ရေဘေးသင့်ပြည်သူတွေ ဝမ်းရောဂါမဖြစ်ဖို့ ရွှေဘိုမြို့နယ် ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး
သြဂုတ် ၁၆၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ဝမ်းရောဂါ မဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း ပကဖ အသံက ဒီကနေ့ (သြဂုတ် ၁၆) ထုတ်ပြန်ပါတယ်။
ရေဘေးသင့်ပြည်သူတွေနဲ့ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါနဲ့ ဖျားနာမှုတွေ ခံစားရနိုင်တာကြောင့် သောက်သုံးရေနဲ့ အစားအစာတွေကို သန့်ရှင်းစွာစားသုံးဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ကြဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကျန်းမာရေးမူမမှန်မှုတွေ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေထံ အမြန်ဆုံး ဆက်သွယ်ကုသမှုခံယူကြပါဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။
ရွှေဘိုမြို့နယ် အပါအဝင် အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ - ပကဖအသံ

👍31❤7🥰3👏2🤮1🤣1🖕1
စစ်အာဏာရှင်ကို တွေ့ဆုံတဲ့ ထိုင်းအစိုးရကို ကန့်ကွက်ကြောင်း အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြ
သြဂုတ် ၁၆၊၂၀၂၆။သုည/People's Spring
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၆)မှာ ဆန္ဒပြခဲ့ကြပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတိုင်း လိုက်နာဖို့ မကြိုးစားဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုဖို့ လုပ်တဲ့ကိစ္စမှန်သမျှကို လုံးဝဆန့်ကျင်ကြောင်း ပြည်ပရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါ့အပြင် "Anti Dictators in Burma" ၊ "Burmese Military Stop Killing Us" ၊ "Save Myanmar" ၊ "Let's End Military Dictatorship" ၊ "ကမ္ဘာမကြေဘူး" ၊ "စစ်အာဏာရှင်စနစ် ကျရှုံးရမည်" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့သလို "Proof of Life" နဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ဓာတ်ပုံ - Myanmar Society of USA,INC

❤37👍15🥰2🤮2👏1🤣1🖕1
■ဆောင်းပါး
စစ်တပ်ရဲ့ရိုင်းစိုင်းမှုကိုဖော်ပြတဲ့ဓါတ်ပုံတစ်ပုံ
-ခိုင်မြတ်ရေးသားသည်။
စစ်တပ်ဗုံးကြဲတာကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်ပေးဖို့ကြိုးပမ်းခဲ့ရင်းသေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအပေါင်းကို ဝမ်းနည်းကြေကွဲစေပါတယ် ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ ၊အစုလိုက်
အပြုံလိုက်သတ်ဖြတ်တဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ မကြာခဏကြုံရတာကြောင့် ပြည်သူတွေနှလုံးသားတွေ အကြိမ်ကြိမ် ကြေကွဲခဲ့ရတာကြောင့် ထုံကြင်နေတာတောင် ကျိန္တလီမြို့က မဖြိုးဖြိုးကျော်တို့သားအမိဓါတ်ပုံက
မြင်ရသူအပေါင်းကို ဝမ်းနည်းဆို့နင့်စေခဲ့ပါတယ်။
"အပြစ်မရှိတဲ့ကလေးတွေဘဲ သေနေရတေ သူတို့တွေကလူတောင်မဖြစ်သေးဘူး"လို့ရခိုင်ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လ ၁၃ ရက်နေ့ ည၊ ၁၀ နာရီခွဲအချိန်မှာ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ် အမှတ်(၁)ရပ်ကွက် မေတ္တာပေါင်းကူးလမ်း ပေါ်ရှိ မဖြိုးဖြိုးကျော်တို့နေအိမ်အပါ
အဝင် နေအိမ်တွေကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာပါ။
စစ်တပ်ကအားပြင်းလှတဲ့ဗုံးကိုကြဲချတာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမင်းဝေခန့် ၊ဇနီးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်တို့နဲ့သားငယ် နှစ်ဦးဖြစ်တဲ့အသက် ၁၂ နှစ်အရွယ် မောင်ဥာဏ်လင်းခန့် ၊အသက် ၇ နှစ်အရွယ်မောင်နေလင်းသန့်တို့မိသားစုတစုလုံးကွယ်လွန်ခဲ့ပါတယ် ။
အာဏာသိမ်းစစ်တပ်ကအပြစ်မဲ့အရပ်သားလူနေကျေးရွာ၊ ရပ်ကွက်တွေကိုပါမရှောင် မကြာခဏဗုံးလာကြဲတတ်တာမို့ မဖြိုးဖြိုးကျော်တို့ မိသားစုဟာ လေကြောင်းလာရင်
