People's Spring
60.6K subscribers
69.7K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
စစ်တွေမြို့ဈေးမှာ တွေ့ရတဲ့ ဈေး၀ယ်နေသူတွေ။ ။ ဓါတ်ပုံ-MOI
🔥17👍14🫡1
■​ဆောင်းပါး

တပ်မြို့တော်ထီလာက ပေါ်တာ

ဇေအောင်/People's Spring

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က မိတ္ထီလာမြို့ကို ဖြတ်သန်းသွားခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ
မိတ္ထီလာရဲ့ပြောင်းလဲသွားတဲ့မြင်ကွင်းကို တအံ့တသြဖြစ်သွားခဲ့တယ်။ ရှမ်းကုန်းမြေမြင့်နဲ့ မြေပြန့်ဆက်သွယ်ရာဆုံမြို့ဖြစ်ပြီး တက္က
သိုလ်တွေ အမျိုးစုံစွာဖွင့်လှစ်ထားတာကြောင့် အာဏာသိမ်းကာလထဲမှာပဲ တခြားဒေသတွေနဲ့မတူ အမြဲစည်ကားနေခဲ့တဲ့ မြို့တော်ထီလာဟာ အခုတော့ သူမဟုတ်သယောင် လမ်းပေါ်မှာ လူသွားလူလာမရှိ တိတ်ဆိတ်ခြောက်ကပ်သွားလို့ပါ။

"ကိုဗစ်တုန်းကလိုပုံစံကြီး။ အိမ်ရောက်မှသိတာ ထီလာမှာ ပေါ်တာတွေဆွဲနေလို့တဲ့"လို့ သူက ပြောပြတယ်။

ဟုတ်ပါတယ်။ လေတပ်စခန်းဌာနချုပ်၊ တပ်
မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာန
ချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအ
ဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပို့တပ်
ဖွဲ့များအပါအဝင်စစ်ကောင်စီတပ်တွေ အများ
အပြား အခြေစိုက်ရာ “တပ်မြို့တော်” မိတ္ထီလာဟာ အာဏာသိမ်းကာလတစ်လျှောက် အခြားဒေသတွေလောက် ပေါ်တာဆွဲမှု မဆိုးရွားခဲ့ပေမဲ့ ယခု ဇွန်လ တတိယပတ်မှစတင်ကာ စစ်ကောင်စီတပ်က မြို့ပေါ်ရော ကျေးရွာများပါမချန် အင်အားအလုံးအရင်းနဲ့ ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်လာခဲ့တာပါ။

လာမယ့် ဇူလိုင်လမှာ စစ်မှုထမ်း အပတ်စဉ် (၂၆) ကိုစတင်ဖို့ ပြင်ဆင်နေတဲ့ စစ်အုပ်စုဟာယခုအခါ တပ်မြို့တော်ကိုပါ မြေလှန်ပြီး အင်
အားဖြည့်တင်းနေတာဖြစ်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်အင်
အားလိုအပ်ချက်အရ ယခင်က မျက်ကွယ်ပြုခဲ့တဲ့ တပ်မြို့တော်ကိုပါမချန် ပေါ်တာဆွဲလာတာ ဖြစ်ပါတယ်။

-အိမ်ပေါ်ထိတက်ဖမ်းပြီး ဆိုင်ထဲအထိ ဝင်ဆွဲနေ

စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုတွေဟာ မိတ္ထီလာမြို့မှာ နေ့စဉ်ရက်ဆက်မှာ နေရာအနှံ့ ဖြစ်ပွားနေကြောင်းမြို့ခံတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်ကနေစပြီး မြို့လယ် နာရီစင်၊ အမြန်လမ်းဆုံ၊ ဂွေ့ကြီးဆည်မြောင်းတံတားအနောက်ဘက်၊ နာဝရတ်ဆီဆိုင်တဝိုက်၊ သာစည်မြို့ရှောင်လမ်း၊ မိတ္ထီလာကန်တောင်ဘက်နဲ့ တံတားပေါ်တွေမှာ နေ့စဥ်ရက်ဆက် စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

​ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းမတွေပေါ်မှာသာမက လူနေအိမ်တွေနဲ့ဆိုင်တွေထဲအထိပါ ဝင်ရောက်ဖမ်းဆီးနေတာပါ။

