People's Spring
60.4K subscribers
70K photos
1.2K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်ကိုင်းတိုင်းမှာပြည်သူသိန်းချီရေဘေး
သင့်ချိန် စစ်ကိုင်းမြို့အခြေစိုက်တပ်မ(၃၃)
​ရေ​ဘေးမကူဘဲ ရခိုင်ကိုတန်ပြန်ထိုးစစ်ဆင်မယ်ဆိုပြီးတပ်တွင်း သင်တန်းပေးနေ

ဩဂုတ်-၁၃၊၂၀၂၆။​မေ/People's Spring

စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုး
စစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေ
တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ​တွေက​ပြောပါတယ်။

စစ်ကိုင်းမြို့မှာ အ​ခြေစိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်မ(၃၃ ) ​အောက်မှာ ခလရ(၄)၊ခလရ(၁၁)၊ခလရ(၄၂)၊ခလရ(၇)၊ခမရ(၁၁)၊
ခမရ(၁၂)၊ခမရ(၁၃)၊ခမရ(၁၁၆)ခမရ(၁၁၉)၊
ခမရ(၁၁၁) စတဲ့တပ်ရင်း(၁၀)ရင်းရှိပါတယ်။ အဲဒီတပ်တွေအားလုံးပြီးခဲ့တဲ့ဇူလိုင်လမှာ စစ်ကိုင်း၊ကချင်နယ်စပ်ရှေ့တန်းတိုက်ပွဲ တွေက နေ နောက်တန်းတပ်ရင်းကိုပြန်လာခဲ့ကြပါတယ်။အဲဒီတပ်ရင်းတွေဟာ စစ်ကိုင်းတိုင်းကမြို့နယ်တွေနဲ့ မန္တလေးတိုင်းကပုသိမ်ကြီးမြို့
နယ်တို့မှာ အ ခြေစိုက်ထားတာပါ။အဆိုပါစစ်​ကြောင်း​တွေဟာ စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်တိုက်ပွဲ​တွေမှာ ​သေဆုံးဒဏ်ရာရသူ​တွေများခဲ့သလိုပြန်ဆုတ်စဥ်မှာ ရပ်ရွာ​တွေထဲက​ရေ​တွေကို အဆိပ်ခတ်သွားတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ် ။

အဆိုပါတပ်ရင်းတွေအခြေစိုက်ထားတဲ့ မန္တ
လေးတိုင်းကပုသိမ်ကြီးမြို့နယ် အရှေ့ခြမ်းအပါအဝင် စစ်ကိုင်းတိုင်းကမြို့နယ်အများ
စုမှာ ရေ ဘေးသင့်ကာပြည်သူ ၂၅ ဦးခန့် သေဆုံးခဲ့တာပါ။ ဒါ​ပေမယ့် တပ်မ(၃၃)ရဲ့ လက်အောက်ခံတပ်ရင်း တွေဟာ​ရေ​ဘေး ကူညီ‌‌ကယ်‌ဆယ်ရေးမလုပ်ဘဲ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ပညာမွမ်းမံ သင်
တန်း ဆိုပြီး သင်တန်း တွေပေး နေတာလို့ စစ်တပ်နဲ့ နီးစပ်သူ​တွေက​ပြောပါတယ်။

"အစကသင်တန်းပေးဖို့အစီစဉ်မရှိဘူးထင်တယ်။ရေဘေးတွေဖြစ်တော့မှရုတ်တရက်ကြီး သင်တန်းတွေတက်နေရတာ။အရာရှိတွေပါ မွမ်းမံသင်တန်းတက်နေရတယ်"လို့ စစ်
တပ်မိသားစုဝင်တဦးကပြောပါတယ်။

အာရက္ခတပ်​တော်က ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ​ကျောက်ဖြူ ၊စစ်​တွေ ၊မာန်​အောင် မြို့နယ်တို့မှအပ ကျန် ၁၄ မြို့နယ်စလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါအပြင် အခုအခါ AA က သိမ်းဖို့ကျန်​နေတဲ့ စစ်​​တွေ နဲ့ ​ကျောက်ဖြူက စစ်တပ်စခန်း​တွေ၊တပ်ရင်း​​တွေ ၊ဌာနချုပ်​တွေကိုပါ သိမ်းပိုက်ဖို့
ထိုးစစ်ဆင်​နေပါတယ် ။ စစ်တပ်ကရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်​တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ​ဒေသချင်းဆက်စပ်​နေတဲ့ မ​ကွေး ၊ပဲခူး ၊ဧရာဝတီ ၊ချင်းပြည်နယ်​တွေက​နေ တန်ပြန်ထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုး
စားခဲ့​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေပျက်ပြီး ​ရှေ့မတိုးနိုင်ဘဲတပ်လန်ကျ​နေတာဖြစ်ပါတယ် ။ ​ကျောက်ဖြူနဲ့စစ်​တွေမှာလည်း တန်
ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့စစ်တပ်စစ်​ကြောင်း​​တွေ အထိနာ​ပြီး​ရှေ့မတိုးနိုင်ပါဘူး။
ဒါ​ပေမယ့် စစ်တပ်က ရခိုင်ပြည်နယ် နဲ့ ဆက်စပ်​ဒေသ တပ်အ​ပြောင်းအလဲလုပ်လို့ပြန်​ရောက်တဲ့စစ်​ကြောင်း​တွေကို ​အောင်ပွဲရစစ်သား​တွေကို ကြိုဆိုတယ်ဆိုပြီး မကြာ
ခဏဝါဒဖြန့်​နေပါတယ် ။

စစ်ကိုင်းတိုင်းမှာရေဘေးကူညီရေးမလုပ်တဲ့ စစ်အုပ်စုဟာ ကူညီရေး သွားတဲ့ မန္တလေး မြို့ကပြည်သူတွေကိုစစ်ကိုင်းတံတားကနေ ပြန်လွှတ်ခဲ့သလိုအဖွဲ့အစည်းတွေကိုလည်းရုံချုပ်
အထိစစ်ဆေးတာတွေပြုလုပ် နေတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကိုင်းတိုင်းမှာ​ရေ​ဘေးသင့်ပြည်သူနှစ်သိန်း​​ကျော်ရှိပြီး ​ရေ​ဘေး​ကြောင့် ​ကယ်ဆယ်​ရေးလုပ်​နေတဲ့ တော်လှန်​ရေးရဲ​ဘော်အချို့အပါ
အဝင် ၂၀ ​ကျော်​သေဆုံးခဲ့ပါတယ် ။

