ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်းIIMM ရဲ့စွပ်စွဲချက်အပေါ် AA ပယ်ချ
ဩဂုတ်-၁၃၊၂၀၂၆။ခိုင်မြတ်/People's Spring
အာရက္ခတပ်တော်(AA)က ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းတွေ့ရှိခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) ရဲ့ ထုတ်ပြန်ချက်ဟာ လုံး၀ အခြေအမြစ်မရှိတဲ့ တဖက်သတ်စွပ်စွဲချက်ဖြစ်တယ်လို့AA က တုံ့ပြန်ပါတယ်။
IIMM က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ AA ဟာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအမျိုးသမီးတွေကို မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာနဲ့ Gender အခြေပြုအကြမ်းဖက်မှုတွေ ကျူး
လွန်ခဲ့သလို ဗလီတွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဖော် ပြထားတာပါ။အဲဒီအစီရင်ခံစာပါ ဖော်ပြချက်နဲ့ ပက်သက်လို့ AA ပြောရေး
ဆိုခွင့်ရှိသူ ဦးခိုင်သုခက “ဒါဟာလုံး၀ အခြေ
အမြစ်မရှိ တဲ့ တဖက်သတ်စွပ်စွဲချက်ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက် ပယ်ချပါတယ်” လို့ လူထုနွေဦးကို ပြောပါ တယ်။
AAဟာဗလီတွေကိုဖျက်ဆီးပြီး အဲဒီနေရာတွေကိုရိုဟင်ဂျာမဟုတ်သူတွေပြန်လည်နေရာချထားရေးအတွက်အသုံးပြုနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နဲ့ မောင်
တောဒေသတွေမှာ AA ရဲ့ထိုးစစ်တွေနဲ့ ဆက်
စပ်ကာ အဲဒီလိုဆောင်ရွက်မှုတွေဟာ သိသိသာသာ ပိုမိုများပြားလာခဲ့ကြောင်း IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင်၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးခေါင်းစဥ်နဲ့ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကို ပြန်လည်အမှတ်ရစေတဲ့ ပုံစံနဲ့ AA ဟာ ရိုဟင်ဂျာတွေ နေထိုင်ရာ ဒေသတခုလုံးမှ ၎င်းတို့ကို ရှင်းလင်းဖယ်ရှားခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြား
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နောက်တဖန် ထွက်
ပြေးဝင်ရောက်လာခဲ့ကြောင်း ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း ကျူးလွန်သူတွေဟာ ရိုဟင်ဂျာတွေကို အုပ်စုတခုလုံးအဖြစ် ပစ်မှတ်ထားရာမှာ မြန်မာစစ်တပ်က အသုံး
ပြုခဲ့တဲ့ ဘာသာရေးအရ စော်ကားနှိမ့်ချတဲ့ အသုံးအနှုန်းတွေသို့မဟုတ်အလားတူစကား
လုံးတွေ ကို မကြာခဏ အသုံးပြုခဲ့ကြကာ "ဘင်္ဂါလီ" သို့မဟုတ် “ကုလား” ကဲ့သို့သော အသုံးအနှုန်းတွေ ပါဝင်တယ်လို့ IIMM က အစီရင်ခံမှာဖော်ပြပါတယ်။
အလားတူပဲ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပက်သက်လို့ ကျောက်တော်မြို့နယ်မှာ အကျဉ်းချုံးတရား
စီရင်ကာ ကွပ်မျက်မှုတွေ၊ အသက် ၁၅ နှစ်အောက် ကလေးတွေကို အတင်းအကြပ် တပ်
သားအဖြစ် စုဆောင်းအသုံးပြုမှုတွေနဲ့ ပတ်
သက်တဲ့ အထောက်အထားတွေကိုလည်း IIMM က စုဆောင်း၊ စိစစ်သုံးသပ်ခဲ့တယ် လို့ ဆိုပါတယ်။
IIMM ရဲ့ အဲဒီတွေ့ရှိချက်တွေဟာ မြေပြင်ကပကတိအခြေအနေကိုစနစ်တကျအသေအ
