People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ငမိုးရိပ်တမံကနေ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ငမိုးရိပ်ရေထိန်းတံခါးအထိ ငမိုးရိပ်ချောင်းက ၄၇ မိုင်ခန့်ရှိတာမှာ အထက် ၂၂ မိုင်ကို၂၀၂၄ခုနှစ်မှာနှုန်းအနယ်တွေရှင်းလင်း
ခဲ့တယ်လို့ စစ်ကောင်စီက ဖေါ်ပြထားတာကို တွေ့ရပါတယ်။

ငမိုးရိပ်တမံအောက်က ရေဘယ်ဘက်ကို စီးသွားမလဲဆိုရင် တမံအောက်ပိုင်းက ရေဟာ
ငမိုးရိပ်ချောင်းရဲ့ ရေစီးကြောင်းနဲ့ ဆက်စပ်ပါတယ်။ ရန်ကုန်မြို့ရဲ့ရေလွှမ်းမိုးမှုနဲ့ ပတ်သက်
တဲ့ JICA ရဲ့ Greater Yangon လေ့လာချက်မှာလည်း ငမိုးရိပ်ချောင်းရဲ့ အလယ်ပိုင်းတစ်လျှောက်ကို ဖြစ်နိုင်ခြေရှိတဲ့ ရေလွှမ်းမိုးဧရိယာအဖြစ် လေ့လာထားပြီး ဒီရေမြင့်တက်မှုကလည်းရေလွှမ်းမိုးမှုအခြေအနေကိုအ
ကျိုးသက်ရောက်စေနိုင်ကြောင်းဖော်ပြထားပါတယ်။

ငမိုးရိပ်ချောင်းဟာငမိုးရိပ်တမံဘက်ကနေ အောက်ဘက်ကို စီးပြီးရန်ကုန်မြို့ထဲရောက်
လာတဲ့အခါငမိုးရိပ်ချောင်း၊ပုဇွန်တောင်ချောင်းအဖြစ် ဆက်စပ်နေပါတယ်။ JICA ရဲ့ ရေအရင်းအမြစ်ဆိုင်ရာလေ့လာချက်မှာလည်းငမိုးရိပ်ချောင်း နဲ့ ပုဇွန်တောင်ချောင်းတို့ဟာရန်ကုန်မြစ်ထဲကို ဝင်ရောက်တဲ့ ချောင်း
စနစ်ဖြစ်ပြီး ရန်ကုန်ရဲ့ မြစ်တွေဟာဒီရေသက်
ရောက်တဲ့ မြစ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ဒီရေကတော့အောက်ပိုင်း ရန်ကုန်မြစ်/ချောင်းစနစ်ဘက်က ရေအခြေအနေ ဖြစ်ပါတယ်။

ပုံမှန်အခြေအနေမှာ အပေါ်ပိုင်းမိုးရေ တွေဟာငမိုးရိပ်ချောင်းကနေ အောက်ဘက် ရန်ကုန်မြစ်ဆိုပြီး ရေစီးဆင်းပါတယ်။ ဒါပေမယ့် ပင်လယ်ဘက်က ဒီရေတက်လာတဲ့အချိန် မှာ အောက်ဘက်ရန်ကုန်မြစ်ရဲ့ ရေမျက်နှာပြင် မြင့်လာပါတယ်။ အဲဒီအချိန်မှာ အပေါ်ကနေ ငမိုးရိပ်ချောင်းထဲကို ရေများများဝင်လာရင် အောက်က ဒီရေကလည်း ရေမျက်နှာပြင်ကို မြင့်စေတဲ့အတွက် ချောင်းရေက ပုံမှန်လို အလွယ်တကူ မထွက်နိုင်တော့ပါဘူး။

ဒါကြောင့် မိုးရေ၊ ချောင်းရေ၊ ဒီရေ သုံးခု နဲ့အတူ မြို့ပြရေမြောင်းစနစ်ပါ ပေါင်းပြီး ရန်ကုန်ဟာ ရေလွှမ်းမိုးမှု ပိုဆိုးလေ့ရှိတာပါ။ တမံရေကျော်တာမပါခင်ကတည်းက ရေ
လွှမ်းလေ့ရှိတဲ့ရန်ကုန်အတွက် တမံရေပြည့်တော့မယ့်ကိစ္စက တကယ်ကို စိုးရိမ်စရာပါ။

