People's Spring
60.5K subscribers
69.8K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(တိုက်ပွဲအတွင်း ဖမ်းမိတဲ့ သုံ့ပန်းနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - CJ)
👍36👏137🥰2😁1🎉1🤣1
■အ​တွေးအမြင်

မြန်မာ့ပြည်တွင်းစစ်ကို မှားယွင်းသုံးသပ်ခြင်း

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

-ခါကာဘို ရေးသားသည်။

မြန်မာ့ပြည်တွင်းစစ်ရဲ့လက်ရှိအခြေအနေကို ကြည့်လိုက်ရင်“ဘယ်ဘက်ကအနိုင်ရနေပြီလဲ”ဆိုတဲ့ မေးခွန်းအတွက် ရှင်းလင်းတဲ့ အ
ဖြေမရှိသေးဘဲ အမြဲတမ်း ပြောင်းလဲနေတဲ့ အင်အား ချိန်ခွင်လျှာ တစ်ခုလို ဖြစ်နေပါတယ်။

ဒါက အမေရိကန်အခြေစိုက် "War on the Rocks" က သုံးသပ်ထားတာပါ။ War on the Rocks ဆိုတာ စစ်ရေးနဲ့ နိုင်ငံတကာမူဝါဒတွေကို သုံးသပ်ရေးသားတဲ့ ပရော်ဖက်ရှင်နယ် Policy Platform တစ်ခုဘဲ ဖြစ်ပါတယ်။

စစ်တပ်အရာရှိဟောင်းတွေ၊သုတေသနပညာရှင်တွေက ရေးကြပြီး၊ အမေရိကန် ကာကွယ်ရေး အသိုင်းအဝိုင်း (US Defense Community)၊ ပင်တဂွန် (Pentagon) နဲ့ မူဝါဒချမှတ်သူ (Think Tank) တွေရဲ့ လေးစား
ယုံကြည်မှုကို ရရှိထားတဲ့ အရည်အသွေးမြင့် မဟာဗျူဟာမြောက် သုံးသပ်ချက် (High-Quality Strategic Analysis) တွေကို တင်ပြတဲ့နေရာမှာ နာမည်ကြီးတဲ့ မီဒီယာတစ်ခုလည်း ဖြစ်ပါတယ်။

သူတို့ရဲ့သုံးသပ်ချက်ထဲကအဓိကအကြောင်း
အရာကတော့မြန်မာနိုင်ငံမှာ၂၀၂၁ အာဏာ
သိမ်းပြီး နောက် ပေါ်ပေါက်လာတဲ့ Spring Revolution ဟာ ၂၀၂၃–၂၀၂၄ ခုနှစ် အတွင်းမှာ ထင်ရှားတဲ့ အားသာချက်တွေ ရရှိခဲ့တယ်ဆိုတာပါ။

ဒရုန်း စစ်ဆင်ရေးတွေ၊ ပျောက်ကြားနည်း
ဗျူဟာ (Guerrilla warfare tactics) တိုက်
ခိုက်မှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းမှုတွေကြောင့် စစ်တပ်ကို နယ်
မြေအများအပြားမှာ ဖိအားပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် Operation 1027 လို စစ်ဆင်ရေးမျိုးကြီးတွေက တော်လှန်ရေးဘက် အတွက် အလှည့်အပြောင်း တစ်ခုလို ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်ကာလမှာတော့ စစ်တပ်ဟာ အား
နည်းလာနေပြီ၊ ပြိုလဲနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေတောင် နိုင်ငံတကာမှာ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၅ နောက်ပိုင်းမှာတော့ အခြေ
အနေက ပြန်လည် ပြောင်းလဲလာပါတယ်။ စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းမှုတွေကို တိုးချဲ့ လာသလို ဒရုန်းနည်းပညာနဲ့ လေကြောင်း အားသာချက်တွေကိုလည်း ပိုမို အသုံးချ လာနိုင်ခဲ့ပါတယ်။

အရေးအကြီးဆုံးကတော့ တော်လှန်ရေးဘက်မှာရှိနေတဲ့အဖွဲ့အစည်းအချင်းချင်း မညီညွတ်မှု၊ လက်နက်နဲ့ ခဲယမ်းမီးကျောက် မလုံ
လောက်မှု၊ တရုတ်ရဲ့ ဖိအား သက်ရောက်မှုဆိုတဲ့ အချက် သုံးချက်က တစ်ချိန်တည်းမှာ စုပေါင်း ဖိအားပေးလာတာပါ။

ဒီပြဿနာတွေက အရင်ကတည်းက ရှိခဲ့ပေမယ့် ၂၀၂၅ နောက်ပိုင်းမှာတော့ စစ်မြေပြင်ပေါ်မှာ သိသိသာသာ သက်ရောက်လာပြီး စစ်အုပ်စု ပြန်လည် အားကောင်းလာဖို့ အဓိကအကြောင်းရင်းတွေ ဖြစ်လာခဲ့ပါတယ်။

တော်လှန်ရေးဘက်မှ အဓိက ပြဿနာတစ်ခုက အဖွဲ့အစည်း ကွဲပြားမှုပါ။ NUG၊ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ တစ်ခုတည်းသော အမျိုးသားအဆင့် စစ်ရေးမဟာဗျူဟာ အောက်မှာ တစ်စုတည်းမဖြစ်နိုင်သေးဘဲ ကိုယ့်နယ်မြေ၊ ကိုယ့်အကျိုး
စီးပွားကို ဦးစားပေးနေတဲ့ အခြေအနေ ရှိပါတယ်။

အရင်ကတော့ ဒီလို "ဒေသအလိုက် ကိုယ်ပိုင် ဆုံးဖြတ် လုပ်ဆောင်နိုင်သော နည်းလမ်း (Decentralised)"ကစစ်တပ်ကို တဖြည်း
ဖြည်းဖြိုချနိုင်တဲ့ (Thousand Cuts) ပုံစံအနေနဲ့ အကျိုး ရှိခဲ့ပေမယ့် စစ်တပ်က ပြန်လည်အားကောင်းလာတဲ့အခါမှာတော့ အဲဒီကွဲပြားမှုကအားနည်းချက်အဖြစ်ပြောင်းလဲသွားပါတယ်။

