ဒေါပုံမြို့နယ်မှာ ကလေးငယ် ၁ဦး ဓားထိုးခံရပြီး သေဆုံး
ဩဂုတ်-၁၈၊၂၀၂၆။သတိုး/People's Spring
ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာ အသက်(၈)နှစ်အရွယ်ကလေးငယ် ၁ဦး ဓားထိုးခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနဲ့ ဘော်ဒါများ ပရဟိတအဖွဲ့က အသိပေးထားပါတယ်။
ဒီနေ့ (ဩဂုတ် ၁၈) မနက် ၈ နာရီကျော်က ဒေါပုံမြို့နယ်၊ ဗိုလ်တွန်းဇံရပ်ကွက်က တိုက်ခန်းတစ်ခုမှာ တစ်တိုက်တည်းနေတဲ့ စိတ်ဝေဒနာရှင်က ကျောင်းသွားဖို့ ပြင်နေတဲ့ ကလေးငယ်ကို ဓားနဲ့ထိုးခဲ့တာလို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုပူတူးက ရှင်းပြထားပါတယ်။
အသင်းကို အကူအညီတောင်းတာကြောင့် လူနာတင်ယာဉ်နဲ့သွားရောက်ချိန်မှာ ဓားထိုးခံရတဲ့ ကလေးငယ်ကို သေဆုံးအနေအထားနဲ့ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဓားနဲ့ထိုးသူက အသက် (၅၀)ကျော် အရွယ်ဖြစ်ပြီး ငယ်စဉ်ကတည်းက စိတ်ကျန်းမာရေးမကောင်းသူဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပြစ်မှုကျူးလွန်သူအမျိုးသားကို သူ့ရဲ့ မိသားစုကိုယ်တိုင် ဖမ်းဆီးပေးခဲ့တယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။
ကလေးငယ်ကို ဓားထိုးခံရချိန်မှာ အဖွားဖြစ်သူက ဝင်ဆွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတွေရရှိပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို အသင်းလူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ကိုပူတူးက အသိပေးထားပါတယ်။

😢34🤬4❤3👍3😭1
■အတွေးအမြင်
မြေရှား ကျိန်ဇာသင့်နေသော မြန်မာ
-ကိုပါဝဲလ်ရေးသားသည်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးများ၊ လျှပ်စစ်ကားထုတ်လုပ်သူများနှင့် စိမ်းလန်းသောစွမ်းအင်ကို ဦးတည်နေသည့် နိုင်ငံများ၏ အဓိကမျှော်လင့်ချက်ဖြစ်သော မြေရှားသတ္တုများသည် ခေတ်သစ်နည်းပညာ၏ အသက်သွေးကြောဗီတာမင်များ ဖြစ်ကြသည်။
သို့သော်ဤသတ္တုများ၏ နောက်ကွယ်တွင် ဝမ်းနည်းဖွယ်ရာအမှန်တရားတခုရှိနေသည်။ ထိုအမှန်တရားမှာ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသများတွင် တူးဖော်နေသည့် ရှား
ပါးသတ္တုများသည် ပတ်ဝန်းကျင်ကို အဆိပ်
သင့်စေပြီး၊ စစ်ပွဲအတွင်းနစ်မွန်းနေသော လက်နက်ကိုင်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ပေးနေခြင်းပင်ဖြစ်သည်။
ကမ္ဘာမြေကို ကာကွယ်ရန်အတွက် သန့်ရှင်းသောစွမ်းအင်ကို ရှာဖွေနေချိန်တွင်၊ အဆိုပါသတ္တုများကို တူးဖော်သည့်လုပ်ငန်းစဉ်က မြန်မာနိုင်ငံ၏ ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းကို ရစရာမရှိအောင် ဖျက်ဆီးနေပါသည်။ သန့်ရှင်းသောစွမ်းအင်ရဖို့ အကြောင်းပြပြီး မြေရှားကို စည်းမဲ့ကမ့်မဲ့တူးဖော်သည့် ပတ်ဝန်းကျင်ရှိ ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးပစ်ခြင်းသည် မဖြစ်ထိုက်ချေ။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာ
သိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးရေး၊ အလုပ်
သမားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်
နည်းနှင့် စည်းကမ်းများမှာလုံးဝပျောက်ကွယ်သွားခဲ့သည်။ ကချင်နှင့် ရှမ်းပြည်နယ်ရှိ နယ်
စပ်ဒေသများသည် တရုတ်နိုင်ငံ၏ လိုအပ်
ချက်အရ မြေရှားသတ္တုများ တူးဖော်သည့် နယ်မြေများ ဖြစ်လာခဲ့သည်။
ယခုဆိုလျှင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်
နယ်များ သာမကတော့ပဲ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် နေပြည်တော် အနီးတဝိုက်များမှာ မြေရှားသတ္တု စမ်းသပ်ရှာဖွေရေးများပင် လုပ်ဆောင်နေကြပြီဟု သိရှိရပါသည်။
စစ်အာဏာရှင်များ နှင့် တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့အစည်းများသည် စစ်ရေးစရိတ်ရရှိရန်အတွက် မြေရှားသတ္တုအပါအဝင်
တခြားသယံဇာတများကို လွန်လွန်ကျူးကျူး ထုတ်ယူအသုံးပြုနေကြသည်။ တူးဖော်သူ
များသည် တောင်စောင်းများကို တူးဆွပြီး အက်စစ်ဓာတ်ပြင်းသော ဓာတုပစ္စည်းများကို မြေကြီးထဲသို့ ထိုးသွင်းကာသတ္တုများကို ထုတ်ယူကြသည်။
မြေရှားတူးဖော်သည့် လုပ်ငန်းစဥ်သည် မြေ
ဆီလွှာကို အဆိပ်သင့်စေရုံသာမက၊ မြစ်ရေထဲသို့ ဓာတုစွန့်ပစ်ပစ္စည်းများ စီးဝင်စေကာ ရေအရင်းအမြစ်များကို အမြဲတမ်း ပျက်စီးစေသည်။ဒေသခံပြည်သူများသည်၎င်းတို့၏ စိုက်ပျိုးမြေနှင့် သောက်သုံးရေကို ဆုံးရှုံးနေရပြီး၊ စိုးရိမ်ဖွယ်ရာ ကျန်းမာရေးဆိုင်ရာ ပြဿ
နာများကိုလည်း ရင်ဆိုင်နေကြရသည်။
ဤပြဿနာသည် ဒေသတွင်းတင်မကဘဲ နယ်စပ်ကိုကျော်လွန်၍ အိမ်နီးချင်း ထိုင်းနိုင်ငံအထိ ပျံ့နှံ့နေသည်။ကော့မြစ် နှင့် မဲခေါင်မြစ်အတွင်းသို့ စီးဝင်နေသော အဆိပ်အတောက်များသည် သိန်းနှင့်ချီသောလူများ၏ အသက်
မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်နေသည်။
စီးပွားရေးသမားများနှင့် လက်နက်ကိုင်များအတွက် မြေရှားသတ္တုများသည် ငွေကြေးထောင်ချောက်တခု ဖြစ်သော်လည်း၊ မြန်မာနှင့် တရုတ်နယ်စပ်တလျှောက် ကချင်ပြည်
နယ်နှင့် ရှမ်းပြည်နယ်ရှိ ဒေသခံလူထုအတွက်မူ ၎င်းတို့နေထိုင်ရာနယ်မြေမှာ ယဇ်ပူဇော်ခံနယ်မြေ (Sacrifice Zone) အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် မြေရှားသတ္တုများ၏ ဇစ်မြစ်ကို ပြန်
လည်စစ်ဆေးရန်မှာ အရေးတကြီး လိုအပ်နေသည်။ နည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့၏ ကုန်ပစ္စည်းထုတ်လုပ်မှုတွင် အသုံး
ပြုနေသည့်သတ္တုများသည်မည်သည့်နေရာမှ လာသည်၊မည်သို့သောအခြေအနေမျိုးတွင် တူးဖော်သည်ကိုတာဝန်ခံမှုရှိရန်လိုအပ်သည်။
မြေရှားသတ္တုများ တူးဖော်မှုသည် တရားမဝင်၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်
