People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အ​မေဇုန်သစ်​တောတစ်​နေရာ / ပြင်သစ်မှာ​တောမီး​လောင်​နေစဥ်/တရုတ်ပြည်​ရေကြီး​နေမှု / ကမ္ဘာ့အပူချိန်စံချိန်တင်ဆက်တိုက်​တိုး​နေမှု ။ဓါတ်ပုံ/အင်ဖိုဂရပ်-Guardian
😱20👍9😨3🔥2🙏1
SCEF က စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ ထပ်မံတွေ့ဆုံပြီး အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ဖိတ်ခေါ် အဆိုပြုချက်များ ရှင်းပြ

ဩဂုတ် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ လွှတ်တော်တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ခဲ့ပြီး SCEF ရဲ့ စုဖွဲ့မှု မှာ ပါဝင်ဖို့ ကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၃ရက်က တွေ့ဆုံခဲ့တာဖြစ်ပြီး SCEF ရဲ့စုဖွဲ့မှု ၊ လုပ်ငန်းဆောင်ရွက်မှုမူဘောင် (Operational Framework) ၊ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ဖို့ ဖိတ်ခေါ်အဆိုပြုချက်တွေကို ရှင်းလင်းတင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။

တွေ့ဆုံမှုမှာ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ်၊ ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဦးစိုးဦး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေး တို့ ပါဝင်ခဲ့ပြီး ဆွေးနွေးရာမှာ အပြုသဘောဆွေးနွေးခဲ့သလို ကျန်နေတဲ့ အသေးစိတ် အချက်အလက်တွေကို တတိယ အကြိမ် အစည်းအဝေးမှာ ဆက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

SCEF ဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်နဲ့ မန္တလေးဒေသ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူတွေနဲ့ ဇူလိုင် ၁၇ရက်မှာ အတူစုပေါင်းတွေ့ဆုံခဲ့ပြီးတလခန့်အကြာ ဩဂုတ် ၁၃ရက်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ်နဲ့ သီးခြားထပ်မံတွေ့ဆုံခဲ့တာပါ။ SCEFနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ သီးခြားစီတွေ့ဆုံတဲ့ ပထမဆုံးဆွေးနွေးပွဲကို မေလ ၁၃ရက်မှာ ကျင်းပခဲ့တာပါ။

SCEF အနေနဲ့ စစ်ကိုင်း၊ မန္တလေးနဲ့မကွေး ယူနစ် အစိုးရ လွှတ်တော်တွေနဲ့ တွေ့ဆုံတာတွေရှိသလို နွေဦးတော်လှန်ရေးက ပေါ်ဖွားလာတဲ့ လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)၊ မွန်နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုများ၊ အာရက္ခတပ်တော်(AA) စတဲ့ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ တော်လှန်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

SCEF ကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) စတဲ့ အဖွဲ့ ၆ခုနဲ့ စုဖွဲ့ထားတာဖြစ်ပြီး အဖွဲ့ဝင်သစ်တွေ ပူးပေါင်းပါဝင်လာရေး လုပ်ဆောင်သွားဖို့ရှိတယ်လို့ အသိပေးထားပါတယ်။
28👍15👏2🔥1🖕1
(စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ တာဝန်ရှိသူတွေ အစည်းအဝေးပြလုပ်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - PVTV)
🥰26👍114🖕2🔥1
စစ်ရေးပြစ်မှတ်နေရာဖြစ်လို့ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်အရှေ့ခြမ်းကပြည်သူတွေ ယာယီပြောင်းရွှေ့ဖို့ PDF သတိပေး