ချာ လေ့လာစုံစမ်းမှုမရှိဘဲအွန်လိုင်းပေါ်က ကြားသမျှ ပဋိပက္ခအခြေပြုငွေကြေးရှာအတ္တဝါဒီ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ကြံဝါဒဖြန့်အ ချက်အလက်များအပေါ်အခြေခံပြီး တဖက်သတ်စွပ်စွဲတိုက်ခိုက်နေမှုတွေဖြစ်ကာဒေသတွင်းစည်းလုံးညီညွတ်မှုကို ပျက်
ပြားစေတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
“အာရကန်ဒေသနေလူ့အဖွဲ့အစည်းတခုလုံးရဲ့ တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုကိုပျက်ပြားအောင် ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်ကြတာဖြစ်တယ်လို့ ကျွန်တော်တို့ မှတ်ယူပါတယ်” လို့ ၎င်းကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူဦးရေအများဆုံးရှိတဲ့ မောင်တော၊ ဘူးသီးတောင်အပါအဝင် မြို့နယ် ၁၄ ခုကို AA ကသိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားတွေလည်
ပတ်အုပ်ချုပ်နေတာဖြစ်ပါတယ်။ AA အုပ်
ချုပ်မှုအောက် မှာ ရိုဟင်ဂျာတွေ အရင်ကထက် လွတ်လပ်စွာ ခရီးသွားလာခွင့်ရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောဆိုနေကြ သလို လူ့အခွင့်အရေးချိုးဖောက်မှုအချို့ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုအချို့လည်း ရှိနေတာပါ။
IIMM ရဲ့အစီရင်ခံစာထဲမှာအာဏာသိမ်းစစ်
တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ရာဇ
ဝတ်မှုကျူးလွန်တာတွေကိုလည်း စုံစမ်းဖော်
ထုတ်ထားပြီး စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာအပါအဝင် ပြည်သူတွေကို ပစ်မှတ်ထား တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ကျူး
လွန်နေကြောင်းဆိုထားပါတယ်။ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ IIMM ဟာ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဇွန် လထိ တနှစ်တာကာလအ
တွင်း ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာကို အခုရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

👍30❤12🤣3💩1🥴1
စစ်ကိုင်းတိုင်းမှာပြည်သူသိန်းချီရေဘေး
သင့်ချိန် စစ်ကိုင်းမြို့အခြေစိုက်တပ်မ(၃၃)
ရေဘေးမကူဘဲ ရခိုင်ကိုတန်ပြန်ထိုးစစ်ဆင်မယ်ဆိုပြီးတပ်တွင်း သင်တန်းပေးနေ
ဩဂုတ်-၁၃၊၂၀၂၆။မေ/People's Spring
စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုး
စစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေ
တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေကပြောပါတယ်။
စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်မ(၃၃ ) အောက်မှာ ခလရ(၄)၊ခလရ(၁၁)၊ခလရ(၄၂)၊ခလရ(၇)၊ခမရ(၁၁)၊
ခမရ(၁၂)၊ခမရ(၁၃)၊ခမရ(၁၁၆)ခမရ(၁၁၉)၊
ခမရ(၁၁၁) စတဲ့တပ်ရင်း(၁၀)ရင်းရှိပါတယ်။ အဲဒီတပ်တွေအားလုံးပြီးခဲ့တဲ့ဇူလိုင်လမှာ စစ်ကိုင်း၊ကချင်နယ်စပ်ရှေ့တန်းတိုက်ပွဲ တွေက နေ နောက်တန်းတပ်ရင်းကိုပြန်လာခဲ့ကြပါတယ်။အဲဒီတပ်ရင်းတွေဟာ စစ်ကိုင်းတိုင်းကမြို့နယ်တွေနဲ့ မန္တလေးတိုင်းကပုသိမ်ကြီးမြို့
နယ်တို့မှာ အ ခြေစိုက်ထားတာပါ။အဆိုပါစစ်ကြောင်းတွေဟာ စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်တိုက်ပွဲတွေမှာ သေဆုံးဒဏ်ရာရသူတွေများခဲ့သလိုပြန်ဆုတ်စဥ်မှာ ရပ်ရွာတွေထဲကရေတွေကို အဆိပ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ် ။
