လက်ရှိရေကြီးရေလျှံဒေသဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသဖြစ်တာကြောင့် အာဏာသိမ်းစစ်တပ်ဟာ ကန့်ဘလူက ရေဘေးသင့်ပျူတွေကို ၁၅ သိန်းလှူတာကလွဲပြီး ကူညီကယ်ဆယ်ရေး ဘာတစ်ခုမှ လုပ်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ပျူရွာကိုတော့ စစ်ကောင်စီက Y12နဲ့ ရိက္ခာချပေးတာရှိပါတယ်”လို့ ရွှေဘိုပကဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ရေဘေးသင့်အညာကို မကူရုံံမက အနှောင့်အယှက်ပေးတဲ့ လုပ်ရပ်ကိုပါ လုပ်လာပါပြီ။ အဲဒါကတော့ ရွှေဘိုမြို့ကနေ ရေဘေးသွားကူညီမယ့်သူတွေကို ရွှေဘိုခရိုင်ရဲမှူးက ခြိမ်းခြောက်နေတာပါ။ “ရွှေဘိုခရိုင်ရဲမင်းကြီးက မြို့ထဲကနေ ရေဘေး သွားကူမယ့်သူတွေကို အကြမ်းဖက်အားပေးမှုမြောက်တာဖြစ်တဲ့ အတွက် နေအိမ်တွေ ချိတ်ပိတ်မယ်ဆိုပြီး ချိန်းခြောက်ထားတယ်လို့ သိရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီလို ခြိမ်းခြောက်မှုတွေကြောင့် ရေဘေးသင့်အညာဒေသမှာ ကူညီကယ်ဆယ်ရေးတွေ ဘာတစ်ခုမှရောက်မလာဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ဘယ်လိုပဲ တားဆီးပိတ်ပင်မှုတွေ ရှိပေမဲ့ လှူမယ်ဆိုရင် လူမသိသူမသိ လှူလို့ရတဲ့နည်းတွေ အများကြီးရှိနေတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။
“ဒုက္ခရောက်တဲ့သူ ကူညီကြေးဆိုအညာလောက် ဒုက္ခရောက်တာမရှိဘူး။ မီးဘေးလည်းသင့်တယ်။ စစ်ဘေးလည်းသင့်တယ်။ အခု ရေဘေးလည်းသင့်လိုက်တာပဲ။ ဒုက္ခတွေတခုပြီးတခုရောက်နေတာ”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒါအပြင် စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်အကောင့်တွေက အညာရေကြီးပြီး ဒုက္ခရောက်ကြတာ ၊ကူညီသူမရှိတာဟာ PDF တွေကြောင့်ဆိုပြီး အမုန်းစကားတွေကိုလူမှုကွန်ယက်မှာ ၊သတင်းဌာနတွေကဖော်ပြတဲ့စစ်ကိုင်းရေဘေးသတင်းတွေအောက်မှာ မှတ်ချက်တွေ ရေးသားဖြန့်ဝေနေကြတာကိုလည်းတွေ့ရပါတယ် ။ရေဘေးကူညီသူတွေကို PDF တွေကဖမ်းဆီးတာ ၊ဒုက္ခပေးတာလုပ်လိမ့်မယ် ဆိုပြီး သတင်းအမှားတွေဖြန့်ချီနေကြတာလည်းရှိပါတယ် ။တကယ်တော့ ဒီနေ့ အထိရေဘေးအတွက် လှူဒါန်းလိုသူတွေကို တော်လှန်ရေးတပ်တွေက ကူညီပေးမယ့်လို့ထုတ်ပြန်ထားတာရှိပြီး တော်လှန်ရေးတပ်တွေက နှောင့်ယှက်တာမရှိပါဘူး။ စစ်တပ်ကသာ ရေဘေးသွားလှူသူတွေကို ဖမ်းဆီးထောင်ချမယ်လို့ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။
အဆိုးဆုံးလုပ်ရပ်ကတော့ ရေဘေးသင့်နေတဲ့ ခင်ဦးမြို့နယ်ကိုအာဏာသိမ်းစစ်တပ်ကသြဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ဂျက်
ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာပါ။
ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာက စျေး
ဆိုင်ဖွင့်ထားတဲ့ နေအိမ်တစ်အိမ်ကို အာဏာ
သိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိတိ လေကြောင်းတိုက်ခိုက်သွားကြောင်း
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

🤬33👎4❤3👍1🤮1🤣1🖕1
ရပ်ကွက်များအတွင်း ပျံ့နှံ့နေသည့် ငွေတိုးချေးစားသည့်အဓိကပုံစံသုံးမျိုးရှိလေသည်။
