■ရစာတမ်းငယ်
"မြို့ပြမိခင်"
- အေးခိုင်ဦး ရေးသားသည်။
မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။
သားက အလုပ်သွားဖို့ အိမ်ကထွက်သွားတဲ့အချိန်မှာ “သတိထားသွားနော်” ဆိုတဲ့စကားကို အရင်ကလည်း မိခင်တိုင်း ပြောတတ်ကြပါတယ်။ အခုတော့ အဲဒီစကားမှာ အဓိပ္ပာယ်တွေက အများကြီးနဲ့ လေးနက်မှုများစွာနဲ့ ပါ။
“လမ်းမှာ သတိထား။
ဖုန်းကိုင်ထား။
ဘယ်နေရာရောက်ရောက် ပြော။
ညနက်အောင် မနေဘဲ ပြန်လာ။”
သားက တံခါးပိတ်ပြီး လမ်းပေါ်ဆင်းသွားတဲ့အချိန်ကစပြီး မိခင်ရဲ့စိတ်က အိမ်မှာမနေတော့ဘူး။ သားနောက်ကို လိုက်သွားပြီ။
လမ်းမကြီးပေါ်မှာလား။ ဘတ်စ်ကားပေါ်မှာလား။အလုပ်ခွင်ထဲမှာလား။ တခုခုကြောင့် အစစ်ဆေးခံနေရပြီလား။ မိခင်တစ်ယောက်ရဲ့ စိတ်က သားနဲ့အတူ အဲဒီနေရာတိုင်းကို လိုက်နေတယ်။
အရင်ကမြို့ပြဘဝဆိုတာအလုပ်သွား၊အလုပ်
ပြန်၊ ဈေးဝယ်၊ မိတ်ဆွေတွေနဲ့တွေ့၊အိမ်ပြန်
လာတဲ့ သာမန်ဘဝတစ်ခုပါ။ အခုတော့ “အိမ်ပြန်လာခြင်း”ကိုယ်တိုင်ကမိခင်တစ်ယောက်အတွက် ဆုတောင်းရတဲ့အရာဖြစ်လာပါတယ်။
ဖုန်းမြည်သံတစ်ချက်ဟာ အရင်က သာမန်အသံတစ်ခုပါ။ အခုတော့ မိခင်တွေက ဖုန်းမြည်တိုင်း ရင်ခုန်ကြတယ်။
“သားလား…”
မဟုတ်ဘူး။
တခြားသူတစ်ယောက်။
နောက်တစ်ကြိမ် ဖုန်းမြည်တယ်။
လက်ထဲကအလုပ်ကို ချထားပြီး ဖုန်းကို
အမြန်ကောက်လိုက်တယ်။
“သား…” အသံကြားရမှ အသက်ပြန်ရှူနိုင်တယ်။ “အမေ၊ အလုပ်ပြီးပြီ။ ပြန်လာနေပြီ…”
အဲဒီစကားလေးတစ်ခွန်းဟာ ဒီခေတ်မှာ မိခင်တစ်ယောက်အတွက် ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ သားတွေ သိနိုင်ကြပါ့မလား။
အပြင်ထွက်ရင်လည်း စိုးရိမ်ရတယ်။ အိမ်ထဲမှာနေရင်လည်း စိတ်မချရဘူး။ တံခါးအပြင်က အသံတစ်သံ၊ ကားတစ်စီးရပ်သံ၊ အိမ်ရှေ့မှာ လူစကားပြောသံတစ်ခုကအစ မိခင်တစ်ယောက်ရဲ့ ရင်ကို လှုပ်ခတ်စေတတ်တယ်။
“ဘယ်သူတွေလဲ…”
“ဘာဖြစ်လို့လဲ…”
“သားအကြောင်းလား
" သားကို လာခေါ်ကြတာလား…”
ဆိုတဲ့အတွေးတွေက အလိုလိုဝင်လာတတ်တယ်။
တချို့မိခင်တွေက သားတွေ အိမ်မှာမရှိတဲ့အချိန် တံခါးခေါက်သံကြားရင် မျက်နှာပျက်သွားကြရပြီ။ တချို့က သားအလုပ်သွားပြီး နာရီပေါင်းများစွာကြာတဲ့အထိ ဖုန်းကို လက်ကမချနိုင်ကြဘူး။
တချို့ကတော့ သားပြန်လာတဲ့အထိထမင်းမစားနိုင်ကြဘူး။ဒါဟာ ကြောက်ရွံ့မှုတစ်ခုတည်း မဟုတ်ဘူး။ မသေချာမှုမှာ နေ့စဉ်အသက်ရှင်နေရခြင်းပါ။
လူငယ်တွေကလည်း မလွယ်ပါဘူး။ သူတို့မှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ်။ အိမ်စရိတ်၊ မိဘစရိတ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ကျောင်းစရိတ်တွေ ရှိတယ်။ အလုပ်မသွားရင် ဝမ်းရေးက အခက်အခဲဖြစ်မယ်။ အလုပ်သွားရင်လည်း လမ်းခရီးက စိုးရိမ်စရာဖြစ်တယ်။တစ်ဖက်မှာ အနာဂတ်အတွက် စိတ်ပူရတယ်။ တစ်ဖက်မှာ ဒီနေ့အတွက်ပဲ ရှင်သန်ရတယ်။ လူငယ်တစ်ယောက်အတွက် “ဘယ်မှာအလုပ်လုပ်ရမလဲ” ဆိုတာထက် “ဘယ်လိုလုံခြုံအောင် အလုပ်သွားရမလဲ” ဆိုတာက ပိုကြီးမားတဲ့အခြေအနေတခုပါပဲ ။
တချို့လူငယ်တွေက အခွင့်အရေးရတာနဲ့ နိုင်
ငံခြားထွက်သွားကြတယ်။တချို့က တရား
ဝင် လမ်းကြောင်းနဲ့ ထွက်ကြတယ်။ တချို့ကတော့ အန္တရာယ်တွေကြားကနေ ထွက်ခွာဖို့ ကြိုးစားကြတယ်။
သားသမီးတွေ နိုင်ငံခြားရောက်သွားရင် မိခင်တွေ စိတ်ချသွားကြမယ်ထင်ရပေမယ့် တ
