People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🤬15🖕8🤮5🔥21👏1
8👍5😁2🤣2
ရန်ကုန်မှာ ခွင့်ပြုချက်မဲ့ တိုက်​ဆောက်တယ်ဆိုပြီး အရှုပ်​တော်ပုံ​ပေါ်​ပေါက်၊အများအပြားဖမ်းဆီးစစ်​ဆေးခံ​​နေရ

သြဂုတ်-၁၉၊ ၂၀၂၆။တာရာ/People's Spring

ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ အ​ဆောက်အအုံ​တွေ ​ဆောက်လုပ်​နေတယ် ဆိုပြီး စစ်
တပ်လက်​အောက်ရှိ ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီ ၊ အင်ဂျင်နီယာဌာန (အ​ဆောက်အအုံ)က အရာရှိ​တွေ ၊ရပ်ကွက်အုပ်ချုပ်​ရေးမှူး​တွေ ၊ကန်ထရိုက်တာ​တွေကို စစ်အုပ်စုရဲ့ စစစ (အထူးစုံစမ်းစစ်​ဆေး​ရေးဦးဌာန) က ဖမ်းဆီးစစ်​ဆေး​နေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်​တွေက​ပြောပါတယ်။

ရန်ကုန်စည်ပင်က အင်ဂျင်နီယာဌာန(ယာအုံ)က ခရိုင်မှူး ၄ ဦးကို စစ်အုပ်စုကဖမ်းပြီးစစ်​ဆေး​နေတယ်လို့ ဖြစ်စဥ် သိသူသတင်းရင်းမြစ်တဦးက​ပြောပါတယ် ။

"ယာအုံတာဝန်ခံတွေ ဒီကာလ ပိုက်ဆံကိုအိတ်နဲ့သယ်နေရတယ်။တိုင်စာတက်တော့ မတဝ
(စစ်တပ်ခန့် ​ထွေအုပ်) က စစစ လွှဲလိုက် တာ ချက်ခြင်းဖမ်းသွားရော"လို့အထက်ပါသတင်းရင်းမြစ်ကဆက်​ပြောပါတယ် ။

၎င်းတို့အပြင်မြို့နယ်လျှပ်စစ်ရုံးမန်​နေဂျာ ၊စာ​ရေး နဲ့ ​မြေပိုင်ရှင်အချို့လည်းဖမ်းဆီးစစ်ခံ​နေရတယ်လို့သိရပါတယ် ။ ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ စည်ပင် ၊ကန်ထရိုက်တာ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး တို့​ပေါင်းပြီး​ဆောက်လုပ်ထားတဲ့ကန်ထရိုက်တိုက်အလုံး​ရေများစွာရှိတယ်လို့ စည်ပင်ဝန်ထမ်းတဦးက​ပြောပါတယ်။ အခုလို ပြသာနာတက်ဖမ်းဆီးစစ်​ဆေးတာဟာ အ​​ဝေမတည့်ကြလို့ဖြစ်ပြီး အမှတ်တကယ်အ​ရေးယူမယ်ဆိုရင် ရန်ကုန်တစ်မြို့လုံးအ​ဆောက်အအုံများစွာနဲ့ စည်ပင်ဝန်ထမ်း​တွေ ၊ အုပ်ကြီး​တွေ ၊ကန်ထရိုက်တာ​တွေ ၊လျှပ်စစ်ရုံးအရာရှိ​တွေအများအပြားအ​ရေးယူရမှာဖြစ်တယ်လို့ CDM အရာရှိတဦးက​ပြောပါတယ် ​။

စမ်းချောင်းမြို့နယ်မှာလည်း အဆောက်
အအုံတွေကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တယ်ဆိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စသုံးလုံးကဖမ်း
ဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။

စမ်းချောင်းမြို့နယ်မှာရှိတဲ့ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လက်ဆောင်းကုန်း
(မြောက်)၊ မုန့်လက်ဆောင်းကုန်း(တောင်)၊
သံတံတားရပ်ကွက်၊ လင်းလွန်း(မြောက်)၊ လင်းလွန်း(တောင်) ရက်ကွက်တွေမှာ စစ်တပ် လက်အောက်ခံ စည်ပင်သာယာရေးကော်
မတီ(စည်ပင်)ကို ဆောက်လုပ်ခွင့်မတင်ပဲ ရပ်
ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လိုင်စင်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်လုပ်နေတာလို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သြဂုတ် ၁၄ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စသုံးလုံး ဖမ်း
ဆီးပြီးမင်္ဂလာဒုံမြို့နယ်ကရေကြည်အိုင်စစ်
ကြောရေးမှာ စစ်ဆေးနေတာလို့ ဆိုပါတယ်။

"ရေကြည်အိုင်မှာ သူတို့ကိုစစ်နေတာ ဟုတ်တယ်။ကန်ထရိုက်ကစည်ပင်ကလူကြီးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးပြီး ဆောက်တာ။ပြောရရင် လိုင်စင်မဲ့ဆောက်
နေတာပေါ့။ တိုင်တဲ့သူရှိလို့ စစ်ဆေးရာကနေ လိုင်စင်မဲ့ဆောက်မှန်းသိတာ"လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

စမ်းချောင်းမြို့နယ်မှာ စစ်တပ် လက်အောက်
ခံ စည်ပင်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်
လုပ်ထားတဲ့ အဆောက်အအုံ ၃၂ လုံးခန့်ရှိပြီး အဆိုပါအဆောက်အအုံအချို့မှာ ကြိုပွိုင့်စနစ်တွေနဲ့ ရောင်းချထားပြီးအခန်းတွေလည်း ပါနေတယ်လို့ စုံစမ်းသိရပါတယ်။

"အကုန်ရောင်းပြီးသား။ တချို့တိုက်တွေဆို လူတွေတောင် နေနေပြီ။စာတွေလာကပ်သွား​တေ့ာ ဖယ်ပေးရတော့မှာ။ စာလာကပ်သွားတာ တပတ်လောက်ရှိပြီ။ စည်ပင်ကလာကပ်သွားတာ" လို့ စမ်းချောင်းမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

အဆိုပါအဆောက်အအုံ ၃၂ လုံးကို တင်ဝင်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုတည်းက ဆောက်လုပ်တာဖြစ်တယ်လို့လည်း ​ဒေသခံအချို့က​ပြောပါတယ်။

