ရန်ကုန်မြို့လယ်ကလမ်းဘေးဆိုင်အချို့ပိတ်ထားတာကိုတွေ့ရစဥ်။ဓါတ်ပုံ-တီအာ
👍25❤4👎2🔥1👏1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၁၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားသူဆက်တိုးနေပြီး ၆၀၀ နီးပါး ရှိလာ
ရန်ကုန်မြို့မှာ ဝမ်းပျက် ၊ဝမ်းလျှောရောဂါကြောင့် ဆေးရုံတက်ရောက်ကုသရသူ ဆက်တိုက်တိုးနေပြီး ၆၀၀ နီးပါးရှိနေပြီလို့ စစ်တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဆေးရုံတက်တဲ့ လူနာတွေကိုတောင် တစ်ရက်လောက်ပဲ ဆေးရုံမှာ ကုသပေးနိုင်တယ်လို့ အဲဒီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါအများဆုံးဖြစ်နေတာဟာ မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ လသာ၊ လမ်းမတော်၊ ကျောက်တံတား၊ ပန်းပဲတန်းစတဲ့မြို့နယ်တွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ စစ်တပ်ရဲ့ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေးကလည်း ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်နေရသူ သြဂုတ် ၁၆ ရက်အထိ ၅၀၀ ဦးရှိလာပြီဖြစ်တယ်လို့ စစ်တပ်လွှတ်တော်မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောတွေထဲမှာ ကာလဝမ်းရောဂါ(သို့မဟုတ်)ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ(Cholera Positive) လူနာ ၁၄၀ ဦး နဲ့ ကာလဝမ်းရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေ့လူနာ ၉ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
◾️ခင်ဦးမြို့နယ်က ရေဘေးသင့်ရွာတချို့မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှူကြောင့် ရေဝင်ခဲ့တဲ့ ကျေးရွာတွေမှာ သောက်သုံးရေမသန့်ရှင်းတာကြောင့် ကလေးငယ်တချို့နဲ့ ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်ပွားနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာ တစ်ရွာကို အနည်ဆုံး၁၀ယောက်ဖြစ်နေတော့ ၂၀၀နီးပါးပေါ့လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ရေအကူးအတက်များမှုကြောင့် ရေဝဲစားမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ်က ရေဝင်ကျေးရွာတွေမှာ ရေပြန်ကျပေမယ့် အင်းဘေး၊ အိုင်ဘေး မြောင်းဘေးနီးတဲ့ မြေနိမ့်ပိုင်းကျ ရွာတွေနဲ့ ရပ်ကွက်တွေထဲမှာတော့ ရေဝပ်ကျန်ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
◾️ရေဘေးသင့်ကျေးရွာ၂ရွာကို စစ်တပ် ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်က အရာတော်မြို့နယ်မှာ ရေဘေးသင့်နေတဲ့ ကောင်းသစ်ကျေးရွာကို ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ရခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ သြဂုတ် ၁၇ရက် ည ၁၁ နာရီခန့်ကလည်း မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးဟာ ရေဘေးသင့်နေတဲ့ အရာတော်မြို့နယ်က ကြွေပုဂံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးထိခိုက်ခဲ့ကြောင်း အရာတော်ပကဖအဖွဲ့က ပြောပါတယ်။
◾️မိုးကောင်းတိုက်ပွဲ စစ်အုပ်စု ၇ဦးထက်မနည်း သေဆုံး
