People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🤬14🔥2🤮2🤣1
ရွှေဘိုခရိုင်မှာ ရေကြီးမှုကြောင့် စပါးစိုက်ဧက သိန်းချီ ပျက်စီးနိုင်ဟု တောင်သူတွေပြော

သြဂုတ် ၁၆၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧကပေါင်း သိန်းနဲ့ချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

​ရေ​ဘေးဒဏ် အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းက ရွှေဘိုခရိုင်ဟာ မိုးစပါးကို ဧကပေါင်း (၃.၅) သိန်းကျော် အထိ အဓိကထား စိုက်ပျိုးကြပြီး စစ်ကိုင်းတိုင်းအတွင်း စပါးစိုက်ဧက အများဆုံးခရိုင်ဖြစ်ကြောင်း၊ ယခုရေကြီးရေလျှံမှုကြောင့် ဧကပေါင်း သိန်းချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

"စပါးစိုက်ဧက သိန်းချီ ပျက်စီးနိုင်တယ်"လို့ ဒေသတွင်းတောင်သူတွေကိုပါ ကူညီနေတဲ့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

စပါးအပြင် အခြားစိုက်ပျိုးသီးနှံတွေလည်း ရေမြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ "စပါးစိုက်ပြီးသားတွေရော ပျိုးပင်တွေရော တခြားသီးနှံတွေရောပါ ပျက်စီးတာ။ အတိအကျ စုံစမ်းဆဲမို့ပါ"လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။

စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီး ရေ​ဘေးရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ​

ရွှေဘိုခရိုင်အတွင်းမှာ ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့၊ ဝက်လက်မြို့၊ ခင်ဦးမြို့နဲ့ တန့်ဆည်မြို့နယ်တို့ ပါဝင်ပါတယ်။



(စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေမြုပ်နေတဲ့ ကျေးရွာတွေနဲ့ စပါးခင်းများအား တွေ့ရစဥ်။ ဓါတ်ပုံံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
😢28👍51👎1🔥1👏1
😢27👍62🔥1👏1
ပြည်သူကို သစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က တော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ KNPP ထုတ်ပြန်

ဩဂုတ်-၁၆ ၊၂၀၂၆။ဇော်၀င်း/People's Spring

ပြည်သူကိုသစ္စာစောင့်သိပြီး တော်လှန်ရေးအင်အားစုတွေကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့က ခုခံတော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပါတီဗဟိုဌာနချုပ် ဒီကနေ့ ထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်က မနက်ဖြန်( ဩဂုတ် ၁၇ရက်)မှာ ကျရောက်မယ့် KNPPပါတီရဲ့တပ်ဖွဲ့ဖြစ်တဲ့ ကရင်နီပြည်တပ်မတော် KA တည်ထောင်မှု (၇၈)နှစ်မြောက်နေ့ ထံပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကရင်နီပြည်ရဲ့သီးခြားလွတ်လပ်မှုအတွက် ကျူးကျော်တိုက်ခိုက်လာသူတွေကို ခုခံတွန်းလှန်ဖို့အတွက် ကရင်နီပြည်ထောင်စုလွတ်လပ်သော တပ်မတော် (United Karenni State Independent Army - UKSIA) အမည်နဲ့ ၁၉၄၈ ဩဂုတ် ၁၇ရက်မှာ လက်ရှိ ကရင်နီတပ်မတော်ကို စတင်တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။

ဒီကနေ့အချိန်အထိလည်း ကရင်နီပြည်သူတွေရဲ့ အမျိုးသားရေးရည်မှန်းချက်တွေကို KA က ကာကွယ်စောင့်ရှောက်နေပြီး ပြည်သူလူထု လုံခြုံရေး၊ အသက်အိုးအိမ် စည်းစိမ်၊ အခြေခံအခွင့်အရေးတွေအပြင်
မျိုးဆက်အဆက်ဆက်ရဲ့ ဇွဲ၊ သတ္တိ၊ စည်းလုံးညီညွတ်မှုနဲ့ ကရင်နီအမျိုးသားစိတ်ဓာတ်ကို ဆက်လက်ရှင်သန် ခိုင်မာစေတယ်လို့ အသိပေးပါတယ်။

