ကပစ-၁၂က ထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို ဗမာပြည်ကာကွယ်ရေးတပ် တိုက်ခိုက်
ဩဂုတ်-၁၇၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊သရက်မြို့နယ်က အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က ထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA က တာ၀န်ရှိသူက ပြောပါတယ်။
မင်းတုန်းမြို့နယ်အတွင်း သရက် - မင်းတုန်း လမ်းပိုင်းနဲ့ ပုသိမ် - မုံရွာ လမ်းပိုင်းတွေမှာ အခု ဩ ဂုတ်၁၂ ရက်ကစပြီး ၁၅ ရက်အထိ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အင်အား ၆၀ ၀န်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ မင်းတုန်းမြို့ကို ဦးတည်ပြီး အဲဒီစစ်ကြောင်းအတွက် မင်းတုန်းမြို့ဘက်ကနေ လမ်းပိုင်းလုံခြုံရေးယူပေးခဲ့တဲ့ အင်အား ၅၀ ၀န်းကျင် နဲ့ မင်းတုန်းကျောက်တိုင်ဂိတ်စခန်းက နောက်ထပ်အင်အား ၄၀ ပါတဲ့ စုစုပေါင်း စစ်ကြောင်း ၃ခုနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ အသိပေးပါတယ်။
တိုက်ပွဲ ၄ ရက်အတွင်း စစ်တပ်စစ်ကြောင်းတွေမှာ သေဆုံးသူ ၇ ဦးနဲ့ ၄ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။အဲဒီသေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာ ကပစ (၁၂) ကလာတဲ့ ထောက်ပို့စစ်ကြောင်းနဲ့ လမ်းပိုင်း လုံခြုံရေးယူပေးတဲ့မင်းတုန်းစစ်ကြောင်းတွေက မင်းတုန်းမြို့ထဲကို ရောက်ရှိသွားပြီး ကျောက်တိုင်အထိုင်ဂိတ်စခန်းက စစ်ကြောင်းကလည်း အဲဒီဂိတ်စခန်းအတွင်းမှာပြန်လည်တပ်စွဲထားတယ်လို့ သိရပါတယ်။
စစ်ရေးအချက်အလက်တွေအရ သရက်မြို့နယ် စခမ်းကြီးကျေးရွာနဲ့ ပိတောက်ပင်ကျေးရွာအနီးမှာရှိတဲ့ အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂ )ဟာ ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမ ဗုံးသီးတွေကို ထုတ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ဒေသတွင်းစစ်ရေးအရ အရေးပါတဲ့ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဩဂုတ် ၁၀ ရက်ကလည်း သရက်-မင်းတုန်းလမ်းပိုင်းမှာ တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူတွေရှိပြီးလက်နက်နဲ့ခဲယမ်းတချို့ရရှိတယ်လို့ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စစ်တပ်က သရက်-မင်းတုန်းလမ်းပိုင်း အသုံးပြုပြီး မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမကို စစ် ကြောင်းထိုးနေပေမယ့် နှစ်လကျော်ကြာတဲ့အထိ ရိုးမပေါ် မတက်နိုင်သေးဘဲ အနီးတဝိုက်ကျေးရွာတွေမှာပဲ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။

🥰22👍17❤2🤣2👏1🤮1🖕1
မြဝတီမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ
■စစ်တပ်ကလေကြောင်းသုံးတိုက်ခိုက်နေပြီး လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ကျ
သြဂုတ်-၁၇၊၂၀၂၆။People's Spring
မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာထိုင်းသတင်းဌာန Khasodကတက်ခ်ပြည်နယ်နဲ့ ထိစပ်ရာ မြန်မာဖက်ခြမ်းမှာတိုက်ပွဲတွေအရှိန်မြင့်တက်
နေသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊လေကြောင်းကနေ ရိက္ခာနဲ့တခြားပစ္စည်း
တွေ ချပေးတာတွေ လုပ်နေတယ်လို့ ရေးသားဖော်ပြထားပါတယ်။