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ ဩဂုတ် ၁၈ရက် ဒီနေ့ မနက်ပိုင်း တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်နဲ့ ရှမ်းနီ(SNA)ပူးပေါင်းတပ်က ၇ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းယူနိုင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။ မိုးကောင်းမြို့နယ် အင်ကြင်းကုန်းရွာမှာ ရောက်နေတဲ့ စစ်တပ်နဲ့ ရှမ်းနီ(SNA)ပူးပေါင်းတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ KPDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ မနက် ၄နာရီလောက်ကနေ ၅နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားဖြစ်ခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီပူးပေါင်းတပ်ဘက်က အလောင်းသုံးလောင်းရသလို လေးလောင်းကို ဆွဲယူပြီး ထွက်ပြေးသွားကြတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
◾️ထားဝယ်ဒုအကောက်ခွန်မှူးက လက်နက်လုခုခံထွက်ပြေးလို့ ရှင်းလင်းခဲ့
ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနက ဒုအကောက်ခွန်မှူးဖြိုးစံဟာ လုံခြုံရေးရဲဘော်ဆီက လက်နက်လုယူပြီး ပြန်လည်ခုခံထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ကြောင်း နည်းဗျူဟာ(၃၃)က ဒီနေ့ သြဂုတ် ၁၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မိုက်မဲသော ပြန်လည်ခုခံမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နေရာမှာပဲ အပြတ်ရှင်းလင်းဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒုအကောက်ခွန်မှူး ဖြိုးစံကို နည်းဗျူဟာ(၃၃)ကွပ်ကဲမှုအောက်ရှိ အမှတ်(၈၀၀၃)တပ်ရင်းက ဇူလိုင် ၂၀ရက်မှာ လောင်းလုံမြို့နယ် မောင်းမကန် ကမ်းခြေအနီးမှာ ဖမ်းမိခဲ့တာပါ။
◾️KNU ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာ မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို KTLA ထုတ်ပယ်

🔥16👍5❤3🤣1
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA က ထုတ်ပယ်လိုက်ကြောင်း ကရင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။ KTLA ဆာကပေါ်တပ်ရင်းက တပ်ရင်းမှူး ဗိုလ်အဲဖိုးကို KTLAက ဩဂုတ် ၁၇ရက်မှာ ထုတ်ပယ်ကြောင်း စာထုတ်ပြန်ခဲ့တာလို့ဆိုပါတယ်။ KNU/KNLAကို ပစ်ခတ်တိုက်ခိုက်ဖို့ ဩဂုတ် ပထမပတ်မှာ KTLA ဌာနချုပ်က ဗိုလ်အဲဖိုးထံ စာနဲ့ အမိန့်ပေးတာကို တပ်ရင်းမှူး ဗိုလ်အဲဖိုးက အချင်းချင်း ပြန်ပစ်ခတ်ဖို့ ဆန္ဒမရှိတဲ့ အခြေအနေမှာ အမိန့်မလိုက်နာလို့ဆိုပြီး အခုလို ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။ အခု ထုတ်ပယ်ခံရတဲ့ တပ်ရင်းမှူးဟာ KNUနဲ့ စစ်ရေးပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေတယ်လို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ KNLAနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ တပ်ရင်းမှူး အဲဖိုးအား KNLA ကို ပြန်တိုက်ဖို့ KTLAက အမိန့်ပေးခဲ့တာလို့ ပြောပါတယ်။
◾️လက်ပံတန်းက စစ်တပ်စစ်ဆေးရေးဂိတ် PDF ပူးပေါင်းတပ် တိုက်ခိုက်
ပဲခူးတိုင်း လက်ပံတန်းမြို့နယ်က ထန်းပင်ချောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၁၅ရက် မနက်အစောပိုင်းမှာ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲ တစ်နာရီ ကြာမြင့်ခဲ့ပြီး စစ်သားတွေ ထွက်ပြေးသွားလို့ PDF ရဲဘော်တွေက စခန်းအတွင်း ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
