People's Spring
60.6K subscribers
69.7K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🔥23👍135🤣1
ပခုက္ကူနဲ့ မြိုင်နယ်မှာ စစ်ဘေးရှောင်များလာပြီး စားနပ်ရိက္ခာနဲ့ သောက်ရေ အရေးပေါ် လိုအပ်နေ

​ဇွန်-၃၀၊ ၂၀၂၆ ဟာနာဆန်/People's Spring

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

​လက်ရှိမှာ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူဦးရေ စုစုပေါင်း ၂ သောင်းခန့်အထိ ရှိလာနေကြောင်း သိရပါတယ်။

ပခုက္ကူမြို့နယ်မှာဆိုရင် မြစ်ခြေမြို့နဲ့ ကမ္မမြို့က တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရပြီး မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ မြိုင်စက်မှုဇုန် (၁) အနီးဝန်းကျင်ရှိ ရွာများအားလုံးအပါအဝင် ကျေးရွာ ၁၅ ရွာခန့် တိမ်းရှောင်နေရကြောင်း ကမ်းလက်များအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

""လိုအပ်တာက စားနပ်ရိက္ခာပါပဲ။ မီးရှို့ခံရတဲ့ ပြည်သူတွေအတွက်ကတော့ လိုအပ်ချက်ကအများကြီးပဲ။ သူတို့အတွက်ဆိုရင်တော့ ဘက်စုံသုံး ငွေကြေးထောက်ပံ့ပေးနိုင်ရင်ကောင်းပါတယ်။ မြိုင်ဘက်ဆိုရင်တော့ သောက်ရေပါလိုအပ်ပါတယ်။တောတိုက်တွေထဲရှောင်ကြတာဆိုတော့။"လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

ကမ်းလက်များအဖွဲ့အနေနဲ့ စစ်ရှောင်တွေကို လက်လှမ်းမှီသမျှ လှူဒါန်းနေပြီး မနေ့က ဇွန် ၂၉ ရက်မှာ ပခုက္ကူမြို့နယ် နယ်မြေ ၁ နဲ့ ၂ အတွင်းက စစ်ဘေးရှောင်နေရာ တစ်နေရာကို အိမ်ထောင်စု ၈၈ဦးစာအတွက် ဆန်နဲ့ဆီကို အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

မြစ်ခြေမြို့ဟာ ပြီးခဲ့တဲ့မေလကုန် ဇွန်လဆန်းမှာပဲ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး မီးရှို့လို့ အိမ်ခြေ (၁,၀၀၀) နီးပါး ပြာကျပျက်စီးခဲ့ရပြီး ပြည်သူ (၄၀) ကျော်လည်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
👍21😢157🤮1🤣1💔1
(စစ်ရှောင်များအား ဆန်နဲ့ဆီ လှူဒါန်းနေစဥ် ဓာတ်ပုံ-ကမ်းလက်များ)
👍46🔥3🥰3😢32🤣2
ပဲခူးတိုင်းအနောက်ခြမ်း တစ်လတာတိုက်ပွဲအတွင်းစစ်သား ၂၅ ဦးထက်မနည်းသေဆုံး

​ဇွန်-၃၀၊၂၀၂၆။ဒလပန်း/People's Spring

ပဲခူးတိုင်းအနောက်ခြမ်း၊ပဲခူးတိုင်းစစ်ဌာန၊ အမှတ်(၂၁)ဗျူဟာနယ်မြေမှာ ဇွန်လတစ်လတာတိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၂၅ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ အမှတ်(၂၁)
ဗျူဟာပြည်ခရိုင် တပ်ရင်း (၂)က ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။

ဇွန်လ၂ရက်နေ့ နံနက် ၅ နာရီအချိန်မှာ မကွေး
တိုင်း၊ သရက်ခရိုင်၊အောင်လံမြို့နယ်၊ ရွှေပန်း
တောတိုက်နယ်၊ ရွှေပန်းတောကျေးရွာ ကစစ်သားအင်အား(၃၅)ဦးရှိတဲ့နတ်မှောက်ဂိတ်စခန်းကို သရက်ခရိုင်အမှတ်(၂)တပ်ရင်းက (၁၄၀၄)စစ်ဆင်ရေးအဖြစ် ပြည်ခရိုင်၊ တပ်
ရင်း(၂)နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

