“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၁၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရန်ကုန်မှာ ခွင့်ပြုချက်မဲ့ တိုက်ဆောက်လို့ဆိုပြီး အများအပြားဖမ်းဆီးစစ်ဆေးခံနေရ
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ အဆောက်အအုံတွေကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တယ်ဆိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စစ်တပ်ရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန-စသုံးလုံးက ဖမ်း
ဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။ စမ်းချောင်းမြို့နယ်မှာရှိတဲ့ ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လက်ဆောင်ကုန်း(မြောက်)၊ မုန့်လက်ဆောင်ကုန်း(တောင်)၊ သံတံတားရပ်ကွက်၊ လင်းလွန်း(မြောက်)၊ လင်းလွန်း(တောင်) ရပ်ကွက်တွေမှာ စစ်တပ် လက်အောက်ခံ စည်ပင်သာယာရေးကော်မတီ-စည်ပင်ကို ဆောက်လုပ်ခွင့်မတင်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လိုင်စင်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်လုပ်နေတာလို့ စုံစမ်းသိရပါတယ်။ စမ်းချောင်းမြို့နယ်မှာ စစ်တပ် လက်အောက်ခံ စည်ပင်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၃၂ လုံးခန့်ရှိပြီး အဲဒီအဆောက်အဦးအချို့မှာ ကြိုပွိုင့်စနစ်တွေနဲ့ ရောင်းချထားပြီးသား အခန်းတွေလည်း ပါနေတယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီအဆောက်အအုံ ၃၂ လုံးကို တင်ဝင်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုတည်းက ဆောက်လုပ်တာဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။
◾️စစ်ကိုင်းမြို့ပေါ် တိုက်ပွဲဖြစ်
စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနီးမှာ သြဂုတ် ၁၉ရက် ဒီနေ့မနက်ပိုင်းကစလို့ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ စစ်ကိုင်းမြို့တွင်းက ငါးထပ်ကြီးဘုရားအနီးမှာ စစ်ကိုင်းPDFဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာလို့ စုံစမ်းသိရပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မြို့ထဲဖြစ်ပြီး စစ်တပ်အထိုင်စခန်းတွေ ရှိသလို အမြဲကင်းပတ်နေတဲ့ နေရာလည်းဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတပ်တွေက စစ်ကိုင်းမြို့ထဲဝင်ပစ်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီနေ့ နေ့လယ် ၁၂နာရီအထိ တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
◾️ဆားလင်းကြီးမှာ စစ်တပ် ဗုံးကြဲလို့ အမျိုးသမီး ၂ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး နောက်ထပ်အရပ်သားပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဩဂုတ် ၁၈ရက် မနေ့ ညနေ ၃နာရီခွဲမှာ ရေခါးကျေးရွာလယ်ခေါင်ကို ဂျက်ဖိုက်တာ၂စီးနဲ့ဗုံးကြဲခဲ့တာလို့ သိရပါတယ်။ ပြည်သူတွေက ကိုယ့်အလုပ် ကိုယ်လုပ်နေကြချိန်မို့ ရှောင်ချိန် မရလိုက်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲပြီးနောက်လည်း ဝမ်ပေါင်စီမံကိန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
◾️ဧရာဝတီရေဘေး ၂ဦး ထပ်မံ သေဆုံး
