People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(အာဏာသိမ်းစစ်တပ်ထံက သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - Karenni Army BA-5)
41👍18🥰4🖕2👎1
အလှပြင်ဆိုင်လာတဲ့ စစ်တပ်အရာရှိတဦးပစ်ခတ်ခံရပြီးသေဆုံး

သြဂုတ်-၁၇၊၂၀၂၆။ရွှေပြည်စိုး/People's Spring

မြောင်မြို့ပေါ်က အလှပြင်ဆိုင် (Beauty Salon)ကိုလာပြီးဆံပင်ညှပ်ခေါင်းလျှော်တဲ့ စစ်တပ်အရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်​တွေကပစ်ခတ်ခဲ့တာ​ကြောင့်သေဆုံးခဲ့ပါတယ်။

မြောင်မြို့ပေါ်ရပ်ကွက်တစ်ခုမှာရှိတဲ့အလှပြင်ဆိုင်မှာ သြဂုတ် ၁၇ ရက် ကစစ်တပ်အရာရှိတဦးအရပ်ဝတ်နဲ့ တစ်ဦးတည်းလာပြီးဆံပင်ညှပ်ခေါင်းလျှော်နေတဲ့ သတင်းကို စစ်တပ်ထဲက သတင်းပြန်ရလို့ သွား​ရောက်ပစ်ခတ်ရှင်းလင်းလိုက်တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

" ဒီနေ့( ဩဂုတ်လ ၁၇ရက်) နေ့ခင်းမှာဖြစ်တာပါဗျ။ သေတာက တပ်ရင်းမှူးလို့သိရတယ်။ သူကခေါင်းလာလျှော်တာ။ အခုတော့ အဲဒီပတ်ချာလည်မှာ စစ်တပ်ကပိတ်ဆို့ပြီးစစ်နေတယ်"လို့ တော်လှန်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။

မြောင်မြို့​ပေါ်က စစ်တပ်စခန်းချတဲ့ဆနရာနဲ့ မီတာ ၁၀၀ ​ကျော် ( ​ပေ ၃၀၀ ​ကျော်)အကွာက ဆံပင်ခေါင်းလျှော်ဆိုင်တစ်ဆိုင်မှာစစ်ကြောင်းမှူးရာထူးအဆင့်ရှိ စစ်ကောင်စီအရာရှိတစ်ဦး ခေါင်းလာလျှော်နေချိန် ပစ်
ခတ်ရှင်းလင်းလိုက်တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ်(၃) တပ်ရင်း MOCစစ်ကြောင်းကရုပ်သံနဲ့သတင်းထုတ်ပြန်ထားပါတယ်။ ​

သေဆုံးစစ်သားရဲ့အမည်၊ ရာထူးတာဝန် စတဲ့အ​သေးစိပ်အချက်အလက်​တွေကို​တော့ People's Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး။

"နာမည်က စနိုက်ပါဇော်ကြီးပါတဲ့ အများကခေါ်ကြတာသိရပါတယ်။အဆင့်တော့အတိကျမသိရသေးပါ။တော်တော် အရေးပါတဲ့သူလို့သိရပါတယ်" လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ်(၃) တပ်ရင်း MOCစစ်ကြောင်းမှတာဝန်ရှိသူက​ပြောပါတယ် ။

အဆိုပါစစ်သားပစ်ခတ်ခံရပြီး စခန်းမှစစ်သားအများအပြားထွက်လာကာ ဘေးပတ်ဝန်းကျင်ကို​သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး အ​လောင်းကို​ကောက်ယူသွားတယ်လို့ သူကဆက်​ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဟာ လူထုတော်လှန်ရေးအားကောင်းပြီး စစ်တပ်ထိန်းချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ စစ်တပ်ကလေကြောင်းကနေမကြာခဏဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။ ဒီနေ့ဖြစ်စဉ်ကြောင့် လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးရဲဘော်တွေကသတိပေးထားပါတယ်။

