စစ်ခေါင်းဆောင်ရေဘေးလာကြည့်တဲ့ရွာ ညဘက် ရုတ်တရက်ရေကြီး၊ လူ ၁ဦးသေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေ
ဩဂုတ်-၁၈၊၂၀၂၆။ရွှေပြည်စိုး/People's Spring
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရေဘေးလာရောက်ကြည့်ရှု့ခဲ့တဲ့ ဟင်္သာတမြို့နယ်က လဟာပကျေးရွာဟာ ဒီနေ့သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေရုတ်တရက်ဝင်ရောက်လာလို့ လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လေးမျက်နှာမြို့နယ်မှာ တာကြိုးလို့ ရေသေးသင့်ပြည်သူတွေလာရောက်တိမ်းရှောင်နေတဲ့ လဟာပရွာကို ဒီနေ့ မနက်ပိုင်းကစပြီး ရေဝင်ရောက်လာတာကနေ ညပိုင်းမှာ အခြေအနေပိုဆိုးလာတာလို့ မြို့ခံတွေက ပြောပါတယ်။
" ရေက ကြည့်နေရင်း တက်လာတာကနေ အချိန်မီမရှောင်နိုင်ကြတော့ အနေအထားဖြစ်သွားတာ။ တစ်ယောက်ကတော့ ရေနစ်ပြီး သေဆုံးတယ်။ အလောင်းရတယ်။ ပိတ်မိသွားတာ ၁၅၀လောက်ရှိတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကိုအရေးပေါ် အကူအညီတောင်းထားရတယ်"လို့ ဟင်္သာတမြို့နယ်၊ တလုထ္ထော်ရွာဒေသခံတစ်ဦးက ပြောပါတယ်။
လဟာပရွာနဲ့ တလုထ္ထော်ကျေးရွာဟာ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေ လာရောက်တိမ်းရှောင်နေတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ လဟာပကျေးရွာကို ပြီးခဲ့တဲ့ဩဂုတ် ၉ရက်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်ခဲ့ပြီး ရေဘေးသင့်ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟာ ရေဘေးကြိုတင်ကာကွယ်ရေးကို သေချာလုပ်ဆောင်နိုင်ခဲ့တယ်လို့ ၎င်းက ပြောသွားခဲ့ပါတယ်။
ဒါပေမယ့် ရေဘေးဟာပိုမို ဆိုးရွားလာပြီး လေးမျက်နှာမြို့နယ်မှာ တာကျိုးစဉ်ကထက် ရေပိုများနေသလို လဟာပရွာအပါအဝင် ဟင်္သာတ၊ရေကြည်၊ငါးသိုင်းချင်း၊ ကျုံပျော်၊ ကျောင်းကုန်းမြို့နယ်တွေအထိ ရေတွေဝင်ရောက်လာလို့ ရေကြီးနှစ်မြုပ်တဲ့ဧရိယာ ပိုမိုကျယ်ပြန့်နေပါတယ်။
မင်းအောင်လှိုင်ရဲ့ခရီးစဉ်မှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ကားလမ်းတွေကိုပိတ်ဆို့ခဲ့တာကြောင့် ရေဘေးသင့်ပြည်သူတွေအတွက် အရပ်ဖက်အဖွဲ့အစည်းတွေလှူတဲ့ထမင်းထုတ်တွေ သိုးပြီး ပျက်စီးခဲ့ပါသေးတယ်။
လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်ဟာ ဟင်္သာတခရိုင်မှာ ပါဝင်ပါတယ်။ လဟာပရွာကို လေးမျက်နှာမြို့နယ်ဘက်ကရေတွေ ဝင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းမှာ ဩဂုတ် ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ မိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ ဩဂုတ် ၁၃ရက်ကစပြီး ရေပြန်တက်လာတာပါ။
မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရပါတယ်။ တာကျိုးပေါက်ကို ဌာနဆိုင်ရာတွေက စက််ယန္တရားတွေနဲ့ ပိတ်ဆို့နေပေမယ့် အလုပ်မတွင်ဘဲ မပိတ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။တာကျိုးပေါက်ကို Sheet Pile ရိုက်ပြီး ကာရံတဲ့ လုပ်ငန်းလုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ငဝန်မြစ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်ကလည်း ဧရာဝတီတိုင်းအတွင်း ဆိပ်သာ၊ မြန်အောင်နဲ့ ဇလွန်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပါတယ်။
မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာကနေလည်း မြစ်ရေကျော်နေလို့ အတွင်းပိုင်းကနေ သဲအိတ်တွေကာနေရပါတယ်။ မြန်အောင်တာမိုင် ၆/၃ နှင့်၆/၄ ကြား အရှေ့ဘက် ပေ ၂၅၀ ခန့်အကွာ အလျား (၇၆၅)ပေရှိ တာခြေထောက်မြေထိန်းကွန်ကရစ်နံရံ ကြံ့ခိုင်ရေးကိုလုပ်ဆောင်နေရတယ်လို့ ဌာနဆိုင်ရာက ထုတ်ပြန်ထားပါတယ်။ဇလွန်မြို့၊ ညောင်ပင်သာရွာက ရေကာတာကိုလည်း သဲအိတ်တွေနဲ့ ကာရံနေရပါတယ်။
