အာဏာသိမ်းမြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဇွန်လထိ တစ်နှစ်တာ ကာလအတွင်း ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာမှာ IIMMက အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး IIMMက အဓိက အာရုံအစိုက်ဆုံး အပိုင်းတစ်ခုကတော့ အရပ်သား ပြည်သူတွေအပေါ် ဆက်လက် ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ကြောင်း၊ အဲဒီ တိုက်ခိုက်မှုတွေကို ဘယ်လို အဆင့်ဆင့် အမိန့်ပေး ညွှန်ကြားနေသလဲ ဆိုတာကို စုံစမ်းနေကြောင်း IIMM အကြီးအကဲ နစ်ကိုလက်စ် ခွမ်ဂျီယန်က ပြောကြားခဲ့ပါတယ်။ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေလည်းပဲ တိုက်ခိုက် ခံနေရကြောင်း၊ စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွေကြောင့် ကလေးတွေ ထိခိုက်သေကြေတာတွေလည်း ရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ အချက်အလက် စုဆောင်းတာတွေ၊ ဘယ်လို စစ်လက်နက် အမျိုးအစားတွေ အသုံးပြုသလဲ ဆိုတာကို စုံစမ်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
👍15❤5🔥3
လွိုင်ကော်မြို့နယ်က စစ်ရှောင်စခန်းကို စစ်တပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်၊ စစ်ရှောင် ၂ဦး သေဆုံး
ဩဂုတ်−၁၂၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ရှောင် ၂ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) - CTERက ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုက ဩဂုတ် ၁၁ ရက် ညနေပိုင်းမှာဖြစ်ပွားခဲ့ပြီး စစ်တပ်က စစ်ရှောင်စခန်းကို အသေခံဒရုန်းဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ရှောင် အမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၁ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကလည်း စစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အမျိုးသား ၁ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဖရူဆိုမြို့အနောက်ခြမ်း ဒေါကူလယ်ကျေးရွာကို ဩဂုတ် ၄ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ၂ကြိမ် တိုက်ခိုက်ခံရတာကြောင့် ၆လသားကလေးငယ်အပါအ၀င် စစ်ရှောင်မိသားစု ၅ဦး သေဆုံးခဲ့ရပါသေးတယ်။
စစ်တပ်ရဲ့ လေကြောင်းကနေ ကင်းထောက်လှမ်းမှုနဲ့ တိုက်ခိုက်မှုတွေ ပိုများလာလို့ စာသင်ကျောင်းတချို့ကိုပါ ပိတ်ထားရပါတယ်လို့ CTERက အသိပေးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၃သိန်း၀န်းကျင်ရှိပြီး ၇၀၀ ကျော် သေဆုံးထားပါတယ်။

🤬18👍6❤2👎1👏1
■မေးမြန်းခန်း
"စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီးတရားမျှ
တမှုနဲ့၊ ကျောသားရင်သားမခွဲခြားပဲ နိုင်ငံရေးကတိကဝတ်အတိုင်း တဦးပေါ် တဦးယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အဖွဲ့အစည်းအားလုံးနဲ့ ပြည်သူအားလုံးက ဘုံရည်မှန်း
