People's Spring
60.3K subscribers
70K photos
1.2K videos
8 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဒီသတင်းစကားတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ငါးနှစ်ကျော်ကာလအတွင်း ယုတ်
မာရက်စက်မှုအပေါင်း သရဖူဆောင်းထားခဲ့တဲ့ အာဏာရှင်လက်သစ်မင်းအောင်လှိုင်နဲ့အပေါင်းအပါတစ်သိုက် အိပ်မက်ဆိုးမက်ရ
မယ့် ကာလ မဝေးတော့ဘူးဆိုတဲ့ သတင်းပေးပို့ချက်ကိုရရှိလိုက်တာလည်းဖြစ်ပါတယ်။ ။
👍288🤮2
30👍10🥰1🤮1
လေးကေ့ကော်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၄၀ လှူဒါန်းတဲ့ လုလုအောင်

ဩဂုတ်-၁၄၊၂၀၂၆။ဆဏ်း/People's Spring

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့ အနီးမှာ တိုက်ပွဲ‌တွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့ပေးခဲ့တယ်လို့ မော်ဒယ် လုလု‌အောင်က အသိပေးထားပါတယ်။

"ချစ်တဲ့ သွေးချင်းမောင်နှမများတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်" လို့ အလှူမှတ်တမ်းဓာတ်ပုံတွေနဲ့အတူ လုလုအောင်ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့(ဩဂုတ်၁၄)မှာ မျှဝေထားပါတယ်။

ဒီအလှူငွေတွေက စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ ရိက္ခာခြောက်တွေဝယ်ယူဖို့ လှူဒါန်းတာလို့ လေးကေ့ကော်ဒေသ စစ်ဘေးရှောင်အကူအညီပေးရေးကော်မတီရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

လုလုအောင်က ဖေဖော်ဝါရီကလည်း ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေရဲ့ နို့မှုန့်အာဟာရအတွက် ငွေကျပ်သိန်း ၃၀လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် ပြိးခဲ့တဲ့နှစ် ၂၀၂၅ နိုဝင်ဘာတုန်းကလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။

လုလုအောင်ရဲ့ ပရိသတ်တွေကတော့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း နဲ့ အားပေးကျိုးနပ်တယ်လို့ မှတ်ချက်တွေရေးသားထားကြပါတယ်။

"ဒီနေ့ထိ ခုတ်မောင်းလာတဲ့ ခရီးရှည်ကြီး မင်းတို့ပေးတဲ့ တယောက်စီတိုင်းရဲ့ အချစ်ရဲ့ခွန်အားတွေကြောင့်သာပေါ့ ချစ်သောလေးတို့ရေ ချစ်တယ်နော်" လို့ လုလုအောင်ကလည်း ပရိသတ်တွေကိုကျေးဇူးစကားပြောထားပါတယ်။
34👍11🥰3🤮1
47👍8🥰3😁1🤮1
တော်လှန်ရေးအရေးကြီး အဆုံးအဖြတ်ကာလဖြစ်လို့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ကြဖို့ NUG ကာကွယ်ရေး တိုက်တွန်း

■PRFအစီအစဥ်ဖြင့်PDFတွေကို ၄ နှစ်ခန့်အ
တွင်း​ဒေါ်လာသန်း (၃၀) ဝန်းကျင်​ထောက်ပို့

ဩဂုတ် ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

လက်ရှိပြည်သူ့တော်လှန်ရေးဟာ အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်း အင်အားဖြင့်သာ မလွဲဧကန်အောင်ပွဲရရှိမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး
ရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပြီး ပြည်သူတွေအနေနဲ့NUGရဲ့ဘဏ္ဍာရှာ
ဖွေရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက်
ပါဝင်ကြဖို့တိုက်တွန်းပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဘဏ္ဍာငွေတွေကို PDF တပ်ရင်း၊ တပ်ဖွဲ့တွေထံ ပေးအပ်နေမှု အခြေအနေတွေကို ဖော်ပြပြီး ပြည်သူ
လူထုအနေဖြင့်ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF)အစီအစဥ်နဲ့တကွအမျိုးသားညီ
ညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ငန်းစဥ်များတွင် မိမိတို့ တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြဖို့ အထူးတိုက်တွန်း နှိုးဆော်ကြောင်း ဖော်ပြထားတာပါ။