ဧရာဝတီမြစ်ရေဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းက မြစ်ကမ်း ဘေးမြို့နယ်တွေမှာလည်း ပုံမှန်ထက်မြင့်တက်နေတဲ့အတွက် ဧရာဝတီတိုင်းမှာ မြစ်ရေထပ်မံမြင့်တက်လာနိုင်တဲ့အခြေအနေရှိနေပါတယ်။

😢27❤13🔥4👎1🖕1😭1
ဖမ်းမိထားတဲ့ ထားဝယ်ဒုအကောက်ခွန်မှူး လုံခြုံရေးရဲဘော်ထံက လက်နက်လုခုခံထွက်ပြေးလို့ ရှင်းလင်းခဲ့ဟု ဗျူဟာ(၃၃) ထုတ်ပြန်
ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ထားဝယ်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဖြိုးစံဟာ လုံခြုံရေးရဲဘော်ထံကလက်နက်လုယူပြီး ပြန်လည်ခုခံထွက်ပြေးတာကြောင့် ရှင်းလင်းခဲ့ကြောင်း နည်းဗျူဟာ(၃၃)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
မိုက်မဲသော ပြန်လည်ခုခံမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကနေရာမှာပင် အပြတ်ရှင်းလင်းဆောင်ရွက်ခဲ့တာလို့ ဖော်ပြထားတာပါ။
ဒုအကောက်ခွန်မှူး ဖြိုးစံကို နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၈၀၀၃) တပ်ရင်းက ဇူလိုင် ၂၀ရက်မှာ လောင်းလုံမြို့နယ် မောင်းမကန် ကမ်းခြေအနီးမှာ သတင်းအရ စစ်ဆေးဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုဖမ်းဆီးထားစဉ် စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကို အခွင့်ကောင်းယူပြီး လက်နက်လုထွက်ပြေးတာလို့ ဖော်ပြထားပါတယ်။ ဘယ်ဒေသကို ဘယ်နေ့က စစ်ကြောင်းထိုးလာတယ် ဘယ်နေ့မှာ လက်နက်လုထွက်ပြေးတယ်ဆိုတာကို သိရဖို့ နည်းဗျူဟာ(၃၃) တာဝန်ရှိသူထံ မေးမြန်းဖို့ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
နည်းဗျူဟာ (၃၃) အနေနဲ့ စစ်တပ် လက်ပါးစေ ဝန်ထမ်းတွေကို သတိပေးချက်လည်း ဒီကနေ့မှာ ဖော်ပြခဲ့သလို ဗျူဟာ(၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုကလည်း သူ့ရဲ့ ဖေစ်ဘွတ်ခ်မှာ သတိပေးချက် ရေးသားထားပါတယ်။
“အဓိက သတိပေးချင်တာက စစ်ကောင်စီ ခိုင်းသမျှ မလုပ်ကြဖို့ ရယ် လူထုကို ဒုက္ခ မပေးဖို့ရယ် လူထုကို ဒုက္ခပေးရင် ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ ခင်ဗျားတို့ လုပ်သမျှကို အသေအချာ မှတ်တမ်းတင်နေပါတယ်လို့ ပြောချင်ပါတယ်” လို့ရဲဘော်စောဒါးကိုက ရေးသားထားပါတယ်။
“အခုအချိန်ထိ စကစ အင်အား ၅၀၀ နဲ့ နေရာအနှံ့ထိုးနေပါတယ်”လို့ ဗျူဟာ(၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုက ဒေသတွင်း စစ်ရေး အခြေအနေ ကို ပြောပါတယ်။
အခြား သီးခြားပြောကြားရန်မရှိဘဲ ထုတ်ပြန်ထားတဲ့အတိုင်းသာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်စစ်ကြောင်းက လက်ပါးစေတွေကို ကယ်တင်နိုင်မှာ မဟုတ်ကြောင်းလည်း နည်းဗျူဟာ (၃၃)က ထုတ်ပြန်ပါတယ်။
“အညံ့ခံလျှင် အသက်ချမ်းသာရာရမည်။တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းသိမ်းခြင်းခံရပါကငြိမ်ဝပ်စွာနေထိုင်ပြီး ညွှန်ကြားချက်ကို လိုက်နာပါက လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်မှုရမည်ဖြစ်သည်” ဟု ဗျူဟာ (၃၃)က ထုတ်ပြန်ကာ ထွက်ပြေးဖို့ ကြိုးပမ်းရင် ရှင်းလင်းခံရမယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်တပ် ယန္တရားမှာ ပါဝင်နေသူတွေ အနေနဲ့ အချိန်မလွန်မီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြဖို့လည်း ဗျူဟာ (၃၃)က ထုတ်ပြန်ခဲ့ပြီး လူထုကို ဒုက္ခပေးသူတိုင်းဟာ တူသောအကျိုးပြန်ခံစားရမယ်လို့ ဖော်ပြထားပါတယ်။

👏47❤13👍11👎1🥰1🤣1🖕1
ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ မကွေးဖက်ဒရယ်ယူနစ် ပါဝင်ဖို့ ဖိတ်ခေါ်အဆိုပြုချက်တွေ ဆွေးနွေး
ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာ SCEFမှာ မကွေးဖက်ဒရယ်ယူနစ် အဖွဲ့ဝင်အဖြစ် ပါဝင်လာရေး ဖိတ်ခေါ် အဆိုပြုချက်တွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။
SCEFနဲ့ မကွေးဖက်ဒရယ်ယူနစ် တာဝန်ရှိသူတွေဟာ ဩဂုတ် ၁၅ရက်မှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ အခုလိုဖိတ်ခေါ်ခဲ့တာပါ။ SCEF အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့ SCEFမှာ ပါဝင်ဖို့ သဘောတူညီချက်ရရှိခဲ့ပြီးနောက် မကွေးဖက်ဒရယ်ယူနစ်နဲ့ ထပ်မံ တွေ့ဆုံအဆိုပြုခဲ့တာပါ။
တွေ့ဆုံပွဲမှာ SCEF ဘက်က အလှည့်ကျ သဘာပတိ ခူဦးရယ် ဦးဆောင်တက်ရောက်ခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလှိုင် နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
SCEF ရဲ့စုဖွဲ့မှု ၊ လုပ်ငန်းဆောင်ရွက်မှုမူဘောင် (Operational Framework) ၊ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်အဆိုပြုချက်များကို ရှင်းလင်းတင်ပြကာ အပြုသဘောဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့ပြီး ကျန်ရှိနေသေးသော အသေးစိတ်အချက်အလက်များကို တတိယအကြိမ်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန်သဘောတူညီဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
SCEFဟာ မန္တလေးဒေသ နဲ့ ဩဂုတ် ၁၄ရက်မှာ တွေ့ဆုံခဲ့ရာ အဲဒီ အစည်းအဝေးမှာပဲ မန္တလေးဒေသက SCEF အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်မယ်လို့ သဘောတူညီချက်ရခဲ့တာပါ။
အလားတူ SCEFနဲပ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ဟာ ဩဂုတ် ၁၃ရက်မှာ တွေ့ဆုံခဲ့ပြီးနောက် တွေ့ဆုံမှုအပြီးမှာ SCEF အဖွဲ့ဝင် အဖြစ် ပါဝင်မယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်က အကြောင်းပြန်ကြားခဲ့တာပါ။
“တော်လှန်ရေးအမြန်အောင်ဖို့ အင်အားစုတွေ စုစည်းတာပဲဗျာ။ ပြည်နယ်နဲ့ ယူနစ်နဲ့ ဗဟိုအစိုးရနဲ့ ထို့အတူပဲ ပြည်ထောင်စုတပ်နဲ့ ယူနစ်အစိုးရတပ်နဲ့ လိုကယ်တွေနဲ့ စုစည်းနိုင်လေ နောက် EROနဲ့ အကုန်စုစည်းနိုင်လေ တော်လှန်ရေးအမြန်အောင်မြင်လေပဲ တွက်တာ။ ရှင်းရှင်းလင်းလင်းနဲ့ ဘာအကျိုးအမြတ် ရချင်လဲဆိုရင် တော်လှန်ရေးအမြန်အောင်မြင်ရေး အကျိုးအမြတ် အတွက်”လို့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက SCEFက တော်လှန်ရေးအင်အားစုတွေ ပိုအားကောင်းတဲ့ စုစည်းမှု ဖြစ်ပေါ်အောင်လုပ်ဆောင်နေမှု အခြေအနေကို ရှင်းပြပါတယ်။
SCEFကို ၂၀၂၆ မတ်လ ၃၀ရက်မှာ ဖွဲ့စည်းကြောင်းကြေညာခဲ့တာဖြစ်ပြီး ကနဦးမှာ အဖွဲ့ဝင်တွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ပါဝင်ဖွဲ့စည်းထားတာပါ။SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ဆောင်ရွက်မယ်လို့ စတင်ဖွဲ့စည်းချိန်ကတည်းက အသိပေးထားပါတယ်။
SCEF အနေနဲ့ စစ်အာဏာရှင်တွေကို စစ်ရေးအရ တိုက်ခိုက်သွားရန် စစ်ရေးဆိုင်ရာကော်မတီ တရပ်ကို ဖွဲ့စည်းထားပြီး KNU၊ KIO တို့မှ စစ်ရေးခေါင်းဆောင်တွေက ကော်မတီပူးတွဲဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ NUG ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ်တာဝန်ယူထားပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ခိုက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

👍41❤11🥰2👏1🤮1🤣1🖕1
KNU ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာ မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို KTLA ထုတ်ပယ်
ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA က ထုတ်ပယ်လိုက်ကြောင်း ကရင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။
KTLA ဆာကပေါ်တပ်ရင်းက တပ်ရင်းမှူး ဗိုလ်အဲဖိုးကို KTLAက ဩဂုတ် ၁၇ရက်မှာ ထုတ်ပယ်ကြောင်း စာထုတ်ပြန်ခဲ့တာလို့ဆိုပါတယ်။ KNU/KNLAကို ပစ်ခတ်တိုက်ခိုက်ဖို့ ဩဂုတ် ပထမပတ်မှာ KTLA ဌာနချုပ်က ဗိုလ်အဲဖိုးထံ စာနဲ့ အမိန့်ပေးတာကို တပ်ရင်းမှူး ဗိုလ်အဲဖိုးက အချင်းချင်း ပြန်ပစ်ခတ်ဖို့ ဆန္ဒမရှိတဲ့ အခြေအနေမှာ အမိန့်မလိုက်နာလို့ဆိုပြီး အခုလို ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။
“အဲဒီတပ်ရင်းမှူးက အရင်က KNlAနဲ့ ပူးပေါင်းစစ်တိုက်နေတဲ့ တပ်ရင်းမှူးပေါ့။ထားဝယ်အထက်ဘက်က ဆာကပေါ တပ်ရင်းမှူးဖြစ်တယ်။ ပြီးခဲ့တဲ့ လေးငါးခြောက်လမှာ KNLA တပ်ရင်း(၁၂)နဲ့ ပူးပေါင်းပြီး အကြမ်းဖက်တပ်ကို တိုက်ခိုက်တဲ့ ခေါင်းဆောင်တဦးပေါ့နော်” လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ် ၁ဦးက အခု ထုတ်ပယ်ခံရတဲ့ တပ်ရင်းမှူးဟာ KNUနဲ့ စစ်ရေးပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်နေတဲ့ အခြေအနေကို ပြောပါတယ်။
KNLAနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်နေတဲ့ တပ်ရင်းမှူး အဲဖိုးအား KNLA ကို ပြန်တိုက်ဖို့ KTLAက အမိန့်ပေးခဲ့တာလို့ ပြောပြပါတယ်။
“တပ်ရင်းမှူး အဲဖိုးက မလုပ်တော့ သူတို့ထုတ်ပယ်တဲ့ သဘောဖြစ်တာပေါ့။ဩဂုတ် ၄ရက်မှာ KNLAကို ပြန်လည်ပစ်ခတ်ဖို့ ပြန်လည်ချဖို့ အဲဖိုးကို အမိန့်ပေးခဲ့တယ်။ ဒါပေမဲ့ တပ်ရင်းမှူး အဲဖိုးက မလုပ်ဘူးပေါ့နော် အဲဒီလိုမျိုး” လို့ ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
KTLA ခေါင်းဆောင် ဗိုလ်နယ်ဒါးမြဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗိုလ်နယ်ဒါးမြလက်အောက်ခံ KTLA တပ်အချို့ကဟာ KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်မှာ KNLA တပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။
အထူးသဖြင့် တပ်မဟာ(၄)နယ်မြေထဲ လှုပ်ရှားနေတဲ့ ဗိုလ်ကော်လာဖိုးရဲ့ KTLAဟာ KNLA ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားတွေကို KTLAက တိုက်ခိုက်ခဲ့တာ ရှိပါတယ်။
KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။
KNLAကို တိုက်ခိုက်တဲ့ KTLA တပ်ဖွဲ့ရှိသလို KNLAနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက် နေတဲ့ KTLA တပ်ဖွဲ့အချို့လည်းရှိခဲ့ပါတယ်။ ၂၀၂၆ မေလဆန်းမှာဆိုရင် KTLA တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃၇ဦးဟာ KNLAထံ ပူးပေါင်းလာတာမျိုးလည်းရှိခဲ့ပါတယ်။ KNLAထံ ပြန်လည်ပူးပေါင်းလာတာကတော့ KTLA ဆာကဆော တပ်မဟာ တပ်ရင်း(၂) ထားဝယ်ခီး(ထီးခီး)တပ်ဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
KNU/KNLA တပ်မဟာ(၄)နဲ့တော်လှန်ရေးအင်အားစုတွေဟာ ၂၀၂၅နဲ့ ၂၀၂၆ တွေအတွင်းမှာ မြိတ်-ထားဝယ်ခရိုင် နယ်မြေထဲက စစ်ကောင်စီရဲ့ နယ်စပ်စခန်းတွေ၊ ဗျူဟာစခန်းတွေအပါအဝင် တပ်စခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို တနင်္သာရီတိုင်းအတွင်း စစ်တပ်ထိုးစစ်ကိုလည်း ခုခံတိုက်ခိုက်လျက်ရှိပါတယ်။

👍29❤9🔥5🖕3🤣2🥰1👏1🤬1
တမံတွေ ရေလျှံနေလို့ ရန်ကုန်စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ စစ်တပ်က စည်းရုံးနေ
သြဂုတ် ၁၈၊ ၂၀၂၆။ဟာနာဆန်/People's Spring
လျှပ်စစ်ဓါတ်အားထုတ်တဲ့ တမံတွေမှာ ရေလျှံနေလို့ ရန်ကုန် စက်မှုဇုန်က စက်ရုံတွေ ညဘက်ပြောင်းလုပ်မယ်ဆိုရင် မီတာခလျှော့ပေးမယ်လို့ အာဏာသိမ်းစစ်တပ်က စည်းရုံးနေပါတယ်။