ဩဂုတ်-၁၅၊၂၀၂၆၊ရှိန်း/ People's Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ရဲ့ အရှေ့ဖက်ကမ်းဟာ စစ်တပ်လှုပ်ရှားသွားလာအုပ်ချုပ်ရာနယ်မြေ ဖြစ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)တို့ စစ်ရေးလှုပ်ရှားမယ့် လက်နက်ကြီး၊ငယ်ပစ်ခွင်းမယ့်နယ် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် မြစ်အရှေ့ဖက်ကမ်း နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ ထုတ်ပြန်တဲ့ နေ့ကစပြီး စစ်မအေးခင်ကာလအထိ သို့မဟုတ် တပ်မှစစ် အေးကာလဖြစ်ကြောင်း ပြန်လည်ရွှေ့ပြောင်း နေထိုင်လို့ရပြီဟု မထုတ်ပြန်ခင်အထိ လွတ်ကင်းရာ နေရာသို့ပြောင်း‌ရွှေ့ နေထိုင်ကြဖို့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (စစ်သည်တော်ကျင့်ဝတ်)အရ ‌‌ လေးစားစွာထုတ်ပြန်တယ်လို့ ဆိုထားပါတယ်။

စဉ့်ကူးမြို့နယ်ကို ၂၀၂၅ ဩဂုတ်လကုန်ပိုင်းမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး ၁နှစ်အကြာမှာ တော်လှန်ရေးတပ်တွေက တန်ပြန်တိုက်စစ်တွေကြေညာလာတာဖြစ်ပါတယ်။

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဧရာဝတီမြစ်နဲ့ ပိုင်းခြားထားပြီး မန္တလေးမြို့ကနေ ဆိုရင် မြောက်ဘက်မှာ မတ္တရာမြို့နယ်-စဉ့်ကူးမြို့နယ်-သပိတ်ကျင်းမြို့နယ်ဆိုပြီးရှိတာဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ စဉ့်ကူးမြို့နယ်အတွင်း ဧရာဝတီမြစ်အရှေ့ခြမ်းလို့ဆိုပါက ဇီးကုန်းကျေးရွာ၊သဲအင်းရွာ၊ကြက်တူရွေး၊ကျွန်းတော်၊ဟင်္သာမ၊ ပေါက်ကုန်း၊ရွှေဘယက်၊ဝက်ပေါင်၊ဆင်သေ၊စားကျက်၊ထုံးကြီး၊စတဲ့ ကျေးရွာ တွေပါဝင်ပါတယ်။

လက်ရှိ အဲဒီကျေးရွာတွေက ထုံးကြီး၊သဲအင်း၊ကျွန်းကြီးရွာတွေမှာ စစ်တပ်က အထိုင်ချထားသလို ကပ်လျက်မတ္တရာမြို့နယ်မှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားတဲ့ ကျေးရွာအများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ရဲ့ အရှေ့ဘက်ကပ်လျက်ရှိတဲ့ စဉ့်ကူးမြို့နယ်၊မြစ်အရှေ့ဘက်က ကျေးရွာတွေကို တော်လှန်ရေးတပ်တွေဝင် ရောက်တယ်ဆိုတဲ့ သတင်းထွက်ပြီး စစ်တပ်က ဩဂုတ် ၁၂ရက်ကစတင်ကာ အင်အားတိုးပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတာ တွေဆက်တိုက်လုပ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

"၃ရက်ရှိပြီပဲ။ တချိန်မှမနားဘူ။လက်နက်ကြီး၊ငယ်ပစ်တယ် ။ဒရုန်း တွေနဲ့ဗုံးကြဲတယ်။ရွှေဘယက်နဲ့ ဆင်သေရွာကို အများဆုံးကြဲတယ်။ကြက်တူရွေးရွာထဲလည်းကျတယ်။ဒီ၃ရက်အတွင်း အသေဆုံးက တ ယောက် ဒဏ်ရာရကတော့ ၅ယောက် လောက်ရှိမယ်။စစ်ရှောင်ပြည်သူ တွေပဲထိ နေတာ။နွား တွေထိတာလည်းများတယ်"လို့ဒေသခံတစ်ဦးက ပြောပါတယ်။

စဉ့်ကူးမြို့နယ်ရဲ့ တောင်ဘက်က မတ္တရာမြို့နယ်ကိုလည်း ဒီနေ့မှာ စစ်တပ်က ရေကြောင်းကနေ သင်္ဘာ ၂စီးနဲ့ အင်အားဖြည့်တင်းထားတယ်လို့ သိရပါတယ်။

