ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ငြိမ်
ဩဂုတ် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်အားအလုံးအရင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာနဲ့ ၂၀၂၆ မေလမှာ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲဟာ နှစ်လကျော်ကြာ ပြင်းထန်ခဲ့ပါတယ်။
အခု ဩဂုတ် ပထမပတ်မှာလည်း လေကြောင်းတိုက်ခိုက်မှု အချို့ရှိခဲ့ပေမဲ့ ဩဂုတ်လလယ်ပိုင်းမှာ တိုက်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြန်ငြိမ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ရာသီဥတုလည်း ပါမယ်။ နေကို မမြင်ရ။ မှိုင်းတွေထဲ မိုးအမြဲရွာတယ်။ဆော ကျောက်ထု ထီးလင်း မင်းတပ် အစပ် တော့ တိုက်ပွဲတော်တော်ပြင်းနေတယ်။ ကန်ပက်လက် မင်းတပ်ပဲ ငြိမ်တာ” လို့ ဒေသခံ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ရဲ့ ဩဂုတ်လဆန်း တိုက်ပွဲ သတင်းထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ မေလကနေ ဇူလိုင်လကုန်အထိ CPU/CPA ထိန်းချုပ်နယ်မြေကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော ချင်းတောင်ပိုင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာ လျော့နည်းသွားပေမဲ့ ချင်း-မကွေးအစပ် ဒေသတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။
ယောဒေသ သတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းရဲ့ လေကြောင်းတိုက်ခိုက်ခံရမှု အသိပေးချက်မှာ စစ်အုပ်ဟုဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဂန့်ဂေါမြို့နယ် တောင်ပိုင်းနဲ့ ထီးလင်းမြို့နယ် မြောက်ပိုင်း ကြား တနေရာကို တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆောဒေသတိုက်ပွဲတွေမှာ စစ်ကောင်စိတပ်တွေ တပ်လန်ကျနေတဲ့ အခြေအနေကြောင့် လေကြောင်းပစ်ကူပေးတာတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေတယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ ဒရုန်းဗုံးကြဲချမှုတွေကြောင့် စစ်ရှောင်အရပ်သားပြည်သူတွေထိခိုက်မှု ရှိခဲ့ကြောင်းလည်း ယောအလင်းတန်းက အသိပေးထားပါတယ်။

👍29❤11🔥1🥰1👏1😁1🙏1
၄ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ထံက သိမ်းရတဲ့ လက်နက်တွေကို KA တပ်ရင်း (၅) ထုတ်ပြ
ဩဂုတ်-၁၇ ၊၂၀၂၆။ဇော်ဝင်း/People's Spring
၄ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ထံက သိမ်းရခဲ့တဲ့ လက်နက်တွေကို ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅)က ထုတ်ပြလိုက်ပါတယ်။
ဒီကနေ့(ဩဂုတ် ၁၇ ရက်)ဟာ ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅) ဖွဲ့စည်းတည်ထောင်တာ ၄ နှစ်ပြည့်မြောက်နေ့မှာ ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။
