People's Spring
60.5K subscribers
69.7K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓါတ်ပုံ-ရိုက်တာ ၊မိုင်နီချီ
👍378😁1🤣1
.
ဥရု​ဂွေးအသင်း အုပ်စုပြုတ်လို့
စင်းလုံးငှား လေယာဉ် ခရီးစဉ် ဖျက်သိမ်းခံရ

ဇွန်-၂၉၊၂၀၂၆။People's Spring

ကမ္ဘာ့ဖလားမှာ အိမ်ပြန်စောခဲ့တဲ့ လက်ရွေး
စင် အသင်းအတွက် စင်းလုံးငှား လေယာဉ် စီစဉ်ပေးထားတာကို ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်က ပယ်ဖျက်လိုက်ပါတယ်။

တောင်အမေရိက ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ဥရုဂွေးဟာ ကမ္ဘာ့ဖလား အုပ်စု(H)မှာ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးပြီး အုပ်စုအဆင့်ကနေပဲ အိမ်ပြန်ရတော့မှာ ဖြစ်ပါတယ်။ ဥရုဂွေးဟာ ကမ္ဘာ့ဖလားကို အရင်က တစ်ကြိမ်မှ မယှဉ်
ပြိုင်ဖူးတဲ့ ကိပ်ဗာဒီလို အသင်းငယ်လေးရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရတာပါ။

အဲဒီနောက်မှာတော့ ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းရဲ့ ကစား
သမားတွေ၊ နည်းပြအဖွဲ့ဝင်တွေအတွက် အပြန်ခရီးစဉ် လေယာဉ် စင်းလုံးငှားပေးမယ့် ကိစ္စကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်ကတော့ တချို့ ကစားသမားတွေဟာ မြို့တော် မွန်တီဗီဒိုဆီ ပြန်မလာဘဲ ဥရောပမှာရှိတဲ့ သက်ဆိုင်ရာ ဘောလုံးကလပ်တွေဆီ ပြန်သွားဖို့ စီစဉ်ထားတဲ့အတွက် အသင်းလိုက် စုစုစည်းစည်း အိမ်ပြန်လာဖို့ အဆင်မပြေတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

အဓိပ္ပါယ်ကတော့ မက္ကဆီကိုမှာ ရှိနေတဲ့ ဥရုဂွေး အသင်းဟာ ဇာတိနိုင်ငံ ပြန်လာချင်သူတွေရော၊ တခြားနေရာတွေဆီ သွားချင်သူတွေပါ ကိုယ့်အစီအစဉ်နဲ့ကိုယ် တကွဲတပြားစီ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ဥရုဂွေး အသင်းမှာတော့ ကစားသမားတွေနဲ့ နည်းပြ မာဆယ်လို ဘီယဲလ်ဆာတို့ကြားမှာ အကြီးအကျယ် သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ ကမ္ဘာ့ဖလားကနေ အရှက်
တကွဲ ထွက်ခွာခဲ့ရပြီးနောက် ပြည်တွင်း မီဒီယာတွေကလည်း ဥရုဂွေး အသင်းကို အပြင်း
အထန် ဝေဖန် ထိုးနှက်နေကြပါတယ်။ လူသိများတဲ့ အားကစား ဂျာနယ်လစ် မာတင် ချာကီရိုက နှစ် ၅၀ အတွင်းအကြီးမားဆုံး အရှက်
ကွဲမှုကြီးလို့တောင် ခေါင်းစဉ်တပ်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဖြစ်ပေမယ့် အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်း အ
ကြောင်းပြချက်တွေအရ တစ်ပွဲမှ မကစားခဲ့ရတဲ့ နောက်ခံလူ ဟိုဆေး မာရီယာ ဂျီမီနက်ဇ်က အသင်းရဲ့ ရလဒ်ဆိုးတွေအတွက် အထူးနာကျင်ရကြောင်းနဲ့ ဥရုဂွေး ပြည်သူတွေကို အနူးအညွတ် တောင်းပန်လိုကြောင်း၊ ဒါဟာ ကစားသမားတွေ မျှော်လင့်ထားတဲ့ အခြေ
အနေ မဟုတ်ခဲ့ပေမယ့်လည်း ဘောလုံးမှာတော့ ဒီလို ကိစ္စတွေကို လက်ခံရုံသာရှိကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ စပိန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့အုပ်စုနောက်ဆုံး အဆုံး
အဖြတ်ပွဲစဉ်မတိုင်ခင်မှာ ကစားသမားတွေက နည်းပြ ဘီယယ်ဆာကို ဖီဆန်တာမျိုး အခြေ
အနေတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: FLM