အဆိုပါတပ်ရင်းတွေအခြေစိုက်ထားတဲ့ မန္တ
လေးတိုင်းကပုသိမ်ကြီးမြို့နယ် အရှေ့ခြမ်းအပါအဝင် စစ်ကိုင်းတိုင်းကမြို့နယ်အများ
စုမှာ ရေ ဘေးသင့်ကာပြည်သူ ၂၅ ဦးခန့် သေဆုံးခဲ့တာပါ။ ဒါပေမယ့် တပ်မ(၃၃)ရဲ့ လက်အောက်ခံတပ်ရင်း တွေဟာရေဘေး ကူညီကယ်ဆယ်ရေးမလုပ်ဘဲ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ပညာမွမ်းမံ သင်
တန်း ဆိုပြီး သင်တန်း တွေပေး နေတာလို့ စစ်တပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။
"အစကသင်တန်းပေးဖို့အစီစဉ်မရှိဘူးထင်တယ်။ရေဘေးတွေဖြစ်တော့မှရုတ်တရက်ကြီး သင်တန်းတွေတက်နေရတာ။အရာရှိတွေပါ မွမ်းမံသင်တန်းတက်နေရတယ်"လို့ စစ်
တပ်မိသားစုဝင်တဦးကပြောပါတယ်။
အာရက္ခတပ်တော်က ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ကျောက်ဖြူ ၊စစ်တွေ ၊မာန်အောင် မြို့နယ်တို့မှအပ ကျန် ၁၄ မြို့နယ်စလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါအပြင် အခုအခါ AA က သိမ်းဖို့ကျန်နေတဲ့ စစ်တွေ နဲ့ ကျောက်ဖြူက စစ်တပ်စခန်းတွေ၊တပ်ရင်းတွေ ၊ဌာနချုပ်တွေကိုပါ သိမ်းပိုက်ဖို့
ထိုးစစ်ဆင်နေပါတယ် ။ စစ်တပ်ကရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ဒေသချင်းဆက်စပ်နေတဲ့ မကွေး ၊ပဲခူး ၊ဧရာဝတီ ၊ချင်းပြည်နယ်တွေကနေ တန်ပြန်ထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုး
စားခဲ့ပေမယ့် စစ်တပ်စစ်ကြောင်းတွေပျက်ပြီး ရှေ့မတိုးနိုင်ဘဲတပ်လန်ကျနေတာဖြစ်ပါတယ် ။ ကျောက်ဖြူနဲ့စစ်တွေမှာလည်း တန်
ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့စစ်တပ်စစ်ကြောင်းတွေ အထိနာပြီးရှေ့မတိုးနိုင်ပါဘူး။
ဒါပေမယ့် စစ်တပ်က ရခိုင်ပြည်နယ် နဲ့ ဆက်စပ်ဒေသ တပ်အပြောင်းအလဲလုပ်လို့ပြန်ရောက်တဲ့စစ်ကြောင်းတွေကို အောင်ပွဲရစစ်သားတွေကို ကြိုဆိုတယ်ဆိုပြီး မကြာ
ခဏဝါဒဖြန့်နေပါတယ် ။
စစ်ကိုင်းတိုင်းမှာရေဘေးကူညီရေးမလုပ်တဲ့ စစ်အုပ်စုဟာ ကူညီရေး သွားတဲ့ မန္တလေး မြို့ကပြည်သူတွေကိုစစ်ကိုင်းတံတားကနေ ပြန်လွှတ်ခဲ့သလိုအဖွဲ့အစည်းတွေကိုလည်းရုံချုပ်
အထိစစ်ဆေးတာတွေပြုလုပ် နေတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကိုင်းတိုင်းမှာရေဘေးသင့်ပြည်သူနှစ်သိန်းကျော်ရှိပြီး ရေဘေးကြောင့် ကယ်ဆယ်ရေးလုပ်နေတဲ့ တော်လှန်ရေးရဲဘော်အချို့အပါ
အဝင် ၂၀ ကျော်သေဆုံးခဲ့ပါတယ် ။
စစ်ကိုင်းတိုင်းကရေဘေးသင့်မြို့နယ် ၁၇ မြို့
နယ်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့ကအရေးပေါ်တုန့်ပြန်ဆောင်ရွက် ရေးပူး ပေါင်း ကော်မတီကိုဖွဲ့စည်းကာ ကယ်ဆယ် ရေးလုပ်ငန်း တွေဆက်တိုက်ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ NUG လက်အောက်ခံ ပသုံးလုံးနဲ့ PDF တွေ ၊သပိတ်အဖွဲ့တွေ ၊စစ်ဘေးရှောင်ကူညီပေးနေတဲ့လူမှုရေးအသင်းအဖွဲ့တွေ ၊ဒေသခံတွေက အရေးပေါ်ကယ်ဆယ်ရေးကို ဝိုင်းဝန်းလုပ်နေကြပါတယ်။စစ်တပ်က စစ်တပ်လက်အောက်ခံပျူစောထီးရွာအချို့ကိုသာကူညီတာရှိပြီး ရေဘေးသင့် ဒေသတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပါတယ် ။

