People's Spring
60.4K subscribers
70K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတော့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲပါ ထိုင်းနိုင်ငံ လာရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး လူသိများတဲ့ ထိုင်းအတိုက်အခံအမတ်တစ်ဦးက ထိုင်းအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။ ဒီအခြေအနေတွေက မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ လမ်းကြောင်းဖန်တီးနေတာလား၊ ဒါမှမဟုတ် အာဏာသိမ်း စစ်တပ်ကို လူရာပြန်ဝင်နိုင်အောင် တံခါးဖွင့်ပေးဖို့ ကြိုးစားနေတာလား ဆိုတာကို သဲသဲကွဲကွဲ ရှင်းပြဖို့ လိုအပ်လာစေတယ်လို့ လွှတ်တော်အမတ် ကန်နာဗီဆူယက်ဘ်ဆန်က ဩဂုတ် ၁၃ ရက် မနေ့က Facebookမှာ ရေးသားခဲ့ပါတယ်။ အာဆီယံမှာ ထိပ်တန်းအစည်းအဝေးတွေ ပြန်တက်ခွင့်ရအောင်၊ အာဆီယံ အသိုက်အဝန်းမှာ ပြန်ဝင်ဆံ့အောင် ကြိုးစားနေတဲ့ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်သစ်က ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် ထိုင်းကို ရွေးချယ်တာဟာ သာမန်ထက်ပိုတဲ့ အဓိပ္ပါယ်တွေ ရှိနိုင်ကြောင်းလည်း ကန်နာဗီက သုံးသပ်ပါတယ်။ ထိုင်းနိုင်ငံက သူ့ကို ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ခမ်းခမ်းနားနား ကြိုဆိုတာ၊ လက်ဆွဲနှုတ်ဆက်တာမျိုး ပုံရိပ်တွေကို အသုံးပြုပြီး မြန်မာစစ်တပ်ကို အိမ်နီးချင်း နိုင်ငံတွေက ပုံမှန် ပြန်လည် ဆက်ဆံနေပြီဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ လုပ်လာနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။ မြန်မာပြည်သူတွေရဲ့ ဘဝက ‘ပုံမှန်’ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်နဲ့ ဝေးကွာလွန်းနေဆဲ အခြေအနေမှာ ထိုင်းဟာ မြန်မာစစ်တပ်ကို ‘ပုံမှန်’ အခြေအနေထဲ ပြန်ဝင်လာနိုင်အောင် တံခါးဖွင့်ပေးမယ့် နေရာတော့ မဖြစ်သင့်ဘူးလို့ ကန်ဗာဗီက ဆက်လက်သတိပေးသွားပါတယ်။

◾️တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းစောင့် ဒုဗိုလ်တစ်ဦးကို ပစ်ခတ်ဖမ်းဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းက တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းစောင့် ဒုဗိုလ်တစ်ဦးကို အရှင်ဖမ်းဖို့ကြိုးပမ်းစဉ် ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တောင်သာ People Defense Forceက ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၃ ရက် မနေ့ မနက် ၇နာရီမှာ ဝဲလောင်စခန်းဆီ အေးရွာဓါတ်​ငွေ့ပိုက်လိုင်းအထိုင်ဂိတ်က စစ်သားတွေ အရပ်ဝတ်နဲ့ သွားလာနေတယ်ဆိုတဲ့ သတင်းကြောင့် တောင်သာ People Defense Force(TTA-PDF)တပ်သားတွေက ကင်းပုံးဝတ် စောင့်ဆိုင်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီအချိန် အေးရွာဓါတ်​ငွေ့ပိုက်လိုင်းကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ စစ်တပ်ရဲ့ ဒုဗိုလ်မောင်သိန်းကို တားဆီးပြီး ဖမ်းဆီးဖို့ကြိုးစားပေမယ့် လက်ပစ်ဗုံးထုတ်ကာ ပြန်လည်ခုခံဖို့ကြိုးစားတာကြောင့် ပစ်ခတ်လိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီစစ်သားကို ချော့ခေါ်ပေမယ့် မရလို့ ပစ်လိုက်ရတာလို့ ဖြစ်စဉ်ကိုသိတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ ဒုဗိုလ်မောင်သိန်းဆီက လက်ပစ်ဗုံးတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ငွေသားတချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ TTA-PDFက ထုတ်ပြန်ထားပါတယ်။

◾️ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ် ၁၄ရက် ညပိုင်း ၇နာရီခွဲဝန်းကျင်မှာ KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာကို စစ်တပ် တိုက်လေယာဉ်ပျံသန်းခြိမ်းခြောက်ခဲ့ပြီးနောက် KIA တပ်မဟာ(၆) တပ်ရင်း(၉) နယ်မြေကို လေကြောင်း တိုက်ခိုက်လာတာလို့ ဆိုပါတယ်။ စစ်တပ်က ရှမ်းမြောက်ရှိ KIA တပ်စခန်းတွေနဲ့ KIA ထိန်းချုပ်ဒေသက ပြည်သူလူထုတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ပြီး လေကြောင်းဖိအားပေးတာတွေ ဆက်လက်လုပ်ဆောင်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။

