People's Spring
59.9K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(လေးမျက်နှာမြို့ ရေတက်လာတာကို တိုင်းတာတဲ့ အမှတ်အသား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍25🙏6🔥4😢4👎1🤨1
စစ်ကိုင်းရေဘေး ရေပြန်ကျပေမဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

သြဂုတ် ၁၅၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်လည်ကျဆင်းနေပေမဲ့ ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။

​ရေ​ဘေးဒဏ် အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၁၃ မြို့နယ်မှာ ရေ​ကြီး​ရေလျှံ​မှူတွေ ဖြစ်ပွားခဲ့ရာမှာ ယခုရက်ပိုင်း ရေပြန်လည်ကျဆင်းလာပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေး​ပေါ် လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။

"ရေဘေးအခြေအနေကတော့ အောက်ပိုင်းမြို့နယ်တွေကတော့ ကူညီနေရဆဲဖြစ်တယ်။ အဓိကကတော့ ရိက္ခာနဲဆေးဝါး အဓိကလိုမယ်လို့ ယူဆပါတယ်။ ပြီးရင်တော့ ပြန်လည်ထူထောင်ရေးအတွက်လည်း လိုအပ်ပါတယ်"လို့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ စစ်ကိုင်းတိုင်း ဒေသ သပိတ်အင်အားစုမှ ကိုရှင်းသန့်က ပြောပါတယ်။

အလားတူ ရွှေဘိုပကဖ တာဝန်ရှိသူုကလည်း "ရေသန့်နဲ့ ဆေးဝါးတွေ အဓိက လိုအပ်ပါတယ်"လို့ ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် လမ်းပိုင်းတွေလည်း ပျက်စီးသွားတာမို့ ရေဘေးကူညီမှုသွားတဲ့နေရာမှာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ရေကြီးတဲ့ဒေသတွေဟာ စစ်တ​ပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ စစ်ကြောင်းထိုးမီးရှိူ့မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အ​ကြိမ်ကြိမ်ခံခဲ့ရတဲ့ဒေသတွေ ဖြစ်ပါတယ်။

လက်ရှိ စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီး ရေ​ဘေးရင်ဆိုင်​နေရတာဖြစ်ပါတယ်။
👍22😢11🙏3🤣3👎1
(ရေဘေးအလှူသွားရောက်နေသော စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုမှ ရဲဘော်များအား တွေ့ရစဥ် ဓါတ်ပုံ-စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု)
👍316😢2🔥1👏1
ဆောမြို့နယ်တိုက်ပွဲဖြစ်စဉ် PDF ထုတ်ပြန်၊ အလင်းဝင်လာသူတွေကို ကောင်းမွန်စွာ စောင့်ရှောက်ထား

ဩဂုတ်-၁၅ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က ဂန့်ဂေါခရိုင်စစ်ဌာနက ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၁ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ဆောမြို့တွင်းကနေ လောင်းရှည်မြို့ဘက်ကို စစ်ကူထွက်လာတဲ့စစ်တပ်စစ်ကြောင်းကို ဟန့်တား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်း အထိနာပြီး ရှေ့မတိုးနိုင်ဘဲ လန်ကျသွားခဲ့တဲ့အပြင် ခမရ (၅၇၃) တပ်ရင်းက တပ်သား နေမင်းထွန်း ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး MA1 သေနတ် ၁လက် ကျည်ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းက ထပ်မံ အင်အားဖြည့်ပြီးပြန်လည် ထိုးစစ်ဆင်လာတာကို ခုခံတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း MA1 သေနတ် ၁ လက်နဲ့ ဖုန်း ၁ လုံးကို ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်စစ်ကြောင်း အထိနာပြီး ရှေ့မတိုးနိုင်ဘဲရှိတာကြောင့် တပ်ရင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့ချိန်မှာ RPG7 အဖူး ၁၄ ခု နဲ့ ဆက်စပ်ပစ္စည်းတွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆင်ရေး ဆောင်ရွက်နေမှုကာလအတွင်း စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းခိုလှုံလာပြီး ကောင်းစွာ ထိန်းသိမ်းထားရှိကာ နေရပ်ပြန်လိုသူတွေကို မိသားစုဝင်တွေနဲ့ချိတ်ဆက် လွှဲပြောင်းပို့ဆောင်ပေးနေတယ်လို့လည်း အသိပေးပါတယ်။

