People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မိုးမိတ်မြို့နယ်၊ရွှေတောရွာကို
စစ်တပ်ဗုံးကြဲပြည်သူနှစ်ဦးဒဏ်ရာရ

ဩဂုတ်-၁၄၊၂၀၂၆။ကတ်သရင်း/People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ရွှေတောကျေးရွာဘက်ကိုစစ်တပ်ကလေ
ကြောင်းက​နေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ်လ၁၄ရက်​ ​နေ့လယ် ၁၁နာရီ ၄၅မိနစ်မှာ တံတားဦး လေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

"တံတားထိပ်နားနဲ့ ရွှေလုပ်ကွက်ဘက်ကိုကြဲတာ။ထိတဲ့ပြည်သူတွေက ရွှေလုပ်ကွက်မှာအလုပ်လုပ်ကြတဲ့ ပြည်သူ တွေထိတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးကြဲတာ​ကြောင့် အမျိုးသားတဦးလက်ကို ကျည်စထိမှန်ခဲ့သလို အမျိုးသမီးတဦးလည်း ခြေသလုံးကို ကျည်စထိမှန်ခဲ့ဒဏ်ရာရခဲ့တာလို့သိရပါတယ် ။ဒါ​ပေမယ့် ဒဏ်ရာရသူ​တွေဟာအသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။

"အဲဒီနေရာမှာ ပလောင်နဲ့ကချင်တပ်ရှိတာကို ကချင်တပ်ဘက်ကြဲသွားတယ်။မြေပြင်ကလည်းမိုးမိတ်ဘက်မှာစစ်ကြောင်းထိုးနေတာ ရှိတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ကမိုးမိတ်မြို့နယ်မှာ နယ်​မြေစိုးမိုးမှုတိုးရ​အောင် စစ်ကြောင်းထိုးဖို့ကြိုးစားနေပြီး ညောင်နီရွာကိုလည်း၂ ရက်ဆက် လေ
ကြောင်း၊လက်နက်ကြီးပစ်ကူသုံးပြီးစစ်​ကြောင်းထိုးတာ​ကြောင့် KIA ဦး​ဆောင်တဲ့မဟာမိတ်တပ်​တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။တိုက်ပွဲမှာ စစ်တပ်ကအရာရှိ​တွေအပါအဝင် စစ်သား​​တွေ​သေဆုံးထိခိုက်မှု​တွေရှိခဲ့သလို​တော်လှန်​ရေးတပ်​တွေဘက်က ​SSPP တပ်ဖွဲ့ဝင် တဦးကျဆုံးခဲ့တယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

ဒါ့အပြင်MNDAAထိန်းချုပ်‌ထားတဲ့ ကွတ်ခိုင်မြို့နဲ့ KIAထိန်းချုပ်ထားတဲ့ နမ့်ဖက်ကာမြို့ကို သြဂုတ်လ၁၄ရက်ညပိုင်းမှာ စစ်တပ်ရဲ့ကင်း
ထောက်လေယာဉ်ပျံဝဲခဲ့ပါတယ်။ည ၇နာရီကျော်ခန့်ကစပြီး လေယာဉ်တစ်စီး ပတ်ပြီး ပျံနေတာဖြစ်ပါတယ်။
🤬22🤣8🔥3👏3👍1👎1
ဗုံးကြဲခံရပြီး​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့
👍18🤬16👎7🔥32👏2🤣1
■​ဆောင်းပါး

မိုးရာသီ ရေဘေးကြားက ရန်ကုန် ဝမ်းရောဂါ ဘာကြောင့် ရုတ်တရက် ပျံ့နှံ့လာရသလဲ ?

- သန္တာဖြူ ရေးသားသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်နေရတဲ့ ရန်ကုန်မြို့ကြီးမှာ သာမန် ဝမ်းပျက်ဝမ်းလျောသာ မဟုတ်တဲ့ စိုးရိမ်စရာ ပြင်းထန်တဲ့ဝမ်းပျက်ဝမ်းလျောရောဂါ (သိုမဟုတ်) ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့မှုနဲ့ ရင်ဆိုင်နေရပါတယ်။

လတ်တလော သတင်းများအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှော လူနာ ၁၈၀ ကျော် တက်ရောက်ကုသခဲ့ပြီး၊ ပြင်းထန်ကာလဝမ်းရောဂါပိုး တွေ့ရှိသူ ၉၃ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒီအထဲက အသက် (၉၂) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

