ပိုက်လိုင်းစောင့်စစ်သားဆီက သိမ်းဆည်းရရှိတဲ့ လက်ပစ်ဗုံး ၊ဆိုင်ကယ်၊ဖုန်း ၊ငွေတချို့ နဲ့သေဆုံးသွားတဲ့ စစ်သား ။ဓါတ်ပုံ-တောင်သာPDF
👏43👍7🤣4🥰3
■ဆောင်းပါး
ငါ့နွားတွေ ရေမမွန်းစေရ
ထွန်းညိုဦး/People's Spring
အညာရေဘေးမှာ လူတွေနဲ့အတူ ဒုက္ခ ခံကြရတာ နွားတွေပါ။ မြန်မြန်ဆန်ကြီး တဝေါဝေါနဲ့ တက်လာတဲ့ ရေတွေကြောင့် လူတွေတင်မက နွားတွေပါမျက်ကလူးဆန်ပြာဖြစ်ကြရတယ်။
အညာသူ အညာသားတွေဟာ ကိုယ်နဲ့အတူတူ နှစ်ပေါင်းများစွာ ရာသီမရွေး အတူတူ ရုန်း
ကန်ခဲ့ကြရတဲ့ ဒီနွားတွေကို မထားခဲ့နိုင်ဘူး။ ဒီနွားတွေဟာ စစ်ဘေးရှောင်တော့လည်း အတူ
တူ ပြေးခဲ့ကြရသူတွေ။ စစ်တပ်က လက်နက်
ကြီးပစ်၊ လေကြောင်းကြဲရင်လည်း ပြည်သူတွေလိုပဲ သေဆုံးခဲ့ကြရတဲ့ နွားတွေ နည်းမှ မနည်းတာ။
"စပါးတွေ ရေမွန်းသွားလည်း ငါ့နွားတွေ ရေမမွန်းစေရဘူး။..စိုက်ထားတဲ့ သီးနှံတွေ ရေမျောသွားလို့ ပျက်စီးသွားပါစေ... ငါတို့မှာ နွားရှိနေသေးရင် လယ်ပြန်ထွန်လို့ ရသေးတယ်။ မြေပြင်ပြန်ပြုပြင်လို့ ရသေးတယ်။ နွားဆိုတာအညာသားယာသမားတွေအတွက်
တော့ ရိုးရိုးတိရိစ္ဆာန်မဟုတ်၊ ဘဝရဲ့ကျောရိုး ၊ စိုက်ပျိုးရေးရဲ့သွေးကြော နဲ့ မိသားစုအတွက် အားကိုးရာအိမ်သားတဦးလိုပါပဲ"လို့ ရွှေဘိုခရိုင် တပ်ရင်း အမှတ် (၁၇)က ရေးသားပါတယ်။
ဒါ့ကြောင့်ပဲ အညာသူအညာသားတွေဟာ ရေတွေရွာထဲဝင်လာတော့ နွားတွေကို ရေလွတ်ရာ ပို့ဖို့ စီစဥ်ရတယ်။ ရေမြင့်တက်လာချိန်မှာ နွားတွေကို တိုင်မှာ ကြိုးမချည်ထားရဘူး။ ကြိုးချည်ထားရင် ရေတက်လာတဲ့အခါ ရေမကူးနိုင်ဘဲရေနစ်သေဆုံးတတ်တယ်။ကြိုးဖြုတ်ပေးထားမှသာ နွားတွေအလိုအလျောက် ရေကူးပြီးရေလွတ်ရာကိုတက်နိုင်တာပါ။
ရေဘေးသင့်ဒေသတွေမှာ နွားတွေကို ကယ်
ဆယ်ထိန်းသိမ်းရတာဟာ လူတွေကို ကယ်
ဆယ်ရတာထက် ပိုမိုခက်ခဲပြီး အန္တရာယ်များပါတယ်။ နွားတွေဟာ ရေဘေးကြုံရတဲ့အခါ လန့်ဖျပ်ပြီး ရေထဲကူးခတ်ရင်း လမ်းပျောက်တာ၊ မောပန်းပြီး ရေနစ်တာတွေ ဖြစ်တတ်တာမို့ပါ။
အညာသူအညာသားတွေဟာ နွားတွေကို အုပ်စုလိုက် ရေကူးပြီး ရေလွတ်ရာပို့ဖို့ စီစဥ်ရတယ်။ နွားတွေဟာ ရေကူးကျွမ်းကျင်ပေမဲ့ရေစီးသန်ရင် ကူးရခက်ခဲတတ်တယ်။ ဒါ့ကြောင့် လူတွေက နွားတွေဘေးကနေ လှေနဲ့ရေစီးကြောင်းအတိုင်း ထိန်းကျောင်းပေးရတယ်။
အဲဒီလို ခက်ခက်ခဲခဲ စွန့်စွန့်စားစား နွားတွေကို ရေလွတ်ရာ ကယ်ထုတ်ရတယ်။ ကယ်ထုတ်ချိန်မှာပဲ ရေစီးသန်လို့ နွားတချို့ ကူးရင်း မျောပါသွားတာတွေရှိတယ်။ နွားရှင်တွေခမျာ ရေထဲ ခေါင်းကလေး မြုပ်ချည်ပေါ်ချည်နဲ့ မျောပါသွားတဲ့ နွားလေးကိုကြည့်ရင်း မျက်ရက်ပေါက်ပေါက် ကျကြရတယ်။ သို့ပေသိ နွားတွေက ရေကူးတတ်ကြတော့ ရေသာတလှည့်မှာ အသက်ရှင်အောင်ကူးနိုင်မယ်လို့ ယုံကြည်ကြတယ်။
ကျန်တဲ့နွားတွေ ရေလွတ်ရာရောက်တော့ ရေထဲမျောသွားတဲ့ နွားလေးတွေကို ပြန်ရှာဖို့ မြစ်ရိုးတလျှောက် အောက်ဘက် လိုက်ကြရပြန်တာပေါ့။ အဲဒီမှာ နွားတွေကို ကယ်တင်ပေးထားကြသူတွေနဲ့လည်း ကြုံရသလို နွားတစ်ကောင် ဘယ်လောက်ဆိုပြီး ပြန်တောင်းကြတဲ့သူ အနည်းစုနဲ့လည်း ဆုံကြရပါသေးတယ်။
ရေလွတ်ရာကုန်းပေါ် နွားတွေရောက်တော့လည်း နွားစာအတွက်ကို ခက်ခက်ခဲခဲ သွားရှာပို့ရတယ်။ ရေကြီးချိန် နွားတွေ အစာရေစာ ငတ်မွတ်တတ်သလို ရေနောက်တွေ သောက်မိရင်လည်း ဝမ်းပျက်တတ်လို့ သန့်ရှင်းတဲ့ ရေချိုနဲ့ မြက်ခြောက်တွေ ကောက်ရိုးတွေရအောင် စီစဥ်ပေးရပြန်တယ်။ ရေကျပြီးရင်လည်း နွားတွေမှာ ရောဂါတွေ ဝင်လာတတ်လို့ ဂရုစိုက်ရပါဦးမယ်။