စစ်ကိုင်းတိုင်းကရေဘေးသင့်မြို့နယ် ၁၇ မြို့
နယ်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့ကအရေးပေါ်တုန့်ပြန်ဆောင်ရွက် ရေးပူး ပေါင်း ကော်မတီကိုဖွဲ့စည်းကာ ကယ်ဆယ် ရေးလုပ်ငန်း တွေဆက်တိုက်ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ NUG လက်​အောက်ခံ ပသုံးလုံးနဲ့ PDF တွေ ၊သပိတ်အဖွဲ့​​တွေ ၊စစ်​ဘေး​ရှောင်ကူညီ​ပေး​နေတဲ့လူမှု​ရေးအသင်းအဖွဲ့​တွေ ၊​ဒေသခံ​တွေက ​အ​ရေး​ပေါ်ကယ်ဆယ်​ရေးကို ဝိုင်းဝန်းလုပ်​​နေကြပါတယ်။စစ်တပ်က စစ်တပ်လက်​အောက်ခံပျူ​စောထီးရွာအချို့ကိုသာကူညီတာရှိပြီး ​ရေ​ဘေးသင့် ​ဒေသ​တွေကိုပါ ဗုံးကြဲတိုက်ခိုက်တာ​တွေလုပ်​နေပါတယ် ။
👍256👎4🖕3🥰1👏1🤬1💩1
စစ်ကိုင်းတိုင်းအတွင်းတိုက်ပွဲမှာ တပ်မ (၃၃)လက်​အောက်ခံ စစ်တပ်စစ်​ကြောင်းက​သေဆုံးစစ်သား​တွေဆီက သိမ်းဆည်းရရှိတဲ့ စစ်အသုံးအ​ဆောင်ပစ္စည်း​တွေ
👍34😁31👎1🔥1🥰1👏1🖕1
ရေကြည်နဲ့သာ​ပေါင်းမှာတိုက်ပွဲပြင်းထန် စစ်တပ်စစ်​ကြောင်း​တွေတပ်လန်ဆုတ်​ပြေး

■AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့
အ​လောင်း​တွေသိမ်းရ

သြဂုတ်-၁၃၊၂၀၂၆။​နေ့သစ်/People's Spring

ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ် နဲ့ သာပေါင်းမြို့နယ်တို့မှာ သြဂုတ် ၁၂ ရက်​နေ့မှာ ​နေရာငါး​နေရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်စစ်​ကြောင်း​တွေတပ်လန်ကျသွား လက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းဆည်းရရှိတယ်လို့ အာရက္ခတပ်​တော်ကထုတ်ပြန်ပါတယ် ။

​ဧရာဝတီတိုင်း​လေးမျက်နှာမြို့နယ်မှာ ဇူလိုငလကုန်ပိုင်းကစပြီး​ရေကြီး​နေတာဖြစ်ပါတယ်။ ရေကြီး​နေတဲ့ကြားက စစ်တပ်က AA တပ်​တွေရှိရာကို ထိုးစစ်ဆင်တာ​ကြောင့်တိုက်ပွဲ​တွေပြင်းထန်ခဲ့တာဖြစ်ပါတယ် ။

ဩဂုတ်(၁၂) ရက်နေ့မှာသာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁၀၁) တပ်ရင်း နဲ့ အာရက္ခတပ်တော်တို့ဟာသာပေါင်းကလေး
ရွာ အရှေ့ဘက် မီတာ (၁၀၀၀) ခန့်အကွာမှာသုံးနာရီခန့်ကြာတိုက်ပွဲဖြစ်ခဲ့ပါတယ်။နံနက် ၆ နာရီ ၅၃ မိနစ်မှာ နံနက် ၉ နာရီ ၅၃မိနစ်အ
ထိတိုက်ပွဲ ဖြစ်ခဲ့ရာစစ်တပ်ကလေကြောင်း၊
ဒရုန်း ၊လက်နက်ကြီးပစ်ကူတို့ကို အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်​
ပေမယ့်AA စစ်သည်တော်​တွေကအကောင်းဆုံး ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်စစ်​ကြောင်း ​သေဆုံးထိခိုက်သူများစွာနဲ့ တပ်လန် ထွက်ပြေး ဆုတ်ခွာသွားတယ်လို့ AA ကအသိ​ပေးပါတယ်။ AA တပ်ဖွဲ့ဝင်​တွေက လိုက်လံရှင်းလင်းခဲ့ရာအလောင်းအချို့နဲ့ လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိတယ်လို့​ဖော်ပြထားပါတယ် ။

အလားတူ ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာတဲ့တပ်မ(၆၆)လက်အောက်ခံ၊ ခလရ
(၁) ၊(၁၁)တပ်ရင်း​တွေနဲ့ AAစစ်ကြောင်းအချို့
ဟာပွိုင့် (၁၀၁) ကုန်းရဲ့ တောင်ဘက် ၃၇၃ မီတာအကွာမှာ နံနက် ၇ နာရီ မှ မွန်းလွဲ၂နာရီ ၃၉ မိနစ်အထိ ၇ နာရီ​ကျော်ကြာတိုက်ပွဲ ဖြစ်ခဲ့ပါတယ် ။ဒါ့အပြင်ပွိုင့် (၁၀၁)ကုန်းရဲ့ အ
နောက်တောင်ဘက် (၁.၁၃) ကီလိုမီတာခန့် အကွာမှာလည်း နံနက်၉ နာရီ ၂၄ မိနစ်မှ မွန်းလွဲ ၁ နာရီ (၄၀) မိနစ် အထိ ​လေးနာရီ​ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အလား
တူ မလှမ်းမကမ်းနေရာ ၂ ခုမှာလည်း စစ်တပ်က အာရက္ခတပ်​တော်တပ်ဖွဲ့ဝင်​တွေရှိရနေရာ​
တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲ​တွေဖြစ်ခဲ့ပါတယ်။