အဆင်သင့်ပုန်းခို၊ ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းကို အိမ်အနီးမှာပဲ ကြိုတူး၊ ပြင်ဆင်ထားခဲ့ကြတာပါ။
သားကြီး၊ သားငယ်၊ အမျိုးသားဖြစ်သူတို့နဲ့ တနေ့တာ အနားယူ၊ အိပ်စက်ဖို့ လုပ်နေချိန်မှာပဲ လေယာဉ်သံ ကြားတဲ့အတွက်သားငယ် မောင်နေလင်းသန့်ကို ခါးမှာပိုက်၊သားကြီး မောင်ဉာဏ်လင်းသန့်ကိုလက်တွဲခေါ်ကာ ဗုံးခိုကျင်းထဲ အပြေးအလွှား ဝင်ပုန်းခဲ့ကြပါတယ်။
လေယာဉ်ကနေ ဗုံးကြဲမချခင် ဗုံးခိုကျင်းထဲ အချိန်မီရောက်ခဲ့ကြပေမယ့် သူတို့အသက်တွေ ဘေးမကင်းခဲ့ပါဘူး။ သူမတို့ မိသားစု ဗုံးခိုကျင်းထဲရောက်လို့ စက္ကန့်ပိုင်းအကြာမှာပဲ စစ်တပ်ရဲ့တိုက်ခိုက်ရေးဂျက်ဖိုက်တာကနေ ဗုံးနှစ်လုံး ကြဲချရာ နေအိမ်နဲ့ ဗုံးခိုကျင်းပေါ် ထိမှန်ပေါက်ကွဲသွားခဲ့ပါတော့တယ်။
“လေယာဉ်သံကြားလို့ ဗုံးတွင်းထဲကိုဆင်းသွားတယ်။ အဲဒီခါမှာ ဗုံးကျင်းကို တည့်တည့်ကျသွားတာ။ အဲဒီသားအမိ အလောင်းတွေဆိုရင် တွင်းထဲမှာ မြေမြုပ်ပြီးသားလို ဖြစ်သွားတာ တော်တော်သနားဖို့ကောင်းတယ်” လို့
ကျိန္တလီဒေသခံကိုကျော်လင်း (လုံခြုံရေးကြောင့် အမည်လွှဲ)ကပြောပါတယ်။
မဖြိုးဖြိုးကျော်ဟာ ဗုံးခိုကျင်းထဲ သေဆုံးသွားချိန်မှာတောင် သူ့သားငယ်ကို ဖက်လျက်သား။ မသေဆုံးခင်လေယာဉ်သံ၊ ဗုံးကျသံတို့ကြောင့်မဖြိုးဖြိုးကျော်တို့သားအမိတွေ ဘယ်
လောက်တောင်ကြောက်နေခဲ့ကြရှာမလဲမသိ။
“သေရေးကြုံလာတဲ့အခါတောင် အမေဆိုတာ သားသမီးကို ဘယ်လောက်ထိ ကာကွယ်ပေးလဲဆိုတာ မြင်ရတယ်။ ဘယ်လိုမှ မခံစားနိုင်ဘူး။ ငိုမိတယ်။ သား၊ သမီး ရှိတဲ့သူတွေဆို ကြည့်တောင် ကြည့်နိုင်မှာမဟုတ်ဘူး။ သူတို့တွေရက်စက်၊ယုတ်မာတာဒီဓါတ်ပုံတပုံတည်းနဲ့တောင်ပေါ်နေပြီ။စကားနဲ့တောင်မပြောချင်တော့ဘူး” လို့ ကျိန္တလီ ဒေသခံ မခိုင်ကပြောပါတယ်။
မခိုင်ပြောတဲ့ ဓါတ်ပုံဆိုတာ မဖြိုးဖြိုးအောင်တို့ မိသားစုဗုံးခိုကျင်းထဲဖက်လျက်သားသေ
ဆုံးနေတာကို မှတ်တမ်း တင်ထားတဲ့ ဓါတ်ပုံကို ပြောတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ မြင်ရသူတိုင်းအတွက်အလွန်ကြေကွဲဝမ်းနည်း
ရပြီးအာဏာသိမ်းစစ်တပ်ဟာ ဘယ်
လောက်တောင်မှ ရက်စက်ယုတ်မာတယ်ဆိုတာ အထင်းသား မြင်နိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။
သူတို့မိသားစုလေးဦးအပြင် မဖြိုးဖြိုးကျော် ရဲ့ ညီမဖြစ်သူ အသက် ၂၆ နှစ်အရွယ်မဝင်းအိကျော်လည်း ဒဏ်ရာဗရပွနဲ့ သေဆုံးခဲ့ရပါတယ်။သူတို့ ၅ ဦးအပြင်အိမ်နီး ချင်းသုံးဦးစုစုပေါင်းလူရှစ်ဦးဟာ တနေ့တည်းတချိန်တည်းမှာပဲ စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရပါတယ်။ဒါ့အပြင် ပြည်သူတဦး ဒဏ်ရာရခဲ့ပါသေးတယ်။
“တချို့ဆိုရင် အလောင်းတောင် အပြည့်အစုံမရဘူး။ အသားစတွေ လိုက်ကောက်ရတယ်။ ဗုံးနှစ်လုံးချတာ ၈ ယောက်သေတယ်။ အကုန်
လုံး အမျိုးတွေ၊ အိမ်နီးချင်းတွေ” လို့ ကျိန္တလီဒေသခံ ကိုကျော်က ပြောပါတယ်။
အိမ် ၇ လုံး၊ သုံးဘီးဆိုင် ကယ် တစီးပါး ပျက်
စီးခဲ့ရပါတယ်။ကျိန္တလီမြို့ဟာ ဂွမြို့နဲ့ သံတွဲမြို့အကြားမှာတည်ရှိပြီးအရင်က လူဦးရေ
ထူထပ်၊ စည်းကားခဲ့တဲ့ ဂွမြို့နယ်ရဲ့ မြို့နယ်
ခွဲတခုဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ဒေသမြို့နယ်တွေကို AA က သိမ်းပိုက်ပြီးနောက်ပိုင်း AA စခန်း၊ AA ရုံးတွေမရှိ၊ အရပ်သားတွေနဲ့ စစ်ဘေးရှောင်တွေသာရှိတဲ့ ကျိန္တလီမြို့ကို ဗုံးကြဲနေခဲ့တာဟာအကြိမ်ပေါင် ဆယ်ကြိမ်ကျော်လာပြီလို့ ဒေသတွင်း လူမှုရေးအဖွဲ့တွေရဲ့ အချက်
အလက်တွေအရသိရပါတယ်။

😢12❤9👍5🤬5🖕2👏1🤣1
“ကျိန္တလီကို AAကသိမ်းထားတယ်ဆိုပေမယ့် AA စခန်းလည်းမရှိ၊ ရုံးလည်းမရှိ၊စခန်းလည်းမရှိ၊ဘာမှကို မရှိဘူး။AA စခန်းရှိလို့ ကြဲတယ်
ဆိုရင် ခံသာသေးတယ်။ အရပ်သားတွေပဲရှိတာ။ အရပ်သားမှာတောင် ရန်ကုန်တို့ဘာတို့ မပြေးနိုင်၊ ပိုက်ဆံမရှိလို့ ဆင်းဆင်းရဲရဲကျန်ခဲ့တဲ့သူတွေေ။ အပ်တိုတချောင်းမရှိတဲ့အရပ်