အခုလို ခရီးရှည်တလျှောက် ရရှိလာခဲ့တဲ့ အောင်မြင်မှုတိုင်းက တပ်ရင်းအတွင်းက ရဲဘော်တစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှု၊ စည်းလုံးညီညွတ်မှုနဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်မှုတွေရဲ့ ရလဒ်နဲ့ ပြည်နယ်အတွင်းကတခြား တပ်ပေါင်းစုတွေရဲ့ ကြိုးစားအားထုတ်မှုလည်းပါဝင်တယ်လို့ KA က အသိပေးပါတယ်။
ဒါ့အပြင် အခက်အခဲများစွာကိုအတူတကွ ရင်ဆိုင်ကျော်ဖြတ်ပြီး ဒီကနေ့အချိန်အထိ ရပ်တည်လာနိုင်ခဲ့တာအတွက် တပ်တွင်းက ရဲဘော်အားလုံးကို လေးစားဂုဏ်ပြုတယ်လို့ ဖော်ပြပါတယ်။
တာဝန်ထမ်းဆောင်ရင်း ရရှိလာခဲ့တဲ့ လက်နက်ပစ္စည်းတွေကိုလည်း အကျိုးအမြတ်အတွက် ရောင်းချခြင်းမပြုဘဲ စနစ်တကျ ထိန်းသိမ်းထားရှိပြီး အသုံးပြုနိုင်သေးတဲ့ ပစ္စည်းတွေ လိုအပ်သလို ပြန်လည်အသုံးချနိုင်ဖို့ ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကရင်နီတပ်မတော်ရဲ့ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်နေ့မှာ တပ်ရင်း(၅)က ဒီကနေ့အထိ ရပ်တည်နိုင်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ရဲဘော်အားလုံး အားထုတ်မှုတွေကိုအသိအမှတ်ပြု ဂုဏ်ပြုကြောင်း ဖော်ပြပါတယ်။
" ရှေ့ဆက်ရမယ့် ခရီးလမ်းမှာလည်း အချင်းချင်း စည်းလုံးညီညွတ်စွာနဲ့ မိမိတို့ တာဝန်တွေ
ကို ဆက်လက်ထမ်းဆောင်နိုင်ကြပါစေ"လို့ ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅) ကတာဝန်ရှိသူက ပြောပါတယ်။
တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာ အသက်ပေးခဲ့တဲ့အာဇာနည်သူရဲကောင်းတွေရဲ့သတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေကို အစဉ်အမြဲ ဂုဏ်ပြုအောက်မေ့ကြောင်း အသိပေးပါတယ်။
ဒါ့အပြင် တပ်ရင်း (၅)ဟာ ဒီကနေ့အချိန်အထိ ရပ်တည်နိုင်ပြီး တာဝန်တွေ ဆက်လက်ထမ်းဆောင်နိုင်ဖို့ ပါဝင်ကူညီပံ့ပိုးပေးခဲ့တဲ့ ပြည်သူတစ်ဦးချင်းစီကိုလည်း လေးစားစွာနဲ့ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

👍33❤9🥰3🖕2🤣1
(အာဏာသိမ်းစစ်တပ်ထံက သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - Karenni Army BA-5)
❤41👍18🥰4🖕2👎1
အလှပြင်ဆိုင်လာတဲ့ စစ်တပ်အရာရှိတဦးပစ်ခတ်ခံရပြီးသေဆုံး
သြဂုတ်-၁၇၊၂၀၂၆။ရွှေပြည်စိုး/People's Spring
မြောင်မြို့ပေါ်က အလှပြင်ဆိုင် (Beauty Salon)ကိုလာပြီးဆံပင်ညှပ်ခေါင်းလျှော်တဲ့ စစ်တပ်အရာရှိတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပစ်ခတ်ခဲ့တာကြောင့်သေဆုံးခဲ့ပါတယ်။
မြောင်မြို့ပေါ်ရပ်ကွက်တစ်ခုမှာရှိတဲ့အလှပြင်ဆိုင်မှာ သြဂုတ် ၁၇ ရက် ကစစ်တပ်အရာရှိတဦးအရပ်ဝတ်နဲ့ တစ်ဦးတည်းလာပြီးဆံပင်ညှပ်ခေါင်းလျှော်နေတဲ့ သတင်းကို စစ်တပ်ထဲက သတင်းပြန်ရလို့ သွားရောက်ပစ်ခတ်ရှင်းလင်းလိုက်တာလို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