ဇွန်လ၂၇ ရက်ကလည်း သဲအင်းရွာကိုတပ်စွဲထားတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုတွေရှိကာ တပ်ပြန်ဆုတ်သွားခဲ့ရပါတယ်။ အဲဒီနောက် ဇွန်လ၃၀ ရက်မှာ အင်အားတိုးပြီး သဲအင်းရွာကို တပ်ပြန်စွဲခဲ့တာလို့ သိရပါတယ်။
30👍13🖕2🥰1👏1🤣1
(ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF - TRI ဗျူဟာ)
30👍7🥰2🤣1🖕1
အာဆီယံ အထူးကိုယ်စားလှယ်သစ် ခန့်အပ်စရာ မလိုတော့ကြောင်း စစ်တပ် ပြောဆိုမှုကို APHR ပယ်ချ

သြဂုတ်-၁၅၊ ၂၀၂၆။ People’s Spring

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

ဒါဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ အာဆီယံ နိုင်ငံတွေ ညှိနှိုင်းလက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ပါ အချက်တစ်ခုကို ပယ်ဖျက်ဖို့ မြန်မာစစ်တပ်ရဲ့ အားထုတ်မှု တစ်ခုဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် စစ်တပ်ကိုယ်တိုင် ဘယ်တုန်းကမှ မလိုက်နာခဲ့တဲ့ ဒေသတွင်း တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ ပြဋ္ဌာန်းချက် တစ်ခုကို ပိတ်ပင်ဖို့ ကြိုးစားတဲ့ အဓိပ္ပါယ်လည်းဖြစ်ကြောင်း APHRက ဝေဖန်ခဲ့ပါတယ်။

ဩဂုတ် ၈ ရက်နေ့တုန်းက စစ်တပ် ထိန်းချုပ်ထားတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ရလဒ်အရ ထွက်ပေါ်လာတဲ့ အစိုးရတစ်ရပ် အာဏာရနေပြီ ဖြစ်တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် ခန့်အပ်ဖို့ မလိုတော့ဘူးလို့ ဖော်ပြထားခဲ့ပါတယ်။ အကျဉ်းချခံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်လို့လည်း ဝန်ကြီးဌာနက ဥပဒေ အကြောင်းပြချက်တွေ၊ အာဆီယံရဲ့ မစွက်ဖက်ရေး မူတွေကို ထောက်ပြပြီး ငြင်းဆိုသွားခဲ့ပါတယ်။

မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)က တွေ့ဆုံခွင့် ရခဲ့တဲ့ ကိစ္စအပေါ် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခု အဆင့်လောက်သာ ရှုမြင်ကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ကို မြန်မာဖက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ အာဆီယံ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အခြေအနေတွေကို ဆိုးရွားလာစေပြီး လူသန်းပေါင်းများစွာကို ဆင်းရဲဒုက္ခ ကြုံစေတဲ့ စစ်တပ် အုပ်စိုးမှုဟာ မြန်မာပြည်သူတွေရဲ့ လိုလားချက် ဆန္ဒတွေကို ကိုယ်စားမပြုဘူးလို့ APHR ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားအောက်လွှတ်တော် အမတ် မာစီ ခရစ္စတီ ဘာရင်းစ်စ်က ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာတော့ မြန်မာဖက်က ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လောက် အတိုင်းအတာထိ လေးစားလိုက်နာနေသလဲ ဆိုတာကို တိုင်းတာနိုင်မယ့် စံနှုန်းတွေ သတ်မှတ်သင့်ကြောင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။ နောက်ပြီး လက်ရှိမှာ အာဆီယံ အထူးကိုယ်စားလှယ်ကို သက်တမ်း တစ်နှစ်စီပဲ ကန့်သတ်ထားတဲ့အစား ရေရှည်တာဝန်ယူမယ့် ကိုယ်စားလှယ်မျိုး အပ်နှင်းဖို့ အပြောင်းအလဲကိုလည်း စတင် ဆွေးနွေးခဲ့ပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ မြန်မာစစ်တပ်က အာဆီယံ အထူးကိုယ်စားလှယ်အသစ် ထပ်ပြီး ခန့်အပ်ဖို့ မလိုတော့ပါဘူးဆိုတဲ့ သဘောထားကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

