ပိုမိုကြီးမားတဲ့ စုစည်းမှုအားနဲ့ စစ်ကောင်စီပြုတ်ကျတဲ့အထိ လုပ်ဆောင်မယ်၊ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူပြော
ဩဂုတ် ၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။
တဖက်မှာ အာဏာသိမ်း စစ်ကောင်စီက ဒေသအချို့မှာ ထိုးစစ်ဆင်နေမှု အခြေအနေများရှိနေသလို SCEF ဘက်ကလည်း စစ်ရေးပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ မဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီးဆလိုင်းထက်နီကို People’s Spring ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆက်သွယ်မေးမြန်းခဲ့ရာ အခုလိုရှင်းပြတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ လူ့အသက်တွေ စတေးပြီး စစ်ရေးလုပ်ဆောင်နေတာဖြစ်လို့ ရန်သူ့ရဲ့ လှုပ်ရှားမှုအပေါ် အခြေခံပြီး SCEF ရဲ့ရှိပြီး မူဝါဒ ရပ်တည်ချက်အတိုင်း စစ်ရေးလှုပ်ရှားမှုတွေ ပြန်လုပ်ဖို့ အစီအမံတွေ လုပ်ဆောင်ဖို့ရှိတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
“ကျနော်တို့ကတော့ လူထုအားနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေ ပြည်သူဘက်က ရပ်တည်တဲ့ဟာဆိုတော့ ကျနော်တို့က နဂိုရ်ဦးတည်ချက်အတိုင်းပဲ ရှေ့ဆက်ပြီးတော့ စစ်ကောင်စီကို ဖြုတ်ချဖို့အတွက်ဆက်လုပ်သွားဖို့ရှိပါတယ်။ အဓိကကတော့ ပြည်သူတွေ ကိုယ့်ဘက်ကရပ်တည်ဖို့ပါပဲ” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
SCEF အနေနဲ့ ရည်မှန်းချက် ယုံကြည်ချက်၊ ခံယူချက်တွေအတွက် ပြည်သူနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးတွဲဆောင်ရွက်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေရဲ့လုပ်ရပ်ဟာ စစ်ကောင်စီ စစ်အုပ်ချုပ်ရေး ရေရှည်ရပ်တည်ဖို့ ပံ့ပိုးနေတဲ့ လုပ်ဆောင်မှု ဖြစ်လို့ အဲဒီလုပ်ရပ်တွေအပေါ်အမြဲတမ်း ရှုတ်ချကြောင်း ဆလိုင်းထက်နီက ပြောပါတယ်။
“အခုအချိန်က မနှောင်းသေးပါဘူး။ SCEFနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပြန်ပူးပေါင်းပြီးတော့ ကျနော်တို့နဲ့လက်တွဲလုပ်ဆောင်စေချင်တယ်လို့ တိုက်တွန်းလိုတယ်။” လို့လည်း ဆလိုင်းထက်နီက ပြောပါတယ်။
SCEF ဟာ ၅နှစ်တာ နွေဦးတော်လှန်ရေးရဲ့ အားနည်းချက်အားသာချက်တွေကို သုံးသပ်ပြီးတော့မှ ဖွဲ့စည်းခဲ့တာဖြစ်ကြောင်း ထပ်လောင်းအသိပေးပါတယ်။
“SCEFက အလကားပေါ်လာတာမဟုတ်ဘူး။ အဲဒါကြောင့် ဒီနွေဦးတော်လှန်ရေး မှာ ပိုမိုကြီးမားတဲ့ စုစည်းမှုအားနဲ့ ကျနော်တို့က ဆက်လက်ပြီးတော့ တွန်းလှန်ပြီးတော့ စစ်ကောင်စီပြုတ်ကျတဲ့အထိ ဆက်လက်ရပ်တည်သွားဖို့ပဲရှိပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
လက်ရှိမှာ SCEF ရဲ့ စစ်ရေးဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် တော်လှန်ရေးတပ်တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) အဖွဲ့တွေက စစ်ရေးဆိုင်ရာ ခေါင်းဆောင်တွေက ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ်တာဝန်ယူထားပါတယ်။ အဲဒီ SCEF ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီကို SCEF အဖွဲ့ဝင် ၆ခုအနက် တပ်ဖွဲ့မရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)မှ အပ ကျန်အဖွဲ့တွေဖြစ်တဲ့ KNU၊ KIO၊ NUG၊ CNF၊ KNPP တို့မှ စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
SCEF အနေနဲ့ စစ်ရေးဖော်ဆောင်ရာမှာ မူဝါဒတခုတည်း မဟာဗျူဟာတ ခုတည်းနဲ့စစ်ရေးဖော်ဆောင်မှာ ဖြစ်သလို မိတ်ဖက်တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။

