ဓါတ်ပုံ-Doi Suthep-Pui National Park ၊Chinmai News in English
❤10👍8😢5🥰2😁1🙏1
မြန်မာမှာတိုက်ခိုက်မှုတွေလျော့သွားဖို့၊ နိုင်ကျဉ်းတွေပိုလွတ်မြောက်ဖို့၊ လူသားချင်းစာနာမှုအကူအညီလမ်းကြောင်းပိုဖွင်ဖို့ထိုင်းမျှော်လင့်ဟုဆို
■မင်းအောင်လှိုင်က အာဆီယံဘုံသဘောတူ
ညီချက် ၅ ရပ်နဲ့ပတ်သက်ပြီးထိုင်းကိုဘာက
တိမှ မပေးဟုဆို
သြဂုတ်-၁၅၊၂၀၂၆။People's Spring
မြန်မာနိုင်ငံမှာရန်လို အကြမ်းဖက်မှုတွေ လျော့ပါးသွားဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပိုမို လွတ်မြောက်လာဖို့၊ လူသားချင်း စာနာမှု အကူအညီ လမ်းကြောင်းတွေ ပိုမို ဖွင့်လှစ်လာနိုင်ဖို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြား
ရေး ဝန်ကြီးက ပြောပါတယ်။
အတုအယောင်ရွေးကောက်ပွဲကနေတဆင့် သမ္မတ ရာထူးကို ရယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အခုလ ထိုင်းနိုင်ငံ ခရီးစဉ် အပြီးမှာ ထိုင်းအစိုးရဖက်က အခုလို သဘောထား မှတ်ချက် ထွက်ပေါ်
လာတာ ဖြစ်ပါတယ်။ဒါပေမယ့် စစ်တပ်က အာဏာသိမ်းခေါင်းဆောင် ထိုင်းခရီးစဥ်အပြီးမှာပဲ ရခိုင်ပြည်နယ်ကို ဗုံးဆက်တိုက်ကြဲလို့ပြည်သူအများအပြားသေဆုံးဒဏ်ရာရခဲ့ပါတယ် ။ဒါ့အပြင် ရေဘေးသင့်နေတဲ့စစ်ကိုင်းတိုင်းကမြို့နယ်တွေကိုရေဘေးကယ်ဆယ်ရေးမလုပ်တဲ့အပြင် ဗုံးကြဲလို့ပြည်သူတွေ ဒဏ်ရာရခဲ့ပါတယ် ။ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ကရင်နီပြည် ၊ကချင်ပြည်နယ် ၊ မကွေးတိုင်း စတဲ့ဒေသတွေကိုလည်းစစ်တပ်က ဗုံးဆက်ကြဲခဲ့ပါတယ် ။
အဲဒီလို အခြေအနေတွေကိုသာလက်တွေ့ မြင်
ရမယ်ဆိုရင်အရှေ့တောင်အာရှနိုင်ငံများ အ
စည်းအရုံး (အာဆီယံ)က မြန်မာ့အကျပ်
အတည်းကို ကူညီဖြေရှင်းဖို့ ညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်
သက်ပြီး ထင်သာမြင်သာ တိုးတက်မှုတွေအဖြစ် သတ်မှတ်လို့ ရနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကောင်က ဆိုပါတယ်။
မြန်မာအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထင်ထင်ရှားရှား အကောင်အထည်ဖော်လာတာမျိုးကို ထိုင်းအစိုးရ အနေနဲ့ အလေးအ
နက် မျှော်လင့်ထားပေမယ့် မင်းအောင်လှိုင်ကတော့ ဒီကိစ္စအတွက် ဘာကတိမှ မပေးခဲ့ကြောင်းဖုန်ကက်ကောင်ကဝန်ခံခဲ့ပါတယ်။
ထိုင်းဖက်က စိုးရိမ်တာတွေ၊ ဖြစ်စေချင်တာတွေကိုပြောခဲ့ကြောင်း၊ ဒါပေမဲ့သံတမန်ရေးမှာတော့တစ်ခါတလေမှာတစ်ထိုင်တည်းကတိတွေ ပေးနေဖို့လည်း မလိုကြောင်း၊ အ
ခြေအနေ အရပ်ရပ်ကို ပြန်စဉ်းစားဖို့နဲ့ ထိုင်းရဲ့ အလေးအနက် အားထုတ်မှုတွေ အသိအ
မှတ်ပြုဖို့ မြန်မာဖက်ကို အချိန်ပေးခဲ့ပြီး တိုး
တက်မှုတွေ ဆက်ရှိနေဖို့ မျှော်လင့်ကြောင်း ဆီဟာဆက်က ပြောပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေအတွက်နာမည်ဆိုးထွက်နေတဲ့မင်းအောင်
လှိုင်ကို ဖိတ်ကြားခဲ့ခြင်းက ထိုင်းအစိုးရအ
ပေါ် ပြည်တွင်းမှာရော၊ ဒေသတွင်းမှာပါ ကြီး
မားတဲ့ ဝေဖန်မှုတွေ ကြုံလာစေပါတယ်။ စစ်ရာဇဝတ်ကောင်တစ်ဦး၊အာဏာရှင် တစ်ဦးကို ထိုင်းကတရားဝင်အသိအမှတ်ပြုမှု ပေးလိုက်