" ဒီနေ့( ဩဂုတ်လ ၁၇ရက်) နေ့ခင်းမှာဖြစ်တာပါဗျ။ သေတာက တပ်ရင်းမှူးလို့သိရတယ်။ သူကခေါင်းလာလျှော်တာ။ အခုတော့ အဲဒီပတ်ချာလည်မှာ စစ်တပ်ကပိတ်ဆို့ပြီးစစ်နေတယ်"လို့ တော်လှန်ရေး ရဲဘော်တစ်ဦးကပြောပါတယ်။
မြောင်မြို့ပေါ်က စစ်တပ်စခန်းချတဲ့ဆနရာနဲ့ မီတာ ၁၀၀ ကျော် ( ပေ ၃၀၀ ကျော်)အကွာက ဆံပင်ခေါင်းလျှော်ဆိုင်တစ်ဆိုင်မှာစစ်ကြောင်းမှူးရာထူးအဆင့်ရှိ စစ်ကောင်စီအရာရှိတစ်ဦး ခေါင်းလာလျှော်နေချိန် ပစ်
ခတ်ရှင်းလင်းလိုက်တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ်(၃) တပ်ရင်း MOCစစ်ကြောင်းကရုပ်သံနဲ့သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးစစ်သားရဲ့အမည်၊ ရာထူးတာဝန် စတဲ့အသေးစိပ်အချက်အလက်တွေကိုတော့ People's Spring ကသီးခြားအတည်မပြုနိုင်သေးပါဘူး။
"နာမည်က စနိုက်ပါဇော်ကြီးပါတဲ့ အများကခေါ်ကြတာသိရပါတယ်။အဆင့်တော့အတိကျမသိရသေးပါ။တော်တော် အရေးပါတဲ့သူလို့သိရပါတယ်" လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အမှတ်(၃) တပ်ရင်း MOCစစ်ကြောင်းမှတာဝန်ရှိသူကပြောပါတယ် ။
အဆိုပါစစ်သားပစ်ခတ်ခံရပြီး စခန်းမှစစ်သားအများအပြားထွက်လာကာ ဘေးပတ်ဝန်းကျင်ကိုသေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး အလောင်းကိုကောက်ယူသွားတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ဟာ လူထုတော်လှန်ရေးအားကောင်းပြီး စစ်တပ်ထိန်းချုပ်နိုင်ခြင်းမရှိတဲ့မြို့နယ်ဖြစ်ပါတယ်။ စစ်တပ်ကလေကြောင်းကနေမကြာခဏဗုံးကြဲတိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။ ဒီနေ့ဖြစ်စဉ်ကြောင့် လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးရဲဘော်တွေကသတိပေးထားပါတယ်။
"ပြည်သူတွေတော့ တလရ အပေါ်သွေးမအေးကြပဲ ဆက်လက်ပြီးတက်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြဖို့မေတ္တာရပ်ခံပါတယ်။ပြည်သူတွေကအဓိကကြတာမို့ ပြည်သူမပါရင် မအောင်မြင်နိုင်ပါဘူး"လို့စစ်ကြောင်းတာဝန်ရှိသူကပြောပါတယ် ။
ရုပ်သံ- MOC

👍40❤14👏7🤣2👎1🥰1🤩1🖕1
ရသေ့တောင်မြို့နယ်ကို စစ်တပ် ဗုံးကြဲ
ဩဂုတ် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ AA ထိန်းချုပ်ထားတဲ့ ဒေသတွေကို တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရသေ့တောင်မြို့နယ်ကိုပါ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ် အောက်ဇီးကိုင်းကျေးရွာကို ဩဂုတ် ၁၇ရက် နေ့လည် ၁၂နာရီခန့်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ပြည်သူ လူထုနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ရက္ခိုင်ပြည်နယ်က သံတွဲ၊ ဂွ၊ မြောက်ဦးနဲ့ အမ်းမြို့နယ်တွေက အရပ်သား ပြည်သူလူထုတွေ နေထိုင်ရာကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့လို့ အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။