ညဥ့်နက်ပိုင်းတွေမှာ လျှပ်စစ်ဓါတ်အား သုံးစွဲမှု လွန်စွာလျော့နည်းသွားလို့ ဓာတ်အားပေးစက်ရုံတွေမှာ ထုတ်လုပ်မှုကို လျော့ချမောင်းနှင်ပေးရတာကြောင့် မိုးရာသီမှာ ရေစွမ်းအင်တွေ ပြုန်းတီးနေတဲ့အပြင် ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ တမံကြီးတွေမှာ ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။
ဒါ့ကြောင့် လျှပ်စစ်ဓါတ်အားသုံးစွဲမှု ပမာဏများတဲ့ ရန်ကုန်တိုင်းအတွင်းက စက်မှုလုပ်ငန်းတွေအနေနဲ့ ည ၁၁ နာရီကနေ နောက်တနေ့ မနက် ၅ နာရီအထိ အချိန်အတွင်း တစ်ယူနစ်ကို မူလ ကျပ် ၉၀၀ ကနေ ကျပ် ၆၀၀ ကို လျှော့ပေးမယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။
အဲဒီလိုလုပ်လိုက်မယ်ဆိုရင် မိုးရာသီမှာ ဆုံးရှုံးနေတဲ့ ရေတွေကနေ ဝင်ငွေရလာတာ၊ ဓာတ်အားတည်ငြိမ်တာ၊ စက်မှုလုပ်ငန်းတွေ ညဘက်ပြောင်းလုပ်လို့ နေ့ပိုင်းမီးပိုပေးတာ၊ လုပ်ငန်းရှင်တွေ ကုန်ကျစရိတ်လျော့တာတွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။
"ညဘက်ကိုစက်ရုံတွေကို မီတာခလျော့ပေးမယ်ဆိုတော့ ညဘက်အလုပ်လုပ်ဆိုတဲ့သဘော။ အလုပ်သမားဥပဒေနဲ့ဆိုအဆင်မပြေဘူး။ အခုတောင်အလုပ်သမားတွေက လုပ်ခတွေတိုးတောင်းပြီးမတည်မငြိမ်ဖြစ်နေတာ။ နောက်ဆိုပိုပြီးဆူပူဖို့ပဲရှိတယ်။"လို့ ရန်ကုန်ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် အလုပ်သမားတွေဟာ မလုံံခြုံတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ရန်ကုန်အပါအဝင် အဓိက မြို့ကြီးတွေက စက်မှုဇုန်တွေမှာ လျှပ်စစ်မီး မမှန်တာနဲ့ လောင်စာဆီဈေးကြီးမြင့်တာတွေကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ အလွန်ခက်ခဲလာခဲ့ပါတယ်။ လုပ်ငန်းရှင်တွေဟာ ကုန်ကြမ်းရှားပါးတာနဲ့ ငွေကြေးဖောင်းပွတာ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်တာ၊ ဗဟိုဘဏ်ရဲ့ တင်းကျပ်တဲ့ကန့်သတ်ချက်တွေကို ရင်ဆိုင်နေရပါတယ်။

😁26👍5❤4🔥2🤣2👎1💩1🖕1
ရခိုင်ရိုးမတောင်ခြေတနေရာတွင် သေနတ်သံစဲသွားပြီး မိနစ်ပိုင်းအတွင်း ခပ်တိုးတိုးနှင့်ငြင်ငြင်သာသာစကားပြောဆိုသံကြားပါက ထိုအသံပိုင်ရှင်သည် ဆလိုင်းရိုးချင်းပင်ဖြစ်
သည်။
ဆလိုင်းရိုးချင်း။လူထုနှင့်အတူ သူယုံကြည်သည့်အမှန်တရားအတွက် သေနတ်ကိုင်တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးရဲဘော်ဖြစ်သော်ငြား ခက်ထန်ကြမ်းတမ်းခြင်း အလျဉ်းမရှိ။ သူ့ဟန်ကညတည်ငြိမ်ပြီး စကားသံကအမြဲတစေ ငြင်သာသည်။ တိုးတိုးငြင်သာစကားပြောခြင်းသည် သူ့ ကိုင်ပိုင်ဟန်ဖြစ်သည်။
”ကျနော်တို့က တွေဝေနေလို့မရဘူး။ လူထုအတွက်အလုပ်လုပ်ရမယ်”
“ကျနော်တို့ဒုက္ခတွေကို မငြီးတွားချင်ပါဘူး။ အလုပ်ပဲ အာရုံစိုက်ရမယ်”
“စစ်အာဏာရှင်တော်လှန်ရေးအနိုင်တိုက်နိုင်မှ လူထုအပေါ်တာဝန်ကျေမယ်”
သူ့ယူဆချက်နှင့်ခံယူချက်ကို ဆလိုင်းရိုးချင်းက အထက်ပါအတိုင်းမကြာခဏပြောပြတတ်သည်။ ပြောတိုင်းမှာ လေသံ အေးအေးငြိမ့်ငြိမ့်ပင်။ စစ်အာဏာရှင်တော်လှန်ရေးကာလတွင် ရင်ဆိုင်နေရသည့်ဒုက္ခတွေကို သူဘယ်တော့မှမညည်းညူခဲ့။ ပင်ပန်းကြောင်းညည်းညူသံ သူ ဖွင့်ဟပြောဆိုခြင်းမရှိခဲ့။
တိုက်ပွဲဧရိယာထဲမှ အရှိုချင်းတိုင်းရင်းသားတွေအပါအဝင် ဒေသခံများ၏ ဆင်းရဲဒုက္ခများကိုလည်းသူရှေ့တန်းမတင်ခဲ့။သူ့ယုံကြည်ချက်ကရှင်းလင်းသည်။စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မည်။တော်လှန်
ရေးအောင်မြင်သည့်တစ်နေ့တွင်လူထုလူ
တန်းစားပေါင်းစုံ ပျော်ရွှင်ကြရလိမ့်မည်ဟု သူပြောဆိုခဲ့ဖူးသည်။
သူတို့အရှိုချင်းတိုင်းရင်းသားတွေ၏ ရဲရင့်မှုကိုပင်ကြွားလုံးမထုတ်ခဲ့ပါ။ယုံကြည်ချက်အတိုင်း တည်တည်ငြိမ်ငြိမ်နေထိုင်ပြီး တော်