◾️စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ခန္တီးPDF တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ခန္တီး PDFက ဒီနေ့ သြဂုတ် ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်က ခန္တီး PDF နဲ့မဟာမိတ်အဖွဲ့တွေ တပ်စွဲထားတဲ့ ချောင်းသုံးခွ ကျေးရွာကို စစ်တပ်၊ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA နဲ့ ခန္တီးမြို့ပြည်သူ့စစ်တို့ ပူပေါင်းအင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်တပ် ပူးပေါင်းတပ်က ၆ ဦး သေဆုံးပြီး ၃ဦး အပြင်းထန်ဒဏ်ရာရတယ်လို့ ခန္တီး PDFက ဖော်ပြပါတယ်။ ခန္တီး PDF ရဲဘော် ၁ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်အုပ်စုဆီက ၆၀ မမ အပါအ၀င် လက်နက် ၄လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
◾️SCEFမှာ မကွေးဖက်ဒရယ်ယူနစ် ပါဝင်ဖို့ ဆွေးနွေးနေ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး SCEFမှာ မကွေးဖက်ဒရယ်ယူနစ် အဖွဲ့ဝင်အဖြစ် ပါဝင်လာရေး ဖိတ်ခေါ် အဆိုပြုချက်တွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။ SCEFနဲ့ မကွေးဖက်ဒရယ်ယူနစ် တာဝန်ရှိသူတွေဟာ ဩဂုတ် ၁၅ရက်မှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ အခုလိုဖိတ်ခေါ်ခဲ့တာပါ။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့ SCEFမှာ ပါဝင်ဖို့ သဘောတူညီချက်ရရှိခဲ့ပြီးနောက် မကွေးဖက်ဒရယ်ယူနစ်နဲ့ ထပ်မံ တွေ့ဆုံအဆိုပြုခဲ့တာပါ။ တွေ့ဆုံပွဲမှာ SCEF ဘက်က အလှည့်ကျ သဘာပတိ ခူဦးရယ် ဦးဆောင်တက်ရောက်ခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလှိုင် နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
◾️အဖွဲ့အစည်းအမှတ်တံဆိပ် မတူပေမယ့် SCEF အောက်မှာ အတူတိုက်ပွဲဝင်ကြမယ်လို့ NUG တာဝန်ရှိသူ ပြော
ဘတ်တံဆိပ်လို့ခေါ်တဲ့ တပ်ဖွဲ့အသီးသီးရဲ့ အဖွဲ့အစည်းအမှတ်တံဆိပ် လက်မောင်းတံဆိပ်တွေ မတူပေမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF)ရဲ့ အောက်မှာ အတူတကွ တိုက်ပွဲဝင်ကြမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ တော်လှန်ရေးစကားဝိုင်းတခုဖြစ်တဲ့ နွေဦးမှန်ကူကွက်များ အစီအစဉ်မှာ ဦးနေဘုန်းလတ်က SCEF ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်မျှော်လင့်နိုင်မလဲ မေးခွန်းအပေါ် အခုလို သုံးသပ်ပြောကြားထားတာဖြစ်ပါတယ်။ SCEF စဖွဲ့စည်းကတည်းက စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေးအရ ဘက်ပေါင်းစုံကို မဟာမိတ်တွေကြား ပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်ကြောင်း၊ SCEF စုဖွဲ့မှုဟာ စာရွက်ပေါ်မှာ စုဖွဲ့ထားတာမျိုးမဟုတ်ကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။
◾️ရသေ့တောင်မြို့ကို စစ်တပ်က ၂ရက်ဆက် ဗုံးကြဲ

🔥10❤5👍5🤬3