စပ်နေပါက၊ ယင်းကို အသုံးပြုခြင်းသည် စိမ်းလန်းသော အနာဂတ်အတွက် တည်
ဆောက်ခြင်းဟု မဆိုနိုင်ပေ။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ
နိုင်ငံ၏ ပဋိပက္ခဒေသများမှ သယံဇာတများ ထုတ်ယူမှုကို တားဆီးရန်နှင့် တာဝန်ခံမှုရှိသော ထောက်ပံ့ရေးကွင်းဆက်ကို ဖန်တီးရန် လိုအပ်သည်။
သန့်ရှင်းသောစွမ်းအင်ထုတ်ရန်အကြောင်းပြပြီး ကမ္ဘာ့အခြားဒေသတခုကို ပျက်စီးစေခြင်းမှာ မည်သို့မျှမသင့်လျော်ပါ။ မြန်မာနိုင်ငံ၏ တောတောင်ရေမြေများ ပြန်လည်ရှင်သန်နိုင်ရေး နှင့် ဒေသခံများ၏ အသက်မွေး ဝမ်း
ကျောင်းမှုများကို ကာကွယ်ရန်မှာ အဓိက
ထုတ်ယူနေသော တရုတ်နိုင်ငံ နှင့် တရုတ်ထံမှမြေရှားဝယ်ယူသုံးစွဲနေသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုန်ပစ္စည်းထုတ်လုပ်သူများ၏ အဓိက တာဝန်ပင်ဖြစ်သည်။
ကိုးကား - Global Witness ၏ အစီရင်ခံစာ

👍29❤5🔥2👎1🤔1
အရာတော်က ရေဘေးသင့်ကျေးရွာ၂ရွာကို စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ
သြဂုတ် ၁၈၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မနေ့က သြဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်က အရာတော်မြို့နယ်မှာ ရေဘေးသင့်နေတဲ့ ကောင်းသစ်ကျေးရွာကို ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ရခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ပြည်သူအများစု ရှိတဲ့နေရာကိုကျတာ။ ၄ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်။ သေဆုံးတာက အမျိုးသမီးပါ။ အသက် ၃၅ ၃၆ ပတ်ချာလည်လောက်ရှိမယ်။ သူ့မှာကလေးလေး ရှိတယ်လေ။ ရေကျသွားရင် အလှူပေးဖို့ စီစဥ်ထားတာ။"လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
အလားတူ မနေ့က ည ၁၁ နာရီခန့်ကလည်း မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးဟာ ရေဘေးသင့်နေတဲ့ အရာတော်မြို့နယ်က ကြွေပုဂံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးထိခိုက်ခဲ့ကြောင်း အရာတော်ပကဖအဖွဲ့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က ရေဘေးသင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
အရာတော်အပါအဝင် စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

🤬30❤6😢4🤣4👎2👏2🤩1
ရသေ့တောင်မြို့ကို စစ်တပ်က ၂ရက်ဆက် ဗုံးကြဲ၊ လူထိခိုက်မှုရှိ
▪️ရခိုင်တောင်ပိုင်းမှာလည်း လေယာဉ်တွေ ဝဲနေ
ဩဂုတ် ၁၈၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတော့တဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက လူနေကျေးရွာတွေနဲ့ အနီးဝန်းကျင်တွေကို ဩဂုတ် ၁၇ ရက်နဲ့ ဒီနေ့ ဩဂုတ်လ ၁၈ ရက်မနက်ပိုင်းမှာ ၂ရက်ဆက်တိုက်ဗုံးကြဲခဲ့ပြီး အရပ်သား ထိခိုက်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက် ၉ နာရီကျော်ခွဲဝန်းကျင်မှာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့အဲဒီအနီးဝန်းကျင်ဒေသတွေ ကို နာရီဝက်နီးပါးလောက်ထိ ဆက်တိုက်ဗုံးကြဲနေခဲ့တာဖြစ်ပြီး အထိအခိုက်တွေကိုတော့ မသိရသေးပါဘူး။
