People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - CJ
👍3920🔥2
ဝန်းသိုနယ် စစ်ရေးတင်းမာလာနိုင်​လို့
ပြည်သူတွေလုံခြုံရေးအတွက် PDF သတိပေး

သြဂုတ်-၁၉၊၂၀၂၆။ရွှေပြည်စိုး/People's Spring

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေ
စိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေး
ရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အ
တွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က ဝန်းသိုမြို့အခြေစိုက် ခြေမြန်တပ်ရင်းခမရ (၁၁၁) ၊ ခမရ (၁၂၀)ထဲကို လေ
ကြောင်းကနေအင်အားဖြည့်တင်းနေပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပါဝင်လာပြီး မြို့အနီးပတ်ဝန်းကျင်ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တပ်ကစစ်ရေးပြင်ဆင်လာတဲ့အတွက် သ
တိပြုနေထိုင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကိုလည်း ဂရုစိုက်ဖို့ ကောလင်းခရိုင်အမှတ်(၄)
တပ်ရင်းက သတိပေးထားပါတယ်။

အကယ်၍စစ်တပ်က လေကြောင်းတိုက်ခိုက်ပါက တိုက်ခိုက်ခံရတဲ့နေရာကိုလူမှုကွန်ရက်ပေါ်မတင်ကြဖို့နဲ့တင်တဲ့သူကိုအရေးယူမယ်လို့ သတိပေးထားပါတယ်။ဒေသခံတွေအနေနဲ့လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်းတောင်းဆိုထားပါတယ်။

ဝန်းသိုမြို့နယ်နဲ့ကောလင်းမြို့နယ်ကြားမှာပြီး
ခဲ့တဲ့ဖေဖော်ဝါရီလက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ကောလင်းမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ သစ်ဖုလတောင်ကိုဝန်းသိုမြို့ထဲက ခမရ
(၁၀၁)နဲ့ ခမရ(၁၂၀)က အင်အား ၂၀၀ ခန့်ပို့ဆောင်ပြီး စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ၇ရက်က
ဖြစ်ခဲ့တဲ့တိုက်ပွဲမှာခမရ(၁၂၀)က တပ်ကြပ်
ကြီးထူးထူးနိုင်ဆိုသူအပြင်စစ်သား၇ဦးကို PDF​တွေကဖမ်းမိခဲ့ပါတယ်။ပြည်သူ့က
ာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှာထိခိုက်မှုရှိခဲ့သလို စစ်တပ်ကသေဆုံးမှုတွေလည်းများပြားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ ပင်လည်ဘူးမြို့နယ်ကိုပစ်မှတ်ထားပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဩဂုတ် ၁၆ရက်ကနေ သြဂုတ်၁၈ရက်နေ့အထိ သုံးရက်ဆက် လေကြောင်းက​နေဗုံးကြဲခဲ့တာ​ကြောင့်အရပ်သားဆယ်ဦးသေ
ဆုံးပြီး ၂ဝဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ သြဂုတ် ၁၉ ရက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတဲ့အတွက်ပြည်သူ​တွေသတိပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။
👍28🔥4🤬43🖕2🤣1
ဝန်သိုမြို့နယ်ရှိ ခလရ(၁၁၁)မှာ စစ်သား​တွေကို ၂၀၂၅ ​အောက်တိုဘာ ၁၀ ရက်က​
တွေ့ရစဥ်။ဓါတ်ပုံ-ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း
👍25🖕5👎3🔥2🤮2🤬1🫡1
ဆောမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းရ

ဩဂုတ်-၁၉ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

ဆောမြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ခရိုင်စစ်ဌာနတပ်ရင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန်မှာ လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရခဲ့တာလို့ ဆိုပါတယ်။

သိမ်းရခဲ့တဲ့လက်နက်တွေက MA-1 ၅ လက်၊ MA-2 ၁ လက်၊ MA-3 ၂ လက်၊ RPG-7 စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ 5.56 ကျည် ၁၃၉ တောင့် နဲ့ G3 ကျည် ၁၀၉ တောင့် သိမ်းဆည်းရမိခဲ့တာလို့ အသိပေးပါတယ်။

ဒါအပြင် ဆောမြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ၁လကျော်အတွင်း ၃ကြိမ်မြောက် လက်နက်ခဲယမ်းတွေ ရရှိတာလို့ ဆိုပါတယ်။

ဆောမြို့နယ်မှာ လောင်းရှည်မြို့ကနေ ဆောမြို့ကို စစ်တပ်က စစ်ကြောင်းထိုးနေသလို ဆောမြို့နယ် ကျောက်ထုမြို့ကတဆင့် ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် နေ့စဉ် နီးပါးတိုက်ပွဲတွေ ဖြစ်နေပါတယ်။

" လောင်းရှည်နဲ့ ဆောမြို့ကြားကတော့လက်ရှိ စစ်ရေးအရ ပိုပြင်းထန်တယ်။နှစ်ဖက်ညှပ်၀င်‌နေတာမျိုးပေ့ါ။လောင်းရှည်ဘက်က စစ်ကြောင်းကို ကူဖို့ ဆောမြို့ကနေလည်း စစ်ကူဆင်းလာတာကြောင့်"လို့ ဆောမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဒါ့အပြင် စစ်တပ် စစ်ကြောင်းထိုးရာ လမ်းတလျှောက် အရပ်သားပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို မီးရှို့၊ လုယက်၊ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေ ကာကွယ်နိုင်ဖို့ ဆောမြို့နယ်အတွင်း ကာလရှည် ခုခံတိုက်ခိုက်နေဆဲလို့ ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အဓမ္မပေါ်တာဆွဲခံခဲ့ရပြီး ပါလာခဲ့တဲ့ စစ်မှုထမ်းတပ်သားတွေ အနေနဲ့လည်း မိသားစုနဲ့ ပြန်လည်ဆုံတွေ့လိုရင် အလင်းဝင်ရောက်ဖို့ တိုက်တွန်းထားပါတယ်။

အလင်းမဝင်ဘဲ တိုက်ပွဲအတွင်း ရင်ဆိုင်တွေ့ပါက ချေမှုန်းတာကို ခံရမယ်လို့ (PDF) စစ်ရုံးချုပ်က သတိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတာကြောင့် ပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

မေလဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄ (ကပစ ၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် (ကပစ ၂၅) ကနေ စစ်တပ်က စစ်ကြောင်း နှစ်ခုသုံးပြီး ပေါက်ကတဆင့် ကျောက်ထုမြို့ နဲ့ လောင်းရှည်ကတဆင့် ဆောမြို့ထဲကို ဝင်ရောက်ခဲ့ပါတယ်။

ကျောက်ထုက စစ်ကြောင်းက မင်းတပ်မြို့ကို ဦးတည်စစ်ဆင်နေပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်းထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁တွေက ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
👍4311👏3🥰2🖕2👎1🤣1
ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF
👍468🥰3👏3🤣2👎1🖕1
■​ဆောင်းပါး

ရခိုင်ပြည်၏ နာကျင် မှတ်တမ်း သို့မဟုတ် သွေးစွန်းခဲ့ရတဲ့ ဗျိုင်းဖြူရဲ့ "မေ၂၉"

- ခါကာဘို ရေးသားသည်။

“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း ထင်းရောင်းရင်းအသက်မွေးဝမ်း
ကျောင်း ပြုနေရတဲ့မဝင်းသန်းရဲ့ ဒီစကားက ရခိုင်ပြည်သူတွေရဲ့ လက်ရှိဘဝကို အကျဉ်း
ချုပ်ဖော်ပြနေတာပဲဖြစ်ပါတယ်။သူမအတွက်
“ရွာ” ဆိုတာအိမ်များ၊အမှတ်တရများ၊ မိသား
စုဝင်များနဲ့ တစ်သက်တာ တည်ဆောက်ခဲ့တဲ့ ဘဝတစ်ခုလုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။

