ပြင်းထန်ဝမ်းရောဂါကြောင့် ၁၉လမ်း ညဈေးတန်း ပိတ်ထား
ဩဂုတ်-၁၃၊၂၀၂၆။ရောင်နီ/People's Spring
ရန်ကုန်မြို့မှာ ဖြစ်ပွားနေတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ၁၉ လမ်း ညဈေးတန်းက ဆိုင်တွေအကုန်ပိတ်ထားရပါတယ်။
"ယာယီပိတ်ဖို့ပြောတယ်။ ဘယ်လောက်ကြာမလဲတော့ မသိဘူး" လို့ ၁၉လမ်းမှာ နေထိုင်သူတစ်ဦးကပြောပါတယ်။
ဆိုင်တွေအကုန်ပိတ်ထားရတာကြောင့် အမြဲတမ်းစည်ကားနေတဲ့ ၁၉ လမ်းဟာ ဒီကနေ့ ညပိုင်းမှာတော့ တိတ်ဆိတ်နေပါတယ်။
လမ်းထဲမှာ ရှင်းလင်းနေတာကြောင့် နေထိုင်သူတချို့က လမ်းမပေါ်မှာထွက်ပြီး ဆော့ကစားနေကြတာတွေ့ရပါတယ်။
လမ်းသွားလမ်းလာအချို့ကလည်း ရှင်းလင်းနေတဲ့ ၁၉ လမ်းနဲ့ ဓာတ်ပုံရိုက်နေကြတာကို တွေ့ရပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်အများစုမှာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှု မြင့်မားနေတာကြောင့် လမ်းဘေးဆိုင်တွေကို တစ်ပတ်လောက်ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ ကမာရွတ်မြို့နယ် လှည်းတန်းတဝိုက်မှာတော့ လမ်းဘေးဈေးဆိုင်တွေ ပုံမှန်ဖွင့်ထားတာကို တွေရပါတယ်။
ရန်ကုန်မြို့ဆေးရုံကြီးမှာ ဩဂုတ် ၉ ကနေ ၁၂ ရက်အတွင်း ဝမ်းပျက်ဝမ်းလျှောလူနာ ၁၈၀ ကျော်တက်ရောက်ကုသနေပြီး အသက်၉၂ နှစ်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့ကာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါခံစားရသူ ငါးဆယ်ကျော်ရှိ တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

👍26❤4🔥3👏1😢1
မြန်မာ့ရေဘေး WFP ကူညီမှု မျှမျှတတရှိဖို့ ဘေးသင့်သူတွေ တောင်းဆို
သြဂုတ်-၁၃၊၂၀၂၆။ကဖေး/People's Spring
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်
(WFP)ကရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီလို့
ဒီနေ့ ဩဂုတ်လ ၁၃ရက်မှာကြေငြာလိုက်ပြီး အကူအညီတွေ မျှတဖို့ ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။
WFP ရဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ စတင်ဆောင်ရွက်ခဲ့တာလို့ ရေဘေးနဲ့ပတ်သက်ပြီး ပထမဆုံး ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ အတွက် လုံ
လောက်တဲ့အာဟာရဖြည့်ဘီစကွတ်မက်ထ
ရစ်တန်ချိန် ၂၀ ကို ဒေသခံမိတ်ဖက်အဖွဲ့အ
စည်းတွေထံ ပေးပို့ထားပြီးဖြစ်တယ်လို့ ဖော်
ပြပါတယ်။ဘီစကွတ်တွေ ပို့ပေးတဲ့ရက်ကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။
လက်ရှိမှာ ဧရာဝတီတိုင်းအပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာရေဘေကြုံနေတာပါ။စစ်ကိုင်းတိုင်းဟာရေဘေးအဆ်ိုးဆုံးရင်ဆိုင်နေရတဲ့ဒေသဖြစ်ပါတယ်။
"ရေဘေးကိုလာလှူတယ်ဆိုမျှတဖို့လိုပါတယ်။WFP ထုတ်ပြန်ချက်ကို တွေ့ပါတယ်။ ဒါပေမယ့် ကျမတို့လက်ထဲဘာဘီစကွတ်မှ
မရောက်ပါဘူး။ နောက်ပြီး မှားနေတယ်။ အခုလိုနေတာ အရေးပေါ် ရိက္ခာမျိုး မဟုတ်ဘူး။ ပြန်လည်ထူထောင်ရေးအတွက် လိုနေတာ"လို့ ဧရာဝတီတိုင်း၊ လေးမျက်နှာ မြို့ခံတစ်ဦးကပြောပါတယ်။
ဧရာဝတီတိုင်း၊လေးမျက်နှာမြို့မှာပြီးခဲ့တဲ့ဇူ
လိုင်လ၃၀ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေဝင်နေပါတယ်။လက်ရှိမှာအရေးပေါ်အခြေအနေကို ကျော်လွန်ခဲ့ပြီလို့ အရပ်ဖက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
"အရေးပေါ် ကယ်ထုတ်ပြီးနေပြီ။လိုနေတာကပြန်လည်ထူထောင်ရေး။စပါးတွေပျက်တယ်။လယ်တွေ ပျက်တယ်။ ဒီအတွက် အကူ
အညီလိုတယ်"လို့ ဧရာဝတီတိုင်း၊ ရေကြည်မြို့ခံတစ်ဦးက ပြောပါတယ်။
ရေဘေးအဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်း