🥰29❤13👍11🤣2👏1🖕1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(သြဂုတ် ၁၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️ရန်ကုန်မှာ ဝမ်းရောဂါဖြစ်ပြီး အရေးပေါ်ကုသမှုခံနေရသူတွေ ရှိလာ
ရန်ကုန်မြို့ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသူတွေ ဆယ်နဲ့ ချီရှိနေပြီး ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေရတယ်လို့ ကျန်းမာရေးဝန်ထမ်းတချို့က ပြောပါတယ်။ သြဂုတ်(၁၁)ရက် မနေ့က လသာမြို့နယ်က ဝမ်းပျက်ဝမ်းလျှောလူနာတွေ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ရောက်ရှိလာပြီး ကုသမှုတွေ လုပ်ထားပေးရတယ်လို့ ဆိုပါတယ်။ မနေ့က ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမှာ ဝမ်းပျက်ဝမ်းလျှောလူနာ ၃၉ ဦး စောင့်ကြည့်လူနာဌာနမှာ တက်ရောက်ကုသနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ ဒါပေမဲ့ စစ်တပ်လက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနကတော့ ရန်ကုန်တိုင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူ ၉ ဦးပဲ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အရေအတွက်ဟာ သတင်းထွက်ပေါ်နေတာနဲ့များစွာ ကွာဟနေပါတယ်။ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးရောက်တဲ့ လူနာတွေ ဆက်တိုးနေတယ်လို့ စုံစမ်းသိရပါတယ်။ အခု ဆေးရုံမှာ တက်ရောက်ကုသမှုခံယူသူတွေ စိုးရိမ်စရာမရှိပေမယ့် ဝမ်းပျက်ဝမ်းလျောလူနာ(၁၀)ဦးထက်မနည်းရှိလာတဲ့အတွက် ပြင်းထန် ဝမ်းပျက်၊ဝမ်းလျှောရောဂါ မဖြစ်အောင် မသန့်ရှင်းတဲ့ရေ၊နဲ့ အစားအသောက်တွေ မစားကြဖို့ အဲဒီဆရာဝန်က ဆက်ပြောပါတယ်။ လသာ၊ လမ်းမတော်အပြင် အခြားမြို့နယ်တွေက ဝမ်းပျက်ဝမ်းလျှောလူနာတွေလည်း ရန်ကုန်ဆေးရုံကြီးမှာ ရှိနေပါတယ်။
◾️ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ဖို့စည်းလုံးညီညွတ်ရမယ်လို့ KNU ဥက္ကဋ္ဌပြော
တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် လူမျိုးစုတော်လှန်ရေးအဖွဲ့တွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး ပူးပေါင်းရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။ ဒီနေ့ ဩဂုတ် ၁၂ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက်ကရင်အမျိုးသားအာဇာနည်နေ့မှာ ပြောကြားတဲ့မိန့်ခွန်းထဲ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောခဲ့တာပါ။ စစ်အာဏာရှင်အုပ်စုဟာ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားအတွက်သာ အာရုံစိုက်လုပ်ဆောင်နေတာကြောင့် စစ်အာဏာရှင်အုပ်ချုပ်မှုမကုန်ဆုံးသရွေ့ နိုင်ငံဟာ ငြိမ်းချမ်းရေးမရနိုင်သလို ဖွံ့ဖြိုးတိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူးလို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။ လက်ရှိမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ဟာ လူမျိုးစုတွေနဲ့ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေအကြား အပြန်အလှန်နားလည်မှုရှိလာစေဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်နေတယ််လို့ ပဒိုစောကွယ်ထူးဝင်းက အသိပေးပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲကလည်း တော်လှန်ရေးမှာ အဓိကအင်အားက လူထုဖြစ်တာကြောင့် လူထုရဲ့ချစ်ခင်လေးစားမှုကို ရရှိဖို့ လိုအပ်ပြီး လူထုဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။ မပြီးဆုံးသေးတဲ့ တော်လှန်ရေးလုပ်ငန်းတွေကို ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံး၊ ရဲရင့်ပြတ်သားစွာ ဆက်လက်လုပ်ဆောင်ကြရမှာဖြစ်တယ်လို့ ဒုဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ဆိုပါတယ်။
