People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(တိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ခန္တီး PDF )
👏459🥰3👎1🤣1🖕1
လက်ပံတန်းက စစ်တပ်စစ်ဆေးရေးဂိတ် PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်သားတွေ စခန်းစွန့်ထွက်ပြေး

ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ထန်းပင်ချောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၁၅ရက်မနက်အစောမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈ဝ၂တပ်ခွဲ၂၊တပ်ခွဲ၃၊သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပ.က.ဖ.) ရွှေတန်းမြေ၊လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲ ၁နာရီ ကြာမြင့်ခဲ့ပြီး စစ်သားတွေ ထွက်ပြေးသွားလို့ PDF ရဲဘော်တွေက စခန်းအတွင်း ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ စစ်သားတွေ သေဆုံးထိခိုက်၊ လက်နက်ခဲယမ်းရရှိမှု ရှိ၊မရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။ တိုက်ပွဲအခြေအနေတွေမေးမြန်းဖို့ တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂) ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

သာယာ၀တီခရိုင် PDF ပူးပေါင်းတပ်တွေဟာ အရင်ကလည်း လက်ပံတန်းမြို့ အပါအဝင်ဒေသတွင်းရှိ ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့မှာ တပ်စွဲထားတဲ့ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ မကြာခဏ ရှိခဲ့ပါတယ်။

ဇူလိုင်လအတွင်းက သာယာ၀တီခရိုင်၊ မင်းလှမြို့နယ် ကိုင်းပြင်ကြီး အညာတန်းရွာ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့ပါတယ်။

ဇန်နဝါရီအတွင်းကလည်း မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်ရှိ အုတ်တွင်းကျေးရွာ စစ်ကွင်းတာဆုံနဲ့ တာဆုံအနီး ဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ် ဂိတ်စခန်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိအပါအဝင် ၁၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာကလည်း လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်က တပ်တွေနဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၈ဦးသေဆုံးကာ လက်နက်မျိုးစုံ ၁၂လက်နဲ့ ကျည်ခဲယမ်းများစွာ သိမ်းရခဲ့ပါတယ်။

အခုတိုက်ခိုက်ခဲ့တဲ့ ထန်းပင်ချောင်ရွာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ၂၀၂၅အတွင်းမှာ တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦး သေဆုံးခဲ့ပါသေးတယ်။
👍449🤣4👏2💩1🖕1
(သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂က ရဲဘော်တွေ ပါဝင်တဲ့ စစ်ဆင်ရေးတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ )
👍47👏7🥰52😁2🤣1🖕1
ခင်ဦးမြို့နယ်က ရေဘေးသင့်ရွာတချို့မှာ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားနေ

သြဂုတ် ၁၈၊ ၂၀၂၆။ ဟာနာဆန်/People's Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှူကြောင့် ရေဝင်ခဲ့တဲ့ ကျေးရွာတွေမှာ သောက်သုံးရေမသန့်ရှင်းတာကြောင့် ကလေးငယ်တချို့နဲ့ ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောတာတွေ ​ဖြစ်ပွားနေကြောင်း ခင်‌ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

"ဝမ်းပျက်ဝမ်းလျှောတာ တစ်ရွာကို အနည်ဆုံး၁၀ယောက်ဖြစ်နေတော့ ၂၀၀နီးပါးပေါ့"လို့ ခင်‌ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ရေအကူးအတက်များမှုကြောင့် ရေဝဲစားမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ်က ရေဝင်ကျေးရွာတွေမှာ ရေပြန်ကျပေမဲ့ အင်းဘေး၊ အိုင်ဘေး မြောင်းဘေးနီးတဲ့ မြေနိမ့်ပိုင်းကျ ရွာတွေနဲ့ရပ်ကွက်တွေထဲမှာတော့ ရေဝပ်ကျန်ခဲ့တယ်လို့ ဒေသခံအချိူ့က ပြောပါတယ်။

လက်ရှိ ခင်ဦးမြို့နယ် ရေဘေးသင့်ကူညီရေးအတွက် (NUG အစိုးရအဖွဲ့၊ စစ်ကိုင်းယူနစ်၊ ပြည်သူနှင့် အင်အားစုများ)နဲ့ အသီးသီးသော အလှူရှင် အသီးသီးရဲ့ လှူဒါန်းမှုနဲ့ ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့နေပြီး ၂ ရက်အတွင်း အိမ်ထောင်စုပေါင်း (၁၆၅၀)ခန့်နဲ့ ဆန်အိတ်ပေါင်း (၂၇၅)ပိုင်းကို ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသက ပြည်သူ​တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး မနေ့က ရေဘေးသင်အရာတော်မြို့နယ်က ရေဘေးသင့်ရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က ရေဘေးသင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။

စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။
😢39👍2🙏21👏1
(ရေကျသွားပြီးနောက် ခင်ဦးမြို့နယ်အတွင်းက ရေဘေးသင့်ရွာတချိူ့က ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံံ-ခင်‌ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
😢465👍2👎2🤣1
ရန်ကုန်မှာ ဝမ်း​ရောဂါဖြစ်ပွားသူဆက်တိုး​နေပြီး ၆၀၀ ခန့်အထိရှိလာ

■ကာလဝမ်း​ရောဂါဖြစ်ပွားသူ ၁၄၀​ကျော်ရှိ

သြဂုတ်-၁၈၊၂၀၂၆။တာရာ/People's Spring

ရန်ကုန်မြို့မှာဝမ်းပျက် ၊ဝမ်း​လျှော​ရောဂါ​ကြောင့်​ဆေးရုံတက်​ရောက်ကုသရသူ ဆက်
တိုက်တိုး​နေပြီး ၆၀၀ နီးပါးရှိ​နေပြီလို့စစ်
တပ်လက်​အောက်ခံ ကျန်းမာ​ရေးဝန်ကြီး
ဌာနမှ တာဝန်ရှိသူတဦးက​ပြောပါတယ် ။

"ဝမ်းပျက်ဝမ်းလျှောလူနာက ၆၀၀ နီးပါးအထိရှိလာပြီ။ လူနာကတိုးတိုးလာတယ်။ ဆေးရုံတတ်တဲ့လူနာတွေကိုတောင် တစ်ရက်လောက်ပဲ ဆေးရုံမှာကုသပေးနိုင်တယ်"လို့အထက်ပါတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်း​လျှော​ရောဂါအများဆုံးဖြစ်​နေတာဟာ မြို့တွင်းမြို့နယ်​တွေဖြစ်တဲ့ လသာ ၊လမ်းမ​တော်၊ကျောက်တံတားပန်းပဲတန်းစတဲ့မြို့နယ်​တွေဖြစ်တယ်လို့
သူကဆက်​​ပြောပါတယ် ။

ဒါအပြင် စစ်တပ်ရဲ့ရန်ကုန်တိုင်းအစိုးရ၊ လူ
မှုရေးရာဝန်ကြီးဦးဗိုလ်ဌေးကလည်း ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ သြဂုတ် ၁၆ ရက်အထိ့ ၅၀၀ ဦးရှိလာပြီဖြစ်တယ်လို့ စစ်တပ်လွှတ်တော်မှာပြောကြားခဲ့ပါတယ်။

သြဂုတ်လ ၉ ရက်ကနေ ၁၆ ရက်အထိဝမ်း
ပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၅၀၀ ဦးအထိရှိပြီး ရောဂါပျောက်ကင်းပြီး ဆေးရုံကနေ လူနာ (၂၈၈) ဦး ဆေးရုံဆင်းသွားတယ်လို့ သူကဆိုပါတယ်။ ဒီအ​ရေအတွက်​တွေဟာ အစိုးရ​ဆေးရုံ ၊ပုဂ္ဂလိက​ဆေးရုံ​တွေမှာတက်​ရောက်ကုသရတဲ့ လူနာအ​ရေအတွက်ပဲဖြစ်ပါတယ် ။ဝမ်း​ရောဂါဖြစ်​ပေမယ့် ​ဆေးရုံမတက်သူ ၊​ဆေးခန်း​တွေမှာပဲ ပြလိုက်သူ များစွာရှိ​သေးတယိလို့ ရန်ကုန်မြို့​နေပြည်သူအချို့က​ပြောပါတယ်။

လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောတွေထဲမှာကာလဝမ်း​ရောဂါ(သို့မဟုတ်)ပြင်းထန်ဝမ်း
ပျက်ဝမ်း​လျှော​ရောဂါ(Cholera Positive)
လူနာ ၁၄၀ ဦး နဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက စစ်ဆေးအတည်ပြုထားတဲ့ Vibrio CholeraPositive လူနာ
(ကာလဝမ်း​ရောဂါဖြစ်​စေနိုင်တဲ့ဘက်တီးရီးယားပိုး​တွေ့လူနာ) ၉ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ပို့ပေးရတာဆိုတော့ သိတယ်။ လူနာများများလာတယ်။ ဆေးရုံကဆင်းတဲ့လူနာတွေလည်းရှိပါတယ်။ အစားအသောက်တွေကို မှာစားတာပဲဖြစ်ဖြစ် ဝယ်စားတာပဲဖြစ်ဖြစ်ဆင်ခြင်သင့်တယ်။အများစုက အစား
အသောက်ကြောင့်ဖြစ်တာ။ပြီးတော့ရေ
ကြောင့်လည်းဖြစ်တာပါတယ်။ အဲဒီဝမ်းပျက်ဝမ်းလျှောက မြို့နယ်တိုင်းလိုလိုမှာဖြစ်နေပြီ" လို့ ဝမ်း​ရောဂါလူနာ​တွေကို​ဆေးကုသနိုင်ဖို့ ကူညီပေးသူတဦးကပြောပါတယ်။

လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးသူတစ်ဦးတည်းသာရှိတယ်လို့စစ်​ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဝမ်း​ရောဂါ​တွေဖြစ်တာဟာ လမ်း​ဘေး​ဈေးသည်​တွေ​ကြောင့်လို့ စစ်တပ်ကသုံးသပ်ပြီး ရန်ကုန်မြို့တွင်းမှာရှိတဲ့ လမ်းဘေးစျေးသည်တွေကိုလည်း ဒေသန္တရအမိန့်နဲ့ တစ်ပါတ်တိတိပိတ်ခိုင်းထားပါတယ်။

လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသပေးနေတယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာဝမ်း​ရောဂါဖြစ်ပြီး လမ်း​ဘေး​ဈေး
သည်​တွေရဲ့​ဈေးဆိုင်​တွေ ပိတ်ထားရ​ပေမယ့် စား​သောက်ဆိုင်​တွေက ပုံမှန်ဖွင့်လှစ်​နေပြီး စား​သောက်သူ​တွေလည်း ပုံမှန်အတိုင်းရှိ​နေတယ်လို့ ရန်ကုန်မြို့ ခံအချို့က​ပြောပါတယ် ။

ရန်ကုန်မှာ ဝမ်း​ရောဂါဖြစ်​နေတာ​ကြောင့်
​ဆေးဆိုင်​တွေက BPI ဓါတ်ဆားထုတ်ဝယ်လိုအားများလာပြီး အရင်က တစ်ထုပ် ၅၀၀ ကျပ်က​နေ ၁၀၀၀ ကျပ်အထိ​ဈေးတက်လာတယ်လို့ မြို့ခံအချို့က​ပြောပါတယ်။
🔥249🤬5👎3😱3🤣1
ရန်ကုန်မြို့လယ်ကလမ်း​ဘေးဆိုင်အချို့ပိတ်ထားတာကို​တွေ့ရစဥ်။ဓါတ်ပုံ-တီအာ
👍254👎2🔥1👏1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၁၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရန်ကုန်မှာ ဝမ်း​ရောဂါဖြစ်ပွားသူဆက်တိုး​နေပြီး ၆၀၀ နီးပါး ရှိလာ

ရန်ကုန်မြို့မှာ ဝမ်းပျက် ၊ဝမ်း​လျှော​ရောဂါ​ကြောင့်​ ဆေးရုံတက်​ရောက်ကုသရသူ ဆက်တိုက်တိုး​နေပြီး ၆၀၀ နီးပါးရှိ​နေပြီလို့ စစ်တပ်လက်​အောက်ခံ ကျန်းမာ​ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက​ ပြောပါတယ်။ ဆေးရုံတက်တဲ့ လူနာတွေကိုတောင် တစ်ရက်လောက်ပဲ ဆေးရုံမှာ ကုသပေးနိုင်တယ်လို့ အဲဒီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်း​လျှော​ရောဂါအများဆုံးဖြစ်​နေတာဟာ မြို့တွင်းမြို့နယ်​တွေဖြစ်တဲ့ လသာ၊ လမ်းမ​တော်၊ ကျောက်တံတား၊ ပန်းပဲတန်းစတဲ့မြို့နယ်​တွေဖြစ်တယ်လို့ သူက ဆက်​​ပြောပါတယ်။ စစ်တပ်ရဲ့ရန်ကုန်တိုင်းအစိုးရ၊ လူမှုရေးရာဝန်ကြီးဦးဗိုလ်ဌေးကလည်း ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်နေရသူ သြဂုတ် ၁၆ ရက်အထိ ၅၀၀ ဦးရှိလာပြီဖြစ်တယ်လို့ စစ်တပ်လွှတ်တော်မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောတွေထဲမှာ ကာလဝမ်း​ရောဂါ(သို့မဟုတ်)ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါ(Cholera Positive) လူနာ ၁၄၀ ဦး နဲ့ ကာလဝမ်း​ရောဂါဖြစ်​စေနိုင်တဲ့ ဘက်တီးရီးယားပိုး​တွေ့လူနာ ၉ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