“ကျောက်တန်းရွာထဲကိုလည်း ကျတယ်ပြောကြတယ်။ ရွာနားမှာဆိုရင်လည်း ယာလုပ်နေကြတဲ့သူတွေအများကြီး။ အချက်ပေါင်း တဆယ်ကျော်လောက် ကြားလိုက်ရတယ်။ အသေအပျောက်တွေတော့ (အင်တာနက်) လိုင်းတွေ လည်း မရလို့ မသိရသေးဘူး” လို့ ရသေ့တောင်ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ ကျောက်တန်းကျေးရွာတဝိုက်ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲနေခဲ့တာဖြစ်ပြီး ထောက်ပို့ လေယာဉ် Y12 အသံပါ ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဩဂုတ် ၁၇ ရက်မနက် ၁၁ နာရီ ၅၀ မိနစ်အချိန်မှာလည်း တိုက်လေယာဉ် ၁စီးနဲ့ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို ဗုံးကြဲခဲ့တာကြောင့် အဲဒီရွာက အသက် ၄၈ နှစ်အရွယ် ဒေါ်သန်းမေနုမှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး လူနေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။
ဩဂုတ် ၁၆ ရက်ကလည်း သံတွဲမြို့ပတ်ဝန်းကျင်အနီးတဝိုက်ကို ဗုံးကြဲခဲ့ပြီး သားအဖ ၂ဦး သေဆုံးကာ အရပ်သားပြည်သူ ၆ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို ရက်ဆက် လေကြောင်းဗုံးကြဲနေတာဖြစ်ပြီး ဒီနေ့မှာပဲ ရသေ့တောင်မြို့နယ်ကို ဗုံးကြဲတဲ့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့တဝိုက် လေယာဉ်ဝဲနေ တယ်လို့ ဆိုပါတယ်။
“လေယာဉ်တွေ ဝဲနေတယ်။ လူတွေကတော့ အတော်ကို ထိတ်လန့်နေတယ်။ ဘယ်နေ့ဘယ်အချိန် လာချဖို့လဲ ကြောက်နေရတာ” လို့ ဂွဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့၊ ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေ ဆုံး၊ ဒဏ်ရာရရှိမှုနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးမှု တရက်ပြီးတရက် မြင့်တက်နေတယ်လို့ AA က ထုတ်ပြန် ထားပါတယ်။
အခုဩဂုတ် ၁ ရက်ကနေ ၁၅ ရက်အထိ ၂ပတ်အတွင်းမှာပဲ AA ထိန်းချုပ်ရာ ရခိုင်နဲ့ ချင်းပြည်နယ် ပလက်၀ မြို့တို့မှာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၃၆ ဦးသေ ဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးထိရှိခဲ့ပြီး တရက်မှာ လူ ၂ ဦးနှုန်း သေဆုံးနေရတာပါ။
AA နဲ့ မြေပြင်တိုက်ပွဲတွေတိုင်းမှာ အထိနာနေတ့ စစ်တပ်ဟာ ရှုံးမဲမဲတဲ့အနေနဲ့ အပြစ်မဲ့အရပ် သားပြည်သူလူထုတွေအပေါ် နေ့ညအချိန်မရွေး လေကြောင်းကနေ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ် ရက်ဆက် ပြုလုပ်လာနေတာကြောင့် အာရက္ခဒေသတခုလုံး လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုစိုက်ကြဖို့ ထပ်မံတိုက်တွန်းကြောင်းလည်း AA က ဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ၆လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