အထူးသဖြင့် လူနေထူထပ်တဲ့ လသာမြို့နယ်၊ လှိုင်သာယာနဲ့ သာကေတမြို့နယ်တွေမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ဒီအခြေအနေဟာ သာမန်ကျန်းမာ
ရေးပြဿနာ တစ်ခုထက် ပိုမိုကြီးမားတဲ့ လူထုကျန်းမာရေးအရေးပေါ်အခြေအနေတစ်ရပ်အဖြစ် သတ်မှတ်ရမယ့် အဆင့်ကို ရောက်ရှိလာပါတယ်။

ဒီလိုရောဂါဆိုးကို ဘာကြောင့် မထိန်းချုပ်နိုင်ဘဲ ခေါင်းထောင်ထလာရသလဲဆိုတဲ့ အဓိက အကြောင်းရင်းကတော့အာဏာသိမ်းပြီးနောက်ပိုင်းအစစအရာရာယိုယွင်းပျက်စီးသွားတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာမြို့တော်စည်ပင်ရဲ့အမှိုက်သိမ်းစနစ်၊မြောင်းဖောက်စနစ်နဲ့ သန့်ရှင်းရေး လုပ်ငန်းစဉ်တွေဟာသိသိသာ
သာ ယိုယွင်းလာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ မိုးရာသီ ရေကြီးရေလျှံမှု တွေကြောင့် အမှိုက်၊ မိလ္လာနဲ့ သောက်သုံးရေအရင်းအမြစ်တွေရောနှောညစ်ညမ်းလာပြီးတစ်မြို့လုံးဟာ ရောဂါပိုးမွှားပျံ့နှံ့လွယ်တဲ့အန္တရာယ်မြင့်မားတဲ့အခြေအနေတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။

လမ်းဘေးစားသောက်ကုန်တွေ မသန့်ရှင်းတာထက်အခြေခံစည်ပင်စနစ် ပျက်စီးနေတာက ဒီပြဿနာရဲ့ မီးပွားကို ကောက်ရိုးမီးလို ကူးစက်စေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အထွေထွေအကျပ်အတည်းကြောင့် ဝင်ငွေများကျဆင်းလာပြီးကုန်ဈေးနှုန်းနဲ့ ဆေးဝါး ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ ဒီလိုရောဂါအန္တရာယ်ကို ရင်ဆိုင်ရခြင်းကပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေပါတယ်။ဒါ့အပြင်လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုကြောင့် အခြေခံ လိုအပ်ချက်တွေကိုပင် မနည်းရုန်း
ကန်နေရချိန်မှာ ပြည်တွင်း အရည်အသွေးမီ ဆေးဝါးရှားပါးမှုနဲ့ ဆေးဈေးနှုန်း အဆမတန် ကြီးမြင့်မှုတွေကြောင့် ပြည်သူ အများစုဟာ ရောဂါဖြစ်လာရင်တောင် ဆေးရုံဆေးခန်း စောစောမပြနိုင်ကြပါဘူး။

အခြေခံလူတန်းစားတွေဟာဆိုရင်လည်း ရော
ဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန် လို
အပ်တဲ့ သန့်ရှင်းသော အစားအသောက်နဲ့ သောက်သုံးရေကိုပင် ဝယ်ယူနိုင်ရန် ခက်ခဲနေကြသလို၊ ရောဂါ ဖြစ်ပွားလာပါကလည်း လို
အပ်တဲ့ ဓာတ်ဆားနဲ့ ဆေးဝါးတွေကို အချိန်မီ မရရှိနိုင်ခြင်းကြောင့် အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။

၂၀၂၄ ခုနှစ်ကလည်း ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် လူပေါင်း ၂,၂၀၀ ကျော် ဆေးရုံတက်ခဲ့ရပြီး ၁၅ ဦး သေဆုံးခဲ့ဖူးပါတယ်။အခုနှစ်မှာလည်း အလားတူ အခြေ
အနေမျိုးမ​ရောက်​အောင် အထူးသတိထားကြဖို့ လိုအပ်နေပါတယ်။ဒီလိုအကျပ်အ
တည်းများကြားမှာ မိမိကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်နိုင်ဖို့ အခြေခံကျန်းမာရေးအသိနဲ့ သန့်ရှင်းရေးအလေ့အကျင့်တွေကိုအလေး
ထားလိုက်နာကြရမှာ ဖြစ်ပါတယ်။