◾️စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ကူညီနေသူတွေ ရပ်တန့်ကြဖို့ KIO ပြော
စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ပူးပေါင်းကူညီနေသူတွေ ရပ်တန့်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးထားကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ မနေ့က ဩဂုတ် ၁၁ရက်မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ အခမ်းအနားကို KIO ဌာနချုပ် လိုင်ဇာမှာ ကျင်းပခဲ့ရာ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ မိန့်ခွန်းကို ဗမာဘာသာနဲ့ ပြန်လည်ရှင်းလင်းခဲ့တာပါ။ ကချင်အာဇာနည်နေ့အခမ်းအနားကို ကချင်နဲ့ မြန်မာ နှစ်ဘာသာနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး KIO/KIA ခေါင်းဆောင်တွေဝန်ထမ်းတွေအပြင် မဟာမိတ်တွေ တက်ရောက်ခဲ့ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ကောင်စီဝင်တွေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တာဝန်ရှိသူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး SCEF ရဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးတို့ တက်ရောက်ခဲ့ပါတယ်။
◾️ပိုမိုကြီးမားတဲ့ စုစည်းမှုအားနဲ့ စစ်ကောင်စီပြုတ်ကျတဲ့အထိ လုပ်ဆောင်မယ်လို့ SCEF တာဝန်ရှိသူပြော

👍15🔥2
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုးပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။ တဖက်မှာ အာဏာသိမ်း စစ်ကောင်စီက ဒေသအချို့မှာ ထိုးစစ်ဆင်နေမှု အခြေအနေများရှိနေသလို SCEF ဘက်ကလည်း စစ်ရေးပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ မဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီးဆလိုင်းထက်နီကို ရှင်းပြတာပါ။ စစ်ကောင်စီဟာ လူ့အသက်တွေ စတေးပြီး စစ်ရေးလုပ်ဆောင်နေတာဖြစ်လို့ ရန်သူ့ရဲ့ လှုပ်ရှားမှုအပေါ် အခြေခံပြီး SCEF ရဲ့ရှိပြီး မူဝါဒ ရပ်တည်ချက်အတိုင်း စစ်ရေးလှုပ်ရှားမှုတွေ ပြန်လုပ်ဖို့ အစီအမံတွေ လုပ်ဆောင်ဖို့ရှိတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။ SCEF အနေနဲ့ ရည်မှန်းချက် ယုံကြည်ချက်၊ ခံယူချက်တွေအတွက် ပြည်သူနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးတွဲဆောင်ရွက်နေတဲ့သူတွေ၊ အဖွဲ့အစည်းတွေရဲ့လုပ်ရပ်ဟာ စစ်ကောင်စီ စစ်အုပ်ချုပ်ရေး ရေရှည်ရပ်တည်ဖို့ ပံ့ပိုးနေတဲ့ လုပ်ဆောင်မှု ဖြစ်လို့ အဲဒီလုပ်ရပ်တွေအပေါ်အမြဲတမ်း ရှုတ်ချကြောင်း ဆလိုင်းထက်နီက ပြောပါတယ်။
◾️ရွှေဘိုမှာ ရေဘေးသင့်ကိုယ်ဝန်ဆောင်ကို လှေနဲ့ကယ်ထုတ်ပြီး မွေးဖွားပေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ရေဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တော်လှန်ရေးရဲဘော်တွေက လှေနဲ့ကယ်ထုတ်ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။ သြဂုတ် ၉ ရက်က ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသတစ်ခုက ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရရဲ့ ရွှေဘိုမြို့နယ် ပအဖ အဖွဲ့ဝင်တွေနဲ့၊ လူသားစာနာတာဝန်ခံတို့က