တိုင်းကို ကူညီထောက်ပံ့မယ့်အစီအစဉ် WFP ထုတ်ပြန်ချက်မှာ မတွေ့ရသေးပါဘူး။WFP အနေနဲ့ ရေဘေးအခြေအနေကို ဆက်လက်စောင့်ကြည့် အကဲဖြတ်နေပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေက အလိုအပ်ဆုံးဒေသတွေမှာ အကူအညီတွေတိုးချဲ့ပေးဖို့အသင့်ရှိနေကြောင်းနဲ့ ရေဘေးသင့်မိသားစုတွေဆီ အကူ
အညီတွေ အချိန်မီရောက်ရှိနိုင်ဖို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်နဲ့ အရေးပေါ်ရန်ပုံငွေတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
"စစ်တပ်အလိုကျ ထောက်ပံ့တာမျိုးမဖြစ်စေချင်ဘူး။ကျွန်မတို့ စစ်ကိုင်းတိုင်းကို လာဖို့ တောင်းဆိုပါတယ်။စစ်တပ်ကကျမတို့အညာကို ပိတ်ဆို့ထားတယ်။ လူသားချင်းစာနာမှုခေါင်းစဉ်အတိုင်းဆို အညာကိုပါ ကူညီပါ"လို့ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာအထက်ပိုင်းဒေသတွေ မိုးကြီးပြီး ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည် ရေလျှံခဲ့ပါတယ်။ဩဂုတ်လဆန်းမှာစစ်တပ်က လူထုကို အသိမပေးဘဲသဖန်းဆိပ်ဆည်ရေကို ဖောက်ချပြီးတဲ့နောက်ပိုင်း ဆည်အောက်ပိုင်းမြို့နယ်တွေမှာ ဆိုးရွားတဲ့ရေ ဘေးကြုံတွေ့နေတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရေဘေးကြောင့် ထိ
ခိုက်ဆုံးရှုံးမှု အဆိုးရွားဆုံး ခံစားနေရပြီး ဩဂုတ်လ ၁၂ ရက်နေ့အထိ စာရင်း တွေအရ မြို့နယ်ပေါင်း ၁၄ ခုရှိ အိမ်ထောင်စု ၅၁,၈၅၉ စုမှ လူဦးရေ ၂၂၇,၄၉၁ ဦး ရေဘေးသင့်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ နေ့စဉ်
ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့ ဆည်ရေတွေ ဖောက်ထုတ်ခြင်းတို့ကြောင့် စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်နှင့် ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပေါင်း ၂၁ ခုမှာ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး သေဆုံးသူ ၂၅ ဦး၊ ပျောက်ဆုံးသူ ၈ ဦးနဲ့ လူဦးရေ စုစု
ပေါင်း ၄၅၂,၆၆၃ ဦးခန့် ရေဘေးကြုံနေတယ်လို့MoSLHAကထုတ်ပြန်ထားပါတယ်။
WFP ကတော့ မြန်မာနိုင်ငံမှာ ရေကြီးရေလျှံမှုကြောင့်အကျိုးသက်ရောက်မှု တွေကို စောင့်ကြည့်လေ့လာလျက်ရှိပြီးရေဘေးသင့် ပြည်
နယ်နဲ့တိုင်းအားလုံးရှိ လိုအပ်ချက်တွေကို အ
ကဲဖြတ်ဆန်းစစ်နေတယ်လို့ အသိပေးထားပါတယ်။ရန်ပုံငွေအရင်းအမြစ်များအပေါ် မူ
တည်ပြီး အကူအညီအလိုအပ်ဆုံး နေရာတွေကို စားနပ်ရိက္ခာထောက်ပံ့မှု တိုးချဲ့လုပ်
ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။WFP ဟာ ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ပါတယ်။

👍33❤2🔥1🥰1👏1🤮1🤣1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၁၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️တောင်မော်ဦးရေတပ်စခန်း တိုက်ပွဲ ပြင်းထန်
ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးကာကင်းတွေရှိတဲ့ အ၀တောင်ရွာအနီး အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က ဆယ်ချီသေဆုံးကာ ထပ်မံ တပ်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ တောင်မော်ဦးရေတပ်စခန်းကနေ အ၀တောင်စခန်းတွေဆီ အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ အာရက္ခတပ်တော်AA တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဩဂုတ် ၁၁ ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က ဆယ်ချီ သေဆုံးထိခိုက်ခဲ့တာလို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀ကျော်လောက်နဲ့ စစ်ကြောင်းတက်လာလို့ တိုက်ပွဲဖြစ်ကြပြီး စစ်တပ်ဘက်က အထိအခိုက်များကာ အလောင်း ၂၀ လောက် ရလိုက်တယ်လို့ မြေပြင်မှာရှိနေတဲ့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က တပ်ဆုတ်သွားပြီး AA တပ်ဖွဲ့ဝင်တွေက လိုက်လံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။ ရှေ့တန်းမှာ အထိနာနေတဲ့ စစ်တပ်ဟာ ဒရုန်းနဲ့ ဂျိုင်ရိုကော်ပတာတွေ ပိုမိုအသုံးပြုလာပြီး ကျောက်ဖြူလေဆိပ်မှာ အခြေစိုက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေရာမှာ တိုက်ခိုက်ရေးလေတပ်စခန်းအသွင် ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။