မည်သည့်ရေအမျိုးအစားဖြစ်စေ မဖြစ်မနေ ဆူပွက်အောင်ကျိုချက်ပြီးမှသောက်သုံးတာ၊
လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ခန့် စနစ်တကျ ဆေးကြောတာ ၊ ယင်နားသော သို့မဟုတ် မသန့်ရှင်းနိုင်တဲ့ အစားအစာ​တွေကို ရှောင်ကြဉ်တာတို့ကို လိုက်နာသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောစတင်ဖြစ်ပွားပါကခန္ဓာ
ကိုယ်ရေဓာတ်မခမ်းခြောက်စေဖို့ ၊ဓာတ်ဆားရေကိုအမြန်ဆုံးသောက်သုံးပြီးရောဂါ လက္ခ
ဏာများ မသက်သာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သိုမဟုတ် ကျန်းမာရေးဝန်ထမ်းများထံအချိန်မီဆက်သွယ်ကုသမှုခံယူသင့်ပါတယ်။

ဘက်စုံယိုယွင်းပျက်စီးနေတဲ့ စနစ်အောက်မှာ ပြည်သူတွေရဲ့ ကျန်းမာရေးအသိပညာနဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှုကသာ ရောဂါအန္တရာယ်တွေကို လျှော့ချနိုင်မယ့် အရေးကြီးတဲ့ အားထားရာတစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့်လက်ရှိဖြစ်ပေါ်နေတဲ့ ကာလဝမ်းရောဂါအန္တရာယ်ကို ပေါ့ဆမထားဘဲ တဦးချင်းစီကသန့်ရှင်းရေးနဲ့ ကာကွယ်ရေးအလေ့
အကျင့်တွေကို အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ။
👍315🤮1👌1
ဓာတ်ပုံ - အလုံကြက်ခြေနီ
👍25🤮1
ပေါက်နဲ့မြိုင်ကိုစစ်ကြောင်းထိုးလာတဲ့စစ်
တပ်အားတိုက်ခိုက်ရာ သေဆုံးသူ ၅၀ကျော်ရှိပြီး လက်နက်ခဲယမ်းတွေသိမ်းရဟု မကွေး PDF ထုတ်ပြန်

■စစ်တပ်စစ်​ကြောင်း ​ရေနံ​မှော်​တွေနဲ့ပိုနီးလာဟု​ဒေသခံ​ပြော

ဩဂုတ်-၁၅ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ပေါက်နဲ့မြိုင်မြို့နယ်ကိုစစ်
ကြောင်းထိုးလာတဲ့စစ်တပ်ကို​တော်လှန်​ရေးတပ်​တွေကခုခံတိုက်ခိုက်တာ​ကြောင့်သေဆုံးထိခိုက်သူ ၅၀ ကျော်ရှိပြီးလက်နက်ခဲယမ်းတွေသိမ်းရရှိတယ်လို့ မကွေးပြည်သူ့ကာ
ကွယ်ရေးတပ်မတော်ကဒီကနေ့ထုတ်ပြန်ပါတယ်။

အင်အား၅၀၀ ၀န်းကျင်နဲ့ ပခုက္ကူခရိုင်အတွင်း
ကို မေလကစတင်ပြီး လက်တလောအချိန်အထိစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကို "အညာတမာ" စစ်ဆင်ရေးစုဖွဲ့မှုနဲ့ စနစ်တကျစုဖွဲ့ကာခုခံတိုက်ခိုက်နေတယ်လို့ ဩဂုတ် ၁၅ရက်မှာမကွေးပြည်သူ့ကာကွယ်ရေးတပ်
မတော်ကထုတ်ပြန်တာပါ။

"အညာတမာ"စစ်ဆင်ရေးအရပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကာကွယ်ဖို့တော်
လှန်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့နဲ့ စိုးမိုးဒေသတွေ ချဲ့ထွင်ရေးပါ၀င်တယ်လို့ အ
သိပေးပါတယ်။