တဲ့ အဓိပ္ပါယ် ဖြစ်နေကြောင်း စွပ်စွဲမှုတွေကိုတော့ ဆီဟာဆက်က ငြင်းပယ်သွားပါတယ်။
ထိုင်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဝင် အသိအမှတ်ပြုမှုနဲ့ဘာမှမဆိုင်ကြောင်း၊ ထိုင်း
ဟာ ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ယူနိုင်ဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုကို အားပေးနေတာဖြစ်ကြောင်း၊ရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့လည်း မြန်မာအာဏာပိုင်တွေကို ပိုမို တိုက်တွန်းနေတာဖြစ်ကြောင်း
ဆီဟာဆက်က ဆိုပါတယ်။
မြန်မာ့ ပြည်တွင်းရေးကိစ္စတွေက ထိုင်းကို တိုက်ရိုက်ရိုက်ခတ်လေ့ ရှိတာကြောင့် ထိုင်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် စစ်မှန်တဲ့၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေကိုလိုအပ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။ နိုင်ငံတကာက အတုအယောင် တစ်ခုလို့ သတ်မှတ်နေပေမယ့် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ တိုးတက်မှုဆန်တဲ့ အပြောင်း
အလဲတချို့ ရှိလာတယ်လို့ သူယုံကြည်ကြောင်း ဆီဟာဆက်က မှတ်ချက်ပေးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား လွတ်မြောက်လာသလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းလဲ ထားရှိခံရသလို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့လည်း တွေ့ဆုံခွင့် ရခဲ့တာတွေကို သူက ထောက်ပြသွားပါတယ်။
ဒါပေမဲ့ အဲဒီအခြေအနေလောက်ဟာမလုံ
လောက်သေးသလို အာဆီယံကလည်း ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာက ထိထိရောက်ရောက် အကောင်အထည် ဖော်နေတာမျိုးကို မြင်ချင်နေတယ်လို့ ဆီဟာဆက်က ဆိုပါတယ်။ မြန်မာဖက်ကတော့ အဲဒီအချက်တွေကို လက်မခံနိုင်ဘူးလို့ ပြောနေကြောင်း၊ ဒါပေမဲ့ အဲဒီ အချက်တွေကပဲ မြန်မာက အာရုံ
စိုက်ရမယ့်တရားဝင်စိုးရိမ်မှုတွေဖြစ်နေကြောင်း ဆီဟာဆက်ကပြောဆိုသွားပါတယ်။
ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်တပ် အာ
ဏာပိုင်တွေသာ မကဘဲ တော်လှန်ရေး အင်
အားစုတွေနဲ့လည်း အဆက်အသွယ် ရှိနေပြီး နှစ်ဖက်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပေါ်ထွန်းလာအောင် ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

😁21👍6❤4🔥2👏1💩1🖕1
သူက နှစ်ကုန်ပိုင်းကျရင် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အ
ဖွဲ့ဝင် နိုင်ငံတွေရဲ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာရဲ့နိုင်ငံရေးကိုယ်စားလှယ်တွေကို ထိပ်
တန်း အစည်းအဝေးတွေမှာ ပြန်တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ လက်ရှိ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အစည်းအဝေးကို မင်းအောင်
လှိုင် တက်ခွင့်ရနိုင်ခြေ ရှိတယ်ဆိုတဲ့ ထင်
ကြေးတွေကိုတော့ ဆီဟာဆက်က ပယ်ချသွားပါတယ်။
ကိုးကား: Thai PBS

👍18❤3👎2😁2💩2👏1🖕1