◾️ရန်ကုန်မြို့မှာ ဝမ်းရောဂါကြောင့် ၁ဦး သေဆုံး
ရန်ကုန်မြို့မှာ လေးရက်အတွင်း ဝမ်းပျက်ဝမ်းလျှောလူနာ ၁၈၀ ကျော်အထိ ရှိပြီး ၁ဦး သေဆုံးခဲ့တယ်လို့ စစ်တပ် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ သြဂုတ် ၁၃ရက်မှာ ထုတ်ပြန်ပါတယ်။ သြဂုတ် ၉ ရက်ကနေ ၁၂ ရက်အထိ ဝမ်းပျက်ဝမ်းလျှောလူနာ စုစုပေါင်း ၁၈၂ ဦး ရှိပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲက အသက်(၉၂)နှစ်အရွယ် သက်ကြီး လူနာ ၁ ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။ လူနာတွေထဲက ပြင်းထန်ဝမ်းပျက်နဲ့ ဝမ်းလျှောရောဂါပိုးတွေ့သူ ၅၄ ဦး ရှိတယ်လို့လည်း ဆိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကူးစက်မြန်ပြီး အစားအသောက်တွေကြောင့် အများဆုံးဖြစ်တာလို့ ဆရာဝန်တစ်ဦးက ပြောပါတယ်။ လက်ရှိ ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန်တွေက အချိန်ပြည့် လှည့်နေရပြီး ဆရာဝန်အင်အားနည်းနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားတဲ့ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတားမြို့နယ်တို့မှာ စစ်တပ်ပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
◾️ပြင်းထန်ဝမ်းရောဂါကြောင့် ၁၉လမ်း ညဈေးတန်း ပိတ်ထား
ရန်ကုန်မြို့မှာ ဖြစ်ပွားနေတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ၁၉ လမ်း ညဈေးတန်းက ဆိုင်တွေအကုန်ပိတ်ထားရပါတယ်။ ယာယီပိတ်ဖို့ ပြောပေမယ့် ဘယ်လောက်ကြာမလဲတော့ မသိဘူးလို့ ၁၉လမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ်အများစုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု မြင့်မားနေတာကြောင့် လမ်းဘေးဆိုင်တွေကို တစ်ပတ်လောက်ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
◾️သဖန်းဆိပ်ဆည် ရေထပ်လွှတ်နေလို့ မူးမြစ်ရေဆက်ကြီးနိုင်
သဖန်းဆိပ်ဆည် ရေပြည့်မှတ်ကျော်လွန်နေလို့ ရေလွှတ်နေတာကြောင့် မူးမြစ်ဘေးနေ ပြည်သူတွေ ရေဘေး ထပ်မံသတိပြုကြဖို့ ရွှေဘိုခရိုင် ပကဖက သတိပေးထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကြီးရဲ့ကန်ရေပြည့်မှတ်မှာ ၅၄၅ ပေခန့်သာ ဝင်ဆံ့ပြီး လက်ရှိ ရေပမာဏဟာ ၅၄၅.၇၅ ပေ ရောက်ရှိနေတာကြောင့် ဆည်ကြံ့ခိုင်မှုရှိစေဖို့အတွက် ဒီနေ့ သြဂုတ် ၁၃ရက်မှာ ရေဆက်လွှတ် လွှတ်ထားကြောင်း ရွှေဘိုခရိုင် ပကဖ ထုတ်ပြန်ပါတယ်။ အဲဒိီလို လွှတ်ထားတဲ့ ရေတွေဟာ ကာဘိုးဆည်အတွင်း ဒီနေ့ညပိုင်း နဲ့ မနက်ဖြန်မနက်ပိုင်းမှာ ရောက်ရှိမှာလို့ ဆိုပါတယ်။ ကာဘိုးဆည် မူးမြစ် ရေတံခါးအားလုံး ဖွင့်လှစ်ထားတာကြောင့် အထက်ကနေ စုန်ဆင်းလာတဲ့ ရေတွေဟာ အထိန်းအကွပ်မရှိ အောက်ဘက်ကို ဆက်လက်ဆင်းလာမှာဖြစ်ကြောင်းလည်း ရွှေဘိုခရိုင်ပကဖက ထပ်မံအသိပေးပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ လက်ရှိအချိန်ထိ မိုးများနေဆဲလို့ သိရကြောင်း ရွှေဘိုခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့ကြောင့် မူးမြစ်ရေဟာ လက်ရှိ ရေပြင်ထက် ပိုပြီး တက်လာနိုင်တာကြောင့် မူးမြစ်ဘေးကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ ရေဘေးအန္တရာယ်ကို သတိပြုဂရုစိုက်ကြဖို့နဲ့ မွေးမြူရေးတိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေကို ရေလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းကြဖို့ အသိပေးကြေညာပါတယ်။ ရေဘေးဒဏ် အဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ် လူငယ် ၁ဦး ရေမျောပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

