“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့ (ဇွန်လ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်မှုထမ်းတပ်သားသစ်တွေက တပ်ရင်း
မှူး ဗိုလ်မှူးကျော်မင်းသန့်ကို သတ်ပြီး KNLA ထံ အလင်းဝင်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မ
ဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်
ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက ဗိုလ်မှူးကျော်မင်းသန့်ကို အဓမ္မစစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေက လုပ်ကြံသတ်ဖြတ်ပြီး တော်လှန်ရေးဘက်ကို အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ လုပ်ကြံမှုမှာ ဦးဆောင်ခဲ့တဲ့ လူငယ်က ထွက်ဆိုပါတယ်။ အဲဒီလို အလင်းဝင် ပူးပေါင်းလာတဲ့ စစ်မှုထမ်းတပ်သားသစ်နဲ့ အမေးအဖြေလုပ်
ထားတဲ့ ရုပ်သံကို ဖာပွန်စစ်မြေပြင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA)နဲ့အတူ တိုက်ပွဲဝင်နေတဲ့ တော်လှန်
ရေးတပ်ဖွဲ့ တစ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြသခဲ့ရာ အသက် ၃၃နှစ်အရွယ် စစ်မှုထမ်းတပ်သား
သစ်က အရာရှိကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်အကျဉ်းကို ရှင်းပြခဲ့ပါတယ်။ သူဟာ ပဲခူး
တိုင်းအတွင်း နေထိုင်သူဖြစ်ပြီး အခုနှစ် ဇန်နဝါရီမှာ ပေါ်တာဆွဲခံရတာ ဖြစ်ကြောင်း၊ နေအိမ်အတွင်းရှိနေစဉ် စစ်တပ်က ဝင်ပြီး ပေါ်တာဆွဲခဲ့တာဖြစ်ကြောင်း ရှင်းပြပါတယ်။ အပတ်စဉ် (၂၁)မှာ အခြား သင်တန်းသား ၂၇၀ ကျော်နဲ့အတူ သင်တန်းတက်ခဲ့ရတာလို့ဆိုပါတယ်။
◾️တလိုင်းရွာ စစ်တပ် ဂျက်ဖိုက်တာနဲ့ဗုံးကြဲ ကလေးငယ်၄ဦး အပါအဝင် ၈ ဦးသေဆုံးပြီး၂၀ ကျော်ဒဏ်ရာရ
စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၊တလိုင်း(ထီးလှိုင်)ရွာကို စစ်တပ်က ဂျက်ဖိုက်တာတိုက်လေယာဥ်တွေနဲ့ ဒီကနေ့မှာဗုံးကြဲတာကြောင့်ကလေးငယ် တွေအပါအဝင် ပြည်သူ၈ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇွန်လ၂၈ ရက်နေ့ ၊မွန်းလွဲ၂နာရီ ကျော်မှာ တံတားဦး လေတပ်က နေဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိုင်ဗုံးကြဲခဲ့သလို စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ကျေးရွာ အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့အသက် ၆နှစ်အရွယ်မဂျူးဂျူး နဲ့ အသက်၁၄နှစ်အရွယ် မောင်ဟန်လင်းထက်တို့ မောင်နှမ နှစ်ဦး၊အသက်၂၀ အရွယ် မောင်နိုးနိုး၊အသက်၅၀အရွယ် ဒေါ်သင်း၊ အသက်၅၂နှစ်အရွယ် ဒေါ်ဝင်း၊အသက် ၄၀ အရွယ် မဝင်းဝင်းစိုး နဲ့ မဝင်းဝင်းစိုးရဲ့ အ
သက်၈နှစ်အရွယ်သားဖြစ်သူနဲ့ အသက် ၅နှစ်အရွယ် သမီးဖြစ်သူ စုစုပေါင်း ၈ဦး သေဆုံးခဲ့ပါတယ် ။ဒါ့အပြင် ပြည်သူ ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
◾️လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်
ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသ
တင်းရင်းမြစ်အချို့က ပြောပါတယ်။ဒီကနေ့(ဇွန်လ ၂၈ ရက်) မနက်အစောပိုင်းကစပြီး နေ့လယ်ပိုင်းအထိ လွိုင်ကော်- မိုးဗြဲမြို့ကြားမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်
လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်နေတာလို့ ဆိုပါတယ်။စစ်ရေးအခြေအနေနဲ့ မြေပြင်ရဲဘော်တွေရဲ့ လုံခြုံရေးအရ တိုက်ပွဲဖြစ်တဲ့နေရာ အသေးစိတ်ကိုတော့ ချန်လှပ်ပေးဖို့ သူက တောင်းဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ် အကောင့်တချို့မှာတော့ ဝါရီဆူးပလိုင်း၊ ဘုရားဖြူ နဲ့ ဘုရားနီရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒီကနေ့ နေ့
လယ်ပိုင်းက ဖော်ပြနေကြပါတယ်။
◾️ဖားကန့် တကျော့ပြန် ရေကြီး
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေကြောင့် ရေမဆေးကျောက်ရှာသူ ၁၀ဦးထက်မနည်း သေဆုံးသလို နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ကြုံတွေ့နေရပါတယ်။ ဇွန်လ၂၇ရက် မနက်ပိုင်းကစပြီး တကျော့ပြန်မိုးကြီးပြီးတဲ့နောက် နန့်မှော်ကျေးရွာအပါအဝင် ဒါ့အပြင် စွန့်ပစ်မြေဇာပုံတွေကနေဖြစ်တဲ့ နွံကန်ပြိုကျပြီး လူနေကျေးရွာတွေထဲကို ရွံ့နွံတွေနဲ့ရေတွေ စီးလာလို့ ထိခိုက်ပျပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျက်
စီးဆုံးရှုံးမှုအသေးစိတ်ကို လတ်တလောမှာ မသိရသေးပါဘူး။ ဖားကန့်ဒေသမှာ ဇွန်လ ၁၄ရက်ကနေစပြီး ရေကြီးခဲ့တာပါ။
◾️ပေါက်ကိုယ်တော်ဆွေမျိုး ပေါ်တာဆွဲခံရပြီး သာမန်စစ်မှုထမ်းထဲမဟုတ်ဘဲ အမြဲတမ်းတပ်သားထဲအထည့်ခံရလို့ မမျှတဟုပြော
စစ်မှုထမ်း ပေါ်တာဆွဲတာကို ထောက်ခံခဲ့တဲ့ ပေါက်ကိုယ်တော်ဟာ သူ့ရဲ့ဆွေမျိုးလူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရပြီး သာမန်စစ်မှုထမ်းမဟုတ်ဘဲ အမြဲတမ်းစစ်သားအဖြစ် ထည့်သွင်းခံလိုက်ရကြောင်း ၎င်းက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ စစ်မှု
ထမ်းပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေကို ဒီကနေ့ ဇွန်လ ၂၈ ရက်မနက်ပိုင်းမှာ ၎င်းရဲ့ Tiktok အကောင့်ကနေ ပြောဆိုခဲ့ရာ ၎င်းရဲ့ဆွေမျိုး ပေါ်တာဆွဲခံလိုက်ရတဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့တာပါ။ ပေါ်တာဆွဲခံလိုက်ရဲ့ ၎င်းရဲ့ဆွေမျိုးဟာ ဘွဲ့ရတစ်ဦးဖြစ်ပြီး တပ်ထဲထည့်ချိန်မှာတော့ ၆ တန်းလို့ စာရင်းသွင်းကာ သာမန်စစ်မှုထမ်းထဲမဟုတ်ဘဲ သန္ဓေတပ်
သား(အမြဲတမ်းတပ်သား)အဖြစ် ထည့်သွင်းခံလိုက်ရကြောင်း ပေါက်ကိုယ်တော်က ပြောပါတယ်။
◾️မင်းတုန်းမြို့နယ်အနောက်ခြမ်း ရခိုင်ရိုးမကို စစ်ကြောင်းထိုးမရလို့ စစ်တပ် ဗုံးကြဲနေ

❤16👍11🔥1🤣1
မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်း ရခိုင်ရိုးမကို စစ်တပ်က မြေပြင်စစ်ကြောင်းတွေ ထိုးမရတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။အခုဇွန်လဆန်းပိုင်းက မင်းတုန်းအနောက်ခြမ်းရခိုင်ရိုးမကို စစ်တပ်က အင်အား ၃၀၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပေမယ့် အထိနာလို့ ရခိုင်ရိုးမအခြေက ကျေးရွာတွေကို ပြန်ဆုတ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒါ့အပြင် မင်းတုန်းမြို့နယ်ကို စစ်တပ်က အင်အားထပ်ဖြည့်ဖို့ ပြင်ဆင်မှုတွေရှိတယ်လို့ သိရပါတယ်။
◾️မင်းတပ်တိုက်ပွဲ စစ်တပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပေး
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က လေကြောင်း၊ လက်
နက်ကြီးနဲ့ ဒရုန်းတွေ အကြိမ်ပေါင်းများစွာ အသုံးပြု တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသ
ခံကပြောပါတယ်။မင်းတပ်မြို့ပြန်ထိန်းချုပ်
ဖို့ စစ်တပ်က ၂၀၂၆ မေလကုန်ပိုင်းမှာ ထိုး
စစ်ဆင်ခဲ့ရာ ၁လခန့်အတွင်း တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ပါတယ်။ စစ်တပ်ထိုးစစ်ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)နဲ့ မဟာမိတ်တွေ ပူးပေါင်းခုခံနေတာဖြစ်ပါတယ်။ စစ်ရေးအခြေအနေသတင်းတွေ အသေးစိတ်ထုတ်ပြန်တာမရှိပေမယ့် မင်းတပ်နဲ့ ကန်ပက်လက်မြို့တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ AAက ဇွန် ၂၇ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့ည သန်းခေါင်
ကျော်နဲ့ ဒီမနက်အစောမှာလည်း မင်းတပ်မြို့ကို လေကြောင်းက အကြိမ်ပေါင်းများစွာ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။
◾️ပခုက္ကူမှာ မြစ်ရေတိုက်စားလို့ ကျေးရွာ ၂ရွာ အရေးပေါ်ရွှေ့ပြောင်း
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေး
ရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ပခုက္ကူမြို့နယ်က ဧရာဝတီမြစ်ဘေးမှာ တည်ထားတဲ့ သိမ်ကုန်းရွာနဲ့ မရိုးကုန်းရွာဟာ နှစ်စဥ် ကမ်းပါးပြိုကျမှုဒဏ်ကြောင့်နေအိမ်တွေ၊စာသင်ကျောင်း
တွေ၊ ဘုန်းကြီးကျောင်းနဲ့စေတီတွေ၊ လယ်
မြေတွေ ဆုံးရှုံးခဲ့ရပါတယ်။ ယခု ဇွန်လထဲမှာ ဧရာဝတီမြစ်ရေတက်လာချိန် ကမ်းပါးပြိုကျမှုတွေ ထပ်မံ ဖြစ်ပွားလာတာကြောင့် အဆိုပါကျေးရွာက အိမ်ခြေရာချီရှိတဲ့အနက် ၃ ပုံ ၂ ပုံ ရွှေ့ပြောင်းထားရကြောင်း ဒေသခံတွေက ပြောပါတယ်။ အိမ်ဖျက် အပြောင်းအရွှေ့ကို ရွာသူရွာသားတွေစုပေါင်းလုပ်နေပေမဲ့ ကမ်းပါးပြိုကျမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ်းပါးပြိုကျတဲ့နေရာနဲ့ဝေးတဲ့နေရာမှာ ရွာအသစ်တည်ဖို့ကိုလည်း ကြိုးစားနေကြပြီး သောက်သုံးရေကအစ လိုအပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
◾️ရေဦးမြို့က ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း စစ်အုပ်စုကဖျက်ဆီးပြန်
စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လူခြေတိတ်ချိန်မှာဖျက်ဆီးသွားတာလို့ မြို့ခံအချို့ကပြောပါတယ်။ ရေဦးမြို့ကဗိုလ်ချုပ်ကျေးရုပ်ကို အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၈ခုနှစ်မှာ ဌာနဆိုင်ရာနဲ့ပြည်သူတွေပူးပေါင်းပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်ရုပ်တုကိုဖြိုချဖျက်ဆီးသွားတဲ့လုပ်ရပ်ကို မြို့ခံတွေနဲ့ တော်လှန်ရေးအင်