စည်ပင်ဥပဒေပုဒ်မ ၆၁ (ဃ)အရ စည်ပင်က ခွင့်ပြုထားတဲ့ အဆောက်အအုံ ပုံစံနဲ့ ကွဲလွဲတဲ့ အ‌ဆောက်အအုံတွေကို ဆောက်လုပ်ခွင့် ပိတ်ပင်ထားပါတယ်။

ပုဒ်မ ၆၁ (င) အရ ဆောက်လုပ်ပြီးစီးထားတဲ့ အဆောက်အအုံမှာ စည်ပင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်တာ၊ အသုံးပြုတာတွေကို တားမြစ်ထားပြီး အဲဒီတားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ် တစ်သောင်းကနေ အများဆုံး ငွေဒဏ်ကျပ် ၅ သိန်းအထိဖြစ်စေချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
21👍12👏3🔥2😁1
ရန်ကုန်မြို့မှာခွင့်ပြုချက်မရှိဘဲဆောက်လုပ်
ထားတဲ့ကန်ထရိုက်တိုက်ကို စည်ပင်က​ကြေ
ညာချက်ကပ်ထားစဥ်။ဓါတ်ပုံ-​​အောင်ကြီး
👍25🔥4👏41
စစ်ကိုင်းမြို့တိုက်ပွဲ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်၊ နှစ်ဖက် ထိခိုက်မှုရှိ

ဩဂုတ်-၁၉၊၂၀၂၆။မိုမို/People's Spring

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

မနေ့က(ဩဂုတ် ၁၈ ရက် )ညပိုင်းကစပြီး စစ်တပ်က ငါးထပ်ကြီးဘုရားတောင်ဘက် ဂုံညင်းတောင်ကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် သြဂုတ် ၁၉ ရက်မနက်ပိုင်းကစပြီး စစ်ကိုင်းမြို့တွင်းက ငါးထပ်ကြီးဘုရားအနီးမှာစစ်ကိုင်း PDF ဦးဆောင်တဲ့တော်လှန်ရေးပူး ပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

" ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တစ်ယောက် ကျတယ်။သူတို့လည်း ရှေ့ဆက်မတိုးရဲဘူး။မိုင်းမိသွားတယ်။ သူတို့လည်း(ထိခိုက်သေဆုံးသူ) ရှိတော့ရှိမယ်"လို့ စစ်ကိုင်းPDF တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကိုင်းမြို့ပေါ် ငါးထပ်ကြီးဘုရားမြောက်ဘက်၊ ဘုရားဖြူမှာ အထိုင်ချထားတဲ့အာဏာသိမ်းစစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာရှိတယ်လို့ သိရပါတယ်။

"အဲဒီဘက်(ဂုံညင်းတောင်ရွာ)က ခဏခဏ တိုက်ပွဲဖြစ်တယ်။ဒေသခံတွေက နဂိုကတည်းက စစ်ရှောင်နေကြရတာ"လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဟာ စစ်တပ်ရဲ့ တပ်မ (၃၃)၊အုန်း‌တော-တကရ(၆၀၀၅) အမြောက်တပ်တို့နဲ့လည်း အလှမ်းမဝေးဘူးလို့ သိရပါတယ်။အဲဒီနေရာကိုတော်လှန်ရေးတပ်တွေတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ တပ်မ (၃၃) အထိုင်မြို့ဖြစ်သလို ၊တပ်မ (၃၃)လက်အောက်ခံ တပ်ရင်းတွေဟာ ဇူလိုင်လမှာ စစ်ကိုင်းတိုင်းကပြန်လာပြီး ပြန်စုဖွဲ့ကာ ဒီကနေ့ မနက်မှာပဲ တပ်ဖွဲ့အချို့ဟာ သပိတ်ကျင်းမြို့နယ် ၊တွင်းငယ်ကျေးရွာဘက်ကို ကားအစီး ၃၀ ခန့်နဲ့ ထွက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။
👍408🥰4💩1🤣1🖕1
စစ်ကိုင်းမြို့ အနီးဝန်းကျင်ကို ​မြေပုံမှာ​တွေ့ရစဥ်
👍49👏5🤣2🥰1💩1🖕1
■​ဆောင်းပါး

မြေရှား | Rare Earth Watch

"ခေတ်သစ်စစ်ပွဲနှင့် မြေရှား၏ အရေးပါမှု"

-မဲခေါင် ရေးသားသည်

ယနေ့ ကမ္ဘာဟာ စစ်ပွဲနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ခေတ်ကို ဖြတ်သန်းနေပါတယ်။ ရုရှား-ယူကရိန်းစစ် ဆက်လက်ပြင်းထန်နေသလို၊ အရှေ့အလယ်ပိုင်းမှာအမေရိကန်-အီရန်တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။အရှေ့အာရှမှာ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်က အဆုံးမသတ်နိုင်သေးပါဘူး။

ဒီစစ်ပွဲတွေမှာ အဆုံးအဖြတ်ပေးနေတဲ့ လက်
နက်တွေကတင့်ကား၊ တိုက်လေယာဉ်၊ ဒရုန်းနဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလက်နက်တွေကို အသက်ဝင်စေတဲ့ အရေး
ကြီးဆုံး သယံဇာတကုန်ကြမ်းကတော့ မြေရှားသတ္တု (Rare Earth Elements – REE) တွေပါပဲ။

ယနေ့ခေတ်စစ်ပွဲတွေဟာယခင်ရာစုကလို စစ်
သားအရေအတွက်နဲ့အနိုင်အရှုံးကိုဆုံးဖြတ်
တဲ့ စစ်ပွဲတွေ မဟုတ်တော့ပဲ တိကျတဲ့ ဒုံး
ကျည်၊ ကိုယ်ပျောက် တိုက်လေယာဉ်၊ ရေငုပ်
သင်္ဘော၊ ဒရုန်းနဲ့ AI အခြေပြု စစ်ရေးနည်းပညာတွေကိုဘယ်သူကပိုမိုထိရောက်စွာအ
သုံးချနိုင်သလဲဆိုတာကသာအဆုံးအဖြတ်ပေးလာပါတယ်။ အဲဒီနည်းပညာအားလုံးရဲ့
အခြေခံကျောရိုးမှာတော့မြေရှားသတ္တုတွေ
ရှိနေပါတယ်။