နွားစာပို့နေတုန်းတဝေါဝေါအသံကြားလို့ မော့
ကြည့်တော့ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဥ်ပါ။ လူတွေရော တိရိစ္ဆာန်တွေပါ ရေကြီးလို့ ဒုက္ခရောက်နေချိန်လေကြောင်းကနေရေဘေး
သင့်ပြည်သူတွေကို ပစ်ခတ်နေတုန်းပါ။ ဘယ်
လောက်ပဲအန္တရာယ်တွေများနေပါစေ။ အညာ
သူအညာသားတွေကတော့ သူတို့ နွားတွေအတွက် အစာရှာတုန်း ပို့ကြတုန်းပါ။
နွားတွေကို ကယ်ခဲ့ကြတဲ့ ရွှေဘိုခရိုင် တပ်
ရင်း အမှတ် (၁၇)ကတော့ "ရေတွေပြန်ကျသွားတဲ့တစ်နေ့။ ဒီနွားလေးတွေနဲ့ပဲ ရွှံ့နွံတွေကြားထဲမှာ ခြေခြေမြစ်မြစ် ပြန်ရုန်းကန်ကြမယ်"တဲ့။ ။

😭22🔥9👍6❤3🙏2🤣1🖕1
ရေဘေးသင့်နွားများအား ကယ်တင်လာစဥ်။
ဓါတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း ၁၇
ဓါတ်ပုံ-ရွှေဘိုခရိုင်တပ်ရင်း ၁၇
👍42❤8🥰7🙏4🤮1🤣1🖕1
ဖွတ်တော်တွေကနေ ဘာအလုပ် လုပ်သလဲဆိုရင် “ကျွဲ”ဖြစ်အောင် လုပ်ကြတာပါ။ နားရှုပ်သွားကြပြီထင်ပါတယ်။ “အများညီ ‘ဤ’ ကို ‘ကျွဲ’ဖတ်”ဆိုတဲ့စကားပုံထဲက “ကျွဲ”ကို ဆိုလိုတာပါ။ ဖွတ်တွေ စုဝေးကြပြီး သူတို့လိုချင်တဲ့ “ကျွဲ”မရရအောင် ဖွတ်တော်ထဲကနေ ပုံဖော်ကြမှာကို ဆိုလိုတာပါ။
လက်ရှိဖွတ်တော်စတင်ခဲ့တာအခုဆိုရက် ၁၀၀ ကျော်လာခဲ့ပါပြီ။ ဒီဖွတ်တော်ကိုတော့ ဖွတ်ကထကြီးခင်ရီကဦးဆောင်ထားပါတယ်။ ဖွတ်ကထကြီးခင်ရီရဲ့ ကိုယ်ရေးအကျဉ်းကို ဖော်ပြရမယ်ဆိုရင် သူဟာ ဗိုက်ထဲမှာ ကျည် ခုနစ်တောင့်မြိုထားသူဖြစ်သလို စကားကိုလည်း ရွေးကောက်ပွဲမတိုင်မီတစ်မျိုး၊ ရွေးကောက်ပွဲပြီးတစ်မျိုး၊ နှစ်မျိုး တည်းသာ ပြောတတ်သူရယ်လို့ ထင်ရှားပါတယ်။
ပြီးတော့သူဟာကြေးစားတစ်ယောက်ဖြစ်ပါတယ်။ဘယ်လို ကြေးစားလဲဆို နိုင်ငံရေးခြေထိုးပေးတဲ့ကြေးစားပါ။ အရင်တုန်းကတော့ ၅၀၀၀ စား။ အခုလက်ရဲဇက်ရဲလူမိုက် ဂွတို လက်ထက် ကုန်စျေးနှုန်းတွေတက်တော့ သူလည်း စျေးတက်သွားပါတယ်။ အခုတော့ ၆၈၀၀ စားပါ။ ဘယ်နိုင်ငံရေး မှာမဆို ဘယ်ပုံခြေထိုးပေးရမလဲ။ နောက်ကျောကို ဘယ်လိုဓားနဲ့ထိုးပေးရမလဲပြော အကုန်ရတဲ့ ခင်ရီ။
နေ့စားပုတ် ပြတ်နဲ့လမ်းပေါ် လူခေါ်ထုတ်ပေးရမလား အင်အားဘယ်လောက်လိုသလဲ အကုန်ဖြစ်တဲ့ ခင်ရီ။ နိုင်ငံရေးအောက်လုံး ဘယ်နှလုံးထိုးပေးရမလဲ လာထားခင်ရီ။ ခင်ရီဆိုတာ အဲဒီ့လိုတစ်ရီတည်းရှိတယ်။ နှစ်ရီရှိရင် အပေါင်ဆိုင်ပို့ပစ်မယ် ဆိုတဲ့ လူမျိုး။
ကဲ…သူ့အကြောင်း ဒီလောက်နဲ့ရပ်ပြီး သူ့ရဲ့ဖွတ်တော်အကြောင်း ဆက်ကြဦးစို့ရဲ့။ ဖွတ်ကထကြီးခင်ရီဦးဆောင်တဲ့ဖွတ်တော်က ပုံမှန်အစည်းအဝေးဆိုပြီး ကျင်းပခဲ့တာ နှစ်ကြိမ်ပြီးခဲ့ပြီ။ ဖွတ်တော်အကြောင်းဆိုပေမယ့် ဦးစွာ ထူးတာကို ပြောရရင် ဖွတ်ကထကြီးအကြောင်းက စရမှာပဲ။ “အားလုံးထိုင်နိုင်ပါပြီ” ဆိုတဲ့စကား ဘယ်သူကပြော ပေးရမယ်မှန်းမသိလို့ ဖွတ်ကထကြီးခင်ရီခမျာသူကိုယ်တိုင်ထိုင်ရမလို ထရမလိုကြီးဖြစ်ပြီးသူ့တပည့်ကို တိုးတိုး တိတ်တိတ်လေသံလေးနဲ့လှမ်းမေး။ ကံဆိုးချင်တော့ မိုက်ခရိုဖုန်းက ဖွင့်ထားလျက်သားဖြစ်။ အဲဒီထက်ပိုကံဆိုး ချင်တော့ ရုပ်သံကပါ Live က ပြူးပြူးကြီးလွှင့်ထားဆိုတော့ ဘာပြောကောင်းမလဲ။
“လာလာချင်းဆောက်နှင့်ထွင်း”ဆိုသလို ဖွတ်တော်မှ မစသေး ဖွတ်ကထကြေးစားလူမိုက်ခင်ရီတစ်ယောက် နိုင်ငံတစ်ဝန်းလှည်းနေလှေ အောင်းမြင်းဇောင်းမကျန်အကုန်သိတဲ့ ဆယ်လီတန်းဖြစ်တော့တာပဲ။