မကွေးတိုင်း၊ ဆော - လောင်းရှည် လမ်းပိုင်းကို စစ်တပ်က ၄ ကြိမ်ထက်မနည်း ထိုးစစ်ဆင်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ခုခံနိုင်ခဲ့ပြီး စစ်သုံ့ပန်းနဲ့ အလင်း၀င်များစွာ ရှိနေတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူကိုဇင်ကို၀င်းက ဩဂုတ် ၉ ရက်မှာ သူရဲ့လူမှုကွန်ရက်ကတဆင့် ပြောထားပါတယ်။

လက်ရှိ အချိန်ထိလည်း လူ ၊လက်နက်အင်အား အမြောက်အများအသုံးပြုတဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို ဆော - လောင်းရှည် လမ်းမကြီးပေါ်မှာဘဲ ရအောင်ကာကွယ်နေတယ်လို့လည်း အသိပေးပါတယ်။

ဇူလိုင် ၁၆ ရက်က လောင်ရှည်မြို့ကနေ ဆောမြို့ကို အင်အား ၃၀၀ ခန့်နဲ့ တပ်မ (၉၉)က စစ်ကြောင်းထိုးခဲ့တာဖြစ်ပေမယ့် PDF ခရိုင်စစ်ဌာနနဲ့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ ရက်ကလည်း အင်အား(၁၈၀) ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းက လေကြောင်းပစ်ကူယူပြီး မြေပြင်၊ဝေဟင် ထိုးစစ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ထပ်မံဆုတ်ခွာသွားခဲ့တယ်လို့ မကွေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင် ၂၈ ရက်က ကနဦး ထုတ်ပြန်ထားဖူးပါတယ်။

အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးမှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတင်ကား (၃) စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

စစ်ဆင်ရေးလုပ်ငန်းတွေကို မကွေးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်ကနေ ဆောင်ရွက်နေပြီး တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသရွေ့ ကူညီဖေးမဖို့လည်း ဂန့်ဂေါခရိုင်စစ်ဌာနက မေတ္တာရပ်ခံထားပါတယ်။

မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ(၂၅) ကနေ စစ်တပ်က စစ်ကြောင်း ၂ခုသုံးပြီး ပေါက်မြို့ကတဆင့် ကျောက်ထုမြို့ နဲ့ လောင်းရှည်ကတဆင့် ဆောမြို့အတွင်း ဝင်ရောက်ခဲ့ပါတယ်။

ကျောက်ထုက စစ်ကြောင်းဟာ မင်းတပ်မြို့ကို ဦးတည်စစ်ဆင်နေပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင်ပိုင်း ထိုးစစ်ကို စစ်တပ်က တပ်မ (၅၅)၊ (၈၈) ၊ (၉၉) နဲ့ (၁၀၁) က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ၀န်းကျင်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
23👍10👏6🤣2🥰1🖕1
(ဆောမြို့နယ်တိုက်ပွဲတွေမှာ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာန)
25👍13👏5🥰1🤣1🖕1
ဗန်းမော်၊ ရွှေကူနဲ့ မိုးမိတ်- မဘိမ်းအစပ်မှာ KIAနဲ့ စစ်တပ် တိုက်ပွဲဖြစ်၊ စစ်တပ်က ဗုံးကြဲနေ

ဩဂုတ် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ရွှေကူမြို့အပါအဝင် ကချင်ဒေသ လတ်တလော စစ်ရေးအခြေအနေတွေကို သတင်းရင်းမြစ်က အခုလို ရှင်းပြပေးတာပါ။