သားတွေကို ဒီလိုကြဲနေတာ ကတော့ အရမ်းတရားလွန်အားကြီးတယ်” လို့ ဂွဒေသခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာAAပါဝင်တဲ့ ညီ
နောင်မဟာမိတ်သုံးဖွဲ့အနက် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်တအာန်းတပ်(TNLA)
နဲ့ ကိုးကန့်တပ်(MNDAA)တို့ကို တရုတ်ဖိအားနဲ့ အပစ်ရပ်စေခဲ့ပါတယ် ။ဒါပေမယ့် AAကတော့ အပစ်မရပ်ဘဲ ရခိုင်ပြည်နယ်မှာ သိမ်းဖို့နောက်ဆုံးကျန်နေတဲ့ စစ်တွေ၊ကျောက်ဖြူမြို့နယ်တွေ ၊ ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်း ၊ပဲခူးတိုင်း ၊မကွေးတိုင်း က စစ်တပ်ထိန်း ချုပ်ဒေသတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေတာပါ ။ စစ်တပ်က တိုက်ပွဲတွေမှာ အထိနာလာရင် AAထိန်းချုပ်ရာ ရခိုင်ဒေသတွေကို ဗုံးကြဲတာတွေပိုလုပ်လေ့ရှိပါတယ်။
အခုဩဂုတ်လ ပထမနှစ်ပတ်အတွင်းမှာပဲ AAထိန်းချုပ်ရာရခိုင်နဲ့ ချင်းပြည်နယ်၊ပလက်
၀မြို့တို့မှာ စစ်တပ်ရဲ့ဗုံးကြဲမှုကြောင့် ကလေး
ငယ်အပါအဝင် အရပ်သား ၃၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၇ ဦးထိရှိခဲ့ပြီဖြစ်
ကြောင်း လူထုနွေဦးက စုဆောင်းထားတဲ့အချက်အလက်တွေအရသိရပါတယ်။ဒီ
အချက်အလက်တွေဟာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ရခိုင်ပြည်နယ်အတွင်း တရက်မှာ အရပ်သား နှစ်ဦးထက်မ နည်း သေဆုံးနေတယ်ဆိုတာကို ဖော်ပြနေတာပါ။
ဗုံးကြဲတဲ့အခါမှာလည်း စစ်တပ်ဟာ အရင်ကလိုမဟုတ်ဘဲ နေ့ စဉ်နီးပါး လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံး ဆယ်ချီကြဲချ တိုက်ခိုက်မှု တွေလုပ်နေတာဖြစ်ပါတယ်။
အခုဆောင်းပါးရေးနေစဥ်မှာပဲ စစ်တပ်ကဩဂုတ် ၁၆ ရက် ၊မနက်၆နာရီ ၄၀ ခန့်မှာ သံတွဲမြို့ပေါ် တနေရာနဲ့ မနက်၆နာရီ ၅၀ ခန့်မှာ သံတွဲမြို့နယ်၊မောင်ရွှေလေးရွာအနီးဝန်းကျင်ကိုလေကြောင်းကနေဗုံးကြဲပြန်တာကြောင့်
အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်လာပါတယ်။
သံတွဲမြို့ပေါ် တိုက်ခိုက်ခံရမှုမှာသားအဖ ၂ဦး သေဆုံးခဲ့သလို ၂နှစ် ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရရှိကာ နေအိမ် ၇လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မောင်ရွှေလေးရွာလေကြောင်း တိုက်ခိုက်ခံရမှုမှာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။
အသက် ၁၄ နှစ်အရွယ် မချွန်းလဲ့ရွှေရည် နဲ့ အသက်၅၀ အရွယ် ဖခင်ဖြစ်သူ ဦမင်းနောင်တို့သေဆုံးခဲ့ရပြန်ပါတယ်။ဒါ့အပြင်အသက် ၂ နှစ်အရွယ် မောင်ရွှေမိုးယံဇော် နဲ့ အသက် ၄၅ နှစ်အရွယ် ဦးဇေယျာမင်းလွင်တို့ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။ဒါအပြင် အခြားပြည်သူ ၄ ဦး လည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ် ။
စစ်တပ်ဟာ မဖြိုးဖြိုးကျော်တို့မိသားစုအပါ
အဝင်လူရှစ်ဦးသေဆုံးခဲ့ရတဲ့ ကျိန္တလီဗုံးကြဲမှုမတိုင်ခင်သုံးရက်အလိုဩဂုတ်လ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ် ကျောက်ကြီးရွာကို ဗုံးကြဲခဲ့ပြီး ၁၆ ဦးသေဆုံးခဲ့ပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရသူတွေအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးရှိခဲ့ပါတယ်။
မြေပြင်တိုက်ပွဲတွေတိုင်းမှာ အထိနာနေတဲ့ ဖက်ဆစ်အကြမ်းဖက်စစ်တပ်ဟာရှုံးမဲမဲတဲ့အနေနဲ့ အပြစ်မဲ့အရပ်သား ပြည်သူလူထုတွေအပေါ် နေ့ညအချိန်မရွေး လေကြောင်းကနေ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ် ရက် ဆက်ပြုလုပ်လာနေတာလို့ AA ကထုတ်
ပြန်ပါတယ်။
စစ်တပ်ရဲ့ဗုံးကြဲမှုကြောင့် သေဆုံးရသူတွေဟာ ရခိုင်ပြည်နယ်တခုတည်းမှာ ရှိနေတာမဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ် ဒေသဧရာ
၀တီတိုင်းကစလို့ အလယ်ပိုင်းအညာဒေသ၊ တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ နိုင်ငံအနှံ့မှာ နေ့စဉ်ရက်ဆက်ရှိ နေတာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ဩဂုတ်လ ၄ ရက်ည ဦးပိုင်းကလည်း ကရင်နီပြည် ၊ဖရူဆိုမြို့နယ်၊ ဒေါကူလယ်ရွာကို စစ်တပ်ကဒရုန်းဗုံးကြဲခဲ့တဲ့အ
