People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍182😁2🤣1🖕1
ချင်းမိုင်အနီးက မယ်စ​ရေတံခွန်တောင်ကျ​ရေကြီးပြီး ခရီးသွားအချို​​မျောပါ၊အချိန်မီကယ်တင်နိုင်လို့ ပွန်းပဲ့ဒဏ်ရာ​တွေရကာ ၁ဦး​ဆေးရုံ​ရောက်

သြဂုတ်-၁၅၊၂၀၂၆။People's Spring

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက
မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်
တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီး
သွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်
က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်
နိုင်ခဲ့ပါတယ် ။

သြဂုတ် ၁၅ ရက်၊ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ချင်းမိုင်မြို့ ရဲ့အ​နောက်​မြောက်ဘက် မြို့လယ်က​နေ ကားနဲ့ မိနစ်သုံးဆယ်ခန့်သွားရတဲ့ မယ်စ​ရေတံခွန်မှာ ရုတ်တရက်
တောင်ကျရေကြီးမှုဖြစ်ပွားခဲ့တာပါ။​ရေတံခွန်​ရေကြီးမှု​ကြောင့် ခရီးသွားအချို့​တောင်ကျ ​ရေထဲ​မျောပါသွားတဲ့သဲထိတ်ရင်ဖို ရုပ်သံမှတ်တမ်းအချို့ လူမှုကွန်ယက်မှာဒီက​နေ့ညပိုင်းပျံ့နှံ့လာပါတယ်။

ဒါ​ပေမယ့် ဒွိုင်ဆူထက်​​​ဖွေးအမျိုးသားဥယာဥ်ကထုတ်ပြန်တာမှာ ​ရုတ်တရင်တောင်ကျ​ရေကြီးတာကိုရေတံခွန်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေက ချက်ချင်းသတိထားမိပြီး
ခရီးသွားတွေကို ရေထဲကနေ ချက်ချင်းတက်ကြဖို့ သတိပေး နှိုးဆော်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တောင်ကျရေက ချက်ချင်းဆိုသလို အရှိန်နဲ့ ထိုးဆင်းလာတာကြောင့် ခရီး
သွားအချို့ ရေထဲက မတက်နိုင်ဘဲ ရေစီးနဲ့ မျောပါသွားတာ၊ရေတံခွန်ဘက်မှာပိတ်မိကျန်
ရစ်တာတွေ ဖြစ်ခဲ့တယ်လို့​ဖော်ပြပါတယ်။

အမျိုးသားဥယျာဉ်ဝန်ထမ်းတွေက​ရေစီးနဲ​​မျောသွားသူ​တွေကို ချက်ချင်း ဝင်ရောက်ကူညီခဲ့ကြလို့ ခရီးသွား အားလုံးကို ဘေးကင်း​အောင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။​ရေထဲ​မျောပါသွားသူအများစုဟာ ပွန်းပဲ့ဒဏ်ရာ​တွေပဲရပြီး ​ရေတံခွန်က​နေ သူတို့အစီအစဥ်အ
တိုင်း​​ပြန်သွားတယ်လို့ဆို့ပါတယ်။

ဒါ​ပေမယ့်ရေစီးနဲ့ မျောပါသွားခဲ့တဲ့ ခရီးသွား တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့သလို ခေါင်းမူးနေတာကြောင့်ဆေးရုံဆီအမြန် ပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။ ထိခိုက်ဒဏ်ရာရတဲ့ခရီးသွား​တွေဟာ ဘယ်နိုင်ငံသား​တွေလဲဆိုတာကို​တော့မထုတ်ပြန်ပါဘူး ။

မယ်စ​ရေတံခွန်ဟာ ချင်းမိုင်မှာ လူသိများတဲ့​ရေတံခွန်တစ်ခုဖြစ်ပြီး မြန်မာခရီးသွား​တွေလည်းသွား​လေ့ရှိတဲ့ ​ရေတံခွန်ဖြစ်ပါတယ် ။ ချင်းမိုင်ခရိုင်မှာ မြန်မာနိုင်ငံသား တစ်သိန်းခွဲက​နေ နှစ်သိန်း​ကျော်အထိ့ရှိနိုင်တယ်လို့ IOM နဲ့ သု​တေသန အဖွဲ့အချို့ကခန့်မှန်းထားပါတယ်။

