(ကရင့်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ် ၁၂ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်မှာ ကျင်းပနေစဉ်။ ဓာတ်ပုံ − KNU - Mergui-Tavoy District)
👍27🥰8🔥3❤1🤮1🖕1
ဝက်လက်အနောက်ခြမ်းမှာ ရေဘေးကြောင့် လူငယ် ၁ဦး သေဆုံး
ဩဂုတ်၁၃၊၂၀၂၆။ကတ်သရင်း/People's Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။
ဩဂုတ် ၁၁ ရက်က လှတွေကျေးရွာက (၁၈) နှစ်အရွယ်လူငယ်တွေ ရေကစားရင်း ၁ဦးဟာ ရေနဲ့မျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
"သမားရိုးက ၁ယောက်ကတော့ သူ့ရောဂါနဲ့ ဆုံးတာပါ။ရေဘေးကြောင့် သေဆုံးက ၁ဦးပဲရှိတယ်။ဒါပေမယ့် ရေဘေးဒုက္ခသည်ကတော့ တော်တော်များတယ်"လို့ ရွှေပန်းကုန်းတိုက်နယ်ပအဖတာဝန်ခံက ပြောပါတယ်။
ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဝင်နေတဲ့ ကျေးရွာ ၁၅ရွာ ရှိပြီး ပြည်သူအားလုံးကို ကယ်ထုတ်ပြီးကာ တရိစ္ဆာန်တွေကို ဆက်လက်ကယ်ထုတ်နေတယ်လို့ ဆိုပါတယ်။
" တပ်ရင်းတွေဦး ဆောင်ပြီး ကယ်ဆယ်ရေးတွေဆက်တိုက်လုပ်နေတယ်။ပထမဆုံးက လူ့အသတ်ဦးစားပေး ပေါ့။အခုကလူကယ်ပြီးတော့ သူတို့ကလည်း တငိုငိုတရယ်ရယ်နဲ့မို့ နွားတွေထုတ်ပေးနေတယ်။မနေ့က အကောင်၁၀၀ကျော်ထုတ်ပြီးပြီ။ဒီနေ့ အကောင် ၁၆၀ လောက်ကျန် သေးလို့ဆက်ထုတ် နေတယ်"လို့ ရွှေပန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံက ပြောပါတယ်။
သဖန်းဆိပ်ရေလှောင်တမံက ရေလွှတ်ခဲ့ပြီးတဲ့နောက် မူးမြစ်ရေလျှံခဲ့သလို ဆည်ကျိုးမှု တွေဖြစ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ ဩဂုတ် ၆ရက်ကတည်းက ရေကြီးနေတာပါ။
ရေဘေးဒဏ်အဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOSLHA)က ဩဂုတ် ၁၁ရက်မှာထုတ်ပြန်ပါတယ်။
သဖန်းဆိပ်ဆည်က ရေလွှတ်တာ ၊မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် သဖန်းဆိပ်ဆည်အောက်ဘက် မူးမြစ်ကမ်းတလျှောက်မြို့နယ်တွေမှာ သြဂုတ် ၆ ရက်ကစပြီးရေဘေး ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ရေဘေးကြောင့် သေဆုံးသူအရေအတွက်ဆက်တိုက်တိုးနေရာ NUGရဲ့ သြဂုတ် ၁၁ ရက် စာရင်းတွေအရ ကျွန်းလှမြို့နယ်မှာ ၈ ဦး ၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး ၊ကောလင်းမြို့နယ်မှာ ၃ ဦးသေ ၂ ဦးပျောက်ဆုံး ၊တန့်ဆည်မှာ ၂ ဦး ၊ရွှေဘို မှာ ၁ ဦး ၊ကန့်ဘလူမှာ ၁ ဦး ၊ခင်ဦး ၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း မြို့နယ် ၁၃ မြို့နယ်မှာ ရေကြီးရေလျှံနေပြီး ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။ဒါ့အပြင် ကလေးနဲ့ မြောင်မြို့ နယ်ရှိရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလိုအရေးပေါ် တုံ့ပြန်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ဆိုပါတယ် ။

😢28❤8👍2🔥2👏2👎1🎉1
ဖောင်းပြင်နဲ့ မော်လိုက်မြို့မှာ စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံး
ဩဂုတ်-၁၃ ၊၂၀၂၆။ဇော်၀င်း/People's Spring