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတော့တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေနဲ့ အနီးဝန်းကျင်တွေကို ဩဂုတ် ၁၇ ရက်နဲ့ ဒီနေ့ ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ၂ရက်ဆက်တိုက်ဗုံးကြဲခဲ့ပြီး အရပ်သား ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၉ နာရီကျော်ခွဲဝန်းကျင်မှာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ အဲဒီအနီးဝန်းကျင်ဒေသတွေကို နာရီဝက်နီးပါးလောက်ထိ ဆက်တိုက်ဗုံးကြဲနေခဲ့တာဖြစ်ပြီး အထိအခိုက်တွေကိုတော့ မသိရသေးပါဘူး။ စစ်တပ်ဟာ ကျောက်တန်းကျေးရွာတဝိုက်ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲနေခဲ့တာဖြစ်ပြီး ထောက်ပို့ လေယာဉ် Y12 အသံပါ ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။ စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို ရက်ဆက် လေကြောင်းဗုံးကြဲနေတာဖြစ်ပြီး ဒီနေ့မှာပဲ ရသေ့တောင်မြို့နယ်ကို ဗုံးကြဲတဲ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့တဝိုက် လေယာဉ်ဝဲနေတယ်လို့ ဆိုပါတယ်။
◾️ဒေါပုံမြို့နယ်မှာ ကလေးငယ် ၁ဦး ဓားထိုးခံရပြီး သေဆုံး
ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာ အသက်(၈)နှစ်အရွယ်ကလေးငယ် ၁ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ကိုပူတူးနဲ့ ဘော်ဒါများ ပရဟိတအဖွဲ့က အသိပေးထားပါတယ်။ ဒီနေ့ ဩဂုတ် ၁၈ရက် မနက် ၈ နာရီကျော်က ဒေါပုံမြို့နယ်၊ ဗိုလ်တွန်းဇံရပ်ကွက်က တိုက်ခန်းတစ်ခုမှာ တစ်တိုက်တည်းနေတဲ့ စိတ်ဝေဒနာရှင်က ကျောင်းသွားဖို့ ပြင်နေတဲ့ ကလေးငယ်ကို ဓားနဲ့ထိုးခဲ့တာလို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုပူတူးက ရှင်းပြထားပါတယ်။ အသင်းကို အကူအညီတောင်းတာကြောင့် လူနာတင်ယာဉ်နဲ့သွားရောက်ချိန်မှာ ဓားထိုးခံရတဲ့ ကလေးငယ်ကို သေဆုံးအနေအထားနဲ့ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဓားနဲ့ထိုးသူက အသက် (၅၀)ကျော် အရွယ်ဖြစ်ပြီး ငယ်စဉ်ကတည်းက စိတ်ကျန်းမာရေးမကောင်းသူဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
◾️စစ်မှုထမ်းကြေးပေးနေရတယ်လို့ စစ်တပ် ဒုတပ်ကြပ် ထုတ်ပြော
အာဏာသိမ်းစစ်တပ်ရဲ့ ဒုတပ်ကြပ် တစ်ဦးက သူ့ရဲ့မိဘနေအိမ်ဟာ စစ်မှုထမ်းကြေးအဖြစ် ပေးနေရလို့ လူမှုကွန်ရက်မှာ မကျေမနပ်နဲ့ ရင်ဖွင့်ထားပါတယ်။ အဲဒီ ရင်ဖွင့်ပြောဆိုသူဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ကုန်းကလေးကျေးရွာအုပ်စု၊ သပြေလှကျေးရွာက ဦးမောင်ဝင်းနဲ့ ဒေါ်စိုးရီတို့ရဲ့ သားဖြစ်သူ ဒုတပ်ကြပ် မျိုးဝင်းဇော် ဖြစ်ပါတယ်။ သူက လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးနယ်မြေမှာ ရောက်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတပ်ကြပ်မျိုးဝင်းဇော်ရဲ့ ပြောဆိုချက်အရ ကျေးရွာဥက္ကဋ္ဌ ငွေကြီးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ကျေးရွာအတွင်း စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်စာရင်းတွေကို လိုက်လံကောက်ယူ လူစုဆောင်းနေတဲ့အပြင် ကျေးရွာသားတွေဆီကနေ စစ်မှုထမ်းကြေးအဖြစ် ၁လကို ကျပ် ၂၅,၀၀၀ ကနေ ၄၀,၀၀၀ အထိ လစဉ်မပြတ် ကောက်ခံနေတယ်လို့ သိရပါတယ်။ အသက် ၆၀ ကျော် ၇၀အရွယ် သူ့မိဘတွေလည်း စစ်မှုထမ်းကြေးထည့်နေရတယ်လို့ မျိုးဝင်းဇော်က ဆိုပါတယ်။ စစ်မှုထမ်းကြေးပေးနေပေရပေမယ့် တွေ့တဲ့နေရာမှာလည်း ဖမ်းဆီးပေါ်တာဆွဲနေဆဲဖြစ်ကြောင်း အဲဒီဒုတပ်ကြပ်က ဆက်ပြောပါတယ်။
◾️ရန်ကုန်စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ စစ်တပ် စည်းရုံးနေ