ကယ်တော့ အဲဒီစိတ်ပူမှုက ပုံစံပြောင်းသွားတာပါပဲ။ “အဲဒီမှာ အလုပ်ရပါ့မလား။” “နေစရာအဆင်ပြေပါ့မလား။” “ဖျားနာရင် ဘယ်သူကြည့်ပေးမလဲ။” “တစ်ယောက်တည်း ဘယ်လိုနေမလဲ။” "အဲဒီမှာရော တရားမဝင် နေထိုင်တာကြောင့် ဘယ်နေ့ အဖမ်းခံရမလဲ" အမေဆိုတာ သားသမီးအနားမှာရှိရင်လည်း ပူတယ်။ အဝေးမှာရှိရင်လည်း ပူတယ်။ သားသမီးဘယ်နေရာရောက်ရောက် မိခင်ရဲ့စိတ်က သူတို့နောက်မှာ အမြဲရှိနေတာပါ။
မြို့ပြမိခင်တွေမှာ အိပ်မက်ကြီးကြီးမားမား
မရှိတော့ဘူး။ အရင်ကလို သားက ဘွဲ့ရပြီး အလုပ်ကောင်းကောင်းရပါစေဆိုတဲ့ အိပ်မက်တွေက တဖြည်းဖြည်းပျောက်သွားပြီ။ နိုင်ငံခြားမှာအောင်မြင်ပါစေဆိုတာလည်းမရှိတော့ဘူး။ အခုတော့ ဆန္ဒက အရမ်းရိုးရှင်းသွားပါပြီ။ သား အိမ်ပြန်ရောက်ပါစေ။ ဒီနေ့ အန္တရာယ်ကင်းပါစေ။ မနက်ဖြန်လည်း အန္တရာယ်ကင်းပါစေ။ နောက်နေ့လည်း အန္တရာယ်ကင်းပါစေ။
ဒီလိုနဲ့ နေ့တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းလာကြတယ်။ တစ်ခါတလေ သားက အိမ်တံခါးဖွင့်ပြီး ဝင်လာတဲ့အခါ မှာ ဘာမှ ကြီးကြီးမားမားစကားမပြောနိုင်ဘူး။ “ပြန်လာပြီလား” လို့ပဲ ပြောနိုင်တော့တယ်။ ဒါပေမယ့် အဲဒီစကားရဲ့နောက်ကွယ်မှာ “အသက်ရှင်လျက် ပြန်လာတာ ကျေးဇူးတင်ပါတယ်သားရယ်” ဆိုတဲ့စကားတွေ ထောင်ပေါင်းများစွာ ရှိနေတတ်တာပါ။
သားကတော့ ပင်ပန်းလို့ ဖုန်းကိုချ၊ ထမင်းစားပြီး အိပ်ရာဝင်သွားပြီ။ မိခင်ကတော့ သားအိပ်နေတဲ့မျက်နှာကို ခဏကြည့်ပြီးမှ အခန်းထဲက ပြန်ထွက်လာတယ်။ တံခါးကို သေချာပိတ်တယ်။ နောက်တစ်နေ့အတွက် စိတ်ပူမှုဟာ ရင်ထဲမှာ။ မနက်ဖြန်လည်း သားအလုပ်သွားရဦးမယ် မနက်ဖြန်လည်း အမေက တံ
ခါးဝမှာ ရပ်ပြီး “သတိထားသွားနော်…” လို့ ပြောရဦးမယ်။
ဒီနေ့ မြို့ပြမှာ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းဟာ စောင့်မျှော်ခြင်းဖြစ်လာတာပါ။ ဖုန်းကို စောင့်တယ်။ တံခါးဖွင့်သံကို စောင့်တယ်။ ခြေလှမ်းသံကို စောင့်တယ်။ သားရဲ့ “အမေ” ဆိုတဲ့အသံကို စောင့်တယ်။ပြီးတော့ အသက်ရှင်လျက် အိမ်ပြန်လာမယ့် သားကို စောင့်တယ်။

🔥12👍11🙏2❤1🖕1
ဒါဟာ မြို့ပြမိခင်တစ်ယောက်ရဲ့ ဘဝပါ။ စစ်ပွဲတွေကြားမှာ သူမဟာ လက်နက်မကိုင်ထားပါဘူး။ နိုင်ငံရေးအာဏာလည်း မရှိပါဘူး။ မကျေနပ်မှုတွေ၊ မခံချင်စိတ်တွေထဲကနေ သူမမှာ ရှိနေတာ သားသမီးအတွက် ပူပန်တတ်တဲ့ မိခင်နှလုံးသားပါ။ပြီး တော့ “ဒီနေ့လည်း ဘေးကင်းပါစေ” ဆိုတဲ့ ဆုတောင်းတစ်ခုပဲ ရှိပါတယ်။ ။
👍23❤3🔥3🙏3🖕1
■ဆောင်းပါး
၆၂ လမ်းက စောင့်နေတဲ့မေမေ
ထွန်းညိုဦး၊ People's Spring
ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ "ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ"တဲ့။ သူ့သားလေး ပျောက်ဆုံးသွားတဲ့နေရာမှာ Tiktok လာရိုက်ပြီး အကူအညီတောင်းနေရှာတာပါ။
ပျောက်ဆုံးကြောင်းကိုသာတွင်တွင်ပြောနေပြီး သားရဲ့အချက်အလက်တွေ၊ ပျောက်ဆုံးနေရာအတိအကျတွေ၊ ဘယ်လိုပျောက်ဆုံးသွားခဲ့တယ်ဆိုတာတွေကို ထည့်မပြောနိုင်လောက်အောင် မိခင်ဟာ သားဇောနဲ့ ပျာယာခပ်နေရှာပါတယ်။ သူနဲ့ နီးစပ်သူတွေက Comment ကနေ ရှင်းပြကြတယ်။
သူ့သားဟာ သြဂုတ်လ ၁၀ ရက်ဝန်းကျင်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ၆၂ လမ်း၊ ထုံးဘို-မြစ်ငယ်လမ်းက ဆောက်တောဝရွာ အောင်စီကားဂိတ်အနီးမှာ ပျောက်ဆုံးသွားတာလို့ သိရတယ်။ သားဟာ မုံရွာအလုံကနေ မန္တလေးမြို့မှာ ယာဥ်နောက်လိုက် လာလုပ်နေတုန်း ပျောက်ဆုံးသွားခဲ့တာပါ။ ကားမောင်းတဲ့သူဖုန်းဆက်တော့မှ ပျောက်တဲ့အကြောင်း သိရတော့ မိခင်လည်း မန္တလေးကို အပြေး