နေ့သွင်းဟုဆိုသောတစ်ရက်လျှင်တစ်ကြိမ် အတိုးနှင့် အရင်းပေါင်းပေးရသည့် ပုံစံ၊ လပေးဟုဆိုသည့် တစ်လပြည့်လျှင် အတိုးနှင့်အရင်း ပေါင်းပေးရသည့် ပုံစံနှင့် အဆိုးရွားဆုံးအခြေအနေတစ်ခုဟုဆိုသည့် မတ်တိုးမှာ ချေးယူထားသည့်အရင်းအားမဆပ်နိုင်မခြင်း တစ်ရက်တစ်ခါ သတ်မှတ်အတိုးပေးနေရသည့် ပုံစံဖြစ်သည်။
ငွေတိုးချေးစားသူများသည်အာမခံပစ္စည်းများမတောင်းဘဲလူလူချင်းယုံကြည်မှု သို့မဟုတ် ရပ်ကွက်အတွင်း နေထိုင်မှုကို အခြေခံ၍ ငွေချေးပုံစံအမျိုးမျိုးဖြင့် ချေးပေးကြသည်။ အာမခံမရှိ ငွေချေးရသည့်အတွက် ၄င်း၏ ငွေကြေး စွန့်စားရမှုကိုအကြောင်းပြ၍ အတိုးနှုန်းများကိုသာမာန်ထက် ဆပေါင်းများစွာ ပိုမိုတောင်းခံကြနေသည်။
“လူတွေ စီးပွားပျက်ပြီး သူတောင်းစား ဖြစ်မယ့်အတိုးကမတ်တိုးပဲ။ အခုဈေးရင်းမယ်။ ဥပမာ ဈေးရင်းချင်တယ်။ပိုက်ဆံ ၁ သိန်းကို တစ်ရက် ၅ ထောင်ပေးရတယ်။၁ရက်စီ အတိုး”ဟု ရပ်ကွက်တစ်ခုအတွင်း ငွေချေးမှုနှင့်ပတ်သက်၍ သိရှိသူ မမွန်မွန်က ပြောသည်။
မတ်တိုးစနစ်တွင် ငွေ ၁ သိန်းကျပ် ချေးယူပါက တစ်နေ့လျှင် အတိုးချည်းသက်သက် ၅,၀၀၀ ကျပ် ပေးရသည်။ အဆိုပါအတိုးတွင် အရင်းမပါဝင်ဘဲငွေချေးယူသူအနေဖြင့် ရင်းနှီးမတည်ငွေ သို့မဟုတ် အရေးပေါ်သုံးစွဲရန် အတွက် အချိန်တိုအတွင်း ချေးယူကြခြင်းဖြစ်သည်။
ဥပမာအားဖြင့် ငွေ ၁ သိန်းကျပ်ကို ၁၀ ရက်မျှ မဆပ်နိုင်ဘဲ သုံးစွဲထားပါက အတိုးသက်သက် ၅၀,၀၀၀ ကျပ် ပေးဆပ်ရမည်ဖြစ်ပြီး၊ ရက် ၂၀ ကြာမြင့်ပါက အရင်းနှင့်ထပ်တူ အတိုးပမာဏ ထပ်မျှပေးရမည် ဖြစ်သည်။
ရပ်ကွက်ဈေးသည်များအနေဖြင့် ဈေးရောင်းရန် ရင်းနှီးငွေအဖြစ် “မတ်တိုး”ယူသုံးကြရာမှ စျေးရောင်း၍ မြတ်သမျှ အတိုးဆပ်ရင်း နောက်ဆုံးတွင် ရင်းနှီးငွေပါပြုတ်ထွက်သည့် အခြေအနေသို့ ဆိုက်ရောက်ကြရသည်။ဤစနစ်သည် ရက်တို အရေးပေါ်ငွေ လိုအပ်ချက်အတွက် အသုံးဝင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရက်ရှည်သွားပါက ချေးယူသူ၏ စီးပွားရေးကို လုံးဝ ပျက်စီးစေသည့် စနစ်တစ်ခု ဖြစ်သည်။
“အဲ့လိုလည်းဖြစ်သွားတာအများကြီးပဲ။အခုနောက်ပိုင်းတကယ်မှန်ကန်တဲ့လူကျတော့ အရေးကြောင်း တစ်ခုရှိတယ်။သုံးချင်တယ်ဆိုရင်တော့ မှန်တယ်ဆိုလို့ရှိရင်တော့ ထုတ်ပေးတယ်။ ၅ သိန်းလောက် လိုချင်တယ်။ ၂ ရက်၊ ၃ ရက်၊ ၃ ရက်သုံးလေးပဲ ယူမှာဆိုရင် အဲ့လိုလူမျိုး ပေးတယ်။ အဲ့လိုလူမျိုး အမှန်ကန် ပြန်ပေးမယ်ဆိုရင် ပေးတဲ့လူလည်း တန်တယ်။ ယူတဲ့လူလည်း တန်တယ်။ ယူတဲ့လူဖို့ ဘာလို့တန်လဲဆိုတော့ ၅ သိန်းကို ဗြုန်းကနဲ အလုံးရင်းလိုက်ကြီး သုံးချင်တာ။ ၃ ရက်လောက်လေးပဲ သုံးချင်တာဆိုလို့ရှိရင် ၇ သောင်းခွဲဆို ပေးတဲ့လူဖို့ ကလည်း ၅ သိန်းကို တန်တယ်။ ယူတဲ့လူဖို့ကလည်း တန်တယ်။ ပေးတဲ့လူကလည်း အများကြီး မသုံးဘူး။ ဘယ်နှစ်ရက် သုံးမှာလဲ သူက မေးပြီ အခုနောက်ပိုင်း”ဟု မမွန်မွန်က ရှင်းပြသည်။
https://www.ludunwayoo.com/feature-mm/2026/08/10/165176/

LuduNwayOo
အကြွေးသံသရာထဲမှ ဘဝများ | LuduNwayOo
မြို့ပြအောက်ခြေလူတန်းစားများအကြား ရုတ်တရက်ကြုံတွေ့လာရသည့် ကျန်းမာရေးကိစ္စ၊ မိသားစုကိစ္စနှင့် စီးပွားရေးလိုအပ်ချက်များကြောင့် အရေးပေါ်လိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းရန်မှာ ကြွေးနွံ့ထဲနစ်မည်ကို သိသော်လည်း ထိုမှတစ်ပါး အခြားဖြေရှင်းနည်းမရှိပေ။