လျှပ်စစ်ဓါတ်အားထုတ်တဲ့ တမံတွေမှာ ရေလျှံနေလို့ ရန်ကုန် စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က စည်းရုံးနေပါတယ်။ ညဥ့်နက်ပိုင်းတွေမှာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု လွန်စွာလျော့နည်းသွားလို့ ဓာတ်အားပေးစက်ရုံတွေမှာ ထုတ်လုပ်မှုကို လျော့ချမောင်းနှင်ပေးရတာကြောင့် မိုးရာသီမှာ ရေစွမ်းအင်တွေ ပြုန်းတီးနေတဲ့အပြင် ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ တမံကြီးတွေမှာ ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့ကြောင့် လျှပ်စစ်ဓါတ်အားသုံးစွဲမှု ပမာဏများတဲ့ ရန်ကုန်တိုင်းအတွင်းက စက်မှုလုပ်ငန်းတွေအနေနဲ့ ည ၁၁ နာရီကနေ နောက်တနေ့ မနက် ၅ နာရီအထိ အချိန်အတွင်း တစ်ယူနစ်ကို မူလ ကျပ် ၉၀၀ ကနေ ကျပ် ၆၀၀ ကို လျှော့ပေးမယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် မိုးရာသီမှာ ဆုံးရှုံးနေတဲ့ ရေတွေကနေ ဝင်ငွေရလာတာ၊ ဓာတ်အားတည်ငြိမ်တာ၊ စက်မှုလုပ်ငန်းတွေ ညဘက်ပြောင်းလုပ်လို့ နေ့ပိုင်းမီးပိုပေးတာ၊ လုပ်ငန်းရှင်တွေ ကုန်ကျစရိတ်လျော့တာတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။

👍19❤6🔥4
■ရစာတမ်းငယ်
"မြို့ပြမိခင်"
- အေးခိုင်ဦး ရေးသားသည်။
မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။
သားက အလုပ်သွားဖို့ အိမ်ကထွက်သွားတဲ့အချိန်မှာ “သတိထားသွားနော်” ဆိုတဲ့စကားကို အရင်ကလည်း မိခင်တိုင်း ပြောတတ်ကြပါတယ်။ အခုတော့ အဲဒီစကားမှာ အဓိပ္ပာယ်တွေက အများကြီးနဲ့ လေးနက်မှုများစွာနဲ့ ပါ။
“လမ်းမှာ သတိထား။
ဖုန်းကိုင်ထား။
ဘယ်နေရာရောက်ရောက် ပြော။
ညနက်အောင် မနေဘဲ ပြန်လာ။”
သားက တံခါးပိတ်ပြီး လမ်းပေါ်ဆင်းသွားတဲ့အချိန်ကစပြီး မိခင်ရဲ့စိတ်က အိမ်မှာမနေတော့ဘူး။ သားနောက်ကို လိုက်သွားပြီ။
လမ်းမကြီးပေါ်မှာလား။ ဘတ်စ်ကားပေါ်မှာလား။အလုပ်ခွင်ထဲမှာလား။ တခုခုကြောင့် အစစ်ဆေးခံနေရပြီလား။ မိခင်တစ်ယောက်ရဲ့ စိတ်က သားနဲ့အတူ အဲဒီနေရာတိုင်းကို လိုက်နေတယ်။
အရင်ကမြို့ပြဘဝဆိုတာအလုပ်သွား၊အလုပ်
ပြန်၊ ဈေးဝယ်၊ မိတ်ဆွေတွေနဲ့တွေ့၊အိမ်ပြန်
လာတဲ့ သာမန်ဘဝတစ်ခုပါ။ အခုတော့ “အိမ်ပြန်လာခြင်း”ကိုယ်တိုင်ကမိခင်တစ်ယောက်အတွက် ဆုတောင်းရတဲ့အရာဖြစ်လာပါတယ်။
ဖုန်းမြည်သံတစ်ချက်ဟာ အရင်က သာမန်အသံတစ်ခုပါ။ အခုတော့ မိခင်တွေက ဖုန်းမြည်တိုင်း ရင်ခုန်ကြတယ်။
“သားလား…”
မဟုတ်ဘူး။
တခြားသူတစ်ယောက်။
နောက်တစ်ကြိမ် ဖုန်းမြည်တယ်။
လက်ထဲကအလုပ်ကို ချထားပြီး ဖုန်းကို
အမြန်ကောက်လိုက်တယ်။
“သား…” အသံကြားရမှ အသက်ပြန်ရှူနိုင်တယ်။ “အမေ၊ အလုပ်ပြီးပြီ။ ပြန်လာနေပြီ…”
အဲဒီစကားလေးတစ်ခွန်းဟာ ဒီခေတ်မှာ မိခင်တစ်ယောက်အတွက် ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ သားတွေ သိနိုင်ကြပါ့မလား။
အပြင်ထွက်ရင်လည်း စိုးရိမ်ရတယ်။ အိမ်ထဲမှာနေရင်လည်း စိတ်မချရဘူး။ တံခါးအပြင်က အသံတစ်သံ၊ ကားတစ်စီးရပ်သံ၊ အိမ်ရှေ့မှာ လူစကားပြောသံတစ်ခုကအစ မိခင်တစ်ယောက်ရဲ့ ရင်ကို လှုပ်ခတ်စေတတ်တယ်။
“ဘယ်သူတွေလဲ…”
“ဘာဖြစ်လို့လဲ…”
“သားအကြောင်းလား
" သားကို လာခေါ်ကြတာလား…”
ဆိုတဲ့အတွေးတွေက အလိုလိုဝင်လာတတ်တယ်။
တချို့မိခင်တွေက သားတွေ အိမ်မှာမရှိတဲ့အချိန် တံခါးခေါက်သံကြားရင် မျက်နှာပျက်သွားကြရပြီ။ တချို့က သားအလုပ်သွားပြီး နာရီပေါင်းများစွာကြာတဲ့အထိ ဖုန်းကို လက်ကမချနိုင်ကြဘူး။