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဂျက်ဖိုက်တာ၊ရဟတ်ယာဉ်၊ဂျိုင်ရိုကော်ပတာ တွေနဲ့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရားတောင်ပေါ် အခြေစိုက်ထားတဲ့ စစ်တပ်ကပါ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်တပ်က ဦးတည်တိုက်ခိုက်နေတာကြောင့် မင်းယားကျေးရွာက ပြည်သူ ၃ဦးထိခိုက်ခဲ့ကာ ဩဂုတ် ၁၁ရက်က (၆၇)နှစ်အရွယ် ဒေါ်ခင်လှသေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
"တိုက်ပွဲကြီးကြီးမားမားတော့ မရှိဘူး။ ရေကြောင်းအဆန်တုန်း မော်လိုက်နဲ့ဖောင်းပြင်မှာစစ်သင်္ဘောအုပ်ထဲက တစ်စီးမြုပ်၊တစ်စီးမီးလောင်တော့ အစုန်ကိုကြောက်ပြီး ရမ်းကြဲနေတယ်"လို့ မော်လိုက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ် မှာဘဲ ရှိနေပြီး မြစ်ကမ်းဘေးတလျှောက် ကျေးရွာတွေက ဒေသခံတွေက ရက်ရှည်စစ်ရှောင်နေရတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရှောင်အရေးကူညီနေသူတစ်ဦးက
ဆိုပါတယ်။
"ဒီနေ့ရောဆိုရင် ၁၇ရက်ရှိပြီအဆင်မပြေတဲ့ စစ်ရှောင်မိသားစုတွေက စားဝတ်နေရေးအတော်ကြပ်နေပြီ"လို့ သူက ပြောပါတယ်။
ကျောက်တင်သင်္ဘော ၅စီး၊တိုက်ခိုက်ရေး ရေယာဉ် ၂စီး၊စစ်သင်္ဘော ၃စီးနဲ့ ၀န်ထမ်းတင်ထားတဲ့ရေယာဉ် ၂စီး အပါအ၀င် စစ်သင်္ဘောအုပ်စုမှာရေယာဉ် ၂၁ စီးရှိတယ်လို့ သိရပါတယ်။
အဲဒီစစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လဆန်းမှာ မုံရွာဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့အထိ ဆန်တက်ခဲ့တာဖြစ်ပါတယ်။
ကနီ၊မင်းကင်း၊ ကလေးဝမြို့နယ်တွေကို လေကြောင်းလုံခြုံရေးနဲ့ ဖြတ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်က ဗိုလ်ကြီး ၁ဦး၊ ဗိုလ် ၁ဦးအပါအဝင် ၂၀ကျော်သေဆုံးပြီး ၁၅ဦးဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်နေတာပါ။ ဟုမ္မလင်းမြို့မြို့ကနေပြန်စုန်ဆင်းရင်တော့ ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ ဟုမ္မလင်း၊ခန္တီးဒေသထွက် သတ္တုတွေပြန်သယ်လေ့ရှိပါတယ်။

🤬28❤7👎3👏1🎉1🖕1
■ဆောင်းပါး
သေနတ် ၁၀ သန်းကြားက ထိုင်းနိုင်ငံ၏ လုံခြုံရေး
- သီဟံ ရေးသားသည်။
အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေ
နတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။
ဒီဖြစ်ရပ်အပြီးမှာဝန်ကြီးချုပ်အနူတင်ချန်ဗီရာကူလ် (Anutin Charnvirakul)က သေနတ်ပိုင်ဆိုင်ခွင့်၊ဝယ်ယူခွင့်နဲ့ သယ်ဆောင်ခွင့် လိုင်
စင်အသစ်တွေ ထုတ်ပေးတာကို ယာယီရပ်
ဆိုင်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ သေနတ်ထိန်းချုပ်ရေး ဥပဒေသစ်မပြဋ္ဌာန်းမချင်းဒီအစီအစဉ်ကို ဆက်ထားမယ်လို့လည်းအစိုးရဘက်က ပြော
ထားပါတယ်။
ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ကလေးတစ်ဦးရဲ့ လုပ်
ရပ်တစ်ခုတည်း မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ သေနတ်တွေဘယ်လောက်အထိပျံ့နှံ့နေသ
လဲ၊ တရားမဝင်သေနတ်တွေကို
ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ ပိုကြီးမားတဲ့ ပြဿနာကို ဖော်ထုတ်လိုက်တာပါ။
ပြီးခဲ့တဲ့သောကြာနေ့ကအသက်၁၄နှစ်အရွယ် ကလေးတစ်ဦးဟာ သူ့အဘိုးအဘွားနှစ်ဦးကို အိမ်မှာ ပစ်သတ်ပြီးနောက်ကျောင်းမှာ ဆရာ၊ ဆရာမ နဲ့ ဝန်ထမ်းတွေကို ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ဒဏ်ရာရခဲ့တဲ့အသက်၁၂နှစ်အ