“၂ ရက်နေ့ဖြစ်တဲ့ ရွှေပန်းတော တိုက်ပွဲက
တော့ ဗျူဟာ ၂၁ ရဲ့ ဧရိယာတော့မဟုတ်ဘူး မကွေးတိုင်း သရက်ခရိုင်တပ်ရင်း၂ရဲ့ဧရိယာဖြစ်တယ်။ အဲ့ဒီမှာ ပူးပေါင်းသွားပြီး စစ်ဆင်
ရေးမှာပါဝင်တာ။ အဲ့ဒီမှာ စစ်ကောင်စီဘက်က ၁၇ ဦးသေတယ် “ ပြည်ခရိုင်တပ်ရင်း (၂)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star ကပြောပါတယ်။

တိုက်ပွဲကြာချိန် (၁)နာရီကျော်ရှိခဲ့ပြီး စခန်းအတွင်း စစ်တပ်ဘက်က ဗိုလ်(၁)ဦးနဲ့တပ်
သား(၁)ဦးသာကျန်ရှိချိန် ကပစ(၁၅)ကနေ (၁၀၅)မမ ဟောင်ဝစ်ဇာ(၉)လုံးပစ်ကူပေးခဲ့သလိုကပစ(၁၉)ဘက်ခြမ်းကလဲ စစ်ကူအင်
အား(၃၀)ဦးခန့် ပို့ဆောင်ခဲ့ပါတယ်။

စစ်ကူပို့ခဲ့တဲ့ စစ်တပ်တပ်ဖွဲ့ဝင်တွေ့နဲ့ တော်
လှန်ရေးရဲဘော်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သလိုစခန်းသိမ်းတိုက်ခိုက်မှုကနေလည်းပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ တော်လှန်ရေးရဲဘော်တွေဆီကသိရပါတယ်။

အဲ့ဒီ (၁၄၀၄)စစ်ဆင်ရေး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် (၁၇)ဦးနီးပါးသေ
ဆုံးခဲ့သလို ကင်းထောက်ဒရုန်း(၁)စီး ပစ်ချနိုင်ခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ခရိုင် တပ်
ရင်း (၂)က ထုတ်ပြန်ပါတယ်။

ဇွန်လ၂၃ရက်မှာလည်းပဲခူးတိုင်း၊ပြည်ခရိုင်
၊ပေါက်ခေါင်းမြို့နယ် ဘော်ဒါထိုင်စခန်းကနေ တပ်အင်အားချိန်းပြီး တောင်လည်ကျေးရွာ အထိုင်စခန်းဘက်ကို ပြန်လည်ဆုတ်ခွါလာတဲ့ခန့်မှန်းအင်အား(၇၀)ခန့်ပါ စစ်တပ် စစ်
ကြောင်းနဲ့ပြည်ခရိုင်အမှတ်(၂)တပ်ရင်း၊ တပ်ရင်းစစ်ကြောင်း၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၃)တို့ ပေါက်ခေါင်းမြို့နယ်၊ ငါးရွေးအိုင်ကျေးရွာနဲ့ကိုးခွကျေးရွာအကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့ပြီး ပြည်ခရိုင်အမှတ်(၂)တပ်ရင်းကရဲဘော်(၁)ဦး ထိခိုဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ပွဲအပြီးတော်လှန်ရေးတပ်တွေဘက်ကနယ်မြေရှင်းလင်းခဲ့ရာမှာစစ်တပ်တပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးအလောင်းတွေ တွေ့ရှိခဲ့ပြီး သေဆုံးဦးရေ(၅)ဦးနဲ့ ထိခိုက်ဒဏ်ရာရဦး
ရေ(၃)ဦးရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