ဒါက အဖွင့်လှခဲ့တဲ့ခင်ရီ့ဇာတ်။ သူဦးဆောင်တဲ့ ဖွတ်တော်ထဲမှာ နေ့စားခမှန်မှန်ရတဲ့သူတွေရှိသလို နေစားခ မှန်မှန်မရလို့ ကန့်လန့်တိုက်သူတွေလည်းရှိတယ်။ ဒီအကြောင်းပြောကြမယ်။ သူနဲ့လက်သင့်တဲ့အတွက် နေ့စားခ မှန်မှန်ရနေသူတွေကတော့ ထူးထူးထွေထွေပြောနေစရာမလိုဘူး ဖွတ်ကထ လက်မရွံကြေးစားလူမိုက် ခင်ရီ ချောင်းဟန့်ရင်တောင် ထောက်
ခံပါတယ်လို့ ထအော်တတ်တဲ့သူတွေ။ ပြောစရာရှိတာက ဖွတ်အစုအဝေးထဲမှာသာပါနေ တာ သူနဲ့လက်လည်း မသင့်၊ ပနံလည်း မစားသူတွေကတော့ အရွဲ့တလိုင်းလေးတွေ ရှိလာတာလည်း ဒီဖွတ်တော်မှာ တွေ့ရတယ်။
https://www.ludunwayoo.com/%E1%80%9E%E1%80%9B%E1%80%B1%E1%80%AC%E1%80%BA%E1%80%85%E1%80%AC/2026/08/13/165506/

LuduNwayOo
ဇွတ်ခေါ်တဲ့ ဖွတ်တော် | LuduNwayOo
မြန်မာနိုင်ငံအလယ်ပိုင်း ကြပ်ပြေးဒေသမှာ “ဖွတ်တော်”တစ်ခု မကြာသေးခင်က ပေါ်ထွန်းလာတယ်လို့ ကြားသိရ ပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ လက်ရဲဇက်ရဲလူမိုက်ဂွတိုတစ်ယောက် ရမ်းကားရာကနေ ပေါ်ပေါက် လာတာလို့လည်း သိရပါတယ်။
👍35❤17🤣4🤬2🤮2🖕2👎1🔥1💩1
ရှမ်းမြောက်ရှိ KIA တပ်ရင်း(၉)နယ်မြေကို စစ်တပ် ဗုံးကြဲ၊ နမ့်ဖက်ကာကိုလည်း လေယာဉ်ပျံဝဲ ခြိမ်းခြောက်
ဩဂုတ် ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ဩဂုတ် ၁၄ရက် ညပိုင်း ၇နာရီခွဲဝန်းကျင်မှာ KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာကို စစ်တပ် တိုက်လေယာဉ်ပျံသန်းခြိမ်းခြောက်ခဲ့ပြီးနောက် KIA တပ်မဟာ(၆) တပ်ရင်း(၉) နယ်မြေကို လေကြောင်း တိုက်ခိုက်လာတာလို့ ဆိုပါတယ်။
“KIA တပ်ရင်း(၉)နယ်မြေမှာတော့ ဗုံးကြဲသွားပြီလို့ ကနဦးသိရှိရပါတယ်။ ဒီ တပ်ရင်း(၉)ဟာဆိုရင် KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေလည်းဟုတ်ပါတယ်။တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံခြုံရေးယူထားတဲ့ တပ်ရင်းလို့လည်းပြောလို့ရပါတယ်။ အဓိကတော့ ရှမ်းမြောက်မှာရှိနေတဲ့ KIA တပ်ဖွဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရင် လေကြောင်းကနေ ဖိအားစတင်ပေးလိုက်ပြီလို့ ရှုမြင်ပါတယ်။” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က ရှမ်းမြောက်ရှိ KIA တပ်စခန်းတွေနဲ့ KIA ထိန်းချုပ်ဒေသက ပြည်သူလူထုတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ပြီး လေကြောင်းဖိအားပေးတာတွေ ဆက်လက်လုပ်ဆောင်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။
စစ်တပ်ဟာ ရှမ်းမြောက်မှာ တရုတ်အကူအညီနဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ကို အပစ်ရပ်ထားရာ KIA တပ်ဖွဲ့သာ ကျန်ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။
တဖက်မှာလည်း KIA ဟာ ကချင်ပြည်နယ်နဲ့ ကချင်-စစ်ကိုင်းအစပ်ဒေသတွေမှာ စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်လျက်ရှိပါတယ်။