"ပြည်သူတွေတော့ တလရ အပေါ်သွေးမအေးကြပဲ ဆက်လက်ပြီးတက်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြဖို့မေတ္တာရပ်ခံပါတယ်။ပြည်သူတွေကအဓိကကြတာမို့ ပြည်သူမပါရင် မအောင်မြင်နိုင်ပါဘူး"လို့စစ်​ကြောင်းတာဝန်ရှိသူက​ပြောပါတယ် ။

ရုပ်သံ- MOC
👍4014👏7🤣2👎1🥰1🤩1🖕1
Reel.mp4
27.8 MB
👍24🥰6🤣3👻3👎1
ရသေ့တောင်မြို့နယ်ကို စစ်တပ် ဗုံးကြဲ

ဩဂုတ် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရသေ့တောင်မြို့နယ်ကိုပါ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။

ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို ဩဂုတ် ၁၇ရက် နေ့လည် ၁၂နာရီခန့်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ပြည်သူ လူထုနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရက္ခိုင်ပြည်နယ်က သံတွဲ၊ ဂွ၊ မြောက်ဦးနဲ့ အမ်းမြို့နယ်တွေက အရပ်သား ပြည်သူလူထုတွေ နေထိုင်ရာကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့လို့ အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။

မနေ့က ဩဂုတ် ၁၆ရက် သံတွဲမြို့ လေကြောင်း တိုက်ခိုက်မှုမှာ သားအဖ ၂ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ် ၁၃ရက် ညပိုင်းက ဂွမြို့နယ် ကျိန္တလီမြို့ကို စစ်တပ်ဗုံးကြဲခဲ့ရာ ကလေးငယ်တွေအပါအဝင် မိသားစုလိုက်သေဆုံးခဲ့ရာ ပြည်သူ စုစုပေါင်း ၈ဦးသေဆုံးခဲ့ပါတယ်။

ဩဂုတ် ၁၀ရက်ကလည်း သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့ရာ ၁၆ဦးသေဆုံးခဲ့ရပါတယ်။

စစ်တပ်ဟာ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့၊ ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှု၊ နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတို့မှာ တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိဟု AAက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေလို့ စစ်တပ်လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုစိုက်ကြဖို့လည်း အာရက္ခပြည်သူတွေကို AAက တိုက်တွန်းထားပါတယ်။
🤬317👎2👏2👍1🤩1
(ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး မြင်ကွင်း။ ဓာတ်ပုံ - AA)
🤬312👎2👏2🎉1🤮1
■​ဆောင်းပါး

ဆလိုင်းရိုးချင်း( သို့မဟုတ်)
လင်းလက်ဆဲမှာ ကြွေတဲ့ကြယ်

ကဖေး/People's Spring

ရခိုင်ရိုးမတောင်ခြေတနေရာတွင် သေနတ်သံစဲသွားပြီး မိနစ်ပိုင်းအတွင်း ခပ်တိုးတိုးနှင့်
ငြင်ငြင်သာသာစကားပြောဆိုသံကြားပါက ထိုအသံပိုင်ရှင်သည် ဆလိုင်းရိုးချင်းပင်ဖြစ်
သည်။

ဆလိုင်းရိုးချင်း။လူထုနှင့်အတူ သူယုံကြည်သည့်အမှန်တရားအတွက် သေနတ်ကိုင်တိုက်
ပွဲဝင်နေတဲ့တော်လှန်ရေးရဲဘော်ဖြစ်သော်ငြား ခက်ထန်ကြမ်းတမ်းခြင်း အလျဉ်းမရှိ။ သူ့ဟန်ကညတည်ငြိမ်ပြီး စကားသံကအမြဲတစေ ငြင်သာသည်။ တိုးတိုးငြင်သာစကား
ပြောခြင်းသည် သူ့ ကိုင်ပိုင်ဟန်ဖြစ်သည်။

" ကျနော်တို့က တွေဝေနေလို့မရဘူး။ လူထုအတွက်အလုပ်လုပ်ရမယ်"

"ကျနော်တို့ဒုက္ခတွေကို မငြီးတွားချင်ပါဘူး။ အလုပ်ပဲ အာရုံစိုက်ရမယ်"