ဒါအပြင် စစ်တပ်စစ်ကြောင်းက ထွက်ခွာလာရာ လမ်းကြောင်းတလျှောက် ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တဲ့ ပြည်သူတွေထဲက အမျိုးသား
(၂)ဦးကိုသတ်ဖြတ်တာတွေလုပ်ဆောင်ခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်မှာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာ တောင်လည်တာဝါတိုင်စခန်းကနေ ပေါက်ခေါင်းမြို့ဘက်ခြမ်းကိုထွက်ခွါလာတဲ့ အင်အား(၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို ပေါက်ခေါင်းမြို့နယ်၊ အရှေ့ကြို့ကုန်းကျေးရွာနဲ့မုံညင်းကွင်း(အရပ်
ခေါ်ဒေသ)အနောက်မှာ ပြည်ခရိုင်အမှတ်(၂)
တပ်ရင်း၊ တပ်ခွဲ(၄)၊ ရွှေတောင်မြို့နယ်(ပက
ဖ)တိုက်ခိုက်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါအပြင်ညနေ ၃ အချိန်ခန့်မှာလည်း ပေါက်
ခေါင်းမြို့ဘက်ကနေ တောင်လည်ကျေးရွာ တောင်လည်တာဝါတိုင်စခန်း ဘက်ခြမ်းကိုထွက်ခွါလာတဲ့ အင်အား(၄၀)ခန့်ပါ စစ်တပ်
စစ်ကြောင်းကို ပေါက်ခေါင်းမြို့နယ်၊ မုံညင်းကွင်း(အရပ်ခေါ်ဒေသ)အနောက်မှာ ပြည်ခရိုင်အမှတ်(၂)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်ခွဲ
(၄)၊ ရွှေတောင်မြို့နယ်(ပကဖ) တိုက်ခိုက်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်တပ်ဖွဲ့ဝင်ထိခိုက်၊ သေဆုံးတာတွေရှိခဲ့ပြီး သေဆုံးဦးရေ(၃)ဦးခန့်နဲ့ထိခိုက်ဦးရေ(၂)ဦးခန့်ရှိပြီ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း (၂)က ထုတ်ပြန်ထားပါတယ်။

လက်ရှိအနေအထားမှာတော့ စစ်တပ်က အင်
အားဖြည့်တင်းတာတချို့ရှိတယ်လို့ ပြည်ခရိုင် တပ်ရင်း (၂)ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star ကပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဗျူဟာ ၂၁ လက်
အောက်ခံ တပ်ရင်း ၂ ဖြစ်တယ်။တပ်ရင်း ၂ ရဲ့ ဧရိယာမှာဆိုရင်တော့ တိုက်ပွဲအတွင်းဖမ်းဆီးရမိတာမရှိပါဘူး။အခုလောလော
ဆယ် စစ်ကောင်စီကတော့ အင်အားဖြည့်တင်းထားတာတချို့ရှိသလိုစောင့်ကြည့်အနေထားတွေရှိပါတယ်“လို့ပြောပါတယ်။

ပြည်သူလူထုအနေနဲ့ လေကြောင်း၊လက်
နက်ကြီး အန္တရာယ် အထူးဂရုပြု နေထိုင်ကြဖို့၊စစ်တပ်နဲ့ပတ်သက်ဆက်နွယ်တဲ့ နေရာတွေကိုသွားရောက်တာတွေမပြုဖို့ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
32👍13🥰2👏2🤣2🖕1

27👍14👏4🥰2🤣2💩1🖕1
မြေမြှပ်ခဲ့တဲ့စစ်သားအ​လောင်းတ​လောင်းကို​တွေ့ရစဥ်။ဓါတ်ပုံ-PDF Pyay-P23602)
21👍16🔥2🤣2👻2🥰1😁1🫡1
ကပစ-၁၂က စစ်တပ်စစ်ကြောင်း မင်းတုန်းမြို့နယ် ဦးတည်နေ