​“နေ့ဘက်ဆို ဈေးထဲမှာ လူမရှိတော့ဘူး။ ဆိုင်တွေထဲအထိ ဝင်ဆွဲနေတာ။ မနက် ၁၀ နာရီလောက်ကတည်းက စဆွဲတာ ညနေအထိပဲ။ လမ်းထိပ် ကွမ်းယာတောင် ထွက်မဝယ်ရဲဘူး” ဟု မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

မြို့ပေါ်တွေတင်မကဘဲ မိတ္ထီလာမြို့အနောက်ဘက် ဇရပ်ကုန်းရွာ အပါအဝင် ကျေးရွာတွေထဲအထိ ကားတွေနဲ့ ပတ်ကာ ဖမ်းဆီးနေတာကြောင့် နေ့ညမရွေး ထိတ်လန့်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

မိတ္ထီလာမြို့ကို ဖြတ်သန်းရမယ့်ယာဥ်တွေပေါ်မှာ အမျိုးသားတွေပါလာရင် ပေါ်တာဆွဲတဲ့သတင်းကြားတာနဲ့ ယာဥ်ကို ရောက်တဲ့နေရာမှာ ရပ်တန့်ထားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

■အသက်ကန့်သတ်ချက်မရှိ ဖမ်းဆီးမှုနဲ့ သိန်းရာချီ တောင်းတဲ့ ပြန်ပေးဆွဲမှု

​စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေအရအသက် ၃၅ နှစ်အထိသာ သတ်
မှတ်ထားပေမဲ့လက်တွေ့မှာ အသက် ၅၀ နီး
ပါး အရွယ်ရှိသူတွေပါ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

​“အသက် ၄၉ နှစ်အရွယ် ဦးလေးကြီးတစ်ယောက် ပါသွားတယ်။ ရွာထဲအထိ ဝင်ဆွဲသွားတာ” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပေါ်တာဆွဲခံရသူတွေကို ပြန်လည်ရွေးယူရာမှာ ငွေကြေးအမြောက်အမြား ပေးနေရပြီးလတ်တလော မိတ္ထီလာမှာ ပေါ်တာဆွဲခံရသူတစ်ဦးပြန်လည်လွတ်မြောက်ဖို့အတွက် ငွေကြေးပေါက်ဈေးမှာ ကျပ်သိန်း ၁၀၀ မှ သိန်း ၁၅၀ အထိ ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

︎စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းကာ ဆိုင်တွေပိတ်ထားရ

လက်ရှိ စစ်ကောင်စီတပ်ဟာ ဆိုင်တွေထဲအထိ ဝင်ဆွဲနေတာကြောင့် မိတ္ထီလာမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းတွေနဲ့ ဈေးဆိုင်အများစုဟာ ဆိုင်မဖွင့်ရဲတော့ဘဲ ပိတ်ထားရတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မြို့ပေါ်မှာ ကျောင်းတက်နေတဲ့လူငယ်တွေလည်း ကိုယ့်ရွာကို ပြန်ပြေးနေရတယ်လို့ ၎င်းတို့က ပြောပါတယ်။

“အလုပ်တောင် မသွားရဲတော့ဘူး။ အိမ်ထဲက အိမ်ပြင်မထွက်ရဲဘူး။ လူတွေ တော်တော် စိတ်ဖိစီးနေကြပြီ၊ ဘာလုပ်ရမှန်းကို မသိတော့တာ”လို့ မိတ္ထီလာမြို့က လူငယ်က ပြောဆိုလိုက်ပါတယ်။
18😢9👍3🔥2🤣2😁1
မိတ္ထီလာမြို့လယ်တနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab
👍20🔥5🤬2😁1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၂၉ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တပ်က DKBA၊ BGF စစ်ကူတွေပါခေါ်ပြီး မင်းလက်ပံနဲ့ ဖလူးကို ထိုးစစ်ဆင်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့ စစ်တပ်က DKBA နဲ့ BGF တို့ပါခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၂၀ရက်ကစပြီး ဗိုလ်ဘိရဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)အဖွဲ့နဲ့ ဗိုလ်မုတ်သုန်ရဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)အဖွဲ့တွေကို ခေါ်ယူပြီး တော်လှန်ရေးတပ်တွေဘက် ထိုးစစ်ဆင်လာတာလို့ စုံစမ်းသိရတယ်။ ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အား စုစုပေါင်း ၁,၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီလိုလူစုပြီး ထိုးစစ်ဆင်ဖို့ လုပ်ဆောင်လာပေမယ့် အခုတော့ ရှေ့မတိုးရဲဘဲ လက်နက်ကြီးတွေနဲ့သာ ပစ်ခတ်နေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