နောက်တစ်ချက်ကလက်နက်နဲ့ ခဲယမ်းပြ
ဿနာပါ။ အစောပိုင်းကာလတွေမှာ နယ်စပ်ဖြတ်လမ်းတွေ၊ မှောင်ခိုဈေးကွက် လမ်း
ကြောင်း တွေကနေ လက်နက် ရရှိနိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်နောက်ပိုင်းမှာ တရုတ်ရဲ့ ဖိအားကြောင့် အဲဒီ ထောက်ပံ့ရေး လမ်း
ကြောင်းတွေ ထိခိုက်သွားပါတယ်။

အဲဒီရဲ့ရလဒ်ကြောင့် PDF တွေရဲ့ စစ်ရေးစွမ်းရည် ကျဆင်းလာပြီး မြို့ကြီးတွေကို ထိန်းထားနိုင်မှုလည်း လျော့နည်းလာပါတယ်။ ဖလမ်းမြို့လို ဖြစ်စဉ်တွေက ဒီအခြေအနေကို ထင်ရှားစေတဲ့ဥပမာတစ်ခုပါပဲ။တော်လှန်
ရေး ဘက်က ခဏ ထိန်းနိုင်ခဲ့ပေမယ့် လက်
နက် မလုံလောက်မှုကြောင့် နောက်ဆုံးမှာ ပြန်လည် ဆုံးရှုံး ခဲ့ရပါတယ်။

တတိယအရေးကြီးတဲ့အချက်က တရုတ်ရဲ့ အခန်းကဏ္ဍပါ။ အစပိုင်းမှာတော့ တရုတ်ဟာ နှစ်ဖက်လုံးကို ချိန်ညှိနေတဲ့ အနေအထား ရှိခဲ့ပေမယ့် ၂၀၂၄ နောက်ပိုင်းမှာတော့ စစ်အုပ်စုဘက်ကို ပိုမိုပြတ်သားစွာ လှည့်လာပါတယ်။

တိုင်းရင်းသားအဖွဲ့အချို့အပေါ် စီးပွားရေးဖိအားပေးခြင်း၊ လက်နက်လမ်းကြောင်း ပိတ်ပင်ခြင်း၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဖိအားပေးခြင်းတွေကြောင့် MNDA နဲ့ TNLA တို့လို အဖွဲ့တွေ စစ်ပွဲကနေ ဆုတ်ခွာ သွားရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေက တော်လှန်ရေး အင်အားစုအတွင်းမှာ အရေးပါတဲ့ အစိတ်
အပိုင်းတွေကို လျော့နည်းစေ ခဲ့ပါတယ်။

ဒါပေမယ့် ဒီအခြေအနေတွေကြောင့် တော်
လှန်ရေးဟာ အဆုံးသတ်သွားပြီ လို့တော့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ နယ်မြေအချို့ကို တော်လှန်ရေးအဖွဲ့တွေက ဆက်လက် ထိန်း
ချုပ်ထားဆဲ ဖြစ်သလို PDF တွေဟာလည်း ပျောက်ကြားနည်းဗျူဟာ (Guerrilla warfare tactics) နည်းကို ပြန်လည် ပြောင်းလဲ အသုံး
ပြုပြီး စစ်တပ်ကို ဆက်လက် ဖိအားပေးနေဆဲပါ။
👍199🤮1🤣1
စစ်တပ်ဘက်မှာလည်း စီးပွားရေးကျဆင်းမှု၊ လောင်စာဆီပြတ်လပ်မှု၊ လူထုမုန်းတီးမှု တိုးလာမှုလို အားနည်းချက်တွေ ရှိနေပြီး တစ်ဖက်တည်းက အပြည့်အဝ အနိုင်ရထားတဲ့ အခြေအနေ မဟုတ်သေးပါဘူး။

၂၀၂၆ အခြေအနေကိုကြည့်လိုက်ရင်တော့ တော်လှန်ရေးဘက်က NUG နဲ့ အဓိကတိုင်း
ရင်းသားအဖွဲ့ အချို့ ပူးပေါင်းပြီး ပိုမိုစုစည်းတဲ့ မဟာဗျူဟာ ဖွဲ့စည်းမှုတွေ စတင်လာတာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် အရင်ကလို မဟုတ်ဘဲ စစ်ပွဲက အဆုံးသတ်တစ်ခုဆီကို တိုက်ရိုက် သွားနေခြင်း မဟုတ်ဘဲ နှစ်ဖက်လုံး အနိုင်မရသေးတဲ့ “အင်အားချိန်ခွင်လျှာ ညီနေသော အခြေ
အနေ (Stalemate)”တစ်ခုဆီကို ရောက်နေတယ် ဆိုတဲ့ သုံးသပ်ချက်က ပိုမို သင့်လျော် လာပါတယ်။

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ဒီဆောင်း
ပါးက ထောက်ပြချင်တာ စစ်အုပ်စုရဲ့ လတ်
တလော အောင်မြင်မှုတွေက အပြီးသတ်အောင်ပွဲ မဟုတ်သေးပါဘူး။

မြန်မာပြည်တွင်းစစ်ဟာ အဆုံးသတ်သွားတဲ့ အဆင့်မဟုတ်သေးဘဲ အင်အားချိန်ခွင်လျှာ မတည်ငြိမ် သေးတဲ့ ရေရှည် ပဋိပက္ခတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဆဲ ဖြစ်ပြီး နောက်လာမယ့် ကာလ တွေမှာလည်း စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအင်အား ချိန်ခွင်လျှာတွေက အခြေအနေကို ထပ်မံ ပြောင်းလဲ နိုင်သေးတယ်ဆိုတာကို သတိပေးထားခြင်းပဲ ဖြစ်ပါတယ်။ ။

ကိုးကား-War on the Rocks
18👍10🤮2🥰1😁1🤣1
စစ်တပ်က ချင်းပြည်နယ်၊ဖလမ်းမြို့ကို ပြန်ထိန်းချုပ်ပြီး​​နောက်​တွေ့ရစဥ် /AA က ဧရာ
ဝတီတိုင်း​၊​ရေကြည်မြို့နယ်ကစစ်တပ်စခန်းကုန်း ၃ ခုကို AA ကသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ် /မ​ကွေးတိုင်းက စစ်စခန်း နဲ့ စစ်တပ်ကို​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။
ဓါတ်ပုံ-စစ်​ကောင်စီ၊AA Info desk ၊PDF စစ်ရုံးချုပ်
👍294😁2🤣1
တနိုင်ငံလုံးကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းလုပ်မယ့် စစ်တပ်လုပ်ရပ် လက်မခံဟု ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးအဖွဲ့ တုံ့ပြန်