ဒါပေမယ့် အေးချမ်းစွာ နေထိုင်ခဲ့တဲ့ ဗျိုင်းဖြူရွာလေးအတွက်၂၀၂၄ ခုနှစ် မေလ ၂၉ ရက်ဟာ ဒီရွာက ရွာသားအနည်းဆုံး ၇၀ ဦး အ
သက်ဆုံးရှုံးခဲ့ရတဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်ရဲ့အစ ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို The Diplomat က လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်တွေကနေ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အဲဒီနေ့ မနက်မှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး အာဏာသိမ်းစစ်တပ်က စစ်သားတွေအပြည့်လိုက်ပါလာတဲ့စစ်ကား ၆ စီးဟာ စစ်တွေမြို့ပြင်က ရခိုင်ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ ဗျိုင်းဖြူကျေးရွာထဲကို ဖြည်း
ညှင်းစွာ ဝင်ရောက်လာခဲ့ပါတယ်။သူတို့ ရွာထဲဝင်လာတဲ့အချိန်က မနက် ၈ နာရီဝန်းကျင်ပါ။ ဒါဟာ ရွာသားတွေအတွက် ထူးဆန်းတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ စစ်သားဟာ ပုံမှန်ဆိုရင် မွန်းလွဲပိုင်း၊ ညနေပိုင်း ဒါမှမဟုတ် ညဉ့်နက်ပိုင်းတွေမှာပဲ ရွာကို ဝင်ရောက်ကင်းလှည့် ဒါမှမဟုတ် စီးနင်းလေ့ရှိလို့ပါ။

အဲဒီနေ့မနက်က ရွာသားတွေအတွက် ပုံမှန်စစ်
ဆေးမှုတစ်ခုလိုထင်မှတ်ခဲ့ပေမယ့် နောက်ပိုင်း
မှာတော့ သူတို့ဘဝတွေ မိသားစုတွေရဲ့ ကံကြ
မ္မာကို ထာဝရပြောင်းလဲသွားစေမယ့် ကြောက်
မက်ဖွယ် ဖြစ်ရပ်တစ်ခုရဲ့အစ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဒီအဖြစ်အပျက်ကြီးက လွတ်
မြောက်လာသူ အမျိုးသမီး ၃ ဦးအပါအဝင် ရွာသား ၅ ဦး ကိုယ်တိုင် ပြန်လည်ပြောပြခဲ့တဲ့ သက်သေခံချက်တွေ ဖြစ်ပါတယ်။

စစ်ကားတွေကို ရွာအလယ်မှာရပ်ထားပြီး စစ်ကောင်စီတပ်သား ၂၀၀ ခန့် က အုပ်စုခွဲပြီး ရွာအနှံ့ စတင်ဝိုင်းပတ်ပိတ်ဆို့လိုက်ကြပါတယ်။ ရည်ရွယ်ချက်က လူဦးရေ ၂,၀၀၀ ခန့်ရှိတဲ့ ဒီ
ရွာကဘယ်သူမှထွက်မပြေးနိုင်အောင် ပိတ်
ဆို့‌နေကြခြင်းပဲဖြစ်ပါတယ်။

အဲဒီအချိန်မှာဘဲ အရာရှိငယ်တစ်ဦး ဦးဆောင်တဲ့ စစ်သား ၁၂ ဦးခန့်ပါဝင်တဲ့ တတိယအုပ်စုက လော်စပီကာတွေနဲ့ ရွာသားအားလုံးကို ရွာအလယ်မှာ မဆိုင်းမတွ လာရောက်စုဝေးကြဘို့ အမိန့်ပေးပါတယ်။

ရွာသားတွေအတွက်တော့ ဒီအမိန့်ဟာ စစ်
တပ်က ယခင်လည်း ပြုလုပ်နေကျ စစ်ဆေးမှုတစ်ခုလို့သာ ထင်ခဲ့ကြတာပါ။ ရခိုင်ဒေသက ကျေးရွာတွေမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးတာ၊ ရိုက်နှက်တာ၊ တော်လှန်ရေးအဖွဲ့များနဲ့ ဆက်စပ်သည်ဟု သံသယရှိသူတွေကို ဖမ်း
ဆီးခေါ်ဆောင်သွားတာတွေဟာ အသစ်အ
ဆန်း မဟုတ်တော့ပါဘူး။

စစ်သားများဟာသက်ကြီးရွယ်အိုများ၊မသနစွမ်းများနဲ့ ဝေဒနာရှင် ၁၂ ဦးခန့်ကို သေနတ်နဲ့ ချိန်ပြီး အိမ်များထဲမှ ဆွဲထုတ်ခဲ့ကြပါတယ်။ စစ်တွေမြို့ကို သွားဘို့ ပြင်ဆင်နေသူ ဆိုင်ကယ်စီးနင်းသူများနဲ့ နေ့စားလုပ်သားအချို့ကိုလည်း တားဆီးကာ ရွာထဲပြန်ဝင်ခိုင်းခဲ့ပါတယ်။

ဒီအထဲတွင်ပန်းချီဆရာကိုကျော်ကျော်အောင်လည်းပါဝင်ပါတယ်။သူကသူရေးဆွဲထားတဲ့ ပန်းချီကားတွေကို စစ်တွေမှာသွား ရောင်းချဘို့ ပြင်ဆင်နေချိန်မှာပဲ စစ်သားတွေက တား
ဆီးတာခံရပြီးသူရဲ့ပန်းချီကားတွေပါတဲ့ အိတ်နဲ့ ဆိုင်ကယ်ကို သိမ်းယူသွားကြပါတယ်။

မနက် ၉ နာရီလောက်မှာတော့ ရွာသားတွေကိုစုစည်းပြီး အမျိုးသားတွေကို သီးခြားခွဲထုတ် မျက်လုံးတွေကို အဝတ်နဲ့စည်း၊ လက်တွေကိုလည်း နောက်ပြန်ကြိုးတုပ်ထားခဲ့ပါတယ်။

အသက်အရွယ်မရွေး လူငယ်များအပါအဝင် အမျိုးသားပေါင်း ၈၀၀ ခန့်ကိုရွာပြင်ကလက်
ဖက်ရည်ဆိုင်အနီးသို့ မောင်းထုတ်ခဲ့ပြီး၊ ည
နေ ၆ နာရီမှာတော့ ရွာရဲ့အနောက်ဘက်စွန်းက နေရာတစ်ခုကို ထပ်မံ အတင်းအကျပ် ရွှေ့ပြောင်းစေခဲ့ပါတယ်။ အမျိုးသမီးများနဲ့ ကလေးများကိုတော့ ကျောက်ခင်းလမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ထိုင်ခိုင်းထားပါတယ်။ အဲဒီအချိန်အထိတော့ သူတို့ဟာ ဘာတွေဖြစ်လာမယ်ဆိုတာ မသိသေးကြပါဘူး။

“စစ်သားတွေက ကျွန်မတို့ရွာက လူတချို့ကို ဖမ်းဆီးစစ်ဆေးပြီးထောင်ချဖို့ပဲလုပ်နေတယ်လို့ ထင်ခဲ့တာပါ။ ဒီလိုကြောက်စရာကောင်းတဲ့အရာ ဖြစ်လာမယ်လို့ လုံးဝ မတွေးမိခဲ့ပါဘူး” လို့ သားဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ ရွာပြင်ကို ဖမ်းချုပ်မောင်းထုတ် ခံခဲ့ရတဲ့ လှလှခင် က ပြောပြပါတယ်။

