၀၀ ကျပ်တန်ထုတ်ပေးတဲ့အခါတွေမှာ လည်းအကြွေမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ပိုငွေပြန်မအမ်းဘဲ ခရီးသည်အိတ်ထဲက ငွေကိုရတဲ့နည်းနဲ့ စုပ်ယူပါ သေးတယ်။

အဲဒီငွေစုပ်ဖုတ်ကောင်တွေဟာ ဘယ်လောက်အထိဆိုးသလဲဆို ခရီးစရိတ်ကို စနစ်တကျနဲ့ပေးချေနိုင်ဖို့ ငွေကုန် ကြေးကျခံဖန်တီးပေးထားတဲ့ ကတ်နဲ့ဖြတ်ပြီးငွေပေးချေရတဲ့စက်တွေကိုလည်းသူတို့ကဖျက်ဆီးထားပြီး ကတ်နဲ့ ဖြတ်မရအောင် လုပ်ထားကြပါသေးတယ်။ တချို့ယာဉ်လိုင်းတွေမှာဆို အဲဒီကတ်ဖြတ်
စက်တွေမရှိ၊မတပ်ဆင်အောင်ကိုပါလုပ်ထားနိုင်စွမ်းရှိပါတယ်။

နောက်တစ်ခုက YBS တွေပေါ်မှာ စပယ်ယာ
မတင်ဆောင်ရဘူးဆိုတဲ့တင်းကျပ်တဲ့စည်း
ကမ်းချက်ရှိတာမို့ သူတို့ အစား ယာဉ်မောင်းတွေရဲ့ ကြင်သူဇနီးမယားများက ယာဉ်မောင်းကြီးတွေ သွားလမ်းသာ၊ လာလမ်းဖြောင့်ကြစေဖို့ အပင်ပန်းခံလိုက်ပါကူညီကြပါတယ်။ အဲဒီကြင်သူဇနီးမယားများကိုလည်း ငွေစုပ်ဖုတ်ကောင်တွေက အလွတ်မပေးပါဘူး။ သူတို့ခန္ဓာကိုယ်ထဲ ဝင်ပူးကပ်ပြီးနောက် တက်လာသမျှ ခရီးသည်တွေဆီက ငွေစက္ကူတွေ Cash Box ထဲ မရောက်စေဘဲ သူတို့က ဦးစွာအလျင် စုပ်ယူလိုက်ကြပြန်ပါတယ်။

အဲ...ငွေတွေ Cash Box ထဲရောက်သွားတော့ရော ကိစ္စရှိသလားဆိုတော့ မရှိပါဘူး။ အဲဒီငွေစုပ်ဖုတ်ကောင်တွေဟာယာဉ်မောင်းတွေထံတစ်ဖန်ပြန်လည်ဝင်ရောက်ပူးကပ်ပြီး မည်သို့မည်ပုံပြုလုပ်လိုက်သည်မသိ Cash Box ပုံးကို ခတ်ထားတဲ့သော့တံ ယာဉ်မောင်းကြီးတို့လက်ထဲ “ဥုံဖွ” ဆိုရောက်လာကြပြီးသကာလ ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့ အချိန်မှာ Cash Box ထဲကနေ သဘောရှိနိုင်ကြပါသေးတယ်။ အဲ့သလောက်ထိ ဆိုးသွမ်းနေတဲ့ ငွေစုပ်ဖုတ်ကောင် တွေပါ။ YBS လောကမှာ သူတို့ ဝင်မပူးကပ်နိုင်တာဆိုလို့ လိုင်စင်မဲ့ကားတွေနဲ့ လိုင်းပြေးနေနိုင်ကြတဲ့ အာဏာရှင် ဟောင်းနေဝင်းမြေးတစ်စုပဲရှိပါတယ်။

YBS တွေသွားရာလမ်းတစ်လျှောက်မှာဆိုရင်လည်း အချိန်မှတ်လို့အမည်တွင်ကြတဲ့ YBS ရှေ့ကားနဲ့ နောက်ကား ကြား အကွာအဝေးကို မှတ်တမ်းပြုပြီး YBS တစ်စီးနဲ့ တစ်စီးကြား သတင်းပေးပို့သူတွေအဖြစ်လည်း ငွေစုပ်ဖုတ် ကောင်တွေက အသွင်ယူထားကြပြန်ပါသေးတယ်။ ဒီမှာတော့ လိုက်ပါစီးနင်းကြတဲ့ခရီး
သည်ဆီကငွေကို တိုက်ရိုက်ယူတာမျိုးမဟုတ်ဘဲ ဆိုခဲ့ပါယာဉ်မောင်းများဆီကမှတစ်ဆင့် ရယူကြပါတယ်။ အဲဒီအချိန်မှတ်တွေဆိုတာဟာ လည်း တစ်ယောက်စ၊ နှစ်ယောက်စမဟုတ်ဘဲ မှတ်တိုင်တိုင်းနီးပါးလိုလိုမှာရှိနေတာမျိုးဆိုတော့ သူတို့ရဲ့ နေ့စဉ် စုပ်ယူအားကလည်း မသေးလှပါဘူး။