APHRကတော့ မြန်မာစစ်တပ်ရဲ့ အဲဒီ ထုတ်ပြန်ချက်ကို ပယ်ချခဲ့ပြီး အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်တွေကို လေးစား အတည်ပြုဖို့၊ အထူးကိုယ်စားလှယ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့် ရနိုင်ဖို့၊ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေမှာ ဆက်လက် ဖယ်ထုတ်ထားဖို့လည်း အာဆီယံကို တိုက်တွန်းခဲ့ပါတယ်။

နောက်ပြီး အာဆီယံရဲ့ ပဋိညာဉ် အဓိက သတ်မှတ်ချက် တစ်ခုဖြစ်တဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူကိုလည်း ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ချိန်မှာ လွှမ်းမိုးသက်ရောက်မှု မရှိစေဖို့ APHRက အလေးအနက် တောင်းဆိုသွားခဲ့ပါတယ်။

ကိုးကား: APHR
26👍21🥰2🤣1🖕1
(အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းအထက်လွှတ်တော်ဥက္ကဋ္ဌတို့ ဩဂုတ် ၇ရက်က တွေ့ဆုံစဥ်။ ဓာတ်ပုံ - EPA)
🖕34👍5😁3🤮21🔥1
တာကျိုးလို့ရေဘေးသင့်နေတဲ့ ဧရာဝတီတိုင်းမှာ ကြံ့ခိုင်မှုမကောင်းတဲ့ ရေကာတာ ၂ခု ထပ်တွေ့လို့ အရေးပေါ် ပြုပြင်နေရ

ဩဂုတ်-၁၅၊၂၀၂၆၊ရွှေပြည်စိုး/People's Spring

လေးမျက်နှာမြို့က ငဝန်မြစ်ရေကာတာကျိုးလို့ မြို့နယ် ၅မြို့ထက်မနည်း ရေဘေးကြုံတွေ့နေစဉ် ဧရာဝတီတိုင်းအတွင်း နောက်ထပ် ရေကာတာ ၂ခု ကြံ့ခိုင်မှုမကောင်းလို့ အရေးပေါ် ပိတ်ဆို့ကာရံနေရပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးမြို့နယ်တွေဖြစ်တဲ့ မြန်အောင်မြို့နဲ့ ဇလွန်မြို့တို့မှာ ရေကာတာကြံ့ခိုင်မှု စိတ်မချရတဲ့အန္တရာယ်ကြုံနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်နေတဲ့မြန်အောင်မြို့မှာ အမှတ်(၁)ရပ်ကွက်အနီးက အုတ်နံရံနဲ့ကာထားတဲ့ ရေကာတာက ရေအမြင့် ၁ပေခန့်သာ လိုတော့ပြီး အတွင်းပိုင်းကနေ သဲအိတ်တွေနဲ့ ကာရံနေရပါတယ်။

မြန်အောင်မြို့တာမိုင် ၆/၃ အနီးမြေထိန်းကွန်ကရစ်နံရံ ပြိုမကျဖို့နဲ့ ရေမကျော်ဖို့အတွက် ဒေသခံလူထောင်ချီပြီး လုပ်အားပေးနေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မြန်အောင်တာမိုင် ၆/၃ နှင့်၆/၄ ကြား အရှေ့ဘက် ပေ ၂၅၀ ခန့်အကွာ အလျား (၇၆၅)ပေရှိ တာခြေထောက်မြေထိန်းကွန်ကရစ်နံရံ ကြံ့ခိုင်မှု လုပ်ဆောင်နေရတယ်လို့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇလွန်မြို့မှာလည်း ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက်မြင့်တက်နေပြီး ညောင်ပင်သာရွာက ရေကာတာကို သဲအိတ်တွေနဲ့ ကာရံနေရတာဖြစ်ပါတယ်။

" လေးမျက်နှာအပြင် နောက်တစ်နေရာကသာထပ်ပြီးတာကြိုးသွားရင် ဧရာဝတီတိုင်းမလွယ်ဘူး။ အခုကတော့တကယ့်ကိုအရေးပေါ်အခြေနေပါ"လို့ ဇလွန်မြို့ခံတစ်ဦးက ပြောပါတယ်။