ည ၇ နာရီလောက်မှာတော့ အခြေအနေဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ရွာအနောက်ဘက်ကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပြီး၊ အဲဒီအသံတွေဟာ အမျိုးသားတွေ ညှင်း
ပန်းနှိပ်စက်ခံနေရတဲ့ အသံတွေဖြစ်ကြောင်း နောက်ပိုင်းမှာရွာသားတွေသိရှိခဲ့ကြပါတယ်။

အဲဒီနောက် တစ်နာရီလောက်အကြာမှာတော့ သေနတ်သံတွေ စကြားရ‌တော့တာပါပဲ။

တစ်ချက်ပြီးတစ်ချက်။

ဒီသေနတ်သံတွေက နောက်တစ်နေ့ မနက် ၄ နာရီအထိ ဆက်ပြီးကြားနေရဆဲပါ။
👍236🤣2🖕2🔥1🤔1
အမျိုးသမီးတွေနဲ့ ကလေးတွေက လမ်းမပေါ်မှာ ကြောက်ရွံ့တုန်လှုပ်စွာ ထိုင်စောင့်နေရင်း၊ သူတို့ရဲ့ခင်ပွန်းတွေ၊ဖခင်တွေ၊သားတွေ ဘယ်
လိုအဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်နေရပြီလဲဆိုတာကို မသိနိုင်ဘဲ စိုးရိမ်ပူပန်မှုတွေနဲ့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။

"နောက်တစ်နေ့ အရုဏ်တက်ချိန်မှာ ရွာပြင်နဲ့ မီတာ ၁၀၀ လောက်ဝေးတဲ့သင်္ချိုင်းကနေ မီး
ခိုးတွေ ထွက်လာတာကို ကျွန်မတို့ မြင်ခဲ့ရပါတယ်။အဲဒီအခါကြမှ ရွာသားတော်တော်များများ အသတ်ခံလိုက်ရပြီဆိုတာကို ကျွန်မတို့ သဘောပေါက်လိုက်တာပါ" ဟု ဖခင်ဖြစ်သူ ထိုညက သတ်ဖြတ်ခံခဲ့ရတဲ့ မဝင်းသန်းက ထိုအဖြစ်အပျက်ကို ပြန်လည်ပြောပြပါတယ်။

"သူတို့ရဲ့ အလောင်းတွေကို သင်္ချိုင်းမှာ မီးရှို့နေတာပါ"

ကျောက်လမ်းမပေါ်မှာတော့ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ စိုးရိမ်စွာစောင့်ဆိုင်းနေကြချိန် ဗျိုင်းဖြူရွာမှာ ခေတ္တနေထိုင်နေတဲ့ ပဲခူးမြို့သား ကုန်သည်တစ်ဦးဟာ သင်္ချိုင်းဘက်ကနေ ရွာအလယ်ကို လမ်းလျှောက်ပြန်လာတာကို သူတို့တွေ့သွားကြပါတယ်။ သူ့ကို မြန်မာလူမျိုးဆိုတာ သိရှိပြီး စစ်သားတွေက လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

လှလှခင်ရဲ့ ပြောပြချက်အရ အဲဒီကုန်သည်ဟာကြောက်လန့်တုန်လှုပ်နေပြီးအိမ်ကိုအမြန်ပြန်ဖို့ကိုပဲ ကြိုးစားနေခဲ့တာကြောင့် အမျိုးသ
မီးတွေက သူ့ကို တားပြီး ဘာတွေဖြစ်ခဲ့သလဲလို့ မေးမြန်းခဲ့ကြပါတယ်။

“အမျိုးသား ၇၀ လောက် အသတ်ခံလိုက်ရတယ်" လို့ သူက အလျင်အမြန်ပြောပြခဲ့ပါတယ်။

စစ်သားတွေက သူ့ကိုမြန်မာလူမျိုးဖြစ်လို့ လွှတ်ပေးခဲ့တယ်ဆိုတဲ့ စကားဟာ ရခိုင်ရွာ
သားတွေအတွက် ကြားရခက်၊ လက်ခံဖို့ ခက်ခဲလွန်းတဲ့ နာကျင်စရာ အမှန်တရားတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီမနက်ကြမှသာ ရွာသားတွေဟာ ညကဖြစ်ပျက်ခဲ့တဲ့ ကြောက်မက်ဖွယ် အစုလိုက်
အပြုံလိုက် သတ်ဖြတ်မှုရဲ့ အတိုင်းအတာ ဘယ်လောက်ထိ ကြီးမားခဲ့သလဲဆိုတာကို
စပြီးသိရှိသွားကြတာ ဖြစ်ပါတယ်။

ဒီရွာလေးကမိသားစုတွေရဲ့ဖခင်တွေ၊ ခင်ပွန်းတွေ၊ သားတွေ စုစုပေါင်း အမျိုးသား ၇၀ ခန့် အသတ်ခံခဲ့ရပါတယ်။

တချို့ကတော့အကြိမ်ကြိမ် ရိုက်နှက်ခံရပြီး ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရပါတယ်။

အလောင်းတွေကိုတော့ သင်္ချိုင်းနဲ့ ရေကန်အနီးမှာ မြှုပ်နှံခဲ့ကြသလို၊ တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီညဟာ ဗျိုင်းဖြူရွာအတွက်သာမက ရခိုင်ပြည်သူတွေရဲ့ မှတ်ဉာဏ်ထဲမှာပါ ဘယ်တော့မှ မပျောက်ကွယ်နိုင်တဲ့နာကျင်ဖွယ် သွေးစွန်း
ညတစ်ညအဖြစ် ကျန်ရစ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်နောက်ကွယ်မှာ ရခိုင်ပြည်
နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအ
နေ၊ စစ်ကောင်စီနဲ့ အာရရက္ခတပ်တော် (AA) တို့ကြား အပြင်းအထန်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ရက္ခိုင့်တပ်တော်ရဲ့အောင်ပွဲတွေ၊ ဒေသ
ခံပြည်သူတွေအပေါ် စစ်ရေးဖိအားပေးမှုတွေ ရှိနေခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အစောပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်အတွင်း အရှိန်အဟုန်နဲ့ ထိုးစစ်ဆင်လာခဲ့ပြီး မြို့နယ်အများအပြားမှာ စစ်တပ်ရဲ့ စခန်းတွေ၊တပ်ရင်း​တွေ၊ဌာနချုပ်​တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အထူးသဖြင့် ကျောက်တော်တိုက်ပွဲဟာ ရခိုင်စစ်ရေးသမိုင်းမှာ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ကျောက်တော်ဟာစစ်တွေမြို့နဲ့ ဆက်သွယ်ရေးအရ အရေးပါတဲ့ နေရာတစ်ခုဖြစ်သလို ရခိုင်အတွင်း စစ်ရေးအရလည်း အရေးကြီးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အကြီးအကျယ် ထိ
ခိုက်ဆုံးရှုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၃၀၀ နီးပါးဟာ ရက္ခိုင့်တပ်တော် (AA) ထံ လက်နက်ချ အညံ့ခံခဲ့ကြကြောင်း AA ဘက်ကပြောဆိုခဲ့ပါတယ်။

မြို့တော်စစ်တွေကတော့ စစ်ကောင်စီ ထိန်း
ချုပ်ထားနိုင်သေးတဲ့ ရခိုင်ပြည်ရဲ့ အရေးအပါဆုံးမြို့ဖြစ်ပြီး၊ ကုန်သွယ်ရေးအချက်
အချာအပြင် အိန္ဒိယရဲ့ ကုလားတန်စီမံကိန်း အဓိကဗဟိုချက်လည်း ဖြစ်ပါတယ်။ AA အနေနဲ့ စစ်တွေကို သိမ်းပိုက်နိုင်ခဲ့ရင် ရခိုင်တစ်ပြည်လုံးကို ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအရ အရေးပါတဲ့ အောင်ပွဲတစ်ခု ဖြစ်လာနိုင်သလို၊ စစ်ကောင်စီအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်စစ်တပ်ကစစ်တွေကို ဆက်လက်
ထိန်းချုပ်ထားနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ ဗျိုင်းဖြူရွာဟာ စစ်တွေမြို့အနီးမှာ ရှိနေတဲ့ ရွာတစ်ရွာဖြစ်တာကြောင့် စစ်ကောင်စီအတွက် သံသယဖြစ်စရာ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