ဒီနေရာမှာ YBS ခေတ်ဦးကာလတုန်းက အဲဒီငွေစုပ်ဖုတ်ကောင်တွေ ငွေစုပ်ကြမ်းခဲ့လို့ ကားပေါ်ကနေ စက်ဘီးပေါ် ရောက်သွားကြရရှာတဲ့ ခရီးသွားပြည်သူတစ်စုအကြောင်းလည်း ကြားညှပ်ပြောလိုပါတယ်။ ခရီးစဉ်တစ်ဖြတ် ၂၀၀ ကျပ်၊ လိုရာခရီးရောက်ဖို့ YBS စနစ်သစ်အရအနည်းဆုံးအသွားနှစ်ဖြတ်စီး၄၀၀ ကျပ်၊ အပြန်နှစ်ဖြတ်စီး ၄၀၀ ကျပ်၊ အသွားအပြန်ပေါင်း ၈၀၀ ကျပ်၊ တချို့ သုံးလေးဖြတ်စီးမှရောက်တဲ့ခရီးမျိုးတွေနဲ့ တစ်နေ့လုပ်မှ တစ်
နေ့စားရတဲ့ နေ့စားဝင်ငွေနဲ့ မကိုက်တော့တာကြောင့် မွေးရာပါ ခြေထောက်နှစ်ချောင်းကို အားပြုရင်း နေ့စားအလုပ်တွေဆီ စက်ဘီးစုတ်လေးတွေ ဖုန်သုတ်စီးနင်း အသက်ဆက်ခဲ့ကြရတဲ့ လူတစ်စုပါ။

အခုလည်းသူတို့ရှိနေပါတယ်။ မနက်တစ်ချိန်၊ ညနေတစ်ချိန် အစုအဖွဲ့လိုက် စက်ဘီးလေးတွေ ဂျောက်ဂျက်... ဂျောက်ဂျက်နင်းရင်း ရန်ကုန်မြို့ရဲ့ လမ်းမတွေထက် သွားလာနေတဲ့ ငွေစုပ်ဖုတ်ကောင်တွေရဲ့ သားကောင်ဟောင်း တွေကို တွေ့ကြရမှာပါ။ အခုကာလမှာတော့ အရင်လိုမဟုတ်တော့ဘဲ ခရီးစဉ်တစ်ဖြတ် ၄၀၀ ကျပ်အထိဖြစ်လာသလို အရင်နဲ့မတူ ငွေစုပ်ဖုတ်ကောင်တွေရဲ့ စုပ်ချက်တွေကလည်း တစ်နေ့ထက်တစ်နေ့ကြမ်းလာပြီဆိုတော့ သူတို့ ခမျာ နင်းလက်စစက်ဘီးခြေနင်းပြားကိုပဲ ဖိနပ်ပါးတဲ့အထိ ဆက်ပြီးဖိနင်းနေကြရဦးမှာပေါ့။
🤣84👍3🖕2🔥1🤮1
အဲဒီငွေစုပ်ဖုတ်ကောင်တွေဟာ ငွေကို ဘယ်
လောက်အထိစုပ်ယူသလဲဆိုရင် YBS ကြပ်
မတ်စီမံအုပ်ချုပ်တဲ့ ခေါင်းကိုင်ကြီးတွေ၊ YBS အုံနာတွေ၊ YBS ယာဉ်မောင်းတွေတောင် မိမိတို့ကားတွေကို ပြုပြင်နိုင်စွမ်းမရှိလောက်အောင် အထိကို စုပ်ယူကြတာလို့ ဒင်းတို့ဆီက ညည်းသံထွက်လာပါတယ်။ ဒီလိုနဲ့ တချို့ YBSကားတွေဆို မိုးမြင်၊လေမြင်၊ကောင်းကင်
ပြာပြာကြီးကိုကြည့်ရင်း လိုက်ပါစီးနင်းနိုင်တဲ့အခွင့်အရေးတွေရကြသလို တချို့ကားတွေဆို ကြမ်း ပေါက်ကျွံကျတဲ့အထိပါပဲ။ တလောကပဲ ကြမ်းကျွံလို့ ဒလမှာကလေးတစ်ယောက် အသက်ဆုံးရှုံးရတဲ့အထိဆိုတာ အားလုံးအသိပဲမဟုတ်ပါလား။ မိုးရွာတုန်း မိုးရေးချိုးချင်သူတွေလည်း အဲဒီ YBS တွေကိုစီးပါလို့ အကြံပြုလိုပါ တယ်။

ဒီအားနည်းချက်ကိုသိတဲ့ YBS ငွေစုပ်ဖုတ်
ကောင်တွေဟာ အတင့်ရဲကာ နောက်တစ်ဆင့်တိုးလို့ အလွန်ကြမ်းတဲ့ အကွက်တစ်ခုကို ခင်းလာပြန်ပါတယ်။ အဲဒါကတော့ YBS ကားတွေ ပျက်စီးချို့ယွင်းနေပါတယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ ပြုပြင်ဖို့လိုပါတယ်ဆိုတဲ့ဆင်ခြေကိုကိုင်ဆွဲရင်း နေ့စဉ်ခရီးသွားပြည်သူသိန်းနဲ့ချီသူတွေထံက ငွေကိုအချီ ကြီးစုပ်ယူဖို့ကြံတဲ့ အကွက်ကျဲကြီးကို ဟော့ဒီလိုခင်းလာပါတယ်။