စစ်ကြောင်းဟာ ဇွန်လဆန်းပိုင်းမှာမြိုင်မြို့
နယ်က တွင်းမပျူစောထီးစခန်းကနေ ပေါက်မြို့နယ် ထောက်ရှာပင် ကျေးရွာ ၊ အဲဒီနောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာ၀င်ရောက်ပြီး ကိုင်းတောမ - ဝက်ပုတ် - ဘောတုံ- ဘောင့်ပင် -သင်းမ - ယာကြီးပြင် - တောင်စုံ - မှန်ရင်း အစရှိတဲ့ ကျေးရွာလမ်းပိုင်းတွေကို အ
သုံးပြုပြီး စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းနဲ့ အကြိမ် ၃၀ ထက်မနည်း ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က အ
နည်းဆုံး ၅၀ ‌ဦးထက်မနည်း သေဆုံးခဲ့ကာ အများအပြားထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။စစ်တပ်ရဲ့သေဆုံးမှုနဲ့ထိခိုက်မှုအရေအတွက်ကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တဲ့အပြင် လက်နက်(မဲ့) အလင်းဝင်ရောက်လာသူ ၄ဦးရှိပြီး သက်ဆိုင်ရာ မိဘတွေနဲ့ ချိတ်ဆက်ကာ နေရပ်အသီးသီးကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့ အသိပေးပါတယ်။

"မနေ့ကလည်း စစ်ကြောင်းတိုက်ခံရသေးတယ်။အခုတော့ ရွေ့လာတဲ့ စစ်ကြောင်းအရဆိုရေနံမှော်တွေဘက်ကိုပိုတိုးလာတယ်ပြောရမယ်။လေကြောင်းကလည်း နေ့စဉ်နီးပါး ဗုံးကြဲနေတယ်"လို့ မြိုင်မြို့နယ် မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ အညာတမာစစ်ဆင်ရေးမှာမကွေးပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းတွေ ၊ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ် ရင်းများ၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ရေစကြို ပကဖ ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(ABSDF) ၊တိုင်းပကဖစစ်ကြောင်း(၄) နဲ့ MRG တပ်ဖွဲ့ တို့ပါ၀င်တယ်လို့ သိရပါတယ်။

ဒါ့အပြင်ကမ္မတပ်ပေါင်းစု ၊ကမ္မလုံခြုံရေးအင်အားစု ၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု‌ တွေ နဲ့အတူ ပြည့်သူလွတ်မြောက်ရေးတပ်မတော် (PLA ) ၊ ယင်းမာပင်ခရိုင်အမှတ်( ၇/၁၁/၁၂) တပ်
ရင်းများ ၊ပုလဲပကဖ ၊ Myingyan Black Tiger တပ်ဖွဲ့နဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ စနစ်တကျစုဖွဲ့တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်တပ်စစ်ကြောင်းက ပေါက်နဲ့ မြိုင်မြို့နယ်အတွင်းကကျေးရွာပေါင်း ၁၁ရွာက ဒေသခံ နေအိမ် ၃၀၀ ၀န်းကျင် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂၄ ဦးကို ရက်စက်စွာသတ်
ဖြတ်ခဲ့ပါတယ်။

စစ်တပ်စစ်ကြောင်းကို တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကနေ တိုက်ခိုက်နေပြီး အခုထက်ပိုတဲ့ စည်းလုံးညီညွှတ်စုဖွဲ့မှုတွေနဲ့ တော်လှန်
ရေးတာဝန်တွေ ထမ်းဆောင်ဖို့ ကြိုးစားနေတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မအကြမ်းဖက်လုပ်ငန်းတွေမှာ ပါ၀င်နေကြတဲ့လူငယ်လူရွယ်တွေအနေနဲ့ ရုန်းထွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်က ပေါက်နဲ့ မြိုင် ဒေသအစပ် က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ရေနံတွင်းတွေဆီကို ဦးတည်စစ်ကြောင်းထိုးနေပြီး ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေတာလို့စစ်ရေးသတင်းရင်း မြစ်တွေကလည်း ကနဦးသုံးသပ်ထားပါတယ်။
33👍19🤣3🖕2👏1
33👏6👍3🥰2🤣1🖕1
🥰288👏5🤣1🖕1
■​ဆောင်းပါး

"အယ်လ်နီညို ရဲ့အပြင်းထန်ဆုံးအရှိန်ဟာ အမေဇုန်အတွက် အဆိုးဆုံးအချိန်မှာရောက်လာနိုင်ပြီး ကမ္ဘာတစ်ဝန်း စိုးရိမ်စရာဖြစ်လာ"

-နောင်​နောင် ရေးသားသည်။

“လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ခံနေရပြီးသား သစ်တောတွေမှာ မိုးရာသီ နောက်ကျသွားရင် ‘ဂေါ်ဇီလာ’ လို့ တင်စားခေါ်ဝေါ်တဲ့ အလွန်ပြင်းထန်သော အယ်လ်နီညို ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။”

