People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC)ရဲ့ အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကောင်စီက ဒီနေ့ ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်လိုက်ပြီး အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင်က တာဝန်ယူထားကြောင်း အသိပေးပါတယ်။ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပညာရေးဝန်ကြီးဌာန၊ ချင်း၊ မွန်၊ တအာင်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပအိုဝ်း ပညာရေးအဖွဲ့အစည်းများ၊ ဆရာ၊ ကျောင်းသား၊ ပညာရေးလုပ်သား အဖွဲ့အစည်းများနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကောင်စီကို ကဏ္ဍ (၆)ခုမှ အဖွဲ့အစည်း (၁၈) ဖွဲ့၊ ပညာရေးပညာရှင် (၂) ဦး ပါဝင်ဖွဲ့စည်းထားတာပါ။ ကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖော်နေပြီး ပိုမိုထိရောက်၊ စနစ်တကျရှိတဲ့ အဟုန်တစ်ခုနဲ့ တိုးမြှင့် အကောင်အထည်ဖော်နိုင်ရေး ရည်ရွည်ကာ ဩဂုတ် ၁၁ရက်မှာ အဖွဲ့ဝင်များရဲ့ စုံညီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကောင်စီအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ အသိပေးပါတယ်။ ဆက်လက်အကောင်အထည်‌ဖော်ဖို့ရှိတဲ့ ကောင်စီရဲ့လုပ်ငန်းများကို ဥက္ကဋ္ဌရဲ့ဦးဆောင်မှုနဲ့ စနစ်တကျဆောင်ရွက်ဖို့၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနဲ့ တရားဝင် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ဖို့၊ လိုအပ်တဲ့ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ စနစ်တကျဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့လည်း ဆက်လက်အသိပေးပါတယ်။ ဒီလို ဖွဲ့စည်းရာမှာ ပညာရေးကဏ္ဍအတွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့များ ပိုမိုစုံလင်စွာ ပါဝင်နိုင်ရေးကို ထည့်သွင်းစဉ်းစားဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

◾️KIAနဲ့ စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဗုံးကြဲနေ

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ရွှေကူမြို့အပါအဝင် ကချင်ဒေသ လတ်တလော စစ်ရေးအခြေအနေတွေကို သတင်းရင်းမြစ်က အခုလို ရှင်းပြပေးတာပါ။ ရွှေကူမြို့စစ်မျက်နှာမှာ အာဏာသိမ်းစစ်တပ်က တနေ့ ၂ကြိမ်နှုန်းနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ၅ရက်ဆက်ရှိပြီလို့ အသိပေးပါတယ်။ ရွှေကူမြို့ဒေသခံကလည်း မြို့ဟာ ပြည်သူတွေ ဆက်မနေသင့်တဲ့ အခြေအနေဖြစ်ပြီး မြို့အပြင်ပတ်လည်မှာလည်း တိုက်ပွဲတွေဖြစ်တာ လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် ရွှေကူမြို့ရဲစခန်းတိုက်ခိုက်ခံရမှုမှာ အထိအခိုက်တွေရှိတယ်လို့လည်း ဆိုပါတယ်။

◾️ပေါက်နဲ့မြိုင်ဒေသမှာ စစ်ကြောင်းထိုးတဲ့စစ်ကြောင်း အကျအဆုံးများ

မကွေးတိုင်း၊ ပေါက်နဲ့မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ကို​ တော်လှန်​ရေးတပ်​တွေက ခုခံတိုက်ခိုက်တာ​ကြောင့် စစ်တပ်ဘက်က သေဆုံးထိခိုက်သူ ၅၀ ကျော်ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရရှိတယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနေ့ သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အင်အား၅၀၀ ၀န်းကျင်နဲ့ ပခုက္ကူခရိုင်အတွင်းကို မေလကစတင်ပြီး လတ်တလောအထိ စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို ‘အညာတမာ’ စစ်ဆင်ရေးစုဖွဲ့မှုနဲ့ စနစ်တကျစုဖွဲ့ကာခုခံတိုက်ခိုက်နေတယ်လို့ ဩဂုတ် ၁၅ရက်မှာ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကထုတ်ပြန်တာပါ။ အဲဒီစစ်ကြောင်းနဲ့ အကြိမ် ၃၀ ထက်မနည်း ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က အနည်းဆုံး ၅၀ ‌ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