ရွယ် မိန်းကလေးတစ်ဦးလည်း နောက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့အဆိုအရ အသုံး
ပြုခဲ့တဲ့ သေနတ်ဟာ သူ့အဘိုးပိုင် သေနတ်ဖြစ်ပါတယ်။
ဒီအချက်ကသေနတ်တွေကိုဘယ်လိုသိမ်း
ဆည်းထားသလဲ၊လူငယ်တွေလက်ထဲမရောက်အောင် ဘယ်လိုကာကွယ်ထားကြသလဲဆိုတာကိုပါ ပြန်ပြီး စဉ်းစားလာရပါတယ်။
ထိုင်းနိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးက ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်ကလည်း အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးက ဘန်ကောက်ဈေးဝယ်စင်တာမှာ လူနှစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် အစိုးရက သေနတ်လိုင်စင်နဲ့ တင်သွင်းမှုတွေကို တင်း
ကျပ်ခဲ့ပေမယ့် ပစ်ခတ်မှုတွေက ဆက်ရှိနေခဲ့ပါတယ်။
အဓိကပြဿနာကတော့ ဥပဒေတင်းကျပ်မှုနဲ့ လက်တွေ့အခြေအနေကြားကကွာဟချက်ပါ။ Small Arms Survey(လက်နက်ငယ်များဆိုင်
ရာ သုတေသနအဖွဲ့)ရဲ့ ၂၀၁၇ ခုနှစ် အချက်
အလက်အရထိုင်းနိုင်ငံမှာအရပ်သားပိုင် သေ
နတ်၁၀သန်းကျော်ရှိပြီး ၄ သန်းကျော်က မှတ်
ပုံတင်ထားခြင်းမရှိတဲ့ သေနတ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် လိုင်စင်အသစ်ထုတ်ပေးတာ ရပ်လိုက်ရုံနဲ့ ပြဿနာက ပြီးသွားမှာမဟုတ်ပါဘူး။ရှိပြီးသားတရားမဝင်သေနတ်တွေကို ဘယ်လိုပြန်လည်စုဆောင်းမလဲ၊ အွန်လိုင်းက သေနတ်ရောင်းဝယ်မှုတွေကို ဘယ်လိုတား
ဆီးမလဲ၊ အိမ်တွင်းမှာရှိတဲ့ သေနတ်တွေကို ဘယ်လိုလုံခြုံစွာ သိမ်းဆည်းစေမလဲဆိုတာက ပိုအရေးကြီးလာပါတယ်။
အစိုးရကတော့ တရားမဝင်သေနတ်တွေပြန်အပ်နိုင်ဖို့ သတ်မှတ်ကာလထားပေးဖို့၊ အွန်လိုင်းသေနတ် ရောင်းဝယ်မှုကို တင်းကျပ်စွာ နှိမ်နင်းဖို့ စီစဉ်နေပါတယ်။ ကျောင်းတွေမှာလည်း လုံခြုံရေး စစ်ဆေးမှုတွေ ပိုတင်းကျပ်ဖို့နဲ့ ကျောင်းသားတွေအတွက် စိတ်ကျန်း
မာရေး အထောက်အပံ့တွေ တိုးမြှင့်ဖို့ ပြင်
ဆင်နေပါတယ်။
နွန်ထဘူရီ (Nonthaburi) ဖြစ်ရပ်က သေ
နတ် ၁၀ သန်းကျော် ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံမှာ ဥပဒေသစ်တွေ ထပ်ထုတ်ဖို့ထက် ရှိပြီးသားဥပဒေတွေကို ထိထိရောက်ရောက် အကောင်
အထည်ဖော်နိုင်ဖို့၊ သေနတ်တွေ ဘယ်လိုလက်လှမ်းမီနေသလဲနဲ့ ပိုင်ရှင်တွေက ကိုယ်
ပိုင်သေနတ်တွေကို ဘယ်လောက်တာဝန်ယူပြီး လုံခြုံစွာ ထိန်းသိမ်းထားသလဲဆိုတာက ပိုအရေးကြီးနေပြီဆိုတာ ပြသနေပါတယ်။
သေနတ်တစ်လက်ကို ပိုင်ဆိုင်ခွင့်ရှိတာနဲ့အတူ အဲဒီသေနတ်အတွက် တာဝန်ယူမှုလည်း ရှိ
ရမှာ ဖြစ်ပါတယ်။ ။
ကိုးကား - The Guardian

👍28❤3🔥1👏1😢1🤮1
မဘိမ်းနဲ့ မိုးမိတ်ကို စစ်တပ်က နေ့စဉ် ဗုံးကြဲနေ၊ အရပ်သား ၄ဦး သေဆုံးပြီး ဘုန်းကြီးအပါအဝင် ၉ ဦး ဒဏ်ရာရ
ဩဂုတ်−၁၃၊၂၀၂၆။ဇော်ရမ်း/People's spring
စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒေသတွင်းမှာ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေစဉ် စစ်တပ်က လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာ ဖြစ်ပါတယ်။
မဘိမ်းမြို့မှာ ဇူလိုင် ၂၈ ရက်ကနေ သြဂုတ် ၈ရက်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က သြဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။