တမံရေမှတ် ၁၀၅.၄၀၊ ၁၀၆၊ ၁၀၇ ပေ ဘယ်
လောက်မြန်မြန်တက်သလဲ၊ ရေဝင်နှုန်း ၄၉၇၅ ကုဗပေ/စက္ကန့် က တိုးလာလား၊ လျော့လာလား၊ ငမိုးရိပ်ချောင်းရေ အောက်ပိုင်းမှာ ချောင်းရေ မြန်မြန်တက်လာလား၊ ဒီရေအခြေ
အနေ - ရန်ကုန်မြစ်ဘက်မှာ ဒီရေမြင့်နေသ
လား။ ဒီ ၄ ခုထဲက အားလုံး မြင့်လာတာ ဆိုရင် ရေလွှမ်းမိုးမှုအတွက် စိုးရိမ်ရမှုက ပို လာပါလိမ့်မယ်။ မိုးလေဝသပညာရှင် ဦးဝင်းနိုင် နဲ့ တခြား မိုးလေဝသတွေကလည်း သြဂုတ်လ ၂၀ ရက်နေ့အထိ မိုးသည်းထန်မယ်လို့ ပြောထားပြီး မြို့ပြမြေနိမ့်ပိုင်း ရေဝပ်နိုင်မယ်လို့ ပြောထားပါတယ်။

JICA ရဲ့ လေ့လာချက်မှာလည်း ငမိုးရိပ်တမံရဲ့ ရေအပြည့် သိုလှောင်နိုင်စွမ်းဟာ ကုဗမီ
တာ ၂၂၂ သန်းခန့်ရှိတယ် လို့ တွေ့ရပါတယ်။ ငမိုးရိပ်တမံဟာ တမံအကြီးစားတစ်ခု ဖြစ်ပါတယ်။ဒါကြောင့် လက်ရှိအခြေအနေကို မထိတ်လန့်သင့်သေးပေမယ့် ပေါ့ဆမနေသင့်တဲ့ သတိထားရမယ့် အခြေအနေလို့ ယူဆရပါတယ်။ ။

ကိုးကား - Ngamoeyeik ID, JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)
👍244👎1🤣1
(၂၀၂၃ခုနှစ်၊အောက်တိုဘာလမှာငမိုးရိပ်တမံ​​ရေလျှံတာ​ကြောင့်လှည်းကူးမြို့နယ်ရှိအနိမ့်ပိုင်းရပ်ကွက်​တွေ​ရေကြီး​​နေစဥ်/ ငမိုးရိပ်​ရေ​​​​​လှောင်တမံ ပုံမှန်အ​ခြေအ​နေ ။
ဓါတ်ပုံ-RFA ၊ MDN ၊ စစ်​ကောင်စီ
👍252👎2🤣1
ကာလဝမ်းရောဂါသည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး Vibrio cholerae ဘက်တီးရီးယားပိုး ပါဝင်သည့် အစားအစာ သို့မဟုတ် ရေကို စားသောက်မိခြင်းကြောင့် ဖြစ်ပွားသည်။ ကာလဝမ်းရောဂါသည် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်ပြီး လူမှုကဏ္ဍဖွံ့ဖြိုးရေးကင်းမဲ့မှုနှင့် မညီမျှမှု ညွှန်းကိန်းအဖြစ်လည်း ရှိနေဆဲဖြစ်သည်။

🔴 ရောဂါလက္ခဏာများ

ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေကို စားသောက်ရာမှ ကူးစက်သည့် အလွန်ပြင်းထန်သော ရောဂါဖြစ်သည်။ ကာလဝမ်းရောဂါသည် ပြင်းထန်ပြီး ရေကဲ့သို ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါဖြစ်သည်။ ရောဂါပြင်းထန်လျှင် ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။