ဥပမာအားဖြင့် အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး ကိုယ်ပျောက်တိုက်လေယာဉ် (Stealth Fighter Jet) F-35 Lightning II တစ်စီးမှာ မြေရှားသတ္တု ပေါင် ၉၂၇ (၄၂၀ ကီလိုဂရမ်ခန့်) အထိ အသုံးပြုထားပါတယ်။အင်ဂျင်၊ ရေဒါနဲ့ အီလက်ထရွန်နစ် စနစ်တွေရဲ့ အဓိကအစိတ်အပိုင်းတွေမှာတော့ မြေရှားသတ္တုထဲက တမျိုးဖြစ်တဲ့ အိုဒီမီယမ် (Neodymium) နဲ့ ပရာစီယိုဒီမီယမ် (Praseodymium) အခြေခံ စွမ်းအားမြင့် သံလိုက်တွေကို အသုံးပြုထားတာကြောင့် ရေဒါကနေ ရှာဖွေရန်ခက်ခဲစေတဲ့ ကိုယ်ပျောက်စွမ်းရည်နဲ့ တိကျတဲ့ တိုက်ခိုက်နိုင်စွမ်းကို အထောက်အကူပြုပါတယ်။

ပစ်မှတ်ကို တိကျစွာ လမ်းညွှန်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်Guided Missileတွေရဲ့ပစ်မှတ်ဆီ ရောက်အောင်လမ်းကြောင်းထိန်းပေးတဲ့ စနစ် တွေမှာလည်း အစ်ထရီယမ် (Yttrium)၊ တယ်ဘီယမ် (Terbium) စတဲ့ မြေရှားသတ္တုတွေကို အသုံးပြုရပါတယ်။ အမေရိကန်ရေတပ်ရဲ့ တိုမာဟော့ခ် ခရုစ်ဒုံးကျည် Tomahawk Cruise Missile ဟာလည်း ဒီသတ္တုတွေ မပါရင် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။

Virginia-class နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးမှာဆိုရင် မြေရှားသတ္တု ပေါင် ၉,၂၀၀ ခန့် ပါဝင်နေပြီး၊ အဲဒီသတ္တုတွေဟာ အသံ
လှိုင်းဖမ်းစနစ် (Sonar)၊ လမ်းကြောင်းပြစနစ် (Navigation) နဲ့ အဆင့်မြင့် အီလက်ထရွန်နစ်စနစ်(Electronic Systems)တွေအတွက် အ
ရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ညကြည့်မှန်ဘီလူး (Night Vision)၊ လေဆာပစ်မှတ်ရှာစနစ်၊ စစ်သုံးအာရုံခံကိရိယာ (Sensors) တွေမှာလည်း ယူရိုပီယမ် (Europium)၊အာဘီယမ် (Erbium) တို့လို
မြေရှားသတ္တုတွေ မပါရင်ညဘက်မြင်ကွင်းနဲ့ အချက်အလက် တိကျမှုကို မရနိုင်ပါဘူး။

ယနေ့ စစ်ပွဲတွေမှာ အရေးပါလာတဲ့ ဒရုန်းတွေဟာလည်း လျှပ်စစ်မော်တာတွေ၊ အရွယ်သေးပေမယ့် စွမ်းအားမြင့်တဲ့ အမြဲတမ်းသံလိုက် (Permanent Magnet)တွေ၊ကမ္ဘာတည်နေ
ရာပြစနစ် (GPS) နဲ့ အာရုံခံစနစ် (Sensor System) တွေကို အသုံးပြုရတာကြောင့်
မြေရှားသတ္တုတွေအပေါ် အလွန်အမင်းမှီခိုနေရပါတယ်။

ရုရှား-ယူကရိန်းစစ်ဟာ ဒီအချက်ကို ကမ္ဘာကို အထင်ရှားဆုံး ပြသခဲ့တဲ့ စစ်ပွဲတစ်ခု ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ဒရုန်းထောင်ပေါင်းများစွာကို အသုံးပြုလာကြပြီး၊ နည်းပညာနဲ့ ထောက်ပံ့ရေး ကွင်းဆက် (Supply Chain) တွေကစစ်ရေးအောင်မြင်မှုကိုတိုက်ရိုက်သက်
ရောက်စေတဲ့ အချက်တွေ ဖြစ်လာပါတယ်။

ဒါကြောင့် ခေတ်သစ်စစ်ပွဲမှာ "သံမဏိ" ထက် "အီလက်ထရွန်နစ်" က ပိုအရေးကြီးလာပြီး၊ အီလက်ထရွန်နစ်ထက် "မြေရှားသတ္တု" က ပိုအရေးကြီးလာပါတယ်။

ဒါပေမယ့် မြေရှားသတ္တုရဲ့ အဓိကပြဿနာက မြေအောက်မှာ မရှိလို့ မဟုတ်ပါဘူး။ တကယ့် အခက်အခဲက တူးဖော်ပြီးတဲ့နောက် သန့်စင်ထုတ်လုပ်နိုင်တဲ့ နည်းပညာ (Refining and Processing) ဖြစ်ပါတယ်။

ဒီနေရာမှာ တရုတ်နိုင်ငံက ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးထားပါတယ်။ ကမ္ဘာ့မြေရှားတူးဖော်မှုရဲ့ ၇၀% ခန့်ကို တရုတ်က ထုတ်လုပ်နေပြီး၊ သန့်စင်ထုတ်လုပ်မှုစွမ်းရည်မှာတော့ ၉၀% ကျော်အထိ ချုပ်ကိုင် ထားပါတယ်။

အဲဒီအတွက် အမေရိကန်၊ ဂျပန်၊ ဥရောပတို့လို အဆင့်မြင့် စစ်လက်နက် ထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေတောင် စစ်လက်နက်ထုတ်လုပ်ရေး ကုန်ကြမ်း ထောက်ပံ့ရေးကွင်းဆက်အတွက် တရုတ်ကိုကာလရှည်ကြာအမှီပြုခဲ့ရပါတယ်။