မဲဆောက်နဲ့ ဖုတ်ဖရ ခရိုင်တို့ရဲ့တစ်ဖက်ခြမ်း
မြဝတီမြို့နယ်ထဲမှာ စစ်တပ်ဟာ ကရင် တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားရာ ခြေကုပ်စခန်းတွေကို သိမ်းယူနိုင်ဖို့ လက်
နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြု ထိုး
စစ်ဆင်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ လက်
နက်ကြီး ကျည်တချို့လည်း ထိုင်းပိုင်နက်ဖက် လမ်းချော်ကျရောက်ခဲ့ပြီး ဘန်ဟွေမဟာဝန်မှာ လူနေအိမ်တွေကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ နယ်စပ်နားက တိုက်ပွဲတွေအတွင်း အဲဒီဧရိယာဟာ အရင်ကလည်း လမ်းချော်လာတဲ့ ကျည်တွေ၊ လက်နက်ကြီးကျည်တွေ ကျရောက်တာ ကြုံခဲ့ဖူးပါတယ်။
Khasodရဲ့ အဆိုအရ မြန်မာစစ်တပ်ဟာ မြေ
ပြင်ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေ ကြားဖြတ် တိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွက် ရှေ့တန်းကတပ်တွေဆီကို လေကြောင်းကနေ စစ်လက်နက်နဲ့ ရိက္ခာတွေ လေထီးနဲ့ ချပေးနေကြောင်းလည်း သိရပါတယ်။
မြဝတီမြို့တောင်ဘက်က ဖလူး၊မင်းလက်ပံဒေသကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ဇူလိုင်ဘကတည်းက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်စစ်ကြောင်းတွေ ကို KNLA ၊ PDF နဲ့ ပူးပေါင်းတပ်တွေက ဖျက်တောက်ပိတ်ဆို့တိုက်ခိုက်တာကြောင့် အကြိမ်
ကြိမ်တပ်လန်ပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသတွင်း စစ်ရေးရင်းမြစ်တွေက ပြောပါတယ် ။
ကိုးကား-Khaosod

👍28🔥5👏4❤3🥰1🤣1
လီဒိုလမ်းမပေါ်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ခြိမ်းခြောက်တားမြစ်
ဩဂုတ် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။
ဩဂုတ် ၁၅ရက် KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်မှာ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်၊ စံပြ၊ ဘန်ကောက်ရွာများက ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာ မလုပ်ဖို့ မင်းဇေသန့် တပ်တွေက ခြိမ်းခြောက်ထားတာလို့ ဖော်ပြပါတယ်။
KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တွေအကြား စစ်ရေးတင်းမာနေလို့ စစ်ဖြစ်လာကို ဒေသခံတွေ စိုးရိမ်နေရတဲ့ အခြေအနေမှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာ တွေ့ရင် ပစ်ခတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတာလို့ဆိုပါတယ်။
“လူသားဒိုင်းအတွက် အသုံးချဖို့ပါ။ တော်လှန်ရေးဘက်က လာတိုက်ရင် ပြည်သူတွေကို အကာအကွယ်ယူဖို့ သူတို့ စိတ်ကူးက ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ဒေသတွင်း ပြည်သူတွေကို စစ်ဆေးမှုတွေ တင်းကြပ်စွာလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ထိုင်ထားတဲ့ လဝါးဂိတ်မှာဆိုရင် ဒေသခံတွေရဲ့ ဖုန်းတွေကို စစ်ဆေးတဲ့အခါ ပြည်သူ့စစ်အဖွဲ့ရဲ့ ၀ိုင်ဖိုင်အင်တာနက်နဲ့ချိတ်ဆက်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပြပါတယ်။