ဧရာဝတီတိုင်းအတွင်း ရေကြီးမှုမှာ ရေနစ်မြုပ်တဲ့ မြို့ပိုများလာပြီး သေဆုံးသူဦးရေလည်း တိုးလာသလို ပျောက်ဆုံးနေသူအချို့လည်း ရှိနေပါတယ်။ ဟင်္သာတမြို့နယ်က လဟာပကျေးရွာမှာ သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေ ရုတ်တရက်ဝင်ရောက်လာတဲ့အတွက် ပြည်သူတစ်ဦးရေနစ်သေဆုံးခဲ့သလို သြဂုတ် ၁၈ရက် မနေ့ကလည်း ငါးသိုင်းချောင်းမြို့နယ်အတွင်းမှာ ပြည်သူတစ်ဦးရေနစ်ပြီး ထပ်မံသေဆုံးခဲ့ပါတယ်။ ရေတွေက အခုဆို အဝေးပြေးလမ်းတွေမှာလည်းကျော်ကုန်ပြီး ရေကြည်၊ ငါးသိုင်းချောင်းဘက်လည်း မြို့ပေါ်ရပ်ကွက်တွေအထိ ရေမြုပ်တာလို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။ လူသေဆုံးတဲ့သတင်းတွေ ကြားနေရသလို ပျောက်နေတာတွေလည်းရှိတယ်လို့ သူက ဆိုပါတယ်။
◾️ဆောမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းရ
မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က ဒီနေ့ ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ ဆောမြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ခရိုင်စစ်ဌာနတပ်ရင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန်မှာ လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရခဲ့တာလို့ ဆိုပါတယ်။ ဆောမြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ၁လကျော်အတွင်း ၃ကြိမ်မြောက် လက်နက်ခဲယမ်းတွေ ရရှိတာလို့ ဆိုပါတယ်။
◾️ဝန်းသိုနယ် စစ်ရေးတင်းမာလာနိုင်လို့ ပြည်သူတွေလုံခြုံရေး PDF သတိပေး

❤16👍5🖕2🔥1
အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်က ဝန်းသိုမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၁၁၁)၊ ခမရ (၁၂၀)ထဲကို လေကြောင်းကနေ အင်အားဖြည့်တင်းနေပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပါဝင်လာပြီး မြို့အနီးပတ်ဝန်းကျင်ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က စစ်ရေးပြင်ဆင်လာတဲ့အတွက် သတိပြုနေထိုင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကိုလည်း ဂရုစိုက်ဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးထားပါတယ်။
◾️စစ်တပ်ရဲ့တပ်မ(၃၃) ဗန်းမော်မြို့ထိုးစစ်ဆင်ဖို့ဆိုပြီး သပိတ်ကျင်းမှာ စုဖွဲ့မှုလုပ်
နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်မ(၃၃)ဟာ မန္တလေးမြို့ကနေ ကားအစီးရေ ၃၀ ကျော်နဲ့ ဒီနေ့ မနက်ပိုင်းက သပိတ်ကျင်းမြို့နယ်ဘက် ထွက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ တပ်မ(၃၃) လက်အောက်ခံ ခမရ-၁၁၆ တပ်ရင်း နဲ့ ခမရ-၁၁၉တပ်ရင်းတွေ ကားအစီးရေ ၂၅ စီးနဲ့ မတ္တရာမြို့နယ်ကဖြတ်ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်ကို သွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ (VOM)မှာလည်း မန္တလေးမြို့ အနောက်ဘက် ကမ်းနားလမ်းကနေ ဂျမ်ဘာကားတွေပါတဲ့ စစ်တပ်ယာဉ်တန်း မြောက်ဘက်ကို ဦးတည်ထွက်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တပ်မ(၃၃)က တပ်တွေကို ဩဂုတ် ၁၈ရက် မနေ့က သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာက တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်း ကျောင်း(တတက-၁၃)ကို ရဟတ်ယာဉ်နဲ့ အင်အားပို့ထားတယ်လို့ သိရပါတယ်။