◾️ခင်ဦးမြို့နယ်က ရေဘေးသင့်ရွာတချို့မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှူကြောင့် ရေဝင်ခဲ့တဲ့ ကျေးရွာတွေမှာ သောက်သုံးရေမသန့်ရှင်းတာကြောင့် ကလေးငယ်တချို့နဲ့ ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောတာတွေ ​ဖြစ်ပွားနေကြောင်း ခင်‌ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာ တစ်ရွာကို အနည်ဆုံး၁၀ယောက်ဖြစ်နေတော့ ၂၀၀နီးပါးပေါ့လို့ ခင်‌ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ရေအကူးအတက်များမှုကြောင့် ရေဝဲစားမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ်က ရေဝင်ကျေးရွာတွေမှာ ရေပြန်ကျပေမယ့် အင်းဘေး၊ အိုင်ဘေး မြောင်းဘေးနီးတဲ့ မြေနိမ့်ပိုင်းကျ ရွာတွေနဲ့ ရပ်ကွက်တွေထဲမှာတော့ ရေဝပ်ကျန်ခဲ့တယ်လို့ ဒေသခံအချို့က ပြောပါတယ်။

◾️ရေဘေးသင့်ကျေးရွာ၂ရွာကို စစ်တပ် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်က အရာတော်မြို့နယ်မှာ ရေဘေးသင့်နေတဲ့ ကောင်းသစ်ကျေးရွာကို ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ရခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ သြဂုတ် ၁၇ရက် ည ၁၁ နာရီခန့်ကလည်း မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးဟာ ရေဘေးသင့်နေတဲ့ အရာတော်မြို့နယ်က ကြွေပုဂံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးထိခိုက်ခဲ့ကြောင်း အရာတော်ပကဖအဖွဲ့က ပြောပါတယ်။

◾️မိုးကောင်းတိုက်ပွဲ စစ်အုပ်စု ၇ဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ ဩဂုတ် ၁၈ရက် ဒီနေ့ မနက်ပိုင်း တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်နဲ့ ရှမ်းနီ(SNA)ပူးပေါင်းတပ်က ၇ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းယူနိုင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။ မိုးကောင်းမြို့နယ် အင်ကြင်းကုန်းရွာမှာ ရောက်နေတဲ့ စစ်တပ်နဲ့ ရှမ်းနီ(SNA)ပူးပေါင်းတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ KPDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ မနက် ၄နာရီလောက်ကနေ ၅နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားဖြစ်ခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီပူးပေါင်းတပ်ဘက်က အလောင်းသုံးလောင်းရသလို လေးလောင်းကို ဆွဲယူပြီး ထွက်ပြေးသွားကြတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

◾️ထားဝယ်ဒုအကောက်ခွန်မှူးက လက်နက်လုခုခံထွက်ပြေးလို့ ရှင်းလင်းခဲ့

ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနက ဒုအကောက်ခွန်မှူးဖြိုးစံဟာ လုံခြုံရေးရဲဘော်ဆီက လက်နက်လုယူပြီး ပြန်လည်ခုခံထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ကြောင်း နည်းဗျူဟာ(၃၃)က ဒီနေ့ သြဂုတ် ၁၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မိုက်မဲသော ပြန်လည်ခုခံမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နေရာမှာပဲ အပြတ်ရှင်းလင်းဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒုအကောက်ခွန်မှူး ဖြိုးစံကို နည်းဗျူဟာ(၃၃)ကွပ်ကဲမှုအောက်ရှိ အမှတ်(၈၀၀၃)တပ်ရင်းက ဇူလိုင် ၂၀ရက်မှာ လောင်းလုံမြို့နယ် မောင်းမကန် ကမ်းခြေအနီးမှာ ဖမ်းမိခဲ့တာပါ။