၂၀၁၀ ခုနှစ်မှာ ဂျပန်နဲ့ တရုတ်အကြား ဆန်ကာကူ/ဒီအိုယု (Senkaku/Diaoyu) ကျွန်းများအငြင်းပွားမှု ဖြစ်ပွားချိန်မှာ တရုတ်က ဂျပန်ထံ မြေရှားတင်ပို့မှုကို ယာယီပိတ်ဆို့ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာမြေရှားသတ္တုကို စီးပွား
ရေးကုန်စည်တစ်ခုအနေနဲ့သာ မဟုတ်ဘဲ ပထ
ဝီနိုင်ငံရေး လက်နက်အဖြစ် အသုံးချနိုင်ကြောင်း ကမ္ဘာကို သတိပေးလိုက်တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။
16🔥6👍4🤣2
အဲဒီနောက်ပိုင်း အမေရိကန် စစ်ကာကွယ်ရေးဌာန (Pentagon) က မြေရှားသတ္တု ထောကပံ့‌ရေးကွင်းဆက်ဟာ အမေရိကန် အမျိုးသားလုံခြုံရေးရဲ့ အားနည်းချက်တစ်ခု ဖြစ်နေကြောင်း အကြိမ်ကြိမ် သတိပေးလာပါတယ်။ စစ်လက်နက်တစ်ခု ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းကို ပြိုင်ဘက်နိုင်ငံက ထိန်းချုပ်ထားတယ်ဆိုရင် စစ်ရေးအင်အားကြီးဆိုတဲ့ အားသာချက်ဟာလည်း အချိန်မရွေး ထိခိုက်သွားနိုင်ပါတယ်။

ဒါကြောင့် လက်ရှိ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဥရောပသမဂ္ဂတို့ဟာ တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။

သြစတြေးလျက မြေရှားသတ္တုကုမ္ပဏီတစ်ခု ဖြစ်တဲ့ Lynas Rare Earthsကိုတိုးချဲ့ထောက်
ပံ့နေသလို၊ အမေရိကန်ကလည်း ကာလီဖိုးနီးယား ပြည်နယ်ရှိ Mountain Pass မိုင်းတွင်းကို ပြန်လည်တိုးချဲ့ပြီး ပြည်တွင်းသန့်စင်စက်ရုံတွေ တည်ဆောက်နေပါတယ်။ ဥရောပသမဂ္ဂကလည်း အရေးကြီးကုန်ကြမ်းဆိုင်
ရာ ဥပဒေကိုအကောင်အထည်ဖော်ပြီး အရေးပါတဲ့ သယံဇာတတွေရဲ့ထောက်ပံ့ရေးကွင်း
ဆက်ကို လုံခြုံအောင် ပြင်ဆင်နေပါတယ်။

ဒီအခြေအနေမှာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့ပထဝီနိုင်ငံရေး မြေပုံပေါ်မှာ ပိုပြီး အရေးပါလာပါတယ်။ အထူးသဖြင့် ကချင်နဲ့ ရှမ်းမြောက်ဒေသတွေက မြေရှားသတ္တုတွေဟာ တရုတ်ရဲ့ ထုတ်လုပ်ရေး ကွင်းဆက်အတွက် အရေးပါတဲ့ ကုန်ကြမ်းရင်းမြစ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းက သယံဇာတတွေဟာ ပြည်တွင်းစီးပွားရေးကိစ္စသာ မဟုတ်တော့ဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့အင်
အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာတွက်ချက်မှုထဲမှာပါ ပါဝင်လာပါတယ်။

ရုရှား-ယူကရန်းစစ်က စစ်လက်နက်ထုတ်လုပ်နိုင်စွမ်းဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ပြသခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်အကြားတင်းမာမှုက ဒုံး
ကျည်နဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ဘယ်လောက် လိုအပ်သလဲဆိုတာကို ပြသနေပါတယ်။

ထိုင်ဝမ်အရေးကတော့ တကမ္ဘာလုံးအတွက် ကွန်ပျူတာ၊ စမတ်ဖုန်း၊ AI စနစ်၊ကား၊ ဒုံး
ကျည်၊ စစ်ရေးနည်းပညာတွေအတွက် အဓိ
ကလိုအပ်တဲ့ ချစ်ပ် (Chip) တွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အခြေခံပစ္စည်း (Semiconductor) နဲ့ မြေရှားထောက်ပံ့ရေး ကွင်းဆက် နှစ်ခုလုံးကို တစ်ပြိုင်တည်း သက်
ရောက်နိုင်တဲ့ အန္တရာယ်အဖြစ် သတ်မှတ်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာတော့ မြေရှားသတ္တုထွက်ရှိတဲ့ ဒေသတွေဟာ စစ်ရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေ ဆုံစည်းရာ နေရာတွေ ဖြစ်လာနေပါတယ်။

၁၉ ရာစုနဲ့ ၂၀ ရာစုမှာ စစ်ပွဲတွေကို မောင်းနှင်ခဲ့တာ ရေနံဖြစ်ခဲ့ရင်၊ ၂၁ ရာစုမှာတော့ AI၊ ဒရုန်း၊ ဒုံးကျည်၊ ကိုယ်ပျောက်လေယာဉ်၊ လျှပ်
စစ်ကားနဲ့ အာကာသနည်းပညာအထိ ခေတ်
သစ်နည်းပညာအားလုံးရဲ့ အရေးပါတဲ့ ကုန်
ကြမ်း ‘မြေရှားသတ္တု’တွေဟာအနာဂတ်အား
ပြိုင်မှုတွေမှာအဓိကကျတဲ့မဟာဗျူဟာမြောက်တဲ့ သယံဇာတတစ်ခု ဖြစ်လာနေပါတယ်။”

ယနေ့ စစ်ပွဲတွေရဲ့အဆုံးအဖြတ်ဟာ စစ်မြေ
ပြင်ပေါ်က လက်နက်အင်အားတင်မကတော့ပဲ၊ အဲဒီလက်နက်တွေကို အသက်ဝင်စေတဲ့ မြေရှားသတ္တုတွေ၊ အဲဒီအရင်းအမြစ်တွေကိုရယူနိုင်တဲ့ မိုင်းတွင်းတွေ၊ သန့်စင်စက်ရုံတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကပါ အနာ
ဂတ်စစ်ပွဲတွေရဲ့ အဆုံးအဖြတ်နေရာတွေ ဖြစ်လာနေပါပြီ။ ။