👍25❤6👎4🖕3🥰1👏1🤬1💩1
ရေကြည်နဲ့သာပေါင်းမှာတိုက်ပွဲပြင်းထန် စစ်တပ်စစ်ကြောင်းတွေတပ်လန်ဆုတ်ပြေး
■AA တပ်ဖွဲ့ဝင်တွေကလက်နက်ခဲယမ်းနဲ့
အလောင်းတွေသိမ်းရ
သြဂုတ်-၁၃၊၂၀၂၆။နေ့သစ်/People's Spring
ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ် နဲ့ သာပေါင်းမြို့နယ်တို့မှာ သြဂုတ် ၁၂ ရက်နေ့မှာ နေရာငါးနေရာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်စစ်ကြောင်းတွေတပ်လန်ကျသွား လက်နက်ခဲယမ်းနဲ့အလောင်းတွေသိမ်းဆည်းရရှိတယ်လို့ အာရက္ခတပ်တော်ကထုတ်ပြန်ပါတယ် ။
ဧရာဝတီတိုင်းလေးမျက်နှာမြို့နယ်မှာ ဇူလိုငလကုန်ပိုင်းကစပြီးရေကြီးနေတာဖြစ်ပါတယ်။ ရေကြီးနေတဲ့ကြားက စစ်တပ်က AA တပ်တွေရှိရာကို ထိုးစစ်ဆင်တာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ် ။
ဩဂုတ်(၁၂) ရက်နေ့မှာသာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာတဲ့စစ်တပ်ရဲ့ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁၀၁) တပ်ရင်း နဲ့ အာရက္ခတပ်တော်တို့ဟာသာပေါင်းကလေး
ရွာ အရှေ့ဘက် မီတာ (၁၀၀၀) ခန့်အကွာမှာသုံးနာရီခန့်ကြာတိုက်ပွဲဖြစ်ခဲ့ပါတယ်။နံနက် ၆ နာရီ ၅၃ မိနစ်မှာ နံနက် ၉ နာရီ ၅၃မိနစ်အ
ထိတိုက်ပွဲ ဖြစ်ခဲ့ရာစစ်တပ်ကလေကြောင်း၊
ဒရုန်း ၊လက်နက်ကြီးပစ်ကူတို့ကို အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်
ပေမယ့်AA စစ်သည်တော်တွေကအကောင်းဆုံး ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်စစ်ကြောင်း သေဆုံးထိခိုက်သူများစွာနဲ့ တပ်လန် ထွက်ပြေး ဆုတ်ခွာသွားတယ်လို့ AA ကအသိပေးပါတယ်။ AA တပ်ဖွဲ့ဝင်တွေက လိုက်လံရှင်းလင်းခဲ့ရာအလောင်းအချို့နဲ့ လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိတယ်လို့ဖော်ပြထားပါတယ် ။
အလားတူ ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာတဲ့တပ်မ(၆၆)လက်အောက်ခံ၊ ခလရ
(၁) ၊(၁၁)တပ်ရင်းတွေနဲ့ AAစစ်ကြောင်းအချို့
ဟာပွိုင့် (၁၀၁) ကုန်းရဲ့ တောင်ဘက် ၃၇၃ မီတာအကွာမှာ နံနက် ၇ နာရီ မှ မွန်းလွဲ၂နာရီ ၃၉ မိနစ်အထိ ၇ နာရီကျော်ကြာတိုက်ပွဲ ဖြစ်ခဲ့ပါတယ် ။ဒါ့အပြင်ပွိုင့် (၁၀၁)ကုန်းရဲ့ အ
နောက်တောင်ဘက် (၁.၁၃) ကီလိုမီတာခန့် အကွာမှာလည်း နံနက်၉ နာရီ ၂၄ မိနစ်မှ မွန်းလွဲ ၁ နာရီ (၄၀) မိနစ် အထိ လေးနာရီကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အလား
တူ မလှမ်းမကမ်းနေရာ ၂ ခုမှာလည်း စစ်တပ်က အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေရှိရနေရာ
တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။
စစ်တပ်က ဂျက်တိုက်လေယာဥ်၊ Y12 ၊ ဒရုန်းနဲ့လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး စစ်ကြောင်းတွေဖြန့်ခွဲပြီးတော့အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့ပေမယ့်
အာရက္ခတပ်တော်က အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့တာကြောင့် စစ်သားအလောင်းနဲ့ လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းဓါတ်ပုံနဲ့တကွဖော်ပြပါတယ် ။