အလွှား ရောက်လာခဲ့ရတယ်။ မိခင်ရောက်တော့လည်း ဘာလုပ်တတ်မှာတုန်း။ Tiktok ရိုက်ပြီး တင်ရတော့တာပေါ့။
Tiktok သုံးစွဲသူတွေကလည်း Share ပေးကြပါတယ်။ သို့ပေမဲ့ ကလေးသတင်း အစအနမရခဲ့ဘူး။ သားကို ခုထိမတွေ့သေးဘူး။ မိခင်ရင်ကွဲရပြီ။
အဲဒါနဲ့တင်မပြီးဘဲ ကလေးကို တွေ့ထားတယ်။ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီး မက်ဆေ့တွေပို့၊ ဖုန်းတွေဆက်ပြီး သားပျောက်မိခင်ကို လိမ်ကြတော့တာပါ။ "ခဏခဏ အလိမ်ခံနေရပါတယ်။ သားလေးကို ပြန်တွေ့ပြီဆိုပြီးတော့မှ ပြန်ပြီးသတင်းလွှင့်ခိုင်းပြီးတော့မှ မဟုတ်ဘဲ တွေ့လည်းမတွေ့ဘဲနဲ့ ကျမတို့ကို ခဏခဏငွေညှစ်ညှစ်နေပါတယ်။ စိတ်ညစ်လှပါပြီ ကျမလည်း။ စစ်မှုထမ်းဆွဲသွားရင်လည်း အမြန်ဆုံးအကြောင်းကြားပါ။"လို့ သားပျောက်မိခင်က Tiktok ကနေ ရင်ဖွင့်ခဲ့ပါတယ်။
တကယ်တော့ စစ်တပ်အာဏာသိမ်းပြီး စစ်မှုထမ်းပေါ်လာပြီးနောက်ပိုင်း ပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွားဖြစ်လာခဲ့တယ်။ ပေါ်တာဆွဲရောင်းစားသူတွေအပြင် ပျောက်ဆုံးသူရဲ့မိသားစုဝင်တွေဆီကိုလည်း လိမ်လည်ငွေညှစ်တာတွေ မကြာခဏ ဖြစ်ပေါ်လာခဲ့တယ်။ ပျောက်ဆုံးမိခင်ရဲ့ Post မှာ တစ်ယောက်ပြောပြထားတာဆိုရင် ရင်နာစရာပါ။
ရွာဘက်မှာ လူငယ်လေးတွေကို မန္ဆလေးကနေ ဆေးသုတ်ဖို့ဆိုပြီး လာခေါ်သွားတယ်။ စစ်တပ်ထဲ စစ်မှုထမ်း ရောင်းစားခံလိုက်ရတယ်။ မိဘတွေဆီကိုလည်း ဖုန်းဆက်ပြီး ပိုက်ဆံပေးရင် လွှတ်ပေးမယ်ဆိုလို့ မိဘတွေခမျာ ရှိသမျှ အိမ်တွေဝိုင်းတွေ ရောင်းချပေးလိုက်ကြတာ။ သို့ပေမဲ့ ပိုက်ဆံတွေသာ ပေးလိုက်ရပေမဲ့ လူတွေကတော့ ပြန်ရောက်မလာတော့ဘူးတဲ့။
စစ်မှုထမ်းနဲ့ပတ်သက်ပြီး တစ်တိုင်းပြည်လုံးက မိခင်တွေ သောကတွေ ဘယ်လောက်ရောက်ရောက်၊ မျက်ရည်တွေဘယ်လောက်ကျကျ အာဏာသိမ်း စစ်တပ်ကတော့ အဓမ္မစစ်မှုထမ်းခိုင်းလို့ ကောင်းတုန်းပါ။
အာဏာသိမ်းစစ်တပ်က တရုတ်အကူအညီနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တချို့ပြန်တောင်းရခဲ့သလို ၊တရုတ်-ရုရှား-အိန္ဒိယတို့ရဲ့ စစ်ရေး၊သံတမာန်ရေး၊ဘဏ္ဍာရေး အကူအညီ
တွေ လက်နက်နဲ့နည်းပညာအကူအညီတွေနဲ့ စစ်မှုထမ်းဥပဒေကိုအဓမ္မပြဌာန်းပြီး ၂၀၂၄ ဖေဖော်ဝါရီကစကာလူငယ်တွေ ဖိအားပေးစစ်မှုထမ်းခိုင်းလို့ရတဲ့ စစ်သားသစ်အင်အားနဲ့ ဆုံးရှုံးနယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းဖို့ကြိုးစားနေပါတယ် ။မြို့ပေါင်း ၂၀
ခန့်ပြန်ထိန်းချုပ်နိုင်ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှအပ နိုင်ငံတစ်ဝန်းခုခံမှုကောင်းတဲဒေသတွေမှ တော်လှန်ရေးအဖွဲ့တွေက ခုခံစစ်၊တန်ပြန်ထိုးစစ် ဆင်နွှဲတာကြောင့် စစ်တပ်ဟာ တိုက်ပွဲကာလရှည်ကြာလာတာနဲ့အမျှစစ်သားတွေသေဆုံးတာ ၊ဒဏ်ရာရတာ၊ထွက်ပြေးတာ ၊အလင်းဝင်တာလည်းများနေပါတယ်။