ကိုးကား -

• U.S. Geological Survey (USGS) – Mineral Commodity Summaries: Rare Earths
• Pentagon – Reports on Critical Minerals and Defense Supply Chains
• Yale Environment 360
👎12👍82🤣2🔥1
🔥11👎2🖕2🤬1
မဟာအောင်မြေမှာ တစ်ညတည်း လူငယ် ၃ ဦး ပေါ်တာဆွဲခံရ

သြဂုတ် ၂၀၊ ၂၀၂၆။ မေရီ/People's Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ တစ်ညတည်း လူငယ် ၃ ဦး ပေါ်တာဆွဲခံလိုက်ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၈ရက် ည၈နာရီခန့်က မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ သံလျက်မှော် အနောက်၊ ပင်မ၁၀ ရပ်ကွက်၊ လမ်း၉၀ ၄၂လမ်းအနီးက နေအိမ်တစ်အိမ်ကို အာဏာသိမ်းစစ်တပ်က ကား ၃စီးနဲ့ ရောက်လာပြီး အိမ်ထောင်စုဇယားကြည့်ကာ အသက် ၂၅ ဝန်းကျင် လူငယ် ၁ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က အသိပေးပါတယ်။

အဲဒီညမှာဘဲ ည၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ်၊ ၄၃လမ်း၊ ၈၈လမ်းနဲ့ ၈၉လမ်းကြား၊ ဝါးလုံးတံတားအနီးမှာအသက်၂၅ ကျော် လူငယ်၂ဦးကို အာဏာသိမ်းစစ်တပ်က ကား၄စီးနဲ့ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ထပ်မံအသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုရက်ပိုင်းအတွင်း မဟာအောင်မြေမြို့နယ်က စိန်ပန်းတစ်ဝိုက်မှာ ပေါ်တာဆွဲတာတွေ များနေလို့ ပြည်သူတွေသတိပြုကြဖို့ Voice Of Mandalay အဖွဲ့က သတိပေးနေပါတယ်။

"ဧည့်စာရင်းစစ်ဆိုပြီးလာတာ။ အိမ်ထောင်စုဇယားထဲက အသက်ကိုကြည့်ပြီး စစ်မှုထမ်းရမယ်ဆိုပြီး ညတွင်းချင်းခေါ်သွားတာ"လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးသွားသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ ငွေသိန်းရာချီပေးရင် ပြန်လွှတ်ပေးမယ်ဆိုတဲ့ ငွေညှစ်မှုတွေရှိခဲ့ပြီး အများစုက ငွေမတက်နိုင်ကြတဲ့အတွက် စစ်တပ်ထဲအပို့ခံလိုက်ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Voice Of Mandalay အဖွဲ့ရဲ့ သတင်းတွေအရ
အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့မှာ သြဂုတ် ၁၈ ရက်ကပဲ အောင်မြေသာစံမြို့နယ် ၂၆Bလမ်း၂၂Cလမ်းကြား၊ ၉၁Cလမ်း၊ သီရီမာလာအနောက်အကွက် (၂၀၈)ရွှေလောင်းကြီးရပ်ကွက်က အသက် ၃၀ ဝန်းကျင်လူငယ်တစ်ဦးကို စစ်မှုထမ်းဖမ်းဆီးသွားကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် စက်တင်လာလထဲမှာ စစ်မှုထမ်း အပတ်စဥ် (၂၈)ကို စတင်ဖို့ ကြိုးစားနေပြီး ၎င်းတို့ထိန်းချုပ်ရာဒေသအသီးသီးမှာ ပေါ်တာဆွဲတာတွေ၊ စစ်မှုထမ်းဆင့်ခေါ်တာတွေ ပြုလုပ်နေပြီဖြစ်ပါတယ်
🤬235👍5👎4👏1🎉1🤮1
(အာဏာသိမ်းစစ်တပ်က စစ်ဆေးရေးလုပ်ပြီး ဆိုင်ကယ်တွေကို သိမ်းဆည်းနေစဉ်။ ဓာတ်ပုံ - CJ။ ပုံအဟောင်း ဖြစ်ပါတယ်)
9🤬6👎5🔥5🤮3🖕2👏1🎉1
■အ​တွေးအမြင်

ရန်ကုန်မှာ ရန်ကုန် ဘယ်မှာလဲ

-လင်းဆက်ငြိမ်းချမ်း ​ရေးသားသည်။


ရန်ကုန်ဟာ မိုးချုပ်တာနဲ့ ညနက်သွားတော့တယ်လို့ ညီငယ်တစ်ဦးကဆိုတော့ အဲဒီစကားရဲ့ အဓိပ္ပါယ်ကို ကျနော်နားလည်ဖို့ ခပ်နက်နက် ဆက်တွေးရတယ်။

ဒါပေမဲ့၊အာဏာသိမ်းအပြီးကိုဗစ်အလွန်ကတည်းက ရန်ကုန်ကနေ ဆုတ်ခွာခဲ့ရသူဆိုတော့ ပစ္စက္ခရန်ကုန်ကို အလုံးစုံငုံမိဖို့ ဘယ်လွယ်တော့မလဲ။ ဒါနဲ့ ဘာကိုဆိုလိုတာလဲလို့ မေးကြည့်မိ။ နောက် ၃မိနစ်အကြာမှာ ကျနော့်ရဲ့မက်ဆင်ဂျာထဲည၈နာရီကျော်ဆိုတဲ့စာသားနဲ့အတူ ဓာတ်ပုံ၃ပုံ အပြေးရောက်လာတယ်။

သူ့တိုက်ပေါ်ကနေ ရိုက်လိုက်တဲ့ဓာတ်ပုံတွေ။ လမ်းမပေါ် လျှပ်စစ်မီးက လင်းနေပေမဲ့ ခွေး တွေသာ ဟိုတစ်စု ဒီတစ်ကောင်။ပြီးတော့ ခပ်ပျပျမြင်ရတဲ့လူတစ်ယောက်ဒါပဲ။ည၈နာရီကို စွန်းရုံရှိသေး၊တစ်ချိန်ကဒီအိမ်ရာကြီးရဲ့ ည၈
နာရီဆိုတာ လူတရုန်းရုန်းနဲ့ စည်ကားနေခဲ့တာ ကိုယ်ကိုယ်တိုင် လည်း ကောင်းကောင်း သိခဲ့ဖူးတာကြောင့် အံ့အားသင့်မိ။