လွတ်မြောက်လာသူတွေရဲ့ ပြောပြချက်အရ အမျိုးသားတွေကို စုစည်းထားတဲ့ ရွာအစွန်
အဖျားမှာ စစ်အရာရှိတွေက AA နဲ့ ပတ်သက်ပြီး ဒီရွာက အိမ်ထောင်စုတိုင်းဟာ AA ကို လစဉ် ကျပ် ၂,၀၀၀ စီ ပေးနေကြောင်း၊ ရွာကနေ AA အတွက်တပ်သားသစ်တွေရရှိအောင် ကူ
ညီပေးနေသလိုစစ်တွေမှာရှိတဲ့စစ်တပ်အခြေ
အနေတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်
အလက်တွေကို ပေးပို့နေကြောင်း စွပ်စွဲခဲ့ကြပါတယ်။

ဒါပေမယ့်ရွာသားတွေကတော့သူတို့ဟာ စစ်ပွဲထဲမှာ ပါဝင်ချင်လို့ မဟုတ်ဘဲ ရာစုနှစ်များစွာ နေထိုင်လာခဲ့တဲ့ ကိုယ့်မြေ၊ ကိုယ့်အိမ်မှာ အ
သက်ရှင်ဖို့ ကြိုးစားနေကြတဲ့ သာမန်ပြည်သူတွေသာ ဖြစ်တယ်လို့ ပြောကြပါတယ်။
👍223🤣2🖕2🤮1
“ကျွန်မတို့က လယ်လုပ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ ရိုးရိုးသာမန်လူတွေပါ။ ဘယ်သူနဲ့မှ စစ်တိုက်ချင်တဲ့သူတွေ မဟုတ်ပါဘူး” ဆိုတဲ့ ရွာသားတွေရဲ့ စကားတွေကို စစ်ကောင်
စီဘက်ကမကြားသလိုလျစ်လျူရှုခဲ့ပါတယ်။

အမျိုးသားတွေကို စုစည်းထားတဲ့နေရာမှာ စစ်အရာရှိတွေက "ကျောက်တော်တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သားတွေအတွက် လက်စား
ချေဖို့ လာခဲ့တာဖြစ်ကြောင်း" ပြောခဲ့တယ်လို့ လွတ်မြောက်လာသူတွေက ဆိုပါတယ်။

“ဒီရွာကို အမြစ်ပြတ်ဖျက်ဆီးပစ်မယ်” ဆိုတဲ့ စကားမျိုးကိုတောင် စစ်အရာရှိတစ်ဦးက ပြောခဲ့တယ်လို့ ခင်ခင်လှက ပြောပါတယ်။

ဒီစကားက ရွာသားတွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။ အကြောင်းကတော့ ရခိုင်ပြည်နယ်မှာ အရင်ကလည်း စစ်ဆင်ရေးတွေ ပြုလုပ်တိုင်း အရပ်သားတွေ ထိခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့လို့ပါပဲ။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားလာရတဲ့ ဒေ
သတစ်ခု ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းအတွင်း ရခိုင်ပြည်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စစ်ဆင်
ရေးတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီး ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ
တကာအဖွဲ့အစည်းတွေကလည်း အရပ်သားကာကွယ်ရေးအတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရခိုင်ဒေသဟာထပ်မံပြီးစစ်ရေးပဋိပက္ခရဲ့ဗဟို
ချက်‌တွေထဲကနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

လွတ်မြောက်လာသူတွေက ပြောကြားချက်အရ အမျိုးသား ၈၀၀ ခန့်ကို သုံးစုခွဲပြီး ဒူးထောက်ခိုင်းထား ခဲ့ပါတယ်။ သူတို့ရဲ့ မျက်
လုံးတွေကို ပိတ်ထားပေမယ့် ဘေးပတ်ဝန်း
ကျင်မှာ ဖြစ်ပျက်နေတာတွေကို အသံနဲ့ ခံစားနိုင်ခဲ့ကြပါတယ်။

စောတမနမူဆိုတဲ့ ကရင်အမျိုးသားတစ်ဦးကတော့ သူ့ကိုယ်တိုင် အဲဒီအချိန်မှာ ရှိခဲ့ပြီး “မျက်လုံးကို ပိတ်ထားပေမယ့် ဘာတွေဖြစ်နေတယ်ဆိုတာ ခံစားလို့ရတယ်။ ညနေစောင်းကစပြီးညှင်းပန်းနှိပ်စက်တာနဲ့သတ်ဖြတ်တာတွေ စခဲ့တယ်” လို့ ပြောပြပါတယ်။

ထွက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသားတချို့ ဖမ်းဆီးခံရပြီး ဓားနဲ့ထိုးခံရကာ ပစ်သတ်ခံခဲ့ရကြောင်းလည်း ပြောခဲ့ပါတယ်။

သူကိုယ်တိုင်လည်း KNLA နဲ့ ဆက်နွယ်သူတစ်ဦးလို့ သံသယထားခံခဲ့ရပေမယ့် အသက်ရှင်လွတ်မြောက် လာခဲ့ပါတယ်။ “ကျွန်တော် အသက်ရှင်ခဲ့တာ အင်မတန်ကံကောင်းလို့ပါ” ဆိုတဲ့ သူ့စကားဟာ အဲဒီညက ရင်ဆိုင်ခဲ့ရတဲ့ ကြောက်ရွံ့မှုကို ဖော်ပြနေပါတယ်။

သူဟာ စစ်တွေဆိပ်ကမ်းမှာ အလုပ်လုပ်နေသူတစ်ဦးဖြစ်ပြီး ဗျိုင်းဖြူရွာမှာရှိတဲ့ ရခိုင်ဗုဒ္ဓ
ဘာသာဝင် ဇနီးဖြစ်သူရဲ့ အိမ်မှာ ခေတ္တလာရောက်နေထိုင်နေသူ ဖြစ်ပါတယ်။ သူဟာ နံ
နက်စောစောမှာ မြန်မာကုန်သည်တစ်ဦးနဲ့အ
တူ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်နေသူ ၁၀၀ ခန့်နဲ့အတူ လွတ်မြောက်လာခဲ့ပေမယ့်၊ အဲဒီမတိုင်ခင်မှာတော့ ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီးမှ ပြန်လည်လွတ်မြောက် လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီမြန်မာကုန်သည်ရဲ့ ပြောပြချက်အရ ရေဆာလို့ ရေတောင်းခဲ့ကြတဲ့ ရွာသား ၁၂ ဦးခန့်ကို ရေမပေးဘဲ စစ်သားတွေက သူတို့ရဲ့ ကျင်ငယ်ရေကို ပလတ်စတစ်ပုလင်းထဲကနေ သောက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ငြင်းဆန်သူတွေကိုသေနတ်ဒေါက်တွေနဲ့ထိုးကြိတ်ရိုက်နှက်ခဲ့ပြီး၊ နှစ်ရက်အကြာမှာ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးဟာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါတယ်။