မြန်အောင်နဲ့ ဇလွန်ရေကာတာကျိုးပေါက်ခဲ့ပါက လက်ရှိရေဘေးကြုံနေတဲ့မြို့နယ်တွေအပြင် အနီးပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ ဟင်္သာတ၊ ဓနုဖြူ၊ အင်္ဂပူ၊ကွင်းကောက်မြို့နယ်တွေလည်း ရေကြီးနစ်မြုပ်မယ့်အန္တရာယ်ရှိနေပါတယ်။

ဒီနေ့ ဩဂုတ်လ ၁၅ရက် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ဆိပ်သာ၊ မြန်အောင်နဲ့ ဇလွန်မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ၉လက်မကနေ ၁ပေခွဲခန့်အထိ ကျော်လွန်နေပါတယ်။

လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာ ကျိုးကျခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေဝင်နေပါတယ်။

မြစ်ရေတွေထပ်မံမြင့်တက်လာလို့ ရေကြီးနစ်မြုပ်မှု ပိုမိုဆိုးရွားနေပါတယ်။

မိုးလည်းဆက်ကြီးနိုင်တဲ့ သတိပေးချက်တွေနဲ့ မြစ်ရေတွေလည်း ဆက်တက်လာလို့ ဧရာဝတီတိုင်းအတွင်းရေကာတာတွေရဲ့ ကြံ့ခိုင်မှုအန္တရာယ်ကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လေးမျက်နှာရေကာတာကျိုးကျတဲ့ဖြစ်စဉ်ဟာ စစ်အုပ်စုက တမင်လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေကသံသယရှိနေသလို လက်ရှိရေးဘေးကယ်ဆယ်ရေးမှာလည်း အစီအစဉ်မကျတဲ့အတွက် စစ်အုပ်စုအပေါ်ကိုယုံကြည်မှုမရှိဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

လေးမျက်နှာမြို့ ရေဘေးမှာ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်က ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

ဩဂုတ် ၅ရက်က ပုသိမ်မြို့ကိုရောက်လာ‌တဲ့ စစ်ကောင်စီ ဒုတိယသမ္မတက ရေဘေးဖြစ်ဖြစ်ချင်း ကယ်ဆယ်ရေးတွေ အပြည့်အဝလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အသေအပျောက်မရှိခဲ့ဘူးလို့ ပြောပါတယ်။

သူအဲ့ဒီလို ပြောနေချိန်မှာပဲ လေးမျက်နှာမြို့နယ်၊ အိုင်သပြုရွာလမ်းဆုံမှာ ရေဘေးသင့်ပြည်သူတွေကိုထမင်းထုပ်လိုက်ဝေတဲ့ လူငယ်တစ်ဦး ရေနစ်မြုပ်သေဆုံးခဲ့ပါတယ်။

ဩဂုတ်လ ၈ရက်က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပုသိမ်ခရီးစဉ်မှာလည်း တိုင်းအစိုးရအဖွဲ့ဟာ ပြည်သူတွေဘေးကင်းအောင် စီမံနိုင်ခဲ့တယ်လို့ ပြောပြန်ပါတယ်။ လက်ရှိရေဘေးနဲ့ ရေကာနာတွေရဲ့ကြံ့ခိုင်မှုကို အဓိကစီမံကိုင်တွယ်နေတဲ့ ဧရာဝတီတိုင်းအစိုးရကလည်း လနဲ့ချီကြာမယ့်ရေဘေးကို ၁၄ရက်အတွင်း ရေပြန်ကျရင် စပါးတွေမပျက်စီးနိုင်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
17👍10🔥6😢2🥰1
(ဇလွန်မြို့က ရေကာတာနဲ့ မြန်အောင်မြို့က ရေကာတာကို ပြည်သူတွေ ပိတ်ဆို့ကာရံနေစဉ်။ ဓာတ်ပုံ - ZF)
👍293🥰3🔥2
Elite ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ ခရီးသည်တွေ ဒဏ်ရာရ