"လူမစည်တော့မှန်း သိပေမဲ့ အခုလောက်ဆိုးလိမ့်မယ်လို့ မထင်ထားဘူး”

“ဟုတ်တယ်အစ်ကို၊ ဘယ်သူမှ ကိစ္စအရေးမကြီးဘဲ ဒီအချိန် အပြင်မထွက်တော့ဘူး။ကျနော် တို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်ညတွေ မရှိတော့တာ ကြာပြီ”လို့ ညီငယ်က ပြောပြတော့ တစ်ချိန်က ဝင်း ပခဲ့တဲ့ ရန်ကုန်ညတွေကို ပြန်ငေးမိတယ်။

မှတ်မိသေးတယ်။သတင်းဂျာနယ်တွေခေတ်တစ်ခေတ်ထူခဲ့တဲ့ ၂၀၁၀ပတ်လည်လောက် တုန်းကတစ်ပတ်မှာတစ်ကြိမ် ည ၉ နာရီခွဲ၊၁၀နာရီ ဖောင်ပိတ်ပြီးတဲ့အခါ တစ်နေကုန် ခေါင်းတွေ အုံခဲ့သမျှကျနော်တို့အဖွဲ့သားတွေ ၁၉ လမ်းသို့ သုတ်သုတ်ချီ။ခြစ်တောက်နေတဲ့ လည်ချောင်းထဲ ဘီယာ အေးအေးလေး စီးဝင်သွားရင်ကို စမ်းချောင်းထဲ ဒိုင်ဗင်ထိုးချလိုက်သလို စိတ်တွေကအလိုလိုကြည်သွားတော့တယ်။
ည ၉ နာရီခွဲ၊၁၀နာရီဆိုတာ ၁၉လမ်းအတွက်တော့ အခုမှ ညနေစောင်းတယ်ဆိုရုံပဲ။လမ်းဘေး မှာ ဖွဲ့စည်းထားတဲ့ ဝိုင်းမှာ ကံကောင်းထောက်မစွာနဲ့ ဝိုင်းခွင့်ရလိုက်ရင် လွတ်လပ်လေပြေကို ထွေး လိုက်ရသလို လူတစ်ကိုယ်လုံး ပေါ့ပါးလို့။

၁၉လမ်းဆိုတာ လူမျိုးမရွေး၊ဘာသာမရွေး၊ အဆင့်အတန်းမခွဲ၊အသွေးအရောင်စုံလှတဲ့ ပျိုမဒီ တို့ကလည်း ၁၉လမ်းထဲရောက်ရင် အ
လိုလိုလှနေရော့သလား ငေးလိုက်တိုင်း လှနေတာမို့ ကျနော်တို့ ရဲ့ ဝိုင်းသိမ်းချိန်ဟာ ၁၂နာရီရဲ့ ဟိုဘက်တောင် ရောက်ချင်ချင်။

နောက်တစ်ရက်မနက် အေးအေးဆေးဆေးနှပ်ချင်ရင်အိမ်ပြန်တယ်။ ဂျက်လိုမြန်တဲ့ အောက် ဆိုဒ်ကားတွေက သာကေတကနေ သီရိမင်္ဂလာဈေးဟောင်းထိ တစ်ညလုံး အ
ဆက်မပြတ်။အဲဒီတုန်းကသီရိမင်္ဂလာဈေးဟောင်းဆိုတာကို မဖျက်သိမ်းရသေး၊ ရောင်းပန်းဝယ်ပန်း ကောင်းတုန်းမို့ သီရိမင်္ဂလာဈေးဟောင်းရောက်ရင် လူတွေ တရုန်းရုန်း တအုံးအုံးနဲ့ နှုတ်ခမ်းနီထူထူဈေးကွက်ကလည်း တော်တော် အလုပ်ဖြစ်ကြတဲ့ပုံ။

ကွယ်လွန်သွားပြီဖြစ်တဲ့ မိတ်ဆွေကဗျာဆရာဟိန်းမြတ်ဇော်က တော့ သီရိမင်္ဂလာဈေး ရောက်ရင်သူ့ဖောက်သည်ဆိုင်ထဲဝင် ဘီအီးတစ်ပိုင်းနဲ့ နောက်တစ်ဖြတ်။ အိပ်ချင်လာရင် စားပွဲမှာပဲ ခေါင်းစိုက်ပြီး ကျိုးလိုက်။ မနက်
၂နာရီခွဲ၊၃နာရီလောက်ဆို စားပွဲထိုးလေး က ဇက်ကြောလေးဘာလေးဆွဲပေးပြီး ‘ထတော့ အစ်ကို’လို့ နှိုးပေးသေးသတဲ့။ အဲဒီတော့မှပဲ ကိုယ့် လူက မျက်နှာလေးဘာလေးသစ်၊ဈေးထဲကို ဝင်ကာ အိမ်အတွက် ဈေးပေါတဲ့ဟင်း
သီးဟင်းရွက်တွေ ဝယ်ကာ လှိုင်သာယာကားပေါ်တက်။ အိမ်ပြန်ရောက်တော့ မနက်၄နာရီကျော်။

ကျနော်ကတော့သီရိမင်္ဂလာဈေးဟောင်းရောက်ရင် လှိုင်သာယာကားပေါ်တက်၊ အခု ဖွင့်နေ တဲ့ လှိုင်မြို့နယ်ထဲက သီရိမင်္ဂလာဈေးသစ် မရောက်ခင်မှာဆင်း။အိမ်ပြန်ရောက်ချိန်က သန်းခေါင် ကျော် ၁နာရီဆိုပေမဲ့ စိတ်ထဲမှာ လုံခြုံမှုမရှိဘူးလို့ တစ်ခါမှ မခံစားမိ။တစ်ခါ
တစ်ရံ ၁၉လမ်းကနေ အိမ်ပြန်ဖို့ ပျင်းလာရင် ရန်ကုန်မြို့ထဲကို ဘက်ဂီယာပြန်ထိုးပြီး ရုံးမှာပဲနှပ်လိုက်ရုံ။ဒုတိယအာဏာရှင်သန်းရွှေခေတ်ဆိုပေမဲ့ ရန်ကုန်မြို့ရဲ့ ညသန်းခေါင်ယံဟာ လမ်း သလားရတာ ကြောက်သွေးမဝင်မိ။