ဒေသတွင်း တိုက်ပွဲတွေ ထပ်မံ ဖြစ်လာနိုင်ခြေရှိမရှိကတော့ လတ်တလောမှာ ခန့်မှန်းရခက်တဲ့ အခြေအနေလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ဟာ ဩဂုတ် ၉ရက်နေ့မှာ လီဒိုလမ်းမပေါ်က နောင်းမီရွာ ဒေသခံ ၄ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။ ရှဒူးဇွပ်ရွာက မင်းဇေသန့် ပြည်သူ့စစ် အခြေစိုက်တဲ့တပ်နေရာကို KIA က ဩဂုတ် ၈ရက်မှာ လာရောက်တိုက်ခိုက်ခဲ့တဲ့အပေါ် ပြည်သူ့စစ်တွေကနောက်နေ့မှာ ဒေသခံ ၄ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒေသခံတွေကို သတ်ဖြတ်တဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) က ကန့်ကွက်ရှုတ်ချထားပြီး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် တရားမျှတမှု ရရှိရေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောထားပါတယ်။

💩18🤬7❤6👍4👎3👏1🎉1
■သရော်စာ
"ဒယ်မီမိုးရဲ့သောက"
နေမင်းသစ်/People's Spring
လော့စ်အိန်ဂျလိစ် (Los Angeles) ရဲ့ နံနက်ခင်းတစ်ခု... ဘီဗာလီဟေးလ်စ် (Beverly Hills)က ခမ်းနားတဲ့ အိမ်ကြီးထဲမှာ ဟောလိဝုဒ် နာမည်ကျော် မင်းသမီးကြီး ဒယ်မီမိုး (Demi Moore) ဟာ ကော်ဖီခွက်ကိုင်ရင်း ဖုန်းမျက်နှာပြင်ပေါ်က သတင်းတွေကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။
ဘာလဲဆိုတော့ သူ အသက် ၃၁ နှစ်အရွယ်က ရိုက်ကူးခဲ့တဲ့ သူ့ရဲ့ နာမည်ကျော် Indecent Proposal ဇာတ်ကားနဲ့ ပတ်သက်ပြီး မြန်မာ
နိုင်ငံဘက်မှာ အတော်လေး လူပြောများနေတာကြောင့်ပါ။
မြန်မာနိုင်ငံမှာ လက်ရှိ ရုံတင်နေတဲ့ အချစ်စျေးဆိုတဲ့ဇာတ်ကားဟာ ၁၉၉၃ မှာသူရိုက်
ကူးခဲ့တဲ့ Indecent Proposal ဇာတ်ကားနဲ့ ချွတ်စွပ်တူနေတာပါတဲ့။ အဲဒီဇာတ်ကားဟာ သန်းနဲ့ချီတဲ့ ငွေကြေးသုံးပြီး ဇနီးမယားကို တစ်ညတာ ငှားလိုက်တဲ့ အဲဒီဇာတ်ကားဟာ လူ့ကျင့်ဝတ်၊ မေတ္တာတရား နဲ့ ငွေကြေးရဲ့ တန်ဖိုးကို ချိန်ထိုးပြသွားခဲ့တဲ့ ဂန္ထဝင်လက်ရာတစ်ခုပေါ့။
ခု အချစ်စျေးဇာတ်ကားရဲ့ ဇာတ်လမ်းဇာတ်
ညွှန်း မိုးနီလွင်ဆိုသူကတော့ သူငယ်ငယ်ငယ်က ကြည့်ဖူးတဲ့ နိုင်ငံခြားကားကို Inspire ယူတယ်ပဲ ဖြေထားတယ်။ ဒါပေမဲ့ တစ်ကားလုံးတူတယ်ပဲ ပြောနေကြတာ။ ထားပါတော့။ အရင်ကလည်း ဒယ်မီမိုးရဲ့ နာမည်ကျော် Ghost ဇာတ်ကားကို မင်းသား ရန်အောင်က ဗွီဒီယိုပြန်ရိုက်ဖူးသေးတာပဲ။ မြန်မာမှာက ကော်ပီပြန်ရိုက်တာ ဆန်းမှမဆန်းတာ။
ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ဇာတ်ကားထဲက ဒယ်မီမိုးနေရာ သရုပ်ဆောင်တဲ့ ရုပ်ရှင်မင်းသမီး ဝတ်မှုံရွေရည်က တအားတော်တာပဲဆိုတဲ့ ချီးမွမ်းသံတွေပါ။အဲဒီဇာတ်
ကားရိုက်တဲ့ ဒါရိုက်တာကဆို ဒီနေရာမှာ ဝတ်မှုံရွှေရည်လို သရုပ်ဆောင်နိုင်မယ့်သူ မရှိသ
လောက်ရှားတယ်လို့ ဖြေထားတာတွေ့တော့ ဒယ်မီမိုး ဘုရားတသွားမိတယ်။
ဒီဇာတ်ကားမှာ ဒယ်မီမိုး သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် "ဒိုင်ယာနာမာဖီ ဟာငွေအကျပ်
အတည်းကြောင့် ကိုယ်ကျင့်တရားနဲ့ အချစ်ရေးကို ချိန်ထိုးရတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချရတဲ့သူ ဖြစ်ပါတယ်။ ဒီအခန်းတွေကို သဘာဝကျကျ သရုပ်ဆောင်နိုင်ဖို့ ဒယ်မီမိုးဟာဇာတ်ကောင်ရဲ့ဖိစီးမှု၊ခင်ပွန်းဖြစ်သူပေါ် ထားရှိတဲ့မေတ္တာနဲ့ ကိုယ်တိုင်ရဲ့ဂုဏ်သိက္ခာ ကျဆင်းသွားရတဲ့ ခံစားချက်တွေကို အပြည့်
အဝ ခံစားပြီး သရုပ်ဆောင်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာကလည်း စစ်တပ်အာဏာသိမ်းပြီး တိုက်ပွဲတွေဖြစ်၊ လူတွေသေကြေပျက်စီးနေပေမဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကတော့ အရှိန်ကောင်းကောင်းလုပ်နေတာကို တွေ့မြင်နေရတယ်။