❤21🔥11😢7👍3👎1🤣1
မိုးမိတ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ဟု KIA ပြော
ဩဂုတ် ၁၃၊ ၂၀၂၆။ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။
KIA တပ်မဟာ(၄) အမှတ်(၃၄)တပ်ရင်း လှုပ်ရှားနယ်မြေဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ ဩဂုတ် ၁၀ရက်က မိုးမိတ်မြို့နယ် အောက်ညောင်နီရွာအနီး တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က MI 35၊ Y12 လေယာဉ်တွေ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
မိုးမိတ်မြို့နယ် ညောင်နီရွာအနီးတိုက်ပွဲအတွင်း စစ်တပ်ကို တိုက်ခိုက်ရာမှာ ရှမ်းတပ် SSPPလည်း ပါဝင်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ SSPP ပြောရေးဆိုခွင့်ရှိသူ အချို့ထံ ဆက်သွယ်ထားပေမဲ့ အဆက်အသွယ်မရသေးပါဘူး။
ကချင်သတင်းရင်းမြစ်တဦးကတော့ “အဲဒီဘက်မှာ တော်လှန်ရေး မဟာမိတ်တပ်တွေ အားလုံးရှိပါတယ်” လို့ ပြောပါတယ်။
မိုးမိတ်ဟာ တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ခဲ့တဲ့မြို့ဖြစ်ပြီး ၂၀၂၅နှစ်ကုန်ပိုင်းက TNLAနဲ့ စစ်တပ်အကြား အပစ်ရပ်စဲရေးသဘောတူညီချက်အရ စစ်တပ်ထံ မြို့ ပြန်လွှဲပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီလို မြို့ကို လွှဲပေးပြီးနောက် ဒေသတွင်းမှာ နဂိုရ်ကတည်းက ရှိနေတဲ့ KIAနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ရှိခဲ့ပေမဲ့ ပြန်ငြိမ်ခဲ့ရာ အခု ဩဂုတ်လမှာ တိုက်ပွဲ ပြန်စတင်ခဲ့တာလည်းဖြစ်ပါတယ်။

👍34❤5🥰5👏3👎1🔥1🥴1
ပြည်သူတွေကို ဗုံးကြဲနေတဲ့ စစ်တပ်ရဲ့ ရဟတ်ယာဥ် အန္တရာယ်ကင်းအောင် ပရိတ်ရေဖြန်းပေးတဲ့ဆရာတော် ဝေဖန်ခံနေရ
သြဂုတ် ၁၃၊ ၂၀၂၆။မေရီ/People's Spring
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှာ ဆရာတော်တစ်ပါးက အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ ရဟတ်ယာဥ်ကို အန္တရာယ်ကင်းအောင် သပြေခက်နဲ့ ပရိတ်ရေ ဖြန်းပေးနေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာလို့ ဝေဖန်ခံနေရပါတယ်။
တိပိဋကတောတိုက်လို့ အမည်ပေးထားတဲ့ Facebook အကောင့်တစ်ခုကနေ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က ဓာတ်ပုံမှတ်တမ်းတစ်ခု တင်ခဲ့ပါတယ်။ အဲဒီဓါတ်ပုံတွေထဲမှာ ဆရာတော်တစ်ပါးက လေတပ်အရာရှိတွေခြံရံပြီး ရဟတ်ယာဥ်အနီးမှာ အောင်သပြေပန်းကို ကိုင်ဆောင်ကာ ရဟတ်ကို သပြေခတ်နဲ့ ဖြန်းနေတာကို တွေ့မြင်ရပါတယ်။ မြန်မာ့ရိုးရာ အယူအဆအရ ရဟတ်ယာဥ်နဲ့ ယာဥ်မောင်းသူတွေ အန္တရာယ်ကင်းအောင် ပရိတ်ရေကို အောင်သပြေပန်းနဲ့ ဖြန်းပက်နေတာလို့ ယူဆရပါတယ်။
ပြည်သူတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရဟတ်ယာဥ်ကို ဘုရားသားတော်တစ်ပါးက အန္တရာယ်ကင်းပရိတ်ရွတ်ကာ ပရိတ်ရေဖြန်းပေးနေတဲ့အပေါ် ပြည်သူတွေက ဝေဖန်ခဲ့ကြပါတယ်။