ဇွန် ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။

အခု ဇွန်လလယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်ခရီးစဉ် လိုက်သွားတဲ့ ဦးခက်ထိန်နန်ဟာ မကြာမီက ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ဒေသ ခရီးစဉ်မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး သူဟာ တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ လက်ဆွဲနှုတ်ဆက်ခံရကြောင်း၊ ကချင်ဒေသခံအမျိုးသမီးတွေရဲ့ လက်ထက်ပင် နူးညံ့ကြောင်းနဲ့ မြစ်ဆုံဆည်ကို ၈နှစ်ခွဲနဲ့ ပြီးစီးအောင်လုပ်တော့မယ့်အကြောင်း၊ သဘာ၀ဘေး ပူစရာမလိုကြောင်း ပြောကြားခဲ့တဲ့ အပေါ် ဒေသခံနဲ့ KHRW တာဝန်ရှိသူတို့က အခုလို တုံ့ပြန်ကြတာဖြစ်ပါတယ်။

တရုတ်အစိုးရဖြစ်စေ၊ စစ်ကောင်စီဖြစ်စေ ဒေသခံတွေရဲ့ သဘောတူညီချက် မပါရင် မြစ်ဆုံဆည်စီမံကိန်း လုပ်ဆောင်လို့ရမှာ မဟုတ်ဘူးလို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

" အခုလိုမျိုး ပြည်သူလူထုတွေကို ငလျင်တွေ ဘေးအန္တရာယ်တွေ ဘာမှ မဖြစ်စေရဘူး ပြီးတော့ တခြား အကြောင်းအမျိုးမျိုး ပေါ့ သူတို့ကတော့ မျှော်လင့်ချက်တွေ ပေးတာက တော့ ဘာမှ သဘာ၀ မကျဘူး အခုလိုမျိုးလုပ်ဆောင်နေတာကတော့ ကျနော်တို့ အနေနဲ့ လက်ခံနိုင်ဖွယ်မရှိဘူးဗျ” လို့ ကိုဂျေကော့က ပြောပါတယ်။

KHRWဟာ မြစ်ဆုံစီမံကိန်း ဆန့်ကျင်ကန့်ကွက်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးတောင်းဆိုတဲ့ လှုပ်ရှားမှုတွေ အားလုံးပူးပေါင်းလုပ်ဆောင်သွားဖို့လည်း နိုင်ငံတဝန်း ပြည်သူလူထုတွေကို တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်တပ်ခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆုချက်နဲ့ပတ်သက်ပြီး မြစ်ဆုံဒေသခံတစ်ဦးက “အခုက မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး လုပ်ဖို့ သူ့(ဦးခက်ထိန်နန်)ဆီမှာ အင်အားတွေ အပြည့်ပဲ ပြောရမယ် ။ ဘာကြောင့်လဲဆို တရုတ်တွေက သူ့ကို အားဆေးတွေထိုးပေးလိုက်တယ်လေ ဘာအားဆေးမှန်းတော့မသိဘူး။ အဲဒီလိုဆိုတော့ သူက ဒီဟာပြောဖို့ အားရှိသွားတာပေါ့ အဲဒါကြောင့်မို့ သူ အားရပါးရ ပြောတာပေါ့။ လုပ်နိုင်မယ် မလုပ်နိုင်မယ် ဆိုတာကတော့ မသိရသေးဘူးပေါ့။ သူပြောသွားတာကျတော့ ၈နှစ်နဲ့ အပြီးလုပ်မယ် ဘာမှ စိုးရိမ်စရာမရှိဘူး ဆိုပြီး ပြောသွားတာပေါ့။ သူအဲဒီလောက်ပြောနိုင်ဖို့က သူ့မှာ ဘာအာမခံချက်ရှိသလဲပေါ့ ဘာတွေ အာမခံချက်ပေးနိုင်မလဲပေါ့။ သူက ကချင်ပြည်နယ်အတွက်ပဲလား မဟုတ်ရင် မြန်မာတနိုင်ငံလုံးအတွက် အာမခံချက်တွေ ပေးနိုင်သလားပေါ့” လို့ ဒေသခံက မေးခွန်းထုတ်ပါတယ်။

မြစ်ဆုံနဲ့ ဧရာ၀တီမြစ်ဆိုတာ မြန်မာတနိုင်ငံလုံးက စောင့်ကြည့်ကာကွယ်နေတာဖြစ်ပြီး မြစ်ဆုံ စီမံကိန်း တည်ဆောက်တာကို မြန်မာတနိုင်ငံလုံး ကန့်ကွက်နေတာလို့ အသိပေးပါတယ်။

“သူတို့ တယောက်တလေပဲ ဒီဟာကို ဆုံးဖြတ်ပြီးမှ သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ပြီးမှ မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်အောင်မြင်မယ်ထင်သလား သူ့ကို မေးခွန်းထုတ်စရာတွေရှိတယ်” လို့ ဒေသခံက ပြောပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကြောင့် ဒေသခံတွေအနေနဲ့ အရင်ကလည်း နေရပ်ကနေ ပြောင်းရွှေ့ခဲ့ရပြီး ဆက်လက်လုပ်ဆောင်လာပါကလည်း စိုးရိမ်စရာ အနေအထားဖြစ်ဟုလည်း ပြောပါတယ်။

“သူတို့ ပြောသလို လုပ်ခဲ့ရင် စိုးရိမ်စရာတခုဟုတ်တယ် ဒီစိုးရိမ်စိတ်ထဲမှာ ကချင်ပြည်နယ်တ ခုသာမဟုတ်ဘူး မြန်မာတနိုင်ငံလုံးအတွက် စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဟုတ်တယ်။” လို့ ဒေသခံက ပြောပါတယ်။

ရေကာတာလုပ်ဆောင်ပါက ပညာရှင်တွေ ပြောခဲ့သလို ဘေးဖြစ်လာပါက ဆိုးကျိုးတွေများစွာ ရှိလာမယ်လို့ ဒေသခံက ပြောပါတယ်။

“ဒါကို လျစ်လျူရှုပြီးမှ ဒါကို ဆက်လုပ်မယ်ဆိုရင် ကချင်ပြည်နယ်အတွက်သာ မဟုတ်ဘူး မြန်မာတနိုင်ငံလုံးအတွက် စိုးရိမ်စရာ ဖြစ်ပါတယ်ပညာရှင်တွေ ပြောသလို ငလျင်ကြောတွေရှိတယ် သဘာ၀ပတ်ဝန်းကျင် အကုန်လုံး ဆိုးကျိုးတွေ အများကြီး” လို့ ဒေသခံက ပြောပါတယ်။