အခု ဒီဇာတ်ကားမှာ ဒယ်မီမိုးနေရာ သရုပ်
ဆောင်တဲ့ ဝတ်မှုံရွှေရည်ဟာ အာဏာသိမ်းကာလအစောပိုင်းတုန်းကတော့ နိုင်ငံခြားကနေတောင် တကူးတကပြန်လာပြီး ဆန္ဒပြခဲ့သေးတာမှတ်မိတယ်။နောက်တော့ ယော
ကျာ်းယူတယ်။ သူယူတဲ့ယောကျာ်းက စစ်တပ်ထောက်တိုင် ခရိုနီလက်သစ်တဲ့။
ဒီမင်းသမီးက ဇာတ်ကားထဲမှာ ငွေကြေးအကျပ်အတည်းကြောင့် ဇနီးမယားကို ဈေးဆစ်တာ ခံရတယ်ဆိုပေမဲ့, တကယ့်လက်တွေ့ဘဝမှာတော့ အာဏာသိမ်းခေါင်းဆောင်ရဲ့ သမီး ခင်သီရိသက်မွန် နဲ့ စီးပွားဖက် ခရိုနီ နိုင်ဖြိုးကျော်ရဲ့ တရားဝင်ကတော် ဖြစ်နေတာပဲ။ ဘယ်သူကမှ သူ့ကို လေလံဆွဲလို့ မရဘူး၊ သူတို့ကိုယ်တိုင်က တိုင်းပြည်တစ်ခုလုံးကို လေ
လံတင်နေကြတာလို့ သိရတယ်။
စစ်တပ်နဲ့ပတ်သက်တဲ့ရုပ်ရှင်မင်းသမီးရဲ့ဇာတ်ကား အာဏာသိမ်းထားတဲ့နိုင်ငံမှာ အောင်မြင်နေတာကိုတော့ ဒယ်မီမိုးတစ်ယောက် နားမလည်ပါဘူး။ နောက်ထပ် နားမလည်တာက မူရင်း သူ့ထက်တောင် ကောင်းနေတယ်ဆိုတဲ့ ဝတ်မှုံရွှေရည်ရဲ့ အိုက်တင်တွေ။ သူကြည့်ဖူးချင်လိုက်တာ။ သူပညာယူချင်လိုက်တာ။
ဒါနဲ့ ဒယ်မီမိုးဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာ မန်နေဂျာကို ချက်ချင်းပဲ ဖုန်းခေါ်လိုက်ပါတော့တယ်။
"ဟယ်လို... ဂျိန်းစ်! ငါ့အတွက် ဇာတ်ညွှန်းအသစ် ရှာပေးစမ်းပါဦး။ မြန်မာနိုင်ငံမှာ ငါ့ဇာတ်ကားပြန်ရိုက်တဲ့ မင်းသမီးက ငါ့ထက်တောင်ကောင်းနေတယ်တဲ့။ ငါ အနုပညာလောကမှ ဆက်ပြီး ရပ်တည်လို့မှ ရပါတော့မလားဟယ်" လို့ ညည်းတွားရင်း ဒယ်မီမိုးတစ်ယောက် သူမရဲ့ ရွှေရောင် ဆိုဖာပေါ်မှာ ခွေခွေလေး လဲကျသွားပါတော့တယ်။ ။

🤣33❤6👍6
ရန်ကုန်တိုင်းအတွက် တပ်ရင်းသစ်တိုးချဲ့ဖို့ MDF တပ်က တပ်သားသစ် ဖိတ်ခေါ်
ဩဂုတ်-၁၇၊၂၀၂၆။မိုမို/People's Spring
ရန်ကုန်တိုင်းအတွက်စုဖွဲ့မယ့် တပ်ရင်းသစ် ၁ခု ထပ်မံတိုးချဲ့ပြီး တပ်သားသစ်တွေ ဖိတ်ခေါ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ Myanmar Defense Force တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
ရန်ကုန်တိုင်းအတွက် ပါဝင်ချင်ကြတဲ့ လူငယ်၊လူရွယ်တွေကို လက်တွဲပါဝင်သွားဖို့ စတင်ဖိတ်ခေါ်နေပြီလို့လည်း ဆိုပါတယ်။
ပါ၀င်လိုသူတွေဟာ နာတာရှည်ကျန်းမာရေးချို့ယွင်းမှု မရှိဖို့နဲ့ မိသားစု ၊လူမှုရေး၊ စီးပွားရေး၊ အနှောင်အဖွဲ့ကင်းရမယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် အခြေခံ စစ်သင်တန်းပြီးချိန်ကစပြီး (၃)နှစ်တဆက်တည်း တာဝန် ထမ်းဆောင်ရမှာဖြစ်ပြီးသီးခြားရည်မှန်းချက်အနေနဲ့ လူမျိုးနဲ့ ဒေသကိုပါ အခြေပြုမထားတာကြောင့် ရန်ကုန်တိုင်းမှာလည်း NUG/MODကွပ်ကဲမှုနဲ့ MDF က ပါဝင်သွားမယ်လို့ ဆိုပါတယ်။
"ရန်သူ(အာဏာသိမ်းစစ်တပ်)ကို အထင်မသေးဘဲ ကိုယ့်အင်အားကို ဖြိုဖျက်မရတဲ့ ထုထည် တစ်ခုဖြစ်တဲ့ထိ တည်ဆောက်ထားကြဖို့ လိုအပ်တယ်"လို့ Myanmar Defense Force တာ၀န်ရှိသူက ပြောပါတယ်။