ဒါ့ကြောင့် စစ်တပ် အခုနှစ်ဆန်းပိုင်းကစ စစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာကို ရန်ကုန်လို ၊မိတ္ထီလာလိုမြို့ စတဲ့မြို့တွေမှာပါ ပေါ်တာဆွဲတာကို အတင့်ရဲစွာလုပ်လာပါတယ်။ ရခိုင်ပြည်နယ် ၊ချင်းပြည်နယ် ၊ စစ်ကိုင်း-ကချင်ပြည်နယ်အစပ် ၊မကွေးတိုင်း ၊ကရင်ပြည်နယ် ၊ ရခိုင်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီ-ပဲခူး-မကွေး စတဲ့ဒေသကတိုက်ပွဲတွေမှာ စစ်သားသစ်တွေကိုအဓိကသုံးပြီး အခုလပိုင်းအတွင်းတိုက်ပွဲတွေမှာ စစ်သားသစ်တွေသေဆုံး ဒဏ်ရာရတာ ထွက်ပြေးတာတွေအလွန်များနေတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ဒါကြောင့်စစ်တပ်က ပြည်သူ့စစ်လို့ခေါ်တဲ့ စစ်သားသစ်လိုအပ်ချက်ပိုများလာတာကြောင့် စစ်သားသစ်စုဆောင်းတာ ၊ပေါ်တာဆွဲတာတွေကိုတိုးလုပ်လာပါတယ် ။ ဒီအခြေအနေမှာ ပြည်သူတွေအနေနဲ့ လူငယ်တွေကို စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင်ပါးနပ်စွာနေကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်နေကြပါတယ် ။တဖက်မှာလည်း ပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးပိုကြပ်တည်းလာတာကြောင့် အလုပ် လုပ်နေရင်း အပေါ်က သားဖြစ်သူလို စစ်အုပ်စုရဲ့ ပေါ်တာဆွဲခံရတာကြုံရပြန်ပါတယ် ။

😢22❤7👍2🤮1🤣1
လာမယ့် စက်တင်ဘာလမှာဆိုရင် အပတ်စဥ် (၂၈)ကို စဖို့ ကြိုးစားနေပါပြီ။ ရန်ကုန်က အပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသအသီးသီးမှာလည်း ပေါ်တာဆွဲတာတွေ၊ အိမ်ပေါ်တက်ဆွဲတာတွေကို စစ်အုပ်စုက အတင့်ရဲပြီးပိုလုပ်လာပါတယ် ။အသက်မပြည့်သေးသူတွေေရော ၊အသက်ကြီးသူတွေကိုယ်ပါ ကိုယ်ရေးအချက်အလက်နဲ့အသက်ကို ပြင်ပြီး ပေါ်တာဆွဲနေတာပါ ။ ဒါ့ကြောင့် သားပျောက်မိခင်တွေလည်း များသထက်များလာခဲ့ပါပြီ။
မုံရွာအလုံက သားပျောက်မိခင်ကတော့ သားပြန်အလာကို ၆၂ လမ်းကနေ စောင့်နေတုန်းပါ။ "ကျမစောင့်နေပါတယ်။ သားကို အမြဲတမ်း မျှော်နေပါတယ်"လို့ မိခင်က ၆၂ လမ်းဘေးကနေ Tiktokကတဆင့် ပြောလိုက်ပါတယ်။ ။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #၆၂လမ်းကစောင့်နေတဲ့မေမေ
#မန္တလေး၆၂လမ်း #စောင့်မျှော်နေသောမိခင် #MotherWaitingAt62ndStreet
#62ndStreetMandalay #StoryOfHope #WaitingMother #MandalayStories

😢21👍7❤1🤮1🤣1
ဆားလင်းကြီးမြို့နယ် စစ်တပ် ဗုံးကြဲမှု အမျိုးသမီး ၂ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ
ဩဂုတ်၁၉၊၂၀၂၆၊ကတ်သရင်း/ People's Spring
စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ဆားခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဩဂုတ် ၁၈ရက် မနေ့က ညနေ ၃နာရီခွဲမှာ ဆားခါးကျေးရွာလယ်ခေါင်ကို ဂျက်ဖိုက်တာ၂စီးနဲ့ဗုံးကြဲခဲ့တာမို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။
"ကိုယ့်အလုပ် ကိုယ်လုပ် နေကြချိန်ပေါ့။ရှောင်ချိန်ကို မရလိုက်ဘူး။အရင်ကလိုတောင်မဝဲဘူး။တန်းကြဲသွားတာ။ရွာလည်ခေါင်ကိုပါ။အမျိုးသမီးနှစ်ဦးသေပြီး ဒဏ်ရာရတာက ၅ယောက် လောက်ရှိတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲပြီးနောက် ဝမ်ပေါင်စီမံကိန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
"လက်နက်ကြီး ၆လုံးပြီးမှ ရှောင်ရတာ။အဲတာကျ ရွာကမီးလောင် နေပြီ။မီးဝင်ငြိမ်းပြီးမှ ဒေသခံတွေထုတ်ရတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးလောင်မှုမှာ နေအိမ်၆လုံးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမရှိသလို စစ်ရေးလှုပ်ရှားမှု မရှိဘဲ စစ်တပ်က ကျေးရွာကို ဗုံးကြဲခဲ့တာဖြစ်ပြီး ဒေသခံတွေဟာ ထပ်မံဗုံးကြဲမှာ ကြောက်ပြီးရွာထဲကနေ ရှောင်တိမ်း နေကြတယ်လို့ သိရပါတယ်။