ဓါတ်ပုံ-Getty ၊ FIFA
20👍13😁5🤣1
21😁3🤣1
မန္တလေးတိုင်းက ထိန်းချုပ်နေရာတချို့တိုက်ခံရပြီးနောက် စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၀ဦး သေဆုံး၊ ၂၀ကျော် ဒဏ်ရာရ

ဇွန်-၂၉၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၇ ရက် မနက် ၄နာရီမှာ စဉ့်ကူးမြို့နယ်သဲအင်းရွာကို တပ်စွဲထားတဲ့ စစ်တပ်နဲ့ မတ္တရာမြိုနယ်၊ရှင်လှရွာကို တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သဲအင်းရွာတိုက်ခိုက်စဉ်မှာ စစ်သား ၁ဦးအသေရပြိး စစ်တပ်က ကင်းစောင့်ခိုင်းထားတဲ့ ရွာသား (စစ်တပ်ကင်း)တွေကိုလည်း ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

"စစ်တပ်က စပြီးရွာထဲဝင်ကတည်းက ရွာသားတွေက သူတို့ကိုအလှည့်ကျ ကင်းစောင့် ပေးရတာ။အဲဒီကင်းထဲက ၂ယောက် သေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်သားတွေကတော့ သဲအင်းရွာရဲ့ တောင်ဘက်က စစ်တပ်အထိုင်ချထားတဲ့ ကျွန်းကြီးရွာဘက်ကို ထွက်ပြေးသွားတယ်လို့ ‌‌ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် စစ်တပ်က Mi-35နဲ့ ကျေးရွာပတ်လည်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦးထိမှန်ကာ ခြေနှစ်ဖက်ပျက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ မတ္တရာမြိုနယ်က ရှင်လှရွာကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦး ထပ်မနည်းသေ ဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်‌‌တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ပူးပေါင်းတပ်က ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တပ်က ထုံးကြီးရွာရဲစခန်းကနေ တောင်ဘက်က ကျေးရွာတွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးတစ်လုံးဟာ ဆင်သေကျေးရွာရဲ့အနောက်ဘက်က ဧရာဝတီမြစ်ထဲကို ကျခဲ့ပြီး နောက်ထပ်လက်နက်ကြီးဟာ ကျွန်းဦးရွာအတွင်းကျကာ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။

စစ်တပ်နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘော၂စီး ဆန်တက်လာပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီသင်္ဘောတွေဟာ မတ္တရာ၊ဝက်လက်နဲ့စဉ့်ကူးမြို့နယ်အစပ်က အင်ဒေါင်းရွာအနီးရပ်တန့်ထားပြီး တခါတရံမြစ်ကို အစုန်၊အဆန်လုပ်ကာ မြစ်ကမ်းဘေးကို လိုက်လံပစ်ခတ်တာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