◾️စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ ချင်းတွင်းသပိတ်ကော်မတီ သတိပေး
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။ ဒီနေ့ သြဂုတ် ၁၉ ရက် မနက် ၁၁နာရီဝန်းကျင်မှာ မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကနေ စစ်တပ်ရဲ့ ဖလပ်မော်တော်၂၄စီး၊ တိုက်ခိုက်ရေးသင်္ဘော ၃စီးဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ကို စုန်ဆင်းလာတယ်လို့ သပိတ်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အဲဒီရေယာဥ်တွေဟာ ဧရာဝတီမြစ်ထဲထိသွားတာဖြစ်ပြီး ဘယ်ကို ကပ်လဲတော့မသိဘူးလို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။ အဲဒီယာဥ်တွေပေါ်မှာ ကရိန်းနဲ့ ယာဥ်ယန္တရားတွေ တင်ဆောင်လာတာ တွေ့ရပြီး ကျောက်စိမ်း၊ သစ်၊ ကျောက်မီးသွေးနဲ့ ပျက်စီးနေတဲ့ကားတွေ တင်ဆောင်လာတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဆိုပါတယ်။
◾️မန္တလေးမှာ ဟင်းချိုမှုန့်မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါး အဖမ်းခံရ
မန္တလေးမြို့မှာ ဟင်းချိုမှုန့်တွေကို ကားနဲ့ မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါးကို ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သြဂုတ် ၁၇ ရက် ညနေ ၆ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်တနေရာမှာ ဘုန်းကြီးတစ်ပါး ကားကို ကိုယ်တိုင်မောင်းနေတဲ့အကြောင်း သတင်းရလို့ သွားရောက်စစ်ဆေးခဲ့ကြောင့် မြို့နယ် သာသာနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။ ဘုန်းကြီးဟာ ကားမောင်းရုံတင်မကဘဲ တရုတ်ထုတ် ဟင်းချိုမှုန့်အိတ်တွေ များစွာပါရှိတာ တွေ့ရလို့ ရဲကိုပါ အကြောင်းကြားပြီး စစ်ဆေးခဲ့တယ်လို့ ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်တာပါ။ အဲဒီဘုန်းကြီးဟာ ထီးချိုင့်မြို့နယ်ကျေးရွာတစ်ရွာကဖြစ်ပြီး အသက်( ၆၂)နှစ်၊ ဝါ(၁၂)ရှိကြောင်း၊ စစ်ဘေးကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က ကျောင်းတိုက်မှာ သတင်းသုံးနေတယ်လို့ ဖော်ပြပါတယ်။
◾️နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုတွေကို မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပူတင်ချီးကျူး

❤14👍6🔥2👏2
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရုရှား-မြန်မာ ဆက်ဆံရေး တိုးတက်လာတာကို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်ကတည်းက ဆိုဗီယက်-မြန်မာ ဆက်ဆံရေးအဖြစ် စတင်ခဲ့တဲ့ ရင်းနှီးခင်မင်မှုဟာ တဖြည်းဖြည်း ဆက်တိုက် တိုးတက်လာခဲ့ပြီး မကြာသေးခင် နှစ်ပိုင်းတွေမှာတော့ အထူးယုံကြည်ရတဲ့ အခြေအနေမျိုးထိ ရောက်လာတယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။ ဩဂုတ် ၁၈ ရက်က ကရင်မလင်နန်းတော်မှာ မင်းအောင်လှိုင်ကို ဧည့်ခံတွေ့ဆုံတဲ့ အခါမှာ ပူတင်က ရုရှားနဲ့ မြန်မာတို့ဟာ နိုင်ငံတကာ အရေးကိစ္စတွေမှာလည်း တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။ မင်းအောင်လှိုင်က မနှစ်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအပြီး ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်တာ အပါအဝင် အကူအညီတွေ ပေးခဲ့တဲ့ ရုရှားကို ကျေးဇူးတင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်က မြန်မာနိုင်ငံရေဘေးသင့်တာကိုပြောတဲ့အခါ နိုင်ငံအောက်ပိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းမှာ ရေဘေးသင့်တာကိုပဲပြောပြီး ရေဘေးဒဏ်ပိုဆိုးရွားစွာခံနေရတဲ့ စစ်ကိုင်းတိုင်းက ရေဘေးအကြောင်းကိုတော့ ချန်လှပ်ပြောခဲ့တာ တွေ့ရပါတယ်။