◾️ပုသိမ်မြို့မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီး ၁၀ရက်အကြာမှာ ရုပ်အလောင်းတွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။ အသက် (၅၆) နှစ်အရွယ် ဒေါ်အေးအေးမြင့်က ဩဂုတ် ၄ရက် မနက်က ပုသိမ်ဈေးကြီးနားမှာ အထည်ဝယ်စရာရှိတယ်ဆိုပြီး ထွက်သွားရာက နေအိမ်ပြန်မရောက်လာခဲ့တာကြောင့် သမီးဖြစ်သူက လူမှုကွန်ရက်မှာ ပို့စ်တင်ပြီး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အေးအေးမြင့်ရဲ့ ရုပ်အလောင်းကို မြောင်းမြမြို့အနီး ငါးမြင်းချောင်းမှာ သြဂုတ် ၁၃ရက်က တွေ့ရှိခဲ့တာလို့ သမီးဖြစ်သူက အသိပေးပါတယ်။ ဒေါ်အေးအေးမြင့်ဟာ မအူပင်နဲ့ သန်လျင်နည်းပညာတက္ကသိုလ်တွေမှာ ဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တာကြောင့် သူ့ရဲ့ တပည့်တွေကလည်း စိတ်မကောင်းကြောင်း ရေးသားထားကြပါတယ်။

◾️ထောင်တွင်းဆေးကုသခွင့်မလုံလောက်လို့ အသက် ၈၀ကျော် နိုင်ကျဉ်း ဆုံးပါး
10👍6🔥2
စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦး ထောင်တွင်းလုံလောက်တဲ့ဆေးဝါးကုသမှု မရခဲ့တာကြောင့် ဩဂုတ် ၁၃ ရက် မနေ့က ကျဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)က ထုတ်ပြန်အသိပေးထားပါတယ်။ အသက် ၈၂ နှစ်အရွယ်ရှိ သက်ကြီးပိုင်းနိုင်ငံရေးအကျဉ်းသူဟာ အစာအိမ်ကင်ဆာရောဂါခံစားနေရတာကြောင့် ဆေးဝါးကုသခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အကျဉ်းထောင်ဘက်က ဆောလျင်စွာ ခွင့်ပြုမပေးခဲ့ဘူးလို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူရဲ့ရောဂါအခြေအနေဆိုးရွားလာချိန် ပြီးခဲ့တဲ့မေလလောက်မှသာ ပြင်ပဆေးရုံမှာ ဆေးကုသခွင့်ရခဲ့ပေမယ့် ရောဂါ ကျွမ်းပြီး ကျဆုံးခဲ့ရတာလို့ WOPP အဖွဲ့က ထုတ်ပြန်ထားပါတယ်။
🤬12👎6🔥2💔1
🔥17👍82
■​ဆောင်းပါး

ဦးရှင်ကြီး၊ ရခိုင်ရိုးမ နဲ့ ငဝန်မြစ်တို့သာ
သိမဲ့ ရေဘေးလုပ်ကြံမှု

ရွှေပြည်စိုး/People's Spring

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

ရေဘေးသင့်သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေကြတဲ့ စက်လှေတွေရဲ့ အင်ဂျင်သံနဲ့ လေကို ထိုးခွင်းပျံသန်းနေတဲ့ဂျက်ဖိုက်တာအသံဟာ ရောထွေးနေခဲ့ပါတယ်။ လေယာဉ်တွေဟာ ဘေးသင့်သူတွေကိုကယ်ဆယ်ရေးလုပ်ဖို့ ပျံသန်းလာတာမဟုတ်ပါဘူး။ ကြည့်နေရင်းမှာပဲ ရေမြုပ်လာတဲ့ လေးမျက်နှာမြို့ပေါ်ကိုကျော်ပြီးရွာတွေကို ဗုံးကြဲချသွားပါတယ်။ ပြီးတော့ ရေဘေးကြောင့် ကမ္ဘာပျက်နေတဲ့ မြို့ပေါ်ကနေ ဖြတ်ပြန်သွားပါတယ်။

ဒီဖြစ်စဉ်ဟာဇူလိုင်လကုန် နဲ့ သြဂုတ်လဆန်းကာလမှာ ဖြစ်ပွားခဲ့တာပါ။ဒီတစ်ကြိမ်မှာ စစ်အာဏာရှင်ဘီလူးရဲ့ အစွယ်ကို တလောကလုံးမြင်အောင် ထပ်ဖြဲပြလိုက်တာက ငဝန်မြစ်ဆ်ိုတဲ့ မထင်မရှားမြစ်တစ်စင်းပဲဖြစ်ပါတယ်။

●သံသယမြစ်နဲ့ ပဟေဠိရေကာတာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ဟာငဝန်မြစ်ဘေးမှာ ရှိပြီးမြို့နဲ့မြစ်ကို မြေသားရေကာတာနဲ့ ခြားထားပါတယ်။ငဝန်မြစ်ဟာ ဧရာဝတီမြစ်နဲ့ဆက်စပ်နေသလိုဘင်္ဂလားပင်လယ်
အော်ထဲလည်း စီးဆင်းပါတယ်။ ဇူလိုင်လတတိယလပတ်ကစပြီး ငဝန်မြစ်ရေဟာ မိုးရာသီကာလ ပုံမှန်အတိုင်း မြင့်တက်နေခဲ့ပါတယ်။