"စစ်အာဏာရှင်တော်လှန်ရေးအနိုင်တိုက်နိုင်မှ လူထုအပေါ်တာဝန်ကျေမယ်"

သူ့ယူဆချက်နှင့်ခံယူချက်ကို ဆလိုင်းရိုးချင်းက အထက်ပါအတိုင်းမကြာခဏပြောပြတတ်သည်။ ပြောတိုင်းမှာ လေသံ အေးအေးငြိမ့်ငြိမ့်ပင်။ စစ်အာဏာရှင်တော်လှန်ရေးကာလတွင် ရင်ဆိုင်နေရသည့်ဒုက္ခတွေကို သူဘယ်တော့မှမညည်းညူခဲ့။ ပင်ပန်းကြောင်းညည်းညူသံ သူ ဖွင့်ဟ‌ပြောဆိုခြင်းမရှိခဲ့။

တိုက်ပွဲဧရိယာထဲမှ အရှိုချင်းတိုင်းရင်းသားတွေအပါအဝင် ဒေသခံများ၏ ဆင်းရဲဒုက္ခများကိုလည်းသူရှေ့တန်းမတင်ခဲ့။သူ့ယုံကြည်ချက်ကရှင်းလင်းသည်။ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မည်။တော်လှန်ရေးအောင်မြင်သည့်တစ်နေ့တွင် လူထုလူတန်းစားပေါင်းစုံ ပျော်ရွှင်ကြရလိမ့်မည်ဟု သူပြောဆိုခဲ့ဖူးသည်။

သူတို့အရှိုချင်းတိုင်းရင်းသားတွေ၏ ရဲရင့်မှုကိုပင်ကြွားလုံးမထုတ်ခဲ့ပါ။ယုံကြည်ချက်အတိုင်း တည်တည်ငြိမ်ငြိမ်နေထိုင်ပြီး တော်
လှန်ရေးကိုသာအာရုံစိုက်ခဲ့သည်။ သူသည် တိတ်တဆိတ် လင်းလက်နေသော ကြယ်တစ်စင်းပင်ဖြစ်သည်။

ဆလိုင်းရိုးချင်းအကြောင်း အရိက်အမြွက်မိတ်ဆက်ပေးပါမည်။ တဆက်တည်းတွင် ဝမ်းနည်းဖွယ်သတင်းစကားကို ကြားရဖို့ ရှိလာပါလိမ့်မည်။

လူငယ်တော်လှန်ရေးရဲဘော် ဆလိုင်းရိုးချင်းသည်အရှိုချင်းတိုင်းရင်းသားဖြစ်သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုတော်လှန်ရေးထဲခြေစုံပစ်ဝင်ပြီး ချင်းကာကွယ်ရေးတပ် - အရှို(CDF Asho) ကို ဖွဲ့စည်းသည်။ချင်းမျိုးနွယ်စုအားလုံးနှင့်
အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား ကာကွယ်သွားရန် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု CDF အရှိုက ကြေညာခဲ့သည်။

ဆလိုင်းရိုးချင်း ဦးဆောင်သည့်CDF အရှိုသည်အာရက္ခတပ်တော်(AA)အပါအဝင် တော်လှန်ရေးတပ်များစွာ၏မဟာမိတ်ဖြစ်
သည်။မဟာမိတ်ရဲဘော်များ၏ချစ်ခင်လေး
စားမှုသည်သူ၏တည်ရှိမှုဖြစ်သည်။ NUG အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊လက်
အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ
နှင့်လည်းတိုက်ပွဲများစွာဝင်ခဲ့သည်။