V. cholera ပိုးရှိသည့် လူအများစုမှာ ၎င်းတို့၏ မစင်တွင် ရောဂါကူးစက်ခံရပြီးနောက် (၁) ရက်မှ (၁၀) ရက်အကြား ပိုးရှိနေသော်လည်း ရောဂါလက္ခဏာ ခံစားရခြင်းမရှိပါ။ ထိုပိုးများသည် ပတ်ဝန်းကျင်သို့ ရောက်ရှိပြီး အခြားသူများကို ရောဂါကူးစက်စေနိုင်သည်။

ရောဂါလက္ခဏာရှိသူအများစုမှာ အပျော့စား သို့မဟုတ် အတန်အသင့်ဖြစ်ပွားသော လက္ခဏာများ ခံစားရသည်။ ရောဂါလက္ခဏာပြရန် ၁၂ နာရီမှ ၅ ရက်အကြား ကြာတတ်သည်။ လူနာအနည်းစုသာ အပြင်းအထန် ရေဓာတ်ခမ်းခြောက်သည့် ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါ ဖြစ်ပွားသည်။ ကုသမှုမရရှိပါက သေစေနိုင်သည်။



https://www.ludunwayoo.com/feature-mm/2026/08/15/165663/
🔥18👍164👎1🤣1
စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားအနီးတိုက်ပွဲဖြစ်

ဩဂုတ်-၁၉၊၂၀၂၆။နှင်း/People's Spring

စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားအနီးမှာ ဒီနေ့မနက်ပိုင်းကစပြီး အခုသတင်း​ရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်
လှန်ရေးတပ် တွေက ပြောပါတယ်။

သြဂုတ် ၁၉ ရက်မနက်ပိုင်းကစပြီး စစ်ကိုင်းမြို့တွင်းကငါးထပ်ကြီးဘုရားအနီးမှာစစ်ကိုင်းPDFဦးဆောင်တဲ့တော်လှန်ရေးပူး ပေါင်း
တပ် တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာလို့ စုံစမ်းသိရပါတယ်။

"အဲဒီနေရာကမြို့ထဲပဲလေ။စစ်ကောင်စီအထိုင်ဂိတ်တွေရှိတယ်။ပတ်ကင်းလည်းအမြဲရှိတဲ့ နေရာပဲ။မြို့ထဲဝင်ပစ်တဲ့ ပုံစံမျိုးပေါ့"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဒီ​​နေ့ ​နေ့လည်၁၂နာရီအထိ တိုက်ပွဲဖြစ် နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု​တွေရှိတယ်လို့ တော်လှန်ရေးတပ်တွေကဖြေကြားထားပါတယ်။

စစ်ကိုင်းPDFခေါင်းဆောင်ကိုစစ်ငြိမ်းနိုင်ကလည်း တိုက်ပွဲဖြစ်နေတာမို့ ပြည်သူ တွေစစ် ရေးသတိ ရှိကြဖို့ အသိပေးထားပါတယ်။

စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဟာ စစ်တပ်ရဲ့ တပ်မ၃၃၊အုန်း‌​တော-တကရ၆၀၀၅ အ
မြောက်တပ် တို့နဲ့လည်း အလှမ်းမဝေးဘူးလို့ သိရပါတယ် ။အဲဒီနေရာကိုတော်လှန်ရေးတပ်
တွေတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကိုင်း PDF တပ်ဖွဲ့ဟာ ​နွေဦး​တော်လှန်​ရေးတပ်​ပေါင်းစု-SRA မှာပါဝင်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ် ။စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ တပ်မ (၃၃) အထိုင်မြို့ဖြစ်သလို ၊တပ်မ (၃၃)လက်​အောက်ခံတပ်ရင်း​တွေဟာ ဇူလိုင်လမှာ စစ်ကိုင်းတိုင်းကပြန်လာပြီး ပြန်စုဖွဲ့ကာဒီ​နေ့မနက်မှာပဲ တပ်ဖွဲ့အချို့ဟာသပိတ်ကျင်းမြို့နယ် ၊တွင်းငယ်ဘက်ကို ကားအစီး ၃၀ ခန့်နဲ့ထွက်သွားတယ်လို့ စစ်​အုပ်စုပတွင်းကသတင်းရရှိပါတယ် ။
🥰31👍209🔥2👏1😁1🤣1🖕1
စစ်ကိုင်း PDF တပ်ဖွဲ့ဝင်အချို့(ပုံအ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-စစ်ကိုင်းPDF
🥰42👍147🔥1🤮1🖕1
ဧရာဝတီရေဘေး လူ ၂ဦး ထပ်မံသေဆုံး၊ ပျောက်ဆုံးနေသူတွေလည်းရှိ