ဇူလိုင်လ၃၀ရက်နေ့ညမှာတော့ ငဝန်မြစ်ကမ်းဘေးကမြစ်ကျိုးကျေးရွာရဲ့တာမိုင်(၂၅ / ၃) အနီးအလျားပေ၅၀ခန့် ကျ်ိုးကျသွားပါတယ်။ရေတွေဟာ တာကျိုးပေါက်ကနေ မြို့အတွင်းပိုင်းကို ဒလဟော စီးဝင်ခဲ့ပါတယ်။ နောက်နေ့မှာတော့ တာကျိုးပေါက်ဟာပေ ၂၀၀ ကျော်အထိကျယ်သွားပြီး ၃၆နှစ်အတွင်း အဆိုးရွားဆုံးရေဘေးဒဏ်ကို ဒေသခံတွေ ရင်ဆိုင်ခဲ့ရပါတယ်။လေးမျက်နှာမြို့နယ်အပြင်ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေလွှမ်းခဲ့ပါတယ်။

တာကျိုးကျတဲ့ညနဲ့ နောက်ထပ် ၂ရက်အ
တွင်းအခြေအနေဟာ အရေးပေါ်ဖြစ်ခဲ့ပါတယ်။နာရီပိုင်းအတွင်း တရိပ်ရိပ်တက်လာတဲ့ရေကြောင့် ဒေသခံတွေဟာ ရေလွတ်ရာကို ရှာဖွေခဲ့ကြရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကိုစောင့်ဆိုင်းခဲ့ကြရပါတယ်။အဲဒီအချိန်မှာပဲ လေးမျက်နှာမြို့နယ်ထဲကို ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ဖြတ်ပျံပြီး ရခိုင်ရိုးမအခြေက ရွာတွေကို ဗုံးကြဲခဲ့တာပါ။ ရေ‌ဘေးကြောင့် ထိခိုက်သေဆုံးသူထက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူကပိုများခဲ့ပါတယ်။ရက်ပိုင်းအတွင်းအရပ်
သားသုံးဦးသေဆုံးပြီး ၁၆ဦးဒဏ်ရာရခဲ့ပါတယ်။

ငဝန်မြစ်ရေကာတာကျိုးကျတာက သွေးရိုး
သားရိုးမဟုတ်ဘူးလို့ဒေသခံတွေကယုံကြည်
နေပါတယ်။ " ရေကာတာကို မအလ ချိုးချတာ"၊ " ဂျပုက တိုက်ပွဲအခြေအနေမကောင်းလို့ ရေဘေးဖြစ်အောင်လုပ်တာ" စသဖြင့် ဒေသခံတွေ တီးတိုးပြောဆိုနေကြပါတယ်။

ဒီနေရာမှာလေးမျက်နှာမြို့ရဲ့လက်ရှိ မြေပြင်အခြေအနေ၊ပထဝီဝင် အနေအထားနဲ့ ဒေသတွင်း နိုင်ငံရေးရာသီဥတုကိုအကြမ်းဖျင်းရှင်းပြပါမယ်။

လေးမျက်နှာမြို့နယ်ဟာ ရခိုင်ရိုးမ နဲ့လည်းဆက်စပ်နေပြီး ပုသိမ်-မုံရွာလမ်းလည်းဖြတ်သွားပါတယ်။၂၀၂၄ ဒီဇင်ဘာလမှာ ဂွမြို့ကို အာရက္ခတပ်တော်(AA) သိမ်းယူပြီးတဲ့နောက်
ပိုင်း ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ဧရာဝ
တီတိုင်းထဲကရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့တွေမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။စစ်တပ် တပ်စွဲထားတဲ့ရွာတချို့ကိုAA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့ပါတယ်။လေးမျက်နှာမြို့နယ်ဟာ တခြားမြို့တွေလိုပဲ အာဏာသိမ်းစစ်တပ်အထိနာနေတဲ့ စစ်ရေးဧရိယာဖြစ်ပါတယ်။

ငဝန်မြစ်ရေဂါတာကျိုးမကျခင် တစ်လခန့်မှာ ယခင်တိုက်ပွဲတွေထက်ပိုပြင်းထန်ခဲ့ပြီး စစ်
တပ်က လေကြောင်းပစ်ကူနဲ့ အသည်းအ
သန်ခုခံနေရတာပါ။ဒါ့ကြောင့် AAရဲ့ထိုးစစ်
ကို ဟန့်တားနိုင်ဖို့ ငဝန်မြစ်ရေကာတာကို စစ်အုပ်စုက တမင်ချိုးချခဲ့တယ်လို့ ဒေသခံ အ
များစုကယုံကြည်နေကြပါတယ်။

"ရေက သာမန်ပဲရှိသေးတာပါ။ထူးထူးကဲကဲတက်နေတာမဟုတ်သေးဘူး။နောက်ပြီးတော့ ဒါက ဒီနှစ်ရဲ့ပထမဆုံးမြစ်ရေတက်တာ။ပုံမှန်အခြေအနေမှာ တာကျိုးရိုးထုံးစံမရှိဘူး" လို့ လေးမျက်နှာမြို့ပေါ်မှာနေထိုင်သူတဦးကသုံးသပ်​ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဇော်မင်းသိန်းကတော့ ဒီရေဘေးဟာ စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ ဖန်တီးတာလို့ သတင်းမီဒီယာတွေကတစ်ဆင့်ထုတ်ဖော်ပြောဆိုထားပါတယ်။တာခြေအနီး ရေတိုက်စားပြီးပေါက်နေတာကိုဒေသခံတွေက တွေ့လို့ တာဝန်ရှိသူတွေကို အချိန်မီအကြောင်းကြားပေမယ့် မြို့ပေါ်ကနေသွားရင် ၅မိနစ်အတွင်း ရောက်တဲ့နေရာမှာ ရှိတဲ့အဆိုပါနေရာကို ဌာနဆိုင်ရာတွေကလုံလောက်တဲ့ကြိုတင်ကာကွယ်ရေး မလုပ်ခဲ့ဘူးလို့ ဦးဇော်မင်းသိန်းက ပြောပါတယ်။