🤬27❤5👍2👎2👏1🎉1
■ဆောင်းပါး
ငမိုးရိပ်ရေလှောင်တမံ၊ ရန်ကုန်ရေပေးဝေရေးနှင့် ရေလွှမ်းမိုးမှု
-နောင်နာင် ရေးသားသည်
ငမိုးရိပ်တမံဟာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ တည်ရှိပြီး ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်တဲ့ ရေလှောင်တမံတစ်ခု ဖြစ်ပါတယ်။တမံဟာအမြင့် ၇၅ ပေ၊ အလျား ၁၅,၅၀၀ပေရှိပြီးရေလှောင်နိုင်စွမ်း ၁၈၀,၀၀၀ ဧကပေခန့်ရှိတယ်လို့ သိရပါတယ်။
ငမိုးရိပ်တမံက စိုက်ပျိုးမြေဧက ၃၀,၅၆၇ ခန့်ကို ရေပေးဝေသလို ရန်ကုန်မြို့အတွက်လည်း တစ်နေ့ကို ရေဂါလန် သန်း ၁၃၀ ခန့် ပေးဝေနေတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။သောက်သုံးရေပေးဝေရာမှာ အရေးကြီးတဲ့ ရေအရင်းအမြစ်တစ်ခုဖြစ်တယ်လို့လည်း ဖေါ်ပြထားတာကို တွေ့ရ ပါတယ်။
စစ်ကောင်စီရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရဲ့ Ngamoeyeik ID Facebook account က ၁၇.၈.၂၀၂၆ တင်ထားတဲ့ မှတ်တမ်းအရ ငမိုးရိပ်တမံရဲ့ရေပြည့်
မှတ် ၁၀၇ ပေ၊လက်ရှိရေမှတ် ၁၀၅.၄၀ ပေ၊
ကွာဟချက် ၁.၆၀ ပေ၊ ရေလှောင်ထားမှု ၁၆၄၀၀၀ ဧကပေ၊ မူလ ၁၈၀၀၀၀ ဧကပေ၊
ရေဝင်နှုန်း ၄၉၇၅ ကုဗပေ/စက္ကန့်
သြဂုတ် ၁၈ တင်ထားတဲ့ မှတ်တမ်းအရရေပြည့်မှတ် ၁၀၇ ပေ
လက်ရှိရေမှတ် ၁၀၅.၇၀ ပေ
ရေပြည့်ဖို့ ကျန် ၁.၃၀ ပေ
ရေလှောင်ပမာဏ ၁၆၇၀၀၀ ဧကပေ
မိုးရေချိန် ၁.၀၄ လက်မ
ရေမှတ်က တက်လာပါတယ်။
တစ်ရက်အတွင်း ၀.၃၀ ပေ (၃.၆ လက်မ) တက်လာတာကိုတွေ့ရပါတယ်။ရေပြည့်မှတ်က ၁၀၇ ပေ ဖြစ်တဲ့အတွက် အခုရေပြည့်ဖို့ ၁.၃၀ ပေပဲ ကျန်တော့ပါတယ်။ရေလှောင်ထားတဲ့ပမာဏလည်း တိုးလာပါတယ်။ ၃၀၀၀ ဧကပေ တိုးလာတာကိုတွေ့ရပါတယ်။
ရေပြည့်ပမာဏ ၁၈၀၀၀၀ ဧကပေကို ရာခိုင်
နှုန်းနဲ့တွက်ရင် အခု ၉၂.၈ ရာခိုင်နှုန်းခန့် ရောက်နေပါပြီ။အပြည့်ရောက်ဖို့ ၁၃,၀၀၀ ဧကပေခန့် ကျန်ပါတယ်။မိုးကလည်း ရွာထားပါတယ်။ အဲဒီကိန်းဂဏန်းတွေကို အခြေခံရင် လက်ရှိဟာ ရေပြည့်မှတ်နဲ့ တော်တော်နီးလာတဲ့အခြေအနေ ဆိုတာကို မြင်ရပါတယ်။
ငမိုးရိပ်ရဲ့ရေကူဆည်ဖြစ်တဲ့ မဟူရာတမံရဲ့ ရေပြည့်မှတ် ၂၁၆ ပေ၊ လက်ရှိရေမှတ် ၂၁၂.၁၀ လို့လည်း သိရပါတယ်။ဒီအခြေ
အနေကအခုလက်ရှိတမံအပေါ်ပိုင်းကရေအခြေအနေ ပါ။
၂၀၂၃ ခုနှစ်မှာ ငမိုးရိပ်တမံ ရေကျော်လို့ ရေ
ဘေးသင့်ဖူးပါတယ်။အဲဒီတုန်းက ငမိုးရိပ်တမံနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ “ရေဖောက်ချတော့မယ်” ဆိုတဲ့ သတင်းတွေ ပေါ်ပေါက်ခဲ့ပါတယ်။ငမိုးရိပ်တမံရဲ့ ရေပိုလွှဲမှာ ၂၀၂၃ အောက်တိုဘာ ၈ ရက် ည ၉ နာရီခန့်မှာ ရေ ၆.၁ ပေအထိ ကျော်စီးခဲ့တယ်လို့ သတင်းတွေက သိရပါတယ်။ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ တမံရေဆင်းဧရိယာနဲ့ တမံအောက်ပိုင်းမှာ မိုးများစွာရွာခဲ့ပြီး စုစုပေါင်းမိုးရေချိန် ၁၄.၉ လက်မ အထိ ရှိခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက်နေ့ သတင်းတချို့မှာ တမံရေမှတ်ဟာ ရေပြည့်မှတ် ၁၀၇ ပေကနေ ၁၁၁ ပေအထိ တက်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက်က စပြီး ငမိုးရိပ်ချောင်းအနီး လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ဖောင်ကြီးဘက်မှာ ရေဝင်ခဲ့ပြီး၊ အောက်တိုဘာ ၉ ရက်မှာ တမံရေပိုလွှဲ ၆ ပေ ၁၀ လက်မခန့် အထိ ရောက်ခဲ့တဲ့အချိန်မှာ ချောင်းတလျှောက်မှာရှိတဲ့ နေရာတချို့မှာ ရေအနက် ၃ ပေခွဲခန့်အထိ ဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတွေသိခဲ့ရပါတယ်။