“စစ်ရေးနိုင်ငံရေး ရှုံးနိမ့်နေတဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာ စစ်ရာဇဝတ်မှု ကျူးလွန်ထားတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့စစ်တပ်ကတော့ သူ့ဘက်ကတော့ စစ်ရေးအရ ရှုံးနိမ့်လာပြီဆိုရင်တော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေ ရွာတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်လာနိုင်ခြေရှိတဲ့အတွက်ကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းသတင်းတွေကို ဒေသခံ ပြည်သူလူထုတွေရော တော်လှန်ရေးတပ်ဖွဲ့တွေရော အချိန်နဲ့ တပြေးညီသတိပြုနေထိုင်ဖို့လိုပါတယ်” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA) ထိန်းချုပ်နယ်မြေတွေကိုလည်း လေကြောင်း တိုက်ခိုက်တာတွေ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်။
ရက္ခိုင်နဲ့ မကွေး၊ ရက္ခိုင်နဲ့ ဧရာ၀တီ၊ ရက္ခိုင်နဲ့ ပဲခူးအစပ်ဒေသတွေမှာ တိုက်ပွဲပြင်းထန်နေပြီး လတ်တလော ဧရာ၀တီ-ရက္ခိုင်အစပ်တိုက်ပွဲမှာ စစ်တပ်ဟာ အထိနာလျက်ရှိပါတယ်။ စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ AA ထိန်းချုပ်ထားတဲ့ သံတွဲ၊ ဂွ၊ အမ်းမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူအများအပြား သေဆုံးထိခိုက်ခဲ့ရပါတယ်။
စစ်တပ်ဟာ ကိုးကန့်၊ တအာင်းတပ်တွေနဲ့ အပစ်ရပ်စဲခြင်းမပြုမီကလည်း တအာင်းတပ်ထိန်းချုပ်ရာ မြို့ရွာတွေ၊ ကိုးကန့်တပ်ထိန်းချုပ်ရာမြို့ရွာတွေကို လေကြောင်းစစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်ပြီး အရပ်သား ပြည်သူအများအပြားသေဆုံးထိခိုက်စေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။

🤬15🔥13❤9👍6👎1
ပုသိမ်မြို့မှာ ဈေးဝယ်သွားရင်းပျောက်ဆုံးနေတဲ့ အမျိုးသမီး ၁၀ရက်အကြာမှာ ရုပ်အလောင်းတွေ့
ဩဂုတ်-၁၄၊၂၀၂၆။တေဇ/People's Spring
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။
"ကျွန်မ အမေ DBကို မြောင်းမြမြို့အနီး ငါးမြင်းချောင်းမှာ မနေ့က(ဩဂုတ်၁၃) တွေ့ရှိခဲ့ပါတယ်။ မြောင်းမြဆေးရုံကြီးမှာပဲ ခွဲစိတ်စစ်ဆေးပြီး ပုသိမ်မီးသဂြိုလ်စက်မှာ ယနေ့(ဩဂုတ်၁၄)ပဲ သဂြိုလ်လိုက်ပါတယ်ရှင်။ အမှန်တကယ်ပဲ ဘဝတစ်ပါးကူးပြောင်းသွားပြီဖြစ် ကြောင်းအသိပေးချင်ပါတယ်။" လို့ သမီးဖြစ်သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အသက် (၅၆) နှစ်အရွယ် ဒေါ်အေးအေးမြင့်က ဩဂုတ် ၄ရက်မနက်က ပုသိမ်ဈေးကြီးနားမှာ အထည်ဝယ်စရာရှိတယ်ဆိုပြီး ထွက်သွားရာက နေအိမ်ပြန်မရောက်လာခဲ့တာကြောင့် သမီးဖြစ်သူက လူမှုကွန်ရက်မှာ ပို့စ်တင်ပြီး အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အေးအေးမြင့်က မအူပင်နဲ့ သန်လျင်နည်းပညာတက္ကသိုလ်တွေမှာ ဆရာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်တာကြောင့် သူ့ရဲ့ တပည့်တွေကလည်း စိတ်မကောင်းကြောင်း ရေးသားထားကြပါတယ်။
ပြီးခဲ့တဲ့ရက်က ဒေါ်အေးအေးမြင့် ပျောက်ဆုံးချိန်က ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့ ခန္ဓာကိုယ်အချိုးအစားတူညီသူကို တွေ့ရှိတယ်လို့ Tik Tok အကောင့်တစ်ခုက တင်ခဲ့ပေမယ့် ကာယကံရှင်တွေ သွားရောက်ရှာဖွေချိန်မှာတော့ မတွေ့ခဲ့ပါဘူး။
သေဆုံးသူဟာ ပြန်ပေးဆွဲပြီး အသတ်ခံရတာ ဟုတ်၊မဟုတ်နဲ့ ဘာကြောင့် သေဆုံးတယ်ဆိုတာ လူထုနွေဦးက မသိရသေးပါဘူး။ ကာယကံရှင် မိသားစုထံကိုလည်း လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

😢28🔥4❤2👎1
■အတွေးအမြင်
မင်းအောင်လှိုင်ကို အိပ်မက်ဆိုး မက်စေမယ့် တော်လှန်ခေါင်းဆောင်ရဲ့သတင်းစကား
-သျှိသျား ရေးသားသည်။
“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ‘လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ’ဆိုတဲ့ခံယူချက်ကို ဦးထိပ်ထားပြီး”