စစ်တပ်က ဂျက်တိုက်​လေယာဥ်၊ Y12 ၊ ဒရုန်းနဲ့လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး စစ်ကြောင်း​တွေဖြန့်ခွဲပြီး​တော့အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့​ပေမယ့်
အာရက္ခတပ်​တော်က အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့တာ​ကြောင့် စစ်သားအလောင်းနဲ့ လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းဓါတ်ပုံနဲ့တကွ​ဖော်ပြပါတယ် ။

စစ်တပ်ရဲ့ထိုးစစ်တိုင်းကို တည်ငြိမ်စွာခုခံစစ်ဆင်နွှဲရင်း စစ်​ကြောင်း​တွေတပ်လန်သွားတဲ့အထိ ရဲရင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ AA စစ်သည်တော်​တွေကိုအာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြု​ကြောင်းလည်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်က အာရက္ခပြည်အ
တွင်းကို ထိုးဖောက်ဝင်ရောက် နိုင်ဖို့အာရက္ခ
ဒေသနဲ့ထိစပ်​နေတဲ့ ဧရာဝတီတိုင်း၊ပဲခူးတိုင်း ၊မ​ကွေးတိုင်း၊ ချင်းပြည်နယ်တို့မှနယ်မြေထိစပ်နေတဲ့နေရာ​တွေက ထိုးစစ်ဆင်တိုက်ခိုက်တာ​တွေကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် လုပ်​နေတာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိလာခဲ့​ပေမယ့် ​ရှေ့မတိုးနိုင်ခဲ့တာဖြစ်ပါတယ် ။

​ကျောက်ဖြူမြို့နယ်ရှိ ​တောင်​မော်ဦး​ရေတပ်စခန်းကစစ်တပ်ရဲ့​နောက်ဆုံးကာကင်းစလန်းကို AA တပ်ဖွဲ့ဝင်​တွေက အခုရင်ပိုင်းတိုက်
ခိုက်​နေပြီး တိုက်ပွဲပြင်းထန်​နေကာစစ်တပ်အထိနာ​နေတယ်လို့ စစ်​ရေးရင်းမြစ်အချို့က လူထု​နွေဦးကို​ပြောပါတယ် ။
41👏12👍2🥰2👎1🤣1🖕1
ဩဂုတ် ၁၂ ရက်တိုက်ပွဲ​တွေမှာ စစ်တပ်ထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်း​တွေနဲ့အ​လောင်းအချို့ ။ဓါတ်ပုံ-AA Infodesk
46👏24👍4😁2🥰1🤣1🖕1
တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိ၊ ဝါဒဖြန့်မှုသာဖြစ်ဟု PDF ဇိုလဲန်း ပြော

ဩဂုတ် ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

စစ်တပ် ဝါဒဖြန့် ချန်နယ်တွေမှာ PDF ဇိုလဲန်း တပ်ဖွဲ့ဝင် ၇ဦး လက်နက်တွေနဲ့အတူ စစ်တပ်ထံ အလင်းဝင်လာတယ်လို့ ရေးသားဖော်ပြကြတဲ့အပေါ် ကိုဂိဒွန်က အခုလို ပြောပြတာပါ။

အခုလို အလင်းဝင်တယ်ဆိုတာ စစ်တပ်ရဲ့ ဝါဒဖြန့်မှု သပ်သပ်သာဖြစ်တယ်လို့လည်း ကိုဂိဒွန်က ပြောပါတယ်။

PDF ဇိုလဲန်းဟာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ဦးစီးချုပ် ကိုဂိဒွန်ဟာ လည်း လက်ရှိမှာ ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။

PDF ဇိုလဲန်းဟာ ၂၀၂၅ နှစ်ကုန်ပိုင်းက ချင်းမြောက်ပိုင်းထိုးစစ်ဆင်လာတဲ့ စစ်တပ်တွေ အထိနာအောင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ရက်ကလည်း တီးတိန်မြို့နဲ့ ကနေဒီတောင်ကြား ချီတက်လာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က သေဆုံးသူ ၆ဦးရှိခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ PDF ဇိုလဲန်းက အသိပေးပါတယ်။ သေဆုံးသူတွေထဲမှာ စစ်တပ် လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA အဖွဲ့ကဝင် ၃ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဇိုမီးတပ် ZRA ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး ချင်းမြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင် နေတဲ့အဖွဲ့ ဖြစ်ပါတယ်။
👍32💯64🤣3🥰2🤮1🖕1
33👍10🤣2🖕2😁1
■​ဆောင်းပါး

မြေရှား | Rare Earth Watch
"တကယ်ရှားသလား မြေရှား"

- မဲခေါင် ရေးသားသည်။

မြေရှား (Rare Earth Elements – REEs) ဆိုပေမယ့် တကယ်တော့ “အရမ်းရှားပါးတဲ့ သတ္တု” ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ကမ္ဘာ့မြေသားထဲမှာ တွေ့ရနိုင်ပေမယ့် စီးပွားဖြစ်ထုတ်ယူ နိုင်လောက်အောင် စုစည်းနေတဲ့ သတ္တုသိုက်တွေကသာ ရှားပြီး ခွဲထုတ်သန့်စင်ဖို့ ခက်ခဲတာက "မြေရှား"ရဲ့ အဓိကပြဿနာပါ။

ဘာကြောင့် “မြေရှား” လို့ခေါ်တာလဲ ?

မြေရှားသတ္တုတွေဟာ မြေသားထဲမှာ လုံးဝမရှိသလောက် ရှားတာကြောင့် နာမည်ပေးထားတာ မဟုတ်ပါဘူး။ အများအားဖြင့် သတ္တုတစ်မျိုးတည်းအဖြစ် စုစည်းနေတာမဟုတ်ဘဲ ကျောက်နဲ့ သတ္တုရိုင်းတွေထဲမှာ ပျံ့နှံ့ပြီး အခြားသတ္တုတွေနဲ့ ရောနှောနေတာ ဖြစ်ပါတယ်။

ဒါကြောင့် သတ္တုရိုင်းကနေ တန်ဖိုးရှိတဲ့ မြေရှားဒြပ်စင်တွေကို ခွဲထုတ်ဖို့ အဆင့်များစွာ လိုအပ်ပါတယ်။ အချို့နေရာတွေမှာ ဓာတုပစ္စည်းတွေ အသုံးပြုပြီး စစ်ထုတ်ယူရတဲ့အတွက် သတ္တုရိုင်းရှိတာထက် ထုတ်ယူနိုင်ဖို့က ပိုအရေးကြီးပြီး ခက်ခက်ခဲခဲမို့ မြေရှားလို့ခေါ်ခြင်းဖြစ်ပါတယ်။

မြေရှားဆိုတာ သတ္တုတစ်မျိုးတည်းလား ?