ချင်းမိုင်အနီးက မယ်စရေတံခွန်တောင်ကျရေကြီးပြီး ခရီးသွားအချိုမျောပါ၊အချိန်မီကယ်တင်နိုင်လို့ ပွန်းပဲ့ဒဏ်ရာတွေရကာ ၁ဦးဆေးရုံရောက်
သြဂုတ်-၁၅၊၂၀၂၆။People's Spring
ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက
မယ်စရေတံခွန်မှာ ဒီနေ့ညနေပိုင်းမှာ ရုတ်
တရက်တောင်ကျရေကြီးတာကြောင့် ခရီး
သွားအချို့ရေထဲမျောပါခဲ့ပေမယ့် ရေတံခွန်
က ဥယာဥ်ဝန်ထမ်းတွေကအချိန်မိကယ်တင်
နိုင်ခဲ့ပါတယ် ။
သြဂုတ် ၁၅ ရက်၊ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ချင်းမိုင်မြို့ ရဲ့အနောက်မြောက်ဘက် မြို့လယ်ကနေ ကားနဲ့ မိနစ်သုံးဆယ်ခန့်သွားရတဲ့ မယ်စရေတံခွန်မှာ ရုတ်တရက်
တောင်ကျရေကြီးမှုဖြစ်ပွားခဲ့တာပါ။ရေတံခွန်ရေကြီးမှုကြောင့် ခရီးသွားအချို့တောင်ကျ ရေထဲမျောပါသွားတဲ့သဲထိတ်ရင်ဖို ရုပ်သံမှတ်တမ်းအချို့ လူမှုကွန်ယက်မှာဒီကနေ့ညပိုင်းပျံ့နှံ့လာပါတယ်။
ဒါပေမယ့် ဒွိုင်ဆူထက်ဖွေးအမျိုးသားဥယာဥ်ကထုတ်ပြန်တာမှာ ရုတ်တရင်တောင်ကျရေကြီးတာကိုရေတံခွန်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေက ချက်ချင်းသတိထားမိပြီး
ခရီးသွားတွေကို ရေထဲကနေ ချက်ချင်းတက်ကြဖို့ သတိပေး နှိုးဆော်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တောင်ကျရေက ချက်ချင်းဆိုသလို အရှိန်နဲ့ ထိုးဆင်းလာတာကြောင့် ခရီး
သွားအချို့ ရေထဲက မတက်နိုင်ဘဲ ရေစီးနဲ့ မျောပါသွားတာ၊ရေတံခွန်ဘက်မှာပိတ်မိကျန်
ရစ်တာတွေ ဖြစ်ခဲ့တယ်လို့ဖော်ပြပါတယ်။
အမျိုးသားဥယျာဉ်ဝန်ထမ်းတွေကရေစီးနဲမျောသွားသူတွေကို ချက်ချင်း ဝင်ရောက်ကူညီခဲ့ကြလို့ ခရီးသွား အားလုံးကို ဘေးကင်းအောင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေ
မယ့်ဗီဒီယိုဖိုင်ထဲမှာ ခရီးသွားအချို့ဟာ ၂ မိနစ်လောက်အထိ့ တောင်ကျရေထဲမျောပါသွားတာတွေ့ရပါတယ် ။
ရေထဲမျောပါသွားသူအများစုဟာ ပွန်းပဲ့ဒဏ်ရာတွေပဲရပြီး ရေတံခွန်ကနေ သူတို့အစီအစဥ်အတိုင်းပြန်သွားတယ်လို့ ဥယျဥ်ကဆိုပါတယ်။ဒါပေမယ့်ရေစီးနဲ့ မျောပါသွားခဲ့တဲ့ ခရီးသွား တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့သလို ခေါင်းမူးနေတာကြောင့်ဆေးရုံဆီအမြန် ပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ထိ
ခိုက်ဒဏ်ရာရတဲ့ခရီးသွားတွေဟာဘယ်နိုင်ငံ
သားတွေလဲဆိုတာကိုတော့မထုတ်ပြန်ပါဘူး ။
မယ်စရေတံခွန်ဟာ ချင်းမိုင်မှာ လူသိများတဲ့ရေတံခွန်တစ်ခုဖြစ်ပြီး မြန်မာခရီးသွားတွေလည်းသွားလေ့ရှိတဲ့ ရေတံခွန်ဖြစ်ပါတယ် ။ ချင်းမိုင်ခရိုင်မှာ မြန်မာနိုင်ငံသား တစ်သိန်းခွဲကနေ နှစ်သိန်းကျော်အထိ့ရှိနိုင်တယ်လို့ IOM နဲ့ သုတေသန အဖွဲ့အချို့ကခန့်မှန်းထားပါတယ်။
မိုးရာသီမှာရေတံခွန်ကို လာရောက်လည်ပတ်ကြမယ့် ခရီးသွားတွေအနေနဲ့ မိုးလေဝသအ
ခြေအနေကို ကြိုတင်စစ်ဆေးကြဖို့၊ သဘာဝဘေးအန္တရာယ်တွေကို သတိထားကြဖို့နဲ့ တာ
ဝန်ရှိသူတွေရဲ့သတိပေးချက်၊ညွှန်ကြားချက်
တွေကိုစနစ်တကျလိုက်နာကြဖို့ ဥယျာဉ်က
မေတ္တာရပ်ခံထားပါတယ်။