တချို့ကတော့ သားပြန်လာတဲ့အထိထမင်းမစားနိုင်ကြဘူး။ဒါဟာ ကြောက်ရွံ့မှုတစ်ခုတည်း မဟုတ်ဘူး။ မသေချာမှုမှာ နေ့စဉ်အသက်ရှင်နေရခြင်းပါ။
လူငယ်တွေကလည်း မလွယ်ပါဘူး။ သူတို့မှာ စားဝတ်နေရေးအတွက် အလုပ်လုပ်ရတယ်။ အိမ်စရိတ်၊ မိဘစရိတ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ကျောင်းစရိတ်တွေ ရှိတယ်။ အလုပ်မသွားရင် ဝမ်းရေးက အခက်အခဲဖြစ်မယ်။ အလုပ်သွားရင်လည်း လမ်းခရီးက စိုးရိမ်စရာဖြစ်တယ်။တစ်ဖက်မှာ အနာဂတ်အတွက် စိတ်ပူရတယ်။ တစ်ဖက်မှာ ဒီနေ့အတွက်ပဲ ရှင်သန်ရတယ်။ လူငယ်တစ်ယောက်အတွက် “ဘယ်မှာအလုပ်လုပ်ရမလဲ” ဆိုတာထက် “ဘယ်လိုလုံခြုံအောင် အလုပ်သွားရမလဲ” ဆိုတာက ပိုကြီးမားတဲ့အခြေအနေတခုပါပဲ ။
တချို့လူငယ်တွေက အခွင့်အရေးရတာနဲ့ နိုင်
ငံခြားထွက်သွားကြတယ်။တချို့က တရား
ဝင် လမ်းကြောင်းနဲ့ ထွက်ကြတယ်။ တချို့ကတော့ အန္တရာယ်တွေကြားကနေ ထွက်ခွာဖို့ ကြိုးစားကြတယ်။
သားသမီးတွေ နိုင်ငံခြားရောက်သွားရင် မိခင်တွေ စိတ်ချသွားကြမယ်ထင်ရပေမယ့် တ
ကယ်တော့ အဲဒီစိတ်ပူမှုက ပုံစံပြောင်းသွားတာပါပဲ။ “အဲဒီမှာ အလုပ်ရပါ့မလား။” “နေစရာအဆင်ပြေပါ့မလား။” “ဖျားနာရင် ဘယ်သူကြည့်ပေးမလဲ။” “တစ်ယောက်တည်း ဘယ်လိုနေမလဲ။” "အဲဒီမှာရော တရားမဝင် နေထိုင်တာကြောင့် ဘယ်နေ့ အဖမ်းခံရမလဲ" အမေဆိုတာ သားသမီးအနားမှာရှိရင်လည်း ပူတယ်။ အဝေးမှာရှိရင်လည်း ပူတယ်။ သားသမီးဘယ်နေရာရောက်ရောက် မိခင်ရဲ့စိတ်က သူတို့နောက်မှာ အမြဲရှိနေတာပါ။
မြို့ပြမိခင်တွေမှာ အိပ်မက်ကြီးကြီးမားမား
မရှိတော့ဘူး။ အရင်ကလို သားက ဘွဲ့ရပြီး အလုပ်ကောင်းကောင်းရပါစေဆိုတဲ့ အိပ်မက်တွေက တဖြည်းဖြည်းပျောက်သွားပြီ။ နိုင်ငံခြားမှာအောင်မြင်ပါစေဆိုတာလည်းမရှိတော့ဘူး။ အခုတော့ ဆန္ဒက အရမ်းရိုးရှင်းသွားပါပြီ။ သား အိမ်ပြန်ရောက်ပါစေ။ ဒီနေ့ အန္တရာယ်ကင်းပါစေ။ မနက်ဖြန်လည်း အန္တရာယ်ကင်းပါစေ။ နောက်နေ့လည်း အန္တရာယ်ကင်းပါစေ။
ဒီလိုနဲ့ နေ့တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းလာကြတယ်။ တစ်ခါတလေ သားက အိမ်တံခါးဖွင့်ပြီး ဝင်လာတဲ့အခါ မှာ ဘာမှ ကြီးကြီးမားမားစကားမပြောနိုင်ဘူး။ “ပြန်လာပြီလား” လို့ပဲ ပြောနိုင်တော့တယ်။ ဒါပေမယ့် အဲဒီစကားရဲ့နောက်ကွယ်မှာ “အသက်ရှင်လျက် ပြန်လာတာ ကျေးဇူးတင်ပါတယ်သားရယ်” ဆိုတဲ့စကားတွေ ထောင်ပေါင်းများစွာ ရှိနေတတ်တာပါ။
သားကတော့ ပင်ပန်းလို့ ဖုန်းကိုချ၊ ထမင်းစားပြီး အိပ်ရာဝင်သွားပြီ။ မိခင်ကတော့ သားအိပ်နေတဲ့မျက်နှာကို ခဏကြည့်ပြီးမှ အခန်းထဲက ပြန်ထွက်လာတယ်။ တံခါးကို သေချာပိတ်တယ်။ နောက်တစ်နေ့အတွက် စိတ်ပူမှုဟာ ရင်ထဲမှာ။ မနက်ဖြန်လည်း သားအလုပ်သွားရဦးမယ် မနက်ဖြန်လည်း အမေက တံ
ခါးဝမှာ ရပ်ပြီး “သတိထားသွားနော်…” လို့ ပြောရဦးမယ်။
ဒီနေ့ မြို့ပြမှာ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းဟာ စောင့်မျှော်ခြင်းဖြစ်လာတာပါ။ ဖုန်းကို စောင့်တယ်။ တံခါးဖွင့်သံကို စောင့်တယ်။ ခြေလှမ်းသံကို စောင့်တယ်။ သားရဲ့ “အမေ” ဆိုတဲ့အသံကို စောင့်တယ်။ပြီးတော့ အသက်ရှင်လျက် အိမ်ပြန်လာမယ့် သားကို စောင့်တယ်။

🔥12👍11🙏2❤1🖕1