မဟုတ်ပါဘူး။ မြေရှားဒြပ်စင် (Rare Earth Elements) ဆိုတာ ဓာတုဒြပ်စင် ၁၇ မျိုး ပါဝင်တဲ့ အုပ်စုတစ်ခုပါ။

အဲဒီထဲက - လန်သနိုက်ဒ်(Lanthanides)၁၅ မျိုးဖြစ်တဲ့ လန်သနမ် (Lanthanum)၊ စီရီယမ် (Cerium)၊ ပရိုစီယိုဒီမီယမ် (Praseodymium)၊ နီအိုဒီမီယမ် (Neodymium)၊ ပရိုမီသီယမ် (Promethium)၊ ဆာမေရီယမ် (Samarium)၊ ယူရိုပီယမ် (Europium)၊ ဂါဒိုလီနီယမ် (Gadolinium)၊ တာဘီယမ် (Terbium)၊ ဒိုင်စပရိုစီယမ် (Dysprosium)၊ ဟိုလ်မီယမ် (Holmium)၊ အာဘီယမ် (Erbium)၊ တူလီယမ် (Thulium)၊ ယက်တာဘီယမ် (Ytterbium)၊ လူတီတီယမ် (Lutetium)

အပြင် စကန်ဒီယမ် (Scandium) နဲ့ ယက်ထရီယမ် (Yttrium) တို့ပါဝင်ပါတယ်။

ဘယ်ဟာက တန်ဖိုးအကြီးဆုံးလဲ ?

“တန်ဖိုးအကြီးဆုံး” ဆိုတာ ဈေးနှုန်း၊ ထုတ်လုပ်နိုင်မှုပမာဏနဲ့ အသုံးဝင်မှု အပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ဒါပေမယ့် နည်းပညာနဲ့ စက်မှုလုပ်ငန်းအတွက် အရေးကြီးတဲ့ မြေရှားတွေထဲမှာ ဒိုင်စပရိုစီယမ် (Dysprosium)၊ တာဘီယမ် (Terbium) နဲ့ နီအိုဒီမီယမ် (Neodymium) တို့ဟာ အထူးအရေးပါပါတယ်။

ဒိုင်စပရိုစီယမ် (Dysprosium)၊ တာဘီယမ် (Terbium) နှင့် နီအိုဒီမီယမ် (Neodymium) တို့သည် အားကောင်းသော အမြဲတမ်းသံလိုက် (Permanent Magnet) များ ထုတ်လုပ်ရာတွင် အဓိကအသုံးပြုပြီး၊ လျှပ်စစ်ကား (EV) မော်တာများ၊ လေအားလျှပ်စစ်တာဘိုင်များ၊ စက်ရုပ်များ၊ အီလက်ထရွန်နစ်ပစ္စည်းများ အပြင် ဒုံးကျည်လမ်းညွှန်စနစ်များ၊ ရေဒါစနစ်များ၊ စစ်လေယာဉ်များ၊ ဒရုန်းများ ထုတ်လုပ်ရန်နှင့် အခြားအဆင့်မြင့် စစ်ဘက်သုံးနည်းပညာများတွင်လည်း မရှိမဖြစ် အသုံးပြုကြပါတယ်။

ကမ္ဘာ့ဘယ်နေရာတွေမှာ တွေ့ရလဲ ?

မြေရှားသတ္တုတွေကို ကမ္ဘာအနှံ့ တွေ့ရနိုင်ပါတယ်။ အဓိက သိုက်တွေကတော့—

တရုတ် (မွန်ဂိုးလီးယား)၊ မြန်မာ၊ ဘရာဇီး၊ အိန္ဒိယ၊ ဩစတြေးလျ၊ အမေရိကန် နဲ့ ရုရှားတို့မှာ ရှိပါတယ်။

အမေရိကန် (ကယ်လီဖိုးနီးယားနှင့် နီဗားဒါး)၊ ဂရင်းလန်၊ တန်ဇန်းနီးယားနှင့် ကနေဒါနိုင်ငံတို့မှာလည်း အလားအလာရှိတဲ့ မြေရှားသတ္တု သိုက်များကို ဆက်လက်ရှာဖွေ တူးဖော်နေကြပါတယ်။

ဒါပေမယ့် မြေရှားကိစ္စမှာ သတ္တုသိုက်ရှိတာနဲ့ ကမ္ဘာ့ဈေးကွက်ကို ထိန်းချုပ်နိုင်တာ မတူပါဘူး။ သတ္တုတူးဖော်ခြင်းအပြင် သန့်စင်ခြင်း၊ ခွဲထုတ်ခြင်းနည်းပညာနဲ့ သံလိုက်စတဲ့ အဆင့်မြင့်ထုတ်ကုန်တွေ ပြုလုပ်နိုင်တဲ့ သန့်စင်ခွဲထုတ်နိုင်စွမ်း ကလည်း အင်မတန် အရေးကြီးပါတယ်။

ဒါကြောင့် “မြေရှား” က ဘာကြောင့် အရေးကြီးလာတာလဲ ?