❤16👍9🤮2🤣1
◾️ပြည်သူတွေ ရေဘေးသင့်ချိန် စစ်တပ်က ပစ်ခတ်ဗုံးကြဲ
ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း သဖန်းဒေါင့်ရွာကနေ အနောက်ဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ သြဂုတ် ၁၃ ရက် တစ်ရက်လုံး နီးပါးပစ်ခတ်ခဲ့ပါတယ်။ အဲဒီထဲက လက်နက်ကြီး ၄လုံးဟာ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာထဲ ကျရောက်ပြီး အသက်(၈၄)နှစ်အရွယ် ဦးစိန်မြိုင် ကျည်စထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ မတ္တရာမြို့နယ် နဲ့ စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ ဝက်လက်မြို့နယ်တို့မှာ ဆည်ကရေလွှတ်တာ၊ ဧရာဝတီမြစ် ရေတက်လာတာတွေကြောင့် ကျေးရွာတွေအတွင်း ရေဝင်ပြီး ဒေသခံတွေ ရေဘေး ဒုက္ခရောက်နေချိန်မှာပဲ စစ်တပ်က မတ္တရာမြို့ကို အင်အားတွေတိုးကာ ဒရုန်းနဲ့ဗုံးကြဲတာ၊ ဟောင်ဝစ်ဆာအပါအဝင် လက်နက်ကြီး ပစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရွှေဂုံတိုင်ရွာနဲ့ ထုံးကြီးရွာက စစ်တပ်ကလည်း ရေဝင်နေတဲ့ရွာတွေကို ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️မြန်မာ့ရေဘေး WFP ကူညီမှု မျှမျှတတရှိဖို့ ဘေးသင့်သူတွေ တောင်းဆို
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က ရေဘေးအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီလို့ ဒီနေ့ ဩဂုတ် ၁၃ရက်မှာ ကြေညာလိုက်ပြီး အကူအညီတွေ မျှတဖို့ ရေဘေးသင့်ပြည်သူတွေက တောင်းဆိုပါတယ်။ WFP ရဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေကို ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ စတင်ဆောင်ရွက်ခဲ့တာလို့ ရေဘေးနဲ့ပတ်သက်ပြီး ပထမဆုံး ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။ ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ အတွက် လုံလောက်တဲ့အာဟာရဖြည့် ဘီစကွတ်မက်ထရစ်တန်ချိန် ၂၀ ကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေဆီ ပေးပို့ထားပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ဘီစကွတ်တွေ ပို့ပေးတဲ့ရက်ကိုတော့ ထုတ်ပြန်ချက်မှာဖော်ပြမထားပါဘူး။ လက်ရှိမှာ ဧရာဝတီတိုင်းအပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာရေဘေးကြုံနေတာပါ။ စစ်ကိုင်းတိုင်းဟာ ရေဘေးအဆ်ိုးဆုံးရင်ဆိုင်နေရတဲ့ ဒေသဖြစ်ပါတယ်။
◾️မဘိမ်းနဲ့ မိုးမိတ်ကို စစ်တပ်က နေ့စဉ် ဗုံးကြဲနေ၊ အရပ်သား ၄ဦး သေဆုံး
စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒေသတွင်းမှာ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေစဉ် စစ်တပ်က လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာ ဖြစ်ပါတယ်။ မဘိမ်းမြို့မှာ ဇူလိုင် ၂၈ ရက်ကနေ သြဂုတ် ၈ရက်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က သြဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။ မဘိမ်းမြို့နယ်အတွင်း ရွှေလီမြစ်ရေလွှမ်းမိုးနေချိန်မှာ စစ်တပ်ကပစ်ခတ်တာဖြစ်ပြီး သြဂုတ် ၆ ရက် ည ၁၁ နာရီခန့်က ဗုံးကြဲတိုက်ခိုက်မှုမှာလည်း မဘိမ်းမြို့ဆေးရုံကြီးက အဆောက်အအုံ ၃လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
◾️စစ်အာဏာရှင်စနစ်က လွတ်မြောက်ဖို့ ညီညွတ်စွာနဲ့တော်လှန်ရေးဆက်ဆင်နွှဲရမယ်လို့ KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူးပြော
လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။ KNU မြိတ်ထားဝယ်ခရိုင်မှာ ဩဂုတ် ၁၂ရက်က ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး ပဒိုစောအယ်နားကို ဆက်သွယ်မေးမြန်းရာ အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်တွေကို ဂုဏ်ပြုကြောင်း ပြောကြားကာ အထက်ပါအတိုင်း အသိပေးခဲ့တာပါ။ လွတ်လပ်ရေး၊ ကရင်လူမျိုးအခွင့်အရေး နဲ့ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးတို့အတွက် အသက်ပေးခဲ့သော ကရင်ရဲဘော်များ၊ ကရင်ခေါင်းဆောင်များနဲ့ ကရင် ပြည်သူ့ များ အာဇာနည်များကို ဂုဏ်ပြုအလေးပြုအပ်ကြောင်းနဲ့ အာဇာနည်များအတွက် လွတ်လပ်ရေးဟာ သူတို့ရဲ့ အသက်ထက်ပင် ပိုတန်ဖိုးထားကြကြောင်း ပဒိုစောအယ်နားက ပြောပါတယ်။
◾️ရေးမြို့နယ်တိုက်ပွဲ စစ်တပ် ၆ဦးသေ၊ တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံး

👍14🤮4❤3🤣1
မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ ခမရ(၅၈၈)၊ အမတ(၃၁၇)၊ ခလရ(၁၀၆)တပ်ရင်းတို့က အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းဟာ ဒေသတွင်းကို စစ်ကြောင်းထိုးလာလို့ ဩဂုတ် ၈ရက်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ အသိပေးပါတယ်။ အဲဒီတိုက်ပွဲဟာ မိနစ် ၂၀ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်က ထိခိုက်မှုရှိသလို မဟာမိတ် ပူးပေါင်းတပ်ဘက်က ရာမညမွန်တပ်တော်(RMA) ရဲဘော် ၂ဦးလည်း ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
◾️ဖောင်းပြင်နဲ့ မော်လိုက်မြို့မှာ စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံး
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာတွေနဲ့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရားတောင်ပေါ် အခြေစိုက်ထားတဲ့ စစ်တပ်ကပါ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်တပ်က ဦးတည်တိုက်ခိုက်နေတာကြောင့် မင်းယားကျေးရွာက ပြည်သူ ၃ဦးထိခိုက်ခဲ့ကာ ဩဂုတ် ၁၁ရက်က (၆၇)နှစ်အရွယ် ဒေါ်ခင်လှ သေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်မှာပဲ ရှိနေပြီး မြစ်ကမ်းဘေးတလျှောက် ကျေးရွာတွေက ဒေသခံတွေက ရက်ရှည်စစ်ရှောင်နေရတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဆိုပါတယ်။
◾️ဗုံးကြဲနေတဲ့ စစ်တပ် ရဟတ်ယာဥ်ကို ပရိတ်ရေဖြန်းပေးတဲ့ ဆရာတော် ဝေဖန်ခံနေရ
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှာ ဆရာတော်တစ်ပါးက ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ရဟတ်ယာဥ်ကို အန္တရာယ်ကင်းအောင် သပြေခက်နဲ့ ပရိတ်ရေ ဖြန်းပေးနေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာလို့ ဝေဖန်ခံနေရပါတယ်။ တိပိဋကတောတိုက်လို့ အမည်ပေးထားတဲ့ Facebook အကောင့်တစ်ခုကနေ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က ဓာတ်ပုံမှတ်တမ်တွေ တင်ခဲ့ပါတယ်။ အဲဒီဓါတ်ပုံတွေထဲမှာ ဆရာတော်တစ်ပါးက လေတပ်အရာရှိတွေ ခြံရံပြီး ရဟတ်ယာဥ်အနီးမှာ အောင်သပြေပန်း ကိုင်ဆောင်ကာ ရဟတ်ယာဥ်ကို သပြေခက်နဲ့ ဖြန်းနေတာကို တွေ့မြင်ရပါတယ်။ ပြည်သူတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရဟတ်ယာဥ်ကို ဘုရားသားတော်တစ်ပါးက အန္တရာယ်ကင်းပရိတ်ရွတ်ကာ ပရိတ်ရေဖြန်းပေးနေတဲ့အပေါ် ပြည်သူတွေက ဝေဖန်ခဲ့ကြပါတယ်။ ပရိတ်ရေဖြန်းပေးနေတဲ့ဆရာတော်ဟာ မှော်ဘီမြို့က တိပိဋကတောတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒန လို့သိရပါတယ်။ အရင်ကလည်း မှော်ဘီလေတပ်စခန်းက အရာရှိတွေ၊ ရဟတ်ယာဥ်မောင်းနှင်သူတွေဟာ အဲဒီကျောင်းမှာ မကြာခဏ အန္တရာယ်ကင်း ပရိတ်နာတာ၊ ဆွမ်းကပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