◾️KNU ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာ မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို KTLA ထုတ်ပယ်
🔥16👍53🤣1
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA က ထုတ်ပယ်လိုက်ကြောင်း ကရင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။ KTLA ဆာကပေါ်တပ်ရင်းက တပ်ရင်းမှူး ဗိုလ်အဲဖိုးကို KTLAက ဩဂုတ် ၁၇ရက်မှာ ထုတ်ပယ်ကြောင်း စာထုတ်ပြန်ခဲ့တာလို့ဆိုပါတယ်။ KNU/KNLAကို ပစ်ခတ်တိုက်ခိုက်ဖို့ ဩဂုတ် ပထမပတ်မှာ KTLA ဌာနချုပ်က ဗိုလ်အဲဖိုးထံ စာနဲ့ အမိန့်ပေးတာကို တပ်ရင်းမှူး ဗိုလ်အဲဖိုးက အချင်းချင်း ပြန်ပစ်ခတ်ဖို့ ဆန္ဒမရှိတဲ့ အခြေအနေမှာ အမိန့်မလိုက်နာလို့ဆိုပြီး အခုလို ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။ အခု ထုတ်ပယ်ခံရတဲ့ တပ်ရင်းမှူးဟာ KNUနဲ့ စစ်ရေးပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေတယ်လို့ KNU သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ KNLAနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ တပ်ရင်းမှူး အဲဖိုးအား KNLA ကို ပြန်တိုက်ဖို့ KTLAက အမိန့်ပေးခဲ့တာလို့ ပြောပါတယ်။

◾️လက်ပံတန်းက စစ်တပ်စစ်ဆေးရေးဂိတ် PDF ပူးပေါင်းတပ် တိုက်ခိုက်

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်က ထန်းပင်ချောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က သတင်းထုတ်ပြန်ပါတယ်။ အဲဒီ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၁၅ရက် မနက်အစောပိုင်းမှာ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲ တစ်နာရီ ကြာမြင့်ခဲ့ပြီး စစ်သားတွေ ထွက်ပြေးသွားလို့ PDF ရဲဘော်တွေက စခန်းအတွင်း ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

◾️စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ခန္တီးPDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ခန္တီး PDFက ဒီနေ့ သြဂုတ် ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်က ခန္တီး PDF နဲ့မဟာမိတ်အဖွဲ့တွေ တပ်စွဲထားတဲ့ ချောင်းသုံးခွ ကျေးရွာကို စစ်တပ်၊ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA နဲ့ ခန္တီးမြို့ပြည်သူ့စစ်တို့ ပူပေါင်းအင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်တပ် ပူးပေါင်းတပ်က ၆ ဦး သေဆုံးပြီး ၃ဦး အပြင်းထန်ဒဏ်ရာရတယ်လို့ ခန္တီး PDFက ဖော်ပြပါတယ်။ ခန္တီး PDF ရဲဘော် ၁ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်အုပ်စုဆီက ၆၀ မမ အပါအ၀င် လက်နက် ၄လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

◾️SCEFမှာ မကွေးဖက်ဒရယ်ယူနစ် ပါဝင်ဖို့ ဆွေးနွေးနေ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး SCEFမှာ မကွေးဖက်ဒရယ်ယူနစ် အဖွဲ့ဝင်အဖြစ် ပါဝင်လာရေး ဖိတ်ခေါ် အဆိုပြုချက်တွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။ SCEFနဲ့ မကွေးဖက်ဒရယ်ယူနစ် တာဝန်ရှိသူတွေဟာ ဩဂုတ် ၁၅ရက်မှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ အခုလိုဖိတ်ခေါ်ခဲ့တာပါ။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့ SCEFမှာ ပါဝင်ဖို့ သဘောတူညီချက်ရရှိခဲ့ပြီးနောက် မကွေးဖက်ဒရယ်ယူနစ်နဲ့ ထပ်မံ တွေ့ဆုံအဆိုပြုခဲ့တာပါ။ တွေ့ဆုံပွဲမှာ SCEF ဘက်က အလှည့်ကျ သဘာပတိ ခူဦးရယ် ဦးဆောင်တက်ရောက်ခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလှိုင် နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