ဩဂုတ်-၁၅၊၂၀၂၆။သတိုး၊သုည/People's Spring

ရန်ကုန် - မန္တလေး အမြန်လမ်းမှာ Elite ခရီးသည်တင်ယာဉ် တစ်စီး ယာဉ်မောင်းအိပ်ငိုက်ရာက တံတားအောက်ထိုးကျပြီး ခရီးသည် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က အသိပေးထားပါတယ်။

ဒီနေ့ (ဩဂုတ်၁၅) မနက် ၅ နာရီကျော်မှာ နေပြည်တော်ကနေ ရန်ကုန်မြို့ကိုထွက်ခွာလာစဉ် မိုင်တိုင် ၅၈/၁ အနီးမှာ Elite ခရီးသည်တင်ယာဉ်က ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းဝင်တိုက်ကာတံတား‌အောက်ကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ခရီးသည် ၁၅ ဦးလိုက်ပါလာတာဖြစ်ပြီး အမျိုးသား ၂ ဦး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။

အမြန်လမ်းမှာ ဖြစ်တဲ့ယာဉ်တိမ်းမှောက်မှု အများစုက ယာဉ်မောင်းအိပ်ငိုက်တာကြောင့် ဖြစ်ပြီး ယာဉ်မောင်းတွေအနေနဲ့ ကား နှစ်နာရီဆက်တိုက်မောင်းပြီးတိုင်း ယာဉ်ရပ်နားစခန်းတွေမှာ ရပ်နားဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က အကြံပြုထားပါတယ်။

ဒါ့အပြင် ခရီးသည်တွေအနေနဲ့လည်း ထိုင်ခုံခါးပတ် ပတ်ကြဖို့ ၊ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်မိုင်နှုန်းနဲ့ မောင်းနှင်ဖို့လည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၅ ၊ ၆ နဲ့ ၇ ရက်မှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကုန်တင်ကားယာဉ်မောင်းတွေ အိပ်ငိုက်ပြီး ယာဉ်တိမ်းမှောက်တဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
🤬186👎3🔥3
ဓာတ်ပုံ - Yangon-Mandalay Expressway Webportal
🤬14😢9👍2👎2🔥21
■ရုပ်ရှင်ခံစားမှု

ခေတ်ဆိုးအမွေ
Raakh(၂၀၂၆)

ဝဇီရာ/People's Spring

၁၉၇၈ ခုနှစ်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရဲ့ ညနေခင်းတစ်ခု။ဆူမန်နဲ့ ဆာဟေးဆိုတဲ့ မောင်နှမနှစ်ယောက်ဟာ အသံလွှင့်ရုံံကို သွားဖို့ ပြင်ဆင်နေကြတယ်။ အသံလွှင့်ရုံမှာ ဆူမန်ကသီချင်းဆိုရမှာပါ။မိခင်ကTaxi ခပေးလိုက်
တယ်။ညကျအဖေလာကြိုမယ်တဲ့။မောင်နှမ
နှစ်ယောက် ပျော်ပျော်ရွင်ရွှင်ပဲ ထွက်ခွာသွားတယ်။

ညဘက်ကျ မောင်နှမနှစ်ယောက်ရဲ့မိဘနှစ်ပါးဟာရေဒီယိုရှေ့ကနေသူ့သမီးလေး သီ
ချင်းဆိုမှာကို အားပေးဖို့ တမျှော်မျှော်နဲ့ စောင့်နေခဲ့တယ်။ ဒါပေမယ့် အစီအစဥ်သာ ပြီးသွားတယ်။ သူတို့သမီးလေးသီချင်းဆိုတာ လွှင့်မလာခဲ့ဘူး။

ဒါနဲ့ ဖခင်ဖြစ်သူလည်း ဆိုင်ကယ်လေးထုတ်ပြီးအသံလွှင့်ရုံဆီ ပြေးတော့တယ်။ဟိုရောက်တော့ သမီးလေးတို့မောင်နှမနှစ်ယောက်လုံး အသံလွှင့်ရုံကို ရောက်မလာခဲ့ဘူးတဲ့။ ဖခင်ကော မိခင်ပါ ခေါင်းမီးတောက်ရပြီ။