လှေနဲ့ကယ်ထုတ်ကာ ကလေးမွေးဖွားပေးပြီး လှည်းနဲ့ ဘေးလွတ်ရာ နေရာကို ပို့ပေးနိုင်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြပါတယ်။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ရွှေဘို ပအဖ အဖွဲ့ဝင်တွေ၊ လူသားစာနာတာဝန်ခံတို့အနေနဲ့ နောက်ထပ် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကယ်တင်ဖို့ကြိုးစားနေကြသလို အခြားမြို့နယ်တွေမှာလည်း လူသားစာနာကူညီမှုတွေ ကြိုးစားဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေဘိုမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးဟာ ပိုးထိတာကို မသိဘဲ ကယ်ဆယ်ရေးလုပ်နေစဉ်မှာ ရေစီးထဲမျောပါ ကျဆုံးခဲ့ရကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့−ပကဖရဲ့ တာဝန်ရှိသူက ပြောပါတယ်။ သြဂုတ် ၁၀ရက်က ရွှေဘိုမြိုနယ်အနောက်ခြမ်းက ရေဘေးသင့်ဒေသတစ်ခုမှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ရဲဘော်တစ်ဦး ရေထဲမျောပါသွားခဲ့ပြီး နောက်တရက်မှာ ရဲဘော်ကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီရဲဘော်ရဲ့ခန္ဓာကိုယ်မှာ ပိုးထိထားတဲ့ဒဏ်ရာ တွေ့ရှိခဲ့ရကြောင်း ရွှေဘိုပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
◾️မိုးမိတ်မြို့အနီးကို စစ်တပ် နှစ်ရက်ဆက် ဗုံးကြဲ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးမှာ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲကာ လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။ မိုးမိတ်မြို့နဲ့ ၂မိုင်ခန့်အကွာ ညောင်နီရွာမှာ ဩဂုတ် ၁၁ရက် မနေ့ နေ့လယ်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားနေတာပါ။ စစ်တပ်တိုက်လေယာဥ်က ဒီနေ့ မနက်ပိုင်း ၁၀နာရီဝန်းကျင်မှာ ဗုံးလာကြဲခဲ့ပြီး တိုက်ပွဲ ပိုပြင်းထန်လာလို့ အနီးဝန်းကျင်က ဒေသခံတွေပါ တိမ်းရှောင်ရတော့မယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒီနေ့ သြဂုတ် ၁၂ ရက် မနက်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးသုံးလုံးကြဲချပြီး နောက်ထပ် ဂျက်ဖိုက်တာရော၊ ရဟတ်ယာဉ်ပါ ပျံသန်းနေတယ်လို့ သိရပါတယ်။ ဒီတကြိမ်ဖြစ်တဲ့ တိုက်ပွဲဟာ မိုးမိတ်မြို့အနီးမှာ တပ်စွဲထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)စခန်းကို တိုက်ခိုက်ဖို့နဲ့ မတိုက်ရင် ဖယ်ပေးဖို့ စစ်တပ်က ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)ကို ဖိအားပေးတာကနေ စတင်တာလို့ ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ စစ်တပ်က စတင်ပစ်ခတ်တာဖြစ်ပြီး တိုက်ပွဲဟာ KIA နဲ့ရော SSPP/SSA နဲ့ပါ ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းမြစ်တွေက ပြောပါတယ်။
◾️ရခိုင်နဲ့ ချင်းမှာ စစ်တပ်တိုက်ခိုက်မှုကြောင့် ၁၁ ရက်အတွင်း အရပ်သား ၁၉ ဦးသေဆုံး၊၂၆ ဦး ဒဏ်ရာရ

❤11👍6🔥3
ရခိုင်နဲ့ ချင်းပြည်နယ် ပလက်၀မြို့တို့မှာ ဩဂုတ် ပထမ ၁၁ ရက်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၁၉ ဦး သေဆုံးပြီး ၂၆ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ဒီနေ့ ထုတ်ပြန်ပါတယ်။ HDCO က မှတ်တမ်းတင်ထားတဲ့ဖြစ်စဉ်တွေဟာ ရခိုင်ပြည်နယ်က သံတွဲ၊ အမ်း၊ မြောက်ဦး၊ ချင်းပြည်နယ်က ပလက်၀ မြို့နယ်တို့ရှိ အရပ်သား နေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုအပြင် ရသေ့တောင်မြို့နယ် နံ့သာကျွန်းမှာ ငါးဖမ်းနေတဲ့စစ်ရှောင်တွေ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီလို စစ်တပ်ရဲ့ တိုက်ခိုက်တွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်၊ သေဆုံးရတဲ့အပြင် ဘာသာရေးအဆောက်အဦးတွေနဲ့ အရပ်ဘက်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