စစ်တပ်က မြစ်ဆုံဆည် (မြစ်ဆုံ ရေကာတာ) ပြန်လည်စတင်ဖို့ ကြိုးပမ်းမှုအပေါ် မြန်မာ ဘူမိသိပ္ပံပညာရှင်တွေက ဇန်နဝါရီ ၁၅ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ရာ မြစ်ဆုံစီမံကိန်း လုပ်ရင် မြစ်ဆုံဒေသအပြင် ကချင် ပြည်နယ်နဲ့ မြန်မာပြည် တစ်ပြည်လုံးအတွက် ကြီးမားတဲ့ ဆိုးကျိုးအန္တရာယ်တွေ ကျရောက် နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အဲဒီလို သတိပေးရာမှာ မြစ်ဆုံလို ကြီးမားတဲ့ ဆည်တွေ ဆောက်ရင် မမျှော်လင့်ဘဲ ကျိုးပေါက်ပျက်စီးမှု ဖြစ်နိုင်တဲ့အကြောင်းကို တရုတ်နိုင်ငံမှာ နှစ်ပေါင်း ၇၀ နီးပါး အတွင်းကြုံခဲ့ရတဲ့ ဆည်ကျိုးပေါက်မှုတွေ အကြောင်းကို မီးမောင်းထိုး ပြသခဲ့ပြီး လူဦးရေသိန်းချီသေဆုံးမှု တွေကိုပါ ထောက်ပြထားပါတယ်။
👍20🤮117🔥1🤣1
မြစ်ဆုံဆည်လုပ်ဖို့ လိုလားနေတဲ့ တရုတ်နိုင်ငံမှာ ၁၉၅၄ မှ ၂၀၂၃ အထိ နှစ်ပေါင်း ၇၀နီးပါးအတွင်း ရေကာတာပေါင်း ၃၆၀၀ ကျိုးကျ ပျက်စီး ခဲ့ပြီး အဲဒီအထဲမှာ ဘန်ချောင်ဆည်( Banqiao ရေကာတာ) ကျိုးကျမှု ဖြစ်စဉ် တခုတည်းကြောင့် လူပေါင်း နှစ်သိန်းသုံးသောင်း သေဆုံးခဲ့ရတာကို ဥပမာ ပြသဖော်ပြထားပါတယ်။
👍39🤮5🔥21👏1😁1💩1
(မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍24🤮13👎41🔥1🥰1👏1
ကိုရင်အား ပေါ်တာဆွဲ စစ်သင်တန်းတက်ခိုင်းတဲ့ဖြစ်စဥ်ကို ငြိမ်းချမ်းရေးဆရာတော် ထပ်မံရှင်းလင်း

ဇွန် ၂၉၊၂၀၂၆။ ဇေအောင်/People's Spring

စစ်ဘေးရှောင်ကိုရင်တစ်ပါး စစ်မှုထမ်းအဆွဲခံရတဲ့ကိစ္စကို ဝေဖန်နေကြတာကြောင့် ငြိမ်း
ချမ်းရေးဆရာတော်က ဇွန် ၂၈ ရက်မှာ Tik tok ကနေထပ်ရှင်းပြပါတယ်။

စစ်ရှောင်ရင်း ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ကိုရင်တစ်ပါး ပေါ်တာဆွဲခံလိုက်ရတဲ့ဖြစ်စဥ်ကို ငြိမ်းချမ်းရေးဆရာတော်က ဇွန် ၂၅ ရက်မှာ သူ့လူမှုကွန်ရက် Tiktok စာမျက်နှာကနေ တင်ခဲ့ပါတယ်။ အဲဒီဖြစ်စဥ်ကို သတင်းဌာန​တွေကသတင်း​ဖော်ပြတာ​ကြောင့် လူသိများလာပါတယ်။

အဲဒီ​​နောက် စစ်တပ်​ကိုထောက်ခံပြီး စစ်တပ်အတွက်ဝါဒဖြန့်​ပေး​နေတဲ့ ပေါက်ကိုယ်တော်က သာသနာ့ဝန်ထမ်း သံဃာတစ်ပါး ပေါ်တာအဆွဲခံလိုက်ရတဲ့အပေါ် မဖြစ်နိုင်ဘူးလို့
တစ်​တော့မှာ ရုပ်သံဖိုင်တင်ပြီး ဇွန် ၂၈ ရက်မှာ ဝေဖန်ခဲ့ပါတယ်။

"သင်္ကန်းဝတ်ကြီးနဲ့ မဆွဲတာတော့ သေချာတယ်။"လို့ ပျူ​စောထီး​ခေါင်း​ဆောင်လည်းဖြစ်တဲ့ ပေါက်ကိုယ်တော်က ပြောပါတယ်။
ဒါ့ကြောင့် ပေါက်ကိုယ်တော်ရဲ့ဝေဖန်မှုကို ငြိမ်းချမ်းရေးဆရာတော်က ​ပေါက်ကိုယ်​တော်လို့အမည်မတပ်​ပေမယ့် ထပ်မံရှင်းလင်း
ခဲ့တာပါ။

ပေါ်တာဆွဲခံလိုက်ရတဲ့ ကိုရင်ကြီးဟာ အသက် ၂၀ ရှိပြီဖြစ်ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ စစ်ရှောင်ရင်း ရန်ကုန်မြို့ အလိုတော်ရကျောင်းတိုက်မှာ ကိုရင်ဝတ်နေတာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ရက်က ဗဟန်းမြို့နယ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း ငြိမ်းချမ်းရေးဆရာတော်က ကိုရင်ရဲ့ အမ ၂ ဦးကို ထပ်မံ​​မေးမြန်း အတည်ပြုရင် ​ပြောခိုင်းပါတယ်။