တမင်လုပ်တာကို သဘာဝဘေးအဖြစ် ခေါင်း
🔥157😁2👍1🖕1
စဉ်တပ်ပြီးကယ်တင်ရှင်အဖြစ်ပုံဖော်နေတယ်
လို့ ဆိုပါတယ်။ မြေပြင်တ်ိုက်ပွဲတွေအထိနာနေတာနဲ့ နိုင်ငံတကာဖိအားတွေ ပိုများလာချိန်မှာ လေးမျက်နှာရေဘေးကို ဖန်တီးတာလို့ ဒေသခံတွေကသုံးသပ်ကြပါတယ်။ စစ်အုပ်စုကတော့ အကျယ် ပေ ၃၀၀ ခန့်အထိ တာကျိုးသွားတာကိုတောင်တာကျိုးတယ်လို့ မထုတ်ပြန်ပါဘူး။ " တာရေကျော်တာ" ၊ " ရေဖြတ်စီးဆင်းတာ" လို့ပဲ ထုတ်ပြန်ပြီး စစ်အာဏာရှင်တွေရဲ့ထုံးစံအတိုင်းသူတို့ရဲ့အမှားကိုယုတ္တိမရှိတဲ့အသုံးအနှုန်းတွေနဲ့ ဖာထေးနေပါတယ်။

●မုသာဝါဒ စစ်အုပ်စု

လေးမျက်နှာရေဘေးကိုအရေးပေါ်ကယ်
ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်နေတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေနဲ့ မြေပြင်အခြေအနေတွေဟာ တက်တက်စင်အောင်လွဲနေပါတယ်။မြင့်ရာကနိမ့်ရာကို စီးဆင်းတဲ့ရေဟာ ထုံးစံအတိုင်း ဝာာကျိုးပေါက်ကနေ မြို့အတွင်းပိုင်းကို အရှိန်းပြင်းပြင်းဝင်ရောက်လာပါတယ်။ ရေစဝင်တဲ့ လေးမျက်နှာမြို့နယ်ကတစ်ဆင့်အိုင်သပြု၊ကျုံပျော်၊ ရေ
ကြည်မြို့နယ်ထဲက ကျေးရွာတွေကို ဆက်ပြီးဝင်ပါတယ်။ ရေဝင်လာမယ့်လမ်းကြောင်းကို ဒေသခံတွေသိနိုင်ဖို့ကိုစစ်တပ်လက်အောက်
ခံဧရာဝတီတိုင်းအစိုးရက ကြိုတင်သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပါဘူး။

ဧရာဝတီတိုင်းဟာ စပါးကျီဒေသဖြစ်တဲ့အလျှောက်စပါးခင်းဧကသိန်းချီပြီး ရေနစ်မြုပ်ခဲ့ပါတယ်။ သာမာန်ရေကြီးတာမဟုတ်ဘဲ တာကျိုးပေါက်ကနေ ရေတွေ ဒလ‌ဟောဝင်လာတာမို့ ရေဝပ်ကာလ အနည်းဆုံး နှစ်လကနေ သုံးလအထိ ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေနဲ့ ကျွမ်းကျင်သူတွေကသတိပေးနေချိန်မှာပဲ ၁၄ရက်အတွင်းရေပြန်ကျရင်ဒေသတွင်းစပါး
ခင်းတွေမပျက်စီးနိုင်ဘူးလို့ စစ်ကောင်စီက သြဂုတ်လ၃ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ရေဘေးအရေးပေါ်အခြေအနေမှာပဲ အခုလိုထုတ်ပြန်လာတာပါ။ လက်တွေ့‌မှာတော့ တာကျိုးပြီး လဝက်အထိကြာလာပေမယ့် ရေတွေစီးဝင်နေဆဲဖြစ်သလို ရေဝပ်ဧရိ
ယာလည်း ကျယ်ပြန့်လာပါတယ်။

ဇူလိုင်လ ၃၀ရက်အထိ တမျှော်တခေါ်စပါးခင်းတွေနဲ့ စိမ်းညို့နေတဲ့ မြေပြန့်လွင်ပြင်ဟာ ပင်လယ်ပြင်လို ရေလွှမ်းနေပါတယ်။ ယခင်က နွားလှည်းနဲ့ ထွန်စက်တွေ ဖြတ်သွားနေခဲ့တဲ့ လယ်ကွင်းတွေပေါ်မှာ အခုတော့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ကယ်ဆယ်ထောက်ပံ့ရေးစက်လှေတွေ မောင်းနှင်နေကြပါတယ်။ ရေလွတ်အောင် ဖောက်လုပ်ထားပါတယ်ဆိုတဲ့ဒေသတွင်းအဝေးပြေးလမ်းမတွေနဲ့ မြို့လယ်ခေါင်မှာတောင်ရေတွေက လူရင်စို့အထိ မြုပ်နေဆဲပါပဲ။ ရေမြုပ်တဲ့စပါးခင်းတွေဟာ ပုပ်စော်နံနေပါတယ်။ပျက်စီးသွားပြီလို့ ဒေသ
ခံတွေက ဝမ်းနည်းစွာနဲ့ပြောပါတယ်။