စစ်သင်္ဘောတက်လာချိန် တံတားဦးနဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက မိုးကြိုးရွာ၊ရေလယ်ကျွန်းရွာ၊ဝက်လက်မြို့နယ်က စဉ့်ကိုင်ရွာတို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းရွာ လေကြောင်းတိုက်ခံရမှုမှာ အသက်(၂၆)နှစ်အရွယ် အမျိုးသားလက်ကောက်ဝတ်ပြတ်သွားပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦးလည်း လက်မောင်းအရင်းပြတ်ကာ ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ၂၈ ရက်မှာတော့ မတ္တရာမြို့ကနေ ကားတွေနဲ့ တိုက်ခိုက်ခံရတဲ့ရှင်လှနဲ့ သဲအင်းကျေးရွာတို့ကို အင်အားတိုးကာ စစ်တပ်က တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မနေ့က နေ့လည် ၁၂နာရီ ဝန်းကျင်မှာလည်း ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်အစပ်က စဉ့်ကိုင်လမ်းစုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၂ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လည်၂နာရီကျော်မှာ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ စစ်ကိုင်းမြို့နယ်၊တလိုင်းရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ကာ စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ကျေးရွာအရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ (၆)နှစ်အရွယ် မဂျူးဂျူးနဲ့ (၁၄)နှစ်အရွယ် မောင်ဟန်လင်းထက်တို့ မောင်နှမ ၂ဦး၊ အသက်(၂၀)အရွယ် မောင်နိုးနိုး၊ (၅၀)အရွယ် ဒေါ်သင်း၊ (၅၂)နှစ်အရွယ် ဒေါ်ဝင်း၊ (၄၀)အရွယ် မဝင်းဝင်းစိုးနဲ့ (၈)နှစ်အရွယ်သားဖြစ်သူနဲ့ (၅)နှစ်အရွယ် သမီးဖြစ်သူတို့ ၈ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ အခြေအနေ ပြန်ငြိမ်နေပေမယ့် သဲအင်းအပါအဝင် ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
🤬337👍4👎2❤‍🔥1👏1😁1🙏1
🤬22😭142👏1
မင်းတပ်မြို့ကို စစ်တပ်က တပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၀၀ ခန့် ပြုလုပ်၊ ဗုံးအလုံးရေ ၃၂၀ ကျော် ကြဲချ

ဇွန်-၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က နေ့စဉ်နီးပါး လေကြောင်းပစ်ကူပေး တိုက်ခိုက်လျက်ရှိရာ ဇွန်လ ၂၃ရက်ကနေ ဒီကနေ့ ဇွန် ၂၉ရက်မနက်အထိ အကြိမ်ရေ ၁၀၀ ခန့် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။

လေကြောင်းသတင်းတွေ အသိပေးနေတဲ့ မင်းတပ်ဒေသခံရဲ့ နေ့စဉ်မှတ်တမ်းတွေအရ စစ်တပ်က တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ တပတ်အတွင်း ၉၅ကြိမ်ထက်မနည်း ဗုံးအလုံးရေ ၃၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အချို့ကို မဖော်ပြမိတဲ့ နေ့ရက်အချို့ရှိတာကြောင့် အခုစာရင်းထက် လေကြောင်းတိုက်ခိုက်ဗုံးကြဲမှု အရေအတွက်ပိုများနိုင်တယ်လို့လည်း မင်းတပ်ဒေသခံက ဆိုပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့ပေါ်နဲ့ မင်းတပ်မြို့နယ်အရှေ့ခြမ်း နေရာတွေကို အဓိက ဗုံးကြဲတိုက်ခိုက်ခဲ့တာ တွေ့ရပြီး မြို့အနီးဝန်းကျင်နေရာတွေလည်းပါဝင်ပါတယ်။

လေကြောင်းတိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားရာ နေရာဒေသတွေကို သာမက တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ပြည်သူလူထု နေအိမ်တွေကို ဗုံးကြဲဖျက်ဆီးတာတွေ စစ်ကောင်စီက ကျူးလွန်ခဲ့ကြောင်းလည်း ဒေသခံက ပြောပြထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို ပြန်ရဖို့ စစ်တပ်က မေလကတည်းက စတင်ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲကာလ တစ်လ‌ကျော်
ကြာတဲ့အထိ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံကာကွယ်ထားနိုင်ဆဲဖြစ်ပါတယ်။