နွေဦးတော်လှန်ရေးတိုက်ပွဲတွေအနက် အ
ပြင်းထန်ဆုံးနှင့်အချိန် အကြာဆုံးတိုက်ပွဲဟု နာမည်ကြီးသည့် ရခိုင်ရိုးမ နှင့် မကွေးတိုင်းစပ်စပ်ဒေသမှနတ်ရေကန်ဗျူဟာတိုက်ပွဲတွင် CDF အရှိုနှင့်အတူ ဆလိုင်းရိုးချင်းပါဝင်ခဲ့သည်။ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်မှ ကပစ(၁၆)၊ဥသျှစ်ပင်မြို့အခြေစိုက်ကပစ
(၆)တို့ကို ဦးတည်သည့်စစ်ဆင်ရေးများတွင် AAနှင့် မဟာမိတ်ရဲဘော်များနှင့်အတူဆလိုင်းရိုးချင်းရှ်ိခဲ့သည်။

မကွေးတိုင်းအတွင်း မင်းဘူး-ငဖဲလမ်းပိုင်းမှ စစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်သည့်စစ်ဆင်ရေးများတွင် သူပါဝင်ခဲ့သည်။ စစ်တပ်အပြည့်အဝထိန်းချုပ်ထားသည့် ငဖဲမြို့ထဲအထိ ဝင်လာပြီး ဒေသခံတော်လှန် လူထုကိုစိတ်ဓာတ်တက်ကြွစေခဲ့သည်။
ဆလိုင်းရိုးချင်းနှင့် CDF အရှို၏ တော်လှန်
ရေးခရီးသည် ကြမ်းတမ်းသလောက် စိတ်ပိုင်းရော ရောရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်ခဲ့ကြသည်။

ဒီလိုနှင့်တိုက်ပွဲအလီလီနွှဲရင်းပင်နွေဦးတော်
လှန်ရေးသည် ၅နှစ်ကျော်ကာလသို့ရောက်
လာသည်။ဆလိုင်းရိုးချင်းသည်လည်း CDF အရှိုနှင့်အတူ တော်လှန်ရေးခရီးဆက်နေခဲ့သည်။သို့သော်ဆလိုင်းရိုးချင်းသည်သူယုံ
ကြည်သောတော်လှန်ရေးနှင့်သူမျှော်လင့်သောနိုင်ငံ၊ သူချစ်သော ရဲဘော်များကို စွန့်ခွာချိန်ရုတ်တရက်ရောက်လာခဲ့လေသည်။

ဆလိုင်းရိုးချင်းနှင့်အတူ CDF အရှိုတပ်ဖွဲ့ဝင်ခြောက်ဦးသည် ဩဂုတ်လ၁၄ရက်နေ့က ငဖဲမြို့နယ်အတွင်း ရိက္ခာသွားသယ်ကြစဉ် စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တပ်ဖွဲ့ဝင်တွေပေါ်အမြဲတစေ ဦး
ဆောင်နိုင်စွမ်းရှိခဲ့သောဆလိုင်းရိုးချင်းသည် ရုတ်တရက် ခြုံခိုတိုက်ခိုက်ခံရသည့်ဒီတိုက်ပွဲတွင်လည်း ‌ရှေ့ဆုံးမှပင် တိုက်ပွဲဝင်ခဲ့သည်။ သူနှင့်အတူ CDF Asho တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။ ဆလိုင်းရိုးချင်းတစ်ယောက် တော်လှန်ရေးလမ်းခုလတ်တနေရာတွင် နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်သည်။

တွေ့၊ကြုံ၊ဆုံ၊ကွဲလောကဓမ္မတာကို ဆလိုင်းရိုးချင်းနှင့်CDFအရှိုကပြသည်။ဆလိုင်းရိုးချင်းသည် တော်လှန်ရေးတာဝန်များကို အသက်နှင့် ခန္ဒာ စွန့်၍တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး
ငြိမ်းချမ်းစွာအနားယူနိုင်ပြီဟု CDF အရှိုက ဝမ်းနည်း ကြောင်းအမိန့်စာထုတ်ပြန်သည်။
တော်လှန်ရေးတာဝန်တွေ ကျေပွန်စွာပြီးဆုံးသွားပြီဖြစ်လို့ "သင်သွားလိုရာ သွားနိုင်ပြီ"ဟု CDF အရှိုအမိန့်စာမှာဖော်ပြထားပြီး"တပ်ဦးချုပ်ဆလိုင်းရိုးချင်းကောင်းရာသုဂတိလားပါစေ"ဟုဆုတောင်းထားသည်။
27👍4😢2🤮2🖕1
တိတ်တဆိတ် လင်းလက်နေသော ကြယ်တစ်စင်း ရခိုင်ရိုးမဝန်းကျင်တစ်နေရာတွင်ကြွေလွင့်သွားခဲ့​ပြီဖြစ်သည်။မကျဆုံးမီလအနည်း
ငယ်တွင် လူထုတော်လှန်ရေးနှင့်ပတ်သက်သော သူ့အမြင်ကို ဆလိုင်းရိုးချင်းကရခိုင်ရိုးမအခြေတစ်နေရာကနေ လေသံခပ်အေး
အေးဖြင့် ဖွင့်ဟခဲ့ဖူးသည်။