ဩဂုတ်- ၁၉၊၂၀၂၆။ မိထက်/People's Spring

ဧရာဝတီတိုင်းအတွင်းရေကြီးမှုမှာ ရေနစ်မြုပ်တဲ့ မြို့ပိုများလာပြီ သေဆုံးသူဦးရေလည်း တိုးလာသလို ပျောက်ဆုံးနေသူအချို့လည်းရှိနေပါတယ်။

ဟင်္သာတမြို့နယ်က လဟာပကျေးရွာမှာ သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေရုတ်တရက်ဝင် ရောက်လာတဲ့အတွက် လူ ၁ဦးရေနစ်သေဆုံးခဲ့သလို သြဂုတ် ၁၈ရက်မှာလည်း ငါးသိုင်းချောင်းမြို့နယ်အတွင်း လူ ၁ဦးရေနစ်ပြီး ထပ်မံသေဆုံးခဲ့ပါတယ်။

" ရေတွေက အခုဆို အဝေးပြေးလမ်းတွေမှာလည်းကျော်ကုန်ပြီ။။ ရေကြည်၊ ငါးသိုင်းချောင်းဘက်လည်း မြို့ပေါ်ရပ်ကွက်တွေအထိ ရေမြုပ်တာ။ လူသေဆုံးတဲ့သတင်းတွေ ကြားနေရတယ်။ ပျောက်နေတာတွေလည်းရှိတယ်"လို့ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ ဒေသတွင်းမှာ ဩဂုတ်လ ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ မိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ ဩဂုတ်လ ၁၃ရက်ကစပြီး ရေပြန်တက်လာတာပါ။ မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရပါတယ်။တာကျိုးပေါက်ကို ဌာနဆိုင်ရာတွေက စက််ယန္တရားတွေနဲ့ ပိတ်ဆို့နေပေမယ့် အလုပ်မတွင်ဘဲ မပိတ်နိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်တပ်က တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။

ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေ‌ဘေးမှာ သြဂုတ် ၁၈ရက်အထိ ၄ဦးသေဆုံးထားပြီး ၂ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ယမန်‌နေ့ ဩဂုတ် ၁၈ရက်ကလည်း လေးမျက်နှာမြို့နယ်မှာ ၁၀နှစ်အရွယ်ကလေးငယ် ၁ဦး ရေနစ်ပျောက်ဆုံးနေလို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ အိုင်သပြုရဲစခန်းရှေ့မှာလည်း လူ ၄ဦး ရေစီးနှင့်မျောပါသွားခဲ့ပြီး ဒေသခံတွေအချင်းချင်း အချိန်မီကယ်ဆယ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဩဂုတ် ၈ရက်နဲ့ ၉ရက်မှာ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင် ဧရာဝတီတိုင်းကို လာရောက်ခဲ့စဉ်က ဧရာဝတီတိုင်းစစ်ကောင်စီ အဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာပြီး လေးမျက်နှာမြို့နယ်မှာ တာကျိုးစဉ်ကထက် ရေပိုများနေသလို ဟင်္သာတ၊ရေကြည်၊ငါးသိုင်းချင်း၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။