ကရင်နီပြည်တပ်မတော်ရဲ့ (၇၈)နှစ်တာ ခရီးလမ်းတလျှောက်မှာ အသက်၊ သွေးနဲ့ ခန္ဓာကို ပေးလှူခဲ့ကြတဲ့တပ်ဖွဲ့ဝင်တွေ တပ်ဗိုလ် တပ်မှူးတွေ၊ တော်လှန် ရေးရဲ့ ဒုက္ခဝေဒနာတွေကို ကြံ့ကြံ့ခံကာ စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ မိသားစုဝင်တွေ အားလုံးကို အထူးမှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ဖော်ပြပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာလည်း ကရင်နီပြည်တပ်မတော်က စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေး လူထုတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့အတူ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ အာဏာရှင်စနစ်အောက်က လွတ် မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ပေးမှုနဲ့အတူ ကရင်နီပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့အုပ်ချုပ်ရေးကဏ္ဍတွေကိုပါ အထောက်အကူဖြစ်စေခဲ့ပြီး ကရင်နီအမျိုးသားဘုံအနာဂတ်ကို ရှေ့ရှုပြီး အမျိုးသားရေးရည်မှန်းချက်တွေကိုအကောင် အထည်ဖော်နိုင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးပါတယ်။

ဒါကြောင့် ပြည်သူနဲ့အတူရပ်တည်တာ ပြည်သူကို သစ္စာစောင့်သိတာ၊ တော်လှန်ရေးအင်အားစုတွေ
ကြား ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့က ခုခံ တော်လှန်ရေးအောင်မြင်ဖို့ အရေးကြီးတဲ့အခြေခံအချက်တွေလို့ KNPPက သတိပေးပါတယ်။

"လက်နက်ကိုင်ထားတဲ့အဖွဲ့တွေက လူထုအုပ်ချုပ်ရေးကို လွှမ်းမိုးနေတာမျိုး မဖြစ်စေဖို့ လုပ်ရမယ်။ဖယ်ဒရယ်မူအတိုင်း သေနတ်ကို ပြည်သူ့အုပ်ချုပ်ရေးက ဦးဆောင်စီမံရမယ်ဆိုတဲ့ အရပ်ဘက်က စစ်ဘက်ကို ထိန်းကျောင်းတဲ့မူ(Civilian Control over Military) ကို မြေပြင်မှာအမြစ်တွယ်အောင် တည်ဆောက်နိုင်မှသာ တော်လှန်ရေး ပြိုလဲမသွားဖို့ နဲ့ကရင်နီ တော်လှန်ရေးကို တဖန်အားကောင်းကောင်းနဲ့ ရှေ့ဆက်သွားနိုင်ဖို့ တစ်ခုတည်းသော ရေရှည်အဖြေဖြစ်နေမှာပါ"လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့၀င်တစ်ဦးက လက်ရှိမြေပြင်တော်လှန်ရေးအခြေအနေကို ပြောပါတယ်။

ဒါအပြင် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ် တန်းတူညီမျှရေးတွေကို အခြေခံတဲ့ ကရင်နီပြည်အနာဂတ်ကို ပြည်သူတစ်ရပ်လုံးနဲ့ အတူ ကျရာတာဝန်ကိုဆက်လက်ဖော်ဆောင်ဖို့လည်း KA ကို တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်မှာ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO အစရှိတဲ့ တိုင်းရင်းသားလက် နက်ကိုင်တွေရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

၂၀၂၁နောက်ပိုင်း ကရင်နီအမျိုသားများကာကွယ်ရေးတပ် KNDF ၊ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။


(ကရင်နီပြည်တပ်မတော် KA တည်ထောင်မှု (၇၄)နှစ်မြောက်နေ့အခမ်းအနားကို တွေ့ရစဉ်။ ဓာတ်ပုံ - Karenni Army Center- Kn.A.C)
👍3110🥰4👏3🖕2🤣1
👍304🥰3👏2😁1🤮1🤣1🖕1
သံတွဲကို စစ်တပ်ဗုံးထပ်ကြဲ
သားအဖ နှစ်ဦးသေဆုံး၊ ၆ဦး ဒဏ်ရာရ