ရဲစခန်းသွားပြီး တိုင်ချက်ဖွင့်တယ်။ သူတို့အမှုကို လိုက်ရမှာက အတွေ့အကြုံနည်းသေးတဲ့ ရဲအရာရှိ ဂျေပရာကတ်ရှ်ပါ။ ဒါပေမယ့် သူက စိတ်အားထက်သန်မှုရှိသူပါ။ မောင်နှမနှစ်ယောက် ပျောက်ဆုံးမှုကို လိုက်လံစုံစမ်းဖော်ထုတ်ပါတယ်။ နောက်ဆုံးတော့ မောင်နှမနှစ်ယောက်ရဲရုပ်အလောင်းကို တောထဲတနေရာမှာ ရုပ်ပျက်ဆင်းပျက် တွေ့လိုက်ရပါတယ်။ ရဲအရာရှိဟာ တရားခံကို ဖမ်းဆီးရမိဖို့ ရေကုန်ရေခမ်း ကြိုးစားပါတော့တယ်။

ဒီဇာတ်လမ်းဟာ အဲဒီကာလက တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို စီးရီးအဖြစ် ပြန်လည်ရိုက်ကူးထားတာပါ။ အဓိက တရားခံ ဘာဘူအဖြစ် သရုပ်ဆောင်တဲ့ Akash Makhija ဟာ အတော်လေးရွံစရာကောင်းအောင် သရုပ်
ဆောင်သွားတာ တွေ့ရပါတယ်။ သူ့ကိုကြည့်ရတာ တကယ့်အောက်တန်းစားတစ်ယောက်ကို ကြည့်နေရသလိုပါ။ သူ့ရဲ့ သွေးအေးပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဗီလိန်ဇာတ်
ကောင် ပုံစံကြောင့် ပရိသတ်တွေကြားမှာ အထူး ရေပန်းစား လူသိများလာခဲ့ပါသတဲ့။

ဒီဇာတ်ကားကြည့်ပြီး ဆွေးနွေးချင်တာက
တော့ လူတွေရဲ့ဘဝတွေအပေါ် နိုင်ငံရေးအခြေအနေက ဘယ်လောက်အထိ ရိုက်ခတ်သလဲဆိုတာပါ။ဘာဘူ ဘာကြောင့် ဒီလောက်အထိ ရက်စက်ခွင်၊ ဆိုးသွမ်းခွင့် ရခဲ့တာလဲ။

ဇာတ်ကားထဲမှာမပါတဲ့ အိန္ဒိယနိုင်ငံရဲ့ အဲဒီကာလ နိုင်ငံရေးအခြေအနေဟာ ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီလက်ထက် ၁၉၇၅ ခုနှစ်ကနေ ၁၉၇၇ ခုနှစ်အထိ ၂၁ လတိတိ ကြာမြင့်ခဲ့တဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေကျင့်သုံးခဲ့မှုကြီး ပြီးခါစအချိန် ဖြစ်ပါတယ်။

အရေးပေါ်ကာလအတွင်း အစိုးရရဲ့ ဖိနှိပ်ချုပ်
ချယ်မှုတွေ၊ လူ့အခွင့်အရေး ဆိုင်းငံ့ခံရမှုတွေကြောင့် ပြည်သူတွေကြားမှာ အစိုးရနဲ့ အာ
ဏာပိုင်တွေအပေါ် မကျေနပ်ချက်တွေ၊ စိုးရိမ်ပူပန်မှုတွေ အများကြီး ကျန်ရစ်နေခဲ့ပါတယ်။