ချက် တစ်ခုတည်းအောက်မှာ လက်တွဲဆောင်
ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်"
●ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုဆော်ရေးကွန်ယက်(KWAN) ပြောရေးဆိုခွင့်ရှိသူ နော်ထူးထူးနဲ့ မေးမြန်းခန်း
ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုဆော်ရေးကွန်ယက်(Karen Worldwide Advocacy Network)ကို ဖွဲစည်းတည်ထောင်လိုက်ကြောင်း ဩဂုတ် ၅ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။KWAN မှာ ကမ္ဘာတစ်ဝန်းရှိ ကရင်
အသိုင်းအဝိုင်းတွေ၊ မြန်မာနိုင်ငံ၊ ကော်သူးလေနဲ့ နိုင်ငံတကာရှိ ကရင်အရပ်ဘက်အဖွဲ အစည်းတွေ(CSOs)၊ ကရင့်အရေးလှုပ်ရှားဆောင်ရွက်သူများ ပါဝင်ပါတယ်။ ကရင်လူမျိုးများအတွက် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေပိုမိုရအောင်ရယ် ၊ စစ်တပ်ရဲ့ ပြည်သူအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်တာတွေအပေါ် နိုင်ငံ
တကာက အရေးယူဖို့ တိုက်တွန်းတာတွေကို ကွန်ယက်က လုပ်သွားမှာဖြစ်ပါတယ်။ဒါကြောင့် KWAN စည်းရုံးလှုံ့ဆော်ရေးခေါင်း
ဆောင် တဦး ဖြစ်သလို ၊ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ဆရာမ နော်ထူးထူးကို လူထုနွေဦးကဆက်သွယ်မေးမြန်းထားပါတယ်။
-ထားမြတ်/People’s Spring
မေး-ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေးကွန်ယက်KWANဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်
ချက်တွေကို ရှင်းပြပေးပါလား။
ဖြေ-ကရင်ပြည်သူတွေရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ အတင်းအကျပ် နေရပ်စွန့်ခွာရမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်
အတည်းတွေကို နိုင်ငံတကာအဆင့်မှာပိုမိုထိရောက်စွာ တင်ပြဆောင် ရွက်နိုင်ဖို့အတွက် KWAN ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ KWAN ကို ကမ္ဘာတစ်ဝန်းရှိ ကရင်အသိုင်းအဝိုင်းများ၊ မြန်မာနိုင်ငံ၊ ကော်သူးလေနှင့် နိုင်ငံတကာရှိ ကရင်အရပ်ဘက်အဖွဲ့ အစည်းများ(CSOs) နှင့် ကရင့်အရေးလှုပ်ရှားဆောင်ရွက်သူများ ဖြင့် ဖွဲ့စည်းထားပါတယ်။KWAN ဟာ ရှိပြီးသား ကရင်အဖွဲ့အစည်းတွေကို အစားထိုးဖို့မဟုတ်ပဲ နိုင်ငံတကာအဆင့် Advocacy ကိုပူးပေါင်းညှိနှိုင်းပြီး ကျမတို့ညီညွတ်တဲ့အသံတစ်သံတည်းနဲ့ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ ကွန်ရက်တစ်ခု ဖြစ်ပါတယ်။
မေး-ကရင်အမျိုးသားအရေးဆောင်ရွက်သွားမယ်ဆိုတဲ့နေရာမှာ ကရင်လက်နက်ကိုင်တပ်တွေနဲ့ဘယ် လိုချိတ်ဆက်သွားမလဲ။ ကရင်မှာက အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ KNU အဖွဲ့ရှိသလို စစ်တပ်လက်အောက်ခံ BGFတို့စစ်တပ်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ DKBA တို့ PC တို့လိုအဖွဲ့တွေရှိနေတာဆိုတော့လေ။