◾️မိုးမိတ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၁၂ရက် မနေ့က သတင်းဖော်ပြပါတယ်။ KIA တပ်မဟာ(၄) အမှတ်(၃၄)တပ်ရင်း လှုပ်ရှားနယ်မြေဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ ဩဂုတ် ၁၀ရက်က မိုးမိတ်မြို့နယ် အောက်ညောင်နီရွာအနီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်က MI 35၊ Y12 လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ မိုးမိတ်မြို့နယ် ညောင်နီရွာအနီးတိုက်ပွဲအတွင်း စစ်တပ်ကို တိုက်ခိုက်ရာမှာ ရှမ်းတပ် SSPPလည်း ပါဝင်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ SSPP ပြောရေးဆိုခွင့်ရှိသူ အချို့ကို ဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။
◾️သပိတ်လှုပ်ရှားမှုတွေမှာ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ မေတ္တာရပ်ခံ
စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သပိတ်လှုပ်ရှားမှုတွေအပေါ် ပြည်သူတွေအနေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပေးကြဖို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ၈လေးလုံးအရေးတော်ပုံ (၃၈) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တော်လှန်ရေး မှတ်တမ်းတွေကို ပရိုဂျက်တာနဲ့ပြသခဲ့တဲ့ လှုပ်ရှားမှုမှာ ပြည်သူတစ်ဦးက ပရိုဂျက်တာကို ခြေထောက်နဲ့ကန်ခဲ့တာကြောင့် အဲဒီ့လုပ်ဆောင်မှုကို ရှုတ်ချကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ရုပ်သံမှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာ တော်လှန်ရေးအင်အားစုတွေ သွေးမအေးကြောင်း ပြသတဲ့အနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးနိုင်တဲ့အန္တရာယ်၊ ရာသီဥတုအခြေအနေတွေကြားထဲကနေ သပိတ်အဖွဲ့တွေက လှုပ်ရှားမှုတွေကို တတ်နိုင်သလောက်ပြုလုပ်နေကြတာဖြစ်ပါတယ်။

👍19❤4🥰2🤮2🤣1
ရိုဟင်ဂျာတွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်းIIMM ရဲ့စွပ်စွဲချက်အပေါ် AA ပယ်ချ
ဩဂုတ်-၁၃၊၂၀၂၆။ခိုင်မြတ်/People's Spring
အာရက္ခတပ်တော်(AA)က ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် စုံစမ်းတွေ့ရှိခဲ့တယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM) ရဲ့ ထုတ်ပြန်ချက်ဟာ လုံး၀ အခြေအမြစ်မရှိတဲ့ တဖက်သတ်စွပ်စွဲချက်ဖြစ်တယ်လို့AA က တုံ့ပြန်ပါတယ်။
IIMM က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ AA ဟာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအမျိုးသမီးတွေကို မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာနဲ့ Gender အခြေပြုအကြမ်းဖက်မှုတွေ ကျူး
လွန်ခဲ့သလို ဗလီတွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဖော် ပြထားတာပါ။အဲဒီအစီရင်ခံစာပါ ဖော်ပြချက်နဲ့ ပက်သက်လို့ AA ပြောရေး
ဆိုခွင့်ရှိသူ ဦးခိုင်သုခက “ဒါဟာလုံး၀ အခြေ
အမြစ်မရှိ တဲ့ တဖက်သတ်စွပ်စွဲချက်ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက် ပယ်ချပါတယ်” လို့ လူထုနွေဦးကို ပြောပါ တယ်။
AAဟာဗလီတွေကိုဖျက်ဆီးပြီး အဲဒီနေရာတွေကိုရိုဟင်ဂျာမဟုတ်သူတွေပြန်လည်နေရာချထားရေးအတွက်အသုံးပြုနေကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်နဲ့ မောင်
တောဒေသတွေမှာ AA ရဲ့ထိုးစစ်တွေနဲ့ ဆက်
စပ်ကာ အဲဒီလိုဆောင်ရွက်မှုတွေဟာ သိသိသာသာ ပိုမိုများပြားလာခဲ့ကြောင်း IIMM ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒါ့အပြင်၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးခေါင်းစဥ်နဲ့ စစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကို ပြန်လည်အမှတ်ရစေတဲ့ ပုံစံနဲ့ AA ဟာ ရိုဟင်ဂျာတွေ နေထိုင်ရာ ဒေသတခုလုံးမှ ၎င်းတို့ကို ရှင်းလင်းဖယ်ရှားခဲ့တာကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြား
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နောက်တဖန် ထွက်
ပြေးဝင်ရောက်လာခဲ့ကြောင်း ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း ကျူးလွန်သူတွေဟာ ရိုဟင်ဂျာတွေကို အုပ်စုတခုလုံးအဖြစ် ပစ်မှတ်ထားရာမှာ မြန်မာစစ်တပ်က အသုံး
ပြုခဲ့တဲ့ ဘာသာရေးအရ စော်ကားနှိမ့်ချတဲ့ အသုံးအနှုန်းတွေသို့မဟုတ်အလားတူစကား
လုံးတွေ ကို မကြာခဏ အသုံးပြုခဲ့ကြကာ "ဘင်္ဂါလီ" သို့မဟုတ် “ကုလား” ကဲ့သို့သော အသုံးအနှုန်းတွေ ပါဝင်တယ်လို့ IIMM က အစီရင်ခံမှာဖော်ပြပါတယ်။
အလားတူပဲ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပက်သက်လို့ ကျောက်တော်မြို့နယ်မှာ အကျဉ်းချုံးတရား
စီရင်ကာ ကွပ်မျက်မှုတွေ၊ အသက် ၁၅ နှစ်အောက် ကလေးတွေကို အတင်းအကြပ် တပ်
သားအဖြစ် စုဆောင်းအသုံးပြုမှုတွေနဲ့ ပတ်
သက်တဲ့ အထောက်အထားတွေကိုလည်း IIMM က စုဆောင်း၊ စိစစ်သုံးသပ်ခဲ့တယ် လို့ ဆိုပါတယ်။
IIMM ရဲ့ အဲဒီတွေ့ရှိချက်တွေဟာ မြေပြင်ကပကတိအခြေအနေကိုစနစ်တကျအသေအ
ချာ လေ့လာစုံစမ်းမှုမရှိဘဲအွန်လိုင်းပေါ်က ကြားသမျှ ပဋိပက္ခအခြေပြုငွေကြေးရှာအတ္တဝါဒီ လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေရဲ့ လုပ်ကြံဝါဒဖြန့်အ ချက်အလက်များအပေါ်အခြေခံပြီး တဖက်သတ်စွပ်စွဲတိုက်ခိုက်နေမှုတွေဖြစ်ကာဒေသတွင်းစည်းလုံးညီညွတ်မှုကို ပျက်
ပြားစေတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
“အာရကန်ဒေသနေလူ့အဖွဲ့အစည်းတခုလုံးရဲ့ တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုကိုပျက်ပြားအောင် ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်ကြတာဖြစ်တယ်လို့ ကျွန်တော်တို့ မှတ်ယူပါတယ်” လို့ ၎င်းကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူဦးရေအများဆုံးရှိတဲ့ မောင်တော၊ ဘူးသီးတောင်အပါအဝင် မြို့နယ် ၁၄ ခုကို AA ကသိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားတွေလည်
ပတ်အုပ်ချုပ်နေတာဖြစ်ပါတယ်။ AA အုပ်
ချုပ်မှုအောက် မှာ ရိုဟင်ဂျာတွေ အရင်ကထက် လွတ်လပ်စွာ ခရီးသွားလာခွင့်ရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောဆိုနေကြ သလို လူ့အခွင့်အရေးချိုးဖောက်မှုအချို့ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုအချို့လည်း ရှိနေတာပါ။
IIMM ရဲ့အစီရင်ခံစာထဲမှာအာဏာသိမ်းစစ်
တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်ရာဇ
ဝတ်မှုကျူးလွန်တာတွေကိုလည်း စုံစမ်းဖော်
ထုတ်ထားပြီး စစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာအပါအဝင် ပြည်သူတွေကို ပစ်မှတ်ထား တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ကျူး
လွန်နေကြောင်းဆိုထားပါတယ်။ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ IIMM ဟာ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဇွန် လထိ တနှစ်တာကာလအ
တွင်း ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာကို အခုရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

👍30❤12🤣3💩1🥴1
စစ်ကိုင်းတိုင်းမှာပြည်သူသိန်းချီရေဘေး
သင့်ချိန် စစ်ကိုင်းမြို့အခြေစိုက်တပ်မ(၃၃)
ရေဘေးမကူဘဲ ရခိုင်ကိုတန်ပြန်ထိုးစစ်ဆင်မယ်ဆိုပြီးတပ်တွင်း သင်တန်းပေးနေ
ဩဂုတ်-၁၃၊၂၀၂၆။မေ/People's Spring
စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုး
စစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေ
တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေကပြောပါတယ်။
စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့တပ်မ(၃၃ ) အောက်မှာ ခလရ(၄)၊ခလရ(၁၁)၊ခလရ(၄၂)၊ခလရ(၇)၊ခမရ(၁၁)၊