ဒါဟာ မြို့ပြမိခင်တစ်ယောက်ရဲ့ ဘဝပါ။ စစ်ပွဲတွေကြားမှာ သူမဟာ လက်နက်မကိုင်ထားပါဘူး။ နိုင်ငံရေးအာဏာလည်း မရှိပါဘူး။ မကျေနပ်မှုတွေ၊ မခံချင်စိတ်တွေထဲကနေ သူမမှာ ရှိနေတာ သားသမီးအတွက် ပူပန်တတ်တဲ့ မိခင်နှလုံးသားပါ။ပြီး တော့ “ဒီနေ့လည်း ဘေးကင်းပါစေ” ဆိုတဲ့ ဆုတောင်းတစ်ခုပဲ ရှိပါတယ်။ ။
👍23❤3🔥3🙏3🖕1
■ဆောင်းပါး
၆၂ လမ်းက စောင့်နေတဲ့မေမေ
ထွန်းညိုဦး၊ People's Spring
ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ "ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ"တဲ့။ သူ့သားလေး ပျောက်ဆုံးသွားတဲ့နေရာမှာ Tiktok လာရိုက်ပြီး အကူအညီတောင်းနေရှာတာပါ။
ပျောက်ဆုံးကြောင်းကိုသာတွင်တွင်ပြောနေပြီး သားရဲ့အချက်အလက်တွေ၊ ပျောက်ဆုံးနေရာအတိအကျတွေ၊ ဘယ်လိုပျောက်ဆုံးသွားခဲ့တယ်ဆိုတာတွေကို ထည့်မပြောနိုင်လောက်အောင် မိခင်ဟာ သားဇောနဲ့ ပျာယာခပ်နေရှာပါတယ်။ သူနဲ့ နီးစပ်သူတွေက Comment ကနေ ရှင်းပြကြတယ်။
သူ့သားဟာ သြဂုတ်လ ၁၀ ရက်ဝန်းကျင်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ၆၂ လမ်း၊ ထုံးဘို-မြစ်ငယ်လမ်းက ဆောက်တောဝရွာ အောင်စီကားဂိတ်အနီးမှာ ပျောက်ဆုံးသွားတာလို့ သိရတယ်။ သားဟာ မုံရွာအလုံကနေ မန္တလေးမြို့မှာ ယာဥ်နောက်လိုက် လာလုပ်နေတုန်း ပျောက်ဆုံးသွားခဲ့တာပါ။ ကားမောင်းတဲ့သူဖုန်းဆက်တော့မှ ပျောက်တဲ့အကြောင်း သိရတော့ မိခင်လည်း မန္တလေးကို အပြေး
အလွှား ရောက်လာခဲ့ရတယ်။ မိခင်ရောက်တော့လည်း ဘာလုပ်တတ်မှာတုန်း။ Tiktok ရိုက်ပြီး တင်ရတော့တာပေါ့။
Tiktok သုံးစွဲသူတွေကလည်း Share ပေးကြပါတယ်။ သို့ပေမဲ့ ကလေးသတင်း အစအနမရခဲ့ဘူး။ သားကို ခုထိမတွေ့သေးဘူး။ မိခင်ရင်ကွဲရပြီ။
အဲဒါနဲ့တင်မပြီးဘဲ ကလေးကို တွေ့ထားတယ်။ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီး မက်ဆေ့တွေပို့၊ ဖုန်းတွေဆက်ပြီး သားပျောက်မိခင်ကို လိမ်ကြတော့တာပါ။ "ခဏခဏ အလိမ်ခံနေရပါတယ်။ သားလေးကို ပြန်တွေ့ပြီဆိုပြီးတော့မှ ပြန်ပြီးသတင်းလွှင့်ခိုင်းပြီးတော့မှ မဟုတ်ဘဲ တွေ့လည်းမတွေ့ဘဲနဲ့ ကျမတို့ကို ခဏခဏငွေညှစ်ညှစ်နေပါတယ်။ စိတ်ညစ်လှပါပြီ ကျမလည်း။ စစ်မှုထမ်းဆွဲသွားရင်လည်း အမြန်ဆုံးအကြောင်းကြားပါ။"လို့ သားပျောက်မိခင်က Tiktok ကနေ ရင်ဖွင့်ခဲ့ပါတယ်။
တကယ်တော့ စစ်တပ်အာဏာသိမ်းပြီး စစ်မှုထမ်းပေါ်လာပြီးနောက်ပိုင်း ပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွားဖြစ်လာခဲ့တယ်။ ပေါ်တာဆွဲရောင်းစားသူတွေအပြင် ပျောက်ဆုံးသူရဲ့မိသားစုဝင်တွေဆီကိုလည်း လိမ်လည်ငွေညှစ်တာတွေ မကြာခဏ ဖြစ်ပေါ်လာခဲ့တယ်။ ပျောက်ဆုံးမိခင်ရဲ့ Post မှာ တစ်ယောက်ပြောပြထားတာဆိုရင် ရင်နာစရာပါ။
ရွာဘက်မှာ လူငယ်လေးတွေကို မန္ဆလေးကနေ ဆေးသုတ်ဖို့ဆိုပြီး လာခေါ်သွားတယ်။ စစ်တပ်ထဲ စစ်မှုထမ်း ရောင်းစားခံလိုက်ရတယ်။ မိဘတွေဆီကိုလည်း ဖုန်းဆက်ပြီး ပိုက်ဆံပေးရင် လွှတ်ပေးမယ်ဆိုလို့ မိဘတွေခမျာ ရှိသမျှ အိမ်တွေဝိုင်းတွေ ရောင်းချပေးလိုက်ကြတာ။ သို့ပေမဲ့ ပိုက်ဆံတွေသာ ပေးလိုက်ရပေမဲ့ လူတွေကတော့ ပြန်ရောက်မလာတော့ဘူးတဲ့။
စစ်မှုထမ်းနဲ့ပတ်သက်ပြီး တစ်တိုင်းပြည်လုံးက မိခင်တွေ သောကတွေ ဘယ်လောက်ရောက်ရောက်၊ မျက်ရည်တွေဘယ်လောက်ကျကျ အာဏာသိမ်း စစ်တပ်ကတော့ အဓမ္မစစ်မှုထမ်းခိုင်းလို့ ကောင်းတုန်းပါ။