ဒီစကား ဘယ်သူပြောတယ်ထင်ပါသလဲ။
NUGအစိုးရအဖွဲ့ထဲကခေါင်းဆောင် ဒါမှမ
ဟုတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေထဲက ခေါင်းဆောင်တစ်ဦးတစ်ယောက်က ပြောခဲ့တဲ့စကား လုံးဝ(လုံးဝ) မဟုတ်ပါဘူး။ အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း ပြည်သူရှစ်ထောင်ကျော်ကိုရက်ရက်စက်စက်သတ်ဖြတ်ထားတဲ့ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ပြောလိုက်တဲ့စကားပါ။
ဇူလိုင် ၃၁ ရက်နေ့တုန်းက သူ အဓမ္မစုဖွဲ့ပေးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံ
တော်အခြေပြဆိုတဲ့ မိန့်ခွန်း ပြောတဲ့အထဲ
ဒီစကားကို ထည့်သွင်းပြောဆိုခဲ့တာပါ။ မင်းအောင်လှိုင် ဒီစကားကို ပြောထွက်ခဲ့တဲ့ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၃ နာရီခန့်မှာပဲ သူ့လက်
အောက်စစ်တပ်က သံတွဲမှာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးသုံးလုံးကြဲချလို့ တစ်နှစ်ခွဲ အရွယ်ကလေးငယ်အပါအဝင် လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်းမှာပဲ မလှိုင်နားက ဒဟတ်တန်း (တောင်)ရွာကို လေထီးနဲ့ လာရောက်ဗုံးကြဲလို့ အသက် (၆၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီရက်အလွန်နောက်တစ်ရက်ဖြစ်တဲ့သြဂုတ် ၁ ရက်နေ့မှာဆိုရင်လည်းမုံရွာမြို့ သစ်
ညိုပင်ရွာ ဘုန်းကြီးကျောင်း အနီး တိုက်လေ
ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်ငါးဦးအပါအဝင် ပြည်သူ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲဒီမုံရွာမြို့နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ ကနီမြို့နယ်ထဲက ယာကြီးရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်
သားအမျိုးသားတစ်ဦး သေဆုံးသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေဟာ အထက်မှာပြောခဲ့သလို
“လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ”ဆိုတဲ့စကားမင်းအောင်လှိုင်ပြောခဲ့တဲ့နေ့ပတ်ဝန်းကျင်က ဖြစ်စဉ်တချို့ကို ထုတ်နုတ်ပြထားတာပါ။ အဲဒီနေ့ရက်ရဲ့ ရှေ့နဲ့ နောက်ရက်တွေထဲ မှာလည်းအလားတူ လေကြောင်း
တိုက်ခိုက်မှု၊ ဗုံးကြဲချမှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူ များစွာရှိခဲ့သလို အာဏာသိမ်းငါးနှစ်ကျော်ကာလအတွင်း မင်းအောင်လှိုင်ရဲ့လက်ပါးစေတွေကြောင့် သေဆုံး၊ ထိခိုက်ခဲ့ရတဲ့ပြည်သူထောင်သောင်းချီ ရှိနေပြီဖြစ်ပါတယ်။
ဒီလိုထိခိုက်၊ သေဆုံးဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာမှတ်တမ်းရယူနေတဲ့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်
ရှောက်ရေးအသင်း(AAPP)က မင်းအောင်
လှိုင်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်