တွက်အသက် ၅ လကျော်ပဲရှိသေးတဲ့ ကက်သရင်း နဲ့ ကလေးငယ်ရဲ့အဒေါ် ၊ဦးလေးတွေ နဲ့ အဖိုးဖြစ်သူ စုစုပေါင်း ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ် ။
နိုင်ငံတကာပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ ACLEDရဲ့ မှတ်တမ်းတွေအရ စစ်တပ်ကအရပ်သားပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၉ ကြိမ်ရှိရာက ၂၀၂၅ ခုနှစ်မှာ ၁,၁၄၀ ကြိမ်အထိ တိုးလာခဲ့ပါတယ်။စစ်တပ်ဗုံးကြဲမှုကြောင့် အနည်း
ဆုံးလူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်း ၂၀၂၅ သြဂုတ်လကနေ ၂၀၂၆ ဇန်နဝါရီလအတွင်း အရပ်သား ၇၀၂ ဦး သတ်ဖြတ်ခံရမှုကို အတည်ပြုထားပြီး၊ အဲဒီအထဲက ၅၀၅ ဦးဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးခဲ့ရလို့ဖော်ပြပါတယ်။အမျိုးသားညီညွတ်ရေး အစိုးရ၊လူ့အခွင့်အရေးဝန်ကြီးဌာနကစာရင်းတွေအရ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၆ ဇွန်လအထိ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၁၂၈၉၆ ကြိမ်လုပ်ခဲ့ပြီး ပြည်သူ ၅၉၄၆ ဦးသေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။

👍18😢7🤬4🖕3👏1
စစ်တပ်နဲ့ စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်တွေကတော့ သြဂုတ် ၁၃ ရက် ကျိန္တလီမြို့ဗုံးကြဲမှုအပါအဝင် ဗုံးကြဲလို့ ပြည်သူတွေသေဆုံးထိခိုက်တိုင်း သေဆုံးသူတွေဟာပြည်သူတွေမဟုတ်ကြောင်း AA တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သတင်းအမှားထုတ်လွှင့်ပြီး ဝါဒဖြန့်ကပြည်သူကိုလိမ်လည်ကြပါတယ်။ နိုင်ငံတစ်ဝန်း လူမျိုး၊ဘာသာ၊တည်နေရာမရွေးစစ်တပ်ကဗုံးကြဲသတ်ပြီး ကလေးငယ်တွေအပါအဝင်ပြည်သူတွေသေဆုံးဒဏ်ရာရတိုင်းစစ်တပ်ဘက်က အဲဒီလိုပဲတုံ့ပြန်ကြပါတယ်။ မြေကျန်ရင်ရပြီ အကုန်ဗုံးကြဲသတ်ဆိုတဲ့ အမုန်းစကားအဆင့်ကျော်ကာ အန္တရာယ်စကားကိုပါ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက မြိန်ရည်ယှက်ရည်ရေးသားပြောဆိုကြတာပါ ။
"စစ်သားလုပ်တယ်ဆိုတာက ယောကျာ်းမှာတောင်သတ္တိကောင်းတဲ့လူတွေမှလုပ်တဲ့အ
လုပ်ဖြစ်တယ်။ သတ္တိ ကောင်းတဲ့ယောကျာ်းကနေပြီးတော့ ယောကျာ်း၊ ယောကျာ်းချင်း ယှဉ်မတိုက်နိုင်တဲ့အခါ မိန်းမလို မိန်းမရနေပြီး တော့ ပြည်သူကို လာရောက်သတ်ဖြတ်တယ်ဆိုတာက တော်တော်အောက်တန်းကျတဲ့လူတွေ၊ အောက်တန်းကျတဲ့ အကြမ်း
ဖက်သမားတွေရဲ့ လုပ်ရပ်ဖြစ်တယ်” လို့ ရခိုင်ဒေသခံ ပရိဟိတသမား စာရေးဆရာ ဝေဟင်အောင်က စစ် တပ်ရဲ့ အရပ်သားတွေအပေါ် ဗုံးကြဲမှုနဲ့ ပက်သက်လို့ ပြောပါတယ်။
စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေရတာဟာအထူးစိုးရိမ်ဖွယ်ရာဖြစ်ပြီး အဲဒီအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း AA ရဲ့ လူသား ချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးရုံး
(HDCO) က ထုတ်ပြန်ထားပါတယ်။
အဲဒီလို အရပ်သားပြည်သူတွေကို သတ်ဖြတ်နေတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီးအာရုံ စိုက်ဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက် ကြိုးပမ်းမှုတွေ ပိုမို အားကောင်းစေဖို့နဲ့ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဥပဒေချိုးဖောက်မှုတွေအတွက်အမှန်တကယ် တာဝန်ခံမှုရရှိစေရေး လုပ်ဆောင်ကြဖို့လည်း HDCO ကတိုက်တွန်းထားပါတယ်။
တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်သဖွယ် လေကြောင်းက အ
ဆက်မပြတ် တိုက်ခိုက် နေ တာ တွေရပ်တန့်ဖို့၊ လေယာဉ်ပျံသံကြားတိုင်း “လေယာဉ်ကြီးရေ တာ့တာ” လို့ လက်ရမ်းပြကာ ကလေးငယ်တွေ ခုန်ပေါက်ပျော်ရွှင်ခွင့်ရစေဖို့ အာဏာသိမ်းစစ်တပ်ကို အပြစ်ပေး၊ အ
ရေးယူ၊ အမြစ်ဖြတ်နိုင်ဖို့လိုတယ်လို့ ရခိုင်
ပြည်နယ်မှဒေသခံ တွေက ပြောပါတယ်။
“အခုသေသွားတဲ့လူတွေအားလုံးက ဘာမှအပစ်မရှိတဲ့သူတွေ၊ သူတို့ မိသားစုဆိုရင်လေ သေအတူ ရှင်မ ကွာနေရပါစေလို့များ ဆု