💩13🤮3🤬2❤1🔥1👏1
ရန်ကုန်မှာ ခွင့်ပြုချက်မဲ့ တိုက်ဆောက်တယ်ဆိုပြီး အရှုပ်တော်ပုံပေါ်ပေါက်၊အများအပြားဖမ်းဆီးစစ်ဆေးခံနေရ
သြဂုတ်-၁၉၊ ၂၀၂၆။တာရာ/People's Spring
ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတွေ ဆောက်လုပ်နေတယ် ဆိုပြီး စစ်
တပ်လက်အောက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က အရာရှိတွေ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ၊ကန်ထရိုက်တာတွေကို စစ်အုပ်စုရဲ့ စစစ (အထူးစုံစမ်းစစ်ဆေးရေးဦးဌာန) က ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။
ရန်ကုန်စည်ပင်က အင်ဂျင်နီယာဌာန(ယာအုံ)က ခရိုင်မှူး ၄ ဦးကို စစ်အုပ်စုကဖမ်းပြီးစစ်ဆေးနေတယ်လို့ ဖြစ်စဥ် သိသူသတင်းရင်းမြစ်တဦးကပြောပါတယ် ။
"ယာအုံတာဝန်ခံတွေ ဒီကာလ ပိုက်ဆံကိုအိတ်နဲ့သယ်နေရတယ်။တိုင်စာတက်တော့ မတဝ
(စစ်တပ်ခန့် ထွေအုပ်) က စစစ လွှဲလိုက် တာ ချက်ခြင်းဖမ်းသွားရော"လို့အထက်ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ် ။
၎င်းတို့အပြင်မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ၊စာရေး နဲ့ မြေပိုင်ရှင်အချို့လည်းဖမ်းဆီးစစ်ခံနေရတယ်လို့သိရပါတယ် ။ ရန်ကုန်မြို့မှာ ခွင့်ပြုချက်မရှိဘဲ စည်ပင် ၊ကန်ထရိုက်တာ၊စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး တို့ပေါင်းပြီးဆောက်လုပ်ထားတဲ့ကန်ထရိုက်တိုက်အလုံးရေများစွာရှိတယ်လို့ စည်ပင်ဝန်ထမ်းတဦးကပြောပါတယ်။ အခုလို ပြသာနာတက်ဖမ်းဆီးစစ်ဆေးတာဟာ အဝေမတည့်ကြလို့ဖြစ်ပြီး အမှတ်တကယ်အရေးယူမယ်ဆိုရင် ရန်ကုန်တစ်မြို့လုံးအဆောက်အအုံများစွာနဲ့ စည်ပင်ဝန်ထမ်းတွေ ၊ အုပ်ကြီးတွေ ၊ကန်ထရိုက်တာတွေ ၊လျှပ်စစ်ရုံးအရာရှိတွေအများအပြားအရေးယူရမှာဖြစ်တယ်လို့ CDM အရာရှိတဦးကပြောပါတယ် ။
စမ်းချောင်းမြို့နယ်မှာလည်း အဆောက်
အအုံတွေကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တယ်ဆိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စသုံးလုံးကဖမ်း
ဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။
စမ်းချောင်းမြို့နယ်မှာရှိတဲ့ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လက်ဆောင်းကုန်း
(မြောက်)၊ မုန့်လက်ဆောင်းကုန်း(တောင်)၊
သံတံတားရပ်ကွက်၊ လင်းလွန်း(မြောက်)၊ လင်းလွန်း(တောင်) ရက်ကွက်တွေမှာ စစ်တပ် လက်အောက်ခံ စည်ပင်သာယာရေးကော်
မတီ(စည်ပင်)ကို ဆောက်လုပ်ခွင့်မတင်ပဲ ရပ်
ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လိုင်စင်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်လုပ်နေတာလို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။
သြဂုတ် ၁၄ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စသုံးလုံး ဖမ်း
ဆီးပြီးမင်္ဂလာဒုံမြို့နယ်ကရေကြည်အိုင်စစ်
ကြောရေးမှာ စစ်ဆေးနေတာလို့ ဆိုပါတယ်။