" ကျတော်တို့က ငြီးတွားနေဖို့အချိန်မရှိဘူး။ လူထုက်ိုဗဟိုပြုရမယ်။လူထုအတွက်တော်
လှန်ရေးကို အားလုံးပေါင်းပြီး ဟန်ချက်ညီညီ အရှိန်မြှင့်စေချင်ပြီ" ။ ။
👍26😢5🤮2🖕1
စစ်အာဏာရှင်စနစ် ဖြုတ်ချ​ရေးအတွက် တစိုက်မတ်မတ်ကြိုးစားခဲ့တဲ့ဆလိုင်းရိုးချင်း နဲ့ ဆလိုင်းရိုးချင်းရဲ့​နောက်ဆုံးခရီး ။ဓါတ်ပုံ- ဓါတ်ပုံ-CDF အရှို ၊ဆလိုင်းရှိုချင်းFB
😢568👍4🤮2🙏2👏1🖕1
အမရပူရမှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေးသင့်ပြည်သူ ၂ ဦး ဒဏ်ရာရ

သြဂုတ် ၁၇၊ ၂၀၂။ဟာနာဆန်/People's Spring

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၁၇ ရက် ညနေပိုင်းက အမရပူရမြို့နယ်၊တောင်ကြီးတိုက်နယ်၊ တောင်ကြီးရပ်ကွက်မှာ ရေတိုးရေ၀င်နေတဲ့ကြားက သစ်ပင်အိုကြီး ပြိုလဲကျခဲ့ကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းက အသိပေးပါတယ်။

အဲဒီသစ်ပင်လဲကျမှုကြောင့် နေအိမ်ထိခိုက်မှုမရှိပေမဲ့ သစ်ပင်အနီးရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေဖြစ်တဲ့ အသက် (၂၅)နှစ်အရွယ်သမီးဖြစ်သူ နဲ့ (၅၄) နှစ်အရွယ် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

"နှစ်ယောက်က အပင်ကြားထဲပိသွားတာ။ ဒဏ်ရာတော့ရသွားတယ်။ ရေကြီးနေတဲ့အချိန်ကျမှ သစ်ပင်က ပြိုလဲလာတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ဦးကို လူမှုကူညီရေးအသင်းကနေ အမရပူရဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ အမရပုရ၊ ပုသိမ်ကြီးမြို့နယ်တွေမှာ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ် ရေကြီးနေပြီး ကျေးရွာအချို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သတင်းရရှိပါတယ်။
😢157👍3🔥2👎1
(သစ်ပင်ပြိုလဲနေစဥ်။ ဒဏ်ရာရအမျိုးသမီးအား ခေါ်ဆောင်လာစဥ်။ ဓါတ်ပုံံ-ဒေသခံလူမှုကူညီရေးအသင်း Facebook)
👍17🙏4🔥1😢1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၁၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ရသေ့တောင်မြို့နယ်ကို စစ်တပ် ဗုံးကြဲ

ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရသေ့တောင်မြို့နယ်ကိုပါ လေကြောင်း တိုက်ခိုက်လာတာဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို ဒီနေ့ ဩဂုတ် ၁၇ရက် နေ့လယ် ၁၂နာရီခန့်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ပြည်သူ လူထုနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရက္ခိုင်ပြည်နယ်က သံတွဲ၊ ဂွ၊ မြောက်ဦးနဲ့ အမ်းမြို့နယ်တွေက အရပ်သား ပြည်သူလူထုတွေ နေထိုင်ရာကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့လို့ အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