"ကျေးလက်ဒေသတွေမှာရှိတဲ့ အသက်အိုးအိမ်တွေကို ဝေဟင်ကနေ ပစ်ခတ်ဖျက်ဆီးတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကျေးလက်ဒေသ တောသူတောင်သား လယ်သမားမိဘကမွေးဖွားပြီး ဘုန်းကြီးကျောင်းအပို့ခံခဲ့ရတဲ့ ရွာသားလေးက တောသူတောင်သားလယ်သမားတွေ ပို့ပေးတဲ့ စားဦးစားဖျား ဆွမ်းဟင်းကို စားသောက်ပြီး အကောင်ကြီးလာတဲ့အခါမှာတော့ ပြန်လည်ကျေးဇူးဆပ်တော်မူပါတော့တယ်"ဆိုပြီး လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက ဝေဖန်ခဲ့ပါတယ်။
နောက်ထပ် Post တစ်ခုမှာတော့ အဲဒီနေ့မှာပဲ အမှတ်(၅၂၃) ရဟတ်ယာဥ်အုပ်က အန္တရာယ်ကင်းပရိတ်တရားနာပြီး နေ့ဆွမ်းကပ်ကာ ငွေကျပ် ၃ သိန်း လှူဒါန်းသွားတဲ့အကြောင်း တင်ထားတာတွေ့ရပါတယ်။ လူမှုကွန်ရက်မှာ ဝေဖန်ခံရပြီးနောက်မှာတော့ အဆိုပါ Post နှစ်ခုလုံး ဖျက်သွားခဲ့တာ တွေ့ရပါတယ်။
ပရိတ်ရေဖြန်းပေးနေတဲ့ဆရာတော်ဟာ မှော်ဘီမြို့က တိပိဋကတောတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒန လို့သိရပါတယ်။ ယခင်ကလည်း မှော်ဘီလေတပ်စခန်းက အရာရှိတွေ၊ ရဟတ်ယာဥ်မောင်းနှင်သူတွေဟာ အဲဒီကျောင်းမှာ မကြာခဏ အန္တရာယ်ကင်း ပရိတ်နာတာ၊ ဆွမ်းကပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လက်တလော ရခိုင်၊ မကွေးနဲ့ ရေကြီးရေလျှံဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၆ ဇူလိုင် ၁ ရက်ကနေ ဩဂုတ် ၁၁ ရက်အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၁) ဦးနဲ့ အမျိုးသား (၃၁) ဦး၊ စုစုပေါင်း (၅၂) ဦး သေဆုံးခဲ့ပြီးခြောက်လအရွယ် မိန်းကလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေး (၁၀) ဦး ပါဝင်ကြောင်း သိရပါတယ်။
အဆိုပါကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၂၈) ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

🤮33❤7🖕4👍3💩3🤣3👎1🤬1🥴1
CDF-KKG ရဲဘော် ၂ ဦးနဲ့ အရပ်သား ၁ ဦး လုပ်ကြံသတ်ဖြတ်ခံရ
ဩဂုတ်−၁၃၊၂၀၂၆။ဖိုးသား/People's Spring
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာ ချင်းဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ CDF-KKG ရဲ့ ရဲဘော် ၂ဦးနဲ့ အရပ်သား ၁ဦး လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
အဲဒီဖြစ်စဉ်က တော်လှန်ရေးအစုအဖွဲ့တွေများတဲ့ ဂန့်ဂေါမြို့နယ်မှာ ၅လအတွင်း ၂ကြိမ်မြောက်
လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပါတယ်။
မနေ့က(ဩဂုတ် ၁၂ ရက်)ည ၁၁ နာရီခန့်မှာ ပိတောက်ကုန်းနဲ့ရှုံးရှီကြားတည်ရှိတဲ့ ရာဇမုနိဘုန်းကြီးကျောင်းကုန်းအနီးမှာ ဖြစ်ခဲ့ပြီး သေဆုံးခဲ့ရသူတွေက KKG တပ်ရင်း(၆) ဥက္ကဌ ဘဖြိုး၊ရဲဘော်မဲကြီးနဲ့ ပိတောက်ကုန်းကျေးရွာက စစ်ရှောင်အမျိုးသား ၁ဦးလို့ သိရပါတယ်။
" YDF နဲ့ YDF ခွဲထွက်အမှုတောင် မပြီးသေးဘူး။ဒီလိုဆက်ဖြစ်တာ ဒေသတွင်း လုံး၀အကျည်းတန်တယ်။ဒါကို တာ၀န်ရှိသူတွေနဲ့ အမြန်ဆုံးဖော်ထုတ်ဖို့ နဲ့ လက်နက်နဲ့ ဖြေရှင်းတာတွေကို ရှေ့လျှောက်ထိန်းချုပ်ဖို့ မူဝါဒကောင်းတွေ လိုနေပြီ"လို့ ဂန့်ဂေါမြို့နယ်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
လုပ်ကြံသတ်မှုကို ကျူးလွန်ခဲ့သူတွေက Black Dragon Force ကလို့ ကနဦးသိရပြီး လက်ရှိမှာ ထွက်ပြေးနေတယ်လို့ ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူက အသိပေးပါတယ်။