လက်ရှိမှာ နိုင်ငံအထက်ပိုင်းဒေသတွေမှာလည်း ရေဘေးကြုံတွေ့နေပါတယ်။ အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်ပြီး ဆည်တွေကနေရေလွှတ်ချတဲ့အတွက် စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်နှင့် ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၂၃ ခုမှာ အိမ်ထောင်စုပေါင်း ၁၁၁,၆၇၂ စု (သို့မဟုတ်) လူဦးရေ ၄၇၀,၆၄၈ ဦးခန့် ရေဘေးကြုံတွေ့နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီနေ့ သြဂုတ်လ၁၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရေဘေးအတွင်း သေဆုံးသူ ၂၈ ဦး၊ပျောက်ဆုံးသူ ၂ ဦးရှိတယ်လို့ MoSLHA က ထုတ်ပြန်ထားပါတယ်။
😢25👍63👎2🔥2🤣1
(ငါးသိုင်းချောင်းမြို့ပေါ် ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😢30👍102🔥2🤣1
မြန်မာနိုင်ငံမှာ စာသင်ကျောင်းဆောင်သစ် လာရောက်လှူဒန်းခဲ့တဲ့ ဂျပန် MMA ဖိုက်တာ တာခဲရု

သြဂုတ် ၁၉၊၂၀၂၆။သုည/People's Spring

One Championship ရဲ့ ဂျပန် ကစ်ဘောင်ဆင် ဖိုက်တာ တာခဲရုဟာ မြန်မာနိုင်ငံ တောင်ကြီးမြို့က အေးသာယာရပ်ကွက် ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်မှာ စာသင်ကျောင်းဆောင်သစ် လှူဒါန်းခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

တာခဲရုဟာ ပြီးခဲ့တဲ့ ၂၀၂၅ က ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ရဲ့ စာသင်ကျောင်းဆောင် ၃ ဆောင်တွဲ ဆောက်လုပ်ဖို့ လှူဒါန်းခဲ့တာ ဖြစ်ပြီး ၂၀၁၆ ဩဂုတ် ၁၈ ရက်က ပြုလုပ်တဲ့ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို တာခဲရု ကိုယ်တိုင်လာရောက်ခဲ့တာပါ။

“တာခဲရုက မနှစ်ထဲက ရွှေတောင်တန်းပရဟိတ ဘုန်းတော်ကြီး စာသင်ကျောင်း ဆောက်လုပ်ဖို့ ဆိုပြီး ဂျပန်ဖောင်‌ဒေးရှင်းနဲ့ ပူးပေါင်း လှူထားတာပါ။ မနေ့က လုပ်တဲ့ ကျောင်းဆောင်သစ်ဖွင့်ပွဲကိုလည်း သူကိုယ်တိုင် လာရောက်ခဲ့တာ ဖြစ်ပါတယ်။ သူက အရင်လည်း အာရှဘက်မှာ အခြားစာသင်ကျောင်းတွေ လှူဖူးတယ်လို့ သိရတယ်။ ပညာရေးနဲ့ ပတ်သက်ပြီး အမြဲလှူနေကြလို့ ကြားဖူးပါတယ်။ တကယ့်ကို စိတ်ထားကောင်းတဲ့ ဖိုက်တာတစ်ယောက်ပါ” လို့ တောင်ကြီးမြို့ခံ ပြည်သူတစ်ဦးက ဆိုပါတယ်။

တာခဲရုဟာ ဘုန်းတော်ကြီးသင် ကျောင်းမှာရှိတဲ့ ကလေးတွေနဲ့ စိတ်ခွန်အားဖြစ်အောင် တိုက်ခိုက်ရေးနည်းလမ်းအချို့ မျှဝေပေးခဲ့ပြီး အမှတ်တရလက်ဆောင်တွေလည်း ပေးအပ်ခဲ့တယ်လို့ တောင်ကြီးမြို့ခံအချို့က ပြောပါတယ်။

တာခဲရုအနေနဲ့ ယခင်က ဗီယက်နမ်၊ လာအို စတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေက မရှိနွမ်းပါးတဲ့ မြို့တွေမှာ စာသင်ကျောင်းတွေ ဆောက်လုပ် လှူဒါန်းခဲ့ဖူးကြောင်း ဂျပန်မီဒီယာတွေက ဖော်ပြရေးသားခဲ့ပါတယ်။