◾️ဆောမြို့နယ်တိုက်ပွဲဖြစ်စဉ် PDF ထုတ်ပြန်

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က ဂန့်ဂေါခရိုင်စစ်ဌာနက ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၁ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ဆောမြို့တွင်းကနေ လောင်းရှည်မြို့ဘက်ကို စစ်ကူထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဟန့်တား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်း အထိနာပြီး ရှေ့မတိုးနိုင်ဘဲ လန်ကျသွားခဲ့တဲ့အပြင် ခမရ (၅၇၃) တပ်ရင်းက တပ်သား နေမင်းထွန်းကို အရှင်ဖမ်းဆီးရမိခဲ့ပြီး MA1 သေနတ် ၁လက် ကျည်ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေး ဆောင်ရွက်နေမှုကာလအတွင်း စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းခိုလှုံလာပြီး ကောင်းစွာ ထိန်းသိမ်းထားရှိကာ နေရပ်ပြန်လိုသူတွေကို မိသားစုဝင်တွေနဲ့ချိတ်ဆက် လွှဲပြောင်းပို့ဆောင်ပေးနေတယ်လို့လည်း အသိပေးပါတယ်။

◾️စဉ့်ကူးမှာ စစ်တပ်အထိုင်စခန်းနီးရာကနေ ပြောင်းရွှေ့ဖို့ PDF ထုတ်ပြန်
14👍5🔥2🖕2
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRIဗျူဟာက ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ကမ်းဟာ စစ်တပ်လှုပ်ရှားသွားလာအုပ်ချုပ်ရာနယ်မြေ ဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ စစ်ရေးလှုပ်ရှားမယ့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခွင်းမယ့် နယ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် မြစ်အရှေ့ဖက်ကမ်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်တဲ့နေ့ကစပြီး စစ်မအေးခင်ကာလအထိ သို့မဟုတ် PDF က စစ်အေးကာလဖြစ်ကြောင်း ပြန်လည်ရွှေ့ပြောင်း နေထိုင်လို့ရပြီလို့ မထုတ်ပြန်ခင်အထိ လွတ်ကင်းရာ နေရာဆီ ပြောင်း‌ရွှေ့ နေထိုင်ကြဖို့ ထုတ်ပြန်ပါတယ်။

◾️SCEF က စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ ထပ်မံတွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ လွှတ်တော်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး SCEF ရဲ့ စုဖွဲ့မှု မှာ ပါဝင်ဖို့ ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၃ရက်က တွေ့ဆုံခဲ့တာဖြစ်ပြီး SCEF ရဲ့စုဖွဲ့မှု ၊ လုပ်ငန်းဆောင်ရွက်မှုမူဘောင် (Operational Framework) ၊ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်အဆိုပြုချက်တွေကို ရှင်းလင်းတင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။ တွေ့ဆုံမှုမှာ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ်၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေး တို့ ပါဝင်ခဲ့ပြီး ဆွေးနွေးရာမှာ အပြုသဘောဆွေးနွေးခဲ့သလို ကျန်နေတဲ့ အသေးစိတ် အချက်အလက်တွေကို တတိယအကြိမ် အစည်းအဝေးမှာ ဆက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

◾️အာဆီယံအထူးကိုယ်စားလှယ်သစ်မလိုအပ်ဘူးလို့ စစ်တပ် ပြောဆိုမှု APHR ပယ်ချ

အာဆီယံက မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ အာဆီယံ နိုင်ငံတွေ ညှိနှိုင်းလက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်တစ်ခုကို ပယ်ဖျက်ဖို့ မြန်မာစစ်တပ်ရဲ့ အားထုတ်မှု တစ်ခုဖြစ်တယ်လို့ APHR က ဆိုပါတယ်။ တစ်နည်းအားဖြင့် စစ်တပ်ကိုယ်တိုင် ဘယ်တုန်းကမှ မလိုက်နာခဲ့တဲ့ ဒေသတွင်း တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ ပြဋ္ဌာန်းချက် တစ်ခုကို ပိတ်ပင်ဖို့ ကြိုးစားတဲ့ အဓိပ္ပါယ်လည်းဖြစ်ကြောင်း APHRက ဝေဖန်ခဲ့ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေကို ဆိုးရွားလာစေပြီး လူသန်းပေါင်းများစွာကို ဆင်းရဲဒုက္ခ ကြုံစေတဲ့ စစ်တပ် အုပ်စိုးမှုဟာ မြန်မာပြည်သူတွေရဲ့ လိုလားချက် ဆန္ဒတွေကို ကိုယ်စားမပြုဘူးလို့ APHR ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားအောက်လွှတ်တော် အမတ် မာစီ ခရစ္စတီ ဘာရင်းစ်စ်က ပြောကြားခဲ့ပါတယ်။