"စပါးခင်းတွေပေါ် စက်လှေတွေဖြတ်မောင်းနေတာ အရမ်းဝမ်းနည်းတာပဲ။ အိမ်ရေမြုပ်သွားတာက ရေပြန်ကျရင် ပြန်နေလို့ရသေးတယ်။ လယ်ကွင်းတွေမြုပ်ကုန်တော့ ကုန်းကောက်စရာမရှိတော့ဘူး"လို့ ရေကြည်မြို့
နယ်က လယ်သမားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်က ကယ်ဆယ် ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဩဂုတ်
လ ၅ရက်နေ့က ပုသိမ်မြို့ကိုရောက်လာ‌တဲ့ စစ်အုပ်စုရဲ့ ဒုတိယသမ္မတက ရေဘေးဖြစ်
ဖြစ်ချင်း ကယ်ဆယ်ရေးတွေအပြည့်အဝလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အသေအပျောက်မရှိခဲ့ဘူးလို့ ပြောပါတယ်။ သူအဲ့ဒီလို ပြောနေချိန်မှာပဲလေးမျက်နှာမြို့နယ်၊ အိုင်သပြုရွာလမ်းဆုံမှာ ရေဘေးသင့်ပြည်သူတွေကိုထမင်းထုပ်လိုက်ဝေတဲ့လူငယ်တစ်ဦး ရေနစ်မြုပ်သေဆုံးခဲ့ပါတယ်။ မြေပြင်အခြေအနေကိုလုံးဝမလေ့လာဘဲ အဲကွန်းခန်းထဲကနေ အုပ်ချုပ်ချင်နေတဲ့ စစ်အုပ်စုရဲ့စရိုက်ကို ဒေသခံတွေရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ပြန်လည်တည်ဆောင်ရေးအတွက် မျှော်လင့်
ချက်မဲ့သွားပါတယ်။

ဩဂုတ်လ ၈ရက်နေ့က အာဏာသိမ်းခေါင်း
ဆောင်ရဲ့ခရီးစဉ်မှာလည်း စစ်အုပ်စုရဲ့တိုင်းအစိုးရဟာ ပြည်သူတွေဘေးကင်းအောင် စီမံနိုင်ခဲ့တယ်လို့ ပြောပြန်ပါတယ်။သူချီကျုးတဲ့ တိုင်အစိုးရဟာ လနဲ့ချီကြာမယ့်ရေဘေးကို ၁၄ရက်အတွင်းရေပြန်ကျရင် စပါးတွေမပျက်စီးနိုင်ဘူးလို့ထုတ်ပြန်ခဲ့တဲ့ ချာတူးလန်အစိုးရအဖွဲ့ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးမယ်လို့လည်း ပြောသွားပေမယ့် အာမခံချက်တစုံတရာ မပေးပါဘူး။ ရေပြန်လည်ကျဆင်းပြီးနောက်ပိုင်း ပြည်သူတွေအနေနဲ့ တစ်ဦးချင်းစီကြိုးစားအားထုတ်မှုနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်ဆို မူလအခြေအနေကို အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မှာလို့ ပြောသွားပါတယ်။သူတ်ို့ပြောဆိုတဲ့ မိန့်ခွန်းကိုဖတ်ကြည့်ရင် ဒီရေဘေးဂာ ပိန်းကြာရွက်ပေါ် ရေမတင်သလို ချောချောမွေ့မွေ့ကိုင်တွယ်နိုင်ခဲ့တယ်လို့ တွေ့ရပါလိမ့်မယ်။

မြေပြင်မှာတော့ ဒေသခံတွေဟာ အနာဂတ်အတွက်မျှော်လင့်ချက်မဲ့နေကြပါပြီ။ရှေ့
နောက်မညီတဲ့ပြောဆိုချက်တွေနဲ့အတူ စစ်ကောင်စီထုတ်တဲ့ သတင်းစာကိုသာ ဖတ်မိတဲ့ ဘေးသင့်ဒေသမှာရှိသူတွေဟာအာဏာသိမ်းခေါင်းဆောင်ကို ငါနဲ့တုပ်ပြီး ကျိန်ဆဲနေကြတာပါ။

စစ်အုပ်စုနဲ့ပူးပေါင်းပြီး အကျိုးစီးပွားရှာနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရေဘေးအရေးပေါ်အခြေအနေမှာ ကူညီထောက်ပံ့မှုတွေမတွေ့ခဲ့ဘဲ ရေဘေးသင့်ပြီး ကိုးရက်ကြာမှ ရောက်လာတဲ့ စစ်ခေါင်းဆောင်ရဲ့ဧရာ
👍147😁2🖕1
ဝတီတိုင်းခရီးစဉ်မှာပဲ ငွေကြေးတွေလှူဒါန်းပြကြပါတယ်။အာဏာရှင်ကိုဖားယားကြတဲ့ဒီပွဲမှာ အလှူငွေကျပ် ၂၃ ဒသမ၃၂၄ ဘီလီယံ
( ကျပ်သိန်းပေါင်း နှစ်သိန်းသုံးသောင်းကျော်) ရရှိခဲ့ပါတယ်။ ဘေးသင့်ပြည်သူတွေကို ပြန်
လည်ထောက်ပံ့တဲ့သတင်းကတော့ ပွင့်လင်းမြင်သာမှုရှိမနေပါဘူး။ အရပ်ဖက်ကူညီရေးအဖွဲ့တွေကလှူဒါန်းတဲ့ စားသောက်ကုန်နဲ့ငွေကြေးတွေလက်ခံရရှိပေမယ့် စစ်ကောင်စီကထောက်ပံ့တာကတော့ ‌ကျပ် ၄၀၀၀နဲ့ ဆန်းတစ်ပြည်အိတ်တစ်အိတ်၊ ဆီ ၅၀သား တစ်ဗူးသာရဖူးတယ်လို့ လေးမျက်နှာမြို့ခံတစ်ဦးကပြောပါတယ်။