"မနေ့က နေ့လယ်မှာ ဂန့်ဂေါထဲက ရွာတစ်ရွာကို Black Dragon Force က စည်းရုံးရေးဆင်းတယ်။လက်နက် အပြည့်အစုံနဲ့ဆိုတော့ ဒေသခံတွေက လန့်သွားတယ်။နောက်ပြီး အဲဒီရွာက CDF KKG တပ်ရင်း (၆) ရဲ့နယ်မြေဆိုတော့ ညနေပိုင်းမှာ ဘဖြိုးက ဖုန်းနဲ့ဆက်သွယ်ပြီး နောက်တခါလာရင် လက်နက်တွေနဲ့ မလာဖို့နဲ့ကြိုတင် အကြောင်းကြားဖို့ ပြောတယ်။အဲဒီအချိန်မှာ စကားအခြေအတင်ဖြစ်ပြီး Black Dragon Force က ဘယ်ကိုလာပါဆိုပြီး ချိန်းပြီး စောင့်ပစ်သွားတာမျိုး"လို့ သူက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ Black Dragon Force အဖွဲ့ကို လူထုနွေဦးက သီးခြားဆက်သွယ် မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားတာမရှိသေးပါဘူး။
၂၀၂၆ မတ်လ ၂၂ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ ရေမျက်နီကျေးရွာနဲ့ ညောင်လယ်ကျေးရွာအနီး YDF (ဗဟို)ဘက်က ပစ်ခတ်မှုမှာ YDF ခွဲထွက်အဖွဲ့ စစ်ဒေသမှူး ဗိုလ်ကြီးကောင်းကောင်းနဲ့ တပ်ကြပ် စိုင်းဇော်ဝင်းတို့ ၂ဦး ကျဆုံးခဲ့ပြီး အခြား ၂ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

👎23😢9❤6🤬3👏2👍1🎉1🤮1
ဒဏ်ရာရတပ်ဖွဲ့ဝင်တွေကို KNU မြိတ်ထားဝယ်ခရိုင်က ဂုဏ်ပြုဆုပေး
ဩဂုတ် ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင့်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ် ၁၂ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်မှာ ကျင်းပခဲ့ရာ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကို ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အသိပေးပါတယ်။
မနေ့က ကျရောက်တဲ့ (၇၆) နှစ်ပြည့် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်မှာလည်း ကျင်းပခဲ့တာပါ။
အခမ်းအနားကို KNU မြိတ်ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလို့စိုဝင်းနဲ့ KNLA တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးထော တို့အပါအဝင် KNU အုပ်ချုပ်ရေးနဲ့ စစ်ဘက် တာဝန်ရှိသူတွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။
KNU မြိတ်ထားဝယ်ခရိုင် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား ကလည်း ဒဏ်ရာရ ရဲဘော်တွေကို ဆုပေးအပ်ခဲ့တယ်လို့ ပြောပြပါတယ်။ အရေအတွက် အသေးစိတ် အခြေအနေတွေကိုတော့ အသိပေးတာမျိုးမရှိပါဘူး။
KNLA တပ်မဟာ(၄)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ မြန်မာ-ထိုင်းနယ်စပ်က စစ်ကောင်စီ စခန်းတွေအပါအဝင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်တွေကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၅နဲ့ အခု ၂၀၂၆ အတွင်း စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ရှိသလို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်မှုတွေလည်း ရှိနေပါတယ်။
KNU ဗဟိုကလည်း ထိုင်း-ကော်သူးလေနယ်စပ်တနေရာမှာ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ရာ KNU ဗဟို တာဝန်ရှိသူတွေ KNLA ဗဟိုစစ်ဌာနချုပ်မှ တာဝန်ရှိသူတွေ နဲ့ ဒေသခံ ကရင်တိုင်းရင်းသားများ ပါဝင်တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