“ရွှေကူမှ ဗန်းမော်အထွက် ငဘတ်ကြီးဘက်မှာ ၂ရက်၊ ၃ရက်ခြား စစ်ကြောင်းထိုးပြီး ပြန်ဆုတ်ပါတယ်။ လေယာဉ်နဲ့ အဲဒီနေရာ မြစ်ကမ်းနေရာတွေ မိုးကမိတ်ကနေ မဘိမ်းမြို့နယ်အစပ်ကို စစ်ကြောင်းထိုး နေ့တိုင်း လေယာဉ်ကြဲနေတယ်။ဗန်းမော်မြို့တွင်းမှာလည်း မနေ့ကစပြီး ရန်သူစစ်ကြောင်းထိုးလို့ တိုက်ပွဲပြန်ဖြစ်နေတယ်”လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

ရွှေကူမြို့စစ်မျက်နှာမှာ အာဏာသိမ်းစစ်တပ်က တနေ့ ၂ကြိမ်နှုန်းနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ၅ရက်ဆက်ရှိပြီလို့ အသိပေးပါတယ်။

ရွှေကူမြို့ဒေသခံကလည်း မြို့ဟာ ပြည်သူတွေ ဆက်မနေသင့်တဲ့ အခြေအနေဖြစ်ပြီး မြို့အပြင်ပတ်လည်မှာလည်း တိုက်ပွဲတွေဖြစ်တာ လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ရွှေကူမြို့ရဲစခန်းတိုက်ခိုက်ခံရမှုမှာ အထိအခိုက်တွေရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်က “ ရဲစခန်းကို FPV ဒရုန်းကျတာ နေမှာပါ” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကာလအတန်ကြာ တိုက်ပွဲငြိမ်နေတဲ့ မိုးမိတ်မြို့ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားခဲ့လို့ KIAနဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။စစ်တပ်ကို ခုခံရာမှာ KIAနဲ့အတူ ကျောင်းသားတပ်မတော်လို့ ခေါ်ဆိုတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) -မြောက်ပိုင်း တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တိုက်ခိုက်နေတာပါ။

မိုးမိတ်မြို့တိုက်ပွဲမှာ စစ်တပ်ဘက်ကလည်း အရာရှိတွေအပါအဝင် ထိခိုက်ကျဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ အဲဒီလိုထိခိုက်မှုတွေ ဖြစ်နိုင်ခြေရှိကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။

တဖက်မှာလည်း စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ရှမ်းမြောက်က ကွတ်ခိုင်မြို့နယ်အတွင်းကိုလည်း ဩဂုတ် ၁၄ရက်က လေကြောင်း တိုက်ခိုက်ခဲ့ပါသေးတယ်။

ကချင်ဒေသစစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်ထားပေမဲ့ အဆက်အသွယ်မရသေးပါဘူး။
🤬19👍8🔥63👎3👏1
(ရွှေကူမြို့က ဘုန်းကြီးကျောင်းကို စစ်တပ်က ဩဂုတ်၁၂ရက်မှာ လေကြောင်းကနေ ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N/FB)
🤬28👎53🤮2🔥1👏1
ကနီမှာ စစ်တပ် ဗုံးကြဲလို့ လူငယ် ၁ဦး သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရ

သြဂုတ် ၁၅၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က သြဂုတ် ၁၄ ရက် ညနေပိုင်းက အာဏာသိမ်းစစ်တပ်ဟာ ကနီမြို့နယ် နွားခြံကုန်းကျေးရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ပါရာမော်တာ ၂ စီး ၊ နတ်လာပို့တောင်ရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၂၀) အရွယ် အမျိုးသား သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

"လေကြောင်းတိုက်ခိုက်ခံရတဲ့ ၂ ရွာက တစ်အုပ်စုတည်းပဲ သိပ်မဝေးပါဘူး။ နမခကနေ တက်လာပြီး တိုက်ခိုက်သွားတာပါ"လို့ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