ဝါရီလ ၁ ရက်နေ့ကနေ ဒီနှစ် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ငါးနှစ်ခွဲကာလအတွင်း အတည်ပြုပြီးသေဆုံးသူ စုစုပေါင်း ၈၂၂၂ ဦးရှိပြီး အတည်မပြုနိုင်သေးတဲ့သေဆုံးသူဦးရေက စုစုပေါင်း ၅၂၅၀ ခန့်ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီတော့ “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ”ဆိုတဲ့ မင်းအောင်လှိုင်ရဲ့စကားအပေါ် ခပ်ရိုင်းရိုင်းတုံ့ပြန်ရရင် ခွေးပါးစပ်က နတ်စကားထွက်လေခြင်းလို့ ဆိုရပါလိမ့်မယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ယုတ်မာရက်စက်မှုက ဒီလောက်တင်တော့ မဟုတ်ပါဘူး။ ဒီငါးနှစ် ကျော်ကာလအတွင်း ဒေသအများအပြားက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ၊အပြစ်မဲ့ပြည်သူသုံးသောင်း ကျော်ကို ထောင်သွင်းအကျဉ်းချ နှိပ်စက်ညှဉ်းပန်းခဲ့တာ၊ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးတိုင်းပြည်ထဲက လူငယ်လူရွယ်အ
များအပြားကို အဓမ္မစစ်တိုက်ခိုင်းရင်း သေ
ဆုံးစေခဲ့တာ၊ ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ့်နိုင်ငံမှာ ငြိမ်းချမ်းစွာ နေထိုင်မရအောင်လုပ်ခဲ့တာ စတဲ့လုပ်ရပ်များစွာလည်း ရှိနေပါသေးတယ်။
နေဝင်းအာဏာသိမ်းကာလ၊ သန်းရွှေအာဏာ
သိမ်းကာလနဲ့ သူအာဏာသိမ်းခဲ့တဲ့ကာလတွေမှာ မတရားမှုကို ငုံ့မခံဘဲ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ပြည်သူလူထုကို ပညာရည်နိမ့်ကျလို့ အကြမ်းဖက်ခဲ့ကြတယ်ဆိုတဲ့ စကား
လုံး တွေနဲ့လည်း စော်ကားမော်ကားပြုခဲ့ပါသေးတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသူတွေကိုလက်နက်အားကိုးနဲ့အကြမ်းဖက်သတ်
ဖြတ်ခဲ့တာဘယ်သူတွေလဲဆိုတာဖြစ်စဉ်၊ ဖြစ်
ရပ်တွေကနေ သက်သေထူထားပြီးသားပါ။ ဒီသက်သေတွေဟာ ပေါက်ပန်းလေးဆယ်စကားလောက်နဲ့ ဖျောက်ဖျက်ရတဲ့အရာမျိုး မဟုတ်ပါဘူး။
ဒီနိုင်ငံမှာတကယ်အကြမ်းဖက်နေတာ၊ ပြည်ဖျက်နေတာ၊ နိုင်ငံကိုချောက်ထဲဆွဲချနေတာ ဘယ်သူတွေလဲဆိုတာ သမိုင်းနဲ့ ချီပြီး နောက်
ပြန်ကြည့်ရင် ရှင်းရှင်းလင်းလင်းကြီးကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံဘာကြောင့်အခုလို ချွတ်ခြုံကျတဲ့အခြေအနေနဲ့ ကြုံနေရသလဲဆိုတဲ့အဖြေကိုသိချင်ရင် နိုင်ငံကိုစစ်အာ
ဏာရှင်တွေဘယ်လောက်ကြာကြာအုပ်ချုပ်
ချယ်လှယ်ကုပ်သွေးစုပ်ခဲ့သလဲဆိုတဲ့ကာလကိုပြန်လှန်ကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။
အခုမင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါစစ်အုပ်စုဟာဘယ်လောက်အထိ ယုတ်မာရက်
စက်သလဲဆိုရင် အထက် အညာဒေသမှာ လတ်တလောရေကြီးနစ်မြှုပ်နေချိန် ကူညီကယ်ဆယ်ရမယ့်အစား လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာတွေကိုပဲ အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင်ရေဘေးသွားလှူမယ့်၊
ကူမယ့်သူတွေရဲ့ နေအိမ်တွေကိုလည်း ချိတ်ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပြန်ပါသေးတယ်။

👍21❤6🤮3
ဒီလိုမင်းအောင်လှိုင်နဲ့အပေါင်းအပါတို့ရဲ့ ယုတ်မာရက်စက်မှုတွေကို ဒီနေရာကနေ တကူးတက ဘာကြောင့် ဖော်ပြ နေရသလဲဆိုရင် ပြီးခဲ့တဲ့ဩဂုတ် ၁၀ ရက်ကကျင်းပခဲ့တဲ့ ကချင်အာဇာနည်နေ့ အခမ်းအနားမှာ ကချင်လွတ်လပ်ရေး အဖွဲ့(KIO)ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြားတဲ့ မိန့်ခွန်းကို တွေ့ရလို့ပါ။
အဲဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဝိုင်းဝန်းကြိုးပမ်းနေချိန်မှာ တချို့လူ တွေက အာဏာ
ရှင်စနစ် ခိုင်မြဲရှည်ကြာဖို့အတွက် ဒေါက်တိုင်များအဖြစ် ပူးပေါင်းကူညီနေတာကို တွေ့ရကြောင်း၊ ဒီလိုပါဝင်ကူညီနေသူများအားလုံး ရပ်တန်းကရပ်ကာ အမှန်တရားဘက်မှာ ရပ်
တည်ကြဖို့ဆိုပြီး သတိပေးပြောဆိုထားတာဖြစ်ပါတယ်။
ဆိုခဲ့သလိုအာဏာရှင်စနစ်ခိုင်မြဲရေးဒေါက်တိုက်ပြုပေးနေသူတို့အနေနဲ့ အထက်မှာဖော်