ဖုန်းတစ်လုံးကနေ လျှပ်စစ်ကားအထိ၊ လေစွမ်းအင်တာဘိုင်ကနေ စစ်ဘက်သုံးနည်းပညာအထိ ခေတ်မီနည်းပညာများစွာမှာ မြေရှားဒြပ်စင်တွေ ပါဝင်နေပါတယ်။ စွမ်းအင်ကူးပြောင်းမှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အဆင့်မြင့်စက်မှုထုတ်ကုန်များနဲ့ နိုင်ငံလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ်လာတာကြောင့် “မြေရှား” ဟာ ၂၁ ရာစုရဲ့ မဟာဗျူဟာမြောက် အရေးအပါဆုံး သယံဇာတတစ်ခု ဖြစ်လာတာပါ။

အတိုချုပ်ပြောရရင် --

မြေရှားဆိုတာ မြေကြီးထဲမှာ လုံးဝရှားပါးလို့ “ရှား” တာမဟုတ်ပါဘူး။ လိုအပ်တဲ့နေရာမှာ စုစည်းနေတာ"ရှား"ပြီး ထုတ်ယူ၊ ခွဲထုတ်၊ သန့်စင်ဖို့ ခက်ခဲလို့ “အရေးကြီးပြီး ရှားပါးတန်ဖိုးရှိလာတာ” ဖြစ်ပါတယ်။

ဒါကြောင့် မြေရှားဟာ မြေကြီးအောက်က သတ္တုတစ်စုထက်ပိုတဲ့ ခေတ်သစ်နည်းပညာ၊ စီးပွားရေးနဲ့ နိုင်ငံရေးအာဏာကို ချိတ်ဆက်ပေးနေတဲ့ ကမ္ဘာမြေရဲ့တန်ဘိုးကြီး အရင်း
အမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ ။

ကိုးကား - U.S. Geological Survey (USGS)
👍36🤣21
👍243👎3🤮2🤬1🤣1
■အ​တွေးအမြင်

"မျက်ရည်ထဲက မိုးရာသီ"

- အေးခိုင်ဦး ရေးသားသည်။

ငယ်ငယ်က မိုးတွေရွာရင် သိပ်ပျော်ခဲ့တာ။ မိုးသည်းသည်းထဲမှာသူငယ်ချင်းတွေနဲ့ မောင်
နှမတွေနဲ့အတူပြေးကစားရတာကို ကြိုက်တယ်။ မိုးရေတွေချိုးကြတယ်။ မိုးရေစက်တွေ ခေါင်းပေါ်ကို ကိုယ်ပေါ်ကို ကျလာတဲ့အရသာက သိပ်ကောင်းခဲ့တာ။ ‌‌

ခေါင်မိုးရေတံလျှောက်ကကျလာတဲ့ရေလုံးတွေကိုလည်းသိပ်လှတာပဲလို့ထင်ခဲ့တယ်။ ကျောင်းသွားချိန်မိုးရွာလို့ ထီးမလုံလောက်တဲ့အချိန်တောင် သိပ်စိတ်မညစ်ခဲ့ပါဘူး။ ထီးကိုင်းတချောင်းလောက် ကျိုးနေရင်တောင် ဆောင်းပြီး ထွက်သွားလိုက်တာပဲ။ ကျောင်းပြန်ချိန်မိုးရွာတွေထဲလည်း ပျော်စရာကောင်းခဲ့တာ။တချို့က မိုးကာ၊ တချို့က ခမောက်တွေနဲ့။ လေတိုက်လို့ တယောက်ရဲ့ခမောက် လွင့်သွားပြီဆို အားလုံးအတွက် ရယ်မောစရာ။ လွင့်သွားတဲ့ခမောက်နောက်ကို ပြေးလိုက်ကြ နဲ့။ အားလုံးကလည်း ရွှဲရွှဲစိုလို့။

မိုးတွေရွာတာ၊မိုးတွေစိုတာဒုက္ခမဟုတ်ခဲ့သေးဘူးလေ။ မိုးတွေသည်းလို့ ခြံထဲမှာ ရေစပ်စပ် တင်ကျန်ခဲ့လို့ မြက်ဖျားလေးတွေ ရေပေါ် ပေါ် နေတာလည်းကြည့်လို့လှခဲ့တာပဲ။မိုးခြိမ်း
သံတွေဟာလည်း ကြောက်စရာမဟုတ်ခဲ့ဘူး။ အိမ်ပြတင်းကနေ မိုးတွေထဲကို ကြည့်နေရရုံနဲ့လည်းသာယာခဲ့တတ်တာ။ဘယ်ရာသီကို အ
ကြိုက်ဆုံးလဲလို့ မေးခဲ့ရင်တောင် မိုးရာသီ လို့ ဖြေတတ်ခဲ့တာလေ။

ပိုငယ်တဲ့ကလေးလေးတွေအရွယ်ကတော့ မိုး ဟာ ပုံပြင်တပုဒ်။ မောင်နှမတွေကို အမေက ထမင်းခွံ့ကျွေးရင် ကလေးလေးတွေ ငြိမ်ငြိမ်လေးထိုင်ပြီးစားကြဖို့ အမေပြောတဲ့ ပုံပြင်လေးတပုဒ်ရှိပါတယ်။ ဘယ်တော့မှ မေ့မသွားမယ့်ပုံပြင်လေးပေါ့။

ရခိုင်ပြည်မှာ မုန်တိုင်းလာရင် ကလေးလေးတွေက အိမ်ထဲမှာငြိမ်ငြိမ် ကုပ်ကုပ်လေးနေပြီးအမေခွံ့ကျွေးတဲ့ ထမင်းကိုစားနေကြတယ်တဲ့။ ငါးသ‌လောက် ငါးဆားနယ်လေးနဲ့ အမေခွံ့ကျွေးတဲ့ထမင်းက သိပ်အရသာရှိတာပဲတဲ့။ ကလေးတွေက ကြိုက်လွန်းလို့ ဗိုက်ကလေးတွေကားအောင်စားပြီးတော့ မိုးသံတွေနား
ထောင်ပြီး အိပ်ကြတာတဲ့။ မိုးလင်းတော့ မုန်
တိုင်းလည်းစဲသွားပြီ။ မြို့ထဲကိုထွက်ကြည့်ကြတော့ လမ်းပေါ်မှာ လှေတွေ မော်တော်တွေ တင် လို့တဲ့လေ။ အဲလိုနေ့တွေဆို ငါးတွေကလည်း ပေါလိုက်တာတဲ့။ ငါးတွေအများကြီးဝယ်ပြီးပြန်လာကြတယ်။ အိမ်ရောက်တော့အမေက ငါးတွေကို ဆားနဲ့သိပ်တော့တာပဲတဲ့။ နောက်တခါမုန်တိုင်းလာရင် ကလေးတွေ စားကြဖို့တဲ့လေ။