◾️မြဝတီ​တောင်ဘက် လေးဒေးတောင်ကြောမှာ တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ လေးဒေးတောင်ကြောက သဲဖြူချောင်းမှာ စကခ-၁၃ အလောင်းတွေ ကောက်မနိုင်ဘူး ဖြစ်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က လေယာဉ်နဲ့လည်း အဆက်မပြတ်လာကြဲနေတယ်လို့ သူက ဆက်ပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်နဲ့ ထိစပ်ရာ မြန်မာဖက်ခြမ်းမှာ တိုက်ပွဲတွေ အရှိန်မြင့်တက်နေသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လေကြောင်းကနေ ရိက္ခာနဲ့ တခြားပစ္စည်းတွေ ချပေးတာတွေ လုပ်နေတယ်လို့ ထိုင်းသတင်းဌာန Khasodက ဩဂုတ် ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ရေးသား​ဖော်ပြပါတယ်။ မဲဆောက်နဲ့ ဖုတ်ဖရ ခရိုင်တို့ရဲ့တစ်ဖက်ခြမ်း မြဝတီမြို့နယ်ထဲမှာ စစ်တပ်ဟာ ကရင့်တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားရာ ခြေကုပ်စခန်းတွေကို သိမ်းယူနိုင်ဖို့ လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြု ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ လက်နက်ကြီး ကျည်တချို့လည်း ထိုင်းပိုင်နက်ထဲ လမ်းချော်ကျရောက်ခဲ့ပြီး ဘန်ဟွေမဟာဝန်မှာ လူနေအိမ်တွေကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။

◾️အလှပြင်ဆိုင်လာတဲ့ စစ်တပ်အရာရှိ ပစ်ခတ်ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က Beauty Salon ကိုလာပြီး ဆံပင်ညှပ်ခေါင်းလျှော်တဲ့ စစ်တပ်အရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်​တွေက ပစ်ခတ်ခဲ့တာ​ကြောင့် သေဆုံးခဲ့ပါတယ်။ မြောင်မြို့ပေါ်ရပ်ကွက်တစ်ခုမှာရှိတဲ့ အလှပြင်ဆိုင်မှာ စစ်တပ်က အရာရှိတစ်ဦးအရပ်ဝတ်နဲ့ တစ်ဦးတည်းလာပြီး ဆံပင်ညှပ်ခေါင်းလျှော်နေတဲ့ သတင်းကို စစ်တပ်ထဲက သတင်းပြန်ရလို့ သွား​ရောက်ပစ်ခတ်ရှင်းလင်းလိုက်တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ဒီနေ့ဩဂုတ် ၁၇ရက် နေ့ခင်းမှာဖြစ်ပွါးခဲ့တာလို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ မြောင်မြို့​ပေါ်က စစ်တပ်စခန်းချတဲ့နေရာနဲ့ ပေ ၃၀၀ ​ကျော်အကွာက ဆံပင်ညှပ်ခေါင်းလျှော်ဆိုင်တစ်ဆိုင်မှာ စစ်ကြောင်းမှူးရာထူးအဆင့်ရှိ စစ်တပ်အရာရှိတစ်ဦး ခေါင်းလာလျှော်နေချိန် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ်(၃) တပ်ရင်း MOCစစ်ကြောင်းက ရုပ်သံနဲ့သတင်းထုတ်ပြန်ထားပါတယ်။ ​