စစ်တပ်ရဲ့ထိုးစစ်တိုင်းကို တည်ငြိမ်စွာခုခံစစ်ဆင်နွှဲရင်း စစ်ကြောင်းတွေတပ်လန်သွားတဲ့အထိ ရဲရင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြတဲ့ AA စစ်သည်တော်တွေကိုအာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်းထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်က အာရက္ခပြည်အ
တွင်းကို ထိုးဖောက်ဝင်ရောက် နိုင်ဖို့အာရက္ခ
ဒေသနဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ပဲခူးတိုင်း ၊မကွေးတိုင်း၊ ချင်းပြည်နယ်တို့မှနယ်မြေထိစပ်နေတဲ့နေရာတွေက ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ် လုပ်နေတာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိလာခဲ့ပေမယ့် ရှေ့မတိုးနိုင်ခဲ့တာဖြစ်ပါတယ် ။
ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်စခန်းကစစ်တပ်ရဲ့နောက်ဆုံးကာကင်းစလန်းကို AA တပ်ဖွဲ့ဝင်တွေက အခုရင်ပိုင်းတိုက်
ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကာစစ်တပ်အထိနာနေတယ်လို့ စစ်ရေးရင်းမြစ်အချို့က လူထုနွေဦးကိုပြောပါတယ် ။

❤41👏12👍2🥰2👎1🤣1🖕1
ဩဂုတ် ၁၂ ရက်တိုက်ပွဲတွေမှာ စစ်တပ်ထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့အလောင်းအချို့ ။ဓါတ်ပုံ-AA Infodesk
❤46👏24👍4😁2🥰1🤣1🖕1
တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိ၊ ဝါဒဖြန့်မှုသာဖြစ်ဟု PDF ဇိုလဲန်း ပြော
ဩဂုတ် ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။
စစ်တပ် ဝါဒဖြန့် ချန်နယ်တွေမှာ PDF ဇိုလဲန်း တပ်ဖွဲ့ဝင် ၇ဦး လက်နက်တွေနဲ့အတူ စစ်တပ်ထံ အလင်းဝင်လာတယ်လို့ ရေးသားဖော်ပြကြတဲ့အပေါ် ကိုဂိဒွန်က အခုလို ပြောပြတာပါ။
အခုလို အလင်းဝင်တယ်ဆိုတာ စစ်တပ်ရဲ့ ဝါဒဖြန့်မှု သပ်သပ်သာဖြစ်တယ်လို့လည်း ကိုဂိဒွန်က ပြောပါတယ်။
PDF ဇိုလဲန်းဟာ ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်ဦးစီးချုပ် ကိုဂိဒွန်ဟာ လည်း လက်ရှိမှာ ချင်းညီနောင်ရဲ့ စစ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူထားသူဖြစ်ပါတယ်။
PDF ဇိုလဲန်းဟာ ၂၀၂၅ နှစ်ကုန်ပိုင်းက ချင်းမြောက်ပိုင်းထိုးစစ်ဆင်လာတဲ့ စစ်တပ်တွေ အထိနာအောင် ခုခံတိုက်ခိုက်နိုင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ရက်ကလည်း တီးတိန်မြို့နဲ့ ကနေဒီတောင်ကြား ချီတက်လာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီ တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က သေဆုံးသူ ၆ဦးရှိခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ PDF ဇိုလဲန်းက အသိပေးပါတယ်။ သေဆုံးသူတွေထဲမှာ စစ်တပ် လက်အောက်ခံ ဇိုမီးတပ်ဖွဲ့ ZRA အဖွဲ့ကဝင် ၃ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ဇိုမီးတပ် ZRA ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး ချင်းမြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင် နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

👍32💯6❤4🤣3🥰2🤮1🖕1