နွားခြံကုန်းရွာနဲ့ နတ်လာပို့တောင်ကျေးရွာဟာ ယခင်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြုံရပြီး ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ကျေးရွာတွေမှာ ရေမကြီးပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကနီမြို့နယ်က ကျေးရွာတချို့မှာ ချင်းတွင်းမြစ်ရေတက်လို့ ကျေးရွာအချို့ ရေဝင်ရောက်ခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေကြီးနေတဲ့ ခင်ဦးမြို့နယ်အပါအဝင် ဒေသအချိူ့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ရေဘေးရှောင်ပြည်သူတွေ ထိခိုက်မှု ရှိနေပါတယ်။
🤬225😢3👎2👏1🤮1
👍15🔥4
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၁၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဧရာဝတီတိုင်းမှာ ကြံ့ခိုင်မှုမကောင်းတဲ့ ရေကာတာ ၂ခု ထပ်တွေ့

လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ မြို့နယ် ၅မြို့ထက်မနည်း ရေဘေးကြုံတွေ့နေချိန်မှာ ဧရာဝတီတိုင်းအတွင်း နောက်ထပ် ရေကာတာ ၂ခု ကြံ့ခိုင်မှုမကောင်းလို့ အရေးပေါ် ပိတ်ဆို့ကာရံနေရပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးမြို့နယ်တွေဖြစ်တဲ့ မြန်အောင်မြို့နဲ့ ဇလွန်မြို့တို့မှာ ရေကာတာကြံ့ခိုင်မှု စိတ်မချရတဲ့အန္တရာယ်ကြုံနေတာလို့ ဒေသခံတွေက ပြောပါတယ်။ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်နေတဲ့ မြန်အောင်မြို့မှာ အမှတ်(၁)ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာက ရေအမြင့် ၁ပေခန့်သာ လိုတော့ပြီး အတွင်းပိုင်းကနေ သဲအိတ်တွေနဲ့ ကာရံနေရပါတယ်။ ဒါ့အပြင် ဇလွန်မြို့မှာလည်း ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်နေပြီး ညောင်ပင်သာရွာက ရေကာတာကို သဲအိတ်တွေနဲ့ ကာရံနေရတာဖြစ်ပါတယ်။ လေးမျက်နှာအပြင် နောက်တစ်နေရာကသာ ထပ်ပြီး တာကျိုးသွားရင် ဧရာဝတီတိုင်းကမလွယ်ကြောင်းနဲ့ အခုက တကယ့်ကို အရေးပေါ်အခြေအနေဖြစ်ကြောင်း ဇလွန်မြို့ခံတစ်ဦးက ပြောပါတယ်။ မြန်အောင်နဲ့ ဇလွန်ရေကာတာ ကျိုးပေါက်ခဲ့ပါက လက်ရှိရေဘေးကြုံနေတဲ့ မြို့နယ်တွေအပြင် အနီးပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ ဟင်္သာတ၊ ဓနုဖြူ၊ အင်္ဂပူ၊ကွင်းကောက်မြို့နယ်တွေလည်း ရေကြီးနစ်မြုပ်မယ့် အန္တရာယ်ရှိနေပါတယ်။ ဒီနေ့ ဩဂုတ် ၁၅ရက် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ဆိပ်သာ၊ မြန်အောင်နဲ့ ဇလွန်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ၉လက်မကနေ ၁ပေခွဲခန့်အထိ ကျော်လွန်နေပါတယ်။

◾️မြစ်ရေတက်ပြီး မိုးကြီးနေလို့ လေးမျက်နှာရေဘေး ပိုဆိုးလာ

လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်လို့ဖြစ်တဲ့ရေဘေးဟာ ဩဂုတ်ပထမလပတ်ထဲမှာ ရေအနည်းငယ်ပြန်ကျနေရာကနေ အခုရက်ပိုင်း တကျော့ပြန် ရေမြင့်တက်လာပြီး အခြေအနေပိုဆိုးရွားလာပါတယ်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေက ကျေးရွာတွေပါ ရေကြီးခဲ့ပါတယ်။ ဩဂုတ် ၃ရက်ကစပြီး ရေအနည်းငယ်ပြန်ကျနေတာကနေ ဒေသတွင်းမိုးကြီးမှုနဲ့ မြစ်ရေလည်း ပြန်တက်လာလို့ ဩဂုတ် ၁၃ရက်ကစပြီး ရေပြန်တက်လာတာပါ။ ရေအတက်ကြမ်းလာလို့ မူလကယ်ဆယ်ရေးစခန်းတွေမှာ နေလို့မရတော့တဲ့အတွက် လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲက ရေဘေးကယ်ဆယ်ရေးစခန်းအချို့ကို နေရာရွှေ့နေရတယ်လို့ သိရပါတယ်။