◾️ကပစ-၁၂က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်

မကွေးတိုင်း၊သရက်မြို့နယ်က အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က ထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA က တာ၀န်ရှိသူက ပြောပါတယ်။ မင်းတုန်းမြို့နယ်အတွင်း သရက်-မင်းတုန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေမှာ ဩဂုတ်၁၂ ရက်ကစပြီး ၁၅ ရက်အထိ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အင်အား ၆၀ ၀န်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ မင်းတုန်းမြို့ကို ဦးတည်ပြီး အဲဒီစစ်ကြောင်းအတွက် မင်းတုန်းမြို့ဘက်ကနေ လမ်းပိုင်းလုံခြုံရေးယူပေးခဲ့တဲ့ အင်အား ၅၀ ၀န်းကျင်နဲ့ မင်းတုန်းကျောက်တိုင်ဂိတ်စခန်းက နောက်ထပ်အင်အား ၄၀ ပါတဲ့ စုစုပေါင်း စစ်ကြောင်း ၃ခုနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ အသိပေးပါတယ်။ တိုက်ပွဲ ၄ ရက်အတွင်း စစ်တပ်စစ်ကြောင်းတွေမှာ သေဆုံးသူ ၇ ဦးနဲ့ ၄ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။

◾️ဒေသခံတွေ ထွက်ပြေးမတိမ်းရှောင်ဖို့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ တားမြစ်
9👍7🖕3👎1🤮1
ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ဩဂုတ် ၁၅ရက် KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်မှာ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်၊ စံပြ၊ ဘန်ကောက်ရွာတွေက ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာ မလုပ်ဖို့ မင်းဇေသန့်တပ်တွေက ခြိမ်းခြောက်ထားတာလို့ ဖော်ပြပါတယ်။ KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တွေအကြား စစ်ရေးတင်းမာနေလို့ စစ်ဖြစ်လာကို ဒေသခံတွေ စိုးရိမ်နေရတဲ့ အခြေအနေမှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာ တွေ့ရင် ပစ်ခတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတာလို့ဆိုပါတယ်။ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ဟာ လူသားဒိုင်းအတွက် အသုံးချဖို့ဖြစ်တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ တော်လှန်ရေးဘက်က လာတိုက်ရင် ပြည်သူတွေကို အကာအကွယ်ယူဖို့ဖြစ်တယ်လို့ စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်ရဲ့ ရည်ရွယ်ထားကြောင်း သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

◾️ရန်ကုန်တိုင်းအတွက် တပ်ရင်းသစ်တိုးချဲ့ဖို့ တပ်သားသစ် ဖိတ်ခေါ်

ရန်ကုန်တိုင်းအတွက်စုဖွဲ့မယ့် တပ်ရင်းသစ်တစ်ခု ထပ်မံတိုးချဲ့ပြီး တပ်သားသစ်တွေ ဖိတ်ခေါ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ Myanmar Defense Force တာ၀န်ရှိသူက ပြောပါတယ်။ရန်ကုန်တိုင်းအတွက် ပါဝင်ချင်ကြတဲ့ လူငယ်၊လူရွယ်တွေကို လက်တွဲပါဝင်သွားဖို့ စတင်ဖိတ်‌ခေါ်နေပြီလို့လည်း ဆိုပါတယ်။ ပါ၀င်လိုသူ‌တွေဟာ နာတာရှည် မရှိဖို့နဲ့ မိသားစု၊ လူမှုရေး၊ စီးပွားရေး၊ အနှောင်အဖွဲ့ကင်းရမယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် အခြေခံ စစ်သင်တန်းပြီးချိန်ကစပြီး (၃)နှစ် တဆက်တည်း တာဝန် ထမ်းဆောင်ရမှာဖြစ်ပြီး သီးခြားရည်မှန်းချက်အနေနဲ့ လူမျိုးနဲ့ ဒေသကိုပါ အခြေပြုမထားတာကြောင့် ရန်ကုန်တိုင်းမှာလည်း NUG/MODကွပ်ကဲမှုနဲ့ MDF က ပါဝင်သွားမယ်လို့ ဆိုပါတယ်။