အားစုတွေက ရှုတ်ချနေကြပါတယ်။
◾️စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူလာပြီး KNDO ထံ အလင်းဝင်
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်
အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။စစ်တပ်ရဲ့ ခမရ(၅၉၆) တပ်ရင်းက တပ်သား ပြည့်စုံအောင်ဟာ ဇွန် ၂၇ရက်မှာ KNU ညောင်လေးပင်ခရိုင်အတွင်းရှိ KNDO တပ်ရင်း (၃) ထံကို အလင်းဝင်လာတာလို့ အသိပေးပါတယ်။ အလင်းဝင်လာတဲ့ တပ်သားက MA-1 သေနတ် (၁)နဲ့ ကျည်ခဲယမ်းတွေ ယူလာကြောင်း သလို အဲဒီတပ်သားကို KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)က ဆုငွေ ကျပ် ၁၀ သိန်း ပေးအပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။အလင်းဝင်လာတဲ့ တပ်သားဟာ စစ်တပ်ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းမှုကြောင့် စစ်မှုထမ်းနေရသူဖြစ်တယ်လို့ ဆိုပါတယ်။
◾️ဟားခါးဒေသက ချင်းတပ်စခန်းအချို့နဲ့ ကျေးရွာအချို့ကို စစ်တပ် ဗုံးကြဲ
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်
လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဇွန်လ ၂၆ရက်က ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်စခန်း ၂ခုကို စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်က အခုလို ပြောတာပါ။ တော်လှန်ရေးရဲဘော်အချို့ ကျဆုံးပေမယ့် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။ Chinland ရဲ့ ဖော်ပြချက်မှာတော့ CDF ဟားခါး တပ်စခန်းတွေ ဗုံးကြဲခံရမှုကြောင့် ရဲဘော် ၅ဦး ကျဆုံးခဲ့သလို ဇွန် ၂၇ရက်မှာလည်း စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ ကာနန်ကျေးရွာကို စစ်တပ် လေကြောင်း တိုက်ခိုက်ခဲ့ရာ ချင်းအမျိုးသားတပ်ဦး (CNA) ခမ်းပတ်လှုပ်ရှားတပ်ရင်း မှ ရဲဘော် နှစ်ဦး

👍18❤2😢2🔥1🤣1
နဲ့ Zo Army ရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ Zo Army ကလည်း ရဲဘော် မန်မွန့်တွောင်ဟာ စစ်တပ်ကို တွန်းလှန်ရင်း ဇွန်လ ၂၇ရက်မှာ ကျဆုံးခဲ့ကြောင်း ဒီကနေ့ ထုတ်ပြန်အသိပေးထားပါတယ်။
◾️ရေစကြိုမှာ PDF အယောင်ဆောင်ပြီး စစ်ဆေးပိုက်ဆံတောင်းနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
မကွေးတိုင်း၊ ရေစကြိုမြို့အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အယောင်ဆောင်ပြီး အရပ်သားတွေကို စစ်ဆေးပိုက်ဆံတောင်းနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။ ရေစကြိုမြို့ပေါ်ကနေ စစ်တပ်က အင်အား ၄၅ ဦးနဲ့ မြို့နဲ့ (၁)မိုင်ခွဲ၀န်းကျင်က ပေကုန်းကျေးရွာနားမှာ မနေ့က (ဇွန်လ ၂၇ ရက်) ည
နေ ၆နာရီ၀န်းကျင်ကPDFအယောင်ဆောင်
ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးပိုက်ဆံတောင်းနေတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပေကုန်းကျေးရွာဘောလုံးကွင်းထိပ်မှာ ကာကွယ်ရေးရဲဘော်တွေက အနီးကပ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ဒဏ်ရာရသူတချို့ရှိတယ်လို့ အသိပေးပါတယ်။
ဧရာဝတီကစစ်တပ်စခန်ကုန်းသုံးခုကို
AAသိမ်းပိုက်
ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်ထဲက စစ်
တပ်စခန်းကုန်းသုံးခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ်တွေအပါအဝင် စစ်
မျက်နှာ ၆ ခုမှာ တိုက်ပွဲတွေဆက်လက်ပြင်း
ထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က
သတင်းထုတ်ပြန်ပါတယ်။ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ရေကြည်မြို့နယ်ထဲက ပွိုင့် (၂၈၈) ကုန်းကိုဇွန်လ (၁၇) ရက်၊ ပွိုင့် (၁၈၈) ကုန်းကို ဇွန်လ (၁၉) ရက်နဲ့ ပွိုင့် (၁၄၈) ကုန်းကို ဇွန်လ (၂၁) ရက်နေ့မှာ တစ်ခုပြီးတစ်ခု ဆက်တိုက် သိမ်းပိုက်ရရှိခဲ့တာလို့ ဇွန်လ ၂၇ရက်နေ့ညမှာ AA ကထုတ်ပြန်ထားပါတယ်။စစ်တပ်စစ်ကြောင်းတွေဟာ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးဖြင့် ထိုးဖောက်ရန် ကြိုးစားနေတာကြောင့် ရခိုင်-ဧရာ
ဝတီ အစပ် နေရာတွေမှာတိုက်ပွဲများ နေ့စဉ်
ရက်ဆက် ပြင်းထန်နေတယ်လို့ ဖော်ပြပါတယ်။
ရေကြည်မြို့အခြေစိုက် အမြောက်တပ် (၃၄၄) နဲ့ ပုသိမ်အခြေစိုက် တပ်ရင်းတွေကနေထုတ်နုတ်အင်အား (၄၀၀) ကျော်နဲ့ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်နေပြီး စခန်းသိမ်းတိုက်ပွဲတွေအတွင်းရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်း တွေ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းဓါတ်ပုံတွေနဲ့တကွထုတ်ပြန်အသိပေးထားပါတယ်။ဂွမြို့နယ်ကိုဦးတည်တဲ့ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဟာ ယခုတစ်ကြိမ်မှ မဟုတ်ဘဲ ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်ရဲ့တန်ပြန် ထိုးစစ်တိုင်း စစ်ကြောင်းတွေလန်ကျနေတာလို့စစ်ရေးသတင်း ရင်းမြစ်အချို့ကပြောပါတယ်။

👍23❤6🔥1🎉1🤣1
မိုးဗြဲနဲ့ လွိုင်ကော်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစု ထိုးစစ်ဆင်တိုက်ခိုက်ရာ သုံးပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရ
ဇွန် -၂၉၊၂၀၂၆။ဇော်၀င်း/People's Spring
ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။
ဇွန်လ၂၈ရက် မနက် ၄ နာရီခွဲ၀န်းကျင်ကစပြီး ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို နေ့လယ်ပိုင်းအထိ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
"နယ်မြေစိုးမိုးမှုကို ခြေကုတ်ယူထားတာဖြစ်တဲ့အတွက်ပြန်လည်ခြေမှုန်းတာဖြစ်ပါတယ်"လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။
အဲဒီကာကင်းစခန်းတွေဟာ ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်စုဖွဲ့ထားတဲ့နေရာတွေလို့ အသိပေးပါတယ်။