ဒီရေဘေးမှာလေးမျက်နှာ၊ဟင်္သာတ၊ရေကြည် ၊ ငသိုင်းချောင်းနဲ့ ကျုံပျော်မြို့နယ်တွေက ကျေးရွာပေါင်း ၂၀၀ နီးပါး ရေလွှမ်းမိုးနေပြီး လူဦးရေ လေးသောင်းကျော် ဘေးသင့်နေတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။အမှန်တကယ်မှာတော့ နေအိမ်နဲ့ ခြံဝင်းတွေရေမြုပ်ပြီး အိမ်တွေထဲမှာဖြစ်သလိုနေရတဲ့ လူဦးရေသိန်းချီရှိနေပါတယ်။စစ်အုပ်စုကတော့ ပျက်စီးဆုံးရှုံးမှုကို ထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ အထိအခိုက်နည်းပါးသယောင် ဝါဒဖြန့်နေပါတယ်။ရေဘေးကြောင့်သေဆုံးသူအရေအတွက်ကိုတောင် စစ်အုပ်စုက အတည်မပြုနိုင်ဘူးဖြစ်နေပါတယ်။ လူနှစ်ဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားပေမယ့် ပျောက်ဆုံးနေသူအနည်းဆုံး ခြောက်ဦးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ပျောက်
ဆုံးနေသူတွေထဲက လူငယ်တစ်ဦးရဲ့ရုပ်အ
လောင်းကိုသြဂုတ်လ ၁၃ ရက်နေ့မှာဒေသခံတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ရေဘေးကြောင့်သေဆုံးသူစာရင်းမှာတော့ အဆိုပါလူငယ်ပါဝင်မနေပါဘူး။

●ဘုံပျောက်သွားတဲ့ နတ်

ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဖန်တီးတဲ့ ရေဘေးကြောင့်ဒေသခံတွေအပြင်တနယ်လုံးရဲ့ ကိုးကွယ်ခံနာမည်ကြီး နတ်တစ်ပါးလည်း ဘုံပျောက်သွားပါတယ်။ စိုက်ပျိုးရေး၊မွေးမြူ ရေးနဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို ကူညီမစတယ်ဆိုပြီး ယုံကြည်မှုနဲ့အတူ မြစ်ဝ
ကျွန်းပေါ်‌ဒေသမှာ ဘုံပျံနတ်နန်းနဲ့တကွ ကျ
ကျနန အပူ‌ဇော်ခံနေရတဲ့ ရေငန်ပိုင်ဦးရှင်ကြီးနတ်ရဲ့ နတ်နန်းတွေဟာရေဘေးမှာမျောပါ
သွားပါ​တော့တယ်။ လေးမျက်နှာမြို့နယ်က ရေဘေးသင့်ပြည်သူတွေ လက်ရှိ လာရောက်ခိုလှုံနေတဲ့ ဟင်္သာတမြို့နယ်၊တလုတ္ထော်တိုက်နယ်ဟာ ရေငန်ပိုင်ဦးရှင်ကြီးနတ်ကို ပူဇော်တဲ့ပွဲ နှစ်စဉ်ခြိမ့်ခြိမ့်သဲသဲပြုလုပ်တဲ့နေရာဖြစ်ပါတယ်။အခုတော့ ပွဲတော်နေရာဟာ ရေဘေးကယ်ဆယ်ရေးစခန်းဖြစ်နေပြီး ရေငန်ပိုင်ဦးရှင်ကြီးနတ်နန်းတွေလည်း ပျက်
စီးသွားခဲ့ပါပြီ။

အိမ်တွေ၊ဘာသာရေးအဆောက်အအုံတွေ၊ စပါးခင်းတွေအပြင် နတ်နန်းတွေပါ ပျက်စီးခဲ့ပေမယ့် သြဂုတ်လယ်ပိုင်းရာသီဥတုအခြေ
အနေအရလေးမျက်နှာရေဘေးကမရပ်တန့်သေးပါဘူး။တာကျိုးပေါက်ကိုမပိတ်ဆို့နိုင်သေးသလို မြစ်ရေတွေလည်းထပ်တက်လာတဲ့အတွက် ရေဘေး ပိုဆိုးလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိသြဂုတ်လလယ်မှာ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာစိုးရိမ်ရေမှတ်အနီးကို ရောက်ရှိနေပါတယ်။ငဝန်မြစ်နဲ့ ဆက်စပ်နေတဲ့ ဧရာဝတီမြစ်ရေဟာ လေးမျက်နှာမြို့နယ်ပတ်ဝန်းကျင်က ဟင်္သာတနဲ့ ဇလွန်မြို့မှာ စိုး
ရိမ်ရေမှတ်ကိုကျော်လွန်နေပါတယ်။