ထိုင်းနိုင်ငံမှာ မိုးရာသီကို အကြမ်းဖျင်း မေလလယ်ကနေ အောက်တိုဘာလအထိသတ်မှတ်ထားပြီ သြဂုတ်လ နဲ့ စက်တင်ဘရင်တောငာလဟာမိုးအများဆုံးလတွေဖြစ်ပါတယ်။ချင်းမိုင်အပါအဝင်ထိုင်းနိုင်ငံမြောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်းမိုးကောင်းနေပါတယ်။ချင်းမိုင်မြို့အနီးဝန်းကျင်မှာ ရေတံခွန်တွေများစွာရှိပြီး မိုးရာသီမှာ မိုးသည်းထန်ရင် အခုလိုတောင်ကျရေကြီးတက်ပါတယ် ။
ဥယာဥ်ကတော့လာရောက်လည်ပတ်သူတွေကို ရေတံခွန်ရေတွေဟာ ချက်ချင်းတိုးလာရင် ၊ရေအရောင်ဟာ ရုတ်တရက်ကော်ဖီရောင်လိုနောက်ကျိလာရင် ၊မဲနက်လာရင် ဒါမှမဟုတ် ရေတံခွန်အပေါ်ပိုင်းက ပုံမှန်မဟုတ်ပဲကျယ်လောင်တဲ့အသံတွေ ကြားရရင် ရေထဲကနေ ကုန်းပေါ်ကိုအမြန်တက်ကြဖို့ သတိပေးဆိုင်း
ဘုတ်မှာရေးသားသတိပေးထားတာတွေ့ရပါတယ် ။အဲဒီလိုဖြစ်လာရင် ကိုယ်နဲ့အတူပါလာတဲ့ ပစ္စည်းတွေရေထဲမျောပါသွားလို့ လိုက်ဆယ်ယူတာမျိုးလည်းမလုပ်ရဘဲ ဘေးကင်းတဲ့ကုန်းပေါ်မှာပဲနေရမယ်လို့ အကြံပြုကြပါတယ် ။
ကိုးကား-Doi Suthep-Pui National Park

👍24❤6😢3🔥1
ဖမ်းဆီးထားတဲ့ BNRA တပ်ရင်းမှူး ၂ဦး ထွက်ပြေး
ဩဂုတ်-၁၆၊၂၀၂၆။ ကဖေး/People's Spring
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို ကာကွယ်
ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်
ရင်း၊တပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ BNRA တပ်ရင်း
မှူး သုဘရာဇာနဲ့ ဒေါင်းညိုဟာ ဆေးကူသမှုခံယူနေစဉ် ထွက်ပြေးလွတ် မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။
သုဘရာဇာနဲ့ ဒေါင်းညိုဟာ ပင်လည်ဘူးမြို့နယ်ဘက်မှာ ဆေးကုသမှုခံယူနေစဉ် လူနာစောင့်ကို အိပ်ဆေးခတ်ပြီး ထွက်ပြေးသွားတာလို့ စစ်ကိုင်းတ်ိုင်းအခြေစိုက် သတင်းသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
၎င်းတို့ ၂ဦးဟာ လူနာစောင့်ကို အဆိပ်လိုလို ၊ အိပ်ဆေးလိုလို ခပ်ပြီးထွက်ပြေးသွားလို့ တွေ့ရှိရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်ကတဆင့် ဩဂုတ် ၁၅ရက် ညပိုင်းမှာ အသိပေးထားပါတယ်။
လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုအချို့အပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေကို ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့် BNRA စခန်းတွေကို PDFနဲ့ ပကဖ ရဲဘော်တွေက ဖယ်ရှားရာကနေ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့က စစ်တပ်နဲ့ပူးပေါင်းသွားပြီး စစ်တပ်က ဗိုလ်နဂါးကို ရဟတ်ယာဥ်နဲ့ ခေါ်ပေးခဲ့ပါတယ်။ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို PDFနဲ့ ပကဖ ရဲဘော်တွေက လိုက်လံဖမ်းဆီးတာတွေ၊ စည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
BNRA စခန်းတွေစီးနင်းဖယ်ရှားပြီးနောက် လက်ကျန်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေအပ်ဖို့၊ပြစ်မှုမရှိရင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့နဲ့ ပြစ်မှုရှိသူတွေကို စစ်