◾️အဖွဲ့အစည်းအမှတ်တံဆိပ် မတူပေမယ့် SCEF အောက်မှာ အတူတိုက်ပွဲဝင်ကြမယ်လို့ NUG တာဝန်ရှိသူ ပြော

ဘတ်တံဆိပ်လို့ခေါ်တဲ့ တပ်ဖွဲ့အသီးသီးရဲ့ အဖွဲ့အစည်းအမှတ်တံဆိပ် လက်မောင်းတံဆိပ်တွေ မတူပေမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF)ရဲ့ အောက်မှာ အတူတကွ တိုက်ပွဲဝင်ကြမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ တော်လှန်ရေးစကားဝိုင်းတခုဖြစ်တဲ့ နွေဦးမှန်ကူကွက်များ အစီအစဉ်မှာ ဦးနေဘုန်းလတ်က SCEF ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်မျှော်လင့်နိုင်မလဲ မေးခွန်းအပေါ် အခုလို သုံးသပ်ပြောကြားထားတာဖြစ်ပါတယ်။ SCEF စဖွဲ့စည်းကတည်းက စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေးအရ ဘက်ပေါင်းစုံကို မဟာမိတ်တွေကြား ပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်ကြောင်း၊ SCEF စုဖွဲ့မှုဟာ စာရွက်ပေါ်မှာ စုဖွဲ့ထားတာမျိုးမဟုတ်ကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

◾️ရသေ့တောင်မြို့ကို စစ်တပ်က ၂ရက်ဆက် ဗုံးကြဲ
🔥105👍5🤬3
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတော့တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေနဲ့ အနီးဝန်းကျင်တွေကို ဩဂုတ် ၁၇ ရက်နဲ့ ဒီနေ့ ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှာ ၂ရက်ဆက်တိုက်ဗုံးကြဲခဲ့ပြီး အရပ်သား ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက် ၉ နာရီကျော်ခွဲဝန်းကျင်မှာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ အဲဒီအနီးဝန်းကျင်ဒေသတွေကို နာရီဝက်နီးပါးလောက်ထိ ဆက်တိုက်ဗုံးကြဲနေခဲ့တာဖြစ်ပြီး အထိအခိုက်တွေကိုတော့ မသိရသေးပါဘူး။ စစ်တပ်ဟာ ကျောက်တန်းကျေးရွာတဝိုက်ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲနေခဲ့တာဖြစ်ပြီး ထောက်ပို့ လေယာဉ် Y12 အသံပါ ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။ စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို ရက်ဆက် လေကြောင်းဗုံးကြဲနေတာဖြစ်ပြီး ဒီနေ့မှာပဲ ရသေ့တောင်မြို့နယ်ကို ဗုံးကြဲတဲ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့တဝိုက် လေယာဉ်ဝဲနေတယ်လို့ ဆိုပါတယ်။

◾️ဒေါပုံမြို့နယ်မှာ ကလေးငယ် ၁ဦး ဓားထိုးခံရပြီး သေဆုံး

ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာ အသက်(၈)နှစ်အရွယ်ကလေးငယ် ၁ဦး ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ကိုပူတူးနဲ့ ဘော်ဒါများ ပရဟိတအဖွဲ့က အသိပေးထားပါတယ်။ ဒီနေ့ ဩဂုတ် ၁၈ရက် မနက် ၈ နာရီကျော်က ဒေါပုံမြို့နယ်၊ ဗိုလ်တွန်းဇံရပ်ကွက်က တိုက်ခန်းတစ်ခုမှာ တစ်တိုက်တည်းနေတဲ့ စိတ်ဝေဒနာရှင်က ကျောင်းသွားဖို့ ပြင်နေတဲ့ ကလေးငယ်ကို ဓားနဲ့ထိုးခဲ့တာလို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုပူတူးက ရှင်းပြထားပါတယ်။ အသင်းကို အကူအညီတောင်းတာကြောင့် လူနာတင်ယာဉ်နဲ့သွားရောက်ချိန်မှာ ဓားထိုးခံရတဲ့ ကလေးငယ်ကို သေဆုံးအနေအထားနဲ့ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဓားနဲ့ထိုးသူက အသက် (၅၀)ကျော် အရွယ်ဖြစ်ပြီး ငယ်စဉ်ကတည်းက စိတ်ကျန်းမာရေးမကောင်းသူဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