တကယ်တော့ အမေရော မောင်နှမတွေ‌ရော ကရခိုင်ပြည်ဆိုတာကိုရောက်တောင်မရောက်ဖူးကြသေးတဲ့ အချိန်ပါ။ မုန်တိုင်းဆိုတာကိုလည်း မကြုံဖူးကြသေး။ မုန်တိုင်းနဲ့တွဲနေတဲ့ရခိုင်ပြည်ကိုလည်း ရောက်ဖူးချင်ခဲ့လိုက်ကြတာ။ မုန်တိုင်းဟာကြောက်စရာလို့ မတွေးနိုင်ခဲ့ကြသေးတဲ့အရွယ်ပေါ့။ အရသာရှိတဲ့ထ
မင်းလုတ်လေးတွေကို အမေခွံ့ကျွေးနိုင်ခဲ့သေးတဲ့ ကလေးဘဝ။ မုန်တိုင်းပေးတဲ့ဒုက္ခတွေကိုလည်း မခံစားဖူးကြသေးတဲ့အရွယ်ပဲပေါ့။

မိုးရဲ့ဒုက္ခတွေကို ကြီးလာတဲ့အခါ သိခဲ့ပါပြီ။ မိုးမလုံတဲ့အိမ်ပေါင်းများစွာကိုလည်း တွေ့ဖူး နေဖူးခဲ့ပြီ။ အိုးတွေ ခွက်တွေ စီနေအောင်မိုး
ရေခံထားကြရတဲ့ ရေရွှဲနေတဲ့အိမ်တွေ။ ရေပတ်လည်ဝိုင်းနေတဲ့ အိမ်သေးသေးလေးတွေ။ ဆောင်းစရာ အမိုးအကာမလုံလောက်လို့ ကျောင်းမသွားနိုင်တဲ့ ကလေးတွေ။ မိုးရေထဲမှာ ဓာတ်ကြိုးပြတ်ကျလို့ ဓာတ်လိုက်‌ သေ
ဆုံးရတဲ့ သတင်းတွေ။ မိုးတွေညိုလာရင်၊ မိုး
ခြိမ်းသံတွေကြားရင် ကြောက်တတ်လာခဲ့ပြီလေ။

မိုးရွာရင် ခြံထဲကိုရောက်လာတာဟာ ရေ စပ်
စပ်လေးလည်းမဟုတ်တော့ဘူး။ ဝင်လာတာက အလုံးအရင်းနဲ့ရေလုံးတွေ။ ခြံထဲတင်မက အိမ်တွေထဲပါရောက်လို့ ဆုံးရှုံးမှုတွေကြီးရတာ မိုးရက်တွေပါ။ ဒါပေမယ့် မြို့ကြီးရဲ့ရေဒုက္ခကတော့ ရက်ပိုင်းပေါ့။ ရက်တင်မက လ ချီတဲ့ ရေဘေးဒုက္ခတွေက နိုင်ငံအနှံ့မှာ။ အိမ်ထဲကိုရေဝင်ရုံ ပစ္စည်းတွေပျက်စီးရုံနဲ့တောင် စိတ်ညစ်ကြရတာ၊ တကယ့်ရေဘေးကို ကြုံ
တွေ့နေရတဲ့သူတွေအဖို့ ဘယ်လောက်များကြီးလိုက်တဲ့ ဒုက္ခဆိုတာတွေးကြည့်ရုံနဲ့ပဲ ကိုယ်ချင်းစာလို့ရပါတယ်။အိမ်တွေ ပစ္စည်းတွေဆိုတာ တွေးဖို့မပြောပါနဲ့ ကိုယ့်မိသားစုအသက်အတွက် လွတ်အောင်ရုန်းကြရတဲ့သူတွေပါ။

ဒီလောက်များတဲ့ဒုက္ခတွေကိုကယ်ဖို့ လှေတွေဆိုတာ ဘယ်မှာလောက်ငှမှာလဲလေ။ ရနိုင်သမျှနဲ့ မနိုင်မနင်း လှေနဲ့အပြည့် ကယ်ဆယ်ရေးတွေ။ ထမင်းထုပ်တွေ ရေသန့်ဗူးတွေ စားစရာ အခြောက်အခြမ်းတွေ နဲ့ လှေတွေ။ ကယ်ဆယ်ရေးလုပ်ရင်း ရေနဲ့မျောပါ သေဆုံးရတဲ့ လူငယ်လေးအကြောင်းတွေ။ ရေဖုံးနေတဲ့ ပျက်စီးသွားတဲ့ စပါးခင်း ဧကပေါင်းများစွာတွေ။ ဒီမြင်ကွင်းတွေဟာ ဘယ်တော့မှ မမေ့တော့မယ့် မြင်ကွင်းတွေ။

ကူညီကယ်ဆယ်ရေးတောင်လုပ်လို့မရပဲ ကူ
ညီမယ့်သူတွေကိုခြိမ်းခြောက်တာ၊ ရေဘေးသင့်တဲ့ နေရာတွေကို ဗုံးကြဲချတာ။ အမေချစ်တဲ့ ရခိုင်ကိုလည်း ဗုံးတွေကြဲတာ။ ဒီမိုးမတိုင်ခင်ရော ဒီမိုးမှာရောပေါ့။ အမေကတော့ မသိနိုင်တော့ပါဘူး။ စိတ်ဖြောင့်ဖြောင့်သာ သွားပါတော့နော်။ အဆိုးတွေကတော့ မပြီးနိုင်တော့ဘူးလေ။ နိုင်ငံအနှံစစ်‌ဘေးသင့်နေရတဲ့အချိန်မှာ ရေဘေးက သင့်ရတယ်။ ရေဘေးသင့်ရင်းနဲ့ပဲ စစ်ဘေးက ထပ် သင့်ရတယ်။ ဒီလိုမိုးရာသီမျိုးတခြားမှာ ရှိနိုင်ပါဦးတော့မလား။
🔥147👍4😭3
အခု နောက်တမျိုး ဒီမိုးမှာပဲ ပြင်းထန် ဝမ်း
ပျက် ဝမ်းလျှောကနေ ဝမ်းရောဂါပါ ဖြစ်ပြီတဲ့။ မြို့မှာရေတွေကြီးပြီးတော့ မသန့်မရှင်းတွေဖြစ်ကြလို့ပဲ ထင်ပါရဲ့။ ဆေးရုံ ဆေးခန်းတွေမှာ လူအပြည့်သတင်းတွေ၊ ဆောင်ရန် ရှောင်ရန်ပညာပေးတွေ။ ဒီစိုးရိမ်ရတဲ့ရောဂါကိုရောထိန်းနိုင်ကြပါ့မလား။ထိန်းနိုင်ဖို့ အသိ
ပညာ နဲ့ ရှောင်စရာတွေကိုရှောင်နိုင်ကြဖို့ ပြည့်
စုံမှုတွေကရော ရှိကြပါ့မလား။တယောက်တလက် လက်ဆင့်ကမ်းလို့ ကြိုးစားထိန်းကြရအောင်နော်။