လက်ရှိ Myanmar Defense Force အနေနဲ့ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်မှာ တပ်ရင်း ၁ခုနဲ့ သာယာဝတီခရိုင်မှာတပ်ရင်း ၁ခု ဖွဲ့စည်းထားတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် ၂၀၂၄ က ရှမ်းမန်း စစ်ဆင်ရေးမှာလည်းပါဝင်ခဲ့ပြီး တပ်ရင်းတွေ အခြေပြုထားတဲ့ ဒေသတွေမှာလည်း စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဆုံးရှုံးနေရတဲ့ တပ်အင်အားအတွက် စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲနေတာတွေကိုလူငယ်တွေအနေနဲ့ ရှောင်ရှားကြဖို့လည်း Myanmar Defense Forceက တိုက်တွန်းထားပါတယ်။

🥰27❤13👍3🤬2🖕2😁1🤣1
မြဝတီတောင်ဘက် လေးဒေးတောင်ကြောမှာတိုက်ပွဲပြင်းထန် ၊စကခ (၁၃)လက်အောက်ခံတပ်ရင်းတွေအထိနာ
ဩဂုတ်-၁၇၊၂၀၂၆။ ကိုဒီး/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးဒေးတောင်ကြောက သဲဖြူချောင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) လက်အောက်ခံ တပ်ရင်းတွေ သေဆုံးမှုများပြားနေတယ်လို့ လူထုနွေဦးရဲ့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
" လေးဒေးတောင်ကြောက သဲဖြူချောင်းမှာ။ စကခ-၁၃ အလောင်းတွေ ကောက်မနနိုင်ဘူး ဖြစ်နေတယ်။ လေယာဉ်နဲ့လည်း အဆက်မပြတ်လာကြဲနေတယ်"လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့ ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာ ထိုင်းသတင်းဌာန Khasodက တာချ်ခရိုင်နဲ့ ထိစပ်ရာ မြန်မာဖက်ခြမ်းမှာတိုက်ပွဲတွေအရှိန်မြင့်တက်နေသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊လေကြောင်းကနေ ရိက္ခာနဲ့တခြားပစ္စည်းတွေ ချပေးတာတွေ လုပ်နေတယ်လို့ ရေးသားဖော်ပြထားပါတယ်။
Khasodရဲ့ အဆိုအရ မြန်မာစစ်တပ်ဟာ မြေပြင်ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းတွေ ကြားဖြတ် တိုက်ခိုက်ခံရမှာ စိုးရိမ်တဲ့အတွက် ရှေ့တန်းက တပ်တွေဆီ လေကြောင်းကနေ စစ်လက်နက်နဲ့ ရိက္ခာတွေ လေထီးနဲ့ ချပေးနေကြောင်းလည်း သိရပါတယ်။
မြဝတီမြို့တောင်ခြမ်းမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ပြင်းထန်နေရာ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရောက်ရှိနေချိန်မှာလည်း မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ လူထုနွေဦးရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့နားက ဒေါနတောင်တန်းအရှေ့ခြမ်းမှာ သြဂုတ် ၃ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စကခ(၁၃) လက်အောက်ခံ ခမရ(၂၀၃)တပ်ရင်းက ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအ၀င်စစ်ကြောင်း တစ်ကြောင်းလုံးနီးပါး ပြုတ်သွားခဲ့တယ်လို့ကရင်အမျိုးသားအစည်းအရုံး(KNU)ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအပြီး စစ်မြေပြင်မှာစစ်တပ်တပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ အများအပြားကျန်ရစ်ခဲ့ပြီး လက်ရှိအချိန်မှာလက်နက်ရှစ် လက်နဲ့ ခဲယမ်းကျည်ဆံအချို့သိမ်းဆည်း ထားနိုင်တယ်လို့ သတင်းထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ ဒါပေမယ့်သိမ်းဆည်းရရှိတဲ့လက်နက် ခဲယမ်းတွေကိုသတင်းဓါတ်ပုံဖော်ပြတာမှာ လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရရှိခဲ့တာကိုတွေ့ရ့ပါတယ်။
ဒါအပြင် မြဝတီမြို့တောင်ဘက် ရဲကုန်းအနီး ဇူလိုင်လအတွင်းတိုက်ပွဲမှာလည်း စစ်တပ်ရဲ့ စစ်ကြောင်းတွေပျက်အောင် ၂ ကြိမ်တိုင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။