MMA ဖိုက်တာတစ်ယောက်အနေနဲ့ ရှာဖွေရရှိတဲ့ ငွေကြေးတွေနဲ့ ကလေးငယ်တွေရဲ့ အိမ်မက်တွေ အကောင်အထည်ဖော်နိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့က ၎င်းဆန္ဒဖြစ်ကြောင်း တာခဲရုက ဂျပန်မီဒီယာတစ်ခုနဲ့ အင်တာဗျုးမှာ ဖြေကြားခဲ့ပါတယ်။

အသက် ၃၅ နှစ်အရွယ် တာခဲရုဟာ One Championsh ရဲ့ ဖလိုင်းဝိတ်ကစ်ဘောက်ဆင် ချန်ပီယံဟောင်း တစ်ဦးဖြစ်ပြီး မြန်မာဖိုက်တာ သန့်စင်နဲ့ ထိုးသတ်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ကစားသမားဘ၀မှ အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။
32👍16🔥1
ဓာတ်ပုံ - CJ
👍3920🔥2
ဝန်းသိုနယ် စစ်ရေးတင်းမာလာနိုင်​လို့
ပြည်သူတွေလုံခြုံရေးအတွက် PDF သတိပေး

သြဂုတ်-၁၉၊၂၀၂၆။ရွှေပြည်စိုး/People's Spring

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေ
စိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေး
ရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အ
တွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က ဝန်းသိုမြို့အခြေစိုက် ခြေမြန်တပ်ရင်းခမရ (၁၁၁) ၊ ခမရ (၁၂၀)ထဲကို လေ
ကြောင်းကနေအင်အားဖြည့်တင်းနေပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပါဝင်လာပြီး မြို့အနီးပတ်ဝန်းကျင်ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တပ်ကစစ်ရေးပြင်ဆင်လာတဲ့အတွက် သ
တိပြုနေထိုင်ဖို့နဲ့ လေကြောင်းအန္တရာယ်ကိုလည်း ဂရုစိုက်ဖို့ ကောလင်းခရိုင်အမှတ်(၄)
တပ်ရင်းက သတိပေးထားပါတယ်။

အကယ်၍စစ်တပ်က လေကြောင်းတိုက်ခိုက်ပါက တိုက်ခိုက်ခံရတဲ့နေရာကိုလူမှုကွန်ရက်ပေါ်မတင်ကြဖို့နဲ့တင်တဲ့သူကိုအရေးယူမယ်လို့ သတိပေးထားပါတယ်။ဒေသခံတွေအနေနဲ့လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်းတောင်းဆိုထားပါတယ်။

ဝန်းသိုမြို့နယ်နဲ့ကောလင်းမြို့နယ်ကြားမှာပြီး
ခဲ့တဲ့ဖေဖော်ဝါရီလက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ဖူးပါတယ်။ကောလင်းမြို့နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ သစ်ဖုလတောင်ကိုဝန်းသိုမြို့ထဲက ခမရ
(၁၀၁)နဲ့ ခမရ(၁၂၀)က အင်အား ၂၀၀ ခန့်ပို့ဆောင်ပြီး စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ၇ရက်က
ဖြစ်ခဲ့တဲ့တိုက်ပွဲမှာခမရ(၁၂၀)က တပ်ကြပ်
ကြီးထူးထူးနိုင်ဆိုသူအပြင်စစ်သား၇ဦးကို PDF​တွေကဖမ်းမိခဲ့ပါတယ်။ပြည်သူ့က
ာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှာထိခိုက်မှုရှိခဲ့သလို စစ်တပ်ကသေဆုံးမှုတွေလည်းများပြားခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ ဝန်းသိုမြို့နဲ့ဆက်စပ်နေတဲ့ ပင်လည်ဘူးမြို့နယ်ကိုပစ်မှတ်ထားပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဩဂုတ် ၁၆ရက်ကနေ သြဂုတ်၁၈ရက်နေ့အထိ သုံးရက်ဆက် လေကြောင်းက​နေဗုံးကြဲခဲ့တာ​ကြောင့်အရပ်သားဆယ်ဦးသေ
ဆုံးပြီး ၂ဝဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။ သြဂုတ် ၁၉ ရက်မှာလည်းလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေတဲ့အတွက်ပြည်သူ​တွေသတိပြုကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်။
👍28🔥4🤬43🖕2🤣1
ဝန်သိုမြို့နယ်ရှိ ခလရ(၁၁၁)မှာ စစ်သား​တွေကို ၂၀၂၅ ​အောက်တိုဘာ ၁၀ ရက်က​
တွေ့ရစဥ်။ဓါတ်ပုံ-ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း
👍25🖕5👎3🔥2🤮2🤬1🫡1
ဆောမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းရ