◾️စစ်တပ်ဆီက သိမ်းဆည်းရရှိတဲ့ လက်နက်တွေကို KA ထုတ်ပြ

ပြီးခဲ့တဲ့ ၄ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ဆီက သိမ်းရခဲ့တဲ့ လက်နက်တွေကို ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅)က ထုတ်ပြလိုက်ပါတယ်။ ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅) ဖွဲ့စည်းတည်ထောင်တာ ၄ နှစ်ပြည့်မြောက်တဲ့ ဒီနေ့ ဩဂုတ် ၁၇ ရက်မှာ ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ အခုလို ခရီးရှည်တလျှောက် ရရှိလာခဲ့တဲ့ အောင်မြင်မှုတိုင်းက တပ်ရင်းအတွင်းက ရဲဘော်တစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုတွေရဲ့ ရလဒ်နဲ့ ပြည်နယ်အတွင်းက တခြားတပ်ပေါင်းစုတွေရဲ့ ကြိုးစားအားထုတ်မှုလည်းပါဝင်တယ်လို့ KA က အသိပေးပါတယ်။ ဒါ့အပြင် အခက်အခဲများစွာကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ပြီး ဒီနေ့အချိန်အထိ ရပ်တည်လာနိုင်ခဲ့တာအတွက် တပ်တွင်းက ရဲဘော်အားလုံးကို လေးစားဂုဏ်ပြုတယ်လို့ ဖော်ပြပါတယ်။

◾️ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ငြိမ်

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်အားအလုံးအရင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာနဲ့ ၂၀၂၆ မေလမှာ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲဟာ နှစ်လကျော်ကြာ ပြင်းထန်ခဲ့ပါတယ်။ ဩဂုတ် ပထမပတ်မှာလည်း လေကြောင်းတိုက်ခိုက်မှု အချို့ရှိခဲ့ပေမယ့် ဩဂုတ်လလယ်ပိုင်းမှာ တိုက်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြန်ငြိမ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

◾️ရေဦးမြို့အဝင်မှာ စစ်တပ်က အမျိုးသား ၁ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်မှာ ဆိုင်ကယ်စီးလာသူ အမျိုူသား ၂ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ၁ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ သြဂုတ် ၁၇ ရက် မနက် ၈ နာရီခန့်က ရေဦးမြို့နယ် ဆည်ကြီးကျေးရွာကနေ ရေဦးမြို့ဘက်သို့ ဆိုင်ကယ်နဲ့မောင်းနှင်လာတဲ့ အမျိုးသား ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ပစ်ခတ်ရာ နောက်မှာလိုက်ပါလာတဲ့ သံသည်ကျေးရွာက အမျိုးသား ၁ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ရေဦးမြို့နယ်ဟာ သဖန်းဆိပ်ဆည်ရေကြောင့် ရေကြီးတဲ့ဒဏ် ကြုံတွေ့ခဲ့ရတဲ့ဒေသတွေထဲမှာ ပါဝင်ခဲ့ပြီး လက်ရှိ ရေဘေးသင့်အိမ်ထောင်စု တစ်ထောင်ကျော်ရှိနေကာအကူအညီတွေ လိုအပ်နေဆဲဖြစ်ကြောင်း ရေဘေးကူညီနေသူအချို့က ပြောပါတယ်။

◾️အမရပူရမှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေးသင့်ပြည်သူ ၂ ဦး ဒဏ်ရာရ
13👍5🖕2🤮1
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ သြဂုတ် ၁၇ ရက် ညနေပိုင်းက အမရပူရမြို့နယ်၊တောင်ကြီးတိုက်နယ်၊ တောင်ကြီးရပ်ကွက်မှာ ရေတိုးရေ၀င်နေတဲ့ကြားက သစ်ပင်အိုကြီး ပြိုလဲကျခဲ့ကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းက အသိပေးပါတယ်။ အဲဒီသစ်ပင်လဲကျမှုကြောင့် နေအိမ်ထိခိုက်မှုမရှိပေမယ့် သစ်ပင်အနီးရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေဖြစ်တဲ့ အသက် (၂၅)နှစ်အရွယ်သမီးဖြစ်သူ နဲ့ (၅၄) နှစ်အရွယ် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ဦးကို လူမှုကူညီရေးအသင်းကနေ အမရပူရဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
14👍10🤮2😢1
19👍11🔥3🤣1