စစ်တပ်ကတော့ ULA တာဝန်ရှိသူတွေနဲ့ ဆက်
နွယ်မှုရှိတယ်လို့ သံသယရှိတဲ့ ရွာသား ၁၁ ဦးရဲ့ စာရင်းကို ကြိုတင်ပြုလုပ်ထားခဲ့ပြီး အဲဒီလူတွေကို သီးခြားခွဲထုတ် ဒူးထောက်ခိုင်းကာ တော်လှန်ရေးအဖွဲ့နဲ့ ဘယ်လိုဆက်နွယ်မှုရှိသလဲဆိုတာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် စစ်အရာရှိတွေဟာ သူတို့ရဲ့ ဖြေကြားချက်တွေကို လက်ခံကျေနပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။

“သူတို့ကို သံကြိုးတွေနဲ့ ရိုက်နှက်ပြီး နောက်
ဆုံး ပစ်သတ်လိုက်ကြပါတယ်။ အဲဒီထဲက ၄ ယောက်ဆိုရင် သေနတ်မပစ်ခင်ကတည်းက သတိလစ်နေကြပါပြီ” လို့ ပုသိမ်ထောင်မှာ ပျောက်ဆုံးသွားတဲ့ ဖခင်ဖြစ်သူကို ရှာဖွေနေတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဝင်းက ပြန်
လည်ပြောပြခဲ့ပါတယ်။ မောင်ဝင်းကိုယ်တိုင်လည်းစစ်တွေထောင်မှမလွတ်မြောက်မီ ၈ လကြာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဒါပေမယ့် ဗျိုင်းဖြူရွာသားတွေရဲ့ ဒုက္ခဟာ အဲဒီညမှာပဲ မပြီးဆုံးခဲ့ပါဘူး။ အမျိုးသားတွေကို ခေါ်ဆောင်သွားပြီးနောက်ကျန်ခဲ့တဲ့ အမျိုး
သမီးတွေနဲ့ ကလေးတွေဟာလည်း နောက်
ထပ် နှစ်ရက်နီးပါး လမ်းမပေါ်မှာ ပူပြင်းတဲ့နေရောင်အောက်မှာ အစာရေစာမရှိဘဲ ထိုင်စောင့်နေခဲ့ရပါတယ်။

အသက် ၂ နှစ်အရွယ် သားဖြစ်သူမှာ တက်ချင်တဲ့ လက္ခဏာတွေပြလာတာကြောင့် အိမ်ထဲခေါ်သွားခွင့်ပြုဖို့ တောင်းဆိုခဲ့တဲ့ အသက် ၂၀ကျော်အရွယ်အမျိုးသမီးတစ်ဦးကိုလည်း စစ်သားတွေက သေနတ်နဲ့ချိန်ရွယ်ခဲ့ပါတယ်။

“သက်ကြီးရွယ်အို အမျိုးသမီး ၃ ဦးနဲ့ ကလေး ၂ ဦး သတိလစ်သွားတာကို ကျွန်မ ကိုယ်တိုင် မြင်ခဲ့ရပါတယ်။ သူတို့ ဘာဖြစ်သွားလဲဆိုတာတော့ မသိနိုင်ခဲ့ပါဘူး” လို့ မဝင်းသန်းက ပြန်
လည်ပြောပြခဲ့ပါတယ်။

သူမက ဆက်ပြီး “ကလေးတွေအပါအဝင် လူအများအပြားဟာ အနီးအနားက မြောင်းရေတွေကို သောက်ဖို့ အတင်းအဓမ္မ ခိုင်းစေခံခဲ့ရပါတယ်” လို့ ဆိုပါတယ်။ ပူပြင်းတဲ့ နေ
ရောင်အောက်မှာ ကလေးငယ်တွေ ငိုကြွေးနေကြပေမယ့် အိမ်ထဲဝင်ပြီး ရေယူခွင့်၊ အစားအ
စာယူခွင့်တွေကို မရှိကြပါဘူး။
👍15🖕31🤬1😢1🤮1🤣1
ဒုတိယမြောက်နေ့မွန်းလွဲပိုင်းမှာတော့စစ်သား
တွေအတွက် အစားအစာနဲ့ ရေတွေ တင်
ဆောင်လာတဲ့ စစ်ကား ၂ စီး ထပ်မံရောက်ရှိလာပြီး ရွာအရှေ့ဘက်စွန်းက ကွင်းပြင်တစ်ခုမှာ အစားအစာတွေ ပြင်ဆင်စားသောက်‌နေကြပါတယ်။

ညနေပိုင်းရောက်တဲ့အခါမှာတော့ မီးတိုင်တွေ ကိုင်ဆောင်ထားတဲ့ စစ်သားအုပ်စုတွေဟာ အိမ်တွေထဲ ဝင်ရောက်ပြီး ပစ္စည်း လုယက်ကြပါတော့တယ်။ သူတို့ဟာ ရွာထဲက နေအိမ်တွေကို ဝင်ရောက် ရှာဖွေပြီး တန်ဖိုးရှိပစ္စည်းမှန်သမျှ ယူဆောင်သွားခဲ့ကြကြောင်း လွတ်
မြောက်လာသူတွေက ပြောပြခဲ့ပါတယ်။

ရွှေထည်၊ ငွေကြေး၊ ဖုန်း၊ ဆိုင်ကယ်၊ ဆိုလာပြားနဲ့ အိမ်သုံးပစ္စည်းတွေ အများအပြားကို ယူဆောင် သွားခဲ့ပါတယ်။

၃၀ ရက်နေ့ညမှာတော့ ပထမနေ့က ပုန်း
အောင်း လွတ်မြောက်ခဲ့တဲ့ အသက် ၂၀ ကျော်အရွယ် စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးကို ရှာတွေ့သွားကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးရဲ့ အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံခဲ့ရတယ်လို့ဆိုပါတယ်။ သူမရဲ့ အော်ဟစ်သံတွေကို ရွာသား‌တွေ ကြားနေရပေမယ့် ဘယ်သူမှ မကူညီရဲကြ မကူညီနိုင်ခဲ့ကြပါဘူး။ အဲဒီအချိန်မှာ လူတိုင်းဟာ ကိုယ့်အသက်ကိုယ် ကယ်ဖို့တောင် မသေချာတဲ့ အခြေအနေမှာ ရှိနေခဲ့ကြလို့ပါ။

ဗျိုင်းဖြူရွာက ခုလိုခါးသီးအကျည်းတန်းတဲ့ဖြစ်ရပ်ဟာ ဒီဒေသတစ်ခုထဲမှာသာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တော့မဟုတ်ပါဘူး။ လွတ်မြောက်လာသူတွေက စစ်တွေမြို့အနီးက ကျေးရွာ ၃၀ ခန့်ဟာလည်း အလားတူ စီးနင်းမှုတွေ၊ မီးရှို့မှုတွေ၊ အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှုတွေကို ကြုံတွေ့ခဲ့ရကြောင်း ပြောပြခဲ့ကြပါတယ်။

အမျိုးသားတွေကို ခေါ်ဆောင်သွားပြီးတဲ့နောက် ၃၁ ရက် မနက်ပိုင်းမှာအမျိုးသမီးတွေနဲ့ ကလေးတွေကို ၂ နာရီအတွင်း အိမ်ပြန်ပြီး လိုအပ်တဲ့ပစ္စည်းအနည်းငယ် ယူဆောင်ခွင့်ပေးခဲ့ပါတယ်။

စစ်ကားတွေပေါ် တင်ဆောင်ခံရပြီးတဲ့နောက် အမျိုးသမီး၊ ကလေးနဲ့ ကျန်ရှိနေတဲ့ လူအချို့ကို စစ်တွေမြို့အတွင်းရှိ ဘုန်းကြီးကျောင်းတွေမှာခိုလှုံနေထိုင်ခိုင်းခဲ့ပြီး၊အမျိုးသား ၆၀၀ မှ ၆၅၀ ခန့်ကိုတော့ သူတို့အတွက် နောက်
ထပ် မျှော်လင့်မထားတဲ့ ဒုက္ခနဲ့ ဆင်းရဲမှုအ
သစ်တွေကစောင့်ကြိုနေတဲ့စစ်တွေက စစ်ဌာ
နချုပ်ဘက်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