ကြံ့ဖွံ့အစိုးရလက်ထက်မှာလည်း အဲဒီလိုပဲ။ NLDအစိုးရလက်ထက်၊ ခေတ်သစ်ဆီ ရှေ့သို့ချီနေ တဲ့ ငါတို့အစိုးရဆိုတဲ့မာန်က ပြည်သူ့ရင်ထဲမှာ ကျစ်ကျစ်လစ်လစ်။ ၁၉လမ်းဆိုတာ ရန်ကုန်ရောက် နိုင်ငံခြားသားတွေအတွက် ညတွေမှာ လမ်းသလားရမယ့်တစ်နေရာအဖြစ် တလူလူလွင့်လို့။

“အခုတော့ ည၇နာရီကျော်ရင်မြို့ထဲမှာတောင် လိုင်းကားရဖို့ မသေချာတော့ဘူး”လို့ ပြောတဲ့ ညီငယ်ရဲ့အသံက နားထဲကို ကန့်လန့်ဖြတ် ဝင်လာတယ်။လိုင်ကားရဖို့ မသေချာသလို ကိုယ့်ဘဝကိုယ် ပြန်ရပါ့မလားဆိုတဲ့စိတ်ကလည်း တထိတ် ထိတ်ပဲလို့ ညီငယ်က ဆက်ပြောတော့ နားစွင့်ရပြန်တယ်။

“ပေါ်တာဆိုတာ ၄၀ကျော် ၅၀လည်း ဆွဲနေတယ်”လို့ ညီငယ်က ထပ်ပြောမှ ကိုယ့်ဘဝကိုယ် ပြန်ရပါ့မလားဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို ခပ်ရေးရေး သဘောပေါက်လာတယ်။

မြန်မာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလွန်းလှတဲ့ ပေါ်တာ။ရန်ကုန်မှာဆွဲလိုက်တဲ့ ပေါ်တာတွေ က သောက်သောက်လဲ။လူမှုကွန်ရက်ပေါ် လူပျောက်ကြော်ငြာတွေဖွေးလို့။ စစ်တပ်ကလည်းဆွဲ၊ ရဲ ကလည်း ဆွဲ၊ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေး၊ ပြီးတော့ စစ်တပ်နဲ့ချိတ်ဆက်ထားတဲ့ လူဆွဲဂိုဏ်း တွေလည်း ပွလို့။
15👍8🤮2🤣1🖕1
“အခုဆွဲနေတဲ့ ပေါ်တာဆိုတာကမှတ်ပုံတင်ကြည့်ပြီးဆွဲနေတာမဟုတ်ဘူး။ည၇ နာရီ ကျော်ရင်ကျနော်အပြင်မထွက်ရဲတော့ဘူး”
လို့ အသက်၅၀ကျော်အရွယ် တောင်ဥက္ကလာမှာနေတဲ့ မိတ်ဆွေရင်းတစ်ယောက်က ပြောပြတာ အမှတ်ရတယ်။

ပြီးတော့ ၂၀၂၅လောက်ကထင်တယ်။ ငယ်သူငယ်ချင်းပြောပြဖူးတဲ့ အဖြစ်ဆိုးကလည်း ဦးနှောက်ထဲတန်းဝင်လာတယ်။ငယ်သူငယ်
ချင်းရဲ့ မိတ်ဆွေက အသက်၅၅နှစ်ကျော်အရွယ်၊လူက လည်း ဗိုက်ဆွဲဆွဲ၊ရောဂါဘယတွေကလည်း အစုံအလင်။လူမြင်ရုံနဲ့ အသက်
ကြီးရုံတင်မက ကျန်းမာ ရေးကလည်း မစွံမှန်း သိသာနေပေမဲ့ ည၇နာရီကျော်အချိန် မော်လမြိုင်မြို့ထိပ်ဂိတ်အဖြတ်မှာ ဆွဲစေ့ ခံလိုက်ရတယ်။ စစ်မှုထမ်းသင်တန်းရောက်သွားတယ်။ပြေးတောင်မပြေးနိုင်တဲ့ ၅၀ကျော်မှန်း သင် တန်းဆရာတွေသိလို့ ငွေ၁၀သိန်းကျော်ဖန်ပြီးအိမ်ပြန်ခွင့်ပြုလိုက်တယ်လို့ ကြားခဲ့ဖူးတယ်။

ရန်ကုန်မှာ ပေါ်တာဆိုတာ တစ်ယောက်မိရင် သိန်း၂၀မက ကိုယ့်အတွက်ကျန်တာမို့ စစ်အုပ် စုဝင်တွေအတွက် တွက်ခြေအကိုက်ဆုံး စီးပွားရေးလုပ်ငန်းဖြစ်လာတယ်။အဲဒါကြောင့်လည်း လှိုင်မြို့ နယ်ထဲက ရပ်ကွက်တချို့မှာအုပ်ကြီးလက်ပါးစေဆိုက်ကားသ
မားတွေက ညဘက် ဆိုက်ကားစီးလူ ငယ်တွေကို ပေါ်တာဆွဲကာ ငွေလမ်းဖြောင့်လို့ ကျော့ကော့နေသတဲ့။

ကားတစ်စီး၊လူ၃ယောက်၊ ဓားကိုယ်စီ တုတ်အသင့် လူပြတ်တဲ့နေရာတွေနဲ့ ညဦးပိုင်း တွေမှာ စောင့်ဖမ်း၊ကံကောင်းရင် တစ်ရက်တည်းနဲ့ ၃-၄ယောက်။ ကားလေးတစ်စီးရင်းရုံနဲ့ တစ်ရက်တာ သိန်း ဂဏန်းဆယ်ချီ ဝင်ငွေရဖို့ဆိုတာ တခြား ဘယ်အလုပ်ရှိမလဲ။

ရန်ကုန်မှာကိုယ့်အတွက်ကိုယ်အသက်လုရှူနေကြရတာဆိုတော့ ကိုယ့်ရှေ့မှာ ရိုက်နှက်ပြီး ကားပေါ်တင်သွားတာမြင်လည်း ကိုယ့်အန္တ
ရာယ်ကိုယ်ကြည့်ရှောင်ကာ ဝင်မပါရဲ။ အဲဒါကြောင့် လည်း ရန်ကုန်မှာ ပေါ်တာဆွဲရတာ သိပ်လွယ်နေကြတဲ့ပုံ။