🤬32🔥5👍4❤2👎2👏1🤩1
ခန္တီးမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်၊ လက်နက်တွေ သိမ်းရ
ဩဂုတ်-၁၈၊၂၀၂၆။မိုမို၊ဇော်ရမ်း/People's Spring
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခန္တီး PDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲဟာ ဩဂုတ် ၃ ရက်ကဖြစ်ပြီး ခန္တီး PDF နဲ့မဟာမိတ်အဖွဲ့တွေ တပ်စွဲထားတဲ့ ချောင်းသုံးခွ ကျေးရွာကို စစ်တပ်၊ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA နဲ့ ခန္တီးမြို့ပြည်သူ့စစ်တို့ ပူပေါင်းအင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ ဆိုပါတယ်။
စစ်တပ် ပူးပေါင်းတပ်က ၆ ဦး သေဆုံးပြီး ၃ဦး အပြင်းထန်ဒဏ်ရာရတယ်လို့ ခန္တီး PDF ဖော်ပြပါတယ်။ ခန္တီး PDF ရဲဘော် ၁ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
၆၀ မမ အပါအ၀င် လက်နက် ၄လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တာ တွေ့ရပါတယ်။
စစ်တပ်စစ်ကြောင်းနောက်ဆက်တွဲအခြေ
အနေ နဲ့ ဒေသတွင်းစစ်ရေးနဲ့ပတ်သက်လို့
ခန္တီး PDF တာ၀န်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အမှတ် (၂၂၉) ခြေလျင်တပ်ရင်း(ခလရ-၂၂၉)က ဗိုလ်ကြီး လင်းမြတ်ထွန်းဦးဆောင်တဲ့ တပ်ရင်းနဲ့ အမှတ်(၁၆)ရဲတပ်ရင်းတို့ပူးပေါင်းပြီး ခန္တီးမြို့နယ် နန်ခမာကျေးရွာဘက်ကို စစ်ကြောင်းထိုးခဲ့ဖူးပါတယ်။
အဲဒီစစ်ကြောင်းကို တိုက်ခိုက်မှုမှာလည်း စစ်တပ်က သေဆုံးထိခိုက်ခဲ့သူတွေရှိတာကြောင့် ပြန်ဆုတ်သွားခဲ့ပါတယ်။
စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အစပ် ခန္တီးမြို့မှာ စစ်တပ်နဲ့ လက်အောင်ခံ ရှမ်းနီ SNA တပ်တွေ စစ်ရေးအရပူးပေါင်းပြီး တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေတွေကို ထိန်းချုပ်ဖို့ကြိုးစားနေတာလို့ ဒေသတွင်းစစ်ရေးသတင်းတွေမှာ ဖော်ပြထားပါတယ်။
ခန္တီးမြို့မှာစစ်တပ်ရဲ့ခလရ(၂၂၉)၊ခလရ(၅၂)
၊ခလရ(၃၄၇)အပြင် ခန္တီးဗျူဗျူဟာလည်း ရှိပါတယ်။စစ်တပ်က မြို့ကို ပိတ်ဆို့ထားပြီး PDF နဲ့ မဟာမိတ်တပ်တွေ တပ်စွဲထားတဲ့နေရာတွေကို စစ်ကြောင်းထိုးဖို့ကြိုးစားနေတယ်လို့စုံစမ်းသိရပါတယ်။
ခန္တီးမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတည်ရှိပြီးကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်၊ နန်းယွန်းနဲ့လရှီးမြို့နယ်၊ ထမံသီ၊ ဟုမ္မလင်းမြို့နယ်တွေနဲ့ ဆက်စပ်နေပါတယ်။ စစ်ကောင်စီက မြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ဝန်းကျင်နဲ့ကျေးရွာတွေကို တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။

👏43❤2🥰2🤣2👎1🖕1
လက်ပံတန်းက စစ်တပ်စစ်ဆေးရေးဂိတ် PDF ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်သားတွေ စခန်းစွန့်ထွက်ပြေး
ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ထန်းပင်ချောင် စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း စစ်ဆင်ရေးမှာ ပါဝင်တဲ့ သာယာ၀တီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၁၅ရက်မနက်အစောမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ(၂၂)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၃၈ဝ၂တပ်ခွဲ၂၊တပ်ခွဲ၃၊သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပ.က.ဖ.) ရွှေတန်းမြေ၊လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲ ၁နာရီ ကြာမြင့်ခဲ့ပြီး စစ်သားတွေ ထွက်ပြေးသွားလို့ PDF ရဲဘော်တွေက စခန်းအတွင်း ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ဆင်ရေးမှာ စစ်သားတွေ သေဆုံးထိခိုက်၊ လက်နက်ခဲယမ်းရရှိမှု ရှိ၊မရှိ အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။ တိုက်ပွဲအခြေအနေတွေမေးမြန်းဖို့ တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂) ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
သာယာ၀တီခရိုင် PDF ပူးပေါင်းတပ်တွေဟာ အရင်ကလည်း လက်ပံတန်းမြို့ အပါအဝင်ဒေသတွင်းရှိ ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်တပ် ဂိတ်စခန်းတွေ၊ ကျေးရွာအချို့မှာ တပ်စွဲထားတဲ့ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ မကြာခဏ ရှိခဲ့ပါတယ်။
ဇူလိုင်လအတွင်းက သာယာ၀တီခရိုင်၊ မင်းလှမြို့နယ် ကိုင်းပြင်ကြီး အညာတန်းရွာ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့ပါတယ်။
ဇန်နဝါရီအတွင်းကလည်း မင်းလှမြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်ရှိ အုတ်တွင်းကျေးရွာ စစ်ကွင်းတာဆုံနဲ့ တာဆုံအနီး ဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ် ဂိတ်စခန်းကို PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အရာရှိအပါအဝင် ၁၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ ဒီဇင်ဘာကလည်း လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်က တပ်တွေနဲ့ မဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၈ဦးသေဆုံးကာ လက်နက်မျိုးစုံ ၁၂လက်နဲ့ ကျည်ခဲယမ်းများစွာ သိမ်းရခဲ့ပါတယ်။
အခုတိုက်ခိုက်ခဲ့တဲ့ ထန်းပင်ချောင်ရွာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ၂၀၂၅အတွင်းမှာ တော်လှန်ရေးတပ်တွေက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦး သေဆုံးခဲ့ပါသေးတယ်။

👍44❤9🤣4👏2💩1🖕1
ခင်ဦးမြို့နယ်က ရေဘေးသင့်ရွာတချို့မှာ ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားနေ
သြဂုတ် ၁၈၊ ၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရေဘေးသင့် ကျေးရွာတချို့မှာ ကလေးတွေအပါအဝင် ရေဘေးသင့်ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှူကြောင့် ရေဝင်ခဲ့တဲ့ ကျေးရွာတွေမှာ သောက်သုံးရေမသန့်ရှင်းတာကြောင့် ကလေးငယ်တချို့နဲ့ ပြည်သူတချို့ ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်ပွားနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
"ဝမ်းပျက်ဝမ်းလျှောတာ တစ်ရွာကို အနည်ဆုံး၁၀ယောက်ဖြစ်နေတော့ ၂၀၀နီးပါးပေါ့"လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ရေအကူးအတက်များမှုကြောင့် ရေဝဲစားမှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ခင်ဦးမြို့နယ်က ရေဝင်ကျေးရွာတွေမှာ ရေပြန်ကျပေမဲ့ အင်းဘေး၊ အိုင်ဘေး မြောင်းဘေးနီးတဲ့ မြေနိမ့်ပိုင်းကျ ရွာတွေနဲ့ရပ်ကွက်တွေထဲမှာတော့ ရေဝပ်ကျန်ခဲ့တယ်လို့ ဒေသခံအချိူ့က ပြောပါတယ်။
လက်ရှိ ခင်ဦးမြို့နယ် ရေဘေးသင့်ကူညီရေးအတွက် (NUG အစိုးရအဖွဲ့၊ စစ်ကိုင်းယူနစ်၊ ပြည်သူနှင့် အင်အားစုများ)နဲ့ အသီးသီးသော အလှူရှင် အသီးသီးရဲ့ လှူဒါန်းမှုနဲ့ ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့နေပြီး ၂ ရက်အတွင်း အိမ်ထောင်စုပေါင်း (၁၆၅၀)ခန့်နဲ့ ဆန်အိတ်ပေါင်း (၂၇၅)ပိုင်းကို ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသက ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး မနေ့က ရေဘေးသင်အရာတော်မြို့နယ်က ရေဘေးသင့်ရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က ရေဘေးသင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။
စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

😢39👍2🙏2❤1👏1
(ရေကျသွားပြီးနောက် ခင်ဦးမြို့နယ်အတွင်းက ရေဘေးသင့်ရွာတချိူ့က ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
😢46❤5👍2👎2🤣1
ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပွားသူဆက်တိုးနေပြီး ၆၀၀ ခန့်အထိရှိလာ
■ကာလဝမ်းရောဂါဖြစ်ပွားသူ ၁၄၀ကျော်ရှိ
သြဂုတ်-၁၈၊၂၀၂၆။တာရာ/People's Spring
ရန်ကုန်မြို့မှာဝမ်းပျက် ၊ဝမ်းလျှောရောဂါကြောင့်ဆေးရုံတက်ရောက်ကုသရသူ ဆက်
တိုက်တိုးနေပြီး ၆၀၀ နီးပါးရှိနေပြီလို့စစ်
တပ်လက်အောက်ခံ ကျန်းမာရေးဝန်ကြီး
ဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ် ။
"ဝမ်းပျက်ဝမ်းလျှောလူနာက ၆၀၀ နီးပါးအထိရှိလာပြီ။ လူနာကတိုးတိုးလာတယ်။ ဆေးရုံတတ်တဲ့လူနာတွေကိုတောင် တစ်ရက်လောက်ပဲ ဆေးရုံမှာကုသပေးနိုင်တယ်"လို့အထက်ပါတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရန်ကုန်မြို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါအများဆုံးဖြစ်နေတာဟာ မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ လသာ ၊လမ်းမတော်၊ကျောက်တံတားပန်းပဲတန်းစတဲ့မြို့နယ်တွေဖြစ်တယ်လို့