စစ်တပ်ဟာ လေကြောင်းအပြင် ကျောက်ထုမြို့ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မင်းတပ်မြို့နယ်ကို ဝင်လာတဲ့ စစ်ကြောင်းတွေကနေ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေ ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်တပ်ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းတပ်တွေက ခုခံနေတာဖြစ်ပြီး အာရက္ခတပ်တော်(AA) အပါအဝင် ချင်းညီနောင်ရဲ့ မဟာမိတ်တွေ အတူပူးပေါင်းပြီး ချင်းတောင်ပိုင်း စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံနေတာလည်းဖြစ်ပါတယ်။
🤬365👍3👎2👏1
(စစ်တပ် ဗုံးကြဲမှုကြောင့် ပျက်စီးသွားတဲ့ မင်းတပ်မြို့က နေအိမ်တစ်လုံး။ ဓာတ်ပုံ - Ĥkl Mindat)
🤬36👎6😁2👏1
နန်းမယ်ခုံမြို့အနီးကို စစ်တပ် လေကြောင်းက ဗုံးကြဲနေ

ဇွန်-၂၉၊၂၀၂၆။မိုမို/People's Spring

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီခွဲ၀န်းကျင်က နန်းမယ်ခုံမြို့ အနီး ဆင်တောင်နဲ့ ဝီသဲကူးရွာကြားကို ‌ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံး ၈လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

"လေယာဥ်သံတွေ မကြားလိုက်ရဘဲ ကွဲမှသိရတာ။ လူ အထိခိုက်ကတော့ လိုက်ရှာနေတုန်းပဲ။နေအိမ် ၂လုံးတော့ လုံး ၀ပျက်စီးသွားတယ်"လို့ နန်းမယ်ခုံမြို့ အနီးနေထိုင်သူ အသက်(၄၀)အရွယ်အမျိုးသမီးတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

မနေ့က (ဇွန်လ၂၈ရက်) လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်ခဲ့ပြီး ထိခိုက်သေဆုံးသူနဲ့ ဖမ်းဆီးခံရသူတွေကြောင့် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတာလို့ ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဆိုပါတယ်။

"မြေပြင်မှာ သေနေကြတော့ လေယာဉ်သုံးတာပေါ့။အရပ်သားနေတဲ့ နေရာတွေ ဘာတွေနားမလည်တော့ဘူး။အရင်ကလည်း နားလည်တာမဟုတ်ပါဘူး။ကိုယ့်ဘက်က သတိဝိရိယ ပိုထားဖို့တော့လိုတယ်"လို့ သူက ပြောပါတယ်။

အခုဇွန်လ ၂၄ ရက်ကလည်း နန်းမယ်ခုံမြို့အနီးက လီဝိုးရွာကို ပစ်မှတ်ထားပြီး စစ်တပ်ရဲ့ ဒရုန်း တိုက်ခိုက်မှုအတွင်း (၁၀)နှစ်၀န်းကျင် ကလေး ၂ဦး သေဆုံးခဲ့ရပါတယ်။

စစ်တပ်က မိုးဗြဲမြို့ကတဆင့် ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ပြန် လည်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးနေပေမယ့် ကရင်နီတပ်ပေါင်းစုက ခုခံထားတာကြောင့် မိုးဗြဲ မြို့အနီးတဝိုက်မှာပဲ ရပ်တန့်နေရပါတယ်။

"နန်းမယ်ခုံရရင် မိုးဗြဲ ၊လွိုင်ကော် နဲ့ ဒီမောဆိုရှေ့ခြမ်းကိုကောင်းကောင်းထိမ်းချုပ်လို့ရသွားမယ့်အခြေ အနေ"လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မိုးဗြဲမြို့နဲ့ မိုင် ၂၀၀န်းကျင်အကွာ မိုးဗြဲ - ဒီးမော့ဆိုမြို့နယ်ကြားမှာရှိတဲ့ နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
🤬32👍5🔥3😁2👏1
(စစ်တပ် ဗုံးကြဲတိုက်ခိုက်လို့ နန်းမယ်ခုံမြို့အနီးက နေအိမ်တစ်လုံးကို တွေ့ရစဉ်။ ဓာတ်ပုံ - Satt Naung)
🤬31👎5👍4😁2👏1
Proof Of Life ကမ်ပိန်း အရှိန်မြှင့်မယ်