"ရေကြည်အိုင်မှာ သူတို့ကိုစစ်နေတာ ဟုတ်တယ်။ကန်ထရိုက်ကစည်ပင်ကလူကြီးရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ပိုက်ဆံပေးပြီး ဆောက်တာ။ပြောရရင် လိုင်စင်မဲ့ဆောက်
နေတာပေါ့။ တိုင်တဲ့သူရှိလို့ စစ်ဆေးရာကနေ လိုင်စင်မဲ့ဆောက်မှန်းသိတာ"လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
စမ်းချောင်းမြို့နယ်မှာ စစ်တပ် လက်အောက်
ခံ စည်ပင်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်
လုပ်ထားတဲ့ အဆောက်အအုံ ၃၂ လုံးခန့်ရှိပြီး အဆိုပါအဆောက်အအုံအချို့မှာ ကြိုပွိုင့်စနစ်တွေနဲ့ ရောင်းချထားပြီးအခန်းတွေလည်း ပါနေတယ်လို့ စုံစမ်းသိရပါတယ်။
"အကုန်ရောင်းပြီးသား။ တချို့တိုက်တွေဆို လူတွေတောင် နေနေပြီ။စာတွေလာကပ်သွားတေ့ာ ဖယ်ပေးရတော့မှာ။ စာလာကပ်သွားတာ တပတ်လောက်ရှိပြီ။ စည်ပင်ကလာကပ်သွားတာ" လို့ စမ်းချောင်းမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
အဆိုပါအဆောက်အအုံ ၃၂ လုံးကို တင်ဝင်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုတည်းက ဆောက်လုပ်တာဖြစ်တယ်လို့လည်း ဒေသခံအချို့ကပြောပါတယ်။
စည်ပင်ဥပဒေပုဒ်မ ၆၁ (ဃ)အရ စည်ပင်က ခွင့်ပြုထားတဲ့ အဆောက်အအုံ ပုံစံနဲ့ ကွဲလွဲတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ခွင့် ပိတ်ပင်ထားပါတယ်။
ပုဒ်မ ၆၁ (င) အရ ဆောက်လုပ်ပြီးစီးထားတဲ့ အဆောက်အအုံမှာ စည်ပင်ရဲ့ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်တာ၊ အသုံးပြုတာတွေကို တားမြစ်ထားပြီး အဲဒီတားမြစ်ချက်တွေကို ကျူးလွန်ရင် ထောင်ဒဏ် ၁ နှစ်ဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ် တစ်သောင်းကနေ အများဆုံး ငွေဒဏ်ကျပ် ၅ သိန်းအထိဖြစ်စေချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

❤21👍12👏3🔥2😁1
ရန်ကုန်မြို့မှာခွင့်ပြုချက်မရှိဘဲဆောက်လုပ်
ထားတဲ့ကန်ထရိုက်တိုက်ကို စည်ပင်ကကြေ
ညာချက်ကပ်ထားစဥ်။ဓါတ်ပုံ-အောင်ကြီး
ထားတဲ့ကန်ထရိုက်တိုက်ကို စည်ပင်ကကြေ
ညာချက်ကပ်ထားစဥ်။ဓါတ်ပုံ-အောင်ကြီး
👍25🔥4👏4❤1
စစ်ကိုင်းမြို့တိုက်ပွဲ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်၊ နှစ်ဖက် ထိခိုက်မှုရှိ
ဩဂုတ်-၁၉၊၂၀၂၆။မိုမို/People's Spring
စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။
မနေ့က(ဩဂုတ် ၁၈ ရက် )ညပိုင်းကစပြီး စစ်တပ်က ငါးထပ်ကြီးဘုရားတောင်ဘက် ဂုံညင်းတောင်ကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် သြဂုတ် ၁၉ ရက်မနက်ပိုင်းကစပြီး စစ်ကိုင်းမြို့တွင်းက ငါးထပ်ကြီးဘုရားအနီးမှာစစ်ကိုင်း PDF ဦးဆောင်တဲ့တော်လှန်ရေးပူး ပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။
" ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တစ်ယောက် ကျတယ်။သူတို့လည်း ရှေ့ဆက်မတိုးရဲဘူး။မိုင်းမိသွားတယ်။ သူတို့လည်း(ထိခိုက်သေဆုံးသူ) ရှိတော့ရှိမယ်"လို့ စစ်ကိုင်းPDF တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကိုင်းမြို့ပေါ် ငါးထပ်ကြီးဘုရားမြောက်ဘက်၊ ဘုရားဖြူမှာ အထိုင်ချထားတဲ့အာဏာသိမ်းစစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာရှိတယ်လို့ သိရပါတယ်။