မိုးရာသီမှာရေတံခွန်ကို လာရောက်လည်ပတ်ကြမယ့် ခရီးသွား​တွေအနေနဲ့ မိုးလေဝသအ
ခြေအနေကို ကြိုတင်စစ်ဆေးကြဖို့၊ သဘာဝဘေးအန္တရာယ်တွေကို သတိထားကြဖို့နဲ့ တာ
ဝန်ရှိသူတွေရဲ့သတိပေးချက်၊ညွှန်ကြားချက်​
တွေကိုစနစ်တကျလိုက်နာကြဖို့ ဥယျာဉ်က
မေတ္တာရပ်ခံထားပါတယ်။

ထိုင်းနိုင်ငံမှာ မိုးရာသီကို အကြမ်းဖျင်း ​မေလလယ်က​နေ ​​အောက်တိုဘာလအထိသတ်မှတ်ထားပြီ သြဂုတ်လ နဲ့ စက်တင်ဘရင်​တောငာလဟာမိုးအ​များဆုံးလ​တွေဖြစ်ပါတယ်။ချင်းမိုင်အပါအဝင်ထိုင်းနိုင်ငံ​မြောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်းမိုး​ကောင်း​နေပါတယ်။ချင်းမိုင်မြို့အနီးဝန်းကျင်မှာ ​ရေတံခွန်​တွေများစွာရှိပြီး မိုးရာသီမှာ မိုးသည်းထန်ရင် အခုလို​တောင်ကျ​ရေကြီး​တက်ပါတယ် ။

ဥယာဥ်က​တော့လာ​ရောက်လည်ပတ်သူ​တွေကို ​ရေတံခွန်​ရေ​တွေဟာ ချက်ချင်းတိုးလာရင် ၊​ရေအ​ရောင်ဟာ ​ရုတ်တရက်ကော်ဖီ​ရောင်လို​နောက်ကျိလာရင် ၊မဲနက်လာရင် ဒါမှမဟုတ် ​ရေတံခွန်အ​ပေါ်ပိုင်းက ပုံမှန်မဟုတ်ပဲ​ကျယ်​လောင်တဲ့အသံ​တွေ ကြားရရင် ​ရေထဲက​နေ ကုန်း​ပေါ်ကိုအမြန်တက်ကြဖို့ သတိ​ပေးဆိုင်း
ဘုတ်မှာ​ရေးသားသတိ​ပေးထားတာ​တွေ့ရပါတယ် ။အဲဒီလိုဖြစ်လာရင် ကိုယ်နဲ့အတူပါလာတဲ့ ပစ္စည်း​တွေ​ရေထဲ​မျောပါသွားလို့ လိုက်ဆယ်ယူတာမျိုးလည်းမလုပ်ရဘဲ ​​​ဘေးကင်း​တဲ့ကုန်း​ပေါ်မှာပဲ​နေရမယ်လို့ အကြံပြုကြပါတယ် ။

ကိုးကား-Doi Suthep-Pui National Park
👍13😱73🔥2😢1
😱13👍6🔥2😢2🙏2👎1
ဓါတ်ပုံ-Doi Suthep-Pui National Park ၊Chinmai News in English
10👍8😢5🥰2😁1🙏1
မြန်မာမှာတိုက်ခိုက်မှုတွေလျော့သွားဖို့၊ နိုင်ကျဉ်းတွေပိုလွတ်မြောက်ဖို့၊ လူသားချင်းစာနာမှုအကူအညီလမ်း​ကြောင်းပိုဖွင်ဖို့ထိုင်းမျှော်လင့်ဟုဆို

■မင်း​အောင်လှိုင်က အာဆီယံဘုံသ​ဘောတူ
ညီချက် ၅ ရပ်နဲ့ပတ်သက်ပြီးထိုင်းကိုဘာက
တိမှ မ​ပေးဟုဆို

သြဂုတ်-၁၅၊၂၀၂၆။People's Spring

မြန်မာနိုင်ငံမှာရန်လို အကြမ်းဖက်မှုတွေ လျော့ပါးသွားဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပိုမို လွတ်မြောက်လာဖို့၊ လူသားချင်း စာနာမှု အကူအညီ လမ်းကြောင်းတွေ ပိုမို ဖွင့်လှစ်လာနိုင်ဖို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြား
ရေး ဝန်ကြီးက ပြောပါတယ်။