ဆေး၊ ဖော်ထုတ်၊ အပြစ်ပေး၊ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာ
ကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ခဲ့ပြီးပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ သူတွေစိတ်ဆန္ဒရှိပါက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ MODကလည်း ဖိတ်ခေါ်ခဲ့ပါတယ်။
PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀ ကျော် လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။ဗိုလ်နဂါးနဲ့အတူ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကိုဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ၅ ဦးနဲ့ စုစုပေါင်း ၂၀ ကျော်ဟာစစ်တပ်နဲ့ ပူးပေါင်းသွားခဲ့ကြပါတယ်။
သုဘရာဇာနဲ့ ဒေါင်းညိုဟာ ထွက် ပြေးတဲ့ဖြစ်စဉ်ဟာ BNRAအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူအချို့ကို ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားတဲ့ ဒုတိယမြောက်ဖြစ်စဉ် ဖြစ်ပါတယ်။ ဖေဖော်ဝါရီမှာဘဲBNRAတပ်ရင်း(၃)တပ်ရင်း
မှူး ဗိုလ်မျက်လုံးဟာ PDF တွေဆီ လက်နက်
ချပြီးမှ ထွက်ပြေးသွားပြီး စစ်တပ်နဲ့ ပူးပေါင်းပါခဲ့ပါတယ်။
စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ BNRA ခေါင်းဆောင်ဗိုလ်နဂါးကတော့ လက်ရှိမှာ တော်လှန်ရေးကို ပုံဖျက်နေတဲ့ သုံးသပ်ချက်စာတွေ လူမှုကွန်
ရက်ပေါ်မှာ ရေးပြီး စစ်တပ်အတွက်ဆက်
တိုက်ဝါဒဖြန့်ချိနေတယ်လို့ ပုလဲမြို့နယ်က တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

👎28🤬6❤5🤮5🔥4👍3👏1🤩1
(ထွက်ပြေးသွားတဲ့ သုဘရာဇာနဲ့ ဒေါင်းညိုကို တွေ့ရစည်။ ဓာတ်ပုံ - CJ)
👍17🔥12💩7👎2❤1👏1🤣1🖕1
ဆိပ်ဖြူမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ်က ကျေးရွာတွေ မီးရှို့ပြီး ဒေသခံ ၃၀ နီးပါး ဖမ်းဆီးထား
ဩဂုတ်-၁၆ ၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် စစ်ကြောင်း၀င်ရောက်ပြီး ကျေးရွာတွေ မီးရှို့ကာ ဒေသခံ ပြည်သူ ၃၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒီကနေ့(ဩဂုတ် ၁၆ ရက်)မနက်ပိုင်းကစပြီး ဆော-ဆိပ်ဖြူလမ်းပိုင်းအနီး ဆိပ်ဖြူမြို့အနောက်ခြမ်းက တဲကြီးကျေးရွာကို စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး၀င်လာတာလို့ ဆိုပါတယ်။
"မနက် ၆ နာရီလောက်က စ၀င်တာ။ရွာကိုမီးရှို့နေတယ်။ လူငယ်တွေ အပါအဝင် လူ ၃၀လောက် အဖမ်းခံထားရတယ်"လို့ ဆိပ်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းထိုးဖို့အတွက် စစ်တပ်က ဆော-ဆိပ်ဖြူလမ်းပိုင်းတလျှောက်ကို မနေ့က(ဩဂုတ် ၁၅ ရက်) ကတည်းက အင်အားဖြည့်နေတာလို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ခံ ကိုသူရိန်က အသိပေးပါတယ်။