အဲဒါကတော့ YBS နဲ့ပတ်သက်ပြီး ဆိုပိုင်၊ ပြောပိုင်၊ လုပ်ပိုင်ခွင့်ရှိတဲ့ YBS ခေါင်းကိုင်ကြီး ဦးလျန်ကျင့်မန်ဆိုသူထံ ဝင် ရောက်ပူးကပ်လိုက်ကြတာပါပဲ။ နေ့လည်စာစားပြီးနောက် YRTC ရုံးခန်းထဲက သူ့စားပွဲခုံမှာ သူ့ဟာသူအေးအေး လူလူ အဆီရစ်ပြီး အိပ်ငိုက်နေတဲ့ ဦးလျန်ကျင့်မန်ထံ သူတို့ဝင်ပူးကပ်ပြီးနောက် ဦးလျန်ကျင့်မန်ဟာ အိတ်ကပ်ထဲ
ထည့်ထားတဲ့ ဖုန်းကို ထုတ်ယူပြီး ဗိုက်ဗာကနေတစ်ဆင့် လက်သင့်ရာမီဒီယာတွေထံ စာတချို့ရိုက်ပို့လိုက်ပါတယ်။

ဒီလိုနဲ့ မကြာမီမှာပဲ ဆိုရှယ်မီဒီယာပေါ်မှာ “YBS တွေ စျေးတက်မယ်”ဆိုတဲ့သတင်းဟာ ပြည်သူလူထုကြား အုတ် အော်သောင်းနင်းဖြစ်လာတော့တာပါပဲ။နဂိုကမှငွေစုပ်ဖုတ်
ကောင်တွေရဲ့ဒဏ်ကို လှိမ့်နေအောင်ခံထားရတဲ့ ခရီး သွားတွေခမျာ ဒီသတင်းကြားပြီး မူးသူမူး၊ မိုက်သူမိုက်၊ ငိုသူငို၊ အော်သူအော်၊ ဆဲသူဆဲနဲ့ဖြစ်ကုန်ကြတော့တာပေါ့။ ဘာကြောင့် အခုလိုတိုးကောက်ရတာလဲလို့ မေးကြည့်ကြတဲ့အခါ ပျက်နေတဲ့ YBS တွေ ပြင်ချင်လို့ပါဆိုတော့ စောစောက မူးနေ၊ မိုက်နေ၊ ငိုနေသူတွေတောင် ထဆဲရတဲ့အထိဖြစ်ကုန်ပြန်တာပေါ့။

ဒါပေမယ့် ဦးလျန်ကျင့်မန်ဆိုတာ တစ်လျန်ကျင့်မန်တည်းရှိတာလေ။ ဘာရမလဲ...အဲဒီငွေစုပ်ဖုတ်ကောင်တွေ အကြောင်းကို ကောင်း
ကောင်းနောကျေနေပြီဖြစ်တဲ့ သူဟာ သူ့ဆီကို ဖုတ်ကောင်တွေဝင်စီးပြီး ၃၆ နာရီမပြည့်ခင် မှာပဲ အဲဒီကောင်တွေ သူ့ခန္ဓာကိုယ်ထဲကနေ အမြန်ခွာအောင် ဂါထာမန္တန်တွေနဲ့ မန်းမှုတ်နှင်ထုတ်လိုက်ပြီးနောက် “မဟုတ်ပါဘူး။ မလုပ်ပါဘူး။ မင်းထင်သလို မယုတ်မာဘူး”ဆိုတဲ့ စာသားတွေပါတဲ့ ကြေညာချက်တစ်စောင်ကို အလျင်အမြန်ပဲလက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတော့တယ်။

ဟူး...တော်သေးလို့။ ဦးလျန်ကျင့်မန်ကယ်ပေလို့။ အလွန်တရာမှ ပါးရည်နပ်ရည်ရှိစွာနဲ့ ငွေစုပ်ဖုတ်ကောင်တွေကို အချိန်မီနှင်ထုတ်လိုက်နိုင်လို့သာပေါ့။ နို့မဟုတ်ရင် YBS ကိုအားပြုနေကြရရှာတဲ့ လူတစ်စု YBS ကို ကျောခိုင်းရဦး တော့မှာ။ဒီအရေးကနေ ဦးလျန်ကျင့်မန်ကြောင့် သီသီလေးကပ်လွတ်လာရတာပါလား။

ဦးလျန်ကျင့်မန် လည်း အာဏာသိမ်းဖက်ဆစ်​ကောင်​တွေလက်​အောက်မှာ ဒီရာထူးနဲ့ တာဝန်ယူထားသူမို့ ​ခေသူမဟုတ် ။ဖက်ဆစ်စစ်တပ် လုပ်သလို စာ ၂ ​စောင်ထုတ်လိုက်ရုံနဲ့လူကြမ်းက​နေ မင်းသားလုပ်တဲ့ အကွက်​တွေ သူ့
​ကောင်း​ကောင်းသင်ယူးထားပြီးပြီမဟုတ်ပါလား ။ ။
👍163🤣3🤮2🖕2
👍264🤣3🔥1🤮1
မလှိုင်မှာ စစ်တပ်က ကျေးရွာတွေ မီးရှို့ပြီး တန်ဖိုးကြီးပစ္စည်းတွေ သိမ်းယူ

သြဂုတ် ၂၀၊ ၂၀၂၆။ဇေအောင်/People's Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းက ကျေးရွာ ၇ ရွာကျော်က နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးပြီး ယာဥ်တွေအပါအဝင် တန်ဖိုးကြီးပစ္ည်းတွေ သိမ်းယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