"အဲဒီဘက်(ဂုံညင်းတောင်ရွာ)က ခဏခဏ တိုက်ပွဲဖြစ်တယ်။ဒေသခံတွေက နဂိုကတည်းက စစ်ရှောင်နေကြရတာ"လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဟာ စစ်တပ်ရဲ့ တပ်မ (၃၃)၊အုန်းတော-တကရ(၆၀၀၅) အမြောက်တပ်တို့နဲ့လည်း အလှမ်းမဝေးဘူးလို့ သိရပါတယ်။အဲဒီနေရာကိုတော်လှန်ရေးတပ်တွေတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။
စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ တပ်မ (၃၃) အထိုင်မြို့ဖြစ်သလို ၊တပ်မ (၃၃)လက်အောက်ခံ တပ်ရင်းတွေဟာ ဇူလိုင်လမှာ စစ်ကိုင်းတိုင်းကပြန်လာပြီး ပြန်စုဖွဲ့ကာ ဒီကနေ့ မနက်မှာပဲ တပ်ဖွဲ့အချို့ဟာ သပိတ်ကျင်းမြို့နယ် ၊တွင်းငယ်ကျေးရွာဘက်ကို ကားအစီး ၃၀ ခန့်နဲ့ ထွက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

👍40❤8🥰4💩1🤣1🖕1
■ဆောင်းပါး
မြေရှား | Rare Earth Watch
"ခေတ်သစ်စစ်ပွဲနှင့် မြေရှား၏ အရေးပါမှု"
-မဲခေါင် ရေးသားသည်
ယနေ့ ကမ္ဘာဟာ စစ်ပွဲနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ခေတ်ကို ဖြတ်သန်းနေပါတယ်။ ရုရှား-ယူကရိန်းစစ် ဆက်လက်ပြင်းထန်နေသလို၊ အရှေ့အလယ်ပိုင်းမှာအမေရိကန်-အီရန်တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။အရှေ့အာရှမှာ တရုတ်ရဲ့ ထိုင်ဝမ်အပေါ် စစ်ရေးဖိအားတွေ တိုးလာနေပြီး၊ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်က အဆုံးမသတ်နိုင်သေးပါဘူး။
ဒီစစ်ပွဲတွေမှာ အဆုံးအဖြတ်ပေးနေတဲ့ လက်
နက်တွေကတင့်ကား၊ တိုက်လေယာဉ်၊ ဒရုန်းနဲ့ ဒုံးကျည်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလက်နက်တွေကို အသက်ဝင်စေတဲ့ အရေး
ကြီးဆုံး သယံဇာတကုန်ကြမ်းကတော့ မြေရှားသတ္တု (Rare Earth Elements – REE) တွေပါပဲ။
ယနေ့ခေတ်စစ်ပွဲတွေဟာယခင်ရာစုကလို စစ်
သားအရေအတွက်နဲ့အနိုင်အရှုံးကိုဆုံးဖြတ်
တဲ့ စစ်ပွဲတွေ မဟုတ်တော့ပဲ တိကျတဲ့ ဒုံး
ကျည်၊ ကိုယ်ပျောက် တိုက်လေယာဉ်၊ ရေငုပ်
သင်္ဘော၊ ဒရုန်းနဲ့ AI အခြေပြု စစ်ရေးနည်းပညာတွေကိုဘယ်သူကပိုမိုထိရောက်စွာအ
သုံးချနိုင်သလဲဆိုတာကသာအဆုံးအဖြတ်ပေးလာပါတယ်။ အဲဒီနည်းပညာအားလုံးရဲ့
အခြေခံကျောရိုးမှာတော့မြေရှားသတ္တုတွေ
ရှိနေပါတယ်။
ဥပမာအားဖြင့် အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး ကိုယ်ပျောက်တိုက်လေယာဉ် (Stealth Fighter Jet) F-35 Lightning II တစ်စီးမှာ မြေရှားသတ္တု ပေါင် ၉၂၇ (၄၂၀ ကီလိုဂရမ်ခန့်) အထိ အသုံးပြုထားပါတယ်။အင်ဂျင်၊ ရေဒါနဲ့ အီလက်ထရွန်နစ် စနစ်တွေရဲ့ အဓိကအစိတ်အပိုင်းတွေမှာတော့ မြေရှားသတ္တုထဲက တမျိုးဖြစ်တဲ့ အိုဒီမီယမ် (Neodymium) နဲ့ ပရာစီယိုဒီမီယမ် (Praseodymium) အခြေခံ စွမ်းအားမြင့် သံလိုက်တွေကို အသုံးပြုထားတာကြောင့် ရေဒါကနေ ရှာဖွေရန်ခက်ခဲစေတဲ့ ကိုယ်ပျောက်စွမ်းရည်နဲ့ တိကျတဲ့ တိုက်ခိုက်နိုင်စွမ်းကို အထောက်အကူပြုပါတယ်။
ပစ်မှတ်ကို တိကျစွာ လမ်းညွှန်ပစ်ခတ်နိုင်တဲ့ ဒုံးကျည်Guided Missileတွေရဲ့ပစ်မှတ်ဆီ ရောက်အောင်လမ်းကြောင်းထိန်းပေးတဲ့ စနစ် တွေမှာလည်း အစ်ထရီယမ် (Yttrium)၊ တယ်ဘီယမ် (Terbium) စတဲ့ မြေရှားသတ္တုတွေကို အသုံးပြုရပါတယ်။ အမေရိကန်ရေတပ်ရဲ့ တိုမာဟော့ခ် ခရုစ်ဒုံးကျည် Tomahawk Cruise Missile ဟာလည်း ဒီသတ္တုတွေ မပါရင် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။