တောင်းခဲ့ကြလားမသိပါဘူး။ အရမ်းရင်နာဖို့ကောင်းပါတယ်။ဘဝဆက်တိုင်းဒီလိုအဖြစ် မျိုးနဲ့ မကြုံကြရပါစေနဲ့လို့ဆုတောင်းမိတယ်”
လို့ကျိန္တလီဒေသခံ မခိုင်ကဖွင့်ဟပါတယ်။
မဖြိုးဖြိုးကျော် နဲ့ သားငယ်မောင်နေလင်း
သန့်တို့ရဲ့ ဓါတ်ပုံကိုကြည့်ရင်း ရက္ခိုင်တိုင်း
ရင်းသားတစ်ဦးက စစ်တပ်ရဲ့ယုတ်ညံမှုအပေါ်အခုလိုမှတ်ချက်ပြုပါတယ် ။
"ရင်နာဖို့ကောင်းလိုက်တေ လူသားချင်းစာနာ
မူဆိုစာတေသူရို့မှာ အမိမွေးကတည်းကမပါလား ယုတ်မာခိုက်တေကား" ။ ။

👍18🤮9😢4🤬2🖕2👏1😁1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၁၆ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️SCEFအဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့သဘောတူ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင်အဖြစ် ပါဝင်ရန် မန္တလေးဒေသနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့သဘောတူညီခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။SCEFအနေနဲ့စစ်ကိုင်းဖက်ဒရယ်ယူနစ်၊မကွေးဖက်ဒရယ်ယူ
နစ်၊မန္တလေးဒေသအပါအဝင်တော်လှန်ရေး
အင်အားစုတွေနဲ့ တွေ့ဆုံပြီး ပူးပေါင်းဆောင်
ရွက်မှု မြှင့်တင်နိုင်ရေး ဆွေးနွေးမှုတွေ ပြု
လုပ်လျက်ရှိရာ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ ၂၀၂၆ မတ်လ ၃၀ရက်မှာKNU၊ KIO၊ NUG၊ CRPH၊ KNPP၊ CNF စတဲ့တော်လှန်ရေးအဖွဲ့ တွေနဲ့SCEFကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်းပြီးနောက် SCEFမှာပါဝင်မယ့်ပထမဆုံးတော်လှန်ရေးအင်အားစုတွေအဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က ပူးပေါင်း ပါဝင်လာတာဖြစ်ပါတယ်။
◾️မင်းအောင်လှိုင်ကိုဆန္ဒပြတဲ့အမတ်အပါ
အဝင် ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CRPH တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်
မတီ(CRPH)ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်
တော်ကိုယ်စားလှယ်တွေဟာဩဂုတ် ၁၄ရက်
မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိအောက်လွှတ်
တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။ CRPH အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ Mr. Anusorn Tamajai ၊ Mr. Chonlathan "Ice" Supphaiboonlerd နဲ့ Mr. Krokiat Korsoongsak တို့အား သွားရောက်တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။ CRPH နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံမှုမှာ မြန်မာ့နိုင်ငံ
ရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးဖလှယ်ခဲ့သလို အောက်လွှတ်တော်ကိုယ်စားလှယ် အနုဆွမ်သာမချိုင်( Mr. Anusorn Tamajai)ကိုလည်း မကြာသေးမီက ထုတ်ဖော်ပြောကြားမှုများ နဲ့ ရပ်တည်ချက်များအတွက် CRPHက ကျေး
ဇူးတင်စကား ပြောကြားခဲ့တယ်လို့ အသိပေးထားပါတယ်။ဒါ့အပြင်CRPHG ရဲ့ကျေးဇူး
တင်ကြောင်းစာအားပေးအပ်ခဲ့တယ်လို့ ဖော်
ပြပါတယ်။
◾️တိုက်ပွဲဖြစ်နေလို့ မန်တုံ-မိုးမိတ်နဲ့ မိုးမိတ်-
မြစ်ဆုံလမ်းပိုင်းကို ယာယီပိတ်ထားကြောင်း KIA ထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေလို့ မန်တုံ -မိုးမိတ်လမ်းနဲ့ မိုးမိတ်-မြစ်ဆုံလမ်းပိုင်းကို ယာယီပိတ်ထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်လိုက်ပြီး လိုအပ်လို့ အရေးတကြီး ဖြတ်သန်းသွားလာလိုပါက ခွင့်ပြုချက် တောင်းခံဖို့ အသိပေးထားပါတယ်။ ဩဂုတ် ၁၁ရက်က စပြီး မိုးမိတ်မြို့နယ် ညောင်နီရွာအနီးမှာ တိုက်
ပွဲစတင်ဖြစ်ပွားနေတာကြောင့် လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ မိုးမိတ်မြို့နယ် ပြည်သူတွေရဲ့ အသက်အန္တရာယ် စိုးရိမ်သောအားဖြင့် KNIA တပ်ရင်း(၃၄) တပ်ရင်းမှူးက အခုလို လမ်းပိုင်းအချို့ ယာယီပိတ်ပင်လိုက်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။" မိဘပြည်သူများအရေးတကြီး ဖြတ်