ပြခဲ့တဲ့ အာဏာသိမ်းစစ် ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ယုတ်မာရက်စက်မှုတွေကို ထင်
ရှားပြတ်သားစွာမြင်နိုင်ကြဖို့၊ ဒီလုပ်ရပ်တွေအပေါ် ရှုတ်ချပြီး အာဏာရှင်ချုပ်ငြိမ်းရေးမှာ ပူးပေါင်းပါဝင်ပေးကြဖို့အတွက် မီးမောင်း
ထိုးပြရခြင်းဖြစ်ပါတယ်။
ဒီရက်ထဲမှာပဲနောက်ထပ်သတိပြုမိတဲ့ မိန့်ခွန်းတချို့လည်းရှိနေပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သြဂုတ် ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်
နေ့မှာ ပြောကြားတဲ့မိန့်ခွန်းပါ။
စစ်အာဏာရှင်အုပ်ချုပ်မှုမကုန်ဆုံးသရွေ့
နိုင်ငံဟာ ငြိမ်းချမ်းရေးမရနိုင်သလို ဖွံ့ဖြိုးတိုး
တက်မှုလည်း ရှိလာမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တာပါ။တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းရမယ် လို့လည်း သူက ဆိုပါတယ်။
စစ်အာဏာရှင်ကျရှုံးဖို့၊ တော်လှန်ရေး အောင်
မြင်ဖို့အတွက် ကျွန်တော်တို့နောက်ထပ် သိ
မှတ်လိုက်နာရမယ့်ပြောစကားတစ်ခုလည်းရှိနေပါသေးတယ်။အဲဒါကတော့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးလုပ်ငန်းတွေကို ညီညီ ညွတ်ညွတ်၊ စည်းစည်းလုံးလုံး၊ ရဲရင့်ပြတ်သားစွာ ဆက်လက်လုပ်ဆောင်ကြဖို့၊ တော်လှန်ရေးမှာ အဓိကအင်အားကလူထုဖြစ်တာကြောင့် လထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိဖို့ လိုအပ်ပြီး လူထုဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ် ကြဖို့ ဆိုပြီးဖြစ်ပါတယ်။
ဒီစကားကိုတော့ကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘော ကျော်ဟဲက ကရင့်အမျိုးသားအာဇာနည်နေ့ အထိမ်း
အမှတ်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်း ပြောကြားတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
အလားတူပဲပြည်ထောင်စုလွှတ်တော်ကိုယ်
စားပြုကော်မတီ(CRPH)ကလည်း သြဂုတ် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကချင်အာဇာ
နည်နေ့ကိုပေးပို့တဲ့သဝဏ်လွှာမှာ“စစ်အာဏာ
ရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒ
ရယ်ဒီမိုက ရေစီ ပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် တော်လှန်ရေးအင်အားစုအားလုံး
၏ စုစည်းညီညွတ်မှုသည်သာ အဓိကသော့
ချက်ဖြစ်ပါသည်”ဆိုပြီးထည့်သွင်းပြောဆိုထားပါတယ်။
သြဂုတ် ၁၂ ရက်နေ့မှာကျရောက်တဲ့ ကရင်အာဇာနည်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာလည်း "မိမိတို့အနေဖြင့်လည်း ဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းကာ ကရင်လူထု နှင့် ကရင်အာ
ဇာနည် ခေါင်း ဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်နှင့် စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်
စုကို မဟာမိတ်တော်လှန်ရေးအင်အားစု အား
လုံးနှင့်အတူတကွ တည်ဆောက်သွားမည်ဖြစ်ပါသည်"လို့ ပြောဆိုထားပါတယ်။
တော်လှန်ခေါင်းဆောင်တွေဆီကလာတဲ့ ဒီသ
တင်းစကားတွေကို ကြည့်မယ်ဆိုရင် ထင်သာမြင်သာတွေ့ရမှာက ပြည်သူလူထုရဲ့ အသက်တွေ၊ဘဝတွေအပေါ် အချိန်နဲ့အမျှခြိမ်း
ခြောက်အန္တရာယ်ပြုနေတဲ့ စစ်အာဏာ
ရှင်စနစ်ဆိုး ချုပ်ငြိမ်းရေးဆီကို စုပေါင်းဗဟိုပြုထားတဲ့ သတင်းစကားများဖြစ်တာကို တွေ့ရပါတယ်။