ဩဂုတ်-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊သံတွဲမြို့နယ်၊နေရာနှစ်ခုကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းက​တေဗုံးထပ်ကြဲလို့အသက် ၁၄
နှစ်အရွယ် မိန်းကလေးငယ်နဲ့ ဖခင်ဖြစ်သူတို့ သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်
(AA)က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကဩဂုတ်၁၆ရက်မနက်၆နာရီ ၄၀မှာ သံတွဲမြို့ပေါ် တနေရာနဲ့ ၆နာရီ ၅၀ ခန့်မှာ သံတွဲမြို့နယ်၊မောင်ရွှေလေးရွာအနီးဝန်းကျင်ကိုလေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

သံတွဲမြို့ပေါ် တိုက်ခိုက်ခံရမှုမှာသားအဖ ၂ဦး သေဆုံးခဲ့သလို ၂နှစ် ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရရှိကာ နေအိမ် ၇လုံး ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မောင်ရွှေလေးရွာလေကြောင်း တိုက်ခိုက်ခံရမှုမှာ ၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားပါတယ်။

​သေဆုံးခဲ့တဲ့သားအဖ ဟာ အသက် ၁၄ နှစ်အရွယ် မချွန်းလဲ့​ရွှေရည် နဲ့ အသက်၅၀ အရွယ် ဖခင်ဖြစ်သူ ဦမင်း​နောင်တို့ဖြစ်ပါတယ်။ အသက် ၂ နှစ်အရွယ် ​မောင်​ရွှေမိုးယံ​ဇော် နဲ့ အသက် ၄၅ နှစ်အရွယ် ဦး​ဇေယျာမင်းလွင်တို့ရဲ့ ဒဏ်ရာ​တွေကပြင်းထန်ပါတယ်။ ​ဒေါ်​​ဌေး​ဌေး​မော် နဲ့ သန့်ရှင်း​ရေး ဝန်ထမ်း ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ AA ကအသိ​ပေးပါတယ် ။


စစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်း
ချုပ်ထားတဲ့ မြို့ရွာတွေကိုလေကြောင်း တိုက်ခိုက်မှုတွေ အခုလပိုင်းအတွင်းဆက်
တိုက်လုပ်နေတာပါ။ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ သံတွဲ၊ ဂွ၊အိမ်းမြို့နယ်တွေကို ပြီးခဲ့တဲ့ရက်
ပိုင်းတွေအတွင်း လေကြောင်းဗုံးကြဲတာတွေ အဆက်မပြတ်ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေဖြစ်ခဲ့ရပါတယ်။

ဩဂုတ် ၁၃ရက်ည ဂွမြို့နယ် ကျိန္တလီမြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ မိသားစုလိုက်သေဆုံးတာ အပါအဝင်အရပ်သား ၈ဦးသေဆုံးကာ အချို့ဒဏ်ရာရခဲ့ပါတယ်။ ဩဂုတ် ၁၀ရက် သံတွဲမြို့နယ် ကျောက်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာလည်း အရပ်သား ၁၆ဦးသေဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမတိုင်ခင် ကလည်း စစ်ကောင်စီဟာ သံတွဲမြို့နယ်ကို အကြိမ်ကြိမ်လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သားပြည်သူသေဆုံးထိခိုက်မှုအများအပြားရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ AAနဲ့ ဖြစ်ပွားနေတဲ့ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် ရှုံးမဲမဲကာ အရပ်သား ပြည်သူလူထုကို နေ့ညအချိန်မရွေး လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်ပြု
လုပ်နေလို့ အာရက္ခဒေသတခုလုံး စစ်တပ်လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုစိုက်ကြဖို့လည်း AAက တိုက်တွန်းထားပါတယ်။
🤬313👍3👎2🔥1👏1😁1😢1
ဗုံးကြဲခံရလို့ ​သေဆုံးဒဏ်ရာရခဲ့တဲ့က​လေးငယ် ၂ ဦး ။ အပျက်အစီး​တွေနဲ့ ​သေဆုံ၊ဒဏ်ရာရသူ ၊​​နေအိမ်ပျက်စီးသူစာရင်း။ ဓါတ်ပုံ-AA Infodesk
😢42🤬173😭2👎1🥰1👏1🤮1🤣1🍾1
စဉ့်ကူးနယ်က ရွှေဘယက်ရွာကို စစ်တပ် ဗုံးကြဲ၊ အမျိုးသား ၁ဦး ထပ်မံသေဆုံး