◾️တပ်ရင်းမှူး လုပ်ကြံခံရမှု ဗိုလ်စွမ်းသူမောင်အပါအဝင် ၇ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ်(၆)တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ သတ်ဖြတ်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို အမျိုးသားညီညွတ်​ရေးအစိုးရ NUG ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် - PDF စစ်ရုံးချုပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ စုံစမ်းသိရပါတယ်။ စွမ်းသူမောင်အပါအဝင် ၇ ဦးကို စစ်ဆေးမေးမြန်းဖို့အတွက် ရာထူးတွေ ခေတ္တဖြုတ်သိမ်းပြီး ထိန်းသိမ်းထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ သူတို့ကို PDF စစ်ရုံးချုပ်ကနေ အဆင့်ဆင့်တာဝန်ပေးပြီး ညွှန်ကြားချက်နဲ့ ထိန်းသိမ်းထားတာလို့ ဆိုပါတယ်။ တပ်ရင်းမှူးပုလဲမောင် (ခ) ပီတာဟာ ဇွန်လ ၂၆ ရက်က ယင်းမာပင်ခရိုင်စစ်ဌာနမှာ ဗိုလ်စွမ်းသူမောင်ဦးဆောင်တဲ့ အစည်းအဝေးတက်ဖို့ ​​စောင့်ဆိုင်း​နေစဥ် ​​သေနတ်နဲ့ အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။ ဗိုလ်စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိရဲ​ဘော် ငဖြိုးက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

◾️မိုးဗြဲနဲ့ လွိုင်ကော်က စစ်တပ်ကာကင်းစခန်းတွေကို ထိုးစစ်ဆင်

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက People’s Spring ပြောပါတယ်။ ဇွန်လ၂၈ရက် မနေ့ မနက် ၄ နာရီခွဲ၀န်းကျင်ကစပြီး ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်-မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို နေ့လယ်ပိုင်းအထိ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်က နယ်‌မြေစိုးမိုးမှုကို ခြေကုပ်ယူထားတာဖြစ်တဲ့အတွက် ပြန်လည်ခြေမှုန်းတာဖြစ်တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။ ရှမ်း-ကရင်နီပူးပေါင်းတပ်ဖွဲ့၀င်တစ်ဦးကတော့ အခုတိုက်ပွဲက အားကောင်းတဲ့ တပ်ပေါင်းစုထိုးစစ်လို့ မှတ်ချက်ပြုပါတယ်။

◾️မြစ်ဆုံပြန်စမယ့် စစ်တပ်လုပ်ရပ် လက်မခံဘူးလို့ ဒေသခံတွေ တုံ့ပြန်

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်ပြီး ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်တပ်ခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိဘူးလို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW)တာဝန်ရှိသူက ပြောပါတယ်။ ဒေသခံတွေနဲ့ ကချင်လူ့အခွင့်အရေးအဖွဲ့တို့က တတိုင်းပြည်လုံးကန့်ကွက်ထားကြတဲ့ မြစ်ဆုံစီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်မယ့်လုပ်ရပ်အပေါ် လက်မခံဘူးလို့ တုန့်ပြန်ပြောကြားကြပါတယ်။ ဒီဇွန်လလယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်ခရီးစဉ် လိုက်သွားတဲ့ ဦးခက်ထိန်နန်ဟာ မကြာမီက ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ဒေသ ခရီးစဉ်မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး မြစ်ဆုံဆည်ကို ၈နှစ်ခွဲနဲ့ ပြီးစီးအောင် လုပ်တော့မယ့်အကြောင်း၊ သဘာ၀ဘေး ပူစရာမလိုကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီပြောဆိုမှုအပေါ် ကချင်ဒေသခံနဲ့ KHRW တာဝန်ရှိသူတို့က လက်မခံကြောင်း တုန့်ပြန် ကန့်ကွက်ကြပါတယ်။

