ရေဘေးသင့်ပြည်သူတွေ ဝမ်းရောဂါမဖြစ်ဖို့ ရွှေဘိုမြို့နယ် ပကဖ ကျန်းမာရေးစောင့်ရှောက်မှုပေး
သြဂုတ် ၁၆၊၂၀၂၆။သုည/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းမှာ ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ပြည်သူတွေကို ဝမ်းရောဂါ မဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြောင်း ပကဖ အသံက ဒီကနေ့ (သြဂုတ် ၁၆) ထုတ်ပြန်ပါတယ်။
ရေဘေးသင့်ပြည်သူတွေနဲ့ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားရောဂါနဲ့ ဖျားနာမှုတွေ ခံစားရနိုင်တာကြောင့် သောက်သုံးရေနဲ့ အစားအစာတွေကို သန့်ရှင်းစွာစားသုံးဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ကြဖို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ကျန်းမာရေးမူမမှန်မှုတွေ ဖြစ်ပေါ်ပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေထံ အမြန်ဆုံး ဆက်သွယ်ကုသမှုခံယူကြပါဖို့လည်း အသိပေးနှိုးဆော်ထားပါတယ်။
ရွှေဘိုမြို့နယ် အပါအဝင် အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဓာတ်ပုံ - ပကဖအသံ

👍31❤7🥰3👏2🤮1🤣1🖕1
စစ်အာဏာရှင်ကို တွေ့ဆုံတဲ့ ထိုင်းအစိုးရကို ကန့်ကွက်ကြောင်း အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြ
သြဂုတ် ၁၆၊၂၀၂၆။သုည/People's Spring
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက စစ်အာဏာရှင်ကို ဖိတ်ခေါ်တွေ့ဆုံတဲ့ ထိုင်းအစိုးရနဲ့ဝန်ကြီးချုပ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၆)မှာ ဆန္ဒပြခဲ့ကြပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတိုင်း လိုက်နာဖို့ မကြိုးစားဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုဖို့ လုပ်တဲ့ကိစ္စမှန်သမျှကို လုံးဝဆန့်ကျင်ကြောင်း ပြည်ပရောက် မြန်မာ့အရေးဆောင်ရွက်သူတွေက ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါ့အပြင် "Anti Dictators in Burma" ၊ "Burmese Military Stop Killing Us" ၊ "Save Myanmar" ၊ "Let's End Military Dictatorship" ၊ "ကမ္ဘာမကြေဘူး" ၊ "စစ်အာဏာရှင်စနစ် ကျရှုံးရမည်" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့သလို "Proof of Life" နဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်ဆောင်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ဓာတ်ပုံ - Myanmar Society of USA,INC

❤37👍15🥰2🤮2👏1🤣1🖕1