" ကိုရင်ဝတ်နဲ့ပါသွားတာ။ သာသနာဝင်မှတ်တမ်းတွေလည်းရှိတယ်။ ကိုရင် စာမေးပွဲဖြေခဲ့တာတွေလည်း ရှိတယ်။....ပစ္စည်းတစ်ခုလိုလို့ စာမေးပွဲနားနီးအသွားမှာ ကိုရင်ဝတ်နဲ့ ခေါ်သွားတာ။ ရဟန်းခံခါနီး ဆဲဆဲ။ အသက်ကတော့ ၂၀ ပြည့်နေပြီ။ ကျော်တောင်ကျော်နေပြီ။ ခေတ်အခြေအနေရကြောင့်မို့လို့ ကိုဗစ်နဲ့ စစ်ရှောင်နေရတာနဲ့ တိုင်းပြည်ငြိမ်းချမ်းမှု မရှိသေးလို့ ရဟန်းမခံရသေးတာ။"လို့ ငြိမ်းချမ်းရေးဆရာတော်က ပြောပါတယ်။

အဲဒီနောက် မေလ ၃၀ ရက်မှာ ကိုရင်ရဲ့အမတွေက ဆရာတော်ကို လာရောက်လျှောက်
ထားရာကနေ တပ်ထဲရောက်နေတဲ့ကိုရင်နဲ့ အဆက်အသွယ်ပြန်ရသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီကိုရင်ဟာ စစ်တပ်ရဲ့ စစ်မှုထမ်းအမှတ်
စဥ် ၂၂ မှာ စစ်သင်တန်းတက်​နေရ​ကြောင်း
မိသားစု​ဝင်​တွေနဲ့ ငြိမ်းချမ်း​ရေးဆရာ​တော်တို့က​ပြောထားကြပါတယ် ။ ငြိမ်းချမ်း​ရေးဆရာ​တော်က ထပ်မံရှင်းလင်းတဲ့ရုပ်သံမှတ်တမ်းမှာ အခုဖြစ်စဥ်ကို မီဒီယာ​တွေက သတင်း​
ဖော်ပြတဲ့အ​ပေါ်မှာလည်း ​ဝေဖန်ပစ်တင်ခဲ့တာ​တွေ့ရပါတယ် ။

ပေါက်ကိုယ်တော်က​တော့ ပေါ်တာဆွဲတာကို လက်ခံတဲ့အပြင် လိုအပ်ရင် ၎င်းတို့ကိုယ်
တိုင် ပေါ်တာဆွဲပေးနိုင်ကြောင်းနဲ့ ဇာတ်ပွဲ
ကြည့်သူတွေကို ပေါ်တာဆွဲဖို့ လှုံ့​ဆော်ခဲ့ဖူးပါတယ်။

ဒါပေမယ့် သူ့ရဲ့ဆွေမျိုးလူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရပြီး သာမန်စစ်မှုထမ်းမဟုတ်ဘဲ အမြဲတမ်းစစ်သားအဖြစ် ထည့်သွင်းခံလိုက်ရကြောင်း မမျှတတဲ့အကြောင်း စစ်ကောင်စီကို ပြောဆိုနေပါတယ်။
👍338🤣3🤬1💩1
ကိုရင် ​ပေါ်တာဆွဲခံရတာကို အွန်လိုင်းမှာ စ​ပြောပြခဲ့တဲ့ ငြိမ်းချမ်း​ရေးဆရာ​တော်။
ဓါတ်ပုံ-ငြိမ်းချမ်း​ရေးဆရာ​တော်တစ်​​တော့
👍33🤣61🖕1
တပ်ရင်းမှူးပုလဲမောင်လုပ်ကြံခံရမှုအတွက် ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို PDFစစ်ရုံးချုပ်ကဖမ်းဆီးထိန်းသိမ်း

ဇွန်-၂၉၊၂၀၂၆။စိုင်းနောင်/People's Spring

ယင်းမာပင်ခရိုင် အမှတ်(၆)တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာ ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်
သက်ပြီး ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို အမျိုးသားညီညွတ်​ရေးအစိုးရ ၊ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်
(PDF)စစ်ရုံးချုပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့စုံစမ်းသိရပါတယ်။

တပ်ရင်းမှူးပုလဲမောင် (ခ) ပီတာဟာ ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင်စစ်ဌာနမှာ ဗိုလ်စွမ်းသူမောင်ဦးဆောင်တဲ့ အစည်းအဝေးတက်ဖို့ ​​စောင့်ဆိုင်း​နေစဥ် ​​သေနတ်နဲ့အနီးကပ်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။ဗိုလ်စွမ်းသူမောင်ရဲ့ PA ရဲ​ဘော် ငဖြိုးက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်စွမ်းသူမောင်နဲ့ ပစ်ခတ်သူအပါအဝင် အမှုမှာပါဝင်ပတ်သက်သူအချို့ဟာ ဖြစ်စဉ်အတွက် ဖြေရှင်းဖို့ ဇူလိုင်လ ၂၈ရက်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့​ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

"ဆင့်ကဲဆင့်ကဲလုံခြုံရေးယူပြီး ပို့လိုက်တာပါ။ ဆက်စပ်သူတွေအားလုံးကို လက်ရှိတော့ထိန်းသိမ်းလိုက်ပါပြီ။ ဒီအမှုကိုစစ်ဆေးနေဆဲမှာခရိုင်မှာ ဒုကွပ်ကဲရေးမှူးက ဆက်ပြီး တာ
ဝန်ယူမှာပါ" လို့ ဒေသခံစာရေးသတင်းရင်း
မြစ်ကပြောပါတယ်။

ယင်းမာပင်ခရိုင် အမှတ် (၆)တပ်ရင်းမှူးပုလဲမောင်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရမှုကိုအမှုမှန်ပေါ်ပေါက်ရေးကို စုံစမ်းစစ်ဆေးပေးဖို့ အမှတ်(၁)စစ်ဒေသအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့‌တွေက ကြေညာချက်တွေအသီးသီးထုတ်ပြန်ထားကြပါတယ်။

အမှတ်(၁)စစ်ဒေသရဲ့ဇွန်လ၂၉ရက်နေ့မနက်ပိုင်းထုတ်ပြန်ချက်မှာ တပ်မှူးပုလဲမောင်(ခ)ပီတာဟာ ယင်းမာပင်ခရိုင်ရှိတော်လှန်ရေးအင်အားစုများကြား၌ အမျိုးသားညီညွတ် ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာန ၏ ကွပ်ကဲမှူကို ခံယူဖို့ အမှတ်(၁) စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်ကို (၂၀၂၂)ခုနှစ်တွင် ယင်းမာပင်ခရိုင်၌ ပထမဆုံးအဖြစ် သူနဲ့အတူ သူရဲ့ တပ်ရင်းတစ်ရင်းလုံး ကွပ်ကဲမှူ ခံယူလာတဲ့ တပ်မှူးတစ်ဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံသတ်ဖြတ်ခံရမှုအတွက် တရားမျှတမှုရှိရေး၊ ကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေးအတွက် သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့လည်း အမှတ်(၁) စစ်ဒေသက တောင်းဆိုထားပါတယ်။

အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနကကလည်း
တပ်ရင်းမှူးပုလဲမောင်ကို လုပ်ကြံသတ်ဖြတ်သူ၊ ပူးပေါင်းပါဝင်သူ၊ နောက်ကွယ်မှ ကြိုး
ကိုင်စေခိုင်းသူတွေကို ထိရောက်စွာ အရေး
ယူနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။ ဒါ့အပြင် စစ်ကိုင်း
တိုင်းနဲ့မကွေးတိုင်းမှာရှိတဲ့ ပြည်သူ့ကာ
ကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေအပြင် ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေကပါ တရားမျှတစွာစစ်
ဆေး ဖော်ထုတ်ဖို့ တောင်းဆိုနေကြပါတယ်။

အမှတ်(၁) စစ်ဒေသအပါအဝင် တပ်ရင်းတပ်
ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တိုင်းမှာ တပ်ရင်းမှူးပုလဲမောင်ဟာ မတရားသဖြင့် လုပ်ကြံသတ်
ဖြတ်ခံခဲ့ရတာလို့ ဖော်ပြထားပါတယ်။

တပ်ရင်းမှူးပုလဲမောင်ရဲ့မိခင်တပ်ရင်းဖြစ်တဲ့ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းကလည်း လုပ်ကြံသတ်ဖြတ်သူနဲ့ အပေါင်းအပါတွေဟာ ၎င်းတို့ အမှားကို ဖုံးကွယ်ဖို့ လုပ်ကြံဖန်တီးထားတဲ့ ဗွီဒီယို၊ အသံဖိုင်တွေကို သ
တင်းမီဒီယာနဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေပြီး ကျဆုံးသူရဲ့တော်လှန်ရေးဂုဏ်သိက္ခာများကိုပါ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိလုပ်
ဆောင်ခဲ့ကြတယ်လို့ထုတ်ပြန်ထားပါတယ်။

အမှုမှန်ပေါ်ပေါက်ရေးနဲ့ လုပ်ကြံသတ်ဖြတ်သူ၊ ပူးပေါင်းပါဝင်သူ၊ နောက်ကွယ်မှ ကြိုး
ကိုင်စေခိုင်းသူတွေကို ထိရောက်စွာ အရေး
ယူနိုင်ရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးကနေ အပြည့်အဝပူးပေါင်းပါဝင်ပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို ထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ တော်လှန်ရေးအင်အားစုတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သတင်းထုတ်ပြန်မှုတွေကိုပွင့်လင်းမြင်သာစွာလုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။
👍348🤣3💩1
ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင် ။ဓါတ်ပုံ-Swan Thu Mg's Facebook
👍34🤮11💩1
ဘရာဇီးနဲ့ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့အထိ ဂျပန် ပြင်ဆင်ထား

ဇွန်-၂၉၊၂၀၂၆။People's Spring

ဘရာဇီးနဲ့ ပွဲစဉ်မှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေထိကြိုတင်တွေးတော ပြင်ဆင်ထားကြောင်းဂျပန်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြက ပြောပါတယ်။

ဂျပန်ဟာ လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အာရှတိုက် ကိုယ်စားပြု အသင်းအားလုံးထဲမှာ စွမ်းဆောင်ရည် အကောင်းဆုံး မှတ်တမ်းတွေကို ပိုင်ဆိုင်ထားပြီး ရှုံးပွဲမရှိသေးပါဘူး။

အုပ်စု (F) ပွဲစဉ်တွေမှာ ဂျပန်ဟာ ရှုံးပွဲလုံးဝ မရှိခဲ့သလို ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ နယ်သာလန်ကိုသရေ၊ ဥရောပရဲ့ မာကျော
တဲ့ အသင်းကောင်း ဆွီဒင်တို့ကို သရေကစားပြီး တူနီးရှားကို လေးဂိုးပြတ် အနိုင်ယူခဲ့ပါတယ်။

ဒါကြောင့်လည်း နယ်သာလန်ရဲ့နောက် အုပ်စု ဒုတိယအဖြစ် ၃၂ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။ အခုတော့ ဂျပန်ဟာ ကမ္ဘာ့ဖလားရဲ့ အစဉ်အလာ အကြီးဆုံးနဲ့ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး စာရင်း
ဝင် ဘရာဇီးနဲ့ တည့်တည့်ကြီး တွေ့ဆုံနေပြီ ဖြစ်ပါတယ်။

ဂျပန်နည်းပြ ဟာဂျီမီ မိုရီယာဆူကတော့ အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ဟာ အရမ်းခက်ခဲမယ်ဆိုတာ သိပေမယ့် ဖြစ်နိုင်ခြေ အားလုံးအတွက် ကြိုတင် ပြင်ဆင်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ကြုံခဲ့တဲ့ ခါးသီးတဲ့ ပင်နယ်တီ အဆုံးအဖြတ် အတွေ့အကြုံအတွက်ပါ တွေးတော ပြင်ဆင်ထားပြီး ဘရာဇီးနဲ့ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရရင် ဘယ်သူတွေ ဦးစားပေး ကန်သွင်းရမလဲ ဆိုတာကို သေချာ စီစဉ် ညွှန်ကြားထားကြောင်း မိုရီယာဆူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်တုန်းက ဂျပန်ဟာ ခရိုအေးရှားနဲ့ သရေကျခဲ့ပေမယ့်ပင်နယ်တီအဆုံးအဖြတ်မှာတော့ က
စားသမား ၃ ယောက်က ဂိုးဝင်အောင် မကန်နိုင်ခဲ့တာကြောင့်ပြိုင်ပွဲကနေအရေးနိမ့်ထွက်ခွာခဲ့ရပါတယ်။