Virginia-class နျူကလီးယား ရေငုပ်သင်္ဘော တစ်စီးမှာဆိုရင် မြေရှားသတ္တု ပေါင် ၉,၂၀၀ ခန့် ပါဝင်နေပြီး၊ အဲဒီသတ္တုတွေဟာ အသံ
လှိုင်းဖမ်းစနစ် (Sonar)၊ လမ်းကြောင်းပြစနစ် (Navigation) နဲ့ အဆင့်မြင့် အီလက်ထရွန်နစ်စနစ်(Electronic Systems)တွေအတွက် အ
ရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
ညကြည့်မှန်ဘီလူး (Night Vision)၊ လေဆာပစ်မှတ်ရှာစနစ်၊ စစ်သုံးအာရုံခံကိရိယာ (Sensors) တွေမှာလည်း ယူရိုပီယမ် (Europium)၊အာဘီယမ် (Erbium) တို့လို
မြေရှားသတ္တုတွေ မပါရင်ညဘက်မြင်ကွင်းနဲ့ အချက်အလက် တိကျမှုကို မရနိုင်ပါဘူး။
ယနေ့ စစ်ပွဲတွေမှာ အရေးပါလာတဲ့ ဒရုန်းတွေဟာလည်း လျှပ်စစ်မော်တာတွေ၊ အရွယ်သေးပေမယ့် စွမ်းအားမြင့်တဲ့ အမြဲတမ်းသံလိုက် (Permanent Magnet)တွေ၊ကမ္ဘာတည်နေ
ရာပြစနစ် (GPS) နဲ့ အာရုံခံစနစ် (Sensor System) တွေကို အသုံးပြုရတာကြောင့်
မြေရှားသတ္တုတွေအပေါ် အလွန်အမင်းမှီခိုနေရပါတယ်။
ရုရှား-ယူကရိန်းစစ်ဟာ ဒီအချက်ကို ကမ္ဘာကို အထင်ရှားဆုံး ပြသခဲ့တဲ့ စစ်ပွဲတစ်ခု ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ဒရုန်းထောင်ပေါင်းများစွာကို အသုံးပြုလာကြပြီး၊ နည်းပညာနဲ့ ထောက်ပံ့ရေး ကွင်းဆက် (Supply Chain) တွေကစစ်ရေးအောင်မြင်မှုကိုတိုက်ရိုက်သက်
ရောက်စေတဲ့ အချက်တွေ ဖြစ်လာပါတယ်။
ဒါကြောင့် ခေတ်သစ်စစ်ပွဲမှာ "သံမဏိ" ထက် "အီလက်ထရွန်နစ်" က ပိုအရေးကြီးလာပြီး၊ အီလက်ထရွန်နစ်ထက် "မြေရှားသတ္တု" က ပိုအရေးကြီးလာပါတယ်။
ဒါပေမယ့် မြေရှားသတ္တုရဲ့ အဓိကပြဿနာက မြေအောက်မှာ မရှိလို့ မဟုတ်ပါဘူး။ တကယ့် အခက်အခဲက တူးဖော်ပြီးတဲ့နောက် သန့်စင်ထုတ်လုပ်နိုင်တဲ့ နည်းပညာ (Refining and Processing) ဖြစ်ပါတယ်။
ဒီနေရာမှာ တရုတ်နိုင်ငံက ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးထားပါတယ်။ ကမ္ဘာ့မြေရှားတူးဖော်မှုရဲ့ ၇၀% ခန့်ကို တရုတ်က ထုတ်လုပ်နေပြီး၊ သန့်စင်ထုတ်လုပ်မှုစွမ်းရည်မှာတော့ ၉၀% ကျော်အထိ ချုပ်ကိုင် ထားပါတယ်။
အဲဒီအတွက် အမေရိကန်၊ ဂျပန်၊ ဥရောပတို့လို အဆင့်မြင့် စစ်လက်နက် ထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေတောင် စစ်လက်နက်ထုတ်လုပ်ရေး ကုန်ကြမ်း ထောက်ပံ့ရေးကွင်းဆက်အတွက် တရုတ်ကိုကာလရှည်ကြာအမှီပြုခဲ့ရပါတယ်။
၂၀၁၀ ခုနှစ်မှာ ဂျပန်နဲ့ တရုတ်အကြား ဆန်ကာကူ/ဒီအိုယု (Senkaku/Diaoyu) ကျွန်းများအငြင်းပွားမှု ဖြစ်ပွားချိန်မှာ တရုတ်က ဂျပန်ထံ မြေရှားတင်ပို့မှုကို ယာယီပိတ်ဆို့ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာမြေရှားသတ္တုကို စီးပွား
ရေးကုန်စည်တစ်ခုအနေနဲ့သာ မဟုတ်ဘဲ ပထ
ဝီနိုင်ငံရေး လက်နက်အဖြစ် အသုံးချနိုင်ကြောင်း ကမ္ဘာကို သတိပေးလိုက်တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

❤16🔥6👍4🤣2
အဲဒီနောက်ပိုင်း အမေရိကန် စစ်ကာကွယ်ရေးဌာန (Pentagon) က မြေရှားသတ္တု ထောကပံ့ရေးကွင်းဆက်ဟာ အမေရိကန် အမျိုးသားလုံခြုံရေးရဲ့ အားနည်းချက်တစ်ခု ဖြစ်နေကြောင်း အကြိမ်ကြိမ် သတိပေးလာပါတယ်။ စစ်လက်နက်တစ်ခု ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းကို ပြိုင်ဘက်နိုင်ငံက ထိန်းချုပ်ထားတယ်ဆိုရင် စစ်ရေးအင်အားကြီးဆိုတဲ့ အားသာချက်ဟာလည်း အချိန်မရွေး ထိခိုက်သွားနိုင်ပါတယ်။