"ကပစ(ကာကွယ်ရေးပစ္စည်းစက်ရုံ)၂၁ နဲ့ ၂၂ လမ်း ပိုင်းတွေကို နယ်မြေရှင်းလာတယ်လို့ လတ်တလောကြားရတယ်။အင်အားများတယ်။အသေးစိတ်ကို ထပ်စုံစမ်းနေဆဲ"လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းက အမှတ်(၂၁)ကာ ကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁ )နဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ယာဉ်တန်းတိုက်ခံတာတွေအပြင် ရဲကွန်မန်ဒိုတွေ လိုက်ပါလာတဲ့ယာဉ်တချို့မိုင်းဆွဲ တိုက်ခိုက်ခံရတာတွေရှိခဲ့ပါတယ်။
ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂) နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ) တို့ရှိပါတယ်။
အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂ )မှာ လက်နက်တွေ ထုတ်နေတာဖြစ်ပါတယ်။

🤬28👍3👎3❤1👏1🎉1
တီးတိန် ခလရ(၂၆၉)တပ်ရင်းက စစ်သား ၃ဦး PDF ဇိုလဲန်းထံ အလင်းဝင်
ဩဂုတ် ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် စစ်တပ်ရဲ့ ခလရ(၂၆၉) တပ်ရင်းက တပ်သား ၃ဦး အလင်းဝင်လာကြောင်း PDF ဇိုလဲန်း တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
တီးတိန်မြို့နဲ့ ကနေဒီတောင်အကြား ဗာလ်ဗုမ်လမ်းခွဲမှာ လုံခြုံရေးကျနေတဲ့ စစ်သား ၃ဦးဟာ ဩဂုတ် ၁၅ရက်က PDF ဇိုလဲန်း တပ်ဖွဲ့ထံ ရောက်ရှိ အလင်းဝင်လာတာလို့ ဆိုပါတယ်။
အလင်းဝင်လာသူတွေ လက်နက်ခဲယမ်း ပါ၊မပါဖော်ပြမထားပေမဲ့ အလင်းဝင်လာတဲ့ စစ်သား ၃ဦးရဲ့ မှတ်တမ်း ပုံဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်မှု အခြေအနေမေးမြန်းဖို့ PDF ဇိုလဲန်းတပ်ဖွဲ့ထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။
အရင်ကလည်း ခလရ(၂၆၉) တပ်ရင်းက စစ်ကောင်စီတပ်သားတွေ PDF ဇိုလဲန်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်မှုတွေ မကြာခဏ ရှိခဲ့ပါတယ်။
PDF ဇိုလဲန်းဟာ ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်ကောင်စီတပ်က PDF ဇိုလဲန်း တပ်ဖွဲ့ဝင်အချို့ လက်နက်နဲ့အတူ စစ်ကောင်စီထံ အလင်းဝင်ရောက်တာရှိတယ်လို့ ဝါဒဖြန့်မှုတွေရှိပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီထံ အလင်းဝင်ရောက်မှုမရှိ၊ စစ်တပ်ရဲ့ ဝါဒဖြန့်မှုသာဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားပါတယ်။
ဓာတ်ပုံ - PDF Zoland

👍28❤6👏2👎1🥰1🤣1🖕1
■ဆောင်းပါး
မြန်မာအပါအဝင် ကမ္ဘာ့ကလေးငယ်များ၏ ကာကွယ်ဆေးလုံခြုံရေး ခြိမ်းခြောက်မှု
• WHO အကြီးအကဲက ထရမ့်အစိုးရ၏
ကွယ်ဆေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်
- သန္တာဖြူ ရေးသားသည်။
အမေရိကန်အစိုးရရဲ့ ကာကွယ်ဆေးဆိုင်ရာ မူဝါဒအပြောင်းအလဲအပေါ် WHOရဲ့စိုးရိမ်သတိပေးချက်ဟာ ကမ္ဘာတစ်ဝန်းက ကလေးတွေရဲ့ အသက်ရှင်သန်ရေးနဲ့ ရောဂါကာကွယ်
ရေး၊ အထူးသဖြင့် မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေကကလေးတွေရဲ့ကျန်းမာရေးအနာ
ဂတ်နဲ့ ဆက်နွယ်နေတာကြောင့် နိုင်ငံတကာအာရုံစိုက်မှု မြင့်တက်လာစေခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပုံမှန်ကလေးကာကွယ်ဆေး အစီအစဉ်မှာ ပါဝင်တဲ့ ကာကွယ်ဆေး အမျိုးအစားတွေကို ၁၈ မျိုးကနေ ၁၁ မျိုးအထိ လျှော့ချဖို့ ရည်ရွယ်တဲ့ အမိန့်တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါ့အပြင်အမေရိကန်အစိုးရရဲ့“ကလေးကာ