ဇွန်-၂၉၊၂၀၂၆။သတိုး/People's Spring

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ရက် ၇၀ ပြည့်သည်အထိ စစ်တပ်ဘက်က တုံ့ပြန်မှုမရှိတာကြောင့် ကမ်ပိန်းအရှိန် မြှင့်မယ်လို့ All In One Piece Movement က အသိပေးထားပါတယ်။

"ယခုထက်ပိုမိုပြင်းထန်ထိ‌ရောက်သော အစီအစဉ်များဖြင့် ဆက်လက်တောင်းဆိုရန် စီစဉ်လျက်ရှိပါသည်။ပြည်သူများအနေဖြင့် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်နိုင်ကြဖို့အတွက် အစီအစဉ်များကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်" လို့ ကြေညာထားပါတယ်။

အဲဒီကမ်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဦးဆောင်တောင်းဆိုနေတာဖြစ်ပြီး ပြည်တွင်း၊ပြည်ပက ပြည်သူတွေက တခဲနက်တောင်းဆို ပါဝင်နေကြတာပါ။

ဒါပေမယ့်လည်း စစ်တပ်ဘက်က လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်ပေပြဖို့ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးမရှိသေးတာပါ။

ပြီးခဲ့တဲ့ မေလ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ဓာတ်ပုံနဲ့ သတင်းထုတ်ပြန်ခဲ့ပေမယ့် အဲဒီဓာတ်ပုံက လက်ရှိကာလကို ရိုက်ကူးထားခြင်း ဟုတ်၊မဟုတ် ဘယ်သူမှအတည်မပြုနိုင်ပါဘူး။

ဇွန်လ ၁၉ ရက်မှာ (၈၁)နှစ်ပြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြည်တွင်း၊ပြည်ပက ‌‌မွေးနေ့ဆုတောင်းပွဲတွေ ပြုလုပ်ပေးခဲ့ကြပြီး Proof Of Life ကမ်ပိန်းအတွက်လည်း တောင်းဆိုမှုတွေပြုလုပ်ပေးခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက မတရားဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဖမ်းဆီးထားတာ ၁၉၇၅ ရက်ရှိပါပြီ။
40👍7🥰5🤮3🤣2
(လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့အတွက်ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်မှ ဂန့်ဂေါမြို့နယ်ရှိတော်လှန်ပြည်သူများနှင့်အတူ" Proof of Life" လူထုလှုပ်ရှားမှုပြုလုပ်နေစဉ်။ ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ်)
57🥰10👍6🤣3😁1💩1
စစ်တပ်ကDKBAနဲ့ BGF အင်းအား၃၀၀ ​ခေါ်ပြီး မင်းလက်ပံနဲ့ ဖလူးကို အင်အား၁၀၀၀​
လောက်နဲ့ထိုးစစ်ဆင်

■KNLA ကလည်းအင်အားဖြည့်ထားလို့
စစ်အုပ်စု ရှေ့မတိုးရဲ

■စစ်တပ်ထိုးစစ် ဒီတစ်ကြိမ်လန်ကျပါက
မြဝတီမြို့အတွက်အာမခံချက်မရှိဟုသုံးသပ်

ဇွန်-၂၉၊၂၀၂၆။ကိုဒီး/People's Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့
လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်ကစပြီး ယခင် ဒီမိုကရေစီအကျိုးပြုကရင်တပ်မ
တော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကိုခေါ်ယူပြီး တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်လာတာလို့ စုံစမ်းသိရတယ်။

ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

"သူတို့ကလူစုပြီးထိုးဖို့လုပ်တော့ ဟိုက KNLA
က အဖွဲ့လိုက်ဆင်းလာတာ။သူတို့အခု ရှေ့မတိုးရဲဘဲလက်နက်ကြီးတွေနဲ့သာပစ်နေတယ်"
လို့ လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်လ၂၉ ရက်မှာစစ်တပ်ကမြဝတီမြို့စောင့်
တပ် (၂၇၅)တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