◾️ကနီမှာ စစ်တပ် ဗုံးကြဲလို့ လူငယ် ၁ဦး သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က သြဂုတ် ၁၄ ရက် ညနေပိုင်းက အာဏာသိမ်းစစ်တပ်ဟာ ကနီမြို့နယ် နွားခြံကုန်းကျေးရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ပါရာမော်တာ ၂ စီး ၊ နတ်လာပို့တောင်ရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၂၀) အရွယ် အမျိုးသား သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။ နွားခြံကုန်းရွာနဲ့ နတ်လာပို့တောင်ကျေးရွာဟာ ယခင်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြုံရပြီး ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
🔥86🖕3🙏1
👍182😁2🤣1🖕1
👍13🥰1🖕1
ချင်းမိုင်အနီးက မယ်စ​ရေတံခွန်တောင်ကျ​ရေကြီးပြီး ခရီးသွားအချို​​မျောပါ၊အချိန်မီကယ်တင်နိုင်လို့ ပွန်းပဲ့ဒဏ်ရာ​တွေရကာ ၁ဦး​ဆေးရုံ​ရောက်

သြဂုတ်-၁၅၊၂၀၂၆။People's Spring

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက
မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်
တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီး
သွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်
က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်
နိုင်ခဲ့ပါတယ် ။

သြဂုတ် ၁၅ ရက်၊ညနေ ၄ နာရီ ၂၀ မိနစ်လောက်မှာ ချင်းမိုင်မြို့ ရဲ့အ​နောက်​မြောက်ဘက် မြို့လယ်က​နေ ကားနဲ့ မိနစ်သုံးဆယ်ခန့်သွားရတဲ့ မယ်စ​ရေတံခွန်မှာ ရုတ်တရက်
တောင်ကျရေကြီးမှုဖြစ်ပွားခဲ့တာပါ။​ရေတံခွန်​ရေကြီးမှု​ကြောင့် ခရီးသွားအချို့​တောင်ကျ ​ရေထဲ​မျောပါသွားတဲ့သဲထိတ်ရင်ဖို ရုပ်သံမှတ်တမ်းအချို့ လူမှုကွန်ယက်မှာဒီက​နေ့ညပိုင်းပျံ့နှံ့လာပါတယ်။

ဒါ​ပေမယ့် ဒွိုင်ဆူထက်​​​ဖွေးအမျိုးသားဥယာဥ်ကထုတ်ပြန်တာမှာ ​ရုတ်တရင်တောင်ကျ​ရေကြီးတာကိုရေတံခွန်မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေက ချက်ချင်းသတိထားမိပြီး
ခရီးသွားတွေကို ရေထဲကနေ ချက်ချင်းတက်ကြဖို့ သတိပေး နှိုးဆော်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ တောင်ကျရေက ချက်ချင်းဆိုသလို အရှိန်နဲ့ ထိုးဆင်းလာတာကြောင့် ခရီး
သွားအချို့ ရေထဲက မတက်နိုင်ဘဲ ရေစီးနဲ့ မျောပါသွားတာ၊ရေတံခွန်ဘက်မှာပိတ်မိကျန်
ရစ်တာတွေ ဖြစ်ခဲ့တယ်လို့​ဖော်ပြပါတယ်။

အမျိုးသားဥယျာဉ်ဝန်ထမ်းတွေက​ရေစီးနဲ​​မျောသွားသူ​တွေကို ချက်ချင်း ဝင်ရောက်ကူညီခဲ့ကြလို့ ခရီးသွား အားလုံးကို ဘေးကင်း​အောင်ကယ်ထုတ်နိုင်ခဲ့ပါတယ်။​ရေထဲ​မျောပါသွားသူအများစုဟာ ပွန်းပဲ့ဒဏ်ရာ​တွေပဲရပြီး ​ရေတံခွန်က​နေ သူတို့အစီအစဥ်အ
တိုင်း​​ပြန်သွားတယ်လို့ဆို့ပါတယ်။