"မိုးဗြဲ နဲ့ ဘုရားဖြူမှာ တိုက်ပွဲဖြစ်တယ်။ ကာကင်းတချို့ကို ချေမုန်းနိုင်ခဲ့တယ်။ ရန်သူ့သေဆုံး ထိခိုက်မှု့များပြီး ဆုတ်ခွါသွားတယ်။ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်။သုံ့ပန်းနှစ်ယောက်မိတယ်"လို့ ကရင်နီတပ်ပေါင်းစု တာ၀န်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ကရင်နီတပ်ပေါင်းစုဘက်ကလည်း ထိခိုက်မှုတချို့ရတယ်လို့ သူက ဆက်ပြောပါတယ်။
"ကာမီကာဇေနဲ့ လက်နက်ကြီးတွေနဲ့ ပြန်တိုက်ခိုက်တာတွေရှိတယ်"လို့ ကာကင်းစခန်းတချို့သိမ်းခံရပြီး နောက်ဆက်တွဲအခြေအနေကို မိုးဗြဲ မြို့မှာရှိတဲ့ ရဲဘော်တစ်ဦးက ရှင်းပြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ် အကောင့် တချို့မှာတော့ ဝါရီဆူးပလိုင်း၊ ဘုရားဖြူ နဲ့ ဘုရားနီရွာအနီးမှာ တိုက်ပွဲ ဖြစ်နေတယ်လို့ မနေ့က နေ့လယ်ပိုင်းမှာ ဖြန့်ဝေထားပါတယ်။
"အခုတိုက်ပွဲက အားကောင်းတဲ့တပ်ပေါင်းစုထိုးစစ်ပါ။လဝ(လျှို့ဝှက်) တဲ့ စစ်ဆင်ရေးလည်းဖြစ်တယ်"လို့ ရှမ်း-ကရင်နီပူးပေါင်းတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
မိုးဗြဲမြို့မှာရှိတဲ့ တော်လှန်ရေးတပ်တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ မေလ ၁၃ ရက်နဲ့ ဇွန်လ ၁၉ ရက်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ - အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
အဲဒီ တိုက်ပွဲတွေမှာလည်း စစ်တပ်က ၁၉ ဦး၀န်းကျင် သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

👍36👏7❤2😁2🥰1🎉1🤣1
(တိုက်ပွဲအတွင်း ဖမ်းမိတဲ့ သုံ့ပန်းနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - CJ)
👍36👏13❤7🥰2😁1🎉1🤣1
■အတွေးအမြင်
မြန်မာ့ပြည်တွင်းစစ်ကို မှားယွင်းသုံးသပ်ခြင်း
(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)
-ခါကာဘို ရေးသားသည်။
မြန်မာ့ပြည်တွင်းစစ်ရဲ့လက်ရှိအခြေအနေကို ကြည့်လိုက်ရင်“ဘယ်ဘက်ကအနိုင်ရနေပြီလဲ”ဆိုတဲ့ မေးခွန်းအတွက် ရှင်းလင်းတဲ့ အ
ဖြေမရှိသေးဘဲ အမြဲတမ်း ပြောင်းလဲနေတဲ့ အင်အား ချိန်ခွင်လျှာ တစ်ခုလို ဖြစ်နေပါတယ်။
ဒါက အမေရိကန်အခြေစိုက် "War on the Rocks" က သုံးသပ်ထားတာပါ။ War on the Rocks ဆိုတာ စစ်ရေးနဲ့ နိုင်ငံတကာမူဝါဒတွေကို သုံးသပ်ရေးသားတဲ့ ပရော်ဖက်ရှင်နယ် Policy Platform တစ်ခုဘဲ ဖြစ်ပါတယ်။
စစ်တပ်အရာရှိဟောင်းတွေ၊သုတေသနပညာရှင်တွေက ရေးကြပြီး၊ အမေရိကန် ကာကွယ်ရေး အသိုင်းအဝိုင်း (US Defense Community)၊ ပင်တဂွန် (Pentagon) နဲ့ မူဝါဒချမှတ်သူ (Think Tank) တွေရဲ့ လေးစား
ယုံကြည်မှုကို ရရှိထားတဲ့ အရည်အသွေးမြင့် မဟာဗျူဟာမြောက် သုံးသပ်ချက် (High-Quality Strategic Analysis) တွေကို တင်ပြတဲ့နေရာမှာ နာမည်ကြီးတဲ့ မီဒီယာတစ်ခုလည်း ဖြစ်ပါတယ်။
သူတို့ရဲ့သုံးသပ်ချက်ထဲကအဓိကအကြောင်း
အရာကတော့မြန်မာနိုင်ငံမှာ၂၀၂၁ အာဏာ