ကမ္ဘာကြီးပူနွေးလာမှုကြောင့်ဥရောပမှာ တော
မီးတွေ၊ အာရှမှာ ရေကြီးမှုတွေနဲ့ အပူလှိုင်း
တွေ ဖြစ်ပေါ်နေချိန်မှာ အမေဇုန်ဒေသက
တော့ ပြင်းထန်တဲ့ မိုးခေါင်မှုကို ရင်ဆိုင်ဖို့ ပြင်ဆင်နေရပါတယ်။ သိပ္ပံပညာရှင်တွေက အယ်လ်နီညို ရဲ့ အထွတ်အထိပ်ဟာ အောက်
တိုဘာလကနေ ဒီဇင်ဘာလအတွင်း၊ အမေဇုန်အတွက် အဆိုးဆုံးအချိန်မှာ ဖြစ်လာနိုင်တယ် လို့ ခန့်မှန်းထားပါတယ်။

အဲဒီကာလဟာ မိုးခေါင်ရာသီအဆုံးပိုင်းဖြစ်ပြီး မြစ်ရေတွေ အနိမ့်ဆုံးအခြေအနေကို ရောက်နေသလို သစ်တောအောက်ပိုင်းတွေကလည်း ခြောက်သွေ့ပြီး မီးလောင်လွယ်နေပါတယ်။

အမေဇုန်သစ်တောဟာကမ္ဘာ့ရာသီဥတုကို ထိန်းညှိပေးရာမှာ အရေးကြီးသလိုတောင်အမေရိကတစ်ဝန်း စိုက်ပျိုးရေးအတွက်မိုးရေရရှိစေဖို့လည်းအဓိကအခန်းကဏ္ဍကနေ ပါ
ဝင်ပါတယ်။ဒါပေမယ့်လူသားတွေကကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ(ကျောက်မီး
သွေး၊ရေနံနဲ့ သဘာဝဓာတ်ငွေ့) နဲ့ သစ်တောတွေကို မီးရှို့အသုံးပြုတာကြောင့် ကမ္ဘာကြီးပူနွေးလာပြီး အပူလှိုင်း၊ မုန်တိုင်း၊ မိုးခေါင်မှုနဲ့ တောမီးတွေလို ပြင်းထန်တဲ့ ရာသီဥတုဖြစ်ရပ်တွေပိုမိုဆိုးရွားလာပါတယ်။ ဒီရေရှည်အခြေ
အနေအပေါ် အယ်လ်နီညို ဆိုတဲ့ သဘာဝရာသီဥတုဖြစ်စဉ် က ထပ်မံဖိအားပေးလာတာ ဖြစ်ပါတယ်။

ဒီအယ်လ်နီညို ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ အတွင်း အပြင်းထန်ဆုံးဖြစ်လာနိုင်တယ် လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အစပြုနေဆဲအချိန်မှာတောင် ကမ္ဘာ့ဒေသအ
များအပြားမှာ အပူချိန်မြင့်တက်မှု၊ မိုးခေါင်မှု၊ တောမီးနဲ့ ရေကြီးမှုတွေ ဖြစ်နေပါပြီ။ဥရောပမှာအပူချိန်စံချိန်တွေချိုးဖောက်ခဲ့ပြီးပြင်သစ်၊ ဂရိနဲ့ မြေထဲပင်လယ်ဒေသတွေမှာတောမီးတွေ ပြင်းထန်ခဲ့ပါတယ်။အာရှမှာတောင်ကိုရီးယားနဲ့ ဂျပန်တို့ အပူလှိုင်းခံနေရပြီး တရုတ်နဲ့ အိန္ဒိယမှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကနေဒါ၊ အင်ဒိုနီးရှားနဲ့ အမေရိကန်တို့မှာလည်း တောမီးကြီးတွေ ဖြစ်ပွားနေပြီး အ
ရှေ့အလယ်ပိုင်းမှာ အပူချိန်စံချိန်သစ်တွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။

ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေကလည်း ယခင်မှတ်တမ်းတွေထက် အလွန်မြင့်တက်
နေပြီး သန္တာကျောက်တန်းတွေနဲ့ ပင်လယ်သတ္တဝါတွေကို ခြိမ်းခြောက်နေပါတယ်။ သမုဒ္ဒရာတွေဟာကမ္ဘာ့အပူကိုအဓိကစုပ်ယူပေးတဲ့ နေရာဖြစ်တာကြောင့်ပင်လယ်ရေအပူ
ချိန်မြင့်တက်မှုဟာကုန်းမြေပေါ်မှာဆက်လက်
ဖြစ်လာမယ့် အပူဒဏ်တွေကို ကြိုတင်ပြသနေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

အမေဇုန်ဟာ ကမ္ဘာ့အကြီးဆုံးမြစ်နဲ့ မြစ်လက်
တက်များစွာကို ပိုင်ဆိုင်ထားပြီး သစ်ပင်တွေနဲ့ အပင်တွေကအစိုဓာတ်ကိုစုပ်ယူကာ လေထုထဲ ပြန်လည်ထုတ်လွှတ်ပေးတဲ့အတွက် မိုး
ကောင်းကင်ပေါ်က ရေငွေ့စီးကြောင်းများ (flying rivers) လို့ခေါ်တဲ့ ရေငွေ့စီးကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီစနစ်က တောင်အမေရိကတစ်ဝန်းကို အေးမြစေပြီး မိုးရေထောက်ပံ့ပေးပါတယ်။ဒါ့အပြင်အမေဇုန်သစ်တောက ကာဗွန်ဒိုင်အောက်ဆိုဒ် အမြောက်အမြားကို စုပ်ယူပေးတာကြောင့် ကမ္ဘာတစ်ဝန်းအတွက် အရေးကြီးပါတယ်။

ဒါပေမယ့်အမေဇုန်ဟာစိုက်ပျိုးရေး၊သတ္တုတူးဖော်ရေးနဲ့ လူသားကြောင့် ဖြစ်ပေါ်တဲ့ ရာ
သီဥတုပြောင်းလဲမှုတွေကြောင့် သုံးပုံတစ်ပုံခန့်ပျက်စီးယိုယွင်းနေပါပြီ။အဲဒီအတွက် သစ်
ပင်နဲ့သစ်တောအောက်ပိုင်းတွေဟာမီးလောင်
လွယ်လာပြီး “megafire” လို့ခေါ်တဲ့ အလွန်ကြီးမားတဲ့ တောမီးတွေ ဖြစ်ပေါ်နိုင်ခြေ မြင့်တက်လာပါတယ်။ အချို့ဒေသတွေဟာ သစ်
တောက သူ့ဘာသာသူ ပြန်လည်ကောင်းမွန်နိုင်တဲ့အဆင့်ကို ကျော်လွန်သွားနိုင်မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။

အရင် အယ်လ်နီညို သုံးကြိမ်—၁၉၉၇ - ၉၈၊ ၂၀၁၅ - ၁၆ နဲ့ ၂၀၂၃ - ၂၄ တို့ဟာ အမေဇုန်အတွက် ဆိုးရွားခဲ့ပါတယ်။ ၂၀၂၃ - ၂၄ အယ်လ်နီညိုကြောင့် မြစ်အချို့ စံချိန်တင်အနိမ့်ဆုံးရောက်ခဲ့ပြီး တောမီးကြီးတွေ ဖြစ်ပွားခဲ့သလို လင်းပိုင်နဲ့ ငါးတွေ အမြောက်အမြား သေဆုံးခဲ့ပါတယ်။ အခုတော့ သစ်တောဟာ အဲဒီပျက်စီးမှုကနေ ပြန်လည်ကောင်းမွန်ဖို့တောင်အချိန်မရသေးခင်နောက်ထပ်ပိုမိုပြင်း
ထန်တဲ့ အယ်လ်နီညိုကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် ဒီ အယ်လ်နီညို ကို “ဂေါ်ဇီလာ
အယ်လ်နီညို" လို့ တင်စားခေါ်ဆိုထားတာ ဖြစ်ပါတယ်။