◾️တီမောသမ္မတဖိတ်ကြားလို့ မာရသွန်ပြိုင်ပွဲအတွက် အားကစားအဖွဲ့ NUG စေလွှတ်
တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြန်မာအားကစားအဖွဲ့ သွားရောက်ယှဥ်ပြိုင်ခဲ့တယ်လို့ ဒီနေ့ သြဂုတ် ၁၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ သြဂုတ် ၈ ရက်က ကျင်းပခဲ့တဲ့ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို NUG က ကိုယ်စားလှယ်အဖွဲ့ဝင် ၃ ဦးကို စေလွှတ်ခဲ့ပြီး အဲဒီအဖွဲ့ဝင်တွေက ၂၁.၁ ကီလိုမီတာ အကွာအဝေး မာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ကျန်းမာရေး၊ ချစ်ကြည်ရင်းနှီးမှု၊ ဒေသတွင်း သွေးစည်းညီညွတ်မှု၊ အားကစားနဲ့ သံတမန်ရေးရာတို့ကို မြှင့်တင်ဖို့ ရည်ရွယ်ကျင်းပတဲ့အတွက် အဲဒီပြိုင်ပွဲကို ပါဝင်ခဲ့တာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
◾️စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓါးနဲ့ထိုး
မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။ သြဂုတ် ၁၁ ရက် မနေ့ ညပိုင်း ၇ နာရီဝန်းကျင်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၇လမ်းနဲ့၂၈ လမ်းကြားမှာ နေထိုင်တဲ့ အကွက်မှူးတာဝန်ထမ်းဆောင်တဲ့ (၆၃)နှစ်အရွယ်နိုင်ဝင်းဟာ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေချိန် ဓားနဲ့ အထိုးခံရတယ်လို့ ဆိုပါတယ်။ စစ်မှုထမ်းအပတ်စဉ်(၂)က ပြန်လာသူက နိုင်ဝင်းကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့ကြောင်း စစ်ကောင်စီထောက်ခံ တယ်လီဂရန်ချန်နယ်တွေက ဖော်ပြပါတယ်။ အဲဒီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ရာအိမ်မှူးကို လက်ဖက်ရည်ဆိုင်ထဲအထိ ဝင်ထိုးသွားပြီး ရာအိမ်မှူးကတော့ မန္တလေးဆေးရုံကြီးမှာလို့ ပြောပါတယ်။ ဓါးနဲ့ထိုးသွားတဲ့ စစ်မှုထမ်းပြန်ကို သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၈)ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ ဘာကြောင့်ထိုးရတယ်ဆိုတာ မသိရသေးပေမယ့် စစ်မှုထမ်းထည့်ခံရလို့ ပြန်ထွက်လာချိန် ရာအိမ်မှူးကို လက်တုံ့ပြန်တာဖြစ်နိုင်ကြောင်း ဒေသခံအချို့က ခန့်မှန်းပါတယ်။
◾️အရပ်သား ၄ဦးသတ်ဖြတ်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်ရဲ့လုပ်ရပ် KHRW ကန့်ကွက်ရှုတ်ချ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နောင်းမီကျေးရွာက အရပ်သား ပြည်သူ ၄ဦးကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။ ဩဂုတ် ၈ရက်ညနေပိုင်းက လီဒိုလမ်း ရှဒူးဇွပ် အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူစစ်တပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပြည်သူ့စစ်တပ်ဖွဲ့က ဩဂုတ် ၉ရက်မှာ လီဒိုလမ်း နောင်းမီရွာက အရပ်သားတွေကို သတ်ဖြတ်မှု ကျူးလွန်ခဲ့တာလို့ဆိုပါတယ်။ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က သတ်ဖြတ်ခဲ့တဲ့ဒေသခံတွေဟာ အသက် ၁၈နှစ်ကနေ ၂၅ကြားရှိ လူငယ်တွေဖြစ်တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။
◾️ထီးလင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူးရုပ်အလောင်း ထပ်တွေ့