ဩဂုတ်-၁၉ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

ဆောမြို့နယ်အတွင်း ထပ်မံစစ်ကြောင်းထိုးဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ခရိုင်စစ်ဌာနတပ်ရင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေးဝင်ရောက်ချိန်မှာ လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရခဲ့တာလို့ ဆိုပါတယ်။

သိမ်းရခဲ့တဲ့လက်နက်တွေက MA-1 ၅ လက်၊ MA-2 ၁ လက်၊ MA-3 ၂ လက်၊ RPG-7 စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ 5.56 ကျည် ၁၃၉ တောင့် နဲ့ G3 ကျည် ၁၀၉ တောင့် သိမ်းဆည်းရမိခဲ့တာလို့ အသိပေးပါတယ်။

ဒါအပြင် ဆောမြို့နယ်အတွင်း တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ၁လကျော်အတွင်း ၃ကြိမ်မြောက် လက်နက်ခဲယမ်းတွေ ရရှိတာလို့ ဆိုပါတယ်။

ဆောမြို့နယ်မှာ လောင်းရှည်မြို့ကနေ ဆောမြို့ကို စစ်တပ်က စစ်ကြောင်းထိုးနေသလို ဆောမြို့နယ် ကျောက်ထုမြို့ကတဆင့် ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် နေ့စဉ် နီးပါးတိုက်ပွဲတွေ ဖြစ်နေပါတယ်။

" လောင်းရှည်နဲ့ ဆောမြို့ကြားကတော့လက်ရှိ စစ်ရေးအရ ပိုပြင်းထန်တယ်။နှစ်ဖက်ညှပ်၀င်‌နေတာမျိုးပေ့ါ။လောင်းရှည်ဘက်က စစ်ကြောင်းကို ကူဖို့ ဆောမြို့ကနေလည်း စစ်ကူဆင်းလာတာကြောင့်"လို့ ဆောမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဒါ့အပြင် စစ်တပ် စစ်ကြောင်းထိုးရာ လမ်းတလျှောက် အရပ်သားပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို မီးရှို့၊ လုယက်၊ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေ ကာကွယ်နိုင်ဖို့ ဆောမြို့နယ်အတွင်း ကာလရှည် ခုခံတိုက်ခိုက်နေဆဲလို့ ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အဓမ္မပေါ်တာဆွဲခံခဲ့ရပြီး ပါလာခဲ့တဲ့ စစ်မှုထမ်းတပ်သားတွေ အနေနဲ့လည်း မိသားစုနဲ့ ပြန်လည်ဆုံတွေ့လိုရင် အလင်းဝင်ရောက်ဖို့ တိုက်တွန်းထားပါတယ်။

အလင်းမဝင်ဘဲ တိုက်ပွဲအတွင်း ရင်ဆိုင်တွေ့ပါက ချေမှုန်းတာကို ခံရမယ်လို့ (PDF) စစ်ရုံးချုပ်က သတိပေးပါတယ်။

အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတာကြောင့် ပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

မေလဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၂၄ (ကပစ ၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် (ကပစ ၂၅) ကနေ စစ်တပ်က စစ်ကြောင်း နှစ်ခုသုံးပြီး ပေါက်ကတဆင့် ကျောက်ထုမြို့ နဲ့ လောင်းရှည်ကတဆင့် ဆောမြို့ထဲကို ဝင်ရောက်ခဲ့ပါတယ်။

ကျောက်ထုက စစ်ကြောင်းက မင်းတပ်မြို့ကို ဦးတည်စစ်ဆင်နေပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်းထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁တွေက ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
👍4311👏3🥰2🖕2👎1🤣1