ခမရ(၁၂)၊ခမရ(၁၃)၊ခမရ(၁၁၆)ခမရ(၁၁၉)၊
ခမရ(၁၁၁) စတဲ့တပ်ရင်း(၁၀)ရင်းရှိပါတယ်။ အဲဒီတပ်တွေအားလုံးပြီးခဲ့တဲ့ဇူလိုင်လမှာ စစ်ကိုင်း၊ကချင်နယ်စပ်ရှေ့တန်းတိုက်ပွဲ တွေက နေ နောက်တန်းတပ်ရင်းကိုပြန်လာခဲ့ကြပါတယ်။အဲဒီတပ်ရင်းတွေဟာ စစ်ကိုင်းတိုင်းကမြို့နယ်တွေနဲ့ မန္တလေးတိုင်းကပုသိမ်ကြီးမြို့
နယ်တို့မှာ အ ခြေစိုက်ထားတာပါ။အဆိုပါစစ်ကြောင်းတွေဟာ စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ်တိုက်ပွဲတွေမှာ သေဆုံးဒဏ်ရာရသူတွေများခဲ့သလိုပြန်ဆုတ်စဥ်မှာ ရပ်ရွာတွေထဲကရေတွေကို အဆိပ်ခတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ် ။
အဆိုပါတပ်ရင်းတွေအခြေစိုက်ထားတဲ့ မန္တ
လေးတိုင်းကပုသိမ်ကြီးမြို့နယ် အရှေ့ခြမ်းအပါအဝင် စစ်ကိုင်းတိုင်းကမြို့နယ်အများ
စုမှာ ရေ ဘေးသင့်ကာပြည်သူ ၂၅ ဦးခန့် သေဆုံးခဲ့တာပါ။ ဒါပေမယ့် တပ်မ(၃၃)ရဲ့ လက်အောက်ခံတပ်ရင်း တွေဟာရေဘေး ကူညီကယ်ဆယ်ရေးမလုပ်ဘဲ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ပညာမွမ်းမံ သင်
တန်း ဆိုပြီး သင်တန်း တွေပေး နေတာလို့ စစ်တပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။
"အစကသင်တန်းပေးဖို့အစီစဉ်မရှိဘူးထင်တယ်။ရေဘေးတွေဖြစ်တော့မှရုတ်တရက်ကြီး သင်တန်းတွေတက်နေရတာ။အရာရှိတွေပါ မွမ်းမံသင်တန်းတက်နေရတယ်"လို့ စစ်
တပ်မိသားစုဝင်တဦးကပြောပါတယ်။
အာရက္ခတပ်တော်က ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ကျောက်ဖြူ ၊စစ်တွေ ၊မာန်အောင် မြို့နယ်တို့မှအပ ကျန် ၁၄ မြို့နယ်စလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ဒါအပြင် အခုအခါ AA က သိမ်းဖို့ကျန်နေတဲ့ စစ်တွေ နဲ့ ကျောက်ဖြူက စစ်တပ်စခန်းတွေ၊တပ်ရင်းတွေ ၊ဌာနချုပ်တွေကိုပါ သိမ်းပိုက်ဖို့
ထိုးစစ်ဆင်နေပါတယ် ။ စစ်တပ်ကရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ ဒေသချင်းဆက်စပ်နေတဲ့ မကွေး ၊ပဲခူး ၊ဧရာဝတီ ၊ချင်းပြည်နယ်တွေကနေ တန်ပြန်ထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုး
စားခဲ့ပေမယ့် စစ်တပ်စစ်ကြောင်းတွေပျက်ပြီး ရှေ့မတိုးနိုင်ဘဲတပ်လန်ကျနေတာဖြစ်ပါတယ် ။ ကျောက်ဖြူနဲ့စစ်တွေမှာလည်း တန်
ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့စစ်တပ်စစ်ကြောင်းတွေ အထိနာပြီးရှေ့မတိုးနိုင်ပါဘူး။
ဒါပေမယ့် စစ်တပ်က ရခိုင်ပြည်နယ် နဲ့ ဆက်စပ်ဒေသ တပ်အပြောင်းအလဲလုပ်လို့ပြန်ရောက်တဲ့စစ်ကြောင်းတွေကို အောင်ပွဲရစစ်သားတွေကို ကြိုဆိုတယ်ဆိုပြီး မကြာ
ခဏဝါဒဖြန့်နေပါတယ် ။
စစ်ကိုင်းတိုင်းမှာရေဘေးကူညီရေးမလုပ်တဲ့ စစ်အုပ်စုဟာ ကူညီရေး သွားတဲ့ မန္တလေး မြို့ကပြည်သူတွေကိုစစ်ကိုင်းတံတားကနေ ပြန်လွှတ်ခဲ့သလိုအဖွဲ့အစည်းတွေကိုလည်းရုံချုပ်
အထိစစ်ဆေးတာတွေပြုလုပ် နေတယ်လို့ စုံစမ်းသိရပါတယ်။
စစ်ကိုင်းတိုင်းမှာရေဘေးသင့်ပြည်သူနှစ်သိန်းကျော်ရှိပြီး ရေဘေးကြောင့် ကယ်ဆယ်ရေးလုပ်နေတဲ့ တော်လှန်ရေးရဲဘော်အချို့အပါ
အဝင် ၂၀ ကျော်သေဆုံးခဲ့ပါတယ် ။
စစ်ကိုင်းတိုင်းကရေဘေးသင့်မြို့နယ် ၁၇ မြို့
နယ်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ် တို့ကအရေးပေါ်တုန့်ပြန်ဆောင်ရွက် ရေးပူး ပေါင်း ကော်မတီကိုဖွဲ့စည်းကာ ကယ်ဆယ် ရေးလုပ်ငန်း တွေဆက်တိုက်ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ NUG လက်အောက်ခံ ပသုံးလုံးနဲ့ PDF တွေ ၊သပိတ်အဖွဲ့တွေ ၊စစ်ဘေးရှောင်ကူညီပေးနေတဲ့လူမှုရေးအသင်းအဖွဲ့တွေ ၊ဒေသခံတွေက အရေးပေါ်ကယ်ဆယ်ရေးကို ဝိုင်းဝန်းလုပ်နေကြပါတယ်။စစ်တပ်က စစ်တပ်လက်အောက်ခံပျူစောထီးရွာအချို့ကိုသာကူညီတာရှိပြီး ရေဘေးသင့် ဒေသတွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေပါတယ် ။

👍25❤6👎4🖕3🥰1👏1🤬1💩1