​ကျောက်ပန်းတောင်းနဲ့ တောင်သာမြို့နယ်ဘက်ကတဆင့် သြဂုတ် ၁၇ ရက် မနက်ပိုင်းမှာ မလှိုင်မြို့နယ်အတွင်း စတင်ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဖိုးကြွယ်၊ တောင်ရိုးတဲ၊ လယ်ဗျား၊ ရေပေါ်၊ မိတ်ကုန်း၊ ကျောက်တန်း၊ မုံပင် စတဲ့ ကျေးရွာတွေကို ဝင်ရောက် မီးရှို့တာတွေ၊ တန်ဖိုးကြီးပစ္စည်း အဓမ္မသိမ်းယူတာတွေ ပြုလုပ်ခဲ့ကြောင်း လူထုသတင်းကွန်ရက်-မလှိူင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီစစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် တောင်ရိုးတဲရွာနဲ့ လယ်ဗျားရွာက နေအိမ် ၆ လုံး၊ မိတ်ကုန်းရွာက နေအိမ် ၇ လုံး၊ ​ကျောက်တန်းရွာလမ်းတလျှောက် တောထဲက တဲအိမ် ၄ လုံး၊ ကျောက်တန်းရွာက နေအိမ် ၁၅ လုံးခန့်၊ မုံပင်ရွာက နေအိမ် ၂ လုံး စုစုပေါင်း ၃၄ လုံးခန့် ပျက်စီးခဲ့ကြောင်း ၎င်းက ပြောပါတယ်။

ဒါ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောက်တန်းရွာ အလယ်ကျောင်းဘုန်းကြီးကျောင်းရှိ စေတီတစ်ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

ဖိုးကြွယ်၊ တောင်ရိုးတဲ၊ လယ်ဗျား၊ ကျောက်တန်း ရွာတွေမှာတော့ စစ်တပ်က သေနတ်ပြခြိမ်းခြောက်ပြီး ပြည်သူတွေဆီက ရွှေ၊ ငွေ၊ ဆိုင်ကယ်၊ ဖုန်းတွေနဲ့ ဖောကားတစ်စီး သိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အိမ်တွေမီးရှို့ရုံတင်မကဘူး။ အိမ်ကြီး၊အိမ်ကောင်းတွေဆို အတွင်းသော့ရိုက်ချိုးပြီး ရှိသမျှ နှမ်း၊ဆန်၊ဟင်းချက်စရာ၊အဝတ်စား၊အိုးခွက်ပန်းကန်ကအစယူသွားပြီး အိမ်ထဲရှိသမျှအကုန် ဖျက်ဆီးတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မလှိုင်မြို့ပေါ်မှာပါ ပြည်သူတွေဆီကနေ ဆိုင်ကယ်နဲ့ ဖုန်းတွေသိမ်းယူနေလို့ ပြည်သူတွေ စိုးရိမ်ပြီး မြို့မစျေးကြီးကို ညနေ ၄ နာရီမှာ အရေးပေါ် ပိတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ကျောက်ပန်းတောင်းနဲ့ တောင်သာနယ်မှာလည်း ယခုလိုပဲ တန်ဖိုးကြီးပစ္စည်းတွေ သိမ်းယူတာ၊ ရွာတွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့ကြောင်း၊ ဒီကနေ့ ငြဂုတ် ၂၀ ရက် မနက်မှာတော့ ၁၂ဘီးကားကြီး ပါ မော်တော်ယာဥ် ၁၂စီးနဲ့ မိတ္ထိလာမြို့ ဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါတယ်။
🤬302👎2👏2👍1😁1🤮1🤣1
(ကျောက်တန်းကျေးရွာမှာ စစ်တပ် ရှို့တဲ့မီးငြှိမ်းသတ်နေတဲ့ ဒေသခံ တစ်ဦး။ ဓာတ်ပုံံ-ဒေသခံ)
13🤬8👍5👏2👎1🤮1🤣1
စစ်တပ်က ဇူလိုင်တိုက်ပွဲအတွင်း ၃၀၀ကျော် သေဆုံးဟု NUG ကာကွယ်ရေး ထုတ်ပြန်

ဩဂုတ် ၂၀၊၂၀၂၆။ ထားမြတ်/People’s Spring

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

NUG ကာကွယ်ရေးက စုစည်းထားတဲ့ စာရင်းတွေအရ စစ်ကောင်စီဘက်က သေဆုံးသူ ၃၁၅ဦး၊ ဒဏ်ရာရသူ ၄၇၃ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သေဆုံး၊ ဖမ်းမိနဲ့ ဒဏ်ရာရသူတွေထဲမှာ အရာရှိ ၂၉ဦး ပါဝင်ကြောင်း ဖော်ပြထားပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ဖော်ပြမထားပါဘူး။
ဒါ့အပြင် စစ်တပ်စခန်းကို တိုက်ခိုက်မှု ၁၆ကြိမ်ပြုလုပ်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်မှု ၁၀ကြိမ်ရှိခဲ့တယ်လို့ အသိပေးပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ထုတ်ပြန်ချက်ရ ဇူလိုင်လအတွင်း မကွေးတိုင်း ဆောမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာရှိပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ရက်က မကွေး-ကံပြား-နေပြည်တော်လမ်းပေါ်ရှိ ရွှေဗန်း ရဲစခန်းနဲ့ စစ်ကောင်စီတပ် ဂိတ်စခန်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်တပ်သေဆုံးထိခိုက်မှုများရှိသလို လက်နက်ခဲယမ်းများသိမ်းရခဲ့ပါတယ်။