ဖြေ-KWAN ဟာ လက်နက်ကိုင်အဖွဲ့ မဟုတ်ဘဲ နိုင်ငံတကာ Advocacy ကွန်ရက်ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ ကိုယ်စားမပြုပါဘူး။ ကရင်ပြည်သူတွေရဲ့ အကျိုးစီးပွား၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေကို အခြေခံပြီး သက်ဆိုင်ရာ ကရင်အဖွဲ့အစည်းတွေနဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး-အဖွဲ့များစွာရှိနေတဲ့ ကရင်လက်နက်ကိုင်တွေရဲ့ ရပ်တည်ချက်တွေအပေါ် ဘယ်လိုရှုမြင်ပါသလဲ။ ကရင်လူထုအရေးကို အမှန်တကယ်ဆောင်ရွက်တဲ့ အဖွဲ့တွေလို့ မြင်ပါသလား ဘာတွေအကြံပြုလိုပါသလဲ။
ဖြေ-KWAN အနေနဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းစီကိုအကဲဖြတ်ဖို့ထက်ကရင်ပြည်သူတွေ
ရဲ့အကျိုးစီးပွားကိုအဓိကထားပါတယ်။ဘယ်
အဖွဲ့မဆို ကရင်ပြည်သူတွေရဲ့ အခွင့်အရေး၊ လုံခြုံရေးနဲ့ အနာဂတ်အတွက် တာဝန်ယူ
ဆောင်ရွက်ပြီး အချင်းချင်းပူးပေါင်းဆောင်
ရွက်နိုင်ဖို့ လိုအပ်ပါတယ်။ ကျမတို့ရဲ့ မျှော်
လင့်ချက်ကတော့ ကရင်အမျိုးသားအကျိုး
စီးပွားကို ရှေ့တန်းတင်ပြီး ညီညွတ်မှုကို အား
ကောင်းစေဖို့ပဲ ဖြစ်ပါတယ်။
မေး-၂၀၂၁ စစ်တပ်အာဏာမသိမ်းခင်က
တည်းက ကရင်ပြည်သူတွေဟာစစ်ဘေးဒုက္ခကို ဆယ်စုနှစ်နဲ့ချီပြီးကာလရှည်ကြာစွာ ခံစားခဲ့ကြရသလို အာဏာသိမ်းပြီးနောက်ပိုင်းမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ တသန်းကျော်အထိ ရှိလာတာတွေ့ရပါတယ်။ဒီအခြေအနေမှာလူသားချင်းစာနမှု အခက်အခဲတွေ ဘယ်
လို ရင်ဆိုင်နေရလဲ။ ဒီလောက်ကြီးမားတဲ့ အရေအတွက်ထိ ဖြစ်လာရတဲ့ပြသာနာ ဇစ်
မြစ်က ဘာကြောင့်ဆိုတာ ရှင်းပြပေးပါလား။
ဖြေ-ကရင်ဒေသမှာ စစ်ဘေးဒုက္ခဟာ ၂၀၂၁ မတိုင်ခင်ကတည်းကဆယ်စုနှစ်များစွာ ဆက်
တိုက်ရှိနေခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်
ခတ်မှုနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ ပိုမိုပြင်းထန်လာတာကြောင့် ပြည်သူ ၁ သန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။လက်ရှိမှာအစားအစာ၊ဆေးဝါး၊ ပညာ
ရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ အခက်
အခဲတွေကို အပြင်းအထန် ရင်ဆိုင်နေရပြီး နိုင်ငံတကာအကူအညီတွေကလည်း လိုအပ်သလောက်မရောက်ရှိသေးတာဟာအကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီတွေကတော့ စစ်ဒဏ်ခံရတဲ့နယ်မြေတွေကို လူသားချင်းစာနာထောက်ထားမှုအ

👍16😁2🤮1
ကူအညီတွေ အချိန်နဲ့တပြေးညီမရောက်အောင်နည်းမျိုးစုံနှောင့်ယှက်ဟန့်တား ဖမ်း
ဆီးတာတွေကိုလုပ်နေတာတွေ အကူအညီပေးတဲ့ humanitarian workers တွေကိုရော ဖမ်းစီးနှိပ်စက်သက်ဖြတ်တာတွေကိုလုပ်နေတာ သတင်းမီဒီယာမှာတွေ့ရမှာပါ။
မေး-တဖက်မှာလည်း နယ်စပ်ဒေသအပါ