အောက်တိုဘာ ၁၀ ရက်မှာတော့လှည်းကူးမြို့
နယ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာ ၂၅ ခုအထိ ရေကြီးခဲ့ပြီး အိမ်ထောင်စု ၁,၀၀၀ ကျော် ရေ
ဘေးသင့်ခဲ့ပါတယ်။လှည်းကူးမြို့ပေါ်တင် မဟုတ်ဘဲ ငမိုးရိပ်ချောင်းအနီးနား အနိမ့်ပိုင်းနေရာတွေ ကိုပါ ထိခိုက်ခဲ့ပါတယ်။
ရေလှောင်တမံမှာ ရေကို သိုလှောင်ထားတဲ့ ရေလှောင်ကန်၊ ရေထုတ်ပေါက်နဲ့ ရေပိုလွှဲလို အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ မိုးများလာလို့ ရေလှောင်ကန်ထဲကို ရေဝင်များလာရင် ရေအဆင့်တက်လာနိုင်ပါတယ်။ ရေက သတ်
မှတ်အဆင့်ထက် ပိုလာတဲ့အခါ ပိုလျှံတဲ့ရေကို ရေပိုလွှဲကနေ အောက်ဘက်ကို စီးဆင်းစေပါတယ်။ ဒါကြောင့် ရေပိုလွှဲကနေ ရေကျနေတယ်ဆိုတာနဲ့ တမံပေါက်နေပြီလို့ သတ်မှတ်ရမှာမျိုးတော့မဟုတ်ဘူးလို့ သိရပါတယ်။ ရေပိုလွှဲကနေ ရေကျတာက ရေလှောင်ကန်ထဲမှာ ရေများလာတဲ့အခါ ပိုလျှံတဲ့ရေကို ထိန်းချုပ်ပြီး ထုတ်တဲ့ လုပ်ငန်းစဉ် ဖြစ်နိုင်ပါတယ်။
တမံပေါက်တယ်ဆိုတာကတော့တမံကိုယ်
ထည် ပျက်စီးပြီး ရေလှောင်ထားတဲ့ရေပမာ
ဏအများအပြားကို ထိန်းမထားနိုင်တော့ဘဲ အောက်ဘက်ကို ရုတ်တရက်စီးဆင်းသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။
ရေလှောင်တမံတစ်ခုအတွက် ရေသိုလှောင်နိုင်စွမ်းကို ထိန်းသိမ်းဖို့ကလည်း အရေးကြီးပါတယ်။ဒီအတွက်နှုန်းအနည်ကျမှုကလည်း သတိထားရမယ့်အချက်တခုဖြစ်ပါတယ်။ ရေ
ဝေရေလဲဒေသကနေ မြေဆီလွှာနဲ့ နှုန်းတွေ ရေထဲပါလာပြီးရေလှောင်ကန်နဲ့ရေစီးကြောင်း
တွေမှာ အနည်ကျလာရင် ရေလှောင်နိုင်စွမ်းနဲ့ ရေစီးဆင်းနိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။
JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) ရဲ့ Greater Yangon Water Supply လေ့လာချက်မှာလည်းငမိုးရိပ်ရေလှောင်ကန်က ရေသန့်စင်စက်ရုံတွေကို ပို့တဲ့ ရေစီးကြောင်းမှာသဲ၊ရွှံ့နဲ့ အနည်အနှစ်တွေ စုလာနိုင်ပြီးရေစီးနိုင်စွမ်း လျော့နည်းနိုင်တာကြောင့်တမံအတွင်းအနယ်
အနှစ်တူးဖော်ရှင်းလင်းတာတွေ လုပ်ဖို့ လိအပ်နိုင်ကြောင်း ဆွေးနွေးထားပါတယ်။

🤣9👍5❤4👎1
ငမိုးရိပ်တမံကနေ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ငမိုးရိပ်ရေထိန်းတံခါးအထိ ငမိုးရိပ်ချောင်းက ၄၇ မိုင်ခန့်ရှိတာမှာ အထက် ၂၂ မိုင်ကို၂၀၂၄ခုနှစ်မှာနှုန်းအနယ်တွေရှင်းလင်း
ခဲ့တယ်လို့ စစ်ကောင်စီက ဖေါ်ပြထားတာကို တွေ့ရပါတယ်။
ငမိုးရိပ်တမံအောက်က ရေဘယ်ဘက်ကို စီးသွားမလဲဆိုရင် တမံအောက်ပိုင်းက ရေဟာ
ငမိုးရိပ်ချောင်းရဲ့ ရေစီးကြောင်းနဲ့ ဆက်စပ်ပါတယ်။ ရန်ကုန်မြို့ရဲ့ရေလွှမ်းမိုးမှုနဲ့ ပတ်သက်
တဲ့ JICA ရဲ့ Greater Yangon လေ့လာချက်မှာလည်း ငမိုးရိပ်ချောင်းရဲ့ အလယ်ပိုင်းတစ်လျှောက်ကို ဖြစ်နိုင်ခြေရှိတဲ့ ရေလွှမ်းမိုးဧရိယာအဖြစ် လေ့လာထားပြီး ဒီရေမြင့်တက်မှုကလည်းရေလွှမ်းမိုးမှုအခြေအနေကိုအ
ကျိုးသက်ရောက်စေနိုင်ကြောင်းဖော်ပြထားပါတယ်။
ငမိုးရိပ်ချောင်းဟာငမိုးရိပ်တမံဘက်ကနေ အောက်ဘက်ကို စီးပြီးရန်ကုန်မြို့ထဲရောက်
လာတဲ့အခါငမိုးရိပ်ချောင်း၊ပုဇွန်တောင်ချောင်းအဖြစ် ဆက်စပ်နေပါတယ်။ JICA ရဲ့ ရေအရင်းအမြစ်ဆိုင်ရာလေ့လာချက်မှာလည်းငမိုးရိပ်ချောင်း နဲ့ ပုဇွန်တောင်ချောင်းတို့ဟာရန်ကုန်မြစ်ထဲကို ဝင်ရောက်တဲ့ ချောင်း