သန်းသွားလာလိုပါက သက်ဆိုင်ရာ K.I.A အဖွဲ့အစည်းများထံ အကျိုးအကြောင်းပြည့်စုံစွာတင်ပြပြီး ၊ ခွင့်ပြုချက်ရမှသာ သွားလာခွင့်ပြုမည် ဖြစ်သည်”လို့ ဖော်ပြပါတယ်။
စာထုတ်ပြန်တဲ့နေ့ကစပြီး လိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာရင် ဖြစ်လာတဲ့ ပြဿနာကိစ္စတွေကို လုံး၀ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း KIA တပ်ရင်း(၃၄)က အသိပေးထားပါတယ်။
◾️သာယာဝတီထောင်မှာ ငွေမပေးတဲ့
နိုင်ကျဥ်းတွေကို မိလ္လာရေ သယ်ခိုင်းနေ
သာယာဝတီအကျဉ်းထောင်ကို ထောင်ပြောင်းလာရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ဦးကို ထောင်အရာရှိတွေက တစ်ဦး ကျပ် ၃သိန်းစီပေးဖို့ အတင်းအဓမ္မ တောင်းယူနေပြီး မပေးနိုင်ပါက မိလ္လာရေ သယ်ခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ဒုတိယပတ်က ပဲခူးတိုင်း၊ သာယာဝတီအကျဉ်း
ထောင်ကို ထောင်ပြောင်းနဲ့ ရောက်ရှိလာတဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဥ်းသား ၁၀၀ဦးဆီကနေ ထောင်အရာရှိတွေဟာ ထောင်တွင်းအခေါ် ဘောင်ချာလို့ ခေါ်တဲ့ သက်သောင့်သက်သာရှိတဲ့ အလုပ်တွေသာ လုပ်ကိုင်ခွင့်ရဖို့နဲ့ အကျဥ်းထောင်အတွင်း အေးဆေးစွာ နေထိုင်ခွင့်ရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အကျဉ်းသားတစ်ဦးကို ကျပ် ၃သိန်းစီပေးဖို့ ဖိအားပေးတောင်းခံနေတယ်လို့ PPNMက ထုတ်ပြန်အသိပေးပါတယ်။အဲဒီ ငွေကြေးတောင်းခံရာမှာ အကျဉ်းဦးစီးဌာနက ဦးစီးအရာရှိ ပြည့်ဖြိုးအောင်နဲ့ ဦးစီးအရာရှိ သန်းဝင်းတို့က အဓိက ဖိအားပေးတောင်းခံနေတယ်လို့ PPNMက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။တောင်းခံတဲ့ ငွေ
ကြေး မပေးနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုအခြားအကျဉ်းသားတွေမလုပ်လိုတဲ့ မိလ္လာ
ရေ သယ်ယူရှင်းလင်းတာတွေနဲ့ တောင်ယာလုပ်ငန်းတွေကိုအတင်းအဓမ္မခိုင်းစေနေတယ်လို့ PPNMက ထပ်မံ အသိပေးပါတယ်။

👍13❤4🤬3👎1🔥1🤣1
◾️ဝေဖန်မှုမြင့်တက်နေတဲ့ YBS ကားခ ၅၀ ရာခိုင်နှုန်းတက်မယ့် အစီအစဉ် ပယ်ဖျက်
YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်
နှုန်းတိုးမြှင့်မယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။ လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး ၄၀၀ ကျပ်ကနေ ၆၀၀ကျပ် ၊ ၂၀၀ ကျပ်ကနေ ၃၀၀ကျပ် အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ဩဂုတ်၁၄ ရက် ညနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ယာဥ်ပြင်ဆင်ခစရိတ်တွေ ကြီးမြင့်လာတာကြောင့် YBS ကားခတွေကို စက်တင်ဘာ ၁ ရက်ကနေစပြီး
တိုးမြင့်ကောက်ခံမယ်လို့ YRTC က ကြေညာခဲ့တာ ဖြစ်ပါတယ်။
◾️ဖမ်းဆီးထားတဲ့ BNRAတပ်ရင်းမှူး ၂ဦး ထွက်ပြေး
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို ကာကွယ်
ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်ရင်း
၊တပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ BNRA တပ်ရင်းမှူး သုဘ
ရာဇာနဲ့ ဒေါင်းညိုဟာ ဆေးကူသမှုခံယူနေစဉ် ထွက်ပြေးလွတ် မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။ သုဘရာဇာနဲ့ ဒေါင်းညိုဟာ ပင်လည်ဘူးမြို့နယ်ဘက်မှာ ဆေးကုသမှုခံယူနေစဉ် လူနာစောင့်ကို အိပ်ဆေးခတ်ပြီး ထွက်ပြေးသွားတာလို့ စစ်ကိုင်းတ်ိုင်းအခြေ
စိုက် သတင်းသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ၎င်းတို့ ၂ဦးဟာ လူနာစောင့်ကို အဆိပ်လိုလို ၊ အိပ်ဆေးလိုလို ခပ်ပြီးထွက်
ပြေးသွားလို့ တွေ့ရှိရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ယင်းမာပင်ခရိုင်က တော်
လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်ကတဆင့် ဩဂုတ် ၁၅ရက် ညပိုင်းမှာ အသိပေးထားပါတယ်။
◾️နဂါးတပ်မှတပ်ရင်းမှူးနှစ်ဦး ထွက်ပြေးပြီးနောက် ဆေးကုပေးတဲ့ပင်လည်ဘူးဆေးရုံကို စစ်တပ်ဗုံးကြဲ