◾️စစ်မှုထမ်းကြေးပေးနေရတယ်လို့ စစ်တပ် ဒုတပ်ကြပ် ထုတ်ပြော

အာဏာသိမ်းစစ်တပ်ရဲ့ ဒုတပ်ကြပ် တစ်ဦးက သူ့ရဲ့မိဘနေအိမ်ဟာ စစ်မှုထမ်းကြေးအဖြစ် ပေးနေရလို့ လူမှုကွန်ရက်မှာ မကျေမနပ်နဲ့ ရင်ဖွင့်ထားပါတယ်။ အဲဒီ ရင်ဖွင့်ပြောဆိုသူဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ကုန်းကလေးကျေးရွာအုပ်စု၊ သပြေလှကျေးရွာက ဦးမောင်ဝင်းနဲ့ ဒေါ်စိုးရီတို့ရဲ့ သားဖြစ်သူ ဒုတပ်ကြပ် မျိုးဝင်းဇော် ဖြစ်ပါတယ်။ သူက လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးနယ်မြေမှာ ရောက်နေသူဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတပ်ကြပ်မျိုးဝင်းဇော်ရဲ့ ပြောဆိုချက်အရ ကျေးရွာဥက္ကဋ္ဌ ငွေကြီးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ကျေးရွာအတွင်း စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်စာရင်းတွေကို လိုက်လံကောက်ယူ လူစုဆောင်းနေတဲ့အပြင် ကျေးရွာသားတွေဆီကနေ စစ်မှုထမ်းကြေးအဖြစ် ၁လကို ကျပ် ၂၅,၀၀၀ ကနေ ၄၀,၀၀၀ အထိ လစဉ်မပြတ် ကောက်ခံနေတယ်လို့ သိရပါတယ်။ အသက် ၆၀ ကျော် ၇၀အရွယ် သူ့မိဘတွေလည်း စစ်မှုထမ်းကြေးထည့်နေရတယ်လို့ မျိုးဝင်းဇော်က ဆိုပါတယ်။ စစ်မှုထမ်းကြေးပေးနေပေရပေမယ့် တွေ့တဲ့နေရာမှာလည်း ဖမ်းဆီးပေါ်တာဆွဲနေဆဲဖြစ်ကြောင်း အဲဒီဒုတပ်ကြပ်က ဆက်ပြောပါတယ်။

◾️ရန်ကုန်စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ စစ်တပ် စည်းရုံးနေ

လျှပ်စစ်ဓါတ်အားထုတ်တဲ့ တမံတွေမှာ ရေလျှံနေလို့ ရန်ကုန် စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က စည်းရုံးနေပါတယ်။ ညဥ့်နက်ပိုင်းတွေမှာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု လွန်စွာလျော့နည်းသွားလို့ ဓာတ်အားပေးစက်ရုံတွေမှာ ထုတ်လုပ်မှုကို လျော့ချမောင်းနှင်ပေးရတာကြောင့် မိုးရာသီမှာ ရေစွမ်းအင်တွေ ပြုန်းတီးနေတဲ့အပြင် ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ တမံကြီးတွေမှာ ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့ကြောင့် လျှပ်စစ်ဓါတ်အားသုံးစွဲမှု ပမာဏများတဲ့ ရန်ကုန်တိုင်းအတွင်းက စက်မှုလုပ်ငန်းတွေအနေနဲ့ ည ၁၁ နာရီကနေ နောက်တနေ့ မနက် ၅ နာရီအထိ အချိန်အတွင်း တစ်ယူနစ်ကို မူလ ကျပ် ၉၀၀ ကနေ ကျပ် ၆၀၀ ကို လျှော့ပေးမယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် မိုးရာသီမှာ ဆုံးရှုံးနေတဲ့ ရေတွေကနေ ဝင်ငွေရလာတာ၊ ဓာတ်အားတည်ငြိမ်တာ၊ စက်မှုလုပ်ငန်းတွေ ညဘက်ပြောင်းလုပ်လို့ နေ့ပိုင်းမီးပိုပေးတာ၊ လုပ်ငန်းရှင်တွေ ကုန်ကျစရိတ်လျော့တာတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။
👍196🔥4
🔥11👍101👎1🤣1