မနေ့က ဩဂုတ် ၁၆ရက် သံတွဲမြို့ လေကြောင်း တိုက်ခိုက်မှုမှာ သားအဖ ၂ဦးသေဆုံးကာ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဩဂုတ် ၁၃ရက် ညပိုင်းက ဂွမြို့နယ် ကျိန္တလီမြို့ကို စစ်တပ်ဗုံးကြဲခဲ့ရာ ကလေးငယ်တွေအပါအဝင် မိသားစုလိုက်သေဆုံးခဲ့ရာ ပြည်သူ စုစုပေါင်း ၈ဦးသေဆုံးခဲ့ပါတယ်။
ဩဂုတ် ၁၀ရက်ကလည်း သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့ရာ ၁၆ဦးသေဆုံးခဲ့ရပါတယ်။
စစ်တပ်ဟာ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့၊ ရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရရှိမှု၊ နေအိမ် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတို့မှာ တစ်ရက်ပြီးတစ်ရက် မြင့်တက်လျက်ရှိဟု AAက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေလို့ စစ်တပ်လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုစိုက်ကြဖို့လည်း အာရက္ခပြည်သူတွေကို AAက တိုက်တွန်းထားပါတယ်။

🤬31❤7👎2👏2👍1🤩1
■ဆောင်းပါး
ဆလိုင်းရိုးချင်း( သို့မဟုတ်)
လင်းလက်ဆဲမှာ ကြွေတဲ့ကြယ်
ကဖေး/People's Spring
ရခိုင်ရိုးမတောင်ခြေတနေရာတွင် သေနတ်သံစဲသွားပြီး မိနစ်ပိုင်းအတွင်း ခပ်တိုးတိုးနှင့်
ငြင်ငြင်သာသာစကားပြောဆိုသံကြားပါက ထိုအသံပိုင်ရှင်သည် ဆလိုင်းရိုးချင်းပင်ဖြစ်
သည်။
ဆလိုင်းရိုးချင်း။လူထုနှင့်အတူ သူယုံကြည်သည့်အမှန်တရားအတွက် သေနတ်ကိုင်တိုက်
ပွဲဝင်နေတဲ့တော်လှန်ရေးရဲဘော်ဖြစ်သော်ငြား ခက်ထန်ကြမ်းတမ်းခြင်း အလျဉ်းမရှိ။ သူ့ဟန်ကညတည်ငြိမ်ပြီး စကားသံကအမြဲတစေ ငြင်သာသည်။ တိုးတိုးငြင်သာစကား
ပြောခြင်းသည် သူ့ ကိုင်ပိုင်ဟန်ဖြစ်သည်။
" ကျနော်တို့က တွေဝေနေလို့မရဘူး။ လူထုအတွက်အလုပ်လုပ်ရမယ်"
"ကျနော်တို့ဒုက္ခတွေကို မငြီးတွားချင်ပါဘူး။ အလုပ်ပဲ အာရုံစိုက်ရမယ်"
"စစ်အာဏာရှင်တော်လှန်ရေးအနိုင်တိုက်နိုင်မှ လူထုအပေါ်တာဝန်ကျေမယ်"
သူ့ယူဆချက်နှင့်ခံယူချက်ကို ဆလိုင်းရိုးချင်းက အထက်ပါအတိုင်းမကြာခဏပြောပြတတ်သည်။ ပြောတိုင်းမှာ လေသံ အေးအေးငြိမ့်ငြိမ့်ပင်။ စစ်အာဏာရှင်တော်လှန်ရေးကာလတွင် ရင်ဆိုင်နေရသည့်ဒုက္ခတွေကို သူဘယ်တော့မှမညည်းညူခဲ့။ ပင်ပန်းကြောင်းညည်းညူသံ သူ ဖွင့်ဟပြောဆိုခြင်းမရှိခဲ့။
တိုက်ပွဲဧရိယာထဲမှ အရှိုချင်းတိုင်းရင်းသားတွေအပါအဝင် ဒေသခံများ၏ ဆင်းရဲဒုက္ခများကိုလည်းသူရှေ့တန်းမတင်ခဲ့။သူ့ယုံကြည်ချက်ကရှင်းလင်းသည်။ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မည်။တော်လှန်ရေးအောင်မြင်သည့်တစ်နေ့တွင် လူထုလူတန်းစားပေါင်းစုံ ပျော်ရွှင်ကြရလိမ့်မည်ဟု သူပြောဆိုခဲ့ဖူးသည်။
သူတို့အရှိုချင်းတိုင်းရင်းသားတွေ၏ ရဲရင့်မှုကိုပင်ကြွားလုံးမထုတ်ခဲ့ပါ။ယုံကြည်ချက်အတိုင်း တည်တည်ငြိမ်ငြိမ်နေထိုင်ပြီး တော်
လှန်ရေးကိုသာအာရုံစိုက်ခဲ့သည်။ သူသည် တိတ်တဆိတ် လင်းလက်နေသော ကြယ်တစ်စင်းပင်ဖြစ်သည်။
ဆလိုင်းရိုးချင်းအကြောင်း အရိက်အမြွက်မိတ်ဆက်ပေးပါမည်။ တဆက်တည်းတွင် ဝမ်းနည်းဖွယ်သတင်းစကားကို ကြားရဖို့ ရှိလာပါလိမ့်မည်။