ဘိမ်းမြို့နယ်အတွင်း ရွှေလီမြစ်ရေလွှမ်းမိုးနေချိန်မှာ စစ်တပ်ကပစ်ခတ်တာဖြစ်ပြီး သြဂုတ် ၆ ရက် ည ၁၁ နာရီခန့်က ဗုံးကြဲတိုက်ခိုက်မှုမှာလည်း မဘိမ်းမြို့ဆေးရုံကြီးက အဆောက်အအုံ ၃လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မဘိမ်းမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကစပြီး ရွှေလီမြစ်ရေကြီးမှုနဲ့အတူ မိုးလည်းသည်းထန်စွာရွာခဲ့တဲ့အတွက် ဒေသခံတွေရေ ဘေးကြုံတွေ့ခဲ့ပါတယ်။
မဘိမ်းမြို့နဲ့ ဆက်စပ်နေတဲ့မိုးမိတ်မြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေပါတယ်။
မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာ ညောင်နီကျေးရွာမှာ ဩဂုတ် ၁၁ရက် နေ့လယ်၁နာရီခန့်ကစပြီး တိုက်ပွဲဖြစ်ခဲ့တာကနေ စစ်ရေးတင်းမာနေတာပါ။
မိုးမိတ်မြို့နယ်ကို စစ်တပ်က ဩဂုတ် ၁၁ရက်နဲ့ ၁၂ရက်မှာ ဗုံးကြဲလို့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတချို့ပျက်စီးပြီး သံဃာတော် ၁ပါးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဟာ မိုးမိတ်မြို့အနီးမှာ တပ်စွဲထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စခန်းကို တိုက်ခိုက်ဖို့နဲ့ မတိုက်ရင် ဖယ်ပေးဖို့ စစ်တပ်က ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို ဖိအားပေးတာကနေ စတင်တာလို့ ဒေသခံသတင်းမြစ်တွေက ပြောပါတယ်။
ညောင်နီရွာမှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို KIA ၊SSPP ၊PDF စတဲ့ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။တိုက်ပွဲဖြစ်တဲ့ သြဂုတ် ၁၁ ရက်မှာ စစ်တပ်စစ်ကြောင်းက ဒုတပ်ရင်းမှူးနဲ့ ရဲဘော်အချို့ သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
သြဂုတ် ၁၂ ရက်တိုက်ပွဲမှာ SSPP/SSA တပ်ဖွဲ့ဝင် ၁ဦးကျဆုံးခဲ့ပြီး စစ်တပ်က ဗုံးကြဲလို့ ညောင်နီရွာကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ စစ်ရေးရင်းမြစ်အချို့ကပြောပါတယ်။
SSPP/SSA ဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ(FPNCC)မှာ ပါဝင်ပြီး စစ်တပ်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ နေပြည်တော်ကို ရောက်ရှိနေတာပါ။
လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲနဲ့ပတ်သက်လို့ SSPP/SSA က သတင်းမထုတ်ပြန်သေးပါဘူး။
KIA ကတော့ ဒေသခံတွေ လေကြောင်းအန္တရာယ်သတ်ပြုကြဖို့ သတိပေးထားပါတယ်။

🤬31❤4😢2👏1🎉1🙏1
သဖန်းဆိပ်ဆည် ရေထပ်လွှတ်နေလို့ မူးမြစ်ရေကြီးနိုင်ဟု ရွှေဘိုခရိုင် ပကဖ သတိပေး
ဩဂုတ် ၁၃၊၂၀၂၆။ ဇေအောင်/People's Spring
သဖန်းဆိပ်ဆည် ရေပြည့်မှတ်ကျော်လွန်နေလို့ ရေလွှတ်နေတာကြောင့် မူးမြစ်ဘေးနေ ပြည်သူတွေ ရေဘေး ထပ်မံသတိပြုကြဖို့ ရွှေဘိုခရိုင် ပကဖက သတိပေးထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကြီးရဲ့ကန်ရေပြည့်မှတ်မှာ ၅၄၅ ပေခန့်သာ ဝင်ဆံ့ပြီး ယခုလက်ရှိ ရေပမာဏဟာ ၅၄၅.၇၅ ပေ ရောက်ရှိနေတာကြောင့် ဆည်ကြံ့ခိုင်မှုရှိစေဖို့အတွက် ဒီကနေ့မှာ ရေလွှတ်နှုန်း (၆၇၇၀၉ကျူ့ဆက်) ကုဗပေ/စက္ကန့် အထိ လွှတ်ထားကြောင်း ရွှေဘိုခရိုင် ပကဖ ထုတ်ပြန်ပါတယ်။