အဝင် မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ကျားဖြန့်တွေ နဲ့ပတ်သက်ပြီး နာမည်
ဆိုးနဲ့ ထွက်နေတဲ့ အခြေအနေအပေါ် ဘယ်လိုခံစားရလဲ။ဒီလုပ်ငန်းတွေရဲ့လက်သည်တရား
ခံတွေက ဘယ်သူတွေဖြစ်မလဲ။ ဒါတွေအမှန်တကယ်တိုက်ဖျက်နိုင်ဖို့ ဘယ်လိုအခြေအနေတွေလိုအပ်လဲ။ KWAN အနေနဲ့ရော ဘာတွေဆောင်ရွက်သွားဖို့ရှိမလဲ။
ဖြေ-ဒီလိုနာမည်ဆိုးနဲ့ ကျော်ကြားလာတာဟာ ကရင်ပြည်သူတွေအတွက် အလွန်ဝမ်းနည်းစရာပါ။ အွန်လိုင်းလိမ်လည်မှုနဲ့ မူးယစ်ဆေး
ဝါးပြဿနာတွေဟာ လက်နက်ကိုင်ပဋိပက္ခ၊ ဥပဒေစိုးမိုးမှုအားနည်းခြင်းနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေကြောင့် ပိုမိုရှုပ်ထွေးလာတာ ဖြစ်ပါတယ်။ ဒီပြဿနာမျိုးအစချီလာတဲ့ အကြောင်းရင်းကိုလဲ ကျမတို့ပြန်လေ့လာရပါလိမ့်မယ်။ ပြီးရင်အမှန်တကယ်ဖြေရှင်းနိုင်ဖို့အတွက်ဒေသတွင်းမှာရှိနေတဲ့ အာဏာပိုင်တွေနဲ့ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဥပဒေစိုးမိုးမှုနဲ့ တာ
ဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ လိုအပ်ပါတယ်။ KWAN အနေနဲ့တော့ ဒီပြ
ဿနာတွေကို နိုင်ငံတကာအဆင့်မှာတင်ပြပြီး တာဝန်ခံမှုရှိလာအောင်ရယ်ထိရောက်တဲ့ပူး
ပေါင်းဆောင်ရွက်မှုတွေပေါ်ပေါက်လာအောင်
Advocacy တိုက်တွန်းလှုံ့ဆော်သွားမှာပါ။ မြန်မာစစ်တပ်ရှိနေသရွေ့ ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများ ပိုမိုဖြစ်
ပွားနေဦးမှာ ဖြစ်တယ်လို့မြင်ပါတယ်။ ဒါကြောင့် မြန်မာစစ်အာဏာရှင်အပေါ် နိုင်ငံ
တကာအသိုင်းအဝိုင်းကအရေးယူဆောင်ရွက်
မှုများ ပြုလုပ်လာဖို့ကို မြင်တွေ့ရဖို့ အလွန်အရေးကြီးပါတယ်။
မေး-စစ်အုပ်စုဟာ ကာလရှည်ကြာစွာ ပြည်သူတွေကို သတ်ဖြတ်မှုတွေ စစ်ရာဇဝတ်မှုတွေအများကြီးကျူးလွန်ခဲ့ပေမဲ့ ပြစ်ဒဏ်ကင်း
လွတ်ခွင့်ရနေတဲ့ အခြေအနေအပေါ် နိုင်ငံ
တကာကို ဘာသတင်းစကား ပြောလိုလဲ။ အထူးသဖြင့် အိမ်နီးချင်း၊ တရုတ်နဲ့ ထိုင်း၊ အိန္ဒိယ နိုင်ငံတွေကိုရော ဘာတိုက်တွန်းလိုလဲ။ အဲဒီလို အရေးယူမခံရတဲ့အပြင် အခုဆိုရင် အာဏာသိမ်းစစ်တပ်ကို အိမ်နီးချင်းတွေက ထိတွေ့ဆက်ဆံမှုတွေတိုးလုပ်လာတဲ့အပေါ် ဘယ်လိုမြင်လဲ။ အာဏာသိမ်းစစ်တပ်ကို တရားဝင် အသိအမှတ်ပြုလိုက်ခြင်းရဲ့ နောက်ဆက်တွဲက ဘာတွေဖြစ်လာနိုင်သလဲ။ သွေးစွန်းလက်ကို လက်စွဲနှုတ်ဆက်နေကြတဲ့အပေါ် ဘယ်လိုသတင်းစကားပါးလိုလဲ။
ဖြေ-အိမ်နီးချင်းနိုင်ငံများကအာဏာသိမ်းစစ်
တပ်နှင့် ထိတွေ့ဆက်ဆံမှု တိုးလာခြင်းဟာ
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ထက် စစ်တပ်ရဲ့ တရားဝင်မှုကို မြှင့်တင်ပေးနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ တရားဝင်အသိအမှတ်
ပြုမှုတွေ တိုးလာရင် နိုင်ငံရေးအဖြေရှာရေးနဲ့ တာဝန်ခံမှုရှိစေရေး ကြိုးပမ်းချက်တွေ ပိုမိုခက်ခဲလာနိုင်ပါတယ်။ မြန်မာပြည်သူ တွေရဲ့ အသံ၊ လူ့အခွင့်အရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးကို ဦးစားပေးပြီးတာဝန်ယူမှုရှိတဲ့ထိတွေ့ဆက်