လက်ရှိအချိန်အထိသုံးစွဲခဲ့တဲ့တပ်ရင်ထောက်
ပံ့စရိတ်တွေရဲ့ (၈၅) ရာခိုင်နှုန်းကျော် ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း (၃၀) ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်ရဲ့ (၄၆)လတာအတွင်း (၂၀၂၁ဒီဇင်ဘာမှ ၂၀၂၅ ၊စက်တင်ဘာအထိ) ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေများမှ ထုတ်နှုတ်သုံးစွဲခဲ့တာ ဖြစ်ကြောင်းအသိပေးပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်
ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည့်အချိန်မှစတင်၍ တပ်ရင်းထောက်ပံ့စရိတ်တွေပေး
အပ်ခဲ့ရာ၃၈ကြိမ်အထိ ပေးအပ်ခဲ့ပြီးဖြစ်
ကြောင်းဖော်ပြပါတယ်။ တစ်ကြိမ်လျှင် ပျမ်း
မျှအားဖြင့် ခန့်မှန်း အမေရိကန်ဒေါ်လာ တသန်းနီးပါး (၀ ဒသမ ၉၆ သန်းခန့်) သုံးစွဲခဲ့ကြောင်းလည်း အသိပေးပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံနဲ့ တဝှမ်း ဖွဲ့စည်းထားရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့၊ စစ်
ကြောင်း (၃၆၀) ကျော်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၆ ခုနှစ်မှ စတင်၍ တပ်ရင်း ထောက်ပံ့မှု တစ်ကြိမ်လျှင် ခန့်မှန်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်အထိ တိုးမြှင့် ထောက်ပံ့လျက်ရှိကြောင်းလည်း အသိပေးပါတယ်။ ဒါ့အပြင် ပြည်သူ့ကာ
ကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေး တပ်
ရင်း၊ အဖွဲ့ များကိုလည်း (၃၆) ကြိမ်မြောက်မှ စတင်၍ တိုးချဲ့ ထောက်ပံ့လျက်ရှိဟု NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဩဂုတ် ၃ ရက်ကနေ ၆ ရက်အထိ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်
ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများ အစည်း
အဝေးကို လေးရက်ကြာ ပြုခဲ့ပြီးပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သြဂုတ် ၇ရက်က ထုတ်ပြန်ခဲ့တယ်။

အစည်းအဝေးမှာ ပြည်သူ့ကာကွယ်ရေးတပ်
မတော်စစ်ဦးစီးချုပ်၊ဒုတိယစစ်ဦးစီးချုပ်နဲ့စစ်
ဦးစီးအရာရှိချုပ်တို့က လမ်းညွှန်အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဝန်ကြီး
ဌာနရဲ့ မျှော်မှန်းချက်နဲ့ မဟာဗျူဟာ‌တွေ လမ်းညွှန်ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

အမျိုးသားကာကွယ်ရေးမဟာဗျူဟာနဲ့အညီ တပ်မှူးကြီးများ အစည်းအဝေးက အတည်ပြုခဲတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တိုင်းစစ်ဌာန (၁၀)ခု၊ တပ်မ (၁) ခုနဲ့ စစ်ရုံးချုပ် စစ်
ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်
လှမ်းရေး၊ပြည်သူ့လုံခြုံရေးဌာနများ၊ စစ်ဆင်
ရေးရုံးများ၊ စစ်ဥပဒေရုံး နဲ့ ပကဖ စစ်ဘက်ရေးရာအရာရှိချုပ်ရုံး အသီးသီးက စာတမ်းများ တင်သွင်းပြီးအပြန်အလှန်ဆွေးနွေးတာ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်တွေရဲ့လမ်းညွှန်ချက်ရယူတာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာတွေ ဆောင်
ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရှေ့လုပ်ငန်းစဉ်များချမှတ်ရာမှာညီညွတ်ရေး
မူ(၃)ရပ်နဲ့အညီ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်
ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ
(SCEF) ရဲ့ စစ်မဟာ ဗျူဟာ ပေါင်းစပ်ညှိ
နှိုင်းရေးနဲ့ ကွပ်ကဲရေးကော်မတီမှာ မဟာ
ဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေး နဲ့ စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်ရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနဲ့ လက်တွဲပြီး "ပြည်သူ့ခုခံတွန်းလှန်စစ်"ကနေ "မဟာဗျူဟာထိုးစစ်"ကို တက်လှမ်းနိုင်‌ရေး ဦးတည်ပြင်ဆင်ဆောင်ရွက်သွားကြဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တာလို့လည်း အသိပေးခဲ့တာဖြစ်ပါတယ်။
👍396🍓2🥰1🤮1🖕1
ပြည်သူ့ကာကွယ်ရေးတပ်မတော်-(မန္တ​​လေး) အထူးလှုပ်ရှားတပ်မ ကတပ်ဖွဲ့ဝင်​တွေစစ်သင်တန်းဆင်းပွဲမှာ တွေ့ရစဉ်။
ဓာတ်ပုံ-MDY-PDF
46👍6🥰1🤮1🍓1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၁၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ကြဖို့ NUG ကာကွယ်ရေး တိုက်တွန်း