ဒီကာလထဲ စုဖွဲ့မှု အားတစ်ခုအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဆိုတာကိုလည်း မတ်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကောင်စီထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့
(KIO)၊ ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ပါဝင်ပြီး အဖွဲ့ဝင်တွေ ဆက်လက်တိုးချဲ့ပါဝင်နိုင်ရေး တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်တိုက်တွေ့ဆုံကြိုးစားနေတယ်ဆိုတဲ့သတင်းစကား များလည်း ကြားသိရပါတယ်။
ဒီကောင်စီကနေ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့၊ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ တို့ကို စုဖွဲ့ပြီး စစ်ရေးအတွက် အရှိန်မြှင့်လုပ်ဆောင်လာနေတာကိုလည်း တွေ့ရပါတယ်။
ဒီလအစောပိုင်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာ ကွယ်ရေးတပ်မ
တော်(PDF) တပ်မှူးကြီးများအစည်းအဝေးကို ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကနေလည်း ပြည်သူ့ ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို တက်လှမ်းနိုင်ရေးလုပ်ဆောင်သွားဖို့ ချမှတ်ခဲ့တယ်လို့လည်း ကြားသိရပြန်ပါတယ်။

❤27👍8🤮1
ဒီသတင်းစကားတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ငါးနှစ်ကျော်ကာလအတွင်း ယုတ်
မာရက်စက်မှုအပေါင်း သရဖူဆောင်းထားခဲ့တဲ့ အာဏာရှင်လက်သစ်မင်းအောင်လှိုင်နဲ့အပေါင်းအပါတစ်သိုက် အိပ်မက်ဆိုးမက်ရ
မယ့် ကာလ မဝေးတော့ဘူးဆိုတဲ့ သတင်းပေးပို့ချက်ကိုရရှိလိုက်တာလည်းဖြစ်ပါတယ်။ ။

👍28❤8🤮2
လေးကေ့ကော်က စစ်ဘေးရှောင်တွေအတွက် ကျပ်သိန်း ၄၀ လှူဒါန်းတဲ့ လုလုအောင်
ဩဂုတ်-၁၄၊၂၀၂၆။ဆဏ်း/People's Spring
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့ အနီးမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် ကျပ်သိန်း ၄၀ ထောက်ပံ့ပေးခဲ့တယ်လို့ မော်ဒယ် လုလုအောင်က အသိပေးထားပါတယ်။
"ချစ်တဲ့ သွေးချင်းမောင်နှမများတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်" လို့ အလှူမှတ်တမ်းဓာတ်ပုံတွေနဲ့အတူ လုလုအောင်ရဲ့ဖေ့စ်ဘွတ်ခ်မှာ ဒီနေ့(ဩဂုတ်၁၄)မှာ မျှဝေထားပါတယ်။
ဒီအလှူငွေတွေက စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ ရိက္ခာခြောက်တွေဝယ်ယူဖို့ လှူဒါန်းတာလို့ လေးကေ့ကော်ဒေသ စစ်ဘေးရှောင်အကူအညီပေးရေးကော်မတီရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
လုလုအောင်က ဖေဖော်ဝါရီကလည်း ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေရဲ့ နို့မှုန့်အာဟာရအတွက် ငွေကျပ်သိန်း ၃၀လှူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် ပြိးခဲ့တဲ့နှစ် ၂၀၂၅ နိုဝင်ဘာတုန်းကလည်း ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေအတွက် ငွေကျပ်သိန်း ၃၀ လှူဒါန်းခဲ့ပါတယ်။
လုလုအောင်ရဲ့ ပရိသတ်တွေကတော့ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း နဲ့ အားပေးကျိုးနပ်တယ်လို့ မှတ်ချက်တွေရေးသားထားကြပါတယ်။
"ဒီနေ့ထိ ခုတ်မောင်းလာတဲ့ ခရီးရှည်ကြီး မင်းတို့ပေးတဲ့ တယောက်စီတိုင်းရဲ့ အချစ်ရဲ့ခွန်အားတွေကြောင့်သာပေါ့ ချစ်သောလေးတို့ရေ ချစ်တယ်နော်" လို့ လုလုအောင်ကလည်း ပရိသတ်တွေကိုကျေးဇူးစကားပြောထားပါတယ်။

❤34👍11🥰3🤮1