အစိုးရပြောင်းလဲမှု၊ စီးပွားရေးကျပ်တည်းမှုနဲ့ အလုပ်လက်မဲ့ ပြဿနာတွေကြောင့် မြို့ကြီးတွေအထူးသဖြင့် နယူးဒေလီမြို့ မှာ လူငယ်တွေနဲ့ အလွှာပေါင်းစုံကြား မရေရာမသေချာမှုတွေ မြင့်တက်နေပါတယ်။ ရဲတပ်ဖွဲ့နဲ့ တရားဥပဒေ စိုးမိုးရေး ယန္တရားတွေအနေနဲ့လည်း ခေတ်ကာလရဲ့ဖိအားတွေ၊ရာဇဝတ်မှု အသစ်
အဆန်းတွေကို ရင်ဆိုင်ဖြေရှင်းနေရချိန် ဖြစ်ပါတယ်။

အရေးပေါ်အခြေအနေ ပြီးခါစ ကာလဖြစ်တာနဲ့အညီ အစိုးရယန္တရားနဲ့ ရဲတပ်ဖွဲ့တွေဟာ အပြောင်းအလဲတွေကြားမှာ ရှုပ်ထွေးနေပြီး စနစ်တကျ မရပ်တည်နိုင်သေးပါဘူး။ ဒီလို ဥပဒေစိုးမိုးရေး အားနည်းချက်နဲ့ ကွက်လပ်ကြီးတွေ ရှိနေတာက ရာဇဝတ်ကောင်တွေအ
တွက် "ငါတို့ ဒီပြစ်မှုကနေ လွတ်မြောက်နိုင်တယ်၊ ဘယ်သူမှ သေချာကိုင်တွယ်နိုင်မှာ မဟုတ်ဘူး" ဆိုတဲ့ ယုံကြည်ချက်ကို ပိုပေး
လိုက်သလို ဖြစ်စေပါတယ်။

​မြို့ပြကြီးတွေမှာ စီးပွားရေး ကျပ်တည်းမှု၊ အလုပ်လက်မဲ့ ပြဿနာနဲ့ မရေရာမသေချာမှုတွေ မြင့်မားနေချိန်မှာ လူငယ်တွေနဲ့ အလွှာပေါင်းစုံကြားထဲမှာ "ဘယ်လိုပဲဖြစ်ဖြစ် ရှင်သန်ရမယ်၊ ဖြတ်လမ်းနည်းနဲ့ ငွေရှာရမယ်" ဆိုတဲ့ အဆိုးမြင် စိတ်ဓာတ်တွေ ကိန်းအောင်းလာခဲ့ပါတယ်။ ဓနဥစ္စာ မညီမျှမှုနဲ့ လူမှုရေး ဖိနှိပ်မှုတွေက လူတွေရဲ့ ကိုယ်ကျင့်တရားကို ပျက်ပြားစေပြီး လူ့အသက်ကို တန်ဖိုးမထားတော့တဲ့ သွေးအေးတဲ့ စိတ်နေသဘောထားကို မွေးထုတ်ပေးလိုက်တော့တာပါ။

ကျနော်တို့ နိုင်ငံမှာလည်း စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းမှု ၅ နှစ်ကျော်လာတဲ့အချိန် ဇာတ်ကားထဲက ဘာဘူတို့လို့ လူယုတ်မာတွေ အများကြီး ပေါ်ထွက်လာစေခဲ့တာ အများမျက်မြင်ပါ။ ပြည်သူတွေ အားကိုးရမယ့် ရဲ
တပ်ဖွဲ့ကလည်း ပြည်သူကို ရန်သူထင်ဖိနှိပ်၊ ခေတ်ပျက်ထဲငွေရှာဖို့ပဲခေါင်းထဲရှိနေခဲ့တယ်။ ကျနော်တို့ ပြည်သူတွေဟာ စစ်အာဏာရှင်အပြင် ခေတ်ဆိုးက မွေးဖွားပေးလိုက်တဲ့ လူယုတ်မာတွေကိုပါ ရင်ဆိုင်နေရတဲ့အချိန်ပါ။ ပြည်သူတွေဟာ ကိုယ့်လုံခြုံရေး ကိုယ်တာဝန်ယူနေရတဲ့အချိန် ရောက်နေပါတယ်။

စာဖတ်သူ။ သတိနဲ့နေပါ။ ကျနော်တို့ ပတ်
ဝန်းကျင်မှာ ဘာဘူလိူလူတွေ ဝိုင်းနေတယ်။
28👍18👌3🤮1