◾️Proof Of Life ကမ်ပိန်း အရှိန်မြှင့်မယ်
👍204🔥2🤣2
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ရက် ၇၀ ပြည့်သည်အထိ စစ်တပ်ဘက်က တုံ့ပြန်မှုမရှိတာကြောင့် ကမ်ပိန်းအရှိန်မြှင့်မယ်လို့ All In One Piece Movement က အသိပေးထားပါတယ်။ အခုထက်ပိုမိုပြင်းထန်ထိ‌ရောက်တဲ့ အစီအစဉ်တွေနဲ့ ဆက်လက်တောင်းဆိုဖို့ စီစဉ်နေကြောင်းနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်ကြဖို့အတွက် အစီအစဉ်တွေကိုလည်း ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။ အဲဒီကမ်ပိန်းကို All in One Piece Movement က ပြီးခဲ့တဲ့ ဧပြီ ၂၁ရက်မှာ ဦးဆောင်တောင်းဆိုခဲ့တာဖြစ်ပြီး ပြည်တွင်း၊ပြည်ပက ပြည်သူတွေက တခဲနက်တောင်းဆို ပါဝင်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ကလည်း Proof of Life ကမ်ပိန်းကို ပူးပေါင်းပါဝင်ကြဖို့ တောင်းဆိုခဲ့ပါတယ်။

◾️စဥ့်ကူး၊ မတ္တရာနယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၀ဦး သေဆုံး

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၂၇ ရက် မနက် ၄နာရီမှာ စဉ့်ကူးမြို့နယ် သဲအင်းရွာကို တပ်စွဲထားတဲ့ စစ်တပ်နဲ့ မတ္တရာမြိုနယ် ရှင်လှရွာကို တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ဒေသခံတွေ သေဆုံးထိခိုက်ခဲ့တာပါ။ ဒီနေ့ အခြေအနေ ပြန်ငြိမ်နေပေမယ့် သဲအင်းအပါအဝင် ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

◾️နန်းမယ်ခုံမြို့အနီးကို စစ်တပ် လေကြောင်းက ဗုံးကြဲနေ

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီနေ့ နေ့လယ် ၁ နာရီခွဲ၀န်းကျင်က နန်းမယ်ခုံမြို့ အနီး ဆင်တောင်နဲ့ ဝီသဲကူးရွာကြားကို ‌ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံး ၈လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်လေယာဥ်သံကို မကြားလိုက်ရဘဲ ကွဲမှသိရကာ နေအိမ် ၂လုံးတော့ လုံး ၀ပျက်စီးသွားတယ်လို့ နန်းမယ်ခုံမြို့အနီးနေထိုင်သူ အသက်(၄၀)အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဇွန်လ၂၈ရက် လွိုင်ကော်-မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး ထိခိုက်သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေကြောင့် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတာလို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဆိုပါတယ်။

◾️မင်းတပ်မြို့ကို စစ်တပ်က တပတ်အတွင်း အကြိမ် ၁၀၀ခန့် လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က နေ့စဉ်နီးပါး လေကြောင်းပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၂၃ရက်ကနေ ဒီနေ့ ဇွန် ၂၉ရက်မနက်အထိ အကြိမ်ရေ ၁၀၀ ခန့် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းသတင်းတွေ အသိပေးနေတဲ့ မင်းတပ်ဒေသခံရဲ့ နေ့စဉ်မှတ်တမ်းတွေအရ စစ်တပ်က တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ တပတ်အတွင်း ၉၅ကြိမ်ထက်မနည်း ဗုံးအလုံးရေ ၃၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အချို့ကို မဖော်ပြမိတဲ့ နေ့ရက်အချို့ရှိတာကြောင့် အခုစာရင်းထက် လေကြောင်းတိုက်ခိုက်ဗုံးကြဲမှု အရေအတွက်ပိုများနိုင်တယ်လို့လည်း မင်းတပ်ဒေသခံက ဆိုပါတယ်။ စစ်တပ်ဟာ မင်းတပ်မြို့ပေါ်နဲ့ မင်းတပ်မြို့နယ်အရှေ့ခြမ်း နေရာတွေကို အဓိက ဗုံးကြဲတိုက်ခိုက်ခဲ့တာ တွေ့ရပြီး မြို့အနီးဝန်းကျင်နေရာတွေလည်း ပါဝင်ပါတယ်။