လှန်ရေးကိုသာအာရုံစိုက်ခဲ့သည်။ သူသည် တိတ်တဆိတ် လင်းလက်နေသော ကြယ်တစ်စင်းပင်ဖြစ်သည်။
https://www.ludunwayoo.com/feature-mm/2026/08/18/165943/

LuduNwayOo
ဆလိုင်းရိုးချင်း( သို့မဟုတ်) လင်းလက်ဆဲမှာ ကြွေတဲ့ကြယ် | LuduNwayOo
ရခိုင်ရိုးမတောင်ခြေတနေရာတွင် သေနတ်သံစဲသွားပြီး မိနစ်ပိုင်းအတွင်း ခပ်တိုးတိုးနှင့်ငြင်ငြင်သာသာစကားပြောဆိုသံကြားပါက ထိုအသံပိုင်ရှင်သည် ဆလိုင်းရိုးချင်းပင်ဖြစ်သည်။
😢39🫡9❤4🥴2😭2🤮1🕊1🖕1
အဖွဲ့အစည်းအမှတ်တံဆိပ် မတူသော်လည်း SCEF အောက်မှာ အတူတိုက်ပွဲဝင်ကြမယ်လို့ NUG တာဝန်ရှိသူ ပြော
ဩဂုတ် ၁၈၊ ၂၀၂၆။ထားမြတ်/People’s Spring
ဘတ်တံဆိပ်လို့ခေါ်တဲ့ တပ်ဖွဲ့အသီးသီးရဲ့ အဖွဲ့အစည်းအမှတ်တံဆိပ် လက်မောင်းတံဆိပ်တွေ မတူသော်လည်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF)ရဲ့ အောက်မှာ အတူတကွ တိုက်ပွဲဝင်ကြမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
တော်လှန်ရေးစကား၀ိုင်းတခုဖြစ်တဲ့ နွေဦးမှန်ကူကွက်များ အစီအစဉ်မှာ ဦးနေဘုန်းလတ်က SCEF ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်မျှော်လင့်နိုင်မလဲ မေးခွန်းအပေါ် အခုလို သုံးသပ်ပြောကြားထားတာဖြစ်ပါတယ်။
SCEF စဖွဲ့စည်းကတည်းက စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး အရ ဘက်ပေါင်းစုံကို မဟာမိတ်တွေကြား ပူးပေါင်းလုပ်ဆောင်ဖို့ ဖြစ်ကြောင်း၊ SCEF စုဖွဲ့မှုဟာ စာရွက်ပေါ်မှာ စုဖွဲ့ထားတာမျိုးမဟုတ်ကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။
နိုင်ငံတကာရေးရာအရ SCEF အနေနဲ့ တောက်လျှောက်လုပ်ကိုင်နေသကဲ့သို့ ဘဏ္ဍာရေးအရ ပေါင်းပြီး ဘဏ္ဍာငွေရှာဖွေတာတွေလုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ စစ်ရေးအရဆိုရင်လည်း SCEF ရဲ့ ပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီဟာ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေလို့ ပြောပါတယ်။
“အဲဒီမှာ ပါဝင်တဲ့ တပ်ဖွဲ့တွေ အကုန်လုံးပေါ့။ ဥပမာဆိုပါစို့ KNU ဆိုလည်း KNU နောက်မှာ တပ်ဖွဲ့ရှိမယ် ၊ KIO ဆိုလည်း KIA ရှိတယ်။ NUG မှာဆိုရင်လည်း PDF တွေရှိတယ်။ ချင်းမှာဆိုရင်လည်းရှိတယ် ကရင်နီမှာဆိုလည်းရှိတယ်။”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
အရင်က မဟာမိတ်အရ ပူးပေါင်းခဲ့ပေမဲ့ စစ်ရေးအရ များစွာ ခိုင်မာစွာ တံဆိပ်တခုတည်းအောက် မပူးပေါင်းနိုင်ခဲ့ကြောင်း ရှင်းပြပါတယ်။
“အခုက ရှင်းတယ်။ SCEF အောက်မှာ ခုနက ဘတ်တံဆိပ်တွေ တူချင်မှ တူမယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ခေါင်းပေါ်မှာတော့ SCEF ဆိုတဲ့ တံဆိပ်တခုတည်းအောက်မှာ ခုနက ပြောတဲ့ ကွပ်ကဲမှုကော်မတီအောက်ကနေ အတူတူ တိုက်ပွဲဝင်ကြမယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
SCEF ရဲ့ စစ်ရေးကော်မတီကို KIO နဲ့ KNU စစ်ရေးခေါင်းဆောင်တွေ ဦးဆောင်တာဖြစ်ပြီး NUG၊ KNPP၊ CNF တက်တွေလည်း ပါဝင်ပါတယ်။
SCEF အဖွဲ့ဝင်တပ်တွေ အနေနဲ့ အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်က တိုက်ပွဲဝင်သွားကြမျာ ဖြစ်သလို SCEFမှာ မပါသေးတဲ့ တပ်ဖွဲ့တွေနဲ့ ဆိုရင်လည်း ပူးတွဲအမိန့်ပေးကွပ်ကဲမှု တည်ဆောက်ကာ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ အသိပေးပါတယ်။
ဒါဟာ ပြည်သူတွေမျှော်လင့်နေတဲ့ အခြေအနေဖြစ်ပြီး စစ်ရေးကိစ္စတွေဖြစ်လို့ အသေးစိတ်အခြေအနေတွေ ပြောလို့မရဟုလည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
SCEFဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ အဖွဲ့ဝင်မဟုတ်သေးတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်နိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးတပ်ဖွဲ့ ၁၉ခုနဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)၊ အာရက္ခတပ်တော်(ULA/AA)၊ မွန်နဲ့ ပအိုဝ်း တော်လှန်ရေးအင်အားစုတွေကို တွေ့ဆုံခဲ့တာပါ။
ဒါ့အပြင် မကွေးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ တို့နဲ့ တွေ့ဆုံခဲ့ပြီး ဩဂုတ် ဒုတိယပတ်အတွင်းမှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က SCEFမှာ ပါဝင်ဖို့ သဘောတူညီထားပါတယ်။ ဩဂုတ် ၁၅ရက်မှာလည်း မကွေးဖက်ဒရယ်ယူနစ်နဲ့ တွေ့ဆုံစဉ် အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ ဖိတ်ခေါ် အဆိုပြုချက်ကို SCEF ဘက်က ဆွေးနွေးခဲ့ပါတယ်။

❤46👍17🥰5👎1🤮1💩1🤣1🖕1
ဒေါပုံမြို့နယ်မှာ ကလေးငယ် ၁ဦး ဓားထိုးခံရပြီး သေဆုံး
ဩဂုတ်-၁၈၊၂၀၂၆။သတိုး/People's Spring
ရန်ကုန်မြို့ ဒေါပုံမြို့နယ်မှာ အသက်(၈)နှစ်အရွယ်ကလေးငယ် ၁ဦး ဓားထိုးခံရပြီးသေဆုံးသွားတယ်လို့ ကိုပူတူးနဲ့ ဘော်ဒါများ ပရဟိတအဖွဲ့က အသိပေးထားပါတယ်။
ဒီနေ့ (ဩဂုတ် ၁၈) မနက် ၈ နာရီကျော်က ဒေါပုံမြို့နယ်၊ ဗိုလ်တွန်းဇံရပ်ကွက်က တိုက်ခန်းတစ်ခုမှာ တစ်တိုက်တည်းနေတဲ့ စိတ်ဝေဒနာရှင်က ကျောင်းသွားဖို့ ပြင်နေတဲ့ ကလေးငယ်ကို ဓားနဲ့ထိုးခဲ့တာလို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုပူတူးက ရှင်းပြထားပါတယ်။
အသင်းကို အကူအညီတောင်းတာကြောင့် လူနာတင်ယာဉ်နဲ့သွားရောက်ချိန်မှာ ဓားထိုးခံရတဲ့ ကလေးငယ်ကို သေဆုံးအနေအထားနဲ့ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဓားနဲ့ထိုးသူက အသက် (၅၀)ကျော် အရွယ်ဖြစ်ပြီး ငယ်စဉ်ကတည်းက စိတ်ကျန်းမာရေးမကောင်းသူဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပြစ်မှုကျူးလွန်သူအမျိုးသားကို သူ့ရဲ့ မိသားစုကိုယ်တိုင် ဖမ်းဆီးပေးခဲ့တယ်လို့ အထက်ပါဒေသခံက ဆိုပါတယ်။
ကလေးငယ်ကို ဓားထိုးခံရချိန်မှာ အဖွားဖြစ်သူက ဝင်ဆွဲခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတွေရရှိပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို အသင်းလူနာတင်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ ကိုပူတူးက အသိပေးထားပါတယ်။

😢34🤬4❤3👍3😭1
■အတွေးအမြင်
မြေရှား ကျိန်ဇာသင့်နေသော မြန်မာ
-ကိုပါဝဲလ်ရေးသားသည်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီးများ၊ လျှပ်စစ်ကားထုတ်လုပ်သူများနှင့် စိမ်းလန်းသောစွမ်းအင်ကို ဦးတည်နေသည့် နိုင်ငံများ၏ အဓိကမျှော်လင့်ချက်ဖြစ်သော မြေရှားသတ္တုများသည် ခေတ်သစ်နည်းပညာ၏ အသက်သွေးကြောဗီတာမင်များ ဖြစ်ကြသည်။
သို့သော်ဤသတ္တုများ၏ နောက်ကွယ်တွင် ဝမ်းနည်းဖွယ်ရာအမှန်တရားတခုရှိနေသည်။ ထိုအမှန်တရားမှာ မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်ဒေသများတွင် တူးဖော်နေသည့် ရှား
ပါးသတ္တုများသည် ပတ်ဝန်းကျင်ကို အဆိပ်
သင့်စေပြီး၊ စစ်ပွဲအတွင်းနစ်မွန်းနေသော လက်နက်ကိုင်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ပေးနေခြင်းပင်ဖြစ်သည်။
ကမ္ဘာမြေကို ကာကွယ်ရန်အတွက် သန့်ရှင်းသောစွမ်းအင်ကို ရှာဖွေနေချိန်တွင်၊ အဆိုပါသတ္တုများကို တူးဖော်သည့်လုပ်ငန်းစဉ်က မြန်မာနိုင်ငံ၏ ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းကို ရစရာမရှိအောင် ဖျက်ဆီးနေပါသည်။ သန့်ရှင်းသောစွမ်းအင်ရဖို့ အကြောင်းပြပြီး မြေရှားကို စည်းမဲ့ကမ့်မဲ့တူးဖော်သည့် ပတ်ဝန်းကျင်ရှိ ဂေဟစနစ်နှင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးပစ်ခြင်းသည် မဖြစ်ထိုက်ချေ။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာ
သိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးရေး၊ အလုပ်
သမားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်
နည်းနှင့် စည်းကမ်းများမှာလုံးဝပျောက်ကွယ်သွားခဲ့သည်။ ကချင်နှင့် ရှမ်းပြည်နယ်ရှိ နယ်
စပ်ဒေသများသည် တရုတ်နိုင်ငံ၏ လိုအပ်
ချက်အရ မြေရှားသတ္တုများ တူးဖော်သည့် နယ်မြေများ ဖြစ်လာခဲ့သည်။
ယခုဆိုလျှင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်
နယ်များ သာမကတော့ပဲ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် နေပြည်တော် အနီးတဝိုက်များမှာ မြေရှားသတ္တု စမ်းသပ်ရှာဖွေရေးများပင် လုပ်ဆောင်နေကြပြီဟု သိရှိရပါသည်။
စစ်အာဏာရှင်များ နှင့် တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့အစည်းများသည် စစ်ရေးစရိတ်ရရှိရန်အတွက် မြေရှားသတ္တုအပါအဝင်
တခြားသယံဇာတများကို လွန်လွန်ကျူးကျူး ထုတ်ယူအသုံးပြုနေကြသည်။ တူးဖော်သူ
များသည် တောင်စောင်းများကို တူးဆွပြီး အက်စစ်ဓာတ်ပြင်းသော ဓာတုပစ္စည်းများကို မြေကြီးထဲသို့ ထိုးသွင်းကာသတ္တုများကို ထုတ်ယူကြသည်။
မြေရှားတူးဖော်သည့် လုပ်ငန်းစဥ်သည် မြေ
ဆီလွှာကို အဆိပ်သင့်စေရုံသာမက၊ မြစ်ရေထဲသို့ ဓာတုစွန့်ပစ်ပစ္စည်းများ စီးဝင်စေကာ ရေအရင်းအမြစ်များကို အမြဲတမ်း ပျက်စီးစေသည်။ဒေသခံပြည်သူများသည်၎င်းတို့၏ စိုက်ပျိုးမြေနှင့် သောက်သုံးရေကို ဆုံးရှုံးနေရပြီး၊ စိုးရိမ်ဖွယ်ရာ ကျန်းမာရေးဆိုင်ရာ ပြဿ
နာများကိုလည်း ရင်ဆိုင်နေကြရသည်။
ဤပြဿနာသည် ဒေသတွင်းတင်မကဘဲ နယ်စပ်ကိုကျော်လွန်၍ အိမ်နီးချင်း ထိုင်းနိုင်ငံအထိ ပျံ့နှံ့နေသည်။ကော့မြစ် နှင့် မဲခေါင်မြစ်အတွင်းသို့ စီးဝင်နေသော အဆိပ်အတောက်များသည် သိန်းနှင့်ချီသောလူများ၏ အသက်
မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်နေသည်။
စီးပွားရေးသမားများနှင့် လက်နက်ကိုင်များအတွက် မြေရှားသတ္တုများသည် ငွေကြေးထောင်ချောက်တခု ဖြစ်သော်လည်း၊ မြန်မာနှင့် တရုတ်နယ်စပ်တလျှောက် ကချင်ပြည်
နယ်နှင့် ရှမ်းပြည်နယ်ရှိ ဒေသခံလူထုအတွက်မူ ၎င်းတို့နေထိုင်ရာနယ်မြေမှာ ယဇ်ပူဇော်ခံနယ်မြေ (Sacrifice Zone) အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွင် မြေရှားသတ္တုများ၏ ဇစ်မြစ်ကို ပြန်
လည်စစ်ဆေးရန်မှာ အရေးတကြီး လိုအပ်နေသည်။ နည်းပညာကုမ္ပဏီကြီးများသည် ၎င်းတို့၏ ကုန်ပစ္စည်းထုတ်လုပ်မှုတွင် အသုံး
ပြုနေသည့်သတ္တုများသည်မည်သည့်နေရာမှ လာသည်၊မည်သို့သောအခြေအနေမျိုးတွင် တူးဖော်သည်ကိုတာဝန်ခံမှုရှိရန်လိုအပ်သည်။
မြေရှားသတ္တုများ တူးဖော်မှုသည် တရားမဝင်၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်
စပ်နေပါက၊ ယင်းကို အသုံးပြုခြင်းသည် စိမ်းလန်းသော အနာဂတ်အတွက် တည်
ဆောက်ခြင်းဟု မဆိုနိုင်ပေ။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ
နိုင်ငံ၏ ပဋိပက္ခဒေသများမှ သယံဇာတများ ထုတ်ယူမှုကို တားဆီးရန်နှင့် တာဝန်ခံမှုရှိသော ထောက်ပံ့ရေးကွင်းဆက်ကို ဖန်တီးရန် လိုအပ်သည်။
သန့်ရှင်းသောစွမ်းအင်ထုတ်ရန်အကြောင်းပြပြီး ကမ္ဘာ့အခြားဒေသတခုကို ပျက်စီးစေခြင်းမှာ မည်သို့မျှမသင့်လျော်ပါ။ မြန်မာနိုင်ငံ၏ တောတောင်ရေမြေများ ပြန်လည်ရှင်သန်နိုင်ရေး နှင့် ဒေသခံများ၏ အသက်မွေး ဝမ်း
ကျောင်းမှုများကို ကာကွယ်ရန်မှာ အဓိက
ထုတ်ယူနေသော တရုတ်နိုင်ငံ နှင့် တရုတ်ထံမှမြေရှားဝယ်ယူသုံးစွဲနေသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုန်ပစ္စည်းထုတ်လုပ်သူများ၏ အဓိက တာဝန်ပင်ဖြစ်သည်။
ကိုးကား - Global Witness ၏ အစီရင်ခံစာ

👍29❤5🔥2👎1🤔1