ဘရာဇီးအစိုးရကဂြိုဟ်တုနဲ့စောင့်ကြည့်ခြင်း၊ စည်းမျဉ်းဖောက်ဖျက်မှုတွေကိုအရေးယူခြင်းနဲ့ တောမီးငြှိမ်းသတ်ရေးအတွက် ရင်းနှီးမြှုပ်
နှံမှု တိုးမြှင့်ခြင်းတွေ ပြုလုပ်နေပါတယ်။ ဒီလုပ်ဆောင်ချက်တွေကြောင့် မနှစ်က အမေဇုန်မှာ မီးလောင်ကျွမ်းခဲ့တဲ့ ဧရိယာဟာ ၁၉၈၅ ခုနှစ် မှတ်တမ်းစတင်ခဲ့ပြီးနောက် အနိမ့်ဆုံးအဆင့်ကိုရောက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နှစ်ဆိုတာသစ်တောတစ်ခု ပြန်လည်ကောင်း
မွန်ဖို့ မလုံလောက်ပါဘူး။
17👍11😱5🔥3
အမေဇုန်မီးလောင်ရာသီက စတင်နေပြီဖြစ်ပြီး အမြင့်ဆုံးအဆင့်ကတော့ နောက်ထပ် လအနည်းငယ်အတွင်း ရောက်လာနိုင်ပါတယ်။ ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းတွေကလည်း သစ်တောအတွင်းပိုင်း မီးလောင်မှုတွေကို ကိုယ်တိုင် ကိုင်တွယ်နိုင်ဖို့ မီးငြှိမ်းသတ်ရေးအဖွဲ့တွေဖွဲ့စည်းနေကြပါတယ်။ သစ်တောကျွမ်းကျင်သူ အဲရိကာ ဘဲရင်ဂဲ (Erika Berenguer) ကတော့ “စိုထိုင်းဆမြင့်တဲ့ မိုးသစ်တောကြီးက မီးလောင်နေတယ်ဆိုတာ အရမ်းကို အံ့ဩစရာကောင်းတယ်”လို့ပြောပါတယ်။

ပြဿနာရဲ့ အဓိကအချက်တစ်ခုကတော့
အယ်လ်နီညို ဖြစ်စဉ်တွေ အချိန်တိုအတွင်း ထပ်ခါထပ်ခါ ဖြစ်လာခြင်း ဖြစ်ပါတယ်။ သစ်တောဟာ ပထမ အယ်လ်နီညို ရဲ့ ထိခိုက်မှုကနေပြန်မကောင်းသေးခင်နောက်ထပ်
အယ်လ်နီညို ရောက်လာရင် ရောဂါတစ်ခုနဲ့ အားနည်းနေတဲ့လူတစ်ယောက်ကို နောက်ထပ်ကူးစက်ရောဂါ ဝင်လာတာနဲ့ ဆင်တူပါတယ်။

အယ်လ်နီညို ရဲ့ အပူဆုံးအချိန်နဲ့ ကမ္ဘာ့အခြားဒေသတွေမှာ အပူချိန်မြင့်တက်လာတဲ့အချိန်ကြားမှာ သုံးလခန့် နောက်ကျမှု ရှိတာကြောင့် ပြင်းထန်တဲ့အခြေအနေတွေဟာ ၂၀၂၇ ခုနှစ်အထိ ဆက်လက်ရှိနိုင်ပါတယ်။ ဆာဝ်ပေါ်လူ (São Paulo) တက္ကသိုလ်က ရာသီဥတုသိပ္ပံ
ပညာရှင် ကာလို့စ် နောဘရီ (Carlos Nobre) က အမေဇုန်ဟာ ၂၀၂၇ ခုနှစ် မတ်လအထိ အထူးသဖြင့် ပြင်ဆင်ထားဖို့ လိုအပ်တယ် လို့ သတိပေးထားပါတယ်။

လယ်သမားနဲ့ မွေးမြူရေးလုပ်ငန်းရှင်တွေလည်း စိုးရိမ်နေကြပါတယ်။ အယ်လ်နီညို ကြောင့် နွားတွေအပူဒဏ်ခံတာ၊ စားကျက်မြက်အရည်အသွေးကျဆင်းတာနဲ့ ရေရှားပါးတာတို့ ဖြစ်လာနိုင်ပြီး နွားစာဖြည့်စွက်စရိတ် တက်လာသလိုနွားအလေးချိန်တိုးမှုနဲ့ နို့ထုတ်
လုပ်မှုလည်း ကျဆင်းနိုင်ပါတယ်။ယခင်အယ်လ်နီညို ပြင်းထန်တဲ့နှစ်တွေမှာ ဘရာဇီးရဲ့ ပဲပုပ်သီးနှံထွက်ရှိမှုလည်းကျဆင်းခဲ့ပါတယ်။