◾️စစ်ကိုင်းရေဘေး ရေပြန်ကျပေမယ့် ရိက္ခာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ ရေပြန်လည်ကျဆင်းနေပေမယ့် ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။ ​ရေ​ဘေးဒဏ် အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းက မြို့နယ် ၁၃ မြို့နယ်မှာ ရေ​ကြီး​ရေလျှံ​မှူတွေ ဖြစ်ပွားခဲ့ရာမှာ အခုရက်ပိုင်း ရေပြန်လည်ကျဆင်းလာပေမယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေး​ပေါ် လိုအပ်နေကြောင်း ရေဘေးကူညီနေသူတွေက ပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် လမ်းပိုင်းတွေလည်း ပျက်စီးသွားတာမို့ ရေဘေးကူညီမှုသွားတဲ့နေရာမှာ ကြန့်ကြာမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ရေကြီးတဲ့ဒေသတွေဟာ စစ်တ​ပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ စစ်ကြောင်းထိုးမီးရှိူ့မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အ​ကြိမ်ကြိမ်ခံခဲ့ရတဲ့ဒေသတွေ ဖြစ်ပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။

◾️ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမှုဆောင်အဖွဲ့ ဖွဲ့စည်း
👍11🔥4😢1🖕1
ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC)ရဲ့ အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကောင်စီက ဒီနေ့ ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်လိုက်ပြီး အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင်က တာဝန်ယူထားကြောင်း အသိပေးပါတယ်။ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပညာရေးဝန်ကြီးဌာန၊ ချင်း၊ မွန်၊ တအာင်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပအိုဝ်း ပညာရေးအဖွဲ့အစည်းများ၊ ဆရာ၊ ကျောင်းသား၊ ပညာရေးလုပ်သား အဖွဲ့အစည်းများနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကောင်စီကို ကဏ္ဍ (၆)ခုမှ အဖွဲ့အစည်း (၁၈) ဖွဲ့၊ ပညာရေးပညာရှင် (၂) ဦး ပါဝင်ဖွဲ့စည်းထားတာပါ။ ကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖော်နေပြီး ပိုမိုထိရောက်၊ စနစ်တကျရှိတဲ့ အဟုန်တစ်ခုနဲ့ တိုးမြှင့် အကောင်အထည်ဖော်နိုင်ရေး ရည်ရွည်ကာ ဩဂုတ် ၁၁ရက်မှာ အဖွဲ့ဝင်များရဲ့ စုံညီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကောင်စီအမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ အသိပေးပါတယ်။ ဆက်လက်အကောင်အထည်‌ဖော်ဖို့ရှိတဲ့ ကောင်စီရဲ့လုပ်ငန်းများကို ဥက္ကဋ္ဌရဲ့ဦးဆောင်မှုနဲ့ စနစ်တကျဆောင်ရွက်ဖို့၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနဲ့ တရားဝင် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ဖို့၊ လိုအပ်တဲ့ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ စနစ်တကျဆောင်ရွက်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့လည်း ဆက်လက်အသိပေးပါတယ်။ ဒီလို ဖွဲ့စည်းရာမှာ ပညာရေးကဏ္ဍအတွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့များ ပိုမိုစုံလင်စွာ ပါဝင်နိုင်ရေးကို ထည့်သွင်းစဉ်းစားဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