လူငယ်တော်လှန်ရေးရဲဘော် ဆလိုင်းရိုးချင်းသည်အရှိုချင်းတိုင်းရင်းသားဖြစ်သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုတော်လှန်ရေးထဲခြေစုံပစ်ဝင်ပြီး ချင်းကာကွယ်ရေးတပ် - အရှို(CDF Asho) ကို ဖွဲ့စည်းသည်။ချင်းမျိုးနွယ်စုအားလုံးနှင့်
အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးအား ကာကွယ်သွားရန် ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု CDF အရှိုက ကြေညာခဲ့သည်။
ဆလိုင်းရိုးချင်း ဦးဆောင်သည့်CDF အရှိုသည်အာရက္ခတပ်တော်(AA)အပါအဝင် တော်လှန်ရေးတပ်များစွာ၏မဟာမိတ်ဖြစ်
သည်။မဟာမိတ်ရဲဘော်များ၏ချစ်ခင်လေး
စားမှုသည်သူ၏တည်ရှိမှုဖြစ်သည်။ NUG အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊လက်
အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ
နှင့်လည်းတိုက်ပွဲများစွာဝင်ခဲ့သည်။
နွေဦးတော်လှန်ရေးတိုက်ပွဲတွေအနက် အ
ပြင်းထန်ဆုံးနှင့်အချိန် အကြာဆုံးတိုက်ပွဲဟု နာမည်ကြီးသည့် ရခိုင်ရိုးမ နှင့် မကွေးတိုင်းစပ်စပ်ဒေသမှနတ်ရေကန်ဗျူဟာတိုက်ပွဲတွင် CDF အရှိုနှင့်အတူ ဆလိုင်းရိုးချင်းပါဝင်ခဲ့သည်။ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်မှ ကပစ(၁၆)၊ဥသျှစ်ပင်မြို့အခြေစိုက်ကပစ
(၆)တို့ကို ဦးတည်သည့်စစ်ဆင်ရေးများတွင် AAနှင့် မဟာမိတ်ရဲဘော်များနှင့်အတူဆလိုင်းရိုးချင်းရှ်ိခဲ့သည်။
မကွေးတိုင်းအတွင်း မင်းဘူး-ငဖဲလမ်းပိုင်းမှ စစ်ကောင်စီစစ်ကြောင်းတွေကိုတိုက်ခိုက်သည့်စစ်ဆင်ရေးများတွင် သူပါဝင်ခဲ့သည်။ စစ်တပ်အပြည့်အဝထိန်းချုပ်ထားသည့် ငဖဲမြို့ထဲအထိ ဝင်လာပြီး ဒေသခံတော်လှန် လူထုကိုစိတ်ဓာတ်တက်ကြွစေခဲ့သည်။
ဆလိုင်းရိုးချင်းနှင့် CDF အရှို၏ တော်လှန်
ရေးခရီးသည် ကြမ်းတမ်းသလောက် စိတ်ပိုင်းရော ရောရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်ခဲ့ကြသည်။
ဒီလိုနှင့်တိုက်ပွဲအလီလီနွှဲရင်းပင်နွေဦးတော်
လှန်ရေးသည် ၅နှစ်ကျော်ကာလသို့ရောက်
လာသည်။ဆလိုင်းရိုးချင်းသည်လည်း CDF အရှိုနှင့်အတူ တော်လှန်ရေးခရီးဆက်နေခဲ့သည်။သို့သော်ဆလိုင်းရိုးချင်းသည်သူယုံ
ကြည်သောတော်လှန်ရေးနှင့်သူမျှော်လင့်သောနိုင်ငံ၊ သူချစ်သော ရဲဘော်များကို စွန့်ခွာချိန်ရုတ်တရက်ရောက်လာခဲ့လေသည်။
ဆလိုင်းရိုးချင်းနှင့်အတူ CDF အရှိုတပ်ဖွဲ့ဝင်ခြောက်ဦးသည် ဩဂုတ်လ၁၄ရက်နေ့က ငဖဲမြို့နယ်အတွင်း ရိက္ခာသွားသယ်ကြစဉ် စစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တပ်ဖွဲ့ဝင်တွေပေါ်အမြဲတစေ ဦး
ဆောင်နိုင်စွမ်းရှိခဲ့သောဆလိုင်းရိုးချင်းသည် ရုတ်တရက် ခြုံခိုတိုက်ခိုက်ခံရသည့်ဒီတိုက်ပွဲတွင်လည်း ရှေ့ဆုံးမှပင် တိုက်ပွဲဝင်ခဲ့သည်။ သူနှင့်အတူ CDF Asho တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့သည်။ ဆလိုင်းရိုးချင်းတစ်ယောက် တော်လှန်ရေးလမ်းခုလတ်တနေရာတွင် နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်သည်။