👍27❤13🔥1🤮1🖕1
(ကရင့်အမျိုးသားအာဇာနည်နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ဩဂုတ် ၁၂ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်မှာ ကျင်းပနေစဉ်။ ဓာတ်ပုံ − KNU - Mergui-Tavoy District)
👍27🥰8🔥3❤1🤮1🖕1
ဝက်လက်အနောက်ခြမ်းမှာ ရေဘေးကြောင့် လူငယ် ၁ဦး သေဆုံး
ဩဂုတ်၁၃၊၂၀၂၆။ကတ်သရင်း/People's Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဘေးကြောင့် (၁၈)နှစ်အရွယ်လူငယ် ၁ဦး ရေမြော ပါသေဆုံးခဲ့ပြီး ကျေးရွာ ၁၅ရွာ ရေနစ်မြှုပ်နေတယ်လို့ ရွှေပန်းကုန်းတိုက်နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။
ဩဂုတ် ၁၁ ရက်က လှတွေကျေးရွာက (၁၈) နှစ်အရွယ်လူငယ်တွေ ရေကစားရင်း ၁ဦးဟာ ရေနဲ့မျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
"သမားရိုးက ၁ယောက်ကတော့ သူ့ရောဂါနဲ့ ဆုံးတာပါ။ရေဘေးကြောင့် သေဆုံးက ၁ဦးပဲရှိတယ်။ဒါပေမယ့် ရေဘေးဒုက္ခသည်ကတော့ တော်တော်များတယ်"လို့ ရွှေပန်းကုန်းတိုက်နယ်ပအဖတာဝန်ခံက ပြောပါတယ်။
ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ ရေဝင်နေတဲ့ ကျေးရွာ ၁၅ရွာ ရှိပြီး ပြည်သူအားလုံးကို ကယ်ထုတ်ပြီးကာ တရိစ္ဆာန်တွေကို ဆက်လက်ကယ်ထုတ်နေတယ်လို့ ဆိုပါတယ်။
" တပ်ရင်းတွေဦး ဆောင်ပြီး ကယ်ဆယ်ရေးတွေဆက်တိုက်လုပ်နေတယ်။ပထမဆုံးက လူ့အသတ်ဦးစားပေး ပေါ့။အခုကလူကယ်ပြီးတော့ သူတို့ကလည်း တငိုငိုတရယ်ရယ်နဲ့မို့ နွားတွေထုတ်ပေးနေတယ်။မနေ့က အကောင်၁၀၀ကျော်ထုတ်ပြီးပြီ။ဒီနေ့ အကောင် ၁၆၀ လောက်ကျန် သေးလို့ဆက်ထုတ် နေတယ်"လို့ ရွှေပန်းကုန်းတိုက်နယ် ပအဖ တာဝန်ခံက ပြောပါတယ်။
သဖန်းဆိပ်ရေလှောင်တမံက ရေလွှတ်ခဲ့ပြီးတဲ့နောက် မူးမြစ်ရေလျှံခဲ့သလို ဆည်ကျိုးမှု တွေဖြစ်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ ဩဂုတ် ၆ရက်ကတည်းက ရေကြီးနေတာပါ။
ရေဘေးဒဏ်အဆိုးဆုံးရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေဘေးကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOSLHA)က ဩဂုတ် ၁၁ရက်မှာထုတ်ပြန်ပါတယ်။
သဖန်းဆိပ်ဆည်က ရေလွှတ်တာ ၊မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် သဖန်းဆိပ်ဆည်အောက်ဘက် မူးမြစ်ကမ်းတလျှောက်မြို့နယ်တွေမှာ သြဂုတ် ၆ ရက်ကစပြီးရေဘေး ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ရေဘေးကြောင့် သေဆုံးသူအရေအတွက်ဆက်တိုက်တိုးနေရာ NUGရဲ့ သြဂုတ် ၁၁ ရက် စာရင်းတွေအရ ကျွန်းလှမြို့နယ်မှာ ၈ ဦး ၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး ၊ကောလင်းမြို့နယ်မှာ ၃ ဦးသေ ၂ ဦးပျောက်ဆုံး ၊တန့်ဆည်မှာ ၂ ဦး ၊ရွှေဘို မှာ ၁ ဦး ၊ကန့်ဘလူမှာ ၁ ဦး ၊ခင်ဦး ၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း မြို့နယ် ၁၃ မြို့နယ်မှာ ရေကြီးရေလျှံနေပြီး ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိနေပါတယ်။ဒါ့အပြင် ကလေးနဲ့ မြောင်မြို့ နယ်ရှိရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလိုအရေးပေါ် တုံ့ပြန်မှုလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ဆိုပါတယ် ။