စနစ်ဖြစ်ပြီး ရန်ကုန်ရဲ့ မြစ်တွေဟာဒီရေသက်
ရောက်တဲ့ မြစ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ဒီရေကတော့အောက်ပိုင်း ရန်ကုန်မြစ်/ချောင်းစနစ်ဘက်က ရေအခြေအနေ ဖြစ်ပါတယ်။
ပုံမှန်အခြေအနေမှာ အပေါ်ပိုင်းမိုးရေ တွေဟာငမိုးရိပ်ချောင်းကနေ အောက်ဘက် ရန်ကုန်မြစ်ဆိုပြီး ရေစီးဆင်းပါတယ်။ ဒါပေမယ့် ပင်လယ်ဘက်က ဒီရေတက်လာတဲ့အချိန် မှာ အောက်ဘက်ရန်ကုန်မြစ်ရဲ့ ရေမျက်နှာပြင် မြင့်လာပါတယ်။ အဲဒီအချိန်မှာ အပေါ်ကနေ ငမိုးရိပ်ချောင်းထဲကို ရေများများဝင်လာရင် အောက်က ဒီရေကလည်း ရေမျက်နှာပြင်ကို မြင့်စေတဲ့အတွက် ချောင်းရေက ပုံမှန်လို အလွယ်တကူ မထွက်နိုင်တော့ပါဘူး။
ဒါကြောင့် မိုးရေ၊ ချောင်းရေ၊ ဒီရေ သုံးခု နဲ့အတူ မြို့ပြရေမြောင်းစနစ်ပါ ပေါင်းပြီး ရန်ကုန်ဟာ ရေလွှမ်းမိုးမှု ပိုဆိုးလေ့ရှိတာပါ။ တမံရေကျော်တာမပါခင်ကတည်းက ရေ
လွှမ်းလေ့ရှိတဲ့ရန်ကုန်အတွက် တမံရေပြည့်တော့မယ့်ကိစ္စက တကယ်ကို စိုးရိမ်စရာပါ။
တမံရေမှတ် ၁၀၅.၄၀၊ ၁၀၆၊ ၁၀၇ ပေ ဘယ်
လောက်မြန်မြန်တက်သလဲ၊ ရေဝင်နှုန်း ၄၉၇၅ ကုဗပေ/စက္ကန့် က တိုးလာလား၊ လျော့လာလား၊ ငမိုးရိပ်ချောင်းရေ အောက်ပိုင်းမှာ ချောင်းရေ မြန်မြန်တက်လာလား၊ ဒီရေအခြေ
အနေ - ရန်ကုန်မြစ်ဘက်မှာ ဒီရေမြင့်နေသ
လား။ ဒီ ၄ ခုထဲက အားလုံး မြင့်လာတာ ဆိုရင် ရေလွှမ်းမိုးမှုအတွက် စိုးရိမ်ရမှုက ပို လာပါလိမ့်မယ်။ မိုးလေဝသပညာရှင် ဦးဝင်းနိုင် နဲ့ တခြား မိုးလေဝသတွေကလည်း သြဂုတ်လ ၂၀ ရက်နေ့အထိ မိုးသည်းထန်မယ်လို့ ပြောထားပြီး မြို့ပြမြေနိမ့်ပိုင်း ရေဝပ်နိုင်မယ်လို့ ပြောထားပါတယ်။
JICA ရဲ့ လေ့လာချက်မှာလည်း ငမိုးရိပ်တမံရဲ့ ရေအပြည့် သိုလှောင်နိုင်စွမ်းဟာ ကုဗမီ
တာ ၂၂၂ သန်းခန့်ရှိတယ် လို့ တွေ့ရပါတယ်။ ငမိုးရိပ်တမံဟာ တမံအကြီးစားတစ်ခု ဖြစ်ပါတယ်။ဒါကြောင့် လက်ရှိအခြေအနေကို မထိတ်လန့်သင့်သေးပေမယ့် ပေါ့ဆမနေသင့်တဲ့ သတိထားရမယ့် အခြေအနေလို့ ယူဆရပါတယ်။ ။
ကိုးကား - Ngamoeyeik ID, JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)

👍24❤4👎1🤣1
(၂၀၂၃ခုနှစ်၊အောက်တိုဘာလမှာငမိုးရိပ်တမံရေလျှံတာကြောင့်လှည်းကူးမြို့နယ်ရှိအနိမ့်ပိုင်းရပ်ကွက်တွေရေကြီးနေစဥ်/ ငမိုးရိပ်ရေလှောင်တမံ ပုံမှန်အခြေအနေ ။
ဓါတ်ပုံ-RFA ၊ MDN ၊ စစ်ကောင်စီ
ဓါတ်ပုံ-RFA ၊ MDN ၊ စစ်ကောင်စီ
👍25❤2👎2🤣1
ကာလဝမ်းရောဂါသည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး Vibrio cholerae ဘက်တီးရီးယားပိုး ပါဝင်သည့် အစားအစာ သို့မဟုတ် ရေကို စားသောက်မိခြင်းကြောင့် ဖြစ်ပွားသည်။ ကာလဝမ်းရောဂါသည် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်ပြီး လူမှုကဏ္ဍဖွံ့ဖြိုးရေးကင်းမဲ့မှုနှင့် မညီမျှမှု ညွှန်းကိန်းအဖြစ်လည်း ရှိနေဆဲဖြစ်သည်။
🔴 ရောဂါလက္ခဏာများ
ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေကို စားသောက်ရာမှ ကူးစက်သည့် အလွန်ပြင်းထန်သော ရောဂါဖြစ်သည်။ ကာလဝမ်းရောဂါသည် ပြင်းထန်ပြီး ရေကဲ့သို ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါဖြစ်သည်။ ရောဂါပြင်းထန်လျှင် ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။