ဇူလိုင်လဆန်းကလည်း မန္တလေးတိုင်း မလှိုင်မြို့နယ် အိမ်ကြီးတောရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို PDF၊ ပကဖ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က သေဆုံးသူအချို့ရှိသလို ၁၀ဦး လက်နက်ချခဲ့ပြီး လက်နက်မျိုးစုံ အလက် ၂၀ သိမ်းရခဲ့ပါတယ်။

စစ်တပ်ရဲ့ သေဆုံးထိခိုက် အခြေအနေတွေအပြင် စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်တွေကိုလည်း ထုတ်ပြန်ပါတယ်။

စစ်တပ်လက်ချက်ကြောင့် အရပ်သား ၂၀၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၈၄ ဦး ရှိတယ်လို့ ဖော်ပြပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၁၆ဦး ပါဝင်တယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ဖျက်ဆီးမှုတွေကြောင့် ဘာသာရေးအဆောက်အဦးနဲ့ ပညာရေးအဆောက်အအုံတွေ အပါအဝင် နေအိမ် ၅၆၀ ကျော်ပျက်စီးခဲ့ရကြောင်း ဖော်ပြပါတယ်။

စစ်တပ်ဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ လုပ်ဆောင်နေလို့ နိုင်ငံတဝန်း ဒေသအသီးသီးမှာ အရပ်သားသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံး အခြေအနေတွေတော့ အသိပေးထားတာမရှိပါဘူး။
23👍11👏6🤣2🖕2🥰1
(မြင်းခြံခရိုင်စစ်ဌာန ဖော်ဆောင်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF)
25👍14🔥2🤣2🖕2🥰1
စစ်တပ်စခန်းချခဲ့တဲ့ အင်းဒင်ရွာမှာ စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ဒဏ်ရာရ

ဩဂုတ် ၂၀၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring

အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီ နေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်ခန့်က ကလေးငယ်တစ်စု ဗုံးသီးကို ထုခွဲကစားကြရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက် ဒဏ်ရာရသွားခဲ့တာပါ။

“ ရွာအနားက ကောက်လာကြတာထင်တယ်။ ဒီနားမှာက နယ်ခြားစောင့်စခန်းရှိခဲ့တယ်လေ။ အဲဒီမှာ မိုင်းတွေ လည်း အများကြီးထောင်ထားခဲ့ကြတာ။ အဲဒီနားက ရလာတာ ဖြစ်နိုင်တယ်။ ကလေးတွေဆိုတော့ ကစားနေကျအ တိုင်း ကစားနေရင်းနဲ့ ပေါက်ကွဲသွားတာ” လို့ မောင်တောဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကျန်လက်နက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသွားတဲ့ ကလေးငယ်တွေဟာ KG တန်းကနေ ၄တန်းအရွယ် ကလေးငယ်တွေဖြစ်ပြီး အဲဒီထဲက အချို့ဟာ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ဆေးရုံကိုတော့ ပို့ ထားပြီ” လို့ အဆိုပါမောင်တောဒေသခံက ဆိုပါတယ်။

အခု စစ်ကျန်လက်နက်ပေါက်ကွဲခဲ့တဲ့ အင်းဒင်ကျေးရွာမှာ အမှတ်(၆)နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၆) အခြေစိုက်ခဲ့ ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်ခြားစောင့်ရဲတွေအပြင် အင်အားရာဂဏန်းရှိ စစ်တပ်ပါအထိုင်ချခဲ့ပါတယ်။

အဲဒီစခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်တပ် တပ်ဆုတ်ထွက်ပြေးသွားခဲ့ပြီး စစ်ကျန်လက် နက်တွေနဲ့ မိုင်းတွေ ကျန်နေခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ထိခိုက်၊ သေဆုံးရသူတွေ အများအပြားရှိနေပြီး AA ကလည်း တိုက်ပွဲလက်ကျန်မိုင်းတွေကို အပြည့်အ၀ရှင်းလင်းပေးနိုင်ခြင်းမရှိသေးပါဘူး။

AA ကတော့ ရခိုင်ပြည်အတွင်း ရှိနေတဲ့ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို တတ်နိုင်သလောက် ရှင်းလင်း၊ ဖယ်ရှားနေပေမယ့် စက်ကိရိယာတွေ လုံလောက်၊ ပြည့်စုံမှုမရှိတာကြောင့် အပြည့်အ၀ ရှင်းလင်းပေးနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ဆိုထားပါတယ်။

မိုင်းရှင်းလင်းရေးအထောက်အကူပြုပစ္စည်းကိရိယာတွေကို အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ အကူအညီပေးနိုင်ရင်တော့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ပိုပြီးတော့ အရှိန်အဟုန်မြင့် လုပ်ဆောင်နိုင်မယ်လို့ AA က ပြောထားပါတယ်။