◾️KIAနဲ့ စစ်တပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်က ဗုံးကြဲနေ

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ရွှေကူမြို့အပါအဝင် ကချင်ဒေသ လတ်တလော စစ်ရေးအခြေအနေတွေကို သတင်းရင်းမြစ်က အခုလို ရှင်းပြပေးတာပါ။ ရွှေကူမြို့စစ်မျက်နှာမှာ အာဏာသိမ်းစစ်တပ်က တနေ့ ၂ကြိမ်နှုန်းနဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ၅ရက်ဆက်ရှိပြီလို့ အသိပေးပါတယ်။ ရွှေကူမြို့ဒေသခံကလည်း မြို့ဟာ ပြည်သူတွေ ဆက်မနေသင့်တဲ့ အခြေအနေဖြစ်ပြီး မြို့အပြင်ပတ်လည်မှာလည်း တိုက်ပွဲတွေဖြစ်တာ လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတယ်လို့ အသိပေးထားပါတယ်။ ဒါ့အပြင် ရွှေကူမြို့ရဲစခန်းတိုက်ခိုက်ခံရမှုမှာ အထိအခိုက်တွေရှိတယ်လို့လည်း ဆိုပါတယ်။

◾️ပေါက်နဲ့မြိုင်ဒေသမှာ စစ်ကြောင်းထိုးတဲ့စစ်ကြောင်း အကျအဆုံးများ

မကွေးတိုင်း၊ ပေါက်နဲ့မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ကို​ တော်လှန်​ရေးတပ်​တွေက ခုခံတိုက်ခိုက်တာ​ကြောင့် စစ်တပ်ဘက်က သေဆုံးထိခိုက်သူ ၅၀ ကျော်ရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းရရှိတယ်လို့ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနေ့ သြဂုတ် ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။ အင်အား၅၀၀ ၀န်းကျင်နဲ့ ပခုက္ကူခရိုင်အတွင်းကို မေလကစတင်ပြီး လတ်တလောအထိ စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို ‘အညာတမာ’ စစ်ဆင်ရေးစုဖွဲ့မှုနဲ့ စနစ်တကျစုဖွဲ့ကာခုခံတိုက်ခိုက်နေတယ်လို့ ဩဂုတ် ၁၅ရက်မှာ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်ကထုတ်ပြန်တာပါ။ အဲဒီစစ်ကြောင်းနဲ့ အကြိမ် ၃၀ ထက်မနည်း ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က အနည်းဆုံး ၅၀ ‌ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

◾️ဆောမြို့နယ်တိုက်ပွဲဖြစ်စဉ် PDF ထုတ်ပြန်

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က ဂန့်ဂေါခရိုင်စစ်ဌာနက ဇူလိုင် ၂၉ ရက်ကနေ ဩဂုတ် ၁ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ဆောမြို့တွင်းကနေ လောင်းရှည်မြို့ဘက်ကို စစ်ကူထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဟန့်တား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်စစ်ကြောင်း အထိနာပြီး ရှေ့မတိုးနိုင်ဘဲ လန်ကျသွားခဲ့တဲ့အပြင် ခမရ (၅၇၃) တပ်ရင်းက တပ်သား နေမင်းထွန်းကို အရှင်ဖမ်းဆီးရမိခဲ့ပြီး MA1 သေနတ် ၁လက် ကျည်ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ဆင်ရေး ဆောင်ရွက်နေမှုကာလအတွင်း စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းခိုလှုံလာပြီး ကောင်းစွာ ထိန်းသိမ်းထားရှိကာ နေရပ်ပြန်လိုသူတွေကို မိသားစုဝင်တွေနဲ့ချိတ်ဆက် လွှဲပြောင်းပို့ဆောင်ပေးနေတယ်လို့လည်း အသိပေးပါတယ်။