😢28❤8👍2🔥2👏2👎1🎉1
ဖောင်းပြင်နဲ့ မော်လိုက်မြို့မှာ စစ်တပ် ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံး
ဩဂုတ်-၁၃ ၊၂၀၂၆။ဇော်၀င်း/People's Spring
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဂျက်ဖိုက်တာ၊ရဟတ်ယာဉ်၊ဂျိုင်ရိုကော်ပတာ တွေနဲ့ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဖောင်းပြင်မြို့ ရွှေဘုန်းပွင့်ဘုရားတောင်ပေါ် အခြေစိုက်ထားတဲ့ စစ်တပ်ကပါ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာတွေကို စစ်တပ်က ဦးတည်တိုက်ခိုက်နေတာကြောင့် မင်းယားကျေးရွာက ပြည်သူ ၃ဦးထိခိုက်ခဲ့ကာ ဩဂုတ် ၁၁ရက်က (၆၇)နှစ်အရွယ် ဒေါ်ခင်လှသေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
"တိုက်ပွဲကြီးကြီးမားမားတော့ မရှိဘူး။ ရေကြောင်းအဆန်တုန်း မော်လိုက်နဲ့ဖောင်းပြင်မှာစစ်သင်္ဘောအုပ်ထဲက တစ်စီးမြုပ်၊တစ်စီးမီးလောင်တော့ အစုန်ကိုကြောက်ပြီး ရမ်းကြဲနေတယ်"လို့ မော်လိုက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ် မှာဘဲ ရှိနေပြီး မြစ်ကမ်းဘေးတလျှောက် ကျေးရွာတွေက ဒေသခံတွေက ရက်ရှည်စစ်ရှောင်နေရတာကြောင့် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရှောင်အရေးကူညီနေသူတစ်ဦးက
ဆိုပါတယ်။
"ဒီနေ့ရောဆိုရင် ၁၇ရက်ရှိပြီအဆင်မပြေတဲ့ စစ်ရှောင်မိသားစုတွေက စားဝတ်နေရေးအတော်ကြပ်နေပြီ"လို့ သူက ပြောပါတယ်။
ကျောက်တင်သင်္ဘော ၅စီး၊တိုက်ခိုက်ရေး ရေယာဉ် ၂စီး၊စစ်သင်္ဘော ၃စီးနဲ့ ၀န်ထမ်းတင်ထားတဲ့ရေယာဉ် ၂စီး အပါအ၀င် စစ်သင်္ဘောအုပ်စုမှာရေယာဉ် ၂၁ စီးရှိတယ်လို့ သိရပါတယ်။
အဲဒီစစ်သင်္ဘောအုပ်စုဟာ ဇူလိုင်လဆန်းမှာ မုံရွာဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့အထိ ဆန်တက်ခဲ့တာဖြစ်ပါတယ်။
ကနီ၊မင်းကင်း၊ ကလေးဝမြို့နယ်တွေကို လေကြောင်းလုံခြုံရေးနဲ့ ဖြတ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်က ဗိုလ်ကြီး ၁ဦး၊ ဗိုလ် ၁ဦးအပါအဝင် ၂၀ကျော်သေဆုံးပြီး ၁၅ဦးဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
ချင်းတွင်းမြစ်ရေ မြင့်တက်ချိန်မှာ အထက်ပိုင်းဒေသတွေကို လက်နက်ခဲယမ်း၊ လူအင်အားနဲ့ စားနပ်ရိက္ခာတွေပို့ဆောင်နေတာပါ။ ဟုမ္မလင်းမြို့မြို့ကနေပြန်စုန်ဆင်းရင်တော့ ဖားကန့်ဒေသထွက် ကျောက်စိမ်းတွေနဲ့ ဟုမ္မလင်း၊ခန္တီးဒေသထွက် သတ္တုတွေပြန်သယ်လေ့ရှိပါတယ်။

🤬28❤7👎3👏1🎉1🖕1
■ဆောင်းပါး
သေနတ် ၁၀ သန်းကြားက ထိုင်းနိုင်ငံ၏ လုံခြုံရေး
- သီဟံ ရေးသားသည်။
အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေ
နတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။
ဒီဖြစ်ရပ်အပြီးမှာဝန်ကြီးချုပ်အနူတင်ချန်ဗီရာကူလ် (Anutin Charnvirakul)က သေနတ်ပိုင်ဆိုင်ခွင့်၊ဝယ်ယူခွင့်နဲ့ သယ်ဆောင်ခွင့် လိုင်
စင်အသစ်တွေ ထုတ်ပေးတာကို ယာယီရပ်
ဆိုင်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။ သေနတ်ထိန်းချုပ်ရေး ဥပဒေသစ်မပြဋ္ဌာန်းမချင်းဒီအစီအစဉ်ကို ဆက်ထားမယ်လို့လည်းအစိုးရဘက်က ပြော