အတုအယောင်ရွေးကောက်ပွဲကနေတဆင့် သမ္မတ ရာထူးကို ရယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အခုလ ထိုင်းနိုင်ငံ ခရီးစဉ် အပြီးမှာ ထိုင်းအစိုးရဖက်က အခုလို သဘောထား မှတ်ချက် ထွက်ပေါ်
လာတာ ဖြစ်ပါတယ်။ဒါ​ပေမယ့် စစ်တပ်က အာဏာသိမ်း​ခေါင်း​ဆောင် ထိုင်းခရီးစဥ်အပြီးမှာပဲ ရခိုင်ပြည်နယ်ကို ဗုံးဆက်တိုက်ကြဲလို့ပြည်သူအများအပြား​သေဆုံးဒဏ်ရာရခဲ့ပါတယ် ။ဒါ့အပြင် ​ရေ​ဘေးသင့်​နေတဲ့စစ်ကိုင်းတိုင်းကမြို့နယ်​တွေကို​ရေ​ဘေးကယ်ဆယ်​ရေးမလုပ်တဲ့အပြင် ဗုံးကြဲလို့ပြည်သူ​တွေ ဒဏ်ရာရခဲ့ပါတယ် ။ ရှမ်းပြည်နယ်​မြောက်ပိုင်း ၊ကရင်နီပြည် ၊ကချင်ပြည်နယ် ၊ မ​ကွေးတိုင်း စတဲ့​ဒေသ​တွေကိုလည်းစစ်တပ်က ဗုံးဆက်ကြဲခဲ့ပါတယ် ။

အဲဒီလို အခြေအနေတွေကိုသာလက်တွေ့ မြင်
ရမယ်ဆိုရင်အရှေ့တောင်အာရှနိုင်ငံများ အ
စည်းအရုံး (အာဆီယံ)က မြန်မာ့အကျပ်
အတည်းကို ကူညီဖြေရှင်းဖို့ ညှိနှိုင်း လက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်နဲ့ ပတ်
သက်ပြီး ထင်သာမြင်သာ တိုးတက်မှုတွေအဖြစ် သတ်မှတ်လို့ ရနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကောင်က ဆိုပါတယ်။

မြန်မာအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထင်ထင်ရှားရှား အကောင်အထည်ဖော်လာတာမျိုးကို ထိုင်းအစိုးရ အနေနဲ့ အလေးအ
နက် မျှော်လင့်ထားပေမယ့် မင်းအောင်လှိုင်ကတော့ ဒီကိစ္စအတွက် ဘာကတိမှ မပေးခဲ့ကြောင်းဖုန်ကက်ကောင်ကဝန်ခံခဲ့ပါတယ်။

ထိုင်းဖက်က စိုးရိမ်တာတွေ၊ ဖြစ်စေချင်တာတွေကိုပြောခဲ့ကြောင်း၊ ဒါပေမဲ့သံတမန်ရေးမှာတော့တစ်ခါတလေမှာတစ်ထိုင်တည်းကတိတွေ ပေးနေဖို့လည်း မလိုကြောင်း၊ အ
ခြေအနေ အရပ်ရပ်ကို ပြန်စဉ်းစားဖို့နဲ့ ထိုင်းရဲ့ အလေးအနက် အားထုတ်မှုတွေ အသိအ
မှတ်ပြုဖို့ မြန်မာဖက်ကို အချိန်ပေးခဲ့ပြီး တိုး
တက်မှုတွေ ဆက်ရှိနေဖို့ မျှော်လင့်ကြောင်း ဆီဟာဆက်က ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေအတွက်နာမည်ဆိုးထွက်နေတဲ့မင်းအောင်
လှိုင်ကို ဖိတ်ကြားခဲ့ခြင်းက ထိုင်းအစိုးရအ
ပေါ် ပြည်တွင်းမှာရော၊ ဒေသတွင်းမှာပါ ကြီး
မားတဲ့ ဝေဖန်မှုတွေ ကြုံလာစေပါတယ်။ စစ်ရာဇဝတ်ကောင်တစ်ဦး၊အာဏာရှင် တစ်ဦးကို ထိုင်းကတရားဝင်အသိအမှတ်ပြုမှု ပေးလိုက်
တဲ့ အဓိပ္ပါယ် ဖြစ်နေကြောင်း စွပ်စွဲမှုတွေကိုတော့ ဆီဟာဆက်က ငြင်းပယ်သွားပါတယ်။