ဩဂုတ်-၁၆၊၂၀၂၆၊ရှိန်း/People's Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၆ ရက် ဒီကနေ့ မနက်၁၀နာရီကျော်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စဉ့်ကူးမြို့နယ်၊ညောင်ပင်ရွာက စစ်တပ် အထိုင်စခန်း နေရာကနေ ရွှေဘယက်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုအတွင်း (၆၄)နှစ်အရွယ် ဦးတင်ထွန်း ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။

" ဗုံးထိတာ။ဆေးကုဖို့ ခေါ်သွားရင်း လမ်းမှာဆုံးသွားတယ်လို့ ပြောတယ်။ရေကြောင်းကလည်း သင်္ဘော တွေနဲ့တက်လာတယ်။ဒရုန်း တွေလည်းကြဲ နေတာ ၄ရက်ရှိပြီ။အထိခိုက်များတယ်၊"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က စဉ့်ကူးမြို့နယ် ထုံးကြီး၊ ရွှေဂုံတိုင်နဲ့ ညောင်ပင်ရွာတို့ကနေ ဒရုန်းတွေနဲ့ ရွှေဘယက်၊ပေါက်ကုန်း၊ဆင်သေရွာတွေကို ဗုံးကြဲတာတွေဆက်တိုက်လုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၄ရက်ကလည်း ဆင်သေကျေးရွာက အမျိုးသမီး ၁ဦး ဒရုန်းဗုံးထိမှန် သေဆုံးခဲ့ပြီး အဲဒီနေ့မှာပဲကြက်တူရွေးရွာက ပြည်သူ ၄ဦး ထိမှန်ဒဏ်ရာ တွေရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ရေဘေးသင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်အပြင် နိုင်ငံနှံ့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

ရေဘေးသင့်ဒေသက ရေဘေးရှောင်ပြည်သူတွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်မှုတွေ ဖြစ်နေပါတယ်။


(စစ်တပ် ဗုံံးကြဲတိုက်ခိုက်လို့ သေဆုံးခဲ့ရတဲ့ အမျိုးသား။ ဓာတ်ပုံ - Wetlet information Network)
🤬327👎4👏1🎉1
🤬27😢64👎4👏1
နဂါးတပ်မှတပ်ရင်းမှူးနှစ်ဦး ထွက်ပြေးပြီးနောက် ဆေးကုပေးတဲ့ပင်လည်ဘူးဆေးရုံကို စစ်တပ်ဗုံးကြဲ

■စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၁ ဦး​သေပြီး ၇ ဦးဒဏ်ရာရ

ဩဂုတ်-၁၆၊၂၀၂၆။ကတ်သရင်း/People's Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက်နဂါးရဲ့ BNRAတပ်ဖွဲ့မှ တပ်ရင်းမှူးနှစ်ဦးဟာ ပင်လည်ဘူးမြို့နယ်ကဆေးရုံမှာ ဆေးကုသ​​နေရင်းထွက်ပြေးသွားပြီးတဲ့နောက် အဲဒီဆေးရုံကို စစ်တပ်က လေကြောင်းက​နေ ဒီ​နေ့ဗုံးကြဲခဲတယ်လို့ဒေသခံ တွေက ပြောပါတယ်။

ဩဂုတ်လ၁၆ရက် နေ့၊ ည​နေ ၄နာရီဝန်းကျင်မှာ ပင်လည်ဘူးမြို့နယ် ကင်းပန်းဆေးရုံနဲ့ စာသင်ကျောင်းကို စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲသွားတာလို့ သိရပါတယ်။