◾️စဉ့်ကူးမှာ စစ်တပ်အထိုင်စခန်းနီးရာကနေ ပြောင်းရွှေ့ဖို့ PDF ထုတ်ပြန်
14👍5🔥2🖕2
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRIဗျူဟာက ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ကမ်းဟာ စစ်တပ်လှုပ်ရှားသွားလာအုပ်ချုပ်ရာနယ်မြေ ဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ စစ်ရေးလှုပ်ရှားမယ့် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခွင်းမယ့် နယ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့ကြောင့် မြစ်အရှေ့ဖက်ကမ်း နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ ထုတ်ပြန်တဲ့နေ့ကစပြီး စစ်မအေးခင်ကာလအထိ သို့မဟုတ် PDF က စစ်အေးကာလဖြစ်ကြောင်း ပြန်လည်ရွှေ့ပြောင်း နေထိုင်လို့ရပြီလို့ မထုတ်ပြန်ခင်အထိ လွတ်ကင်းရာ နေရာဆီ ပြောင်း‌ရွှေ့ နေထိုင်ကြဖို့ ထုတ်ပြန်ပါတယ်။

◾️SCEF က စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ ထပ်မံတွေ့ဆုံ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ လွှတ်တော်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး SCEF ရဲ့ စုဖွဲ့မှု မှာ ပါဝင်ဖို့ ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၃ရက်က တွေ့ဆုံခဲ့တာဖြစ်ပြီး SCEF ရဲ့စုဖွဲ့မှု ၊ လုပ်ငန်းဆောင်ရွက်မှုမူဘောင် (Operational Framework) ၊ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်အဆိုပြုချက်တွေကို ရှင်းလင်းတင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။ တွေ့ဆုံမှုမှာ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ်၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေး တို့ ပါဝင်ခဲ့ပြီး ဆွေးနွေးရာမှာ အပြုသဘောဆွေးနွေးခဲ့သလို ကျန်နေတဲ့ အသေးစိတ် အချက်အလက်တွေကို တတိယအကြိမ် အစည်းအဝေးမှာ ဆက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

◾️အာဆီယံအထူးကိုယ်စားလှယ်သစ်မလိုအပ်ဘူးလို့ စစ်တပ် ပြောဆိုမှု APHR ပယ်ချ

အာဆီယံက မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ အာဆီယံ နိုင်ငံတွေ ညှိနှိုင်းလက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်တစ်ခုကို ပယ်ဖျက်ဖို့ မြန်မာစစ်တပ်ရဲ့ အားထုတ်မှု တစ်ခုဖြစ်တယ်လို့ APHR က ဆိုပါတယ်။ တစ်နည်းအားဖြင့် စစ်တပ်ကိုယ်တိုင် ဘယ်တုန်းကမှ မလိုက်နာခဲ့တဲ့ ဒေသတွင်း တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ ပြဋ္ဌာန်းချက် တစ်ခုကို ပိတ်ပင်ဖို့ ကြိုးစားတဲ့ အဓိပ္ပါယ်လည်းဖြစ်ကြောင်း APHRက ဝေဖန်ခဲ့ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေကို ဆိုးရွားလာစေပြီး လူသန်းပေါင်းများစွာကို ဆင်းရဲဒုက္ခ ကြုံစေတဲ့ စစ်တပ် အုပ်စိုးမှုဟာ မြန်မာပြည်သူတွေရဲ့ လိုလားချက် ဆန္ဒတွေကို ကိုယ်စားမပြုဘူးလို့ APHR ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားအောက်လွှတ်တော် အမတ် မာစီ ခရစ္စတီ ဘာရင်းစ်စ်က ပြောကြားခဲ့ပါတယ်။

◾️ကနီမှာ စစ်တပ် ဗုံးကြဲလို့ လူငယ် ၁ဦး သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ မနေ့က သြဂုတ် ၁၄ ရက် ညနေပိုင်းက အာဏာသိမ်းစစ်တပ်ဟာ ကနီမြို့နယ် နွားခြံကုန်းကျေးရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ပါရာမော်တာ ၂ စီး ၊ နတ်လာပို့တောင်ရွာက ပြည်သူ့နေအိမ်တွေကို ဦးတည်ပြီး ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် (၂၀) အရွယ် အမျိုးသား သေဆုံးပြီး ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။ နွားခြံကုန်းရွာနဲ့ နတ်လာပို့တောင်ကျေးရွာဟာ ယခင်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြုံရပြီး ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
🔥86🖕3🙏1
👍182😁2🤣1🖕1