ကွယ်ဆေးဆိုင်ရာ အမြင့်ဆုံးစံနှုန်း အကြံပြုချက်များ”မူဝါဒအရဝက်သက်၊ပါးချိတ်ရောင်နဲ့ ဂျိုက်သိုးရောဂါတွေကို တစ်ခါတည်းကာကွယ်ပေးတဲ့ MMR ကာကွယ်ဆေးကို ပေါင်း
စပ်ထိုးတာထက် ရောဂါတစ်မျိုးစီအလိုက်
တမျိုးစီသီးခြားခွဲပြီးထိုးဖို့ အကြံပြုထားပါတယ်။
အမေရိကန်အစိုးရဘက်ကတော့ ဒီမူဝါဒဟာ ကာကွယ်ဆေးဆိုင်ရာ သုတေသနတွေ ပိုမိုတိုးတက် လာစေဖို့နဲ့ မိဘတွေကို မိမိတို့ကလေးတွေ အတွက်ဘယ်ကာကွယ်ဆေးတွေကို ရွေးချယ်မလဲဆိုတဲ့ ဆုံးဖြတ်ချက်မှာ ပိုမိုလွတ်လပ်ခွင့်ပေးဖို့ ရည်ရွယ်တာလို့ ပြော
ထားပါတယ်။ ဒါ့အပြင် မိဘအခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ ဥပဒေအရ အာမခံထားတဲ့ အခွင့်အရေး တွေကို ပြည်နယ်အစိုးရတွေက လေးစားလိုက်နာစေဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် WHO ရဲ့ စိုးရိမ်ချက်ကတော့ “ရွေးချယ်ခွင့်” ဆိုတဲ့အချက်ထက် ပိုမိုနက်
ရှိုင်းတဲ့ အကြောင်းအရာကို ထောက်ပြနေတာ ဖြစ်ပါတယ်။ အဓိကကတော့ ကာကွယ်ဆေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ နှစ်ပေါင်းများစွာစုဆောင်းထားတဲ့သိပ္ပံနည်းကျအထောက်
အထားတွေအပေါ် အခြေခံသင့်ပြီး အဲဒီအ
ချက်တွေကို လျစ်လျူမရှုသင့်ဘူးဆိုတာ ဖြစ်ပါတယ်။
WHO အကြီးအကဲ တက်ဒရိုစ်ကတော့ "ကာကွယ်ဆေးတွေဟာ လူ့အသက်တွေကို ကယ်တင် ပေးနိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း၊မိဘတိုင်းကကိုယ့်ကလေး
ကို အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေကနေ ကာကွယ်ပေးချင်ကြကြောင်းနဲ့ကာကွယ်ဆေး
ထိုးခြင်းဟာ အဲဒီရောဂါတွေကို ကာကွယ်ဖို့ ယုံကြည်စိတ်ချရဆုံး နည်းလမ်းတစ်ခုဖြစ် ကြောင်း” ဆိုပါတယ်။
သူ့ရဲ့အဓိကစိုးရိမ်ချက်က ကလေးတွေကို ကာကွယ်ဆေးထိုးပေးရမယ့် အကောင်းဆုံးအချိန်၊လိုအပ်တဲ့အကြိမ်ရေနဲ့ ကာကွယ်ဆေးတွေကို တစ်ချိန်တည်း ထိုးပေးတာရဲ့လုံခြုံမှုအပေါ် ဆယ်စုနှစ်များစွာ စုဆောင်းထားတဲ့ သိပ္ပံအထောက်အထားတွေကို မူဝါဒအသစ်တွေမှာဘယ်လောက်အထိထည့်သွင်းစဉ်းစား
ထားသလဲဆိုတဲ့ အချက် ဖြစ်ပါတယ်။ WHO ကတော့ကာကွယ်ဆေးဆိုင်ရာသိပ္ပံအထောက်
အထားတွေကို ကမ္ဘာတစ်ဝန်းကအချက်အ
လက်အသစ်တွေနဲ့အညီ အမြဲတမ်းပြန်လည် သုံးသပ်နေတယ်လို့ ပြောထားပါတယ်။
ဒါ့အပြင်တက်ဒရိုစ်ကကာကွယ်ဆေးနဲ့ အော်တစ်ဇင် (Autism)ဆက်နွယ်မှုရှိတယ်ဆိုတဲ့အ
ယူအဆကိုလည်း မမှန်ကန်ကြောင်း ထောက်ပြခဲ့ပါတယ်။လက်ရှိရရှိထားတဲ့ သိပ္ပံဆိုင်ရာသု တေသန အထောက်အထားတွေအရ MMR ကာကွယ်ဆေးဟာ အော်တစ်ဇင်ဖြစ်စေတယ်ဆိုတဲ့ သက်သေအထောက်အထား မရှိဘူးလို့ ၎င်းက ပြောပါတယ်။
ဆက်လက်ပြီး တက်ဒရိုစ်ကနိုင်ငံတစ်နိုင်ငံချင်းစီရဲ့ကာကွယ်ဆေးမူဝါဒတွေကို ချမှတ်ရာမှာနိုင်ငံရေးအမြင်တွေထက်WHO အပါအ
ဝင် ကမ္ဘာတစ်ဝန်းက သိပ္ပံအထောက်အထားတွေနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေရဲ့အကြံ
ပြုချက်တွေကို အခြေခံသင့်တယ်လို့ အလေး