လေးမျက်နှာမြို့နဲ့တဝိုက်မှာလည်း တိုက်ပွဲတွေပိုမိုပြင်းထန်နေပါတယ်။ လက်နက်ကြီးပစ်ခတ်သံတွေ၊ ဂျက် လေယာဉ်ပျံသန်းသံ
တွေနဲ့ ဗုံးကြဲတဲ့ပေါက်ကွဲသံတွေကို ရေဘေးကယ်ဆယ်ရေးလုပ်ရင်း ကြားနေရတယ်လို့ အရပ်ဖက်ကူညီရေးအဖွဲ့တွေကပြောပါတယ်။

အာရက္ခတပ်​တော်ရဲ့ထုတ်ပြန်ချက်အရ ​
လေးမျက်နှာမြို့နယ် နဲ့ ထိစပ်​နေတဲ့ ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ်တို့မှာ သြဂုတ် ၁၂ ရက်​က ​နေရာ ၅ ခုမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်စစ်​ကြောင်း​တွေ တပ်လန်ကျဆုတ်ခွာထွက်​ပြေးသွားကြပါတယ် ။အဲဒီတိုက်ပွဲ​တွေမှာလက်နက်ခဲယမ်းနဲ့ အ​လောင်း​တွေ သိမ်းဆည်းရရှိတယ်လို့ အာရက္ခတပ်​တော်က(AA)က သြဂုတ် ၁၃ ညမှာအသိ​ပေး ပါတယ်။စစ်တပ်က AA နဲ့တိုက်ရတဲ့စစ်​မြေ
ပြင်​တွေတိုင်းအကြိမ်ကြိမ်​ရှေ့တိုးဖို့ကြိုး
စားရင်း တပ်ပျက်တာ ၊တပ်လန်ကျတာနဲ့အကြိမ်ကြိမ်ဆုတ်​ပြေး​နေရတာဖြစ်ပါတယ်။

လေးမျက်နှာမြို့နယ်မှာရေကြီး​နေ​ပေမယ့်စစ်တပ်က AA သိမ်းပိုက်ထားတဲ့​နေရာ​တွေကို ပြန်ရဖို့ ​လေ​ကြောင်း၊လက်နက်ကြီး၊​မြေပြင်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်​ပေမယ့် AAနဲ့ မဟာမိတ်​တော်လှန်​ရေးတပ်တွေရဲ့တိုက်ခိုက်မှု​ကြောင့်​သေဆုံးဒဏ်ရာရသူများပြီးတပ်လန်ဆုတ်ခွာ​ပြေးရတာပါ။

ဧရာဝတီတိုင်းအတွင်း ရေဘေးနဲ့ စစ်ဘေးကြားမှာနောက်ထပ်ပဟေဠိဆန်တဲ့ ရေကာ
တာကျိုးပေါက်မှုမျိုး ထပ်မကြုံဖို့ စစ်အုပ်စုကို မျက်ခြေမပြတ်စောင့်ကြည့်ကြဖို့လိုပါတယ်။ ။
👍215😁2🔥1🤮1🖕1
(​လေးမျက်နှာမြို့နယ်​ရေကြီး​နေစဥ်/ရေကြည်
နဲ့သာ​ပေါင်းမြို့နယ်မှာသြဂုတ်၁၂ရက်တိုက်ပွဲမှာ စစ်တပ်ထံက AA သိမ်းဆည်းရရှိတဲ့လက်
နက်ခဲယမ်း​တွေနဲ့စစ်သားအ​လောင်း​တွေ/ ဧရာဝတီတိုင်းအတွင်း ၂၀၂၅ နှစ်ဆန်းပိုင်းက AA တပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info desk ၊CJ
👍27🥰5👏3😁3🖕1
ရန်ကုန် YBSကားခ ၅၀ ရာခိုင်နှုန်းထပ်တက်

■စစ်တပ်အာဏာသိမ်းပြီး ဒုတိယအကြိမ်​ဈေးတက်တာဖြစ်၊အာဏာမသိမ်းခင် YBS
ကားခ ၂၀၀ ကျပ်မှ ၆၀၀ ကျပ်ဖြစ်လာ

■အ​ခြေခံပြည်သူ​တွေ ဝန်ထုပ်ဝန်ပိုးပိုဖြစ်လာ

သြဂုတ်-၁၄၊၂၀၂၆။တာရာ၊​ရောင်နီ/People's Spring

ရန်ကုန်မြို့ကအခြေခံလူတန်းစားတွေ အဓိကအသုံးပြုနေတဲ့ YBS ယာဉ်စီးခတွေကို စက်
တင်ဘာလကစတင်ပြီး အရင်‌ဈေးထက် ငါးဆယ်ရာခိုင်နှုန်းဈေးတက်လိုက်တာ​ကြောင့်ပြည်သူ​တွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ရန်ကုန်မြို့​နေပြည်သူတွေကပြောပါတယ်။

လက်ရှိရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို စက်တင်ဘာ ၁ ရက်ကစပြီး ၄၀၀ ကျပ်ကနေ ၆၀၀ကျပ် ၊ ၂၀၀ ကျပ်ကနေ ၃၀၀ကျပ် အထိတိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်တပ်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ဩဂုတ်၁၄ ညနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ကားခတွေစျေးတတ်မယ်ဆိုတော့အဆင်မပြေဘူးလေ။ရတဲ့လစာက ၅ သိန်း။လမ်းစရိတ်ပဲရှိတယ်။ဘယ်လိုလုပ်မလဲ။အလုပ်လုပ်ချင်စိတ်တောင်မရှိတော့ဘူး" လို့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။