လက်ရှိ ပြည်သူ့တော်လှန်ရေးဟာ အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလကို ရောက်ရှိနေပြီဖြစ်ရာ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်း အင်အားနဲ့သာ မလွဲဧကန်အောင်ပွဲရရှိမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး ပြည်သူတွေအနေနဲ့ NUGရဲ့ဘဏ္ဍာရှာဖွေရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက်ပါဝင်ကြဖို့ တိုက်တွန်းပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဘဏ္ဍာငွေတွေကို PDF တပ်ရင်း၊ တပ်ဖွဲ့တွေထံ ပေးအပ်နေမှု အခြေအနေတွေကို ဖော်ပြပြီး ပြည်သူလူထုအနေနဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF)အစီအစဥ်နဲ့တကွ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ငန်းစဥ်တွေမှာ မိမိတို့ တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြဖို့ အထူးတိုက်တွန်း နှိုးဆော်ကြောင်း ဖော်ပြထားတာပါ။ လက်ရှိအချိန်အထိ သုံးစွဲခဲ့တဲ့ တပ်ရင်ထောက်ပံ့စရိတ်တွေရဲ့ (၈၅) ရာခိုင်နှုန်းကျော် ခန့်မှန်း အမေရိကန်ဒေါ်လာသန်း(၃၀)ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF)အစီအစဥ်ရဲ့ (၄၆)လတာအတွင်း (၂၀၂၁ဒီဇင်ဘာမှ ၂၀၂၅ ၊စက်တင်ဘာအထိ) ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေများမှ ထုတ်နှုတ်သုံးစွဲခဲ့တာဖြစ်ကြောင်း အသိပေးပါတယ်။

◾️ဂွမြို့နယ်ကို စစ်တပ် ဗုံးထပ်ကြဲလို့ ၈ဦး သေဆုံး

ရက္ခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၁၃ရက် မနေ့ ညပိုင်းမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၈ဦးသေဆုံးခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ဂွမြို့နယ် ကျိန္တလီမြို့ပေါ် ရပ်ကွက်တွေကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့သလို ဂွမြို့နယ် ကိုင်းခုံကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ကိုင်းခုံရွာတိုက်ခိုက်ခံရမှုအတွင်း အရပ်သားသေဆုံးမှုမရှိပေမယ့် ကျိန္တလီမြို့ပေါ် တိုက်ခိုက်ခံရမှုမှာ အသက် ၇နှစ်နဲ့ ၁၂နှစ် ကလေးငယ်နှစ်ဦး အမျိုးသမီး ၄ဦး အပါအဝင် ဒေသခံ ပြည်သူ ၈ဦး အစုလိုက်၊ အပြုံလိုက် သေဆုံးခဲ့ရတာလို့ AAက အသိပေးထားပါတယ်။ ဒါ့အပြင် နေအိမ် ၅လုံး နဲ့ သုံးဘီးဆိုင်ကယ် ၁စီး ပျက်စီးခဲ့ပြီး အခြားသော အရပ်သား ပြည်သူသေဆုံးထိခိုက်မှု၊ ပျက်စီးမှုများ ရှိ၊မရှိ စုံစမ်းနေကြောင်း ဖော်ပြပါတယ်။ စစ်တပ်ဟာ မနေ့ညက ဗုံးကြဲခဲ့တဲ့ ကိုင်းခုံကျေးရွာကို ဩဂုတ် ၁၂ရက် ညပိုင်းကလည်း လေကြောင်း တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်းအရပ်သားထိခိုက်မှု မရှိခဲ့ပါဘူး။ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ မြို့ရွာတွေကို လေကြောင်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဟာ ရှုံးမဲမဲနေတာဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။ စစ်တပ်ဟာ AAနဲ့ ဖြစ်ပွားနေတဲ့ မြေပြင်တိုက်ပွဲတိုင်းမှာ အထိနာနေတာလို့ ဖော်ပြပါတယ်။