ပေးပြောပါတယ်။ ကာကွယ်ဆေးဆိုင်ရာ မူဝါဒတွေဟာ နိုင်ငံရေးသြဇာအပေါ်မဟုတ်ဘဲ လွတ်လပ်ပြီး တိကျခိုင်မာတဲ့ သိပ္ပံဆိုင်ရာ သုံးသပ်ချက်တွေအပေါ် အခြေခံသင့်တယ်လို့လည်း ဆိုပါတယ်။
ကျန်းမာရေးစနစ် အားနည်းနေတဲ့ မြန်မာအပါ
အဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်
ဆေးဆိုတာ ရွေးချယ်စရာတစ်ခုသာ မဟုတ်ဘဲ လူ့အသက်တွေကို ကာကွယ်ပေးနိုင်တဲ့ အခြေခံကျတဲ့ ကျန်းမာရေး လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။
ထို့ကြောင့် နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ သိပ္ပံသုတေသနနဲ့ အထောက်အထားတွေအပေါ် အခြေခံပြီး ကာကွယ်ဆေးအစီအစဉ်တွေကို အကောင်အထည်ဖော်နေတဲ့ WHO အပါအဝင် နိုင်ငံတကာကျန်းမာရေးအသိုင်း
အဝိုင်းကအမေရိကန်ရဲ့မူဝါဒအပြောင်းအလဲ
တွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ဒီအပြောင်းအလဲတွေက ကလေးတွေရဲ့ ကျန်း
မာရေးအပေါ် ဘယ်လိုသက်ရောက် လာမလဲ
ဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ကိုးကား - UN News

👍24❤4🤮2🤣2🤬1
ရွှေဘိုခရိုင်မှာ ရေကြီးမှုကြောင့် စပါးစိုက်ဧက သိန်းချီ ပျက်စီးနိုင်ဟု တောင်သူတွေပြော
သြဂုတ် ၁၆၊ ၂၀၂၆။ ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧကပေါင်း သိန်းနဲ့ချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။
ရေဘေးဒဏ် အဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းက ရွှေဘိုခရိုင်ဟာ မိုးစပါးကို ဧကပေါင်း (၃.၅) သိန်းကျော် အထိ အဓိကထား စိုက်ပျိုးကြပြီး စစ်ကိုင်းတိုင်းအတွင်း စပါးစိုက်ဧက အများဆုံးခရိုင်ဖြစ်ကြောင်း၊ ယခုရေကြီးရေလျှံမှုကြောင့် ဧကပေါင်း သိန်းချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။
"စပါးစိုက်ဧက သိန်းချီ ပျက်စီးနိုင်တယ်"လို့ ဒေသတွင်းတောင်သူတွေကိုပါ ကူညီနေတဲ့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။
စပါးအပြင် အခြားစိုက်ပျိုးသီးနှံတွေလည်း ရေမြုပ်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ "စပါးစိုက်ပြီးသားတွေရော ပျိုးပင်တွေရော တခြားသီးနှံတွေရောပါ ပျက်စီးတာ။ အတိအကျ စုံစမ်းဆဲမို့ပါ"လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။
စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။
သဖန်းဆိပ်ဆည်က ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် သဖန်းဆိပ်ဆည်အောက်ဘက် မူးမြစ်ကမ်းတလျှောက်မြို့နယ်တွေမှာ သြဂုတ် ၆ ရက်ကစပြီး ရေဘေးရင်ဆိုင်နေရတာဖြစ်ပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာ ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့၊ ဝက်လက်မြို့၊ ခင်ဦးမြို့နဲ့ တန့်ဆည်မြို့နယ်တို့ ပါဝင်ပါတယ်။
(စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ရေမြုပ်နေတဲ့ ကျေးရွာတွေနဲ့ စပါးခင်းများအား တွေ့ရစဥ်။ ဓါတ်ပုံံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

😢28👍5❤1👎1🔥1👏1