ဆံမှုတွေကို နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
မေး-KWAN ကလည်း စစ်တပ်ကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာက အရေးယူလာစေဖို့ ကြိုးပမ်းမယ်လို့အသိပေးထားပါတယ်။ဘယ်လိုလုပ်သွားဖို့ရှိပါသလဲ။
ဖြေ-KWANအနေနဲ့တော့စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာနဲ့ပတ်သက်တဲ့အထောက်အထားတွေကို စုစည်းတင်ပြပြီး နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂနဲ့ သက်
ဆိုင်ရာ လူ့အခွင့်အရေးယန္တရားတွေဆီ ဆက်
လက်တင်ပြသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူ/ခံမှုရှိလာစေဖို့၊ ပစ်မှတ်ထား အရေးယူမှုတွေနဲ့ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်နိုင်ငံတ
ကာအဆင့်မှာ Advocacy ကို အားကောင်းကောင်း နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး-စစ်အာဏာရှင်စနစ်အဆုံးသတ်ပြီး ပိုကောင်းတဲ့ နိုင်ငံရဲ့အပြောင်းအလဲတွေ ဖော်ဆောင်နိုင်ဖို့ ကရင်လက်နက်ကိုင်၊ ကရင်လူထုတွေ အပါအဝင် တော်လှန်ပြည်သူတွေ အဖွဲ့အစည်းတွေကို ဘာတိုက်တွန်းလိုလဲ။
ဖြေ-ကျမတို့ရဲ့အကြီးမားဆုံး တိုက်တွန်းချက်ကတော့ ကရင်ပြည်သူတွေရဲ့အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး ညီညွတ်မှု၊ အပြန်အလှန်လေးစားမှု၊မြင်သာထင်သာတဲ့ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေဖို့ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး တရားမျှတမှုနဲ့၊ ကျောသားရင်သားမခွဲခြားပဲ နိုင်ငံရေးကတိကဝတ်အတိုင်း တဦးပေါ် တဦးယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် အဖွဲ့အစည်းအားလုံးနဲ့ ပြည်သူအားလုံးက ဘုံရည်မှန်းချက် တစ်ခုတည်းအောက်မှာ လက်
တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။
လူထုနွေဦး -ကျေးဇူးတင်ပါတယ်။ ။

👍26❤2😁2🤮1
ရန်ကုန်မှာဝမ်းရောဂါဖြစ်ပွားသူဆက်တိုက်တိုးနေ၊ကာလဝမ်းရောဂါပိုးတွေ့လူနာတွေရှိ
■မြို့တွင်းမြို့နယ်ကလမ်းဘေးအစားအသောက်ရောင်းတဲ့ဆိုင်တွေကို ပိတ်ခိုင်း
သြဂုတ်-၁၂၊၂၀၂၆။တာရာ၊ရောင်နီ/People's
Spding
ရန်ကုန်ဆေးရုံကြီးမှာ သြဂုတ် ၁၂ ရက်အထိဝမ်းပျက်ဝမ်းရောဂါကြောင့် ဆေးကုသမှုခံယူနေရသူ (၂၀၀) ဝန်းကျင်ရှိပြီး ကာလဝမ်းရောဂါပိုးတွေ့ရှိသူ တွေလည်းရှိတယ် လို့ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ လူမှုရေးအသင်း
အဖွဲ့က တာဝန်ရှိသူအချို့ကပြောပါတယ် ။
ဝမ်းရောဂါပိုးကို လသာမြို့နယ်မှာစတွေ့ရှိခဲ့တာဖြစ်ပြီး ပန်းပဲတန်း၊ လမ်းမတော်၊ ပုဇွန်တောင်၊လှိုင်သာယာ၊တောင်ဒဂုံ၊
ဒဂုံ(ဆိပ်ကမ်း) ၊ဒလ၊ သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် အခြားမြို့နယ်တွေမှာလည်း
ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။
"အခုလက်ရှိdown town ကအဖြစ်များတယ်။ဆေးရုံကြီးမှာလည်း တခြားသူတွေကူးမှာစိုးလို့ ပြင်ပလူနာဌာစပိတ်ပြီ ။ဆေးရုံကြီးအပြင်စံပြဆေးရုံ၊ မြောက်ဥက္ကလာ၊ပုဂ္ဂလိကဆေးရုံတွေမှာလည်း ဝမ်းရောဂါလူနာတွေကိုကုပေးနေရတယ်" လို့ ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ်။
ဝမ်းရောဂါ ဖြစ်ပွားတဲ့လူနာအရေအတွက် များပြီး ကာလဝမ်းရောဂါဖြစ်သူ ပြင်းထန်လူနာတွေလည်းရှိတယ်လို့သူကဆက်ပြောပါတယ် ။ဒါပေမယ့်ဝမ်းရောဂါဖြစ်လို့ဆေးရုံတက်ရောက်ကုသနေရသူ အရေအတွက်ကိုမပြောပါဘူး ။
ဝမ်းရောဂါဖြစ်ပွားနေတဲ့ မြို့နယ်တခုမှ လူမှူကူညီရေးအသင်းတာဝန်ရှိသူတဦးကတော့
"နှစ်ရာကျော်လောက်ရှိတယ်လို့ သိရပါတယ်။ ကိုဗစ်တုန်းကလုပ်ခဲ့တဲ့ tent (အရေးပေါ်တဲ) အပြည့်နဲ့ ဆေးကုသဆောင်တွေမှာလည်း ထားတယ်လို့ သိရပါတယ်"လို့ သြဂုတ် ၁၂ ရက်ညမှာပြောပါတယ်။
ဝမ်းရောဂါဖြစ်ပွားသူတွေကိုဆေးကုသဖို့ကူညီပေးနေတဲ့အခြားလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးကလည်း ကာလဝမ်းရော
ဂါပိုးတွေ့ရှိသူ ၉၀ ကျော်ရှိတယ်လို့အသိပေးထားပါတယ်။
ဝမ်းရောဂါစဖြစ်တဲ့လသာမြို့နယ် နဲ့ အခြားမြို့နယ်တွေကိုပိုးသတ်ဆေးတွေဖြန်းနေတယ်လို့သိရပါတယ် ။ဒါအပြင် ရန်ကုန်မြို့တွင်းမြို့နယ်တွေက လမ်းဘေး အစားအသောက်ရောင်းတဲ့သူတွေကို ဆေးစစ်ဖို့ စီစဥ်နေတယ်လို့ ဆရာဝန်တဦးကဆိုပါတယ် ။
"လောလောဆယ်တော့ မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါလို့ သတ်မှတ်ထားတယ်။ဒါပေမယ့်ဓာတ်ခွဲခန်းကိုနမူနာပေးပို့ပြီး စစ်တော့ ကာလဝမ်းရောဂါပိုး စတွေ့တယ်။ သူတို့ကိုသီးသန့်ခွဲထားပြီးကုသပေးနေတယ်။ စိုးရိမ်စရာအခြေအနေတော့မရှိသေးပါဘူး" လို့ ကျန်းမာရေးဝန်ထမ်းတဦး
ကပြောပါတယ်။
ဝမ်းရောဂါကူးစက်တာဟာ မြို့တွင်းမြို့နယ်အချို့ကလမ်းဘေး အစားအစာရောင်းတဲ့ဆိုင်တွေက အစားအသောက်နဲ့ အဲဒီအစားအသောက်တွေကို အိမ်အရောက်ပို့မှာစားတာတွေကကူးစက်မှုများတာလို့ ကျန်းမာရေးဝန်ထမ်းတဦးကပြောပါတယ် ။
ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားတဲ့ မြို့နယ်တွေက လမ်းဘေးမှာအစားအသောက်ရောင်းတဲ့ဆိုင်တွေကို တစ်ပါတ်ခန့် ပိတ်ရမယ်လို့ စစ်တပ်လက်အောက်ခံစည်ပင်ကညွှန်ကြားထားပါတယ်။
"တစ်ပါတ်ပိတ်ရမယ်လို့ပြောတယ်။ ပြန်ဖွင့်ရင်လည်း ဆိုင်ကိုသန့်သန့်ရှင်းရှင်းနဲ့ဖွင့်ရမယ်ပေါ့။ ကိုယ်တွေလည်းသန့်သန့်ရှင်းရှင်းရောင်း
ချတာပါ။ သူတို့ကရောဂါကိုအကြောင်းပြပြီး ဆိုင်တွေကိုရက်ရှည်ပိတ်ရဦးမယ်။ စျေးရောင်းမှစားရမှာ။ ဆိုင်ရက်ရှည်ပိတ်တော့ ကိုယ်တွေလည်းအဆင်မပြေဘူး" လို့ စျေးသည်တဦးကပြောပါတယ်။

🔥20😢10❤3👎2😁1