အဲဒိီလို လွှတ်ထားတဲ့ ရေတွေဟာ ကာဘိုးဆည်အတွင်း ဒီကနေ့ညပိုင်း ၊ မနက်ဖြန်မနက်ပိုင်းမှာ ရောက်ရှိမှာဖြစ်ကြောင်း၊ ကာဘိုးဆည် မူးမြစ် ရေတံခါးအားလုံး ဖွင့်လှစ်ထားတာကြောင့် အထက်ကနေ စုန်ဆင်းလာတဲ့ ရေတွေဟာ အထိန်းအကွပ်မရှိ အောက်ဘက်ကို ဆက်လက်ဆင်းလာမှာဖြစ်ကြောင်း ရွှေဘိုခရိုင်ပကဖက ထပ်မံအသိပေးပါတယ်။
"စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ လက်ရှိအချိန်ထိ မိုးများနေဆဲလို့ သိရပါတယ်။"လို့ ရွှေဘိုခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့ကြောင့် မူးမြစ်ရေဟာ လက်ရှိ ရေပြင်ထက် ပိုပြီး တက်လာနိုင်တာကြောင့် မူးမြစ်ဘေးကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ ရေဘေးအန္တရာယ်ကို သတိပြုဂရုစိုက်ကြဖို့နဲ့ မွေးမြူရေးတိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေကို ရေလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းကြဖို့ အသိပေးကြေညာပါတယ်။
ရေဘေးဒဏ် အဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
သဖန်းဆိပ်ဆည်က ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် သဖန်းဆိပ်ဆည်အောက်ဘက် မူးမြစ်ကမ်းတလျှောက်မြို့နယ်တွေမှာ သြဂုတ် ၆ ရက်ကစပြီး ရေဘေးရင်ဆိုင်နေရတာဖြစ်ပါတယ်။
ရေဘေးကြောင့် သေဆုံးသူအရေအတွက်ဆက်တိုက်တိုးနေရာ NUGရဲ့ သြဂုတ် ၁၁ ရက် စာရင်းတွေအရ ကျွန်းလှမြို့နယ်မှာ ၈ ဦး၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး၊ ကောလင်းမြို့နယ်မှာ ၃ ဦးသေဆုံး၊ ၂ ဦးပျောက်ဆုံး၊ တန့်ဆည်မြို့နယ်မှာ ၂ ဦး၊ ရွှေဘိုမြို့နယ်မှာ ၁ ဦး၊ ကန့်ဘလူမြို့နယ်မှာ ၁ ဦး၊ ခင်ဦးမြို့နယ်မှာ ၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ တန့်ဆည်မြို့နယ်မှာပဲ အမျိုးသမီးတစ်ဦးအပါအဝင်ရေဘေးကြောင့် ပြည်သူ ၄ဦးသေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။
အလားတူ ကောလင်းမြို့နယ်မှာ CDM ကျောင်းဆရာတစ်ဦးအပါအဝင် ရေဘေးကြောင့် သေဆုံးသူ ၆ဦးရှိပြီး ပျောက်ဆုံးနေသူ ၂ ဦးရှိတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါကြောင့် သေဆုံးသူ အရေအတွက်တိုးလာဖို့ ရှိနေပါတယ်။
စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၃ မြို့နယ်မှာ ရေကြီးရေလျှံနေပြီး ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။ ဒါ့အပြင် ကလေးနဲ့ မြောင်မြို့နယ်ရှိ ရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလို အရေးပေါ် တုံ့ပြန်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

🤬22🔥7❤3👎3👍2👏1🖕1
ရေးမြို့နယ်တိုက်ပွဲ စစ်တပ် ၆ဦးသေ၊ တော်လှန်ရေးရဲဘော် ၂ဦး ကျဆုံးဟု YGF ထုတ်ပြန်
ဩဂုတ် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ ခမရ(၅၈၈)၊အမတ(၃၁၇)၊ခလရ(၁၀၆)တပ်ရင်းတို့က အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းဟာ ဒေသတွင်းကို စစ်ကြောင်းထိုးလာလို့ ဩဂုတ် ၈ရက်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ အသိပေးပါတယ်။