"လူနာတင်ကားနဲ့တောင် ဆွဲနေတာဆိုတော့ လမ်းမပေါ်ရောက်တာနဲ့ ကျားပေါတဲ့ တောထဲ ရောက်သွားတဲ့အတိုင်းပဲ။ဖုန်းလည်းမကြည့်ရဲဘူး။ငေါင်လည်း မငေါင်ရဲဘူး။မျက်စိရှင်ရှင်ထားပဲ”လို့ ဒဂုံတောင်မှာနေတဲ့

အသက်၄၀အရွယ်မိတ်ဆွေက ပြောတယ်။
မြို့စွန်ဘက်သွား လူသိပ်မပါတဲ့ လိုင်းကားတွေပေါ် ပေါ်တာတက်ဆွဲနေတဲ့သတင်းတွေလည်း ထွက်နေတာကြောင့် အလုပ်ကအပြန် ကားပေါ်မှာ ထိုင်စရာရလည်း မအိပ်ရဲတော့။ကားပေါ်မှာ လူ များလာရင် ခါးပိုက်နှိုက်ကို သတိထားရပေမဲ့ ပေါ်တာကို ပိုကြောက်ရတာမို့ ခရီးသည် လျော့မသွား စေဖို့သာ တိုးတိုး
တိတ်တိတ် ကြိတ် ဆုတောင်းရတယ်လို့ ဆိုတယ်။

ရန်ကုန်မှာကြက်ဥတစ်လုံး ၇၅၀၊ မိသားစုဝမ်းစိုဖို့ ဝေးစွ၊ ရက်မပျက် ထမင်းနပ်မှန်ရေး ကို တောင် အလူးအလဲ ရူးပြဲနေအောင် ရုန်းနေရ။အလုပ်သွား အလုပ်ပြန် ရန်ကုန်မြို့တွင်းနဲ့ ဒဂုံ တောင်လူပေါင်းသောင်းခြောက်ထောင် သွား
လာနေတယ်ဆိုပေမဲ့ အခန့်မသင့်လို့ ပေါ်တာမိရင် ပွဲပြီးသွားနိုင် တာကြောင့် သားရဲတွင်းထဲ အလုပ်ဆင်းနေရသလိုမျိုး။ ဖြစ်နိုင်ရင် ရန်ကုန်မှာ မနေချင်တော့ဘူးလို့ သူက ဆက်ပြောတယ်။

ရန်ကုန်မှာ ပြေးစရာမြေမရှိတဲ့ ဘဝများစွာ။ ရန်ကုန်မှာ ကိုယ့်ဘဝကိုယ် ဘယ်မှာ သွားရှာရမ လဲလို့ ရန်ကုန်သားတွေက ညည်းကြတယ်။ရန်ကုန်မှာဘဝတွေတောင်တတောက်တောက်
ပျောက်ဆုံးနေတာ ရန်ကုန်မှာညတွေ ပျောက်
ဆုံးသွားတာ ဘယ်ဆန်းလိမ့်မလဲ။

ရန်ကုန်မှာရန်ကုန်လည်းပျောက်ဆုံးနေတယ်။ ရန်ကုန်မှာရန်မကုန်သေးတော့လည်းခြစ် ခြစ်တောက် ပူနေဦးမှာပဲ။ ဒါပေမဲ့၊ရန်ကုန်ဟာ ဗုံးတွေ တဝုန်းဝုန်းကြဲခဲ့တဲ့ဒုတိယကမ္ဘာစစ်တုန်းက လည်း မသေ၊ အင်းစိန်နား တိုက်ပွဲဖြစ်နေတဲ့ ရန်ကုန်အစိုးရခေတ်မှာတောင် ရန်ကုန်မှာ ရုပ်ရှင်ပြ မပျက်။ ရန်ကုန်ဟာ ဘယ်တုန်းကများ သေခဲ့ဖူးသလဲလို့ မေးခွန်းထုတ်သူတွေလည်း ရှိတယ်။

ရန်ကုန်မှာ လက်သီးကို ကျစ်ကျစ်ပါဆုပ်ထားကြဖို့ လိုမယ်။ ရန်ကုန်ဟာ ပြန်လာပါလိမ့်မယ်။ ။
👍1813🤮2🖕2🔥1🤣1
13👍2🔥2🤮1🖕1
စစ်မှုထမ်းတပ်သား ၂ဦး KNU တပ်မဟာ(၇)ထံ လက်နက်နဲ့ အလင်းဝင်

ဩဂုတ်-၂၀၊ ၂၀၂၆။ထားမြတ်/People’s Spring

စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သား (၂)ဦး လက်နက်နဲ့ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇) ဘားအံ(ဖားအံ)ခရိုင်က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၅ရက်က ခမရ(၃၅၇) တပ်ရင်းက စစ်ကောင်စီတပ်သား ၂ဦးဟာ လက်နက်တွေ ယူလာပြီး KNU ရဲ့ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၇) ထံ လက်နက်ချ အလင်းဝင် ဘက်ပြောင်းခိုလှုံလာတာလို့ ဖော်ပြထားပါတယ်။

အလင်းဝင်လာသူ ၂ဦးဟာ စစ်တပ်က အတင်းအဓမ္မစစ်သားစုဆောင်းထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

MA ၂လက်၊ ကျည်ဘောက် ၆ ခု၊ကျည်ဆံ ၂၀၀ နဲ့ ကျည်ကာ ၂ထည်ယူဆောင်လာတဲ့ တပ်သား ၂ဦးကို ကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ခဲ့ကြောင်းလည်း အသိပေးပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်တွင်းက တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေထံ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့လည်း KNUက ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

KNU တပ်မဟာ(၇)အပါအဝင် KNU ခရိုင်နဲ့ တပ်မဟာ အသီးသီးမှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လက်နက်ယူလာပြီးဖြစ်စေ လက်နက်မဲ့ ဖြစ်စေ အလင်းဝင်ရောက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။
👏226👍2🤣2🖕2
(အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ၂ ဦး။ ဓာတ်ပုံ - KNU-Hpa-An District)
👍207🤣1🖕1