ဒါကြောင့် လက်ရှိ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နဲ့ ဥရောပသမဂ္ဂတို့ဟာ တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
သြစတြေးလျက မြေရှားသတ္တုကုမ္ပဏီတစ်ခု ဖြစ်တဲ့ Lynas Rare Earthsကိုတိုးချဲ့ထောက်
ပံ့နေသလို၊ အမေရိကန်ကလည်း ကာလီဖိုးနီးယား ပြည်နယ်ရှိ Mountain Pass မိုင်းတွင်းကို ပြန်လည်တိုးချဲ့ပြီး ပြည်တွင်းသန့်စင်စက်ရုံတွေ တည်ဆောက်နေပါတယ်။ ဥရောပသမဂ္ဂကလည်း အရေးကြီးကုန်ကြမ်းဆိုင်
ရာ ဥပဒေကိုအကောင်အထည်ဖော်ပြီး အရေးပါတဲ့ သယံဇာတတွေရဲ့ထောက်ပံ့ရေးကွင်း
ဆက်ကို လုံခြုံအောင် ပြင်ဆင်နေပါတယ်။
ဒီအခြေအနေမှာ မြန်မာနိုင်ငံဟာလည်း ကမ္ဘာ့ပထဝီနိုင်ငံရေး မြေပုံပေါ်မှာ ပိုပြီး အရေးပါလာပါတယ်။ အထူးသဖြင့် ကချင်နဲ့ ရှမ်းမြောက်ဒေသတွေက မြေရှားသတ္တုတွေဟာ တရုတ်ရဲ့ ထုတ်လုပ်ရေး ကွင်းဆက်အတွက် အရေးပါတဲ့ ကုန်ကြမ်းရင်းမြစ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အတွင်းက သယံဇာတတွေဟာ ပြည်တွင်းစီးပွားရေးကိစ္စသာ မဟုတ်တော့ဘဲ ဒေသတွင်းနဲ့ ကမ္ဘာ့အင်
အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာတွက်ချက်မှုထဲမှာပါ ပါဝင်လာပါတယ်။
ရုရှား-ယူကရန်းစစ်က စစ်လက်နက်ထုတ်လုပ်နိုင်စွမ်းဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို ပြသခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်အကြားတင်းမာမှုက ဒုံး
ကျည်နဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ဘယ်လောက် လိုအပ်သလဲဆိုတာကို ပြသနေပါတယ်။
ထိုင်ဝမ်အရေးကတော့ တကမ္ဘာလုံးအတွက် ကွန်ပျူတာ၊ စမတ်ဖုန်း၊ AI စနစ်၊ကား၊ ဒုံး
ကျည်၊ စစ်ရေးနည်းပညာတွေအတွက် အဓိ
ကလိုအပ်တဲ့ ချစ်ပ် (Chip) တွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အခြေခံပစ္စည်း (Semiconductor) နဲ့ မြေရှားထောက်ပံ့ရေး ကွင်းဆက် နှစ်ခုလုံးကို တစ်ပြိုင်တည်း သက်
ရောက်နိုင်တဲ့ အန္တရာယ်အဖြစ် သတ်မှတ်ခံထားရပါတယ်။
မြန်မာနိုင်ငံမှာတော့ မြေရှားသတ္တုထွက်ရှိတဲ့ ဒေသတွေဟာ စစ်ရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေ ဆုံစည်းရာ နေရာတွေ ဖြစ်လာနေပါတယ်။
၁၉ ရာစုနဲ့ ၂၀ ရာစုမှာ စစ်ပွဲတွေကို မောင်းနှင်ခဲ့တာ ရေနံဖြစ်ခဲ့ရင်၊ ၂၁ ရာစုမှာတော့ AI၊ ဒရုန်း၊ ဒုံးကျည်၊ ကိုယ်ပျောက်လေယာဉ်၊ လျှပ်
စစ်ကားနဲ့ အာကာသနည်းပညာအထိ ခေတ်
သစ်နည်းပညာအားလုံးရဲ့ အရေးပါတဲ့ ကုန်
ကြမ်း ‘မြေရှားသတ္တု’တွေဟာအနာဂတ်အား
ပြိုင်မှုတွေမှာအဓိကကျတဲ့မဟာဗျူဟာမြောက်တဲ့ သယံဇာတတစ်ခု ဖြစ်လာနေပါတယ်။”
ယနေ့ စစ်ပွဲတွေရဲ့အဆုံးအဖြတ်ဟာ စစ်မြေ
ပြင်ပေါ်က လက်နက်အင်အားတင်မကတော့ပဲ၊ အဲဒီလက်နက်တွေကို အသက်ဝင်စေတဲ့ မြေရှားသတ္တုတွေ၊ အဲဒီအရင်းအမြစ်တွေကိုရယူနိုင်တဲ့ မိုင်းတွင်းတွေ၊ သန့်စင်စက်ရုံတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကပါ အနာ
ဂတ်စစ်ပွဲတွေရဲ့ အဆုံးအဖြတ်နေရာတွေ ဖြစ်လာနေပါပြီ။ ။
ကိုးကား -
• U.S. Geological Survey (USGS) – Mineral Commodity Summaries: Rare Earths
• Pentagon – Reports on Critical Minerals and Defense Supply Chains
• Yale Environment 360

👎12👍8❤2🤣2🔥1