တော်လှန်ရေးတပ်တွေက ရဲကုန်ကနေ ဆုတ်ခွာဟန်ပြုပြီး တက်လာတဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်တာမှာ ဇူလိုင် ၁၆ ရက်က တိုက်ပွဲမှာစကခ (၁၃)လက်အောက်ခံ ခမရ(၅၅၆)တပ်ရင်းဒုတပ်ရင်းမှူး ဗိုလ်မှူးတင်ကို ဦးစီးတဲ့ စစ်ကြောင်းကို ကော်ဘရာစစ်ကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာဒုတပ်ရင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးပြီးစစ်ကြောင်းပျက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲအတွင်းမှာခမရ(၅၅၆)တပ်ရင်းက စစ်မှုထမ်းစစ်သားသစ် ၄ ဦးကိုလည်း တော်လှန်ရေးတပ်တွေက ဖမ်းမိခဲ့ပါတယ်။
ဇူလိုင် ၂၁ ရက်မှာလည်း ရဲကုန်းအနီး စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကတိုက်ခိုက်တာမှာ စစ်သားတွေသေဆုံး ဒဏ်ရာရသူများပြီး စစ်ကြောင်းပျက်ပြီး ပြန်ဆုတ်ခဲ့ပါတယ်။ မြဝတီမြို့တောင်ဘက်ရှိ ဖလူး ၊မင်းလက်ပံဒေသကို စစ်တပ်က အင်အားထောင်ချီသုံးပြီး ဇူလိုင်လကစ စစ်ကြောင်းတွေထိုးနေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ပါဘူး။

🥰23❤13👍9👎1👏1😁1🤣1
ရေဦးမြို့အဝင်မှာ စစ်တပ်က အမျိုးသား ၁ဦးကို ပစ်သတ်
သြဂုတ် ၁၇၊၂၀၂၆။ ဟာနာဆန်/People's Spring
စစ်ကိုင်းတိုင်း၊ ရေဦးမြို့အဝင်မှာ ဆိုင်ကယ်စီးလာသူ အမျိုူသား ၂ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ၁ဦး သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၁၇ ရက် မနက် ၈ နာရီခန့်က ရေဦးမြို့နယ် ဆည်ကြီးကျေးရွာကနေ ရေဦးမြို့ဘက်သို့ ဆိုင်ကယ်နဲ့စီးနင်းလာတဲ့ အမျိုးသား ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ပစ်ခတ်ရာ နောက်မှာလိုက်ပါလာတဲ့ သံသည်ကျေးရွာက အမျိုးသား ၁ဦး ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
"ရေဦးတောင်ဘက်အထွက် ကြာဖူးအဝိုင်းဂိတ်က ပစ်တာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရှေ့ကမောင်းနှင်လာတဲ့ အမျိုးသားရဲ့ အခြေအနေကတော့ မသိရသေးပါဘူး။
ရေဥှီးမြို့နယ်ဟာ သဖန်းဆိပ်ဆည်ရေကြောင့် ရေကြီးတဲ့ဒဏ် ကြုံတွေ့ခဲ့ရတဲ့ဒေသတွေထဲမှာ ပါဝင်ခဲ့ပြီး လက်ရှိ ရေဘေးသင့်အိမ်ထောင်စု တစ်ထောင်ကျော်ရှိနေကာအကူအညီတွေ လိုအပ်နေဆဲဖြစ်ကြောင်း ရေဘေးကူညီနေသူအချို့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေကြီးနေတဲ့ ခင်ဦးမြို့နယ်အပါအဝင် ဒေသအချိူ့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ပြည်သူထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

🤬28❤4👍2👎2🤮2👏1🖕1
အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လ ၁၃ ရက်နေ့ ည၊ ၁၀ နာရီခွဲအချိန်မှာ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ် အမှတ်(၁)ရပ်ကွက် မေတ္တာပေါင်းကူးလမ်း ပေါ်ရှိ မဖြိုးဖြိုးကျော်တို့နေအိမ်အပါအဝင် နေအိမ်တွေကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာပါ။
စစ်တပ်ကအားပြင်းလှတဲ့ဗုံးကိုကြဲချတာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမင်းဝေခန့် ၊ဇနီးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်တို့နဲ့သားငယ် နှစ်ဦးဖြစ်တဲ့အသက် ၁၂ နှစ်အရွယ် မောင်ဥာဏ်လင်းခန့် ၊အသက် ၇ နှစ်အရွယ်မောင်နေလင်းသန့်တို့မိသားစုတစုလုံးကွယ်လွန်ခဲ့ပါတယ် ။