ထိုင်းရဲ့ လုပ်ဆောင်ချက်တွေဟာ တရားဝင် အသိအမှတ်ပြုမှုနဲ့ဘာမှမဆိုင်ကြောင်း၊ ထိုင်း
ဟာ ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ယူနိုင်ဖို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုကို အားပေးနေတာဖြစ်ကြောင်း၊ရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့လည်း မြန်မာအာဏာပိုင်တွေကို ပိုမို တိုက်တွန်းနေတာဖြစ်ကြောင်း
ဆီဟာဆက်က ဆိုပါတယ်။

မြန်မာ့ ပြည်တွင်းရေးကိစ္စတွေက ထိုင်းကို တိုက်ရိုက်ရိုက်ခတ်လေ့ ရှိတာကြောင့် ထိုင်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်ရင် စစ်မှန်တဲ့၊ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေကိုလိုအပ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။ နိုင်ငံတကာက အတုအယောင် တစ်ခုလို့ သတ်မှတ်နေပေမယ့် ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ တိုးတက်မှုဆန်တဲ့ အပြောင်း
အလဲတချို့ ရှိလာတယ်လို့ သူယုံကြည်ကြောင်း ဆီဟာဆက်က မှတ်ချက်ပေးခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား လွတ်မြောက်လာသလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းလဲ ထားရှိခံရသလို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ကိုယ်စားလှယ်နဲ့လည်း တွေ့ဆုံခွင့် ရခဲ့တာတွေကို သူက ထောက်ပြသွားပါတယ်။

ဒါပေမဲ့ အဲဒီအခြေအနေလောက်ဟာမလုံ
လောက်သေးသလို အာဆီယံကလည်း ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာက ထိထိရောက်ရောက် အကောင်အထည် ဖော်နေတာမျိုးကို မြင်ချင်နေတယ်လို့ ဆီဟာဆက်က ဆိုပါတယ်။ မြန်မာဖက်ကတော့ အဲဒီအချက်တွေကို လက်မခံနိုင်ဘူးလို့ ပြောနေကြောင်း၊ ဒါပေမဲ့ အဲဒီ အချက်တွေကပဲ မြန်မာက အာရုံ
စိုက်ရမယ့်တရားဝင်စိုးရိမ်မှုတွေဖြစ်နေကြောင်း ဆီဟာဆက်ကပြောဆိုသွားပါတယ်။

ထိုင်းအစိုးရဟာ အာဏာသိမ်းစစ်တပ် အာ
ဏာပိုင်တွေသာ မကဘဲ တော်လှန်ရေး အင်
အားစုတွေနဲ့လည်း အဆက်အသွယ် ရှိနေပြီး နှစ်ဖက်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပေါ်ထွန်းလာအောင် ကူညီပေးဖို့ ပြင်ဆင်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။
😁21👍64🔥2👏1💩1🖕1
သူက နှစ်ကုန်ပိုင်းကျရင် ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အ
ဖွဲ့ဝင် နိုင်ငံတွေရဲ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာရဲ့နိုင်ငံရေးကိုယ်စားလှယ်တွေကို ထိပ်
တန်း အစည်းအဝေးတွေမှာ ပြန်တက်ရောက်ခွင့် ပိတ်ပင်ထားတဲ့ လက်ရှိ ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အဲဒီ အစည်းအဝေးကို မင်းအောင်
လှိုင် တက်ခွင့်ရနိုင်ခြေ ရှိတယ်ဆိုတဲ့ ထင်
ကြေးတွေကိုတော့ ဆီဟာဆက်က ပယ်ချသွားပါတယ်။

ကိုးကား: Thai PBS
👍183👎2😁2💩2👏1🖕1
မင်း​အောင်လှိုင်ကို ​ကြိုဆို​နေတဲ့ ထိုင်းနိုင်ငံခြား​ရေးဝန်ကြီး (မျက်မှန်တပ်ထားပြီးပြုံး​နေသူ)။ဓါတ်ပုံ-The Repirters
🖕26😁3💩3👍2👎2👏1🤣1
ချင်းမိုင်အနီးက မယ်စ​ရေတံခွန်တောင်ကျ​ရေကြီးပြီး ခရီးသွားအချို​​မျောပါ၊အချိန်မီကယ်တင်နိုင်လို့ ပွန်းပဲ့ဒဏ်ရာ​တွေရကာ ၁ဦး​ဆေးရုံ​ရောက်