ဒါ​ပေမယ့်ရေစီးနဲ့ မျောပါသွားခဲ့တဲ့ ခရီးသွား တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရခဲ့သလို ခေါင်းမူးနေတာကြောင့်ဆေးရုံဆီအမြန် ပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ် ။ ထိခိုက်ဒဏ်ရာရတဲ့ခရီးသွား​တွေဟာ ဘယ်နိုင်ငံသား​တွေလဲဆိုတာကို​တော့မထုတ်ပြန်ပါဘူး ။

မယ်စ​ရေတံခွန်ဟာ ချင်းမိုင်မှာ လူသိများတဲ့​ရေတံခွန်တစ်ခုဖြစ်ပြီး မြန်မာခရီးသွား​တွေလည်းသွား​လေ့ရှိတဲ့ ​ရေတံခွန်ဖြစ်ပါတယ် ။ ချင်းမိုင်ခရိုင်မှာ မြန်မာနိုင်ငံသား တစ်သိန်းခွဲက​နေ နှစ်သိန်း​ကျော်အထိ့ရှိနိုင်တယ်လို့ IOM နဲ့ သု​တေသန အဖွဲ့အချို့ကခန့်မှန်းထားပါတယ်။

မိုးရာသီမှာရေတံခွန်ကို လာရောက်လည်ပတ်ကြမယ့် ခရီးသွား​တွေအနေနဲ့ မိုးလေဝသအ
ခြေအနေကို ကြိုတင်စစ်ဆေးကြဖို့၊ သဘာဝဘေးအန္တရာယ်တွေကို သတိထားကြဖို့နဲ့ တာ
ဝန်ရှိသူတွေရဲ့သတိပေးချက်၊ညွှန်ကြားချက်​
တွေကိုစနစ်တကျလိုက်နာကြဖို့ ဥယျာဉ်က
မေတ္တာရပ်ခံထားပါတယ်။

ထိုင်းနိုင်ငံမှာ မိုးရာသီကို အကြမ်းဖျင်း ​မေလလယ်က​နေ ​​အောက်တိုဘာလအထိသတ်မှတ်ထားပြီ သြဂုတ်လ နဲ့ စက်တင်ဘရင်​တောငာလဟာမိုးအ​များဆုံးလ​တွေဖြစ်ပါတယ်။ချင်းမိုင်အပါအဝင်ထိုင်းနိုင်ငံ​မြောက်ပိုင်းမှာ အခုရက်ပိုင်းအတွင်းမိုး​ကောင်း​နေပါတယ်။ချင်းမိုင်မြို့အနီးဝန်းကျင်မှာ ​ရေတံခွန်​တွေများစွာရှိပြီး မိုးရာသီမှာ မိုးသည်းထန်ရင် အခုလို​တောင်ကျ​ရေကြီး​တက်ပါတယ် ။

ဥယာဥ်က​တော့လာ​ရောက်လည်ပတ်သူ​တွေကို ​ရေတံခွန်​ရေ​တွေဟာ ချက်ချင်းတိုးလာရင် ၊​ရေအ​ရောင်ဟာ ​ရုတ်တရက်ကော်ဖီ​ရောင်လို​နောက်ကျိလာရင် ၊မဲနက်လာရင် ဒါမှမဟုတ် ​ရေတံခွန်အ​ပေါ်ပိုင်းက ပုံမှန်မဟုတ်ပဲ​ကျယ်​လောင်တဲ့အသံ​တွေ ကြားရရင် ​ရေထဲက​နေ ကုန်း​ပေါ်ကိုအမြန်တက်ကြဖို့ သတိ​ပေးဆိုင်း
ဘုတ်မှာ​ရေးသားသတိ​ပေးထားတာ​တွေ့ရပါတယ် ။အဲဒီလိုဖြစ်လာရင် ကိုယ်နဲ့အတူပါလာတဲ့ ပစ္စည်း​တွေ​ရေထဲ​မျောပါသွားလို့ လိုက်ဆယ်ယူတာမျိုးလည်းမလုပ်ရဘဲ ​​​ဘေးကင်း​တဲ့ကုန်း​ပေါ်မှာပဲ​နေရမယ်လို့ အကြံပြုကြပါတယ် ။

ကိုးကား-Doi Suthep-Pui National Park
👍13😱73🔥2😢1
😱13👍6🔥2😢2🙏2👎1
ဓါတ်ပုံ-Doi Suthep-Pui National Park ၊Chinmai News in English
10👍8😢5🥰2😁1🙏1