YBSစီနင်းသူ​အချို့ဟာအလုပ်ကိုသွားဖို့အ
တွက်အဆင်ဆင့်စီးရတာ​တွေရှိတာကြောင့် ကားခတင်များစွာပိုကုန်လာမှာဖြစ်တယ်လို့
ပြည်သူအချို့က​ပြောပါတယ်။

ယာဉ်စီးခကို တိုးလိုက်တာက နေ့စဉ်ခရီးသွားလာနေရတဲ့ ပြည်သူတွေအတွက် ကုန်ကျ
စရိတ်ပိုကုန်ကျလာသလို အကြွေပြဿနာလည်း ပိုကြုံလာရနိုင်တယ်လို့ ခရီးသွားတွေက ရင်ဖွင့်ထားကြပါတယ်။

"၄၀၀တောင် ၅၀၀ပေးစီးနေရတာ ၆၀၀ သာဆို ၁၀၀၀တန်ပေးရင်ပြန်မရလောက်တော့ဘူး" လို့ YBS စီးသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁ ရက်စတက်မယ့် ယာဉ်စီးခ ၄၀၀ ကနေ ၆၀၀ ၊ ၂၀၀ ကနေ ၃၀၀တိုးမြှင့်လိုက်တာက ​ဈေးမတက်ခင်ကထက်ငါးဆယ်ရာခိုင်နှုန်း ဈေးတတ်သွားတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်​ကျော်အတွင်းဒုတိယအကြိမ်ဈေးတတ်တာဖြစ်ပါတယ်။စစ်တပ်အာဏာမသိမ်းခင်ကYBS ယာဉ်စီးခတွေက ၂၀၀ ကျပ် ဖြစ်ပြီး အာဏာသိမ်းပြီးနောက်
ပိုင်းမှာ ၄၀၀ ကျပ်အထိ ဈေးတတ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုဈေးနှုန်းတိုးမြှင့်ကောက်ခံရတာက YBS ယာဉ်တွေ တိုးချဲ့ပြေးဆွဲနိုင်ဖို့ ယာဉ်တွေပြင်
ဆင်ရာမှာ ကုန်ကျစရိတ်တိုးမြင့်တာကြောင့်လို့ စစ်အုပ်စုကဆိုပါတယ်။

"ယာဥ်အပိုပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေ တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့သက်ဆိုင်ရာအခန်းကဏ္ဍတွေကိုတော့မစီစစ်ဘဲလျစ်လျူရှု့ထားပီး ခဗျားတို့ဝင်ငွေထွက်ငွေမမျှတတာကိုကျတော့ပြည်သူတွေစီကပဲ အဖြေရှာတတ်ကြတာလား.. အမြတ်ကြီးစား လူလည်ကျ ဂုတ်သွေးစုပ် ခေါင်းပုံဖြတ်နေကြတဲ့ ဝိသ
မလောဘသားတွေကလွဲပီးကျန်တဲ့ပြည်သူအားလုံးက ဘက်ပေါင်းစုံက လည်နင်းခံနေရတာဗျ...တော်တော်တရားကျတဲ့လောကကြီးပဲနော်." လို့ ခရီးသည်တစ်ဦးကလည်း ရင်ဖွင့်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတိုင်းပြည်စီးပွား​ရေးကြပ်တည်းပြီး အလုပ်အကိုင်​တွေရှားပါးကာ ​ငွေ​ဖောင်းပွပြီးအ​ထွေ​ထွေစာရိတ်​တွေကြီးမြှင့်တာ​ကြောင့်ပြည်သူအများစုက ​အ​ခြေခံစားဝတ်​နေ​ရေးအတွက်ကို​တောင်ရုန်းကန်​နေကြရတာဖြစ်ပါတယ် ။

ဒါ့အပြင် ယာဉ်စီးခတွေကို ကတ်နဲ့ပေးဆောင်သူတွေကိုလည်း တိုးမြှင့်ကောက်ခံမယ်လို့ သိရပြီး ဈေးနှုန်းတရားဝင်ကြေညာတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ YBS ကတ်အ
သုံးပြုသူတွေက ၄၀၀ တန်ခရီးစဉ်ကို ၃၅၀
ကျပ် နဲ့ ၂၀၀တန်ခရီးစဉ်ကို ၁၅၀ ကျပ်ကျသင့်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဏာရှင်ဟောင်းနေဝင်းမျိုးဆက်တွေ ပိုင်ဆိုင်တဲ့ ယာဉ်လိုင်းအောက်က YBS ယာဉ်တွေအပါအဝင် အချို့ယာဉ်လိုင်းတွေ က ယာဉ်စီးခကို ကတ်စနစ်နဲ့ငွေချေခွင့်မပေးပဲ ငွေသားနဲ့ ပေးချေရတာဖြစ်ပါတယ်။

YRTC ရဲ့လက်အောက်မှာ ယာဉ်စီးရေ ၅၃၉၉ စီးရှိတဲ့အနက် နေ့စဉ်ပြေးဆွဲတဲ့ ယာဉ်အစီးရေ ၃၃၀၀ ခန့် ရှိပြီး YPS ကတ်ကိုတော့ ယာဉ်စီးရေ (၁၉ဝ၄) မှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
🤬328🔥4👍3👎2