သြဂုတ်-၁၅၊၂၀၂၆။People's Spring

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက
မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်
တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီး
သွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်
က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်
နိုင်ခဲ့ပါတယ် ။

သြဂုတ် ၁၅ ရက်၊ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ချင်းမိုင်မြို့ ရဲ့အ​နောက်​မြောက်ဘက် မြို့လယ်က​နေ ကားနဲ့ မိနစ်သုံးဆယ်ခန့်သွားရတဲ့ မယ်စ​ရေတံခွန်မှာ ရုတ်တရက်
တောင်ကျရေကြီးမှုဖြစ်ပွားခဲ့တာပါ။​ရေတံခွန်​ရေကြီးမှု​ကြောင့် ခရီးသွားအချို့​တောင်ကျ ​ရေထဲ​မျောပါသွားတဲ့သဲထိတ်ရင်ဖို ရုပ်သံမှတ်တမ်းအချို့ လူမှုကွန်ယက်မှာဒီက​နေ့ညပိုင်းပျံ့နှံ့လာပါတယ်။

ဒါ​ပေမယ့် ဒွိုင်ဆူထက်​​​ဖွေးအမျိုးသားဥယာဥ်ကထုတ်ပြန်တာမှာ ​ရုတ်တရင်တောင်ကျ​ရေကြီးတာကိုရေတံခွန်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေက ချက်ချင်းသတိထားမိပြီး
ခရီးသွားတွေကို ရေထဲကနေ ချက်ချင်းတက်ကြဖို့ သတိပေး နှိုးဆော်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တောင်ကျရေက ချက်ချင်းဆိုသလို အရှိန်နဲ့ ထိုးဆင်းလာတာကြောင့် ခရီး
သွားအချို့ ရေထဲက မတက်နိုင်ဘဲ ရေစီးနဲ့ မျောပါသွားတာ၊ရေတံခွန်ဘက်မှာပိတ်မိကျန်
ရစ်တာတွေ ဖြစ်ခဲ့တယ်လို့​ဖော်ပြပါတယ်။

အမျိုးသားဥယျာဉ်ဝန်ထမ်းတွေက​ရေစီးနဲ​​မျောသွားသူ​တွေကို ချက်ချင်း ဝင်ရောက်ကူညီခဲ့ကြလို့ ခရီးသွား အားလုံးကို ဘေးကင်း​အောင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။​ဒါ​ပေ
မယ့်ဗီဒီယိုဖိုင်ထဲမှာ ခရီးသွားအချို့ဟာ ၂ မိနစ်​​​လောက်အထိ့ တောင်ကျ​ရေထဲ​​မျောပါသွားတာ​တွေ့ရပါတယ် ။

ရေထဲ​မျောပါသွားသူအများစုဟာ ပွန်းပဲ့ဒဏ်ရာ​တွေပဲရပြီး ​ရေတံခွန်က​နေ သူတို့အစီအစဥ်အတိုင်း​​ပြန်သွားတယ်လို့ ဥယျဥ်ကဆိုပါတယ်။ဒါ​ပေမယ့်ရေစီးနဲ့ မျောပါသွားခဲ့တဲ့ ခရီးသွား တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့သလို ခေါင်းမူးနေတာကြောင့်ဆေးရုံဆီအမြန် ပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ထိ
ခိုက်ဒဏ်ရာရတဲ့ခရီးသွား​တွေဟာဘယ်နိုင်ငံ
သား​တွေလဲဆိုတာကို​တော့မထုတ်ပြန်ပါဘူး ။

မယ်စ​ရေတံခွန်ဟာ ချင်းမိုင်မှာ လူသိများတဲ့​ရေတံခွန်တစ်ခုဖြစ်ပြီး မြန်မာခရီးသွား​တွေလည်းသွား​လေ့ရှိတဲ့ ​ရေတံခွန်ဖြစ်ပါတယ် ။ ချင်းမိုင်ခရိုင်မှာ မြန်မာနိုင်ငံသား တစ်သိန်းခွဲက​နေ နှစ်သိန်း​ကျော်အထိ့ရှိနိုင်တယ်လို့ IOM နဲ့ သု​တေသန အဖွဲ့အချို့ကခန့်မှန်းထားပါတယ်။