အာဏာသိမ်းစစ်တပ်ကအပြစ်မဲ့အရပ်သားလူနေကျေးရွာ၊ ရပ်ကွက်တွေကိုပါမရှောင် မကြာခဏဗုံးလာကြဲတတ်တာမို့ မဖြိုးဖြိုးကျော်တို့ မိသားစုဟာ လေကြောင်းလာရင်အဆင်သင့်ပုန်းခို၊ ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းကို အိမ်အနီးမှာပဲ ကြိုတူး၊ ပြင်ဆင်ထားခဲ့ကြတာပါ။
သားကြီး၊ သားငယ်၊ အမျိုးသားဖြစ်သူတို့နဲ့ တနေ့တာ အနားယူ၊ အိပ်စက်ဖို့ လုပ်နေချိန်မှာပဲ လေယာဉ်သံ ကြားတဲ့အတွက်သားငယ် မောင်နေလင်းသန့်ကို ခါးမှာပိုက်၊သားကြီး မောင်ဉာဏ်လင်းသန့်ကိုလက်တွဲခေါ်ကာ ဗုံးခိုကျင်းထဲ အပြေးအလွှား ဝင်ပုန်းခဲ့ကြပါတယ်။
လေယာဉ်ကနေ ဗုံးကြဲမချခင် ဗုံးခိုကျင်းထဲ အချိန်မီရောက်ခဲ့ကြပေမယ့် သူတို့အသက်တွေ ဘေးမကင်းခဲ့ပါဘူး။ သူမတို့ မိသားစု ဗုံးခိုကျင်းထဲရောက်လို့ စက္ကန့်ပိုင်းအကြာမှာပဲ စစ်တပ်ရဲ့တိုက်ခိုက်ရေးဂျက်ဖိုက်တာကနေ ဗုံးနှစ်လုံး ကြဲချရာ နေအိမ်နဲ့ ဗုံးခိုကျင်းပေါ် ထိမှန်ပေါက်ကွဲသွားခဲ့ပါတော့တယ်။
“လေယာဉ်သံကြားလို့ ဗုံးတွင်းထဲကိုဆင်းသွားတယ်။ အဲဒီခါမှာ ဗုံးကျင်းကို တည့်တည့်ကျသွားတာ။ အဲဒီသားအမိ အလောင်းတွေဆိုရင် တွင်းထဲမှာ မြေမြုပ်ပြီးသားလို ဖြစ်သွားတာ တော်တော်သနားဖို့ကောင်းတယ်” လို့ကျိန္တလီဒေသခံကိုကျော်လင်း (လုံခြုံရေးကြောင့် အမည်လွှဲ)ကပြောပါတယ်။
မဖြိုးဖြိုးကျော်ဟာ ဗုံးခိုကျင်းထဲ သေဆုံးသွားချိန်မှာတောင် သူ့သားငယ်ကို ဖက်လျက်သား။ မသေဆုံးခင်လေယာဉ်သံ၊ ဗုံးကျသံတို့ကြောင့်မဖြိုးဖြိုးကျော်တို့သားအမိတွေ ဘယ်လောက်တောင်ကြောက်နေခဲ့ကြရှာမလဲမသိ။
“သေရေးကြုံလာတဲ့အခါတောင် အမေဆိုတာ သားသမီးကို ဘယ်လောက်ထိ ကာကွယ်ပေးလဲဆိုတာ မြင်ရတယ်။ ဘယ်လိုမှ မခံစားနိုင်ဘူး။ ငိုမိတယ်။ သား၊ သမီး ရှိတဲ့သူတွေဆို ကြည့်တောင် ကြည့်နိုင်မှာမဟုတ်ဘူး။ သူတို့တွေရက်စက်၊ယုတ်မာတာဒီဓါတ်ပုံတပုံတည်းနဲ့တောင်ပေါ်နေပြီ။စကားနဲ့တောင်မပြောချင်တော့ဘူး” လို့ ကျိန္တလီ ဒေသခံ မခိုင်ကပြောပါတယ်။
မခိုင်ပြောတဲ့ ဓါတ်ပုံဆိုတာ မဖြိုးဖြိုးအောင်တို့ မိသားစုဗုံးခိုကျင်းထဲဖက်လျက်သားသေဆုံးနေတာကို မှတ်တမ်း တင်ထားတဲ့ ဓါတ်ပုံကို ပြောတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ မြင်ရသူတိုင်းအတွက်အလွန်ကြေကွဲဝမ်းနည်းရပြီးအာဏာသိမ်းစစ်တပ်ဟာ ဘယ်လောက်တောင်မှ ရက်စက်ယုတ်မာတယ်ဆိုတာ အထင်းသား မြင်နိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။
https://www.ludunwayoo.com/feature-mm/2026/08/17/165878/

LuduNwayOo
စစ်တပ်ရဲ့ရိုင်းစိုင်းမှုကိုဖော်ပြတဲ့ဓါတ်ပုံတစ်ပုံ | LuduNwayOo
စစ်တပ်ဗုံးကြဲတာကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်ပေးဖို့ကြိုးပမ်းခဲ့ရင်းသေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအပေါင်းကို ဝမ်းနည်းကြေကွဲစေပါတယ် ။
😢24❤9🤬7😭5👍4❤🔥2🤣1
ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား လက်နက်ယူပြီး ရေစကြိုပကဖထံ အလင်းဝင်
သြဂုတ် ၁၇၊၂၀၂၆။ ဟာနာဆန်/People's Spring
ပေါ်တာဆွဲခံရပြီး ခလရ(၂၅၆)တပ်ရင်းရောက်နေတဲ့ စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူ ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာပါတယ်။