အဲဒီ ကမ္ဘာ့ဖလားတုန်းကတော့ ပင်နယ်တီကို ဘယ်သူတွေ ကန်သွင်းကြမလဲ ဆိုတာကို ကစားသမားတွေ ကိုယ်တိုင်က ဆန္ဒပြုပြီး ဆုံးဖြတ်ခဲ့ကြကြောင်း၊ ဒီနှစ်မှာတော့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် အခြေအနေကို ကြိုတွေးပြီး သူက ပြင်ဆင်ထားသလို ဘယ်သူတွေက တာဝန်ယူ ကန်သွင်းရမလဲ ဆိုတာအထိ အတိအကျ ညွှန်ကြားထားကြောင်း နည်းပြက ဆိုပါတယ်။ သူ့အနေနဲ့လည်း ဘယ်သူက အဆုံးအဖြတ် ပင်နယ်တီတွေကို ကန်မလဲဆိုတာဆုံးဖြတ်သင့်တယ်လို့ယူဆကြောင်း
လည်း မိုရီယာဆူက ပြောကြားသွားပါတယ်။

နာမည်ကျော် အီတလီ နည်းပြကြီး ကာလို အန်ဆလော့တီ ကိုင်တွယ်နေတဲ့ ဘရာဇီး အသင်းကို ဂျပန်က မနှစ်က အောက်တိုဘာ
လ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ ခြေစမ်းပွဲမှာ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ယူခဲ့ဖူးပါတယ်။ အခုတစ်ကြိမ် တွေ့ဆုံမှုမှာ ဂျပန်ရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်မှူးတာကီဖူဆာကူဘိုက
တော့ အုပ်စုအဆင့်မှာ ရခဲ့တဲ့ခြေသလုံး ဒဏ်
ရာကြောင့် လွဲချော်မယ်လို့ မိုရီယာဆူက အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တချို့အတွင်ဂျပန်ရဲ့ဘော
လုံးအဆင့်အတန်းဟာ ခပ်မြန်မြန် တိုးတက်လာသလို ကမ္ဘာ့ဖလားမှာ ဖျက်မြင်း အသင်းကောင်း တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံလာရပါတယ်။ ဂျပန် ကစားသမားတွေက ဥရောပ ထိပ်တန်း အမှတ်ပေး ဘောလုံးပြိုင်ပွဲ တချို့မှာ ပရော်ဖက်ရှင်နယ်အဖြစ် အခြေချ ကစားလာခြင်းကလည်း အတွေ့အကြုံပိုင်း ပိုမို အား
ကောင်းလာစေပြီး လက်ရွေးစင် အသင်းအ
တွက် အထောက်အကူကောင်းတွေ ဖြစ်လာစေခဲ့ပါတယ်။

ကိုးကား: Reuters
👍3614😁2🤣1
ဓါတ်ပုံ-ရိုက်တာ ၊မိုင်နီချီ
👍378😁1🤣1
.
ဥရု​ဂွေးအသင်း အုပ်စုပြုတ်လို့
စင်းလုံးငှား လေယာဉ် ခရီးစဉ် ဖျက်သိမ်းခံရ

ဇွန်-၂၉၊၂၀၂၆။People's Spring

ကမ္ဘာ့ဖလားမှာ အိမ်ပြန်စောခဲ့တဲ့ လက်ရွေး
စင် အသင်းအတွက် စင်းလုံးငှား လေယာဉ် စီစဉ်ပေးထားတာကို ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်က ပယ်ဖျက်လိုက်ပါတယ်။

တောင်အမေရိက ထိပ်သီး အသင်းတစ်သင်းဖြစ်တဲ့ ဥရုဂွေးဟာ ကမ္ဘာ့ဖလား အုပ်စု(H)မှာ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးပြီး အုပ်စုအဆင့်ကနေပဲ အိမ်ပြန်ရတော့မှာ ဖြစ်ပါတယ်။ ဥရုဂွေးဟာ ကမ္ဘာ့ဖလားကို အရင်က တစ်ကြိမ်မှ မယှဉ်
ပြိုင်ဖူးတဲ့ ကိပ်ဗာဒီလို အသင်းငယ်လေးရဲ့ နောက်ကောက်ချခြင်းကို ခံခဲ့ရတာပါ။

အဲဒီနောက်မှာတော့ ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းရဲ့ ကစား
သမားတွေ၊ နည်းပြအဖွဲ့ဝင်တွေအတွက် အပြန်ခရီးစဉ် လေယာဉ် စင်းလုံးငှားပေးမယ့် ကိစ္စကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်ကတော့ တချို့ ကစားသမားတွေဟာ မြို့တော် မွန်တီဗီဒိုဆီ ပြန်မလာဘဲ ဥရောပမှာရှိတဲ့ သက်ဆိုင်ရာ ဘောလုံးကလပ်တွေဆီ ပြန်သွားဖို့ စီစဉ်ထားတဲ့အတွက် အသင်းလိုက် စုစုစည်းစည်း အိမ်ပြန်လာဖို့ အဆင်မပြေတာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာလို့ အကြောင်းပြချက် ပေးခဲ့ပါတယ်။

အဓိပ္ပါယ်ကတော့ မက္ကဆီကိုမှာ ရှိနေတဲ့ ဥရုဂွေး အသင်းဟာ ဇာတိနိုင်ငံ ပြန်လာချင်သူတွေရော၊ တခြားနေရာတွေဆီ သွားချင်သူတွေပါ ကိုယ့်အစီအစဉ်နဲ့ကိုယ် တကွဲတပြားစီ ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ဥရုဂွေး အသင်းမှာတော့ ကစားသမားတွေနဲ့ နည်းပြ မာဆယ်လို ဘီယဲလ်ဆာတို့ကြားမှာ အကြီးအကျယ် သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း ကောလာဟလတွေလည်း ထွက်ပေါ်နေပါတယ်။ ကမ္ဘာ့ဖလားကနေ အရှက်
တကွဲ ထွက်ခွာခဲ့ရပြီးနောက် ပြည်တွင်း မီဒီယာတွေကလည်း ဥရုဂွေး အသင်းကို အပြင်း
အထန် ဝေဖန် ထိုးနှက်နေကြပါတယ်။ လူသိများတဲ့ အားကစား ဂျာနယ်လစ် မာတင် ချာကီရိုက နှစ် ၅၀ အတွင်းအကြီးမားဆုံး အရှက်
ကွဲမှုကြီးလို့တောင် ခေါင်းစဉ်တပ်ခဲ့ပါတယ်။