"အခုကို ၇ လုံးလောက်ရှိပြီ။မြဝတီမှာအဲဒီ အ
သံ မကြားရတာကြာပြီ"လို့ မြဝတီမြို့ခံတဦးက ပြောပါတယ်။

စစ်တပ်က DKBA ဗိုလ်ဘိအဖွဲ့ကို မင်းလက်ပံနေရာကို​ပေးမယ်လို့ မက်လုံးပေးပြီး တိုက်
ခိုက်နေတာလို့လည်း လူထုနွေဦးရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က မင်းလက်ပံရွာနဲ့ ဖလူးကြီးရွာကြားက သူတို့ရဲ့ စခန်းဟောင်းထဲကို ပြန်သိမ်းယူနိုင်ဖို့နဲ့ ဖလူးလေးတောင်ကုန်း (ဒေသခံတွေအခေါ် တာကော်ကျိုး)ကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီးကရင်လွတ်မြောက်
ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာက
တည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ဒီကနေ့အထိ အဲဒီကျေးရွာတွေကို သိမ်းပိုက်နိုင်တာမရှိပါဘူး။

စစ်တပ်ရဲ့ တကျော့ပြန်ထိုးစစ်ဟာ လန်ကျသွားပါက ဒေသတွင်းမှာ အရေးပါတဲ့ မြဝတီမြို့အတွက်ပါ အာမခံချက်မရှိတော့ဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

"အခြေအနေက ဘယ်လိုပြောမလဲဆိုတော့ သူများတိုးချလာရင် မြဝတီမြို့ပါ အာမခံချက်မရှိဘူး ဖြစ်သွားမယ်။ ဟိုဘက်ကလည်း အင်အားအလုံးအရင်းနဲ့ လာတယ်။ ဒီတခါ ပြန်လှန်ကျရင် မြဝတီမြို့ပါ ပါသွားမှာ"လို့ ၎င်းက ဆက်ပြောပါတယ်။

လက်တလောမှာ မြန်မာ-ထိုင်းနယ်စပ်က စစ်
တပ်ရဲ့ ​အ​​​ရေးပါတဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မ
တော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်​နေတာမှာ စစ်တပ်အထိနာနေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
35👍19👏8😁4🤬1🎉1
၂၀၂၅ နိုဝင်ဘာလက မင်းလက်ပံကျေးရွာက တရုတ်ကျားဖြန့်ဆိုက်ကို KNLAက စီးနင်းအပြီး ဖမ်းဆီးထားသော DKBAတပ်ဖွဲ့တွေနဲ့ သိမ်းထားသောလက်နက်တွေ။ဓာတ်ပုံ - CJ
36👍18😁2🤣2👎1🔥1
ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်လာနိုင်

■ကချင်ပြည်နယ်မှာ မိုးကြီးနေပြီး ရေဘေးဆက်ကြုံ

ဇွန်-၂၉၊၂၀၂၆။စိုင်းနောင်/People's Spring

ဘင်္ဂလားပင်လယ်အော်မှာ လာမယ့်ဇူလိုင်လဆန်းအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်သလို ကချင်ပြည်နယ်မှာ မိုးကြီးနေပြီး ရေဘေးကြုံတွေ့ခဲ့တဲ့ မြို့နယ်တွေမှာ ရေပြန်တက်လာလို့ ဒေသခံတွေစိုးရိမ်နေကြပါတယ်။

ဖားကန့်၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်းမြို့နယ်တွေမှာ ရေပြန်တက်လာပြီး ဖားကန့်မြို့နယ်အတွင်း တကျော့ပြန်ရေ ဘေးကြုံတွေ့
နေပါတယ်။

"ဥရုချောင်းရေက ပြန်တက်လာပြီး ရပ်ကွက်တချို့မှာရေပြန်ဝင်နေတယ်။ ပထမရေဘေးကကျရုံပဲရှိသေးတာ။ရက်ပိုင်းအတွင်းနောက်
ထပ်ရေ ဘေးကြုံနေရပါတယ်။ မိုးကလည်းဆက်ကောင်းနေတယ်"လို့ ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။