ဇွန် -၃၀ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊သရက်မြို့နယ် အခြေစိုက် အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က စစ်တပ်စစ်ကြောင်းဟာ မင်းတုန်းမြို့နယ်ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(ဇွန် ၃၀ ရက်)မနက်ပိုင်းကစပြီး သရက်-မင်းတုန်းလမ်းပိုင်းကို စစ်တပ်က လုံခြုံရေးယူကာ ကပစ(၁၂)ကနေ ကားတွေနဲ့ မင်းတုန်းမြို့ဘက်ကို ထွက်လာတယ်လို့ ဆိုပါတယ်။

"လမ်းပိုင်းလုံခြုံရေးက အင်အား ၂၀၀ လောက်ရှိတယ်။တပ်စုတွေနဲ့ လမ်းပိုင်းမှာ ခပ်စိပ်စိပ်နေရာယူထားတယ်။နောက်ပြီး ကပစ(၁၂)ထဲကနေ ကားတွေက ၂စီးထွက်လာလိုက်၊ ၃စီးထွက်လာလိုက် အဲဒီလို အခြေအနေရှိတယ်"လို့ သရက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်တလော စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့်လည်း သရက်-မင်းတုန်းလမ်းပိုင်းတလျှောက်နဲ့ အနီးဆုံး ဒေသတွေက ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့ သရက်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက တိုက်တွန်းပါတယ်။

"မင်းတုန်းဘက် ရခိုင်ရိုးခြေကိုပဲ အင်အားထပ်ဖြည့်တာလို့ ယူဆရတယ်။ဒီတခေါက် အင်အားလည်း များမယ့် သဘောပဲ။ကား ၁၀စီးလောက်ဆိုတော့ အနည်းဆုံး ၅၀၀ လောက်ပါနိုင်တယ်"လို့ သရက်မြို့နယ် ကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမဆီ ထိုးစစ်ဆင်ဖို့ အခု ဇွန်လဆန်းပိုင်းကတည်းက ကြိုးစားနေတာဖြစ်ပါတယ်။

သရက်မြို့အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ်( ၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေက အင်အား ၁၀၀၀ ကျော်ကို အသုံးပြုထားပါတယ်။

ဒါပေမယ့် ထိခိုက်သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရတာတွေကြောင့် စစ်တပ်စစ်ကြောင်းက ရခိုင်ရိုးမအခြေက ကျေးရွာတွေဘက်ကို ပြန်ဆုတ်ခဲ့ရတာလို့ သိရပါတယ်။

"စစ်ကြောင်းထိုးခဲ့တဲ့ တပ်တွေက လက်ရှိမှာ ပြောင်း၊ထန်းပင်ကုန်း၊ဖြူကန်ကျေးရွာ နဲ့ ကျွဲဒွန်ကျေးရွာတွေမှာ ပြန်တပ်စွဲထားတယ်။တိုက်ပွဲက တော့လက်ရှိ မဖြစ်ဘူး။စစ်တပ်ဘက်ကတော့ လက်နက် ကြီးနဲ့ပစ်တာ လေကြောင်းကနေ ဗုံးကြဲတာရှိတယ်။လေကြောင်းကနေ ဆိုရင် ၂၁ ရက်နေ့က နေ ၂၅ ရက် အထိ ဂျက်ဖိုက်တာ၊Y 12 တွေပါ အသုံးပြုခဲ့တယ်"လို့ သရက်ခရိုင် အမှတ် (၄)တပ်ရင်း တာ၀န်ရှိသူက လွန်ခဲ့တဲ့ နှစ်ရက်က ပြောထားပါတယ်။

စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု‌တွေအရ မေလ နောက်ဆုံးပတ်နဲ့ ဇွန်လ ၃ ရက်က မင်းတုန်းမြို့နယ်တိုက်ပွဲတွေနဲ့ သရက်ခရိုင်အတွင်းမှာ စစ်တပ်ရဲ့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်း ၁၈ဦး ဖမ်းမိခဲ့ပါတယ်။

မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာဖြစ်ပါတယ်။
👍28👎43🔥3👏1🎉1🤣1
(အာဏာသိမ်းစစ်တပ်က စစ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)
👍17👎14💩3🔥2🖕2👏1🤯1🤣1🫡1
မုံရွာပလဖ စခန်းကို PDF တပ်ရင်း​တွေစီးနင်း၊
ပလဖတပ်ဖွဲ့ဝင်အချို့ ကျဆုံး

ဇွန်-၃၀၊၂၀၂၆။စိုင်းနောင်/People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) စခန်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းပစ်ခတ်လို့ ပလဖအဖွဲ့ဝင်အချို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

မုံရွာမြို့နယ်ပလဖစခန်းကို မုံရွာခရိုင်တပ်ရင်း (၄) ၊(၂၂)၊ (၂၃)၊ (၂၅) နဲ့ (၂၈) တို့ကဇွန်
လ၂၉ရက်ညနေသုံးနာရီခန့်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။မုံရွာခရိုင် တပ်ရင်း (၄)၊( ၂၂) ၊
(၂၃) ၊ (၂၅) ၊(၂၈) တို့ ကို 5+ တပ်ရင်းလို့ ​လည်း​ခေါ်ကြပြီး တပ်ရင်း ငါးခု​ပေါင်းထားတာလို့သိရပါတယ် ။

"ဘာကြောင့်လဲတော့တိတိကျကျမသိရသေးဘူး။ခရိုင်ရင်းတွေပေါင်းပြီး ဝင်စီးတာ။ ပလဖတာဝန်ခံ အားကူအပါအဝင် သုံးဦး ကနေ ငါးဦးသေဆုံးတယ်လို့ မနေ့က ကြားရပေမယ့် ဒီမနက်နောက်ဆုံးရတဲ့သတင်းကတော့ အားကူ ဒဏ်ရာရတာလို့ပဲသိရတယ်"လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

အခြားသတင်းရင်းမြစ်တဦးက အားကူအပါအဝင် ပလဖ တပ်ဖွဲ့ဝင်အချို့နဲ့ စီးနင်း
ချိန်အနီးမှာရှိ​​နေတဲ့ ပြည်သူ ၂ ဦးပါ​သေဆုံးခဲ့တယ်လို့ ​ပြောပါတယ် ။ဖြစ်စဉ်ကို အတည်ပြုနိုင်ဖို့ လူထု​နွေဦးက စုံစမ်း​နေဆဲဖြစ်ပါတယ်။

"ဘာပဲဖြစ်ဖြစ် စနစ်တကျဖြေရှင်းစေချင်တာပါ။ ပွင့်လင်းမြင်သာမှုရှိရှိသတင်းတွေထုတ်ပြန်မှုလည်းလိုတယ်"လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

အားကူဟာ ၂၀၂၃ သြဂုတ်လက မုံရွာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်မှုမှာ ကျူးလွန်သူတွေကိုဖမ်းဆီးစစ်ဆေးတာကို လူမှုကွန်ရက်ပေါ်မှာ Live လွှင့်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရဖူးပါတယ်။

ပြည်သူ့လုံခြုံရေးအဖွဲ့ဟာအမျိုးသားညီညွတ်
ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီး
ကြပ်ရေးဝန်ကြီးဌာန(MOHAI)လက်အောက်မှာရှိပါတယ်။ လက်ရှိအခြေအနေတွေနဲ့ပတ်
သက်လို့ MOD ရော MOHAI ကပါ သတင်း
မထုတ်ပြန်သေးပါဘူး။မုံရွာမြို့နယ်ပလဖကိုလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

"ဒီကိစ္စကို စစ်ရုံးချုပ်က ကိုင်တွယ်နေပါပြီ။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးအရေးယူမှုတွေ လုပ်သွားမှာဖြစ်ပါတယ်။အဆင့်ဆင့်သော စစ်ဌာနတွေရဲ့ညွှန်ကြားချက်နဲ့ လုပ်ဆောင်တာမ
ဟုတ်ဘူးလို့ ကနဦးသိထားပါတယ်" လို့ NUG ဝန်ကြီးချုပ်ရုံး ​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်က ​ပြောပါတယ် ။