◾️ရေဘေးသင့်ရွာတွေကို စစ်တပ် ထပ်ဗုံးကြဲလို့ အမျိုးသမီတစ်ဦး သေဆုံး

အာဏာသိမ်းစစ်တပ်ဟာ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာရဲစခန်းကနေ ဒရုန်းနဲ့ ရေဘေးသင့်ကျေးရွာတွေကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး တစ်ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ရက်ကစတင်ကာ စစ်တပ်ဟာ စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ရေဘေးသင့်ရွာတွေကို ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဩဂုတ် ၁၄ ရက် ဒီနေ့ မနက် ၈နာရီ‌ကျော်မှာလည်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဆင်သေရွာက အသက် (၆၀) အရွယ် ဒေါ်ဝင်းမော် ထိမှန်သေဆုံးခဲ့ပါတယ်။ မနေ့ကလည်း ဆင်သေရွာကို စစ်တပ်က ၃ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ လူတွေက ကံကောင်းလို့ ကပ်လွတ်ခဲ့ပေမယ့် နွားတွေတော့ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စဉ့်ကူးမြို့နယ် ထုံးကြီးရွာနဲ့ ရွှေဂုံတိုင်ရွာတို့ကနေ ဒရုန်းနဲ့ ဗုံးကြဲနေသလို မတ္တရာမြို့နယ်ကနေလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️မင်းအောင်လှိုင်အပြီး ရဲဝင်းဦး ထိုင်းလာမယ့်အပေါ် ထိုင်းလွှတ်တော်အမတ် မေးခွန်းထုတ်
👍154🔥3
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြီးတော့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲပါ ထိုင်းနိုင်ငံ လာရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး လူသိများတဲ့ ထိုင်းအတိုက်အခံအမတ်တစ်ဦးက ထိုင်းအစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။ ဒီအခြေအနေတွေက မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းပေးဖို့ လမ်းကြောင်းဖန်တီးနေတာလား၊ ဒါမှမဟုတ် အာဏာသိမ်း စစ်တပ်ကို လူရာပြန်ဝင်နိုင်အောင် တံခါးဖွင့်ပေးဖို့ ကြိုးစားနေတာလား ဆိုတာကို သဲသဲကွဲကွဲ ရှင်းပြဖို့ လိုအပ်လာစေတယ်လို့ လွှတ်တော်အမတ် ကန်နာဗီဆူယက်ဘ်ဆန်က ဩဂုတ် ၁၃ ရက် မနေ့က Facebookမှာ ရေးသားခဲ့ပါတယ်။ အာဆီယံမှာ ထိပ်တန်းအစည်းအဝေးတွေ ပြန်တက်ခွင့်ရအောင်၊ အာဆီယံ အသိုက်အဝန်းမှာ ပြန်ဝင်ဆံ့အောင် ကြိုးစားနေတဲ့ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်သစ်က ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် ထိုင်းကို ရွေးချယ်တာဟာ သာမန်ထက်ပိုတဲ့ အဓိပ္ပါယ်တွေ ရှိနိုင်ကြောင်းလည်း ကန်နာဗီက သုံးသပ်ပါတယ်။ ထိုင်းနိုင်ငံက သူ့ကို ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ခမ်းခမ်းနားနား ကြိုဆိုတာ၊ လက်ဆွဲနှုတ်ဆက်တာမျိုး ပုံရိပ်တွေကို အသုံးပြုပြီး မြန်မာစစ်တပ်ကို အိမ်နီးချင်း နိုင်ငံတွေက ပုံမှန် ပြန်လည် ဆက်ဆံနေပြီဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ လုပ်လာနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။ မြန်မာပြည်သူတွေရဲ့ ဘဝက ‘ပုံမှန်’ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ် သတ်မှတ်ချက်နဲ့ ဝေးကွာလွန်းနေဆဲ အခြေအနေမှာ ထိုင်းဟာ မြန်မာစစ်တပ်ကို ‘ပုံမှန်’ အခြေအနေထဲ ပြန်ဝင်လာနိုင်အောင် တံခါးဖွင့်ပေးမယ့် နေရာတော့ မဖြစ်သင့်ဘူးလို့ ကန်ဗာဗီက ဆက်လက်သတိပေးသွားပါတယ်။