ဖားကန့်မှာဇွန် ၂၇ရက်နေ့ညက မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေဖြစ်ခဲ့ပါတယ်။နန့်မှော်ရွာမှာ ကမ်းပါးပြိုလို့ လူဆယ်ဦးထက်မနည်းပျောက်ဆုံးခဲ့ပြီး ၇ဦးရဲ့ရုပ်အလောင်းကိုပဲပြန်လည်ရှာတွေ့ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဖားကန့်မှာ ဇွန်လ ၁၄ရက်ကနေစပြီး ရေကြီးခဲ့တာပါ။ ဇွန်လ ၂၂ရက်မှာ ရေပြန်ကျပေမယ့် ယခုတခါ နောက်တစ်ကြိမ်ရေ ဘေးကြုံတွေ့တာဖြစ်ပါတယ်။ ပထမအကြိမ်ရေကြီးစဉ်က ဇွန်လ၁၆ရက်နေ့နဲ့ ဇွန်လ၂၁ရက်နေ့မှာ တောင်ကျ ရေနဲ့ မြေပြိုလို့ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ လက်ရှိမှာလည်း လူနေကျေးရွာနဲ့ရပ်ကွက်တွေအတွင်း တောင်ကျ ရေတွေဆင်းနေလို့ အန္တရာယ်ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇွန်လ၂၇ရက်နေ့ကဖြစ်စဉ်မှာ စွန့်ပစ်မြေစာပုံတွေကနေဖြစ်တဲ့ နွံကန်ပြိုကျပြီး လူနေကျေး
ရွာတွေထဲကို ရွံ့နွံတွေနဲ့ရေတွေ စီးလာလို့ ထိခိုက်ပျပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နမ္မတီးမြို့မှာလည်း မနေ့က ချောင်းရေမြင့်တက်လာပြီး ကလေးငယ်တဦးရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ဇွန်လလယ်ကရေဘေးကြုံတွေ့ခဲ့တဲ့မိုးကောင်းမြို့မှာလည်း ရေပြန်မြင့်တက်လာနေပါတယ်။

ကချင်ပြည်နယ်အထက်ပိုင်းဒေသဖြစ်တဲ့ ပူတာအိုမြို့နယ်မှာ ယခုရက်ပိုင်းမိုးကြီးနေပြီး အောက်ပိုင်းဒေသတွေရေ ဘေးသတိပြုကြဖို့ မြို့ခံတွေကသတိပေးနေကြပါတယ်။ဧရာ
ဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာစိုးရိမ်ရေမှတ်ကိုတက်မလာသေးပေမယ့် ပုံမှန်ထက်ရေများနေပြီလို့ သတင်းရရှိပါတယ်။

ပဲခူးတိုင်းထဲကတောင်ငူမြို့အပါအဝင်မြို့
နယ်အချို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကမူဆယ်မြို့မှာလည်း ဇွန်လ၂၈ရက်နေ့ ဒီနေ့ဇွန်လ၂၉ရက်နေ့မနက်ပိုင်းမှာ မိုးကြီးပြီး ရပ်
ကွက်အချို့ လမ်းပေါ်ရေကျော်နေတယ်လို့ သတင်းရရှိပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဇူလိုင်လ(၄)ရက်နေ့ကစပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်လို့ မြန်မာနိုင်ငံမှာမိုးဆက်ကောင်း နိုင်တယ်လို့အမျိုးသားညီ
ညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်
သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဒီ‌နေ့ ဇွန်လ၂၉ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ယခုရက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းနေရာအနှံ့
အပြား မိုးရွာနိုင်ပြီး ဇူလိုင်လ ၃ရက်နဲ့ ၅ရရက်မှာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်
တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့သတိ
ပေးထားပါတယ်။မိုးကြီးလို့ဖြစ်နိုင်တဲ့ရေ
ဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။
👍346🔥4🙏2🤣1
😢18🔥11👍3😱3🤣1