V. cholera ပိုးရှိသည့် လူအများစုမှာ ၎င်းတို့၏ မစင်တွင် ရောဂါကူးစက်ခံရပြီးနောက် (၁) ရက်မှ (၁၀) ရက်အကြား ပိုးရှိနေသော်လည်း ရောဂါလက္ခဏာ ခံစားရခြင်းမရှိပါ။ ထိုပိုးများသည် ပတ်ဝန်းကျင်သို့ ရောက်ရှိပြီး အခြားသူများကို ရောဂါကူးစက်စေနိုင်သည်။
ရောဂါလက္ခဏာရှိသူအများစုမှာ အပျော့စား သို့မဟုတ် အတန်အသင့်ဖြစ်ပွားသော လက္ခဏာများ ခံစားရသည်။ ရောဂါလက္ခဏာပြရန် ၁၂ နာရီမှ ၅ ရက်အကြား ကြာတတ်သည်။ လူနာအနည်းစုသာ အပြင်းအထန် ရေဓာတ်ခမ်းခြောက်သည့် ရေကဲ့သို့ ဝမ်းများ ရုတ်တရက်သွားသည့် ဝမ်းရောဂါ ဖြစ်ပွားသည်။ ကုသမှုမရရှိပါက သေစေနိုင်သည်။
https://www.ludunwayoo.com/feature-mm/2026/08/15/165663/

LuduNwayOo
ကပ်ရောဂါအသွင်ဖြစ်စေနိုင်တဲ့ Cholera ကာလဝမ်းရောဂါ (သို့မဟုတ်) ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ | LuduNwayOo
အဓိကအချက်များ ကာလဝမ်းရောဂါ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) သည် ရုတ်တရက်ဖြစ်ပွားသော ဝမ်းပျက်ရောဂါဖြစ်ပြီး ကုသမှုမရရှိပါက နာရီပိုင်းအတွင်း သေဆုံးနိုင်သည်။ ကာလဝမ်းရောဂါသည် သန့်ရှင်းစိတ်ချရသော ရေနှင့် အခြေခံမိလ္လာနှင့် ရေဆိုးစနစ်၊ သန့်ရှင်းရေးစနစ်များ လက်လှမ်းမမီနိုင်သော…
🔥18👍16❤4👎1🤣1
စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားအနီးတိုက်ပွဲဖြစ်
ဩဂုတ်-၁၉၊၂၀၂၆။နှင်း/People's Spring
စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားအနီးမှာ ဒီနေ့မနက်ပိုင်းကစပြီး အခုသတင်းရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်
လှန်ရေးတပ် တွေက ပြောပါတယ်။
သြဂုတ် ၁၉ ရက်မနက်ပိုင်းကစပြီး စစ်ကိုင်းမြို့တွင်းကငါးထပ်ကြီးဘုရားအနီးမှာစစ်ကိုင်းPDFဦးဆောင်တဲ့တော်လှန်ရေးပူး ပေါင်း
တပ် တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာလို့ စုံစမ်းသိရပါတယ်။
"အဲဒီနေရာကမြို့ထဲပဲလေ။စစ်ကောင်စီအထိုင်ဂိတ်တွေရှိတယ်။ပတ်ကင်းလည်းအမြဲရှိတဲ့ နေရာပဲ။မြို့ထဲဝင်ပစ်တဲ့ ပုံစံမျိုးပေါ့"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
ဒီနေ့ နေ့လည်၁၂နာရီအထိ တိုက်ပွဲဖြစ် နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ တော်လှန်ရေးတပ်တွေကဖြေကြားထားပါတယ်။
စစ်ကိုင်းPDFခေါင်းဆောင်ကိုစစ်ငြိမ်းနိုင်ကလည်း တိုက်ပွဲဖြစ်နေတာမို့ ပြည်သူ တွေစစ် ရေးသတိ ရှိကြဖို့ အသိပေးထားပါတယ်။
စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဟာ စစ်တပ်ရဲ့ တပ်မ၃၃၊အုန်းတော-တကရ၆၀၀၅ အ
မြောက်တပ် တို့နဲ့လည်း အလှမ်းမဝေးဘူးလို့ သိရပါတယ် ။အဲဒီနေရာကိုတော်လှန်ရေးတပ်
တွေတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။
စစ်ကိုင်း PDF တပ်ဖွဲ့ဟာ နွေဦးတော်လှန်ရေးတပ်ပေါင်းစု-SRA မှာပါဝင်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ် ။စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ တပ်မ (၃၃) အထိုင်မြို့ဖြစ်သလို ၊တပ်မ (၃၃)လက်အောက်ခံတပ်ရင်းတွေဟာ ဇူလိုင်လမှာ စစ်ကိုင်းတိုင်းကပြန်လာပြီး ပြန်စုဖွဲ့ကာဒီနေ့မနက်မှာပဲ တပ်ဖွဲ့အချို့ဟာသပိတ်ကျင်းမြို့နယ် ၊တွင်းငယ်ဘက်ကို ကားအစီး ၃၀ ခန့်နဲ့ထွက်သွားတယ်လို့ စစ်အုပ်စုပတွင်းကသတင်းရရှိပါတယ် ။

🥰31👍20❤9🔥2👏1😁1🤣1🖕1