စစ်ဌာနချုပ်အတွင်းမှာ အမျိုးသားတွေကို လေဝင်ပေါက်အနည်းငယ်သာရှိတဲ့ အခန်းငယ် ၄ခုထဲ အတင်းအကျပ် ထည့်သွင်းထားခဲ့ကြောင်း လွတ်မြောက်လာသူတွေက ပြောပြခဲ့ပါတယ်။ လူအများကြီးကို နေရာကျဉ်းကျဉ်းထဲ ထည့်ထားတာကြောင့် ထိုင်ဖို့တောင် ခက်ခဲခဲ့ပါတယ်။ နောက်တစ်နေ့မှာ ထမင်းနဲ့ ရေအနည်းငယ်ပေးပြီး စစ်တပ်အရာရှိတွေ အုပ်စုလိုက်ရှေ့စစ်‌ကြောရေး ဆက်လုပ်ကြပါတယ်။

အဲဒီအချိန်မှာသက်ကြီးရွယ်အိုတွေ၊နာမကျန်းဖြစ်သူတွေ၊ မသန်စွမ်းသူတွေနဲ့ ဆရာ ၃ ဦးအပါအဝင် လူ ၁၀၀ ကျော်ကို သီးခြားခွဲထုတ်ခဲ့ပြီး နောက်တစ်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒါပေမယ့် ကျန်ရှိနေသူတွေကတော့ ရွာမှာ မေးမြန်းခဲ့တဲ့ AA ကို ထောက်ပံ့မှုတွေနဲ့ ပတ်
သက်တဲ့ မေးခွန်းတွေကို ထပ်မံဖြေဆိုရင်း စစ်ဆေးခံခဲ့ရပါတယ်။ စစ်တွေထောင်ကို မပို့မီမှာလည်း သံချောင်းတွေနဲ့ သံကြိုးတွေသုံးပြီး ရိုက်နှက်ခံရတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ထပ်မံ ရင်ဆိုင်ခဲ့ကြရတယ်လို့ ဗျိုင်းဖြူရွာ
သား တစ်ဦးဖြစ်တဲ့ထွန်းလှကစစ်တွေထောင်အတွင်း သူကြားသိခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

“AA နဲ့ ဆက်နွယ်တယ်လို့ ယုံကြည်ခံရတဲ့ လူတချို့ဟာ ပိုပြီး ညှင်းပန်းခံခဲ့ရပါတယ်။ အဲဒီထဲက နှစ်ယောက်ဟာ စစ်တွေထောင်ထဲမှာပဲ သေဆုံးသွားခဲ့ပါတယ်”လို့ သူကပြောခဲ့ပါတယ်။

ဒါပေမယ့် ထူးခြားတာက စစ်တွေထောင်ထဲမှာတော့အချို့ရဲတပ်ဖွဲ့ဝင်တွေကစစ်သားတွေထက် ပိုကရုဏာရှိခဲ့ကြောင်း အကျဉ်းသားဟောင်းတွေက ပြောပြခဲ့ပါတယ်။ နာမကျန်းသူတွေကို ဆေးပေးတာ၊ ဒဏ်ရာရသူတွေကို ကူညီတာ၊ အစားအသောက် ပေးတာတွေ ရှိခဲ့ပါတယ်။ ဒါဟာ စစ်ပွဲအတွင်း လူတစ်ဦးချင်းစီရဲ့ လူသားဆန်မှုက ဘယ်လောက်အရေး
ကြီးသလဲဆိုတာ ပြသတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဗျိုင်းဖြူရွာက အမျိုးသမီးနဲ့ ကလေးတွေဟာ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ရင်း ကိုယ့်ဘဝကိုယ်ပြန်တည်ဆောက်
ဖို့ ကြိုးစားနေခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အတွက် ဘုန်းကြီးကျောင်းဆိုတာ လုံခြုံရာအိမ်တစ်ခု မဟုတ်ပဲ ထွက်ပြေးဖို့ကြိုးစားရင် ညှာမှာမဟုတ်ဘူးလို့ ခြိမ်းခြောက်ခံထားရပါတယ်။ ဘုန်းကြီးကျောင်းတွေမှာ လူတွေ အ
လွန်များပြားလာတာကြောင့် အချို့မိသားစုတွေဟာ ယာယီတဲတွေထဲမှာ နေထိုင်ခဲ့ကြရပါတယ်။

တစ်ချိန်က ကိုယ့်အိမ်၊ ကိုယ့်ရွာနဲ့ စနစ်တကျနေထိုင်ခဲ့တဲ့ သူတွေဟာ ရုတ်တရက် အနာ
ဂတ် မသေချာတော့တဲ့ စစ်ဘေးရှောင်တွေအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့ကြရပါတယ်။

ဒီလိုနဲ့ စစ်တွေကနေ ထွက်ပြေးဖို့ အစီအစဉ်တွေ တဖြည်းဖြည်း စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

မိုးမိုးအေးဆိုတဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့ ခင်ပွန်းဟာဗျိုင်းဖြူရွာမှာသေဘေးက လွတ်
မြောက်ခဲ့ပေမယ့် ပြင်းထန်တဲ့ ရိုက်နှက်ဒဏ်
ရာတွေ ရခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီအချိန် သူမရဲ့ သားတစ်ဦးလည်း ထောင်ထဲကို ရောက်နေခဲ့ပါတယ်။ ခင်ပွန်းနဲ့သား ဒီလိုအခြေအနေမှ နာကျင်မှုကြားမှာပဲ သူမဟာ အသက်ရှင်ဖို့နည်းလမ်း ရှာဖွေခဲ့ရပါတယ်။
👍166😢3🤮1🤣1🖕1
“အမျိုးသမီးနှစ်ယောက် စစ်တွေက ထွက်
ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်း
ကြားတဲ့အခါ ကျွန်မလည်း ထွက်ပြေးဖို့ စဉ်း
စားခဲ့ပါတယ်”လို့ မိုးမိုးအေးကပြောပါတယ်။

ဒါပေမယ့်ထွက်ပြေးဖို့ဆိုတာလွယ်ကူတဲ့ ဆုံး
ဖြတ်ချက်တော့ မဟုတ်ပါဘူး။ စစ်တွေမြို့အပြင်ဘက်မှာမြေမြှုပ်မိုင်းတွေရှိနေပါတယ်။ စစ်ဆေးရေးဂိတ်တွေကို ရှောင်ရပါတယ်။ လမ်းမသိတဲ့နေရာတွေမှာ အန္တရာယ်ကြားက သွားရပါတယ်။ အောင်မြင်ရင် အသက်ရှင်နိုင်ပေမယ့် ဖမ်းမိရင် ဘာဖြစ်သွားမလဲ ဆိုတာက မတွေးရဲစရာပါ။

နောက်ဆုံးမှာတော့၂၀၂၄ ခုနှစ်စက်တင်ဘာ
လ ၂ ရက်ညမှာ မိုးမိုးအေးနဲ့ အခြားအမျိုး
သမီးတွေ၊ ကလေးတွေအပါအဝင် လူ ၁၈ ဦးဟာ စစ်တွေကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ည ၈ နာရီခန့်မှာဘုန်းကြီးကျောင်းကနေ တိတ်
တဆိတ် ထွက်ခွာခဲ့ကြပြီး အမှောင်ထဲမှာ၊ ကြောက်ရွံ့မှုတွေနဲ့၊ အသံမထွက်အောင် ကြိုးစားရင်း သူတို့ဟာ လွတ်မြောက်ရာလမ်းကို စတင်ခဲ့ကြပါတယ်။ ၁၂ နာရီကြာ လမ်း
လျှောက်အပြီး နောက်ဆုံးမှာ AA ထိန်းချုပ်နယ်မြေကို ရောက်ရှိခဲ့ကြပါတယ်။