ဌာနေတိုင်းရင်းသားတွေကတော့ သစ်တောကို ထိန်းသိမ်းပေးသူတွေ ဖြစ်ပေမယ့် သူတို့ကိုယ်တိုင်လည်း ကမ္ဘာကြီးပူနွေးလာမှု၊ သစ်
တောရှင်းလင်းမှုနဲ့ အယ်လ်နီညို တို့ရဲ့ သက်
ရောက်မှုကို ခံနေရပါတယ်။ အရင် အယ်လ်နီညို တုန်းက ရှင်ဂူး (Xingu) နဲ့ တာပါဂျော့စ် (Tapajós) မြစ်ဝှမ်းက အသိုင်းအဝိုင်းတချို့ဟာ မြစ်တွေရေခန်းခြောက်သွားတာကြောင့် သွားလာရေးပြတ်တောက်ပြီးရေငတ်၊ အစား
အစာပြတ်လပ်မှာစိုးရိမ်ခဲ့ကြရပါတယ်။အ
ခြေအနေက ဒီထက်ပိုဆိုးလာရင် အမေဇုန်မိုးသစ်တောထဲမှာမိုးခေါင်ဒုက္ခသည်တွေပေါ်လာ
နိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒီပြဿနာဟာ ဘရာဇီးတစ်နိုင်ငံတည်းနဲ့ မဆိုင်ပါဘူး။အမေဇုန် အားနည်းလာရင် ကမ္ဘာ့ရာသီဥတုနဲ့ စိုက်ပျိုးရေးထုတ်လုပ်မှုကိုပါ ထိ
ခိုက်စေမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဒေသအများအပြားက လယ်သမားတွေကလည်း ရာသီ
ဥတုပြောင်းလဲမှုဟာ သူတို့ လိုက်လျောညီ
ထွေဖြစ်အောင် ပြောင်းလဲနိုင်တာထက် မြန်
ဆန်နေပြီလို့ ပြောနေကြပါတယ်။ အစားအစာဈေးနှုန်းတွေကလည်း သုံးနှစ်အတွင်း အမြင့်ဆုံးအဆင့်ရောက်နေပြီး အယ်လ်နီညိုကြောင့်
လူပေါင်း ၄၉ သန်းခန့်ထပ်မံအစာရေစာမလုံ
လောက်မှုကို ရင်ဆိုင်ရနိုင်တယ် လို့ UN က ခန့်မှန်းထားပါတယ်။

ဒါကြောင့် အမေဇုန်လို ကမ္ဘာကြီးအတွက် အရေးကြီးတဲ့ သဘာဝဂေဟစနစ်တွေကို ပိုမိုကာကွယ်ဖို့ လိုအပ်ပါတယ်။ တောမီးငြှိမ်းသတ်ရေးအတွက် ရင်းနှီးမြှုပ်နှံတာက ရေတိုအတွက် လိုအပ်ပေမယ့် မီးလောင်ပြီးသား အကျိုးဆက်ကိုသာ ဖြေရှင်းတာ ဖြစ်ပါတယ်။ ရေရှည်မှာတော့ သစ်တောပြုန်းတီးမှုကို ရပ်တန့်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းလောင်
စာအသုံးပြုမှုကို လျှော့ချရပါမယ်။ မဟုတ်ရင် ကမ္ဘာ့လေထုဟာ ဆက်လက်ပူနွေးပြီး ရာ
သီဥတုပြင်းထန်မှုတွေကို ပိုမိုဆိုးရွားစေမှာပါ။

အမေဇုန်ကို အခုကတည်းက ထိထိရောက်ရောက် မကာကွယ်နိုင်ရင် ဒီနှစ်ရဲ့ “‌ဂေါ်ဇီလာ” အယ်လ်နီညို တောင်နောင်လာမယ့်ပိုမိုဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ယှဉ်ရင် ကြောင်ကလေးတစ်ကောင်လို အန္တရာယ်မရှိသလောက် ဖြစ်သွားနိုင်ပါတယ်။ ။

ကိုးကား The Guardian
👍28🔥3🙏32
အ​မေဇုန်သစ်​တောတစ်​နေရာ / ပြင်သစ်မှာ​တောမီး​လောင်​နေစဥ်/တရုတ်ပြည်​ရေကြီး​နေမှု / ကမ္ဘာ့အပူချိန်စံချိန်တင်ဆက်တိုက်​တိုး​နေမှု ။ဓါတ်ပုံ/အင်ဖိုဂရပ်-Guardian
😱20👍9😨3🔥2🙏1