မိုးရာသီမှာရေတံခွန်ကို လာရောက်လည်ပတ်ကြမယ့် ခရီးသွား​တွေအနေနဲ့ မိုးလေဝသအ
ခြေအနေကို ကြိုတင်စစ်ဆေးကြဖို့၊ သဘာဝဘေးအန္တရာယ်တွေကို သတိထားကြဖို့နဲ့ တာ
ဝန်ရှိသူတွေရဲ့သတိပေးချက်၊ညွှန်ကြားချက်​
တွေကိုစနစ်တကျလိုက်နာကြဖို့ ဥယျာဉ်က
မေတ္တာရပ်ခံထားပါတယ်။

ထိုင်းနိုင်ငံမှာ မိုးရာသီကို အကြမ်းဖျင်း ​မေလလယ်က​နေ ​​အောက်တိုဘာလအထိသတ်မှတ်ထားပြီ သြဂုတ်လ နဲ့ စက်တင်ဘရင်​တောငာလဟာမိုးအ​များဆုံးလ​တွေဖြစ်ပါတယ်။ချင်းမိုင်အပါအဝင်ထိုင်းနိုင်ငံ​မြောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်းမိုး​ကောင်း​နေပါတယ်။ချင်းမိုင်မြို့အနီးဝန်းကျင်မှာ ​ရေတံခွန်​တွေများစွာရှိပြီး မိုးရာသီမှာ မိုးသည်းထန်ရင် အခုလို​တောင်ကျ​ရေကြီး​တက်ပါတယ် ။

ဥယာဥ်က​တော့လာ​ရောက်လည်ပတ်သူ​တွေကို ​ရေတံခွန်​ရေ​တွေဟာ ချက်ချင်းတိုးလာရင် ၊​ရေအ​ရောင်ဟာ ​ရုတ်တရက်ကော်ဖီ​ရောင်လို​နောက်ကျိလာရင် ၊မဲနက်လာရင် ဒါမှမဟုတ် ​ရေတံခွန်အ​ပေါ်ပိုင်းက ပုံမှန်မဟုတ်ပဲ​ကျယ်​လောင်တဲ့အသံ​တွေ ကြားရရင် ​ရေထဲက​နေ ကုန်း​ပေါ်ကိုအမြန်တက်ကြဖို့ သတိ​ပေးဆိုင်း
ဘုတ်မှာ​ရေးသားသတိ​ပေးထားတာ​တွေ့ရပါတယ် ။အဲဒီလိုဖြစ်လာရင် ကိုယ်နဲ့အတူပါလာတဲ့ ပစ္စည်း​တွေ​ရေထဲ​မျောပါသွားလို့ လိုက်ဆယ်ယူတာမျိုးလည်းမလုပ်ရဘဲ ​​​ဘေးကင်း​တဲ့ကုန်း​ပေါ်မှာပဲ​နေရမယ်လို့ အကြံပြုကြပါတယ် ။

ကိုးကား-Doi Suthep-Pui National Park
👍246😢3🔥1
Media is too big
VIEW IN TELEGRAM
ရုပ်သံ- Chiang Mai News in English
👍27😱91🔥1😢1
ဖမ်းဆီးထားတဲ့ BNRA တပ်ရင်းမှူး ၂ဦး ထွက်ပြေး

ဩဂုတ်-၁၆၊၂၀၂၆။ ကဖေး/People's Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို ကာကွယ်
ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်
ရင်း၊တပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ BNRA တပ်ရင်း
မှူး သုဘရာဇာနဲ့ ဒေါင်းညိုဟာ ဆေးကူသမှုခံယူနေစဉ် ထွက်ပြေးလွတ် မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။

သုဘရာဇာနဲ့ ဒေါင်းညိုဟာ ပင်လည်ဘူးမြို့နယ်ဘက်မှာ ဆေးကုသမှုခံယူနေစဉ် လူနာစောင့်ကို အိပ်ဆေးခတ်ပြီး ထွက်ပြေးသွားတာလို့ စစ်ကိုင်းတ်ိုင်းအခြေစိုက် သတင်းသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

၎င်းတို့ ၂ဦးဟာ လူနာစောင့်ကို အဆိပ်လိုလို ၊ အိပ်ဆေးလိုလို ခပ်ပြီးထွက်ပြေးသွားလို့ တွေ့ရှိရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်ကတဆင့် ဩဂုတ် ၁၅ရက် ညပိုင်းမှာ အသိပေးထားပါတယ်။

လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုအချို့အပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေကို ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ဝင်တွေက ကျူးလွန်နေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့် BNRA စခန်းတွေကို PDFနဲ့ ပကဖ ရဲဘော်တွေက ဖယ်ရှားရာကနေ ဖေဖော်ဝါရီ ၁၇ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီ​နောက် ဗိုလ်နဂါးနဲ့ အဖွဲ့ဝင်တချို့က စစ်တပ်နဲ့ပူး​ပေါင်းသွားပြီး စစ်တပ်က ဗိုလ်နဂါးကို ရဟတ်ယာဥ်နဲ့ ​ခေါ်​ပေးခဲ့ပါတယ်။ ဒေသတွင်းမှာ ကျန်ရှိနေတဲ့ BNRA တပ်ဖွဲ့ဝင်တွေကို PDFနဲ့ ပကဖ ရဲဘော်တွေက လိုက်လံဖမ်းဆီးတာတွေ၊ စည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

BNRA စခန်းတွေစီးနင်းဖယ်ရှားပြီးနောက် လက်ကျန်တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေအပ်ဖို့၊ပြစ်မှုမရှိရင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့နဲ့ ပြစ်မှုရှိသူတွေကို စစ်
ဆေး၊ ဖော်ထုတ်၊ အပြစ်ပေး၊ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကာ
ကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ခဲ့ပြီးပြစ်မှုကျုးလွန်ထားခြင်းမရှိတဲ့ သူတွေစိတ်ဆန္ဒရှိပါက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲမှာ ပါဝင်ဖို့ MODကလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

PDF နဲ့ ပကဖထံ BNRA တပ်ဖွဲ့ဝင် ၂၀၀‌ ကျော် လက်နက်ချခဲ့ပြီး ဗိုလ်နဂါးနဲ့ အနီးကပ်နေထိုင်ကြတဲ့ သုဘရာဇာ၊ ဒေါင်းညို၊ စစ်နိုင်ဆိုသူတွေလည်း ပါဝင်ပါတယ်။ဗိုလ်နဂါးနဲ့အတူ ယောက်ဖဖြစ်တဲ့ BNRA ဒုဥက္ကဋ္ဌကိုဖြိုးနဲ့ စစ်ရေးဝာာဝန်ခံ ကိုလတ်အပါအဝင် ၅ ဦးနဲ့ စုစုပေါင်း ၂၀ ကျော်ဟာစစ်တပ်နဲ့ ပူး​ပေါင်းသွားခဲ့ကြပါတယ်။

သုဘရာဇာနဲ့ ဒေါင်းညိုဟာ ထွက် ပြေးတဲ့ဖြစ်စဉ်ဟာ BNRAအဖွဲ့ ထိပ်ပိုင်းတာဝန်ရှိသူအချို့ကို ထိန်းသိမ်းထားရာကနေ ထွက်ပြေးသွားတဲ့ ဒုတိယမြောက်ဖြစ်စဉ် ဖြစ်ပါတယ်။ ဖေ‌ဖော်ဝါရီမှာဘဲBNRAတပ်ရင်း(၃)တပ်ရင်း
မှူး ဗိုလ်မျက်လုံးဟာ PDF တွေဆီ လက်နက်
ချပြီးမှ ထွက်ပြေးသွားပြီး စစ်တပ်နဲ့ ပူးပေါင်းပါခဲ့ပါတယ်။

စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ BNRA ခေါင်းဆောင်ဗိုလ်နဂါးကတော့ လက်ရှိမှာ တော်လှန်ရေးကို ပုံဖျက်နေတဲ့ သုံးသပ်ချက်စာတွေ လူမှုကွန်
ရက်ပေါ်မှာ ရေးပြီး စစ်တပ်အတွက်ဆက်
တိုက်ဝါဒဖြန့်ချိနေတယ်လို့ ပုလဲမြို့နယ်က တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
👎28🤬65🤮5🔥4👍3👏1🤩1
(ထွက်ပြေးသွားတဲ့ သုဘရာဇာနဲ့ ဒေါင်းညိုကို တွေ့ရစည်။ ဓာတ်ပုံ - CJ)
👍17🔥12💩7👎21👏1🤣1🖕1