အဲဒီအချိန်မှာ သူတို့အတွက် လွတ်မြောက်ခြင်းဆိုတာ အောင်ပွဲတစ်ခုလို ခံစားရမှာပါ။ ဒါပေမယ့် သူတို့နောက်မှာ ဗျိုင်းဖြူရွာက သူတို့ရဲ့မီးလောင်ပျက်စီးနေတဲ့အိမ်တွေ၊ ပျောက်ဆုံး‌နေတဲ့ မိသားစုဝင်တွေ၊ လူသတ်ပွဲနဲ့ အကြမ်းဖက်ခံရမှုအိပ်မက်ဆိုးတွေက လိုက်လာနေဆဲပါ။

နောက်ပိုင်းမှာ ဗျိုင်းဖြူရွာသား ၄၀၀ ခန့်ဟာ AA ထိန်းချုပ်နယ်မြေတွေကို ထွက်ပြေးရောက်ရှိခဲ့ကြပြီး စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ခဲ့ကြရင်း တချို့က နေ့စား၊ တချို့က ထင်းရောင်း၊ တချို့က စခန်းထဲမှာ ဆိုင်ငယ်လေးတွေဖွင့်ပြီး ဘဝကို ပြန်စတင်ဖို့ ကြိုးစားနေကြပါတယ်။

ဗျိုင်းဖြူရွာဖြစ်ရပ်က ဒီဒေသမှာခံစားနေရတဲ့ အလားတူဇာတ်လမ်း‌တွေထဲက အခန်းတစ်ခန်းသာ ဖြစ်ပါတယ်။

ဒီနေ့ ရခိုင်ပြည်သူတွေဟာ ဆုံးရှုံးနာကျင်မှုတွေ အများကြီးကို ထမ်းပိုးရင်းနဲ့ပဲ မနက်ဖြန်အတွက် မျှော်လင့်ချက်တွေကို ဆက်ပြီး ကိုင်
ဆွဲထားကြပါတယ်။အာရက္ခတပ်တော် (AA) ကလည်း "ရခိုင်ပြည်သူတွေ ကိုယ့်ကံကြမ္မာကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီး လွတ်လပ်၊ တရားမျှတတဲ့ သာယာဝပြောတဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်ဖို့" အားစိုက် ကြိုးပမ်းနေတယ်လို့ အခိုင်အမာ ထုတ်ဖော်ပြောဆိုထားပါတယ်။ ။

ကိုးကား - The Diplomat
👍22😢73🖕2🤮1🤣1
စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့ဗျိုင်းဖြူရွာမှလွတ်​မြောက်ခဲ့တဲ့​ဒေသခံအချို့ / ဗျိုင်းဖြူရွာကို Google Earth မှာ​တွေ့ရပုံ/စစ်​​​တွေမြို့ကို ​မြေပုံ​ပေါ်​တွေ့ရစဥ်။
ဓါတ်ပုံ-The Diplomat
👍23😢5🤬4🖕2🔥1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၁၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရန်ကုန်မှာ ခွင့်ပြုချက်မဲ့ တိုက်​ဆောက်လို့ဆိုပြီး အများအပြားဖမ်းဆီးစစ်​ဆေးခံ​​နေရ

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ အဆောက်အအုံတွေကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တယ်ဆိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇ ဦးနဲ့ ကန်ထရိုက်တာ ၁ဦးကို စစ်တပ်ရဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန-စသုံးလုံးက ဖမ်း
ဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။ စမ်းချောင်းမြို့နယ်မှာရှိတဲ့ ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လက်ဆောင်ကုန်း(မြောက်)၊ မုန့်လက်ဆောင်ကုန်း(တောင်)၊ သံတံတားရပ်ကွက်၊ လင်းလွန်း(မြောက်)၊ လင်းလွန်း(တောင်) ရပ်ကွက်တွေမှာ စစ်တပ် လက်အောက်ခံ စည်ပင်သာယာရေးကော်မတီ-စည်ပင်ကို ဆောက်လုပ်ခွင့်မတင်ဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီး လိုင်စင်မဲ့ ကန်ထရိုက်တိုက်တွေ ဆောက်လုပ်နေတာလို့ စုံစမ်းသိရပါတယ်။ စမ်းချောင်းမြို့နယ်မှာ စစ်တပ် လက်အောက်ခံ စည်ပင်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ၃၂ လုံးခန့်ရှိပြီး အဲဒီအဆောက်အဦးအချို့မှာ ကြိုပွိုင့်စနစ်တွေနဲ့ ရောင်းချထားပြီးသား အခန်းတွေလည်း ပါနေတယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီအဆောက်အအုံ ၃၂ လုံးကို တင်ဝင်းဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုတည်းက ဆောက်လုပ်တာဖြစ်တယ်လို့လည်း ​ဒေသခံတစ်ဦးက​ ပြောပါတယ်။

◾️စစ်ကိုင်းမြို့ပေါ် တိုက်ပွဲဖြစ်

စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနီးမှာ သြဂုတ် ၁၉ရက် ဒီနေ့မနက်ပိုင်းကစလို့ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ စစ်ကိုင်းမြို့တွင်းက ငါးထပ်ကြီးဘုရားအနီးမှာ စစ်ကိုင်းPDFဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာလို့ စုံစမ်းသိရပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မြို့ထဲဖြစ်ပြီး စစ်တပ်အထိုင်စခန်းတွေ ရှိသလို အမြဲကင်းပတ်နေတဲ့ နေရာလည်းဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတပ်တွေက စစ်ကိုင်းမြို့ထဲဝင်ပစ်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီ​​နေ့ ​နေ့လယ် ၁၂နာရီအထိ တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု​တွေရှိတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

◾️ဆားလင်းကြီးမှာ စစ်တပ် ဗုံးကြဲလို့ အမျိုးသမီး ၂ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး နောက်ထပ်အရပ်သားပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဩဂုတ် ၁၈ရက် မနေ့ ညနေ ၃နာရီခွဲမှာ ရေခါးကျေးရွာလယ်ခေါင်ကို ဂျက်ဖိုက်တာ၂စီးနဲ့ဗုံးကြဲခဲ့တာလို့ သိရပါတယ်။ ပြည်သူတွေက ကိုယ့်အလုပ် ကိုယ်လုပ်နေကြချိန်မို့ ရှောင်ချိန် မရလိုက်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲပြီးနောက်လည်း ဝမ်ပေါင်စီမံကိန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

◾️ဧရာဝတီရေဘေး ၂ဦး ထပ်မံ သေဆုံး

ဧရာဝတီတိုင်းအတွင်း ရေကြီးမှုမှာ ရေနစ်မြုပ်တဲ့ မြို့ပိုများလာပြီး သေဆုံးသူဦးရေလည်း တိုးလာသလို ပျောက်ဆုံးနေသူအချို့လည်း ရှိနေပါတယ်။ ဟင်္သာတမြို့နယ်က လဟာပကျေးရွာမှာ သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေ ရုတ်တရက်ဝင်ရောက်လာတဲ့အတွက် ပြည်သူတစ်ဦးရေနစ်သေဆုံးခဲ့သလို သြဂုတ် ၁၈ရက် မနေ့ကလည်း ငါးသိုင်းချောင်းမြို့နယ်အတွင်းမှာ ပြည်သူတစ်ဦးရေနစ်ပြီး ထပ်မံသေဆုံးခဲ့ပါတယ်။ ရေတွေက အခုဆို အဝေးပြေးလမ်းတွေမှာလည်းကျော်ကုန်ပြီး ရေကြည်၊ ငါးသိုင်းချောင်းဘက်လည်း မြို့ပေါ်ရပ်ကွက်တွေအထိ ရေမြုပ်တာလို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။ လူသေဆုံးတဲ့သတင်းတွေ ကြားနေရသလို ပျောက်နေတာတွေလည်းရှိတယ်လို့ သူက ဆိုပါတယ်။