အခုရက်ပိုင်းအတွင်း​တော်လှန်​ရေးတပ်ဖွဲ့ကြား လက်နက်ကိုင်​အင်အားသုံးဖြေရှင်း​နေမှု​တွေအ​ပေါ် ပြည်သူအများစုက ​ဝေဖန်​နေကြပါတယ်။ ဒါ့အပြင် အခုလိုဖြစ်ရပ်​တွေက ​နွေဦး​တော်လှန်​ရေးတစ်စုံလုံးအ​ပေါ်ထိခိုက်မှာကိုလည်းပြည်သူ​တွေက စိုးရိမ်​နေကြပါတယ်။

●ပြင်ဆင်ချက် -ကနဦး​ဖော်ပြတဲ့သတင်းမှာမုံရွာပလဖ ကို စီးနင်းတဲ့ PDF တပ်ရင်း​တွေထဲမှာမုံရွာခရိုင်တပ်ရင်း(၂၄)ပါဝင်တယ်လို့မှား
ယွင်း​ဖော်ပြခဲ့ပါတယ်။ အဖြစ်မှန်မှာ မုံရွာခရိုင်တပ်ရင်း (၂၄) မပါဝင်​ကြောင်း ပြင်ဆင်သိမှတ်​ပေးပါရန် ။

■မှတ်ချက်-သတင်းကို ဇွန် ၃၀ မွန်းလွဲ ၂နာရီ ၁၈ မိနစ်မှာထပ်မံပြင်ဆင်ဖြည့်စွက်ထားပါတယ်)
👍355😁4😢3🤔2🔥1🥰1👏1🤣1
မုံရွာ ပလဖ တာဝန်ခံအားကူ
👍305😁2😢2👏1
စစ်တွေအမြင့်ကျွန်းအနီးတဝိုက် တိုက်ပွဲပြင်းထန်​နေ

ဇွန်-၃၀၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းရွာအနီးဝန်းကျင်မှာ အာရက္ခတပ်တော်(AA)နဲ့ အာဏာ သိမ်းစစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

အမြင့်ကျွန်းရွာအနီးပတ်လည်ရှိ စစ်တပ်ကာကင်းစခန်းတွေကို အာရက္ခတပ်​တော်ကထိုး
စစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက် နေ့တို့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။တိုက်ပွဲပြင်း
ထန်​နေပြီးအပြန်အလှန်လက်နက်ကြီးပစ်ခတ်သံ​တွေ ဆက်တိုက်ကြား​နေရတယ်လို့ ​ဒေသခံ
သတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

“တနေ့ကတိုက်ပွဲတော်တော်ပြင်းတယ်။အမြင့်
ကျွန်းဘက်က အသံတွေ ကြားရတာ။ မြို့ထဲကလည်း စစ်တပ်က လက်နက်ကြီးတွေ အချက်သုံးဆယ်၊ လေးဆယ်လောက် လှမ်းပစ်တယ်။ AA ကလည်း လက်နက်ကြီးတွေ ပြန်ပစ် တယ်။ ဒီနေ့မနက်ပိုင်းကလည်း လက်
နက်ကြီးသံတွေ ကြားလိုက်ရသေးတယ်” လို့ စစ်တွေမြို့ပေါ်မှာနေထိုင်တဲ့ စစ် ရေးနဲ့ နီးစပ်သူ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးကလည်း အမြင့်ကျွန်းကျေးရွာအနီးတိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်တိုက်ပွဲပြင်း နေတယ်လို့ အတည်ပြုပါတယ်။