ထားပါတယ်။
ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ကလေးတစ်ဦးရဲ့ လုပ်
ရပ်တစ်ခုတည်း မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ သေနတ်တွေဘယ်လောက်အထိပျံ့နှံ့နေသ
လဲ၊ တရားမဝင်သေနတ်တွေကို
ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ ပိုကြီးမားတဲ့ ပြဿနာကို ဖော်ထုတ်လိုက်တာပါ။
ပြီးခဲ့တဲ့သောကြာနေ့ကအသက်၁၄နှစ်အရွယ် ကလေးတစ်ဦးဟာ သူ့အဘိုးအဘွားနှစ်ဦးကို အိမ်မှာ ပစ်သတ်ပြီးနောက်ကျောင်းမှာ ဆရာ၊ ဆရာမ နဲ့ ဝန်ထမ်းတွေကို ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ဒဏ်ရာရခဲ့တဲ့အသက်၁၂နှစ်အ
ရွယ် မိန်းကလေးတစ်ဦးလည်း နောက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့အဆိုအရ အသုံး
ပြုခဲ့တဲ့ သေနတ်ဟာ သူ့အဘိုးပိုင် သေနတ်ဖြစ်ပါတယ်။
ဒီအချက်ကသေနတ်တွေကိုဘယ်လိုသိမ်း
ဆည်းထားသလဲ၊လူငယ်တွေလက်ထဲမရောက်အောင် ဘယ်လိုကာကွယ်ထားကြသလဲဆိုတာကိုပါ ပြန်ပြီး စဉ်းစားလာရပါတယ်။
ထိုင်းနိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုးက ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်ကလည်း အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးက ဘန်ကောက်ဈေးဝယ်စင်တာမှာ လူနှစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။ အဲဒီနောက် အစိုးရက သေနတ်လိုင်စင်နဲ့ တင်သွင်းမှုတွေကို တင်း
ကျပ်ခဲ့ပေမယ့် ပစ်ခတ်မှုတွေက ဆက်ရှိနေခဲ့ပါတယ်။
အဓိကပြဿနာကတော့ ဥပဒေတင်းကျပ်မှုနဲ့ လက်တွေ့အခြေအနေကြားကကွာဟချက်ပါ။ Small Arms Survey(လက်နက်ငယ်များဆိုင်
ရာ သုတေသနအဖွဲ့)ရဲ့ ၂၀၁၇ ခုနှစ် အချက်
အလက်အရထိုင်းနိုင်ငံမှာအရပ်သားပိုင် သေ
နတ်၁၀သန်းကျော်ရှိပြီး ၄ သန်းကျော်က မှတ်
ပုံတင်ထားခြင်းမရှိတဲ့ သေနတ်တွေ ဖြစ်ပါတယ်။
ဒါကြောင့် လိုင်စင်အသစ်ထုတ်ပေးတာ ရပ်လိုက်ရုံနဲ့ ပြဿနာက ပြီးသွားမှာမဟုတ်ပါဘူး။ရှိပြီးသားတရားမဝင်သေနတ်တွေကို ဘယ်လိုပြန်လည်စုဆောင်းမလဲ၊ အွန်လိုင်းက သေနတ်ရောင်းဝယ်မှုတွေကို ဘယ်လိုတား
ဆီးမလဲ၊ အိမ်တွင်းမှာရှိတဲ့ သေနတ်တွေကို ဘယ်လိုလုံခြုံစွာ သိမ်းဆည်းစေမလဲဆိုတာက ပိုအရေးကြီးလာပါတယ်။
အစိုးရကတော့ တရားမဝင်သေနတ်တွေပြန်အပ်နိုင်ဖို့ သတ်မှတ်ကာလထားပေးဖို့၊ အွန်လိုင်းသေနတ် ရောင်းဝယ်မှုကို တင်းကျပ်စွာ နှိမ်နင်းဖို့ စီစဉ်နေပါတယ်။ ကျောင်းတွေမှာလည်း လုံခြုံရေး စစ်ဆေးမှုတွေ ပိုတင်းကျပ်ဖို့နဲ့ ကျောင်းသားတွေအတွက် စိတ်ကျန်း
မာရေး အထောက်အပံ့တွေ တိုးမြှင့်ဖို့ ပြင်
ဆင်နေပါတယ်။
နွန်ထဘူရီ (Nonthaburi) ဖြစ်ရပ်က သေ
နတ် ၁၀ သန်းကျော် ပျံ့နှံ့နေတဲ့ ထိုင်းနိုင်ငံမှာ ဥပဒေသစ်တွေ ထပ်ထုတ်ဖို့ထက် ရှိပြီးသားဥပဒေတွေကို ထိထိရောက်ရောက် အကောင်
အထည်ဖော်နိုင်ဖို့၊ သေနတ်တွေ ဘယ်လိုလက်လှမ်းမီနေသလဲနဲ့ ပိုင်ရှင်တွေက ကိုယ်
ပိုင်သေနတ်တွေကို ဘယ်လောက်တာဝန်ယူပြီး လုံခြုံစွာ ထိန်းသိမ်းထားသလဲဆိုတာက ပိုအရေးကြီးနေပြီဆိုတာ ပြသနေပါတယ်။
သေနတ်တစ်လက်ကို ပိုင်ဆိုင်ခွင့်ရှိတာနဲ့အတူ အဲဒီသေနတ်အတွက် တာဝန်ယူမှုလည်း ရှိ
ရမှာ ဖြစ်ပါတယ်။ ။
ကိုးကား - The Guardian

👍28❤3🔥1👏1😢1🤮1