အာဏာသိမ်းစစ်တပ်က တရုတ်အကူအညီနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တချို့ပြန်တောင်းရခဲ့သလို ၊တရုတ်-ရုရှား-အိန္ဒိယတို့ရဲ့ စစ်ရေး၊သံတမာန်ရေး၊ဘဏ္ဍာရေး အကူအညီ
တွေ လက်နက်နဲ့နည်းပညာအကူအညီတွေနဲ့ စစ်မှုထမ်းဥပဒေကိုအဓမ္မပြဌာန်းပြီး ၂၀၂၄ ဖေဖော်ဝါရီကစကာလူငယ်တွေ ဖိအားပေးစစ်မှုထမ်းခိုင်းလို့ရတဲ့ စစ်သားသစ်အင်အားနဲ့ ဆုံးရှုံးနယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းဖို့ကြိုးစားနေပါတယ် ။မြို့ပေါင်း ၂၀
ခန့်ပြန်ထိန်းချုပ်နိုင်ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှအပ နိုင်ငံတစ်ဝန်းခုခံမှုကောင်းတဲဒေသတွေမှ တော်လှန်ရေးအဖွဲ့တွေက ခုခံစစ်၊တန်ပြန်ထိုးစစ် ဆင်နွှဲတာကြောင့် စစ်တပ်ဟာ တိုက်ပွဲကာလရှည်ကြာလာတာနဲ့အမျှစစ်သားတွေသေဆုံးတာ ၊ဒဏ်ရာရတာ၊ထွက်ပြေးတာ ၊အလင်းဝင်တာလည်းများနေပါတယ်။
ဒါ့ကြောင့် စစ်တပ် အခုနှစ်ဆန်းပိုင်းကစ စစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာကို ရန်ကုန်လို ၊မိတ္ထီလာလိုမြို့ စတဲ့မြို့တွေမှာပါ ပေါ်တာဆွဲတာကို အတင့်ရဲစွာလုပ်လာပါတယ်။ ရခိုင်ပြည်နယ် ၊ချင်းပြည်နယ် ၊ စစ်ကိုင်း-ကချင်ပြည်နယ်အစပ် ၊မကွေးတိုင်း ၊ကရင်ပြည်နယ် ၊ ရခိုင်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီ-ပဲခူး-မကွေး စတဲ့ဒေသကတိုက်ပွဲတွေမှာ စစ်သားသစ်တွေကိုအဓိကသုံးပြီး အခုလပိုင်းအတွင်းတိုက်ပွဲတွေမှာ စစ်သားသစ်တွေသေဆုံး ဒဏ်ရာရတာ ထွက်ပြေးတာတွေအလွန်များနေတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ဒါကြောင့်စစ်တပ်က ပြည်သူ့စစ်လို့ခေါ်တဲ့ စစ်သားသစ်လိုအပ်ချက်ပိုများလာတာကြောင့် စစ်သားသစ်စုဆောင်းတာ ၊ပေါ်တာဆွဲတာတွေကိုတိုးလုပ်လာပါတယ် ။ ဒီအခြေအနေမှာ ပြည်သူတွေအနေနဲ့ လူငယ်တွေကို စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင်ပါးနပ်စွာနေကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်နေကြပါတယ် ။တဖက်မှာလည်း ပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စားဝတ်နေရေးပိုကြပ်တည်းလာတာကြောင့် အလုပ် လုပ်နေရင်း အပေါ်က သားဖြစ်သူလို စစ်အုပ်စုရဲ့ ပေါ်တာဆွဲခံရတာကြုံရပြန်ပါတယ် ။

😢22❤7👍2🤮1🤣1
လာမယ့် စက်တင်ဘာလမှာဆိုရင် အပတ်စဥ် (၂၈)ကို စဖို့ ကြိုးစားနေပါပြီ။ ရန်ကုန်က အပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ ဒေသအသီးသီးမှာလည်း ပေါ်တာဆွဲတာတွေ၊ အိမ်ပေါ်တက်ဆွဲတာတွေကို စစ်အုပ်စုက အတင့်ရဲပြီးပိုလုပ်လာပါတယ် ။အသက်မပြည့်သေးသူတွေေရော ၊အသက်ကြီးသူတွေကိုယ်ပါ ကိုယ်ရေးအချက်အလက်နဲ့အသက်ကို ပြင်ပြီး ပေါ်တာဆွဲနေတာပါ ။ ဒါ့ကြောင့် သားပျောက်မိခင်တွေလည်း များသထက်များလာခဲ့ပါပြီ။
မုံရွာအလုံက သားပျောက်မိခင်ကတော့ သားပြန်အလာကို ၆၂ လမ်းကနေ စောင့်နေတုန်းပါ။ "ကျမစောင့်နေပါတယ်။ သားကို အမြဲတမ်း မျှော်နေပါတယ်"လို့ မိခင်က ၆၂ လမ်းဘေးကနေ Tiktokကတဆင့် ပြောလိုက်ပါတယ်။ ။
𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
#ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #PSA #၆၂လမ်းကစောင့်နေတဲ့မေမေ
#မန္တလေး၆၂လမ်း #စောင့်မျှော်နေသောမိခင် #MotherWaitingAt62ndStreet
#62ndStreetMandalay #StoryOfHope #WaitingMother #MandalayStories

😢21👍7❤1🤮1🤣1