ရာသီဥတုပြောင်းလဲ‌မှုမှာ သဘာဝဘေးဒုက္ခတွေက ရေကြီးလိုက်၊ ရေခမ်းလိုက်၊ မြေတွေပြိုလိုက် အမျိုးစုံကြုံနေကြရဦးမှာ။သဘာဝဘေးထဲမှာလူကြောင့်ဖြစ်တဲ့စစ်ဘေးတွေကလည်း ပေါင်းစပ်နေဦးမှာ။မိုးရေတွေထဲမှာ မျက်ရည်တွေကလည်းအတူရောနေကြရလိမ့်ဦးမှာ။

မိုးဟာ အခု ကလေးတွေအတွက် ပျော်စရာမှ ဖြစ်ခဲ့ဖူးပါရဲ့လား။ ဘေးဒုက္ခပေါင်းစုံကနေ လွတ်ကင်းတဲ့ ကလေးဘဝတွေကို မရနိုင်ကြတော့ဘူးတဲ့လား။ မိုးရေထဲမှာ ပြေးကစားပြီး ပျော်နေကြတဲ့ ကလေး လေးတွေကို မြင်ရတဲ့အချိန် ရောက်စေချင်ပါပြီ။ ။
😢19🤣42🔥2👍1
😢17🖕7🔥2🤣1
စဉ့်ကူးနယ်က ရေဘေးသင့်ရွာတွေကို စစ်တပ် ဗုံးကြဲနေ၊ အမျိုးသမီ ၁ဦး ထိမှန်သေဆုံး

ဩဂုတ်-၁၄၊၂၀၂၆၊ကတ်သရင်း/ People's Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာရဲစခန်းကနေ စစ်တပ်က ဒရုန်းနဲ့ ရေဘေးသင့်ကျေးရွာတွေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆင်သေရွာက အမျိုးသမီး ၁ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၁ရက်ကစတင်ကာ စစ်တပ်က စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ရေဘေးသင့်ရွာတွေကို ဆက်တိုက် ဒရုန်းနဲ့ဗုံးကြဲတာ၊‌ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၄ ရက် ဒီကနေ့မနက် ၈နာရီ‌ကျော်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဆင်သေရွာက (၆၀) အရွယ် ဒေါ်ဝင်းမော် ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့ကလည်း ဆင်သေရွာကို စစ်တပ်က ၃ကြိမ်ထပ်မနည်း ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

"ဆက်တိုက်ကို ကြဲနေတာ။မနေ့က ဆင်သေ ရွာ ဘေးက ရွှေဘယက်ကိုလည်းကြဲတယ်။လေးလုံးချတာ။နွားတွေ ထိတယ်။လူ တွေဘေးတင်ချတာ။ကံ‌‌ကောင်းလို့လူ တွေလွတ်တာ။လက်နက်ကြီးကလည်းတအုန်းအုန်းပဲ"လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စဉ့်ကူးမြို့နယ်၊ထုံးကြီးရွာနဲ့ ရွှေဂုံတိုင်ရွာတို့ကနေ ဒရုန်းနဲ့ ဗုံးကြဲနေသလို မတ္တရာမြို့နယ်ကနေ လည်း လက်နက်ကြီးတွေဆက်တိုက်ပစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ဧရာဝတီမြစ်ရေတက်တာကြောင့် ကျေးရွာ၂၀ထက်မနည်း ရေနစ်မြှုပ်နေတာလို့ သိရပါတယ်။

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တ​လေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်း၊ သဖန်း‌ဒေါင့်ရွာကနေ အနောက်ဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ သြဂုတ် ၁၃ ရက် တစ်ရက်လုံး နီးပါးပစ်ခတ်နေပါတယ် ။ အဲဒီထဲကလက်နက်ကြီး ၄လုံးဟာ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာကိုကျရောက်ပြီးအသက် (၈၄)နှစ်အရွယ် ဦးစိန်မြိုင်ရဲ့‌ ခြေ
ထောက်မှာ ကျည်စထိမှန်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။

ဩဂုတ် ၁၁ရက်ကလည်း ရေဘေးသင့်နေတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်တပ်ကဗုံးကြဲတာ​ကြောင့်အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ပြီး အိမ်​မွေးတိရိစ္ဆာန်အကောင်၂၀ ကျော် သေဆုံးခဲ့ပါတယ်။
🤬26👎4👏43🤮2🤣1
(စစ်ကိုင်းတိုင်းအတွင်း ရေကြီးနေတဲ့ နေရာအချို့ကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ – YE-U Freedom Comrades – YFC)
😭23😢7👏3👎21🤬1🙏1🤣1
ဂွမြို့နယ်ကို ညအချိန် စစ်တပ် ဗုံးထပ်ကြဲလို့ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၈ဦး သေဆုံး

▪️ရှုံးမဲမဲနေတဲ့ စစ်တပ်က နေ့ညမရွေး လေကြောင်းတိုက်ခိုက်နေလို့ လေကြောင်းရန် အချိန်ပြည့်ဂရုစိုက်ကြဖို့ AA ထပ်မံ တိုက်တွန်း