◾️ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်

ဘင်္ဂလားပင်လယ်အော်မှာ လာမယ့်ဇူလိုင်လဆန်းအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်သလို ကချင်ပြည်နယ်မှာ မိုးကြီးနေပြီး ရေဘေးကြုံတွေ့ခဲ့တဲ့ မြို့နယ်တွေမှာ ရေပြန်တက်လာလို့ ဒေသခံတွေစိုးရိမ်နေကြပါတယ်။ ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်းမြို့နယ်တွေမှာ ရေပြန်တက်လာပြီး ဖားကန့်မြို့နယ်အတွင်း တကျော့ပြန်ရေ ဘေးကြုံတွေ့နေပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဇူလိုင်(၄)ရက်ကစပြီး လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်လို့ မြန်မာနိုင်ငံမှာမိုးဆက်ကောင်း နိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီ‌နေ့ ဇွန်လ၂၉ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

◾️မိုးဗြဲမြို့အနီးတိုက်ပွဲ စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ
13🔥11🤣2
ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီနေ့ ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၈ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေစုဖွဲ့ထားတဲ့ Joint OperationCommand(JOC)တော်လှန်ရေး အမှတ်(၁) စစ်ကြောင်းနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ မိုးဗြဲနဲ့ ဘုရားဖြူမှာ တိုက်ပွဲဖြစ်ပြီး စစ်တပ်ကာကင်းတချို့ကို ချေမုန်းနိုင်ခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစု တာ၀န်ရှိသူက ပြောပါတယ်။ မနေ့က မနက် ၄ နာရီခွဲခန့်ကစပြီး ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်-မိုးဗြဲမြို့ နယ်ကြားက စစ်တပ် ကာကင်းစခန်းတွေကို နေ့လယ်ပိုင်းအထိ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာကင်းစခန်းတွေဟာ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်စုဖွဲ့ထားတဲ့နေရာတွေလို့ အသိပေးပါတယ်။

◾️မင်းတပ်မြို့အနီး စစ်တပ် လေကြောင်းဗုံးကြဲမှု မိန်းကလေးငယ် ၃ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဇွန်လ၂၉ရက် မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် (၇)နှစ်၊ (၈)နှစ်နဲ့ (၁၀)နှစ်အရွယ် မိန်းကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံက အသိပေးထားပြီး နောက်ဆက်တွဲ အခြေအနေတွေ မေးမြန်းထားဆဲဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ ညနေပိုင်းမှာလည်း မင်းတပ်မြို့အရှေ့ခြမ်းနေရာတွေကို Y12 လေယာဉ်နဲ့ ၁၁ကြိမ် ဗုံးအလုံး ၃၀ ကျော်ထပ်မံ တိုက်ခိုက်ကြဲချခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

◾️တော်လှန်ရေးတပ် အချင်းချင်းကြားပြဿနာ ညှိနှိုင်းဖို့ NUGနဲ့ NUCC ဆွေးနွေး

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၂၈ရက် နေ့လယ်ပိုင်းက တွေ့ဆုံခဲ့တာဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးနဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့သလို NUCC ကောင်စီဝင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆွေးနွေးပွဲဟာ ၃နာရီ ကြာမြင့်ခဲ့ပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများနဲ့ ပတ်သက်ပြီး အခြေအနေတွေ မျှဝေတာ၊ မေးမြန်းဆွေးနွေးတာ၊ အကြံပြုတာတွေလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ NUCC အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များအရ ကူညီ ညှိနှိုင်းနိုင်မယ့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ညှိနှိုင်းသတ်မှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ NUCC အနေနဲ့ NUGနဲ့ မတွေ့ဆုံမီ SRF, PLA, 96 Soldiers၊ စစ်ကိုင်း PDFစတဲ့ တပ်ဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမေးမြန်းတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

◾️တပ်က ရိက္ခာစုနေတဲ့ စစ်တွေမှာ ဆန်အပါ
အဝင် စားသောက်ကုန်တွေ စျေးအဆမတန်မြင့်တက်နေ

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စား
နပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။ စစ်တပ်က စစ်တွေမြို့အဝင်အထွက်ကို ပိတ်ဆို့ထားတာကြောင့် မြို့ခံတွေဟာ ဆန်အပါအဝင်စားနပ်ရိက္ခာ၊ ကုန်စည်၊ ဆေးဝါးတွေအတွက် စစ်တပ်ခွင့်ပြုချက်နဲ့ ရန်ကုန်ကလာတဲ့ ကုန်သင်္ဘောတွေကိုသာ အားကိုးနေကြရတာပါ။ လက်ရှိမှာတော့ စစ်တွေမြို့ကို ကုန်သင်္ဘောတွေအဝင်အထွက်ရှိပေမယ့် ပါလာတဲ့ဆန်နဲ့ ကုန်စည်အများစုကို တပ်ရိက္ခာအတွက် ယူနေကြတာကြောင့် စျေးတက်နေတာလို့ မြို့ခံတွေက ပြောကြပါတယ်။ စစ်တွေမြို့မှာ အရင်က ကျပ်နှစ်သိန်း ၊ ကျပ်နှစ်သိန်းသုံး​သောင်းဝန်းကျင်သာ ရှိခဲ့တဲ့ ဆန်တအိတ်ဟာ အခုအခါ ကျပ်သုံးသိန်းကနေ ကျပ်သုံးသိန်းနှစ်​သောင်း ဝန်းကျင်ထိ စျေးရှိပါတယ် ။ ဒါ့အပြင် အရင် ကျပ် ၁၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ စားဆီတလီတာကို အခုအခါ ကျပ် ၁၂၀၀၀ ဝန်းကျင်စျေးရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝက်သားတစ်ပိဿာကို ကျပ် ၁၀၀,၀၀၀၊ အမဲသားတစ်ပိဿာကို ကျပ် ၉၀,၀၀၀နဲ့ ငါးတပိဿာကို ကျပ် ၄၀,၀၀၀ ကနေ ကျပ် ၆၀,၀၀၀ ထိ စျေးရှိနေပြီး စက်သုံးဆီတလီတာကို ကျပ် ၁၉,၀၀၀ စျေးရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
🔥13👍93🤣2🥰1🤮1
🔥23👍135🤣1
ပခုက္ကူနဲ့ မြိုင်နယ်မှာ စစ်ဘေးရှောင်များလာပြီး စားနပ်ရိက္ခာနဲ့ သောက်ရေ အရေးပေါ် လိုအပ်နေ

​ဇွန်-၃၀၊ ၂၀၂၆ ဟာနာဆန်/People's Spring

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။

​လက်ရှိမှာ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူဦးရေ စုစုပေါင်း ၂ သောင်းခန့်အထိ ရှိလာနေကြောင်း သိရပါတယ်။

ပခုက္ကူမြို့နယ်မှာဆိုရင် မြစ်ခြေမြို့နဲ့ ကမ္မမြို့က တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရပြီး မြိုင်မြို့နယ်မှာတော့ စစ်ကောင်စီတပ်စွဲထားတဲ့ မြိုင်စက်မှုဇုန် (၁) အနီးဝန်းကျင်ရှိ ရွာများအားလုံးအပါအဝင် ကျေးရွာ ၁၅ ရွာခန့် တိမ်းရှောင်နေရကြောင်း ကမ်းလက်များအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

""လိုအပ်တာက စားနပ်ရိက္ခာပါပဲ။ မီးရှို့ခံရတဲ့ ပြည်သူတွေအတွက်ကတော့ လိုအပ်ချက်ကအများကြီးပဲ။ သူတို့အတွက်ဆိုရင်တော့ ဘက်စုံသုံး ငွေကြေးထောက်ပံ့ပေးနိုင်ရင်ကောင်းပါတယ်။ မြိုင်ဘက်ဆိုရင်တော့ သောက်ရေပါလိုအပ်ပါတယ်။တောတိုက်တွေထဲရှောင်ကြတာဆိုတော့။"လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

ကမ်းလက်များအဖွဲ့အနေနဲ့ စစ်ရှောင်တွေကို လက်လှမ်းမှီသမျှ လှူဒါန်းနေပြီး မနေ့က ဇွန် ၂၉ ရက်မှာ ပခုက္ကူမြို့နယ် နယ်မြေ ၁ နဲ့ ၂ အတွင်းက စစ်ဘေးရှောင်နေရာ တစ်နေရာကို အိမ်ထောင်စု ၈၈ဦးစာအတွက် ဆန်နဲ့ဆီကို အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

မြစ်ခြေမြို့ဟာ ပြီးခဲ့တဲ့မေလကုန် ဇွန်လဆန်းမှာပဲ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး မီးရှို့လို့ အိမ်ခြေ (၁,၀၀၀) နီးပါး ပြာကျပျက်စီးခဲ့ရပြီး ပြည်သူ (၄၀) ကျော်လည်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
👍21😢157🤮1🤣1💔1
(စစ်ရှောင်များအား ဆန်နဲ့ဆီ လှူဒါန်းနေစဥ် ဓာတ်ပုံ-ကမ်းလက်များ)
👍46🔥3🥰3😢32🤣2