လက်ရှိရေကြီးရေလျှံဒေသဟာ တော်လှန်ရေးအားကောင်းတဲ့ဒေသဖြစ်တာကြောင့် အာဏာသိမ်းစစ်တပ်ဟာ ကန့်ဘလူက ရေဘေးသင့်ပျူတွေကို ၁၅ သိန်းလှူတာကလွဲပြီး ကူညီကယ်ဆယ်ရေး ဘာတစ်ခုမှ လုပ်တာ မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ပျူရွာကိုတော့ စစ်ကောင်စီက Y12နဲ့ ရိက္ခာချပေးတာရှိပါတယ်”လို့ ရွှေဘိုပကဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ရေဘေးသင့်အညာကို မကူရုံံမက အနှောင့်အယှက်ပေးတဲ့ လုပ်ရပ်ကိုပါ လုပ်လာပါပြီ။ အဲဒါကတော့ ရွှေဘိုမြို့ကနေ ရေဘေးသွားကူညီမယ့်သူတွေကို ရွှေဘိုခရိုင်ရဲမှူးက ခြိမ်းခြောက်နေတာပါ။ “ရွှေဘိုခရိုင်ရဲမင်းကြီးက မြို့ထဲကနေ ရေဘေး သွားကူမယ့်သူတွေကို အကြမ်းဖက်အားပေးမှုမြောက်တာဖြစ်တဲ့ အတွက် နေအိမ်တွေ ချိတ်ပိတ်မယ်ဆိုပြီး ချိန်းခြောက်ထားတယ်လို့ သိရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အဲဒီလို ခြိမ်းခြောက်မှုတွေကြောင့် ရေဘေးသင့်အညာဒေသမှာ ကူညီကယ်ဆယ်ရေးတွေ ဘာတစ်ခုမှရောက်မလာဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ ဘယ်လိုပဲ တားဆီးပိတ်ပင်မှုတွေ ရှိပေမဲ့ လှူမယ်ဆိုရင် လူမသိသူမသိ လှူလို့ရတဲ့နည်းတွေ အများကြီးရှိနေတယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။
“ဒုက္ခရောက်တဲ့သူ ကူညီကြေးဆိုအညာလောက် ဒုက္ခရောက်တာမရှိဘူး။ မီးဘေးလည်းသင့်တယ်။ စစ်ဘေးလည်းသင့်တယ်။ အခု ရေဘေးလည်းသင့်လိုက်တာပဲ။ ဒုက္ခတွေတခုပြီးတခုရောက်နေတာ”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒါအပြင် စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်အကောင့်တွေက အညာရေကြီးပြီး ဒုက္ခရောက်ကြတာ ၊ကူညီသူမရှိတာဟာ PDF တွေကြောင့်ဆိုပြီး အမုန်းစကားတွေကိုလူမှုကွန်ယက်မှာ ၊သတင်းဌာနတွေကဖော်ပြတဲ့စစ်ကိုင်းရေဘေးသတင်းတွေအောက်မှာ မှတ်ချက်တွေ ရေးသားဖြန့်ဝေနေကြတာကိုလည်းတွေ့ရပါတယ် ။ရေဘေးကူညီသူတွေကို PDF တွေကဖမ်းဆီးတာ ၊ဒုက္ခပေးတာလုပ်လိမ့်မယ် ဆိုပြီး သတင်းအမှားတွေဖြန့်ချီနေကြတာလည်းရှိပါတယ် ။တကယ်တော့ ဒီနေ့ အထိရေဘေးအတွက် လှူဒါန်းလိုသူတွေကို တော်လှန်ရေးတပ်တွေက ကူညီပေးမယ့်လို့ထုတ်ပြန်ထားတာရှိပြီး တော်လှန်ရေးတပ်တွေက နှောင့်ယှက်တာမရှိပါဘူး။ စစ်တပ်ကသာ ရေဘေးသွားလှူသူတွေကို ဖမ်းဆီးထောင်ချမယ်လို့ ခြိမ်းခြောက်နေတာဖြစ်ပါတယ်။
အဆိုးဆုံးလုပ်ရပ်ကတော့ ရေဘေးသင့်နေတဲ့ ခင်ဦးမြို့နယ်ကိုအာဏာသိမ်းစစ်တပ်ကသြဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီခွဲခန့်မှာ ဂျက်
ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာပါ။
ခင်ဦးမြို့နယ်၊ ကွမ်းတိုင်းကျေးရွာက စျေး
ဆိုင်ဖွင့်ထားတဲ့ နေအိမ်တစ်အိမ်ကို အာဏာ
သိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိတိ လေကြောင်းတိုက်ခိုက်သွားကြောင်း
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

🤬32👎4❤3👍1🤮1🖕1