မိုင်းရှင်းလင်းမှုအားနည်းတဲ့အပြင် မိုင်းနဲ့ပက်သက်တဲ့ အသိပညာပေးမှုကလည်း ရခိုင်ပြည်မှာ အားနည်းမှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကျန်လက်နက်နဲ့ ပတ်သက်ပြီး ကိုယ့်အစိုးရက ပညာပေး ဆိုင်းဘုတ်တွေ ကပ်တာတွေအပြင် ကျောင်းတွေမှာ လည်း ကလေးတွေကို ဆရာ၊ ဆရာမတွေက ဒါတွေကို တွေ့ရင် မကိုင်ဖို့ ၊ မထုခွဲဖို့ စသဖြင့် မဖြစ်မနေ အသိပညာ ပေးပြောပြဖို့လည်း လိုအပ်ပါတယ်၊ ကလေးတွေက စူးစမ်းတတ်တော့လေ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ အလယ် တန်းပြဆရာမတဦးက ထောက်ပြပါတယ်။

မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို ရှင်းလင်းပေးဖို့၊ အသိပညာပေးဖို့လိုအပ်သလို မိုင်းနဲ့ စစ်ကျန်လက်တွေကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရ သူတွေအတွက်လည်း ခြေတု၊ လက်တု ထောက်ပံ့ပေးဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကုစားပေးဖို့ လည်း လိုအပ်နေတယ်လို့ မသန်စွမ်းအရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ နိုဝင်ဘာ ၂၃ ရက်ကနေ ၂၀၂၅ ဖေဖော်ဝါရီ ၂၀ ရက်အထိ မိုင်းနဲ့စစ်ကျန်လက်နက် ကြောင့် သေဆုံးရသူ ၅၁ ဦး၊ဒဏ် ရာရသူ ၂၈၅ ဦး ရှိခဲ့တယ်လို့ AA ရဲ့အချက်အလက်တွေမှာ ဖော်ပြပါတယ်။
😢307🤬2👍1👎1🤣1😡1
(ရခိုင်ပြည်နယ်မှာ တွေ့ရတဲ့ မိုင်းအန္တရယ် သတိပေးဆိုင်းဘုတ်။ ဓာတ်ပုံ - CJ)
👍25😢92🔥2🤣1
KNU ဥက္ကဋ္ဌနဲ့ ဝန်ကြီးဦးတင်ထွန်းနိုင်တို့ ပါဝင်တဲ့ SCEF ခေါင်းဆောင်တွေ ဂျပန်မီဒီယာတွေနဲ့ တွေ့ဆုံ

ဩဂုတ် ၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများ၊ သတင်းသမားများနဲ့ တွေ့ဆုံကာ SCEF စုဖွဲ့မှု အကြောင်း၊ ရှေ့လုပ်ငန်းစဉ် နဲ့ ရည်မှန်းချက်တွေကိုရှင်းလင်းပြောကြားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။

SCEF ဦးဆောင်သူတဦးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ ပါဝင်တဲ့ SCEF တာဝန်ရှိသူတွေဟာ ဩဂုတ် ၈ရက်မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့သလို ဩဂုတ် ၁၀ရက်မှာ မီဒီယာတွေ့ဆုံပွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ SCEF စုဖွဲ့ခဲ့တဲ့ နောက်ခံ၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေနဲ့ ရည်မှန်းချက်တွေ ရှင်းလင်းခဲ့သလို ဂျပန်နိုင်ငံရှိ သတင်းမီဒီယာများနဲ့ သတင်းသမားများက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် SCEF ရဲ့ နိုင်ငံရေး အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာကို တာဝန်ရှိသူတွေက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း အသိပေးပါတယ်။

ဂျပန်မီဒီယာများအနေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေအနေတွေ ပိုသိနားလည်စေဖို့ အခုတွေ့ဆုံပွဲဟာ အရေးပါတဲ့ အခွင့်အလမ်းဖြစ်ကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံး က ထုတ်ပြန်ပါတယ်။

SCEF ခေါင်းဆောင်တွေဟာ ဂျပန်နိုင်ငံရောက် မြန်မာတွေနဲ့ တွေ့ဆုံရာမှာလည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက်ကြိုးပမ်း ဆောင်ရွက်နေမှုတွေ ရှင်းပြခဲ့သလို ဂျပန်ရောက်မြန်မာတွေရဲ့ မေးမြန်းချက်၊ အကြံပြုချက်၊ သဘောထားအမြင်တွေ အပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
31👍7🥰2👏2🖕2🤮1
(SCEF ခေါင်းဆောင်တွေရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ ဂျပန်သတင်းမီဒီယာတွေနဲ့ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG)
32👍10🥰2👏1🤮1🖕1
စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် လမ်းတံတားအများအပြား ပျက်စီးသွားလို့ ရေဘေးသင့်ပြည်သူတွေ နေရပ်မပြန်နိုင်သေး

သြဂုတ် ၂၀၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်ကျသွားပေမယ့် လမ်းတံတားတွေ ပျက်စီးသွားလို့ ရေဘေးသင့်ပြည်သူအချို့ နေအိမ်မပြန်နိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လဆန်းပိုင်းကတည်းက ရေကြီးရေလျှံခဲ့တဲ့ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်ကျသွားပေမယ့် ရွာချင်းဆက်လမ်းတွေ၊ တာပေါင်လမ်းတွေနဲ့ ချောင်းကူးမြောင်းကူးတံတားတွေပါ ပျက်စီးသွားတာကြောင့် ရေဘေးသင့်ပြည်သူတွေ ရွာထဲ ပြန်ဝင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