သိမ်းပြီး နောက် ပေါ်ပေါက်လာတဲ့ Spring Revolution ဟာ ၂၀၂၃–၂၀၂၄ ခုနှစ် အတွင်းမှာ ထင်ရှားတဲ့ အားသာချက်တွေ ရရှိခဲ့တယ်ဆိုတာပါ။
ဒရုန်း စစ်ဆင်ရေးတွေ၊ ပျောက်ကြားနည်း
ဗျူဟာ (Guerrilla warfare tactics) တိုက်
ခိုက်မှုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းမှုတွေကြောင့် စစ်တပ်ကို နယ်
မြေအများအပြားမှာ ဖိအားပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် Operation 1027 လို စစ်ဆင်ရေးမျိုးကြီးတွေက တော်လှန်ရေးဘက် အတွက် အလှည့်အပြောင်း တစ်ခုလို ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်ကာလမှာတော့ စစ်တပ်ဟာ အား
နည်းလာနေပြီ၊ ပြိုလဲနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေတောင် နိုင်ငံတကာမှာ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၂၅ နောက်ပိုင်းမှာတော့ အခြေ
အနေက ပြန်လည် ပြောင်းလဲလာပါတယ်။ စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းမှုတွေကို တိုးချဲ့ လာသလို ဒရုန်းနည်းပညာနဲ့ လေကြောင်း အားသာချက်တွေကိုလည်း ပိုမို အသုံးချ လာနိုင်ခဲ့ပါတယ်။
အရေးအကြီးဆုံးကတော့ တော်လှန်ရေးဘက်မှာရှိနေတဲ့အဖွဲ့အစည်းအချင်းချင်း မညီညွတ်မှု၊ လက်နက်နဲ့ ခဲယမ်းမီးကျောက် မလုံ
လောက်မှု၊ တရုတ်ရဲ့ ဖိအား သက်ရောက်မှုဆိုတဲ့ အချက် သုံးချက်က တစ်ချိန်တည်းမှာ စုပေါင်း ဖိအားပေးလာတာပါ။
ဒီပြဿနာတွေက အရင်ကတည်းက ရှိခဲ့ပေမယ့် ၂၀၂၅ နောက်ပိုင်းမှာတော့ စစ်မြေပြင်ပေါ်မှာ သိသိသာသာ သက်ရောက်လာပြီး စစ်အုပ်စု ပြန်လည် အားကောင်းလာဖို့ အဓိကအကြောင်းရင်းတွေ ဖြစ်လာခဲ့ပါတယ်။
တော်လှန်ရေးဘက်မှ အဓိက ပြဿနာတစ်ခုက အဖွဲ့အစည်း ကွဲပြားမှုပါ။ NUG၊ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ တစ်ခုတည်းသော အမျိုးသားအဆင့် စစ်ရေးမဟာဗျူဟာ အောက်မှာ တစ်စုတည်းမဖြစ်နိုင်သေးဘဲ ကိုယ့်နယ်မြေ၊ ကိုယ့်အကျိုး
စီးပွားကို ဦးစားပေးနေတဲ့ အခြေအနေ ရှိပါတယ်။
အရင်ကတော့ ဒီလို "ဒေသအလိုက် ကိုယ်ပိုင် ဆုံးဖြတ် လုပ်ဆောင်နိုင်သော နည်းလမ်း (Decentralised)"ကစစ်တပ်ကို တဖြည်း
ဖြည်းဖြိုချနိုင်တဲ့ (Thousand Cuts) ပုံစံအနေနဲ့ အကျိုး ရှိခဲ့ပေမယ့် စစ်တပ်က ပြန်လည်အားကောင်းလာတဲ့အခါမှာတော့ အဲဒီကွဲပြားမှုကအားနည်းချက်အဖြစ်ပြောင်းလဲသွားပါတယ်။
နောက်တစ်ချက်ကလက်နက်နဲ့ ခဲယမ်းပြ
ဿနာပါ။ အစောပိုင်းကာလတွေမှာ နယ်စပ်ဖြတ်လမ်းတွေ၊ မှောင်ခိုဈေးကွက် လမ်း
ကြောင်း တွေကနေ လက်နက် ရရှိနိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ်နောက်ပိုင်းမှာ တရုတ်ရဲ့ ဖိအားကြောင့် အဲဒီ ထောက်ပံ့ရေး လမ်း
ကြောင်းတွေ ထိခိုက်သွားပါတယ်။
အဲဒီရဲ့ရလဒ်ကြောင့် PDF တွေရဲ့ စစ်ရေးစွမ်းရည် ကျဆင်းလာပြီး မြို့ကြီးတွေကို ထိန်းထားနိုင်မှုလည်း လျော့နည်းလာပါတယ်။ ဖလမ်းမြို့လို ဖြစ်စဉ်တွေက ဒီအခြေအနေကို ထင်ရှားစေတဲ့ဥပမာတစ်ခုပါပဲ။တော်လှန်