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူးရုပ်အလောင်းတွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ တိုက်ခိုက်ခံရလို့ အထိနာနေတဲ့ စစ်တပ်စစ်ကြောင်းကလည်း တပြင်းကျေးရွာက အင်အားအပြင် ကျောက်ထုအမြောက်တပ်က တပ်သားတွေနဲ့ ပန်းဆန်ရွာမှာ စုဖွဲ့ပြီး ထီးလင်းမြို့နယ်က စစ်ကြောင်းကို အင်အားဖြည့်ဖို့ ဒီနေ့ ဩဂုတ် ၁၂ ရက်မှာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ ထီးလင်မြို့နဲ့ ၁၀ ခန့်အကွာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေအောင်သာရွာကို ပြန်လည်စိုးမိုးဖို့ ဖြစ်တယ်လို့ သိရပါတယ်။
◾️စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေဆဲလို့ IIMM ဖော်ပြ

👍18❤2🔥2
အာဏာသိမ်းမြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဇွန်လထိ တစ်နှစ်တာ ကာလအတွင်း ဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားတဲ့ အစီရင်ခံစာမှာ IIMMက အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး IIMMက အဓိက အာရုံအစိုက်ဆုံး အပိုင်းတစ်ခုကတော့ အရပ်သား ပြည်သူတွေအပေါ် ဆက်လက် ပစ်မှတ်ထားနေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ကြောင်း၊ အဲဒီ တိုက်ခိုက်မှုတွေကို ဘယ်လို အဆင့်ဆင့် အမိန့်ပေး ညွှန်ကြားနေသလဲ ဆိုတာကို စုံစမ်းနေကြောင်း IIMM အကြီးအကဲ နစ်ကိုလက်စ် ခွမ်ဂျီယန်က ပြောကြားခဲ့ပါတယ်။ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေလည်းပဲ တိုက်ခိုက် ခံနေရကြောင်း၊ စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွေကြောင့် ကလေးတွေ ထိခိုက်သေကြေတာတွေလည်း ရှိခဲ့ကြောင်း၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ အချက်အလက် စုဆောင်းတာတွေ၊ ဘယ်လို စစ်လက်နက် အမျိုးအစားတွေ အသုံးပြုသလဲ ဆိုတာကို စုံစမ်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
👍13❤5🔥3
လွိုင်ကော်မြို့နယ်က စစ်ရှောင်စခန်းကို စစ်တပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်၊ စစ်ရှောင် ၂ဦး သေဆုံး
ဩဂုတ်−၁၂၊၂၀၂၆။ဇော်၀င်း/People's Spring
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စစ်ရှောင် ၂ ဦး သေဆုံးခဲ့တယ်လို့ အရေးပေါ်ကူညီကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ကရင်နီ) - CTERက ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုက ဩဂုတ် ၁၁ ရက် ညနေပိုင်းမှာဖြစ်ပွားခဲ့ပြီး စစ်တပ်က စစ်ရှောင်စခန်းကို အသေခံဒရုန်းဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ရှောင် အမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၁ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်ကလည်း စစ်တပ်က ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား အမျိုးသား ၁ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဖရူဆိုမြို့အနောက်ခြမ်း ဒေါကူလယ်ကျေးရွာကို ဩဂုတ် ၄ ရက် ညပိုင်းမှာ ဒရုန်းနဲ့ ၂ကြိမ် တိုက်ခိုက်ခံရတာကြောင့် ၆လသားကလေးငယ်အပါအ၀င် စစ်ရှောင်မိသားစု ၅ဦး သေဆုံးခဲ့ရပါသေးတယ်။
စစ်တပ်ရဲ့ လေကြောင်းကနေ ကင်းထောက်လှမ်းမှုနဲ့ တိုက်ခိုက်မှုတွေ ပိုများလာလို့ စာသင်ကျောင်းတချို့ကိုပါ ပိတ်ထားရပါတယ်လို့ CTERက အသိပေးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၃သိန်း၀န်းကျင်ရှိပြီး ၇၀၀ ကျော် သေဆုံးထားပါတယ်။

🤬15👍6❤2👎1👏1