သြဂုတ် ၁၂ ရက် ည ၈ နာရီခန့်က ရေစကြိုမြို့နယ် အမှတ် (၂၅၆)ခြေလျင်တပ်ရင်း(ခလရ-၂၅၆)က တပ်သား ထက်ဝင်းစိုးဟာ MA3 ၁လက်နဲ့ အလင်းဝင်လာကြောင်း ရေစကြိုပကဖအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"သူက ပစ(ပြည်သူ့စစ်မှုထမ်း)၊ အပတ်စဥ် ၅၊ သူက ဧရာဝတီတိုင်းဘက်ကပါ။ ပေါ်တာဆွဲခံရတာ။ ၂၀၂၄ မှာ တပ်ထဲရောက်တာ။"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
အလင်းဝင်သူကို ရေစကြိုပကဖရဲဘော်တွေက ဘေးကင်းလုံခြုံစွာနဲ့ သွားရောက်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး လက်နက်ပါတဲ့အတွက် ဆုကြေးငွေ ၂၅ သိန်းကျပ် ချီးမြှင့်ကာ လုံခြုံတဲ့နေရာမှာ ထားပေးထားတယ်လို့ ရေစကြိုပကဖက ထုတ်ပြန်ပါတယ်။
စစ်တပ်က ခလရ (၂၅၆)တပ်ရင်းကို ရောက်ရှိလာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို ပခုက္ကူခရိုင်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပေါက်နဲ့ မြိုင်နယ်တွေ ပို့ဆောင်လေ့ရှိတာကြောင့် ထွက်ပြေးသူတွေ မကြာခဏ ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

👏25👍11🥰3❤1👎1🤣1🖕1
ချင်းတောင်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ငြိမ်
ဩဂုတ် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က အင်အားအလုံးအရင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာနဲ့ ၂၀၂၆ မေလမှာ ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲဟာ နှစ်လကျော်ကြာ ပြင်းထန်ခဲ့ပါတယ်။
အခု ဩဂုတ် ပထမပတ်မှာလည်း လေကြောင်းတိုက်ခိုက်မှု အချို့ရှိခဲ့ပေမဲ့ ဩဂုတ်လလယ်ပိုင်းမှာ တိုက်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြန်ငြိမ်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ရာသီဥတုလည်း ပါမယ်။ နေကို မမြင်ရ။ မှိုင်းတွေထဲ မိုးအမြဲရွာတယ်။ဆော ကျောက်ထု ထီးလင်း မင်းတပ် အစပ် တော့ တိုက်ပွဲတော်တော်ပြင်းနေတယ်။ ကန်ပက်လက် မင်းတပ်ပဲ ငြိမ်တာ” လို့ ဒေသခံ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ရဲ့ ဩဂုတ်လဆန်း တိုက်ပွဲ သတင်းထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ မေလကနေ ဇူလိုင်လကုန်အထိ CPU/CPA ထိန်းချုပ်နယ်မြေကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော ချင်းတောင်ပိုင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာ လျော့နည်းသွားပေမဲ့ ချင်း-မကွေးအစပ် ဒေသတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။
ယောဒေသ သတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းရဲ့ လေကြောင်းတိုက်ခိုက်ခံရမှု အသိပေးချက်မှာ စစ်အုပ်ဟုဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဂန့်ဂေါမြို့နယ် တောင်ပိုင်းနဲ့ ထီးလင်းမြို့နယ် မြောက်ပိုင်း ကြား တနေရာကို တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆောဒေသတိုက်ပွဲတွေမှာ စစ်ကောင်စိတပ်တွေ တပ်လန်ကျနေတဲ့ အခြေအနေကြောင့် လေကြောင်းပစ်ကူပေးတာတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေတယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ ဒရုန်းဗုံးကြဲချမှုတွေကြောင့် စစ်ရှောင်အရပ်သားပြည်သူတွေထိခိုက်မှု ရှိခဲ့ကြောင်းလည်း ယောအလင်းတန်းက အသိပေးထားပါတယ်။

👍29❤11🔥1🥰1👏1😁1🙏1