"နဂါးထဲကနှစ်ကောင်ထွက်ပြေးပြီးတော့ အဲဒီနေရာကို စစ်တပ်က လာကြဲတာပဲ။အထိခိုက်တော် တော်များတယ်လို့ သိရတယ်"လို့ ဒေသ
ခံတဦးက ပြောပါတယ်။ထပ်မံရရှိတဲ့သတင်း​တွေအရ ဗုံးကြဲခံရမှု​ကြောင့် ပြည်သူ ၁ ဦး​သေဆုံး ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ် ။ဒဏ်ရာရရှိသူ​တွေ ထဲမှာ က​လေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦးပါဝင်ပြီး ဒဏ်ရာပြင်းထန်တဲ့အတွက်​ဆေးကုသမှုခံယူ​နေရတယ်လို့ သိရပါတယ် ။

နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေကတိုက်ခိုက်ရှင်းလင်း
ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညိုတို့ဟာ ဆေးကုသမှုခံယူစဥ်ထွက်ပြေးသွားတာလို့ ဖြစ်စဥ်သိတဲ့​ဒေသခံသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

သူတို့ ၂ဦးဟာ လူနာစောင့်ကို အဆိပ်လိုလို ၊ အိပ်ဆေးလိုလို ခပ်ပြီးထွက်ပြေးသွားလို့ တွေ့ရှိရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်ကတဆင့် ဩဂုတ် ၁၅ရက် ညပိုင်းမှာ အသိပေးထားပါတယ်။

ပင်လည်ဘူးမြို့ဟာ PDFနဲ့ တော်လှန်ရေးတပ်တွေ ၂၀၂၃ နိုဝင်လကတည်းကထိန်းချုပ်ထားခဲ့တဲ့ မြို့ဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ ၁
ရက်ညနက်ပိုင်းကစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၉ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုအချို့အပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေကို နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့် BNRA စခန်းတွေကို PDFနဲ့ ပကဖ ရဲဘော်တွေက ဖယ်ရှားရာကနေ ၂၀၂၆ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီ​နောက် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့က စစ်တပ်နဲ့ပူး​ပေါင်းသွားပြီး စစ်တပ်က ဗိုလ်နဂါးကို ရဟတ်ယာဥ်နဲ့ ​ခေါ်​ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို PDFနဲ့ ပကဖ ရဲဘော်တွေက လိုက်လံဖမ်းဆီးတာတွေ၊ စည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

BNRA စခန်းတွေစီးနင်းဖယ်ရှားပြီးနောက် လက်ကျန်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေအပ်ဖို့၊ပြစ်မှုမရှိရင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့နဲ့ ပြစ်မှုရှိသူတွေကို စစ်
ဆေး၊ ဖော်ထုတ်၊ အပြစ်ပေး၊ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာ
ကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ခဲ့ပြီးပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ သူတွေစိတ်ဆန္ဒရှိပါက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ MODကလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀‌ ကျော် လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။နဂါးနဲ့အတူ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကိုဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ၅ ဦးနဲ့ စုစုပေါင်း ၂၀ ကျော်ဟာစစ်တပ်နဲ့ ပူး​ပေါင်းသွားခဲ့ကြပါတယ်။

သုဘရာဇာနဲ့ ဒေါင်းညိုဟာ ထွက် ပြေးတဲ့ဖြစ်စဉ်ဟာ BNRAအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူအချို့ကို ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားတဲ့ ဒုတိယမြောက်ဖြစ်စဉ် ဖြစ်ပါတယ်။ ဖေ‌ဖော်ဝါရီမှာဘဲBNRAတပ်ရင်း(၃)တပ်ရင်း
မှူး ဗိုလ်မျက်လုံးဟာ PDF တွေဆီ လက်နက်
ချပြီးမှ ထွက်ပြေးသွားကာစစ်တပ်နဲ့ ပူးပေါင်းခဲ့ပါတယ်။

စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ BNRA ခေါင်းဆောင်နဂါးကတော့လက်ရှိမှာတော်လှန်ရေးကိုပုံဖျက်တဲ့ သုံးသပ်ချက်စာတွေလူမှုကွန်ယက်
ပေါ်မှာရေးပြီးစစ်တပ်အတွက်ဆက်တိုက်ဝါဒ
ဖြန့်ချိနေတယ်လို့ ပုလဲမြို့နယ်ကတော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။


●မှတ်ချက်-သတင်းကို ထပ်မံဖြည့်စွက်ထားပါတယ်
🤬439👎2👏2🎉1
(BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညို တို့ကို ၂၀၂၆ ​ဖေ​ဖော်ဝါရီ တတိယပါတ်မှာ
PDF ​တွေကဖမ်းဆီးထိန်းသိမ်းပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-ရဲ​ဘော်ကိုစွမ်း
💩26🤬132🖕2👍1👎1👏1
ဝေဖန်မှုမြင့်တက်နေတဲ့ YBS ကားခ ၅၀ ရာခိုင်နှုန်းတက်မယ့် အစီအစဉ် ပယ်ဖျက်

သြဂုတ်-၁၆၊၂၀၂၆။ရောင်နီ/People's Spring

YBS ယာဉ်စီးခ ဈေးနှုန်းတွေကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ့်အစီအစဥ်ကို ဝေဖန်မှုမြင့်တက်ခဲ့တာကြောင့် ပယ်ဖျက်လိုက်တယ်လို့ စစ်တပ် လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) က ပြောပါတယ်။

လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး ၄၀၀ ကျပ်ကနေ ၆၀၀ကျပ် ၊ ၂၀၀ ကျပ်ကနေ ၃၀၀ကျပ် အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ဩဂုတ်၁၄ ရက် ညနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

" ကျွန်တော်တို့ ဩဂုတ်လ ၁၄ ရက်နေ့က YBS ယာဉ်စီးခ တိုးမြှင့်မှုဆိုတာ ပြန်ဖျက်လိုက်ပါပြီ။စက်တင်ဘာလ ၁ ရက်က စတင်ပြီးတော့ တိုးမြှင့်မှု ကြေညာချက်ကိုဒီနေ့ ဩဂုတ်လ ၁၆ ရက်နေ့မှာစတင်ပြီးတော့ ပြန်လည် ပယ်ဖျက်လိုက်ပါပြီ။ တော်တော်လေးလည်းဝေဖန်ကြတယ်။ ခရီးသည်တွေဘက်ကလည်းအဆင်မပြေဖြစ်တယ်ဆိုတယ့် ဝေဖန်သံတွေကြားရတော့ ဖျက်သိမ်းလိုက်တာပါ" လို့ YRTC မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယာဥ်ပြင်ဆင်ခစရိတ်တွေ ကြီးမြင့်လာတာကြောင့် YBS ကားခတွေကို စက်တင်ဘာ ၁ ရက်ကနေစပြီး
တိုးမြင့်ကောက်ခံမယ်လို့ YRTC က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခရီးစဥ် အစ/အဆုံး ၄၀၀ ကျပ်ကနေ ၆၀၀ ကျပ်အထိလည်းကောင်း ၊ မြို့တွင်းခြောက်မြို့နယ်အတွင်း ပြေးဆွဲနေတဲ့ YBS 56 ၊ YBS 57 ၊ YBS 58 ကားခတွေကို ၃၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။