တွေ့၊ကြုံ၊ဆုံ၊ကွဲလောကဓမ္မတာကို ဆလိုင်းရိုးချင်းနှင့်CDFအရှိုကပြသည်။ဆလိုင်းရိုးချင်းသည် တော်လှန်ရေးတာဝန်များကို အသက်နှင့် ခန္ဒာ စွန့်၍တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး
ငြိမ်းချမ်းစွာအနားယူနိုင်ပြီဟု CDF အရှိုက ဝမ်းနည်း ကြောင်းအမိန့်စာထုတ်ပြန်သည်။
တော်လှန်ရေးတာဝန်တွေ ကျေပွန်စွာပြီးဆုံးသွားပြီဖြစ်လို့ "သင်သွားလိုရာ သွားနိုင်ပြီ"ဟု CDF အရှိုအမိန့်စာမှာဖော်ပြထားပြီး"တပ်ဦးချုပ်ဆလိုင်းရိုးချင်းကောင်းရာသုဂတိလားပါစေ"ဟုဆုတောင်းထားသည်။

❤27👍4😢2🤮2🖕1
တိတ်တဆိတ် လင်းလက်နေသော ကြယ်တစ်စင်း ရခိုင်ရိုးမဝန်းကျင်တစ်နေရာတွင်ကြွေလွင့်သွားခဲ့ပြီဖြစ်သည်။မကျဆုံးမီလအနည်း
ငယ်တွင် လူထုတော်လှန်ရေးနှင့်ပတ်သက်သော သူ့အမြင်ကို ဆလိုင်းရိုးချင်းကရခိုင်ရိုးမအခြေတစ်နေရာကနေ လေသံခပ်အေး
အေးဖြင့် ဖွင့်ဟခဲ့ဖူးသည်။
" ကျတော်တို့က ငြီးတွားနေဖို့အချိန်မရှိဘူး။ လူထုက်ိုဗဟိုပြုရမယ်။လူထုအတွက်တော်
လှန်ရေးကို အားလုံးပေါင်းပြီး ဟန်ချက်ညီညီ အရှိန်မြှင့်စေချင်ပြီ" ။ ။

👍26😢5🤮2🖕1
စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် တစိုက်မတ်မတ်ကြိုးစားခဲ့တဲ့ဆလိုင်းရိုးချင်း နဲ့ ဆလိုင်းရိုးချင်းရဲ့နောက်ဆုံးခရီး ။ဓါတ်ပုံ- ဓါတ်ပုံ-CDF အရှို ၊ဆလိုင်းရှိုချင်းFB
😢56❤8👍4🤮2🙏2👏1🖕1
အမရပူရမှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေးသင့်ပြည်သူ ၂ ဦး ဒဏ်ရာရ
သြဂုတ် ၁၇၊ ၂၀၂။ဟာနာဆန်/People's Spring
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရေကြီးနေချိန် သစ်ပင်လဲလို့ ရေဘေသင့်ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၁၇ ရက် ညနေပိုင်းက အမရပူရမြို့နယ်၊တောင်ကြီးတိုက်နယ်၊ တောင်ကြီးရပ်ကွက်မှာ ရေတိုးရေ၀င်နေတဲ့ကြားက သစ်ပင်အိုကြီး ပြိုလဲကျခဲ့ကြောင်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေးအသင်းက အသိပေးပါတယ်။
အဲဒီသစ်ပင်လဲကျမှုကြောင့် နေအိမ်ထိခိုက်မှုမရှိပေမဲ့ သစ်ပင်အနီးရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေဖြစ်တဲ့ အသက် (၂၅)နှစ်အရွယ်သမီးဖြစ်သူ နဲ့ (၅၄) နှစ်အရွယ် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"နှစ်ယောက်က အပင်ကြားထဲပိသွားတာ။ ဒဏ်ရာတော့ရသွားတယ်။ ရေကြီးနေတဲ့အချိန်ကျမှ သစ်ပင်က ပြိုလဲလာတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီး ၂ ဦးကို လူမှုကူညီရေးအသင်းကနေ အမရပူရဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ အမရပုရ၊ ပုသိမ်ကြီးမြို့နယ်တွေမှာ ဧရာဝတီမြစ်နဲ့ ဒုဌဝတီမြစ် ရေကြီးနေပြီး ကျေးရွာအချို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သတင်းရရှိပါတယ်။

😢15❤7👍3🔥2👎1