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်နဂါးရဲ့ BNRAတပ်ဖွဲ့မှ တပ်ရင်းမှူးနှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ကဆေးရုံမှာ ဆေးကုသနေရင်းထွက်ပြေးသွားပြီးတဲ့နောက် အဲဒီဆေးရုံကို စစ်တပ်က လေကြောင်းကနေ ဒီနေ့ဗုံးကြဲခဲတယ်လို့ဒေသခံ တွေက ပြောပါတယ်။ ဩဂုတ်လ၁၆ရက် နေ့၊ ညနေ ၄နာရီဝန်းကျင်မှာ ပင်လည်ဘူးမြို့နယ် ကင်းပန်းဆေးရုံနဲ့ စာသင်ကျောင်းကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲသွားတာလို့ သိရပါတယ်။ နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို NUG ၊ ကာကွယ်

၊တပ်ဖွဲ့တွေကတိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ BNRA တပ်ရင်းမှူး သုဘ
ရာဇာနဲ့ ဒေါင်းညိုတို့ဟာ ဆေးကုသမှုခံယူစဥ်ထွက်ပြေးသွားတာလို့ ဖြစ်စဥ်သိတဲ့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။
◾️စဉ့်ကူးနယ်က ရွှေဘယက်ရွာကို စစ်တပ် ဗုံးကြဲ၊အမျိုးသား၁ဦး ထပ်မံသေဆုံး
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကိုစစ်တပ်ကဒရုန်းနဲ့ဗုံးကြဲခဲ့လို့ ၆၄ နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ဩ
ဂုတ်၁၆ ရက် ဒီကနေ့ မနက်၁၀နာရီကျော်မှာ စဉ့်ကူးမြို့နယ်၊ညောင်ပင်ရွာကစစ်တပ် အ
ထိုင်စခန်း နေရာကနေ ရွှေဘယက်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုအတွင်း (၆၄)နှစ်အရွယ် ဦးတင်ထွန်း ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။
◾️မူဆယ်မှာ တရုတ်ရဲနဲ့ စစ်တပ်က ကျားဖြန့်သက်သေခံပစ္စည်းတွေကို ပြည်သူတွေ အလ
ကားပေးပြီး အစဖျောက်
မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅
မိုင်အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူသိများတဲ့ အဲ့ဒီကျားဖြန့်ရုံကို ဩဂုတ် ၁၅ ရက်မနက်မှာ တရုတ်ရဲတပ်ဖွဲ့က ဦးဆောင်ပြီးစီးနင်းတာလို့ ခိုတိန်ရွာဒေ
သခံတစ်ဦးက ပြောပါတယ်။တရုတ်နိုင်ငံ
သားတွေအပါအဝင် လူ၃၀၀ ကျော် ဖမ်းမိပြီး အဆောက်အအုံထဲက မွေ့ယာတွေ၊ ကွန်ပြူတာတွေနဲ့ လျှပ်စစ်ပစ္စည်းတွေအပြင် ပရိ
ဘောဂပစ္စည်းတွေကို အလကား လာယူခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
◾️သံတွဲကို စစ်တပ်ဗုံးထပ်ကြဲ သားအဖ
နှစ်ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ
ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းကတေဗုံးထပ်ကြဲလို့အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်
(AA)က သတင်းထုတ်ပြန်ပါတယ်။ စစ်တပ်က ဩဂုတ်၁၆ရက်မနက်၆နာရီ ၄၀မှာ သံတွဲမြို့ပေါ် တနေရာနဲ့ ၆နာရီ ၅၀ ခန့်မှာ သံတွဲမြို့နယ်၊မောင်ရွှေလေးရွာအနီးဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ သံတွဲမြို့ပေါ် တိုက်ခိုက်ခံရမှုမှာသားအဖ ၂ဦး သေဆုံးခဲ့သလို ၂နှစ် ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရရှိကာ နေအိမ် ၇လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မောင်ရွှေလေးရွာလေကြောင်း တိုက်ခိုက်ခံရမှုမှာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။
◾️ဆောဒေသမှာစစ်တပ်ရဲ့ဒရုန်းကြောင့်အရပ်သားသုံးဦးသေဆုံး

❤10👍8🤬5🔥1
မကွေးတိုင်း၊ယောဒေသဆောမြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့ အာ ဏာသိမ်းစစ်တပ်ကသြဂုတ်လ ၁၅ ရက်မှာဒရုန်းနဲ့တိုက်ခိုက်လို့ အမျိုးသမီးနှစ်ဦးအပါအဝင်အရပ်သားသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။သြဂုတ် ၁၅ ရက် မွန်းလွဲ၁နာရီအချိန်ဝန်းကျင်မှာဆောမြို့ရဲ့တောင်ဘက်မှာရှိတဲ့သီးကုံးရွာကိုဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ရာမှာအသက် ၆၆ နှစ်အရွယ်ဒေါ်မြဝင်း၊ အသက် ၄၆ နှစ်အရွယ်ဒေါ်ဌေးဌေး နဲ့ အသက် ၅၀ အ
ရွယ်ဦးနန်းမြိုင်တို့သေဆုံးသွားတာပါ။ ဒရုန်းဗုံးကြောင့်အခြားသောအရပ်သားတစ်ဦးလည်းထိခိုက်ဒဏ်ရာရပြီးမစိုးရိမ်ရပေမယ့်ဆေးဝါးကုသမှုခံယူနေရသေးတယ်လို့ ဆိုပါတယ်။