◾️ဆောမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းရ

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က ဒီနေ့ ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။ ဆောမြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ခရိုင်စစ်ဌာနတပ်ရင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန်မှာ လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရခဲ့တာလို့ ဆိုပါတယ်။ ဆောမြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ၁လကျော်အတွင်း ၃ကြိမ်မြောက် လက်နက်ခဲယမ်းတွေ ရရှိတာလို့ ဆိုပါတယ်။

◾️ဝန်းသိုနယ် စစ်ရေးတင်းမာလာနိုင်​လို့ ပြည်သူတွေလုံခြုံရေး PDF သတိပေး
16👍5🖕2🔥1
အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်က ဝန်းသိုမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၁၁၁)၊ ခမရ (၁၂၀)ထဲကို လေကြောင်းကနေ အင်အားဖြည့်တင်းနေပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပါဝင်လာပြီး မြို့အနီးပတ်ဝန်းကျင်ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်တပ်က စစ်ရေးပြင်ဆင်လာတဲ့အတွက် သတိပြုနေထိုင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကိုလည်း ဂရုစိုက်ဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးထားပါတယ်။

◾️စစ်တပ်ရဲ့တပ်မ(၃၃) ဗန်းမော်မြို့ထိုးစစ်ဆင်ဖို့ဆိုပြီး သပိတ်ကျင်းမှာ စုဖွဲ့မှုလုပ်

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်မ(၃၃)ဟာ မန္တလေးမြို့ကနေ ကားအစီးရေ ၃၀ ကျော်နဲ့ ဒီနေ့ မနက်ပိုင်းက သပိတ်ကျင်းမြို့နယ်ဘက် ထွက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ တပ်မ(၃၃) လက်အောက်ခံ ခမရ-၁၁၆ တပ်ရင်း နဲ့ ခမရ-၁၁၉တပ်ရင်းတွေ ကားအစီးရေ ၂၅ စီးနဲ့ မတ္တရာမြို့နယ်ကဖြတ်ပြီး ဒီနေ့ နေ့လယ်ပိုင်းမှာ သပိတ်ကျင်းမြို့နယ်ကို သွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ (VOM)မှာလည်း မန္တလေးမြို့ အနောက်ဘက် ကမ်းနားလမ်းကနေ ဂျမ်ဘာကားတွေပါတဲ့ စစ်တပ်ယာဉ်တန်း မြောက်ဘက်ကို ဦးတည်ထွက်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် တပ်မ(၃၃)က တပ်တွေကို ဩဂုတ် ၁၈ရက် မနေ့က သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာက တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်း ကျောင်း(တတက-၁၃)ကို ရဟတ်ယာဉ်နဲ့ အင်အားပို့ထားတယ်လို့ သိရပါတယ်။

◾️စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ ချင်းတွင်းသပိတ်ကော်မတီ သတိပေး

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။ ဒီနေ့ သြဂုတ် ၁၉ ရက် မနက် ၁၁နာရီဝန်းကျင်မှာ မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကနေ စစ်တပ်ရဲ့ ဖလပ်မော်တော်၂၄စီး၊ တိုက်ခိုက်ရေးသင်္ဘော ၃စီးဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ကို စုန်ဆင်းလာတယ်လို့ သပိတ်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။ အဲဒီရေယာဥ်တွေဟာ ဧရာဝတီမြစ်ထဲထိသွားတာဖြစ်ပြီး ဘယ်ကို ကပ်လဲတော့မသိဘူးလို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။ အဲဒီယာဥ်တွေပေါ်မှာ ကရိန်းနဲ့ ယာဥ်ယန္တရားတွေ တင်ဆောင်လာတာ တွေ့ရပြီး ကျောက်စိမ်း၊ သစ်၊ ကျောက်မီးသွေးနဲ့ ပျက်စီးနေတဲ့ကားတွေ တင်ဆောင်လာတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ဆိုပါတယ်။

◾️မန္တလေးမှာ ဟင်းချိုမှုန့်မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါး အဖမ်းခံရ

မန္တလေးမြို့မှာ ဟင်းချိုမှုန့်တွေကို ကားနဲ့ မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါးကို ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သြဂုတ် ၁၇ ရက် ညနေ ၆ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်တနေရာမှာ ဘုန်းကြီးတစ်ပါး ကား​ကို ကိုယ်တိုင်မောင်းနေတဲ့အကြောင်း သတင်းရလို့ သွားရောက်စစ်ဆေးခဲ့ကြောင့် မြို့နယ် သာသာနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။ ဘုန်းကြီးဟာ ကားမောင်းရုံတင်မကဘဲ တရုတ်ထုတ် ဟင်းချိုမှုန့်အိတ်တွေ များစွာပါရှိတာ တွေ့ရလို့ ရဲကိုပါ အကြောင်းကြားပြီး စစ်ဆေးခဲ့တယ်လို့ ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်တာပါ။ အဲဒီဘုန်းကြီးဟာ ထီးချိုင့်မြို့နယ်ကျေးရွာတစ်ရွာကဖြစ်ပြီး အသက်( ၆၂)နှစ်၊ ဝါ(၁၂)ရှိကြောင်း၊ စစ်ဘေးကြောင့် မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်က ကျောင်းတိုက်မှာ သတင်းသုံးနေတယ်လို့ ​​ဖော်ပြပါတယ်။

◾️နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုတွေကို မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပူတင်ချီးကျူး
14👍6🔥2👏2
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရုရှား-မြန်မာ ဆက်ဆံရေး တိုးတက်လာတာကို ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်ကတည်းက ဆိုဗီယက်-မြန်မာ ဆက်ဆံရေးအဖြစ် စတင်ခဲ့တဲ့ ရင်းနှီးခင်မင်မှုဟာ တဖြည်းဖြည်း ဆက်တိုက် တိုးတက်လာခဲ့ပြီး မကြာသေးခင် နှစ်ပိုင်းတွေမှာတော့ အထူးယုံကြည်ရတဲ့ အခြေအနေမျိုးထိ ရောက်လာတယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။ ဩဂုတ် ၁၈ ရက်က ကရင်မလင်နန်းတော်မှာ မင်းအောင်လှိုင်ကို ဧည့်ခံတွေ့ဆုံတဲ့ အခါမှာ ပူတင်က ရုရှားနဲ့ မြန်မာတို့ဟာ နိုင်ငံတကာ အရေးကိစ္စတွေမှာလည်း တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။ မင်းအောင်လှိုင်က မနှစ်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအပြီး ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်တာ အပါအဝင် အကူအညီတွေ ပေးခဲ့တဲ့ ရုရှားကို ကျေးဇူးတင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါ​ပေမဲ့ မင်း​အောင်လှိုင်က မြန်မာနိုင်ငံ​ရေ​ဘေးသင့်တာကို​ပြောတဲ့အခါ နိုင်ငံ​အောက်ပိုင်းဖြစ်တဲ့ ဧရာဝတီတိုင်းမှာ​ ရေ​ဘေးသင့်တာကိုပဲ​ပြောပြီး ​ရေ​ဘေးဒဏ်ပိုဆိုးရွားစွာခံ​နေရတဲ့ စစ်ကိုင်းတိုင်းက ရေ​ဘေးအ​ကြောင်းကို​တော့ ချန်လှပ်​ပြောခဲ့တာ​ တွေ့ရပါတယ်။
💩13🤮3🤬21🔥1👏1
8👍5😁2🤣2