အသင်းခေါင်းဆောင် ဖြစ်ပေမယ့် အုပ်စုပွဲစဉ် ၃ ပွဲစလုံးမှာ ကြံ့ခိုင်မှုနဲ့ နည်းစနစ်ပိုင်း အ
ကြောင်းပြချက်တွေအရ တစ်ပွဲမှ မကစားခဲ့ရတဲ့ နောက်ခံလူ ဟိုဆေး မာရီယာ ဂျီမီနက်ဇ်က အသင်းရဲ့ ရလဒ်ဆိုးတွေအတွက် အထူးနာကျင်ရကြောင်းနဲ့ ဥရုဂွေး ပြည်သူတွေကို အနူးအညွတ် တောင်းပန်လိုကြောင်း၊ ဒါဟာ ကစားသမားတွေ မျှော်လင့်ထားတဲ့ အခြေ
အနေ မဟုတ်ခဲ့ပေမယ့်လည်း ဘောလုံးမှာတော့ ဒီလို ကိစ္စတွေကို လက်ခံရုံသာရှိကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းတွေအရ စပိန်ကို တစ်ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့အုပ်စုနောက်ဆုံး အဆုံး
အဖြတ်ပွဲစဉ်မတိုင်ခင်မှာ ကစားသမားတွေက နည်းပြ ဘီယယ်ဆာကို ဖီဆန်တာမျိုး အခြေ
အနေတွေ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: FLM

ဓါတ်ပုံ-Getty ၊ FIFA
20👍13😁5🤣1
21😁3🤣1
မန္တလေးတိုင်းက ထိန်းချုပ်နေရာတချို့တိုက်ခံရပြီးနောက် စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၀ဦး သေဆုံး၊ ၂၀ကျော် ဒဏ်ရာရ

ဇွန်-၂၉၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက တပ်စွဲထားတဲ့ နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြည်သူတွေနေတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၀ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၇ ရက် မနက် ၄နာရီမှာ စဉ့်ကူးမြို့နယ်သဲအင်းရွာကို တပ်စွဲထားတဲ့ စစ်တပ်နဲ့ မတ္တရာမြိုနယ်၊ရှင်လှရွာကို တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သဲအင်းရွာတိုက်ခိုက်စဉ်မှာ စစ်သား ၁ဦးအသေရပြိး စစ်တပ်က ကင်းစောင့်ခိုင်းထားတဲ့ ရွာသား (စစ်တပ်ကင်း)တွေကိုလည်း ဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

"စစ်တပ်က စပြီးရွာထဲဝင်ကတည်းက ရွာသားတွေက သူတို့ကိုအလှည့်ကျ ကင်းစောင့် ပေးရတာ။အဲဒီကင်းထဲက ၂ယောက် သေတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်သားတွေကတော့ သဲအင်းရွာရဲ့ တောင်ဘက်က စစ်တပ်အထိုင်ချထားတဲ့ ကျွန်းကြီးရွာဘက်ကို ထွက်ပြေးသွားတယ်လို့ ‌‌ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် စစ်တပ်က Mi-35နဲ့ ကျေးရွာပတ်လည်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦးထိမှန်ကာ ခြေနှစ်ဖက်ပျက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ မတ္တရာမြိုနယ်က ရှင်လှရွာကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦး ထပ်မနည်းသေ ဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်‌‌တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ပူးပေါင်းတပ်က ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တပ်က ထုံးကြီးရွာရဲစခန်းကနေ တောင်ဘက်က ကျေးရွာတွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးတစ်လုံးဟာ ဆင်သေကျေးရွာရဲ့အနောက်ဘက်က ဧရာဝတီမြစ်ထဲကို ကျခဲ့ပြီး နောက်ထပ်လက်နက်ကြီးဟာ ကျွန်းဦးရွာအတွင်းကျကာ အသက်(၃၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။

စစ်တပ်နေရာတွေတိုက်ခိုက်ခံရပြီးတဲ့နောက် မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘော၂စီး ဆန်တက်လာပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီသင်္ဘောတွေဟာ မတ္တရာ၊ဝက်လက်နဲ့စဉ့်ကူးမြို့နယ်အစပ်က အင်ဒေါင်းရွာအနီးရပ်တန့်ထားပြီး တခါတရံမြစ်ကို အစုန်၊အဆန်လုပ်ကာ မြစ်ကမ်းဘေးကို လိုက်လံပစ်ခတ်တာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

စစ်သင်္ဘောတက်လာချိန် တံတားဦးနဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းက မိုးကြိုးရွာ၊ရေလယ်ကျွန်းရွာ၊ဝက်လက်မြို့နယ်က စဉ့်ကိုင်ရွာတို့ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းရွာ လေကြောင်းတိုက်ခံရမှုမှာ အသက်(၂၆)နှစ်အရွယ် အမျိုးသားလက်ကောက်ဝတ်ပြတ်သွားပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦးလည်း လက်မောင်းအရင်းပြတ်ကာ ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ၂၈ ရက်မှာတော့ မတ္တရာမြို့ကနေ ကားတွေနဲ့ တိုက်ခိုက်ခံရတဲ့ရှင်လှနဲ့ သဲအင်းကျေးရွာတို့ကို အင်အားတိုးကာ စစ်တပ်က တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မနေ့က နေ့လည် ၁၂နာရီ ဝန်းကျင်မှာလည်း ဝက်လက်နဲ့ စစ်ကိုင်းမြို့နယ်အစပ်က စဉ့်ကိုင်လမ်းစုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၂ဦး ထိခိုက်ဒဏ်ရာ တွေရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လည်၂နာရီကျော်မှာ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ စစ်ကိုင်းမြို့နယ်၊တလိုင်းရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ကာ စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ကျေးရွာအရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ (၆)နှစ်အရွယ် မဂျူးဂျူးနဲ့ (၁၄)နှစ်အရွယ် မောင်ဟန်လင်းထက်တို့ မောင်နှမ ၂ဦး၊ အသက်(၂၀)အရွယ် မောင်နိုးနိုး၊ (၅၀)အရွယ် ဒေါ်သင်း၊ (၅၂)နှစ်အရွယ် ဒေါ်ဝင်း၊ (၄၀)အရွယ် မဝင်းဝင်းစိုးနဲ့ (၈)နှစ်အရွယ်သားဖြစ်သူနဲ့ (၅)နှစ်အရွယ် သမီးဖြစ်သူတို့ ၈ဦး သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ အခြေအနေ ပြန်ငြိမ်နေပေမယ့် သဲအင်းအပါအဝင် ကျေးရွာတွေက ပြည်သူတွေဟာ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
🤬337👍4👎2❤‍🔥1👏1😁1🙏1