“ကိုယ့်ဘက်ကတော့ အခွင့်ကောင်းရရင် အ
လုပ်တွေလုပ်နေတာပဲ အမြဲတမ်း။ တိုက်ပွဲက နေ့တိုင်းတော့ မရှိဘူး။ ဒါ ပေမယ့် အလုပ်လုပ်(တိုက်ပွဲဖြစ်)တဲ့ရက်တွေမှာတော့ အခြေ
အနေကောင်းတယ်။ အမြင့်ကျွန်းဘက်ရော၊ ရွှေမင်းဂံ ဘက်မှာရော တိုက်ပွဲတွေ ခဏခဏရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲတွေအတွင်းအထိအခိုက်၊အကျအ
ဆုံးတွေကို တိတိကျကျ မသိရပေမယ့် စစ်
တပ်ဘက်က အထိနာနေ တယ်လို့ သတင်းရင်းမြစ်တွေက ပြောကြပါတယ်။ အဲဒီလို ရှေ့တန်းတိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်
တပ်ဟာ စစ် တွေမြို့ထဲနဲ့ မြို့အနီးပတ်လည်တပ်ရင်းတွေထဲကနေ ရှေ့တန်းကာကင်းတွေဆီ လက်နက်၊ အင်အားဖြည့်တင်းတာ တွေ ဆက်တိုက်လုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့တပတ်ကျော်ကလည်း အခုတိုက်ပွဲဖြစ်ပွားနေတဲ့ အမြင့်ကျွန်းရွာအပါအဝင် ကြွီတဲ၊ ကျောက်တန်းကြီး၊ ကျောက်တန်းချေ၊ သိန်းတန်စတဲ့ရွာတွေရှိ ရှေ့တန်းစခန်းတွေကို လက်နက်၊အင်အားဖြည့်တင်းခဲ့ပြီးခံစစ်အနေ
အထားနဲ့ စခန်းတွေတိုးချနေခဲ့ပါတယ်။

“အင်အားတွေ ဆက်တိုက်တိုးချနေတယ်။ AA ဘက်ကတော့ အဲဒီစခန်းတွေကို မြေပြင်က မတိုက်ပေမယ့် ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်နေတယ်။လက်နက်ကြီးထိလို့ သေတဲ့သူတွေများတယ်။စစ်တွေဆေးရုံကြီးမှာတောင် သူတို့(စစ်တပ်)လူနာတွေ ရောက်နေကြတယ်” လို့စစ်တွေမြို့ခံ နောက်တဦးကပြောပါတယ်။

စစ်တွေမြို့နယ်အတွင်း အမြင့်ကျွန်းကျေးရွာအနီးအပြင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
(ဒကစ စစ်တွေ)အနီး နာရီကန် ကျေးရွာဝန်းကျင်နဲ့ စစ်တွေမြို့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာပါ တိုက်ပွဲတွေ မကြာခဏရှိနေ တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အဲဒီလိုမြေပြင်တိုက်ပွဲဖြစ်နေပြီး အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ပတ်
လည် မြစ်၊ ချောင်းတွေမှာ မြေမြှုပ်မိုင်းတွေချထားသလို မြို့ထဲမှာလည်း လုံခြုံရေးတင်းကြပ်ကာ ရိုဟင်ဂျာတွေ၊ စစ်ဘေးရှောင်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။

စစ်တွေမြို့မှာ ည ကိုးနာရီကနေ မနက် လေးနာရီအထိ ညမထွက်ရအမိန့်လည်း ထုတ်ထားပါတယ်။

ရခိုင်ဒေသတခုလုံးကို အပြီးပြတ်သိမ်းပိုက်သွားမယ်လို့ AA က​ကြေညာထားပြီး ရခိုင်
ပြည်နယ်အ တွင်းက လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုး
စစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစ ခန်းတွေ သိမ်းယူနေခဲ့တာပါ။

အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။

AAတပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က
တော့ ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ကျောက်ဖြူ၊စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇တို့မှာအ
ပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။
👏46👍136🥰1💩1🤣1🖕1
စစ်တွေမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းရွာအနီး စစ်တပ် တင့်ကားကို AA ကတိုက်ခိုက်ပြီး ဖျက်ဆီးခဲ့စ​ဥ်။ ။ဓါတ်ပုံ-AA Infodesk
👏506🥰2🔥1💩1👌1🤣1🖕1