YBS ယာဥ်စီးခတိုးမြှင့်ကောက်ခံတာကို ခရီးသည်တွေက အဆင်မပြေဖြစ်နေကြပြီး ဝေဖန်မှုတွေမြင့်တက်လာတာလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တိုင်းပြည်စီးပွား​ရေးကြပ်တည်းပြီး အလုပ်အကိုင်​တွေရှားပါးကာ ​ငွေ​ဖောင်းပွပြီး အ​ထွေ​ထွေစာရိတ်​တွေကြီးမြှင့်တာ​ကြောင့် ပြည်သူအများစုက ​အ​ခြေခံစားဝတ်​နေ​ရေးအတွက်ကို​တောင်ရုန်းကန်​နေကြရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယာဉ်စီးခတွေကို ကတ်နဲ့ပေးဆောင်သူတွေကိုလည်း တိုးမြှင့်ကောက်ခံမယ်လို့ သိရပြီး ဈေးနှုန်းတရားဝင်ကြေညာတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ YBS ကတ်အသုံးပြုသူတွေက ၄၀၀ တန်ခရီးစဉ်ကို ၃၅၀ကျပ် နဲ့ ၂၀၀တန်ခရီးစဉ်ကို ၁၅၀ ကျပ်ကျသင့်တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဏာရှင်ဟောင်းနေဝင်းမျိုးဆက်တွေ ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းအောက်က YBS ယာဉ်တွေအပါအဝင် အချို့ယာဉ်လိုင်းတွေ က ယာဉ်စီးခကို ကတ်စနစ်နဲ့ငွေချေခွင့်မပေးပဲ ငွေသားနဲ့ ပေးချေရတာဖြစ်ပါတယ်။

YRTC လက်အောက်မှာ YBS ယာဉ်အစီးရေ ၆ဝဝဝ ကျော်ရှိနေပြီး နေ့စဉ်ယာဉ်အစီးရေ ၃ဝဝဝ ခန့်ပြေးဆွဲ ပေးနေတယ်လို့ သိရပါတယ်။
👏18😁87👍5🥰1
👍29🥰1😁1
SCEF အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသ တို့သဘောတူ

ဩဂုတ်-၁၆၊၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင်အဖြစ် ပါဝင်ရန် မန္တလေးဒေသနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့သဘောတူညီခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

SCEFအနေနဲ့စစ်ကိုင်းဖက်ဒရယ်ယူနစ်၊မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆွေး
နွေးမှုတွေ ပြုလုပ်လျက်ရှိရာ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။

၂၀၂၆ မတ်လ ၃၀ရက်မှာKNU၊ KIO၊ NUG၊ CRPH၊ KNPP၊ CNF စတဲ့တော်လှန်ရေးအဖွဲ့ ​တွေနဲ့SCEFကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်း
ပြီးနောက် SCEFမှာပါဝင်မယ့်ပထမဆုံး​တော်လှန်​ရေးအင်အားစု​တွေအဖြစ် စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသတို့က ပူး​ပေါင်း ပါဝင်လာတာဖြစ်ပါတယ်။

SCEF အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေနဲ့ ဩဂုတ် ၁၃ရက်မှာ တွေ့ဆုံခဲ့ပြီး ဩဂုတ် ၁၄ရက်မှာ မန္တလေးဒေသ အုပ်ချုပ်ရေးကောင်စီ ၊ မန္တလေးဒေသလွှတ်တော် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံမှုတွေမှာ SCEF ဘက်က အလှည့်ကျ သဘာပတိ ခူဦးရယ် ဦးဆောင်တက်ရောက်ခဲ့တာဖြစ်ပြီး SCEF ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ၊ လုပ်ငန်းလမ်းညွှန် မူဘောင် (Operational Framework) နဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်အဆိုပြုချက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှင်း
လင်းတင်ပြခဲ့တယ်လို့ SCEFက ထုတ်ပြန်ထားပါတယ်။

ဆွေးနွေးမှုတွေအပြီးမှာ SCEF အဖွဲ့ဝင်အဖြစ် ပါဝင်မယ်လို့သဘောတူညီချက်များရယူအ
တည်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်
ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ကနဦး ဖွဲ့စည်းထားတဲ့ SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်
ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင်
စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ဆောင်ရွက်မယ်လို့ စတင်ဖွဲ့စည်းချိန်ကတည်းက အသိပေးထားပါတယ်။