ဩဂုတ် ၁၄၊ ၂၀၂၆။ ထားမြတ်၊ခိုင်မြတ်/People’s Spring

ရက္ခိုင်ပြည်နယ်၊ ဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၁၃ရက် ညပိုင်းမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး အပါအဝင် ပြည်သူ ၈ဦးသေဆုံးခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

မနေ့ည ၁၁နာရီခွဲ အချိန်မှာ ဂွမြို့နယ် ကျိန္တလီမြို့ပေါ် ရပ်ကွက်တွေကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့သလို ည ၁၁နာရီခန့်မှာလည်း ဂွမြို့နယ်ကိုင်းခုံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

ကိုင်းခုံရွာတိုက်ခိုက်ခံရမှုအတွင်း အရပ်သားသေဆုံးမှုမရှိပေမယ့် ကျိန္တလီမြို့ပေါ် တိုက်ခိုက်ခံရမှုမှာ အသက် ၇နှစ်နဲ့ ၁၂နှစ် ကလေးနှစ်ဦး အမျိုးသမီး ၄ဦး အပါအဝင် ဒေသခံ ပြည်သူ ၈ဦး အစုလိုက်၊ အပြုံလိုက် သေဆုံးခဲ့ရတာလို့ AAက အသိပေးထားပါတယ်။

ဒါ့အပြင် နေအိမ် ၅လုံး နဲ့ သုံးဘီးဆိုင်ကယ် ၁စီး ပျက်စီးခဲ့သလို အခြားသော အရပ်သား ပြည်သူသေဆုံးထိခိုက်မှု ပျက်စီးမှုများ ရှိ၊မရှိ စုံစမ်းနေကြောင်း ဖော်ပြပါတယ်။

“တခါတည်းနဲ့ သေသွားတဲ့သူ ရှစ်ယောက်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိနေတယ်။ အရေအတွက်တွေတော့ မသိရ သေးဘူး။ ဂွမြို့နယ်ကို ပတ်ကြဲသွားတာ မနေ့ညက တညလုံး အိပ်ဖို့တောင် မရဘူး” လို့ ဂွမြို့နယ်မှ လူမှုကူညီရေး လုပ်နေသူ ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မနေ့ညက ဗုံးကြဲခဲ့တဲ့ ကိုင်းခုံကျေးရွာကို ဩဂုတ် ၁၂ရက် ညပိုင်းကလည်း လေကြောင်း တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီတုန်းက လည်းအရပ်သားထိခိုက်မှု မရှိခဲ့ပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ မြို့ရွာတွေကို လေကြောင်း ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတာဟာ ရှုံးမဲမဲနေတာဖြစ်တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ AAနဲ့ မြေပြင်တိုက်ပွဲတိုင်းမှာ အထိနာနေတာလို့ ဖော်ပြပါတယ်။

အဲဒီလို အထိနာရှုံးမဲမဲနေတဲ့ စစ်တပ်ဟာ အပြစ်မဲ့ အရပ်သား ပြည်သူတွေအပေါ် နေ့ည အချိန်မရွေး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အာရက္ခဒေသ တစ်ခုလုံး လေကြောင်းရန် အချိန်ပြည့် အထူးဂရုစိုက်ကြရန်လည်း AAက ထပ်မံ တိုက်တွန်းပါတယ်။

စစ်တပ်ဟာ AA သိမ်းပိုက်ထားတဲ့မြို့နယ်တွေ ပြန်လည်ရရှိရေးနည်းမျိုးစုံနဲ့ ကြိုးပမ်းလျက်ရှိရာ မကွေး၊ ပဲခူး၊ ဧရာ၀တီ စတဲ့ ရက္ခိုင်ပြည်နယ်နဲ့ အစပ်ဒေသတွေကနေ ထိုးစစ်ဆင်လျက်ရှိရာ AAနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ လတ်တလောမှာ ရက္ခိုင်-ဧရာ၀တီအစပ် ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ဩဂုတ် ၁၂ရက်က ဧရာ၀တီတိုင်း ရေကြည်နဲ့ သာပေါင်းမြို့နယ်ထဲက နေရာ ၅ခုမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ စစ်တပ် တပ်လန်သွားကြောင်းနဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိထားကြောင်း AAက အသိပေးထားပါတယ်။

စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားရာနေရာတွေသာမက တိုက်ပွဲမရှိတဲ့ သံတွဲ၊ အမ်း၊ ဂွမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ ဩဂုတ် ၁၀ရက် က သံတွဲမြို့နယ် ကျောက်ကြီးရွာ ကို စစ်တပ်လေကြောင်းဗုံးကြဲခဲ့လို့ အရပ်သား ၁၆ဦးသေဆုံးကာ ၁၈ဦး ဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ပလက်၀မြို့နယ် ဆမီးမြို့ကိုလည်း စစ်တပ်က ဩဂုတ် ၁၂ရက်မှာ လေကြောင်းဗုံးကြဲခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ပါတယ်။

စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အခုလို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ဆက် တိုက်ဖြစ်ပေါ်နေရခြင်းဟာ အထူးစိုးရိမ်ဖွယ်ရာဖြစ်ပြီး အရပ်သားတွေနေထိုင်ရာနေရာတွေကို တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း AAရဲ့ လူသား ချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးရုံး(HDCO) က ထုတ်ပြန်ထားပါတယ်။

ရခိုင်ဒေသတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆက်လက်မြင့်တက်နေတဲ့ အရပ်သားသေဆုံးမှုတွေအပေါ် နိုင် ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီးအာရုံစိုက်ဖို့၊ အရပ်သားတွေကို ကာကွယ်ဖို့အတွက် ကြိုးပမ်းမှုတွေ ပိုမို အားကောင်းစေဖို့နဲ့ နိုင်ငံတတာလူသားချင်းစာနာထောက်ထားမှုဥပဒေချိုးဖောက်မှုတွေအတွက် အမှန်တကယ် တာဝန်ခံမှုရရှိစေရေး လုပ်ဆောင်ကြဖို့လည်း HDCO က တိုက်တွန်းထားပါတယ်။

စစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေဆဲဖြစ်ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေအိမ်အဆောက် အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေတာပါ။
🤬19👎32🔥2👏1😢1🤣1