အဲဒီတိုက်ပွဲဟာ မိနစ် ၂၀ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်က ထိခိုက်မှုရှိသလို မဟာမိတ် ပူးပေါင်းတပ်ဘက်က ရာမညမွန်တပ်တော်(RMA) ရဲဘော် ၂ဦးလည်း ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်တပ်ကို တိုက်ခိုက်ရာမှာ YGFအမှတ်(၈၀၀၁)တပ်ရင်း/တပ်ခွဲ(၁)နဲ့ ချေမှုန်းရေးတပ်ဖွဲ့၊မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ရာမညမွန်တပ်တော်(RMA)(၉၀၁)တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
RMAကလည်း အဲဒီတိုက်ပွဲဖြစ်စဉ်ကို သတင်းထုတ်ပြန်ထားရာ တော်လှန်ရေးပူးပေါင်းတပ်က လက်ဦးမှုရယူပြီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များ ပြန်လည်ပစ်ခတ်ရာ RMA ရဲဘော် ကျော်စွာဝင်း(ခ)ဂျေကြီးနဲ့ ရဲဘော်သော်ဇင်(ခ)ဧရာ တို့ ကျဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

👍20😢15❤4🥰2👎1🔥1🤣1🖕1
မတ္တရာမှာပြည်သူတွေရေဘေးသင့်ချိန် စစ်
တပ်ပစ်ခတ်ဗုံးကြဲလို့ ပြည်သူ ၁ဦး ဒဏ်ရာရ
ဩဂုတ် ၁၃၊၂၀၂၆၊ကတ်သရင်း/ People's Spring
ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်း၊ သဖန်းဒေါင့်ရွာကနေ အနောက်ဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ သြဂုတ် ၁၃ ရက် တစ်ရက်လုံး နီးပါးပစ်ခတ်နေပါတယ် ။ အဲဒီထဲကလက်နက်ကြီး ၄လုံးဟာ စစ်ကိုင်းမြို့နယ်၊ တောင်ရင်းရွာကိုကျရောက်ပြီးအသက် (၈၄)နှစ်အရွယ် ဦးစိန်မြိုင်ရဲ့ ခြေ
ထောက်မှာ ကျည်စထိမှန်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။
မတ္တရာမြို့နယ် နဲ့ စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ ဝက်လက်မြို့နယ်၊
စဉ့်ကူးမြို့နယ်တို့မှာဆည်ကရေလွှတ်တာ၊ဧရာဝတီမြစ် ရေတက်လာတာတွေကြောင့် ကျေးရွာတွေအတွင်း ရေဝင်ပြီး ဒေသခံတွေ ရေဘေး ဒုက္ခရောက်နေချိန်မှာပဲ စစ်တပ်က မတ္တရာမြို့ကို အင်အားတွေတိုးကာ ဒရုန်းနဲ့ဗုံးကြဲတာ၊ဟောင်ဝစ်ဆာတွေပစ်တာ၊လက်
နက်ကြီး ပစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ်၊ရွှေဂုံတိုင်ရွာနဲ့ ထုံးကြီးရွာက စစ်တပ်ကလည်းရေဝင်နေတဲ့ရွာတွေကို ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒီနေ့လည်းဆက်တိုက်ကိုဒရုန်းတွေဝဲနေတာ။အရင်နေ့ကလည်း ရေဘေး၊စစ်ဘေးရှောင်တွေရှိတဲ့ ရွှေဘယက်ရွာကို ချတာ ၃လုံး။လူတွေဝေးတင် ကံကောင်းလို့ မသေကြတာ။လက်နက်ကြီးကလည်းနေ့တိုင်းပစ်နေတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဩဂုတ် ၁၁ရက်ကလည်း ရေဘေးသင့်နေတဲ့ ခင်ဦးမြို့နယ်ကိုစစ်တပ်ကဗုံးကြဲတာကြောင့်
အမျိုးသမီး ၁ဦးဒဏ်ရာရခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်အကောင်၂၀ ကျော် သေဆုံးခဲ့ပါတယ်။

🤬25👎2🔥2👏1🎉1🤮1
တောင်မော်ဦးရေတပ်စခန်းတိုက်ပွဲပြင်ထန်
■စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ
ဩဂုတ်-၁၃၊၂၀၂၆။ခိုင်မြတ်/ People's Spring
ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းရဲ့ နောက်ဆုံးကာကင်းတွေရှိတဲ့ အ၀
တောင်ရွာအနီး အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲအပြင်း
အထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က ဆယ်ချီသေ ဆုံးကာ နောက်ထပ်တကြိမ်တပ်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းကနေ တဆင့် အ၀တောင်စခန်းတွေဆီအင်အားဖြည့်ပြီး စစ်
ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီးဩဂုတ်လ ၁၁ ရက်နေ့တိုက်ပွဲမှာ စစ်တပ်ဘက်က ဆယ်ချီသေဆုံး၊ ထိခိုက်ခဲ့တာလို့ သိရပါတယ်။
“အင်အား နှစ်ရာကျော်လောက်နဲ့ စစ်ကြောင်းတက်လာလို့ တိုက်ပွဲဖြစ်ကြတာ။ ဟိုရက်က တိုက်ပွဲမှာဒီကောင်တွေ တော်တော်ထိသွားတယ်။အလောင်းနှစ်ဆယ်လောက်ရတယ် ကိုယ့်ဘက်က။အခုတော့တပ်ဆုတ်သွားကြပြီ။ကိုယ့်ဘက်ကလိုက်တိုက်နေတယ်။ တိုက်
ပွဲ ပြင်းနေတုန်း”လို့ မြေပြင်မှာ ရှိနေတဲ့ ဒေသ
ခံစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။
ရှေ့တန်းမှာအထိနာနေတဲ့စစ်တပ်ဟာဒရုန်းနဲ့ ဂျိုင်ရိုကော်ပတာတွေ ပိုအသုံးပြုလာပြီး ကျောက်ဖြူလေဆိပ်မှာအခြေစိုက်ကာ တိုက်ခိုက်ရေးလေတပ်စခန်းအသွင် ပြင်ဆင်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါ တယ်။
“ကျောက်ဖြူလေဆိပ်ကို လေတပ်စခန်းလို လုပ်နေတာတော့နည်းနည်းကြာပြီ။အခုက တရုတ်ကနည်းပညာအဖွဲ့ ထပ်ရောက်တယ် ကြားတယ်။ဒရုန်းအသစ်တွေရောထပ်ရောက်နေတယ်သတင်းရတယ်”လို့ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ - ရမ်းဗြဲဆုံရာစနဲမြို့ထိ ပြန်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ထိုးစစ်ဆင်လာ တဲ့ စစ်တပ်ဟာ အင်အားအများအပြားသုံး တန်ပြန်ထိုးစစ်ဆင်ခဲ့ပေမယ့် တပ်ဦးကျိုးပြီး အကြိမ်ကြိမ်ပြန်လှည့်ခဲ့ရတာ အခုနဲ့ဆို သုံးကြိမ် တိုင်ရှိသွားပြီဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
“ရှေ့ကိုမရောက်ဘူး။စနဲ နားထိ တက်ဖို့လုပ်တာ။ဒီတခေါက်လည်းတော်တော်ထိသွားတယ်ပြောတယ်။ဒီလို ထိတိုင်းလေယာဉ်တွေလာတတ်လို့ကြောက်နေကြရတယ်”လို့ ကျောက်ဖြူဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
စစ်တပ်ဟာ တောင်မော်ဦးရေတပ်စခန်းကနေ စစ်ကြောင်းထိုးနေသလိုမင်းပြင်၊ ဇိုင်ချောင်း၊ သိုင်းချောင်းနဲ့ တရုတ် ရဲ့ကုန်းတွင်းပိုင်းဓါတ်
ငွေ့သိုလှောင်စက်ရုံ(OGT)ရှိရာ လိပ်ခမော်ရွာအနီးဝန်းကျင်၊ အမှတ်(၃၂)ရဲ တပ်ရင်းအနီးဝန်း ကျင်တို့ကိုလည်း အင်အားဖြည့်ထားပြီး တိုက်ပွဲဖြစ်နေပါတယ်။
မင်းပြင်နားတဝိုက်တိုက်ပွဲမှာလည်းဇူလိုင်လကုန်ပိုင်းက စစ်သားတဆယ်ဝန်းကျင်ရဲ့အလောင်းတွေခဲ့ပါတယ်။ စစ်တပ်ဟာ လိပ်ခမော်အနီးဝန်းကျင်ကို ကျောက်ဖြူမြို့ထဲရှိ ခလရ(၃၄)၊ ခမရ ၅၄၃၊ ခမရ ၅၄၂ တို့ကနေ ကားနဲ့ အင်အားဖြည့်ပြီး တောင်မော်ဦးအနီးစခန်းအနီးကိုတော့ စစ်သင်္ဘောတွေကတဆင့် အင်အားဖြည့်နေတာဖြစ်တယ်လို့ ဒေသခံသ
တင်းရင်းမြစ်တွေက ပြောကြပါတယ်။
ကျောက်ဖြူ နဲ့ ဓည၀တီရေတပ်စခန်းဆီသွား
ရာလမ်း မင်းတက်တောင်လမ်းဆုံအနီးဝန်း
ကျင်တွေကို လက်လွှတ်ခဲ့ရ ပြီး ကုန်းလမ်းဆက်သွယ်ရေးပြတ်တောက်နေခဲ့တဲ့ စစ်တပ်ဟာ၂၀၂၅ ခုနှစ်မှာ အင်အားအလုံးအရင်းနဲ့ တန်ပြန် ထိုးစစ်ဆင်ကာ သိုင်းချောင်း၊ မင်းပြင်အနီးဝန်းကျင်တွေကို ပြန်လည်သိမ်းယူခဲ့တာပါ။အဲဒီနေရာတွေထဲက အချို့ကို AA က ထပ်မံသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲတွေ ရပ်နေခဲ့ရာကနေ အခုအခါ တိုက်ပွဲပြန်ဖြစ်ပြီးAAက ထပ်