ရေး ဘက်က ခဏ ထိန်းနိုင်ခဲ့ပေမယ့် လက်
နက် မလုံလောက်မှုကြောင့် နောက်ဆုံးမှာ ပြန်လည် ဆုံးရှုံး ခဲ့ရပါတယ်။
တတိယအရေးကြီးတဲ့အချက်က တရုတ်ရဲ့ အခန်းကဏ္ဍပါ။ အစပိုင်းမှာတော့ တရုတ်ဟာ နှစ်ဖက်လုံးကို ချိန်ညှိနေတဲ့ အနေအထား ရှိခဲ့ပေမယ့် ၂၀၂၄ နောက်ပိုင်းမှာတော့ စစ်အုပ်စုဘက်ကို ပိုမိုပြတ်သားစွာ လှည့်လာပါတယ်။
တိုင်းရင်းသားအဖွဲ့အချို့အပေါ် စီးပွားရေးဖိအားပေးခြင်း၊ လက်နက်လမ်းကြောင်း ပိတ်ပင်ခြင်း၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် ဖိအားပေးခြင်းတွေကြောင့် MNDA နဲ့ TNLA တို့လို အဖွဲ့တွေ စစ်ပွဲကနေ ဆုတ်ခွာ သွားရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေက တော်လှန်ရေး အင်အားစုအတွင်းမှာ အရေးပါတဲ့ အစိတ်
အပိုင်းတွေကို လျော့နည်းစေ ခဲ့ပါတယ်။
ဒါပေမယ့် ဒီအခြေအနေတွေကြောင့် တော်
လှန်ရေးဟာ အဆုံးသတ်သွားပြီ လို့တော့ မဆိုနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ နယ်မြေအချို့ကို တော်လှန်ရေးအဖွဲ့တွေက ဆက်လက် ထိန်း
ချုပ်ထားဆဲ ဖြစ်သလို PDF တွေဟာလည်း ပျောက်ကြားနည်းဗျူဟာ (Guerrilla warfare tactics) နည်းကို ပြန်လည် ပြောင်းလဲ အသုံး
ပြုပြီး စစ်တပ်ကို ဆက်လက် ဖိအားပေးနေဆဲပါ။

👍19❤9🤮1🤣1
စစ်တပ်ဘက်မှာလည်း စီးပွားရေးကျဆင်းမှု၊ လောင်စာဆီပြတ်လပ်မှု၊ လူထုမုန်းတီးမှု တိုးလာမှုလို အားနည်းချက်တွေ ရှိနေပြီး တစ်ဖက်တည်းက အပြည့်အဝ အနိုင်ရထားတဲ့ အခြေအနေ မဟုတ်သေးပါဘူး။
၂၀၂၆ အခြေအနေကိုကြည့်လိုက်ရင်တော့ တော်လှန်ရေးဘက်က NUG နဲ့ အဓိကတိုင်း
ရင်းသားအဖွဲ့ အချို့ ပူးပေါင်းပြီး ပိုမိုစုစည်းတဲ့ မဟာဗျူဟာ ဖွဲ့စည်းမှုတွေ စတင်လာတာကိုလည်း တွေ့ရပါတယ်။
ဒါပေမယ့် အရင်ကလို မဟုတ်ဘဲ စစ်ပွဲက အဆုံးသတ်တစ်ခုဆီကို တိုက်ရိုက် သွားနေခြင်း မဟုတ်ဘဲ နှစ်ဖက်လုံး အနိုင်မရသေးတဲ့ “အင်အားချိန်ခွင်လျှာ ညီနေသော အခြေ
အနေ (Stalemate)”တစ်ခုဆီကို ရောက်နေတယ် ဆိုတဲ့ သုံးသပ်ချက်က ပိုမို သင့်လျော် လာပါတယ်။
အဆုံးသတ်အနေနဲ့ ပြောရရင်တော့ ဒီဆောင်း
ပါးက ထောက်ပြချင်တာ စစ်အုပ်စုရဲ့ လတ်
တလော အောင်မြင်မှုတွေက အပြီးသတ်အောင်ပွဲ မဟုတ်သေးပါဘူး။
မြန်မာပြည်တွင်းစစ်ဟာ အဆုံးသတ်သွားတဲ့ အဆင့်မဟုတ်သေးဘဲ အင်အားချိန်ခွင်လျှာ မတည်ငြိမ် သေးတဲ့ ရေရှည် ပဋိပက္ခတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဆဲ ဖြစ်ပြီး နောက်လာမယ့် ကာလ တွေမှာလည်း စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာအင်အား ချိန်ခွင်လျှာတွေက အခြေအနေကို ထပ်မံ ပြောင်းလဲ နိုင်သေးတယ်ဆိုတာကို သတိပေးထားခြင်းပဲ ဖြစ်ပါတယ်။ ။
ကိုးကား-War on the Rocks

❤18👍10🤮2🥰1😁1🤣1
စစ်တပ်က ချင်းပြည်နယ်၊ဖလမ်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက်တွေ့ရစဥ် /AA က ဧရာ
ဝတီတိုင်း၊ရေကြည်မြို့နယ်ကစစ်တပ်စခန်းကုန်း ၃ ခုကို AA ကသိမ်းပိုက်ပြီးