People's Spring
60.6K subscribers
69.7K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မင်းတပ်မြို့ကို စစ်တပ်က တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၀၀ ခန့် ပြုလုပ်၊ ဗုံးအလုံးရေ ၃၂၀ ကျော် ကြဲချ

ဇွန်-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က နေ့စဉ်နီးပါး လေကြောင်းပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၂၃ရက်ကနေ ဒီကနေ့ ဇွန် ၂၉ရက်မနက်အထိ အကြိမ်ရေ ၁၀၀ ခန့် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းသတင်းတွေ အသိပေးနေတဲ့ မင်းတပ်ဒေသခံရဲ့ နေ့စဉ်မှတ်တမ်းတွေအရ စစ်တပ်က တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ တပတ်အတွင်း ၉၅ကြိမ်ထက်မနည်း ဗုံးအလုံးရေ ၃၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အချို့ကို မဖော်ပြမိတဲ့ နေ့ရက်အချို့ရှိတာကြောင့် အခုစာရင်းထက် လေကြောင်းတိုက်ခိုက်ဗုံးကြဲမှု အရေအတွက်ပိုများနိုင်တယ်လို့လည်း မင်းတပ်ဒေသခံက ဆိုပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့ပေါ်နဲ့ မင်းတပ်မြို့နယ်အရှေ့ခြမ်း နေရာတွေကို အဓိက ဗုံးကြဲတိုက်ခိုက်ခဲ့တာ တွေ့ရပြီး မြို့အနီးဝန်းကျင်နေရာတွေလည်းပါဝင်ပါတယ်။

လေကြောင်းတိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားရာ နေရာဒေသတွေကို သာမက တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ပြည်သူလူထု နေအိမ်တွေကို ဗုံးကြဲဖျက်ဆီးတာတွေ စစ်ကောင်စီက ကျူးလွန်ခဲ့ကြောင်းလည်း ဒေသခံက ပြောပြထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို ပြန်ရဖို့ စစ်တပ်က မေလကတည်းက စတင်ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲကာလ တစ်လ‌ကျော်
ကြာတဲ့အထိ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံကာကွယ်ထားနိုင်ဆဲဖြစ်ပါတယ်။

စစ်တပ်ဟာ လေကြောင်းအပြင် ကျောက်ထုမြို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မင်းတပ်မြို့နယ်ကို ဝင်လာတဲ့ စစ်ကြောင်းတွေကနေ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်တပ်ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းတပ်တွေက ခုခံနေတာဖြစ်ပြီး အာရက္ခတပ်တော်(AA) အပါအဝင် ချင်းညီနောင်ရဲ့ မဟာမိတ်တွေ အတူပူးပေါင်းပြီး ချင်းတောင်ပိုင်း စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံနေတာလည်းဖြစ်ပါတယ်။
🤬365👍3👎2👏1
(စစ်တပ် ဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့ မင်းတပ်မြို့က နေအိမ်တစ်လုံး။ ဓာတ်ပုံ - Ĥkl Mindat)
🤬36👎6😁2👏1
နန်းမယ်ခုံမြို့အနီးကို စစ်တပ် လေကြောင်းက ဗုံးကြဲနေ

ဇွန်-၂၉၊၂၀၂၆။မိုမို/People's Spring

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီခွဲ၀န်းကျင်က နန်းမယ်ခုံမြို့ အနီး ဆင်တောင်နဲ့ ဝီသဲကူးရွာကြားကို ‌ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံး ၈လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

"လေယာဥ်သံတွေ မကြားလိုက်ရဘဲ ကွဲမှသိရတာ။ လူ အထိခိုက်ကတော့ လိုက်ရှာနေတုန်းပဲ။နေအိမ် ၂လုံးတော့ လုံး ၀ပျက်စီးသွားတယ်"လို့ နန်းမယ်ခုံမြို့ အနီးနေထိုင်သူ အသက်(၄၀)အရွယ်အမျိုးသမီးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

မနေ့က (ဇွန်လ၂၈ရက်) လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး ထိခိုက်သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေကြောင့် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတာလို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဆိုပါတယ်။

"မြေပြင်မှာ သေနေကြတော့ လေယာဉ်သုံးတာပေါ့။အရပ်သားနေတဲ့ နေရာတွေ ဘာတွေနားမလည်တော့ဘူး။အရင်ကလည်း နားလည်တာမဟုတ်ပါဘူး။ကိုယ့်ဘက်က သတိဝိရိယ ပိုထားဖို့တော့လိုတယ်"လို့ သူက ပြောပါတယ်။

အခုဇွန်လ ၂၄ ရက်ကလည်း နန်းမယ်ခုံမြို့အနီးက လီဝိုးရွာကို ပစ်မှတ်ထားပြီး စစ်တပ်ရဲ့ ဒရုန်း တိုက်ခိုက်မှုအတွင်း (၁၀)နှစ်၀န်းကျင် ကလေး ၂ဦး သေဆုံးခဲ့ရပါတယ်။

စစ်တပ်က မိုးဗြဲမြို့ကတဆင့် ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ပြန် လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေပေမယ့် ကရင်နီတပ်ပေါင်းစုက ခုခံထားတာကြောင့် မိုးဗြဲ မြို့အနီးတဝိုက်မှာပဲ ရပ်တန့်နေရပါတယ်။

"နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိမ်းချုပ်လို့ရသွားမယ့်အခြေ အနေ"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးဗြဲမြို့နဲ့ မိုင် ၂၀၀န်းကျင်အကွာ မိုးဗြဲ - ဒီးမော့ဆိုမြို့နယ်ကြားမှာရှိတဲ့ နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
🤬32👍5🔥3😁2👏1
(စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ နန်းမယ်ခုံမြို့အနီးက နေအိမ်တစ်လုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - Satt Naung)
🤬31👎5👍4😁2👏1
Proof Of Life ကမ်ပိန်း အရှိန်မြှင့်မယ်

ဇွန်-၂၉၊၂၀၂၆။သတိုး/People's Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ရက် ၇၀ ပြည့်သည်အထိ စစ်တပ်ဘက်က တုံ့ပြန်မှုမရှိတာကြောင့် ကမ်ပိန်းအရှိန် မြှင့်မယ်လို့ All In One Piece Movement က အသိပေးထားပါတယ်။

"ယခုထက်ပိုမိုပြင်းထန်ထိ‌ရောက်သော အစီအစဉ်များဖြင့် ဆက်လက်တောင်းဆိုရန် စီစဉ်လျက်ရှိပါသည်။ပြည်သူများအနေဖြင့် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်နိုင်ကြဖို့အတွက် အစီအစဉ်များကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်" လို့ ကြေညာထားပါတယ်။

အဲဒီကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဦးဆောင်တောင်းဆိုနေတာဖြစ်ပြီး ပြည်တွင်း၊ပြည်ပက ပြည်သူတွေက တခဲနက်တောင်းဆို ပါဝင်နေကြတာပါ။

ဒါပေမယ့်လည်း စစ်တပ်ဘက်က လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်ပေပြဖို့ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးမရှိသေးတာပါ။

ပြီးခဲ့တဲ့ မေလ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ဓာတ်ပုံနဲ့ သတင်းထုတ်ပြန်ခဲ့ပေမယ့် အဲဒီဓာတ်ပုံက လက်ရှိကာလကို ရိုက်ကူးထားခြင်း ဟုတ်၊မဟုတ် ဘယ်သူမှအတည်မပြုနိုင်ပါဘူး။

ဇွန်လ ၁၉ ရက်မှာ (၈၁)နှစ်ပြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်တွင်း၊ပြည်ပက ‌‌မွေးနေ့ဆုတောင်းပွဲတွေ ပြုလုပ်ပေးခဲ့ကြပြီး Proof Of Life ကမ်ပိန်းအတွက်လည်း တောင်းဆိုမှုတွေပြုလုပ်ပေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထားတာ ၁၉၇၅ ရက်ရှိပါပြီ။
40👍7🥰5🤮3🤣2
(လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့အတွက်ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်မှ ဂန့်ဂေါမြို့နယ်ရှိတော်လှန်ပြည်သူများနှင့်အတူ" Proof of Life" လူထုလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ်)
57🥰10👍6🤣3😁1💩1
စစ်တပ်ကDKBAနဲ့ BGF အင်းအား၃၀၀ ​ခေါ်ပြီး မင်းလက်ပံနဲ့ ဖလူးကို အင်အား၁၀၀၀​
လောက်နဲ့ထိုးစစ်ဆင်

■KNLA ကလည်းအင်အားဖြည့်ထားလို့
စစ်အုပ်စု ရှေ့မတိုးရဲ

■စစ်တပ်ထိုးစစ် ဒီတစ်ကြိမ်လန်ကျပါက
မြဝတီမြို့အတွက်အာမခံချက်မရှိဟုသုံးသပ်

ဇွန်-၂၉၊၂၀၂၆။ကိုဒီး/People's Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့
လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်ကစပြီး ယခင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မ
တော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကိုခေါ်ယူပြီး တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်လာတာလို့ စုံစမ်းသိရတယ်။

ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

"သူတို့ကလူစုပြီးထိုးဖို့လုပ်တော့ ဟိုက KNLA
က အဖွဲ့လိုက်ဆင်းလာတာ။သူတို့အခု ရှေ့မတိုးရဲဘဲလက်နက်ကြီးတွေနဲ့သာပစ်နေတယ်"
လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်လ၂၉ ရက်မှာစစ်တပ်ကမြဝတီမြို့စောင့်
တပ် (၂၇၅)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

"အခုကို ၇ လုံးလောက်ရှိပြီ။မြဝတီမှာအဲဒီ အ
သံ မကြားရတာကြာပြီ"လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

စစ်တပ်က DKBA ဗိုလ်ဘိအဖွဲ့ကို မင်းလက်ပံနေရာကို​ပေးမယ်လို့ မက်လုံးပေးပြီး တိုက်
ခိုက်နေတာလို့လည်း လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာကြားက သူတို့ရဲ့ စခန်းဟောင်းထဲကို ပြန်သိမ်းယူနိုင်ဖို့နဲ့ ဖလူးလေးတောင်ကုန်း (ဒေသခံတွေအခေါ် တာကော်ကျိုး)ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီးကရင်လွတ်မြောက်
ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာက
တည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ဒီကနေ့အထိ အဲဒီကျေးရွာတွေကို သိမ်းပိုက်နိုင်တာမရှိပါဘူး။

စစ်တပ်ရဲ့ တကျော့ပြန်ထိုးစစ်ဟာ လန်ကျသွားပါက ဒေသတွင်းမှာ အရေးပါတဲ့ မြဝတီမြို့အတွက်ပါ အာမခံချက်မရှိတော့ဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"အခြေအနေက ဘယ်လိုပြောမလဲဆိုတော့ သူများတိုးချလာရင် မြဝတီမြို့ပါ အာမခံချက်မရှိဘူး ဖြစ်သွားမယ်။ ဟိုဘက်ကလည်း အင်အားအလုံးအရင်းနဲ့ လာတယ်။ ဒီတခါ ပြန်လှန်ကျရင် မြဝတီမြို့ပါ ပါသွားမှာ"လို့ ၎င်းက ဆက်ပြောပါတယ်။

လက်တလောမှာ မြန်မာ-ထိုင်းနယ်စပ်က စစ်
တပ်ရဲ့ ​အ​​​ရေးပါတဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မ
တော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်​နေတာမှာ စစ်တပ်အထိနာနေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
35👍19👏8😁4🤬1🎉1
၂၀၂၅ နိုဝင်ဘာလက မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ကို KNLAက စီးနင်းအပြီး ဖမ်းဆီးထားသော DKBAတပ်ဖွဲ့တွေနဲ့ သိမ်းထားသောလက်နက်တွေ။ဓာတ်ပုံ - CJ
36👍18😁2🤣2👎1🔥1
ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်

■ကချင်ပြည်နယ်မှာ မိုးကြီးနေပြီး ရေဘေးဆက်ကြုံ

ဇွန်-၂၉၊၂၀၂၆။စိုင်းနောင်/People's Spring

ဘင်္ဂလားပင်လယ်အော်မှာ လာမယ့်ဇူလိုင်လဆန်းအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်သလို ကချင်ပြည်နယ်မှာ မိုးကြီးနေပြီး ရေဘေးကြုံတွေ့ခဲ့တဲ့ မြို့နယ်တွေမှာ ရေပြန်တက်လာလို့ ဒေသခံတွေစိုးရိမ်နေကြပါတယ်။

ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်းမြို့နယ်တွေမှာ ရေပြန်တက်လာပြီး ဖားကန့်မြို့နယ်အတွင်း တကျော့ပြန်ရေ ဘေးကြုံတွေ့
နေပါတယ်။

"ဥရုချောင်းရေက ပြန်တက်လာပြီး ရပ်ကွက်တချို့မှာရေပြန်ဝင်နေတယ်။ ပထမရေဘေးကကျရုံပဲရှိသေးတာ။ရက်ပိုင်းအတွင်းနောက်
ထပ်ရေ ဘေးကြုံနေရပါတယ်။ မိုးကလည်းဆက်ကောင်းနေတယ်"လို့ ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။

ဖားကန့်မှာဇွန် ၂၇ရက်နေ့ညက မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။နန့်မှော်ရွာမှာ ကမ်းပါးပြိုလို့ လူဆယ်ဦးထက်မနည်းပျောက်ဆုံးခဲ့ပြီး ၇ဦးရဲ့ရုပ်အလောင်းကိုပဲပြန်လည်ရှာတွေ့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဖားကန့်မှာ ဇွန်လ ၁၄ရက်ကနေစပြီး ရေကြီးခဲ့တာပါ။ ဇွန်လ ၂၂ရက်မှာ ရေပြန်ကျပေမယ့် ယခုတခါ နောက်တစ်ကြိမ်ရေ ဘေးကြုံတွေ့တာဖြစ်ပါတယ်။ ပထမအကြိမ်ရေကြီးစဉ်က ဇွန်လ၁၆ရက်နေ့နဲ့ ဇွန်လ၂၁ရက်နေ့မှာ တောင်ကျ ရေနဲ့ မြေပြိုလို့ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ လက်ရှိမှာလည်း လူနေကျေးရွာနဲ့ရပ်ကွက်တွေအတွင်း တောင်ကျ ရေတွေဆင်းနေလို့ အန္တရာယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန်လ၂၇ရက်နေ့ကဖြစ်စဉ်မှာ စွန့်ပစ်မြေစာပုံတွေကနေဖြစ်တဲ့ နွံကန်ပြိုကျပြီး လူနေကျေး
ရွာတွေထဲကို ရွံ့နွံတွေနဲ့ရေတွေ စီးလာလို့ ထိခိုက်ပျပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နမ္မတီးမြို့မှာလည်း မနေ့က ချောင်းရေမြင့်တက်လာပြီး ကလေးငယ်တဦးရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ဇွန်လလယ်ကရေဘေးကြုံတွေ့ခဲ့တဲ့မိုးကောင်းမြို့မှာလည်း ရေပြန်မြင့်တက်လာနေပါတယ်။

ကချင်ပြည်နယ်အထက်ပိုင်းဒေသဖြစ်တဲ့ ပူတာအိုမြို့နယ်မှာ ယခုရက်ပိုင်းမိုးကြီးနေပြီး အောက်ပိုင်းဒေသတွေရေ ဘေးသတိပြုကြဖို့ မြို့ခံတွေကသတိပေးနေကြပါတယ်။ဧရာ
ဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာစိုးရိမ်ရေမှတ်ကိုတက်မလာသေးပေမယ့် ပုံမှန်ထက်ရေများနေပြီလို့ သတင်းရရှိပါတယ်။

ပဲခူးတိုင်းထဲကတောင်ငူမြို့အပါအဝင်မြို့
နယ်အချို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကမူဆယ်မြို့မှာလည်း ဇွန်လ၂၈ရက်နေ့ ဒီနေ့ဇွန်လ၂၉ရက်နေ့မနက်ပိုင်းမှာ မိုးကြီးပြီး ရပ်
ကွက်အချို့ လမ်းပေါ်ရေကျော်နေတယ်လို့ သတင်းရရှိပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဇူလိုင်လ(၄)ရက်နေ့ကစပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်လို့ မြန်မာနိုင်ငံမှာမိုးဆက်ကောင်း နိုင်တယ်လို့အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်
သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီ‌နေ့ ဇွန်လ၂၉ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ယခုရက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းနေရာအနှံ့
အပြား မိုးရွာနိုင်ပြီး ဇူလိုင်လ ၃ရက်နဲ့ ၅ရရက်မှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်
တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့သတိ
ပေးထားပါတယ်။မိုးကြီးလို့ဖြစ်နိုင်တဲ့ရေ
ဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။
👍346🔥4🙏2🤣1
😢18🔥11👍3😱3🤣1
မိုးဗြဲမြို့အနီးတိုက်ပွဲ တော်လှန်ရေးတပ်တွေ စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

ဇွန်-၂၉၊၂၀၂၆။မိုမို/People's Spring

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၈ရက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေစုဖွဲ့ထားတဲ့ Joint Operation Command(JOC)တော်လှန်ရေး အမှတ်(၁) စစ်ကြောင်းနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

"မိုးဗြဲနဲ့ ဘုရားဖြူမှာ တိုက်ပွဲဖြစ်တယ်။ ကာကင်းတချို့ကို ချေမုန်းနိုင်ခဲ့တယ်။ ရန်သူ့သေဆုံး ထိခိုက်မှု့များပြီး ဆုတ်ခွါသွားတယ်။ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်။သုံ့ပန်း ၂ယောက်မိတယ်"လို့ ကရင်နီတပ်ပေါင်းစု တာ၀န်ရှိသူက ပြောပါတယ်။ ကရင်နီတပ်ပေါင်းစုဘက်ကလည်း ထိခိုက်မှုတချို့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

မနေ့က မနက် ၄ နာရီခွဲခန့်ကစပြီး ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်- မိုးဗြဲမြို့ နယ်ကြားက စစ်တပ် ကာကင်းစခန်းတွေကို နေ့လယ်ပိုင်းအထိ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကာကင်းစခန်းတွေဟာ ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်စုဖွဲ့ထားတဲ့နေရာတွေလို့ အသိပေးပါတယ်။

ကာကင်းစခန်းတွေသိမ်းခံရပြီးနောက်ပိုင်း စစ်တပ်က ဒီကနေ့ ဇွန်လ ၂၉ရက် နေ့လယ်ပိုင်းမှာ နန်းမယ်ခုံမြို့အနီးကို လေကြောင်းကနေ ဗုံး ၈ကြိမ်ကြဲခဲ့ပြီး နေအိမ်တချို့ ပျက်စီးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ် အကောင့်တချို့မှာတော့ ဝါရီဆူးပလိုင်း၊ ဘုရားဖြူ နဲ့ ဘုရားနီရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဇွန်လ ၂၈ရက် နေ့လယ်ပိုင်းမှာ ရေးသားပါထားတယ်။

"နယ်‌မြေစိုးမိုးမှုကို ခြေကုတ်ယူထားတာဖြစ်တဲ့အတွက် ပြန်လည်ခြေမှုန်းတာဖြစ်ပါတယ်"လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

မိုးဗြဲမြို့မှာရှိတဲ့ တော်လှန်ရေးတပ်တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ မေလ ၁၃ ရက်နဲ့ ဇွန်လ ၁၉ ရက်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ - အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေမှာလည်း စစ်သား ၁၉ ဦး ခန့် သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်တပ်က မိုးဗြဲမြို့ကတဆင့် ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ပြန် လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေပေမယ့် ကရင်နီတပ်ပေါင်းစုက ခုခံထားတာကြောင့် မိုးဗြဲ မြို့အနီးမှာပဲ ရပ်တန့်နေရပါတယ်။

"နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော်နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိမ်းချုပ်လို့ရသွားမယ့်အခြေ အနေ"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးဗြဲမြို့နဲ့ မိုင် ၂၀ ၀န်းကျင်အကွာ မိုးဗြဲ - ဒီးမော့ဆိုမြို့နယ်ကြားမှာရှိတဲ့ နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
34👏11👍4🤣4🥰2💩1
(မိုးဗြဲမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေးတပ်တွေသိမ်းရတဲ့ စစ်သုံ့ပန်းနဲ့ လက်နက်တွေ။ ဓာတ်ပုံ - ဗိုလ် လင်းယုန်)
40👍14👏5🤣3🥰2🖕1
မင်းတပ်မြို့အနီး စစ်တပ် လေကြောင်းဗုံးကြဲမှု မိန်းကလေးငယ် ၃ဦး သေဆုံး

ဇွန်-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ဇွန်၂၉ရက် မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်တွေဟာ အသက် (၇)နှစ်၊ (၈)နှစ်နဲ့ (၁၀)နှစ်အရွယ် မိန်းကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံက အသိပေးထားပြီး နောက်ဆက်တွဲ အခြေအနေတွေ မေးမြန်းထားဆဲဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ ညနေပိုင်းမှာလည်း မင်းတပ်မြို့အရှေ့ခြမ်းနေရာတွေကို Y12 လေယာဉ်နဲ့ ၁၁ကြိမ် ဗုံးအလုံး ၃၀ ကျော်ထပ်မံ တိုက်ခိုက်ကြဲချခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

မင်းတပ်ဒေသခံက နေ့စဉ်ဖော်ပြနေတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုသတင်းတွေအရ ဇွန် ၂၃ရက်ကနေ ဒီကနေ့ ဇွန် ၂၉ရက်ညနေပိုင်းအထိ မင်းတပ်မြို့နယ်ကို စစ်တပ်က တိုက်လေယာဉ် Y12 လေယာဉ်နဲ့ အကြိမ်ပေါင်း ၁၀၀ ကျော် ၊ ဗုံးအလုံးရေ ၃၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့နယ်ကို မနက်အစော၊ ညအချိန် ၊ ညသန်းခေါင် အပါအဝင် အချိန်မရွေး အကြိမ်ပေါင်းများစွာ လေကြောင်း တိုက်ခိုက်နေတာပါ။

ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) သိမ်းပိုက်ထားတဲ့ မင်းတပ်မြို့ကို စစ်တပ်က ၂၀၂၆ မေလကုန်က ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ၁လ ခန့်ကြာပြီးဖြစ်ပါတယ်။

တိုက်ပွဲသတင်း အသေးစိတ် အခြေအနေတွေ ထုတ်ပြန်တာ မရှိပေမဲ့ စစ်တပ်ရဲ့ လေကြောင်းပစ်ကူပေးမှုဟာ နေ့စဉ်ရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်ရာမှာ တိုက်ပွဲမရှိတဲ့ အရပ်သား နေထိုင်ရာတွေကိုပါ ဗုံးကြဲခဲ့တာဖြစ်ပြီး ဖျက်အားပြင်း ဗုံးတွေအသုံးပြု တိုက်ခိုက်တာလည်းရှိပါတယ်။

စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး သိမ်းပိုက်ထားတဲ့ ကန်ပက်လက်မြို့ ပြန်ရဖို့လည်း ထိုးစစ်ဆင်နေရာ အခါအားလျော်စွာ ကန်ပက်လက်မြို့နယ်ကို လေကြောင်းဗုံးကြဲတာတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
🤬34🔥52😡2👏1
(မင်းတပ်မြို့ကို ဗုံးကြဲဖို့လာတဲ့ စစ်တပ်ရဲ့ Y12လေယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Ĥkl Mindat/FB)
🤬29👎8🖕31👏1
တော်လှန်ရေးတပ် အချင်းချင်းကြားပြဿနာ ညှိနှိုင်းဖို့ NUGနဲ့ NUCC ဆွေးနွေး

ဇွန် ၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၂၈ရက် နေ့လည်ပိုင်းက တွေ့ဆုံခဲ့တာဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီး နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့သလို NUCC ကောင်စီဝင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲဟာ ၃နာရီ ကြာမြင့်ခဲ့ပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများနဲ့ ပတ်သက်ပြီး အခြေအနေတွေ မျှဝေတာ၊ မေးမြန်းဆွေးနွေးတာ၊ အကြံပြုတာတွေလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

NUCC အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များအရ ကူညီ ညှိနှိုင်းနိုင်မယ့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ညှိနှိုင်းသတ်မှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

NUCC အနေနဲ့ NUGနဲ့ မတွေ့ဆုံမီ SRF, PLA, 96 Soldiers၊ စစ်ကိုင်း PDFစတဲ့ တပ်ဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမေးမြန်းတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
32👍21🤮2🥰1🤣1
19👍6🥰1👏1🤮1💩1