မံသိမ်းပိုက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)ကအဝေးပစ်လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့်စစ်တပ်ဘက်က ထိခိုက်၊ သေဆုံးသူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းကရှေ့တန်းစစ်
မျက်နှာတွေမှာ စစ်တပ်ဘက်က အထိနာ၊ အ
ကျအဆုံးများနေသလို လက်နက်ချ၊ အလင်း
ဝင်လာသူတွေလည်း အများအပြားရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါ တယ်။ အထိနာနေတဲ့စစ်တပ်ဟာ ကျောက်
ဖြူမြို့နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကျောက်ဖြူပင်လယ်ပြင်အတွင်း သွားလာနေကြတဲ့ ကုန်တင်၊ ခရီး
သည်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို လည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
လက်ရှိမှာ AA က ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကိုသိမ်းပိုက်ဖို့ကျန်နေပါသေးတယ်။
AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က
တော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်၃ မြို့ဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေ နဲ့ မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီး
ပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

👍43❤13👏7🥰2🖕2🤣1
စစ်အာဏာရှင်စနစ်က လွတ်မြောက်ဖို့ ညီညွတ်စွာနဲ့တော်လှန်ရေးဆက်ဆင်နွှဲရမယ်လို့ KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူးပြော
ဩဂုတ် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
KNU မြိတ်ထားဝယ်ခရိုင်မှာ ဩဂုတ် ၁၂ရက်က ကရင့်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့တာနဲ့ပတ်သက်ပြီး ပဒိုစောအယ်နားကို ဆက်သွယ်မေးမြန်းရာ အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်တွေကို ဂုဏ်ပြုကြောင်း ပြောကြားကာ အထက်ပါအတိုင်း အသိပေးခဲ့တာပါ။
လွတ်လပ်ရေး ကရင်လူမျိုးအခွင့်အရေး နဲ့ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးတို့အတွက် အသက်ပေးခဲ့သော ကရင်ရဲဘော်များ၊ ကရင်ခေါင်းဆောင်များနဲ့ ကရင် ပြည်သူ့ များ အာဇာနည်များကို ဂုဏ်ပြုအလေးပြုအပ်ကြောင်းနဲ့ အာဇာနည်များအတွက် လွတ်လပ်ရေးဟာ သူတို့ရဲ့ အသက်ထက်ပင် ပိုတန်ဖိုးထားကြကြောင်းပဒိုစောအယ်နားက ပြောပါတယ်။
" လွတ်လပ်ရေးအတွက် ၎င်းတို့၏ အသက်ပေးလှူခဲ့ကြခြင်း ကို ကျွန်ုပ်တို့ မမေ့နိုင်ပါ” လို့ ပဒိုစောအယ်နားက ပြောပါတယ်။
ဒါ့အပြင် ကရင်တော်လှန်ရေးနဲ့အတူ ပူးပေါင်းတိုက်ပွဲ ဝင်ရင်း အသက်ပေးလှူခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့ဝင်များနဲ့ အရပ်သားပြည်သူများအား လေးစားဂုဏ်ပြုကြောင်းလည်း ပဒိုစောအယ်နားက ပြောပါတယ်။
KNU မြိတ်ထားဝယ်ခရိုင်မှာ မနေ့က ကျင်းပတဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကို KNU အုပ်ချုပ်ရေးနဲ့ စစ်ရေးဆိုင်ရာ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး ဒဏ်ရာရ ရဲဘော်တွေကို ဆုငွေပေးအပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

❤38👍9🥰1🤮1💩1🖕1