"လက်ရှိ ရေကျသွားပြီဆိုပေ့မယ့် မြေကျွံမှု၊လမ်းကြောင်း ပြတ်တောက်မှုတွေကြောင့် တချို့မပြန်နိုင်ကြသေးပါဘူး"လို့ ရွှေဘိုပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်တလော ရေဘေးသင့်ပြည်သူတွေ၊ စစ်ရှောင်တွေ အတွက် ယာယီတဲ၊အမိုးအကာ၊ အသုံးအဆောင်တွေကအစ ရေမြုပ်သွားတာဖြစ်တဲ့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသက ပြည်သူ​တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး သြဂုတ် ၁၈ ရက်က အရာတော်မြို့နယ်က ရေဘေးသင့်ရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က ရေဘေးသင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
😢255🔥2🖕2🤮1
(ဒီပဲယင်းမြို့နယ်အတွင်းက ပျက်စီးသွားတဲ့ လမ်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-File Video)
😢20🔥5🖕2👍1👎1
ရေဘေးသင့်ပြည်သူတွေ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေး ဦးစားပေးဖို့ NUG ယာယီသမ္မတ မှာကြား

စစ်ကိုင်းတိုင်းက လူဦးရေ ၂သိန်းကျော် ရေဘေးဒုက္ခကြုံနေရပြီး အရေးပေါ် အကူအညီတွေ လိုအပ်၊ ရေဘေးကြောင့် သေဆုံးပျောက်ဆုံး ၂၄ဦးရှိ

ဩဂုတ် ၂၀၊၂၀၂၆။ ထားမြတ်/People’s Spring

ရေးဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေ အမြန်ဆုံးလုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပြီး ကျန်းမာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးကို ဦးစားပေးဖို့ မှာကြားခဲ့ပါတယ်။

NUG ရဲ့ လူသားချင်းစာနာကူညီရေးနဲ့ ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ဩဂုတ် ၁၇ရက်က ကျင်းပခဲ့စဉ် ယာယီသမ္မတက ရေဘေးနဲ့ စစ်တပ်ရဲ့ စစ်ဆင်ရေးကြောင့် ဘေးဒုက္ခကြုံနေရတဲ့ ပြည်သူတွေကို အရေးပေါ် ကူညီကယ်ဆယ်ရေး ပိုမိုထိရောက်စွာ လုပ်ဆောင်ဖို့ ပြောကြားခဲ့တာပါ။

ကော်မရှင်ဥက္ကဋ္ဌ ယာယီသမ္မတရဲ့ မှာကြားချက်မှာ ဘေးသင့်ပြည်သူတွေအရေးနဲ့ပတ်သက်ပြီး ကဏ္ဍအလိုက် ဆန်းစစ်မှုများ ဆောင်ရွက်ဖို့ နိုင်ငံတကာအကူအညီရယူနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ဖို့ လိုအပ်ချက်ပေါ်မူတည်ပြီး အကူအညီများကို ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ဖို့ စတဲ့ အချက်တွေလည်းပါဝင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြဖို့ လမ်းညွှန်ခဲ့ပါတယ်။

ကော်မရှင်အတွင်းရေးမှူး၊ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက စစ်ကိုင်းယူနစ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဒုဝန်ကြီးရဲ့တင်ပြချက်အရ စစ်ကိုင်းယူနစ်အတွင်းရှိ မြို့နယ် (၁၅) ခုထက်မနည်းမှာ အိမ်ထောင်စုပေါင်း ငါးသောင်းကျော်(၅၄,၅၃၁ စု)မှ ပြည်သူ နှစ်သိန်း သုံးသော်ကျော် ရေဘေးဒဏ်ဆိုးရွားစွာ ခံစားနေရတယ်လို့ ဆိုပါတယ်။

ရေဘေးကြောင့်သေဆုံးသူနဲ့ ပျောက်ဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိနေပြီး လူနေအိမ် နဲ့ စိုက်ပျိုးမြေ၊ သောက်သုံးရေတွင်း၊ ရေကန်များ စတာတွေ ထိခိုက်ဆုံးရှုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အရေးပေါ်တုံ့ပြန်မှုများကို ပိုမိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းနိုင်ရန် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ (SFUIG) နဲ့ ပူးပေါင်းပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC) ကို ဩဂုတ်လ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကောင်း NUGက အသိပေးပါတယ်။

ကနဦး ရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ အပါအဝင် အရေးပေါ်ရိက္ခာ၊ ဆေးဝါးနဲ့ သောက်သုံးရေသန့်များကို မြေပြင်အရောက် ထောက်ပံ့ပေးလျက်တယ်လို့ ထုတ်ပြန်ပါတယ်။

လက်ရှိမြေပြင်အခြေအနေတွင် သောက်သုံးရေသန့်၊ စားနပ်ရိက္ခာ၊ မိုးကာတဲများနဲ့ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါများအတွက် အရေးပေါ်ဆေးဝါးများ အထူးလိုအပ်နေကြောင်း ဖော်ပြထားပြီး စစ်ရေးအန္တရာယ်၊ လမ်းကြောင်းပိတ်ဆို့မှုတွေနဲ့ အင်တာနက်၊ ဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြီးမားသော အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်း လူမှုဖူလုံရေး၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန က ကော်မရှင်သို့ တင်ပြခဲ့ပါတယ်။

ပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေ ထပ်မံ ဖြည့်ဆည်းတာ၊ ရိက္ခာနဲ့ဆေးဝါး အမြန်ပို့တာ၊ သောက်သုံးရေကန်တွေ သန့်စင်တာ၊ ကူးစက်ရောဂါကာကွယ်ရေးလုပ်ဆောင်တာ၊ ပျက်စီးသွားတဲ့ စိုက်ပျိုးမြေတွေ အတွက် မျိုးစေနဲ့ စိုက်ပျိုးစရိတ်တွေ ထောက်ပံ့တာ၊ စစ်ရှောင်နေအိမ်တွေ ပြန်တည်ဆောက်တာ စတာတွေ လုပ်ဆောင်ဖို့ရှိတဲ့အကြောင်းလည်း အသိပေးပါတယ်။

NUG အနေနဲ့ ရေဘေးသင့်ပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်ရေးနဲ့ ဖအခြေခံလိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းနိုင်ဖို့ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
29👍9🖕2😭2🤮1
22😭9👍2🖕2🤮1
မြန်မာမှာ ဝမ်းရေးအကျပ်အတည်း ပိုဆိုးရွားလာနေဟု WFP ထုတ်ပြန်

ဩဂုတ်-၂၀၊ ၂၀၂၆။မိုမို/People's Spring

မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဒီကနေ့(ဩဂုတ် ၂၀ ရက်)မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလိုအချိန်မှာပဲ ကိုရီးယားသမ္မတနိုင်ငံက ဒေါ်လာ ၅သန်းကူညီလိုက်ပြီး ကူညီမှုအတွက် ရီးယားသမ္မတနိုင်ငံနဲ့ WFP တို့ ပူးပေါင်းကာ ပဋိပက္ခဒဏ်ခံစားနေရတဲ့ လူဦးရေ ၁၄၀,၀၀၀ အတွက် ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီနဲ့ အသက် (၅)နှစ်အောက် ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင် စုစုပေါင်း ၁၅,၀၀၀ ဦး အတွက် အာဟာရဆိုင်ရာအထောက်အပံ့တွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

"ပဋိပက္ခဒဏ်ခံစားရသော အိမ်ထောင်စုများအတွက် အရေးပေါ်အကူအညီဖြင့် တုံ့ပြန်ခြင်း" လို့ အဓိပ္ပါယ်ရတဲ့ REACH အစီအစဥ်ဟာ ကိုရီးယားသမ္မတနိုင်ငံနဲ့ WFP မြန်မာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဆာလောင်မွတ်သိပ်မှုနဲ့ အာဟာရချို့တဲ့မှုတွေကို လျှော့ချနိုင်ရေးအတွက် ရပ်ရွာလူထုနဲ့လက်တွဲပြီး လုပ်ဆောင်ကြဖို့ ရည်ရွယ်တယ်လို့ အသိပေးပါတယ်။

"မြန်မာနိုင်ငံမှာ ဝမ်းရေးအကျပ်အတည်း ပိုမိုဆိုးရွားလာနေချိန်၊ အလွန်အရေးပါတဲ့အချိန်မှာ REACH အစီအစဥ်ရဲ့ ဒုတိယအဆင့်ကို ဆောင်ရွက်တာ"လို့ WFP က ဖော်ပြပါတယ်။

လက်ရှိမြန်မာ့ လူဦးရေ ၁၂ ဒဿမ ၄ သန်းဟာ လတ်တလောဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရသလို လူဦးရေ ၄ သန်းဝန်းကျင်ဟာလည်း နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ WFP က ဆိုပါတယ်။

ဒါ့အပြင် မြင့်မားနေတဲ့ စားနပ်ရိက္ခာနဲ့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေရင် ထပ်တိုး လူဦးရေ (၅) သန်းအထိ လတ်တလော စားနပ်ရိက္ခာမလုံလောက်မှုအခြေအနေကို ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

REACH အစီအစဥ် ပထမအဆင့်အနေနဲ့ ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၀ သန်းကူညီထားပြီး
မြန်မာတစ်ဝန်းက လူဦးရေ ၄၂၀,၀၀၀ ကျော်ဆီ အကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပဋိပက္ခတွေ နှစ်ချီကြာမြင့်မှုနဲ့အတူ လက်ရှိ ရေဘေး ဖြစ်ပွားနေတဲ့ မြန်မာပြည်တွင်းမှာ ကုလအဖွဲ့အစည်း တွေအပါအ၀င် လူသားစာနာရေးအသင်းအဖွဲ့တွေအနေနဲ့ စစ်တပ်ထိန်းချုပ်ရာဒေသတွေကိုပဲ ဦးတည်ပံ့ပိုးပေးနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

အကူအညီတွေမှာ စစ်တပ်ရဲ့ ချုပ်ကိုင်မှုကို ဖြေလျော့နိုင်ရေးနဲ့ အမှန်တကယ်အရေးပေါ်အကူအညီ လိုနေတဲ့ဒေသတွေကို လာရောက်ဖို့ အခက်အခဲရှိခဲ့ရင် တဆင့်ခံ အကူအညီတွေပေးနိုင်ရေး ကြိုးစားပေးဖို့ အရပ်ဘက်နဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။
👍254😢4🔥2👎1🖕1