◾️ပြည်သူကို သစ္စာစောင့်သိပြီး တော်လှန်
ရေးအင်အားစုတွေကြားယုံကြည်မှုနဲ့ ပူး
ပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က တော်လှန်
ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ KNPP ထုတ်ပြန်
ပြည်သူကိုသစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က ခုခံတော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ် ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်က ဩဂုတ် ၁၇ရက်မှာ ကျရောက်မယ့် KNPPပါတီရဲ့တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီပြည်တပ်မတော် KA တည်ထောင်မှု (၇၈)နှစ်မြောက်နေ့ ထံပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။ ကရင်နီပြည်ရဲ့သီးခြားလွတ်လပ်မှုအတွက် ကျူးကျော်တိုက်ခိုက်လာသူတွေကို ခုခံတွန်းလှန်ဖို့အတွက် ကရင်နီပြည်ထောင်စုလွတ်လပ်သော တပ်မတော် (United Karenni State Independent Army - UKSIA) အမည်နဲ့ ၁၉၄၈ ဩဂုတ် ၁၇ရက်မှာ လက်ရှိ ကရင်နီတပ်မတော်ကို စတင်တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။
◾️ရွှေဘိုခရိုင်မှာ ရေကြီးမှုကြောင့် စပါးစိုက်ဧက သိန်းချီ ပျက်စီးနိုင်ဟုတောင်သူတွေပြော
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧကပေါင်း သိန်းနဲ့ချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။ ရေဘေးဒဏ် အဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းက ရွှေဘိုခရိုင်ဟာ မိုးစပါးကို ဧကပေါင်း (၃.၅) သိန်းကျော် အထိ အဓိကထား စိုက်ပျိုးကြပြီး စစ်ကိုင်း
တိုင်းအတွင်း စပါးစိုက်ဧက အများဆုံးခရိုင်ဖြစ်ကြောင်း၊ ယခုရေကြီးရေလျှံမှုကြောင့် ဧကပေါင်းသိန်းချီပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။ စပါးအပြင် အခြားစိုက်ပျိုးသီးနှံတွေလည်း ရေမြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ "စပါးစိုက်ပြီးသားတွေရော ပျိုးပင်တွေရော တခြားသီးနှံတွေရောပါ ပျက်စီးတာ။ အတိအကျ စုံစမ်းဆဲမို့ပါ"လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့စားနပ်ရိက္ခာနဲ့ဆေးဝါးအကူအ
ညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။
◾️တီးတိန် ခလရ(၂၆၉)တပ်ရင်းက
စစ်သား ၃ဦး PDF ဇိုလဲန်းထံ အလင်းဝင်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ ခလရ(၂၆၉) တပ်ရင်းက တပ်သား ၃ဦး အလင်းဝင်လာကြောင်း PDF ဇိုလဲန်း တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ တီးတိန်မြို့နဲ့ ကနေဒီတောင်အကြား ဗာလ်ဗုမ်လမ်းခွဲမှာ လုံခြုံရေးကျနေတဲ့ စစ်သား ၃ဦးဟာ ဩဂုတ် ၁၅ရက်က PDF ဇိုလဲန်း တပ်ဖွဲ့ထံ ရောက်ရှိ အလင်းဝင်လာတာလို့ ဆိုပါတယ်။ အလင်းဝင်လာသူတွေ လက်နက်ခဲယမ်း ပါ၊မပါဖော်ပြမထားပေမဲ့ အလင်းဝင်လာတဲ့ စစ်သား ၃ဦးရဲ့ မှတ်တမ်း ပုံဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်မှု အခြေအနေမေးမြန်းဖို့ PDF ဇိုလဲန်းတပ်ဖွဲ့ထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
◾️ဆိပ်ဖြူမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ကျေးရွာတွေ မီးရှို့ပြီး ဒေသခံ ၃၀ နီးပါး ဖမ်းဆီးထား
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် စစ်ကြောင်း၀င်ရောက်ပြီး ကျေးရွာတွေ မီးရှို့ကာ ဒေသခံ ပြည်သူ ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ဩဂုတ် ၁၆ ရက်မနက်ပိုင်းကစပြီး ဆော-ဆိပ်ဖြူလမ်းပိုင်းအနီး ဆိပ်ဖြူမြို့အနောက်ခြမ်းက တဲကြီးကျေးရွာကို စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး
၀င်လာတာလို့ ဆိုပါတယ်။စစ်ကြောင်းထိုးဖို့အတွက် စစ်တပ်က ဆော-ဆိပ်ဖြူလမ်းပိုင်းတလျှောက်ကို မနေ့က(ဩဂုတ် ၁၅ ရက်) ကတည်းက အင်အားဖြည့်နေတာလို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ
၀န်ခံ ကိုသူရိန်က အသိပေးပါတယ်။

👍18❤4🤬4🙏2🔥1🤣1🖕1