သူကဆက်ပြောပါတယ် ။
ဒါအပြင် စစ်တပ်ရဲ့ရန်ကုန်တိုင်းအစိုးရ၊ လူ
မှုရေးရာဝန်ကြီးဦးဗိုလ်ဌေးကလည်း ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ သြဂုတ် ၁၆ ရက်အထိ့ ၅၀၀ ဦးရှိလာပြီဖြစ်တယ်လို့ စစ်တပ်လွှတ်တော်မှာပြောကြားခဲ့ပါတယ်။
သြဂုတ်လ ၉ ရက်ကနေ ၁၆ ရက်အထိဝမ်း
ပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၅၀၀ ဦးအထိရှိပြီး ရောဂါပျောက်ကင်းပြီး ဆေးရုံကနေ လူနာ (၂၈၈) ဦး ဆေးရုံဆင်းသွားတယ်လို့ သူကဆိုပါတယ်။ ဒီအရေအတွက်တွေဟာ အစိုးရဆေးရုံ ၊ပုဂ္ဂလိကဆေးရုံတွေမှာတက်ရောက်ကုသရတဲ့ လူနာအရေအတွက်ပဲဖြစ်ပါတယ် ။ဝမ်းရောဂါဖြစ်ပေမယ့် ဆေးရုံမတက်သူ ၊ဆေးခန်းတွေမှာပဲ ပြလိုက်သူ များစွာရှိသေးတယိလို့ ရန်ကုန်မြို့နေပြည်သူအချို့ကပြောပါတယ်။
လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောတွေထဲမှာကာလဝမ်းရောဂါ(သို့မဟုတ်)ပြင်းထန်ဝမ်း
ပျက်ဝမ်းလျှောရောဂါ(Cholera Positive)
လူနာ ၁၄၀ ဦး နဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနက စစ်ဆေးအတည်ပြုထားတဲ့ Vibrio CholeraPositive လူနာ
(ကာလဝမ်းရောဂါဖြစ်စေနိုင်တဲ့ဘက်တီးရီးယားပိုးတွေ့လူနာ) ၉ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ပို့ပေးရတာဆိုတော့ သိတယ်။ လူနာများများလာတယ်။ ဆေးရုံကဆင်းတဲ့လူနာတွေလည်းရှိပါတယ်။ အစားအသောက်တွေကို မှာစားတာပဲဖြစ်ဖြစ် ဝယ်စားတာပဲဖြစ်ဖြစ်ဆင်ခြင်သင့်တယ်။အများစုက အစား
အသောက်ကြောင့်ဖြစ်တာ။ပြီးတော့ရေ
ကြောင့်လည်းဖြစ်တာပါတယ်။ အဲဒီဝမ်းပျက်ဝမ်းလျှောက မြို့နယ်တိုင်းလိုလိုမှာဖြစ်နေပြီ" လို့ ဝမ်းရောဂါလူနာတွေကိုဆေးကုသနိုင်ဖို့ ကူညီပေးသူတဦးကပြောပါတယ်။
လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးသူတစ်ဦးတည်းသာရှိတယ်လို့စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဝမ်းရောဂါတွေဖြစ်တာဟာ လမ်းဘေးဈေးသည်တွေကြောင့်လို့ စစ်တပ်ကသုံးသပ်ပြီး ရန်ကုန်မြို့တွင်းမှာရှိတဲ့ လမ်းဘေးစျေးသည်တွေကိုလည်း ဒေသန္တရအမိန့်နဲ့ တစ်ပါတ်တိတိပိတ်ခိုင်းထားပါတယ်။
လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသပေးနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်မှာဝမ်းရောဂါဖြစ်ပြီး လမ်းဘေးဈေး
သည်တွေရဲ့ဈေးဆိုင်တွေ ပိတ်ထားရပေမယ့် စားသောက်ဆိုင်တွေက ပုံမှန်ဖွင့်လှစ်နေပြီး စားသောက်သူတွေလည်း ပုံမှန်အတိုင်းရှိနေတယ်လို့ ရန်ကုန်မြို့ ခံအချို့ကပြောပါတယ် ။
ရန်ကုန်မှာ ဝမ်းရောဂါဖြစ်နေတာကြောင့်
ဆေးဆိုင်တွေက BPI ဓါတ်ဆားထုတ်ဝယ်လိုအားများလာပြီး အရင်က တစ်ထုပ် ၅၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်အထိဈေးတက်လာတယ်လို့ မြို့ခံအချို့ကပြောပါတယ်။

🔥24❤9🤬5👎3😱3🤣1
ရန်ကုန်မြို့လယ်ကလမ်းဘေးဆိုင်အချို့ပိတ်ထားတာကိုတွေ့ရစဥ်။ဓါတ်ပုံ-တီအာ
👍25❤4👎2🔥1👏1