◾️တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းစောင့် ဒုဗိုလ်တစ်ဦးကို ပစ်ခတ်ဖမ်းဆီး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းက တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းစောင့် ဒုဗိုလ်တစ်ဦးကို အရှင်ဖမ်းဖို့ကြိုးပမ်းစဉ် ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ တောင်သာ People Defense Forceက ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၃ ရက် မနေ့ မနက် ၇နာရီမှာ ဝဲလောင်စခန်းဆီ အေးရွာဓါတ်​ငွေ့ပိုက်လိုင်းအထိုင်ဂိတ်က စစ်သားတွေ အရပ်ဝတ်နဲ့ သွားလာနေတယ်ဆိုတဲ့ သတင်းကြောင့် တောင်သာ People Defense Force(TTA-PDF)တပ်သားတွေက ကင်းပုံးဝတ် စောင့်ဆိုင်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီအချိန် အေးရွာဓါတ်​ငွေ့ပိုက်လိုင်းကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ စစ်တပ်ရဲ့ ဒုဗိုလ်မောင်သိန်းကို တားဆီးပြီး ဖမ်းဆီးဖို့ကြိုးစားပေမယ့် လက်ပစ်ဗုံးထုတ်ကာ ပြန်လည်ခုခံဖို့ကြိုးစားတာကြောင့် ပစ်ခတ်လိုက်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီစစ်သားကို ချော့ခေါ်ပေမယ့် မရလို့ ပစ်လိုက်ရတာလို့ ဖြစ်စဉ်ကိုသိတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ ဒုဗိုလ်မောင်သိန်းဆီက လက်ပစ်ဗုံးတစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ငွေသားတချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ TTA-PDFက ထုတ်ပြန်ထားပါတယ်။

◾️ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေကို စစ်တပ် ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ ဩဂုတ် ၁၄ရက် ညပိုင်း ၇နာရီခွဲဝန်းကျင်မှာ KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာကို စစ်တပ် တိုက်လေယာဉ်ပျံသန်းခြိမ်းခြောက်ခဲ့ပြီးနောက် KIA တပ်မဟာ(၆) တပ်ရင်း(၉) နယ်မြေကို လေကြောင်း တိုက်ခိုက်လာတာလို့ ဆိုပါတယ်။ စစ်တပ်က ရှမ်းမြောက်ရှိ KIA တပ်စခန်းတွေနဲ့ KIA ထိန်းချုပ်ဒေသက ပြည်သူလူထုတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ပြီး လေကြောင်းဖိအားပေးတာတွေ ဆက်လက်လုပ်ဆောင်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။

◾️ပုသိမ်မြို့မှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီး ၁၀ရက်အကြာမှာ ရုပ်အလောင်းတွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။ အသက် (၅၆) နှစ်အရွယ် ဒေါ်အေးအေးမြင့်က ဩဂုတ် ၄ရက် မနက်က ပုသိမ်ဈေးကြီးနားမှာ အထည်ဝယ်စရာရှိတယ်ဆိုပြီး ထွက်သွားရာက နေအိမ်ပြန်မရောက်လာခဲ့တာကြောင့် သမီးဖြစ်သူက လူမှုကွန်ရက်မှာ ပို့စ်တင်ပြီး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အေးအေးမြင့်ရဲ့ ရုပ်အလောင်းကို မြောင်းမြမြို့အနီး ငါးမြင်းချောင်းမှာ သြဂုတ် ၁၃ရက်က တွေ့ရှိခဲ့တာလို့ သမီးဖြစ်သူက အသိပေးပါတယ်။ ဒေါ်အေးအေးမြင့်ဟာ မအူပင်နဲ့ သန်လျင်နည်းပညာတက္ကသိုလ်တွေမှာ ဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တာကြောင့် သူ့ရဲ့ တပည့်တွေကလည်း စိတ်မကောင်းကြောင်း ရေးသားထားကြပါတယ်။

◾️ထောင်တွင်းဆေးကုသခွင့်မလုံလောက်လို့ အသက် ၈၀ကျော် နိုင်ကျဉ်း ဆုံးပါး
10👍6🔥2
စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦး ထောင်တွင်းလုံလောက်တဲ့ဆေးဝါးကုသမှု မရခဲ့တာကြောင့် ဩဂုတ် ၁၃ ရက် မနေ့က ကျဆုံးသွားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP)က ထုတ်ပြန်အသိပေးထားပါတယ်။ အသက် ၈၂ နှစ်အရွယ်ရှိ သက်ကြီးပိုင်းနိုင်ငံရေးအကျဉ်းသူဟာ အစာအိမ်ကင်ဆာရောဂါခံစားနေရတာကြောင့် ဆေးဝါးကုသခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် အကျဉ်းထောင်ဘက်က ဆောလျင်စွာ ခွင့်ပြုမပေးခဲ့ဘူးလို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသူရဲ့ရောဂါအခြေအနေဆိုးရွားလာချိန် ပြီးခဲ့တဲ့မေလလောက်မှသာ ပြင်ပဆေးရုံမှာ ဆေးကုသခွင့်ရခဲ့ပေမယ့် ရောဂါ ကျွမ်းပြီး ကျဆုံးခဲ့ရတာလို့ WOPP အဖွဲ့က ထုတ်ပြန်ထားပါတယ်။
🤬12👎6🔥2💔1
🔥17👍82