“ကျနော်တို့ SCEF ဆိုတာ တော်လှန်ရေး ၅နှစ်တာကာလ အတွေ့အကြုံကို ကျနော်တို့ အား
နည်းချက်တွေ အားသာချက်တွေ ပြန်လည်ဖော်ထုတ်ပြီး စစ်ကောင်စီကို တွန်းလှန်နိုင်မယ့် အပြောင်းအလဲ ဖြစ်နိုင်မယ့် အစုအရပ်ကြီးတခု SCEFကို ဖွဲ့စည်းတာဖြစ်ပါတယ်။ကျနော်တို့နဲ့ ရည်မှန်းချက်တူ ဦးတည်ချက်တူတယ်ဆိုရင်တော့ အင်အားကောင်းတဲ့ One Command, One Strategy(တစ်ခုတည်းသော အမိန့်ပေးကွပ်ကဲမှုနှင့် တစ်ခုတည်းသော စစ်ဗျူဟာ) အောက်မှာရှိတဲ့တပြည်လုံးအတိုင်း
အတာအပြောင်းအလဲအတွက်အခုက အ
တက်နိုင်ဆုံးလုပ်နေတာဖြစ်ပါတယ်” လို့ SCEF အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားထားပါတယ်။

SCEF ဟာ စစ်ရေးနဲ့ပတ်သက်ပြီး ကော်မတီတရပ်ကို KNUနဲ့ KIO စစ်ရေးခေါင်းဆောင်တွေနဲ့ ဦးဆောင်ဖွဲ့စည်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။ စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ဆလိုင်းထက်နီက ပြောထားပါတယ်။
36👍12👏5🖕2🥰1🤮1
(SCEF အဖွဲ့ဝင်​တော်လှန်​​ရေးတပ်ဖွဲ့​တွေရဲ့ တပ်ဖွဲ့ဝင်​တွေ
33👍11🥰4👏3🖕3🤮1
■Photo Essay

အိမ်ပြန်မရောက်တော့တဲ့ နယ်လှည့်ဈေးသည်နှစ်ဦး

သြဂုတ်-၁၆၊၂၀၂၆။ကဖေး/People's Spring

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။

စျေးသည်အမျိုးသားနှစ်ဦးဟာ တခြားရွာကနေလာပြီးကြက်သွန်၊ငရုတ်သီး၊ ဟင်းသီး
ဟင်းရွက်အပါအဝင် မီးဖို​ချောင်းသုံးစား
သောက်ကုန်တွေကို ဆိုင်ကယ်နဲ့ ရွာစဉ်လှည့်
လည်ပြီးရောင်းချသူတွေဖြစ်ပါတယ်။သြဂုတ်လ၁၆ရက်မနက်ပိုင်းမှာမိုးညှင်းမြို့အနီး
၇ မိုင်ကျေးရွာအနီး စစ်တပ်နဲ့ရှမ်းနီတပ်
(SNA)ပူးပေါင်းတပ်​တွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ဆိုင်ကယ်တွေဟာ လမ်းလယ်ခေါင်မှာကျန်ရစ်ခဲ့ပါတယ်။

အဲဒီဆိုင်ကယ်နှစ်စီးပေါ်က ကုန်စည်တွေကို ဒေသခံတွေကအနီးပတ်ဝန်းကျင်မှာ လိုက်လံရောင်းချပေးခဲ့ကြပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးရဲ့မိသားစုဝင်တွေအနေနဲ့ ဈေးရောင်းချလို့ရတဲ့ငွေနဲ့ ဆိုင်ကယ်ကို အနီး၇မိုင်ကျေးရွာမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ ဒေသခံတွေအချင်းချင်း သတင်းစကားပါးထားပါတယ်။

စစ်တပ်ဟာ ၂၀၂၄ ​ဖေ​​ဖော်ဝါရီလကစပြီးစစ်မှုထမ်းဥပဒေကို အဓမ္မထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေမှာ လစဉ်စစ်သားစု
ဆောင်းနေသလို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းကိုပို့ဆောင်နေတာတွေလည်း ရှိနေပါတယ်။

မိုးညှင်းမြို့မှာဖမ်းဆီးခံလိုက်ရတဲ့ စျေးသည်နှစ်ဦးရဲ့ မိသားစုဝင်တွေကတော့ အိမ်ပြန်ရောက်မလာ နိုင်တော့တဲ့ အိမ်ထောင်ဦးစီးနှစ်ဦးအတွက်အရူးမီးဝိုင်းဖြစ်နေတော့မယ်လို့ မြို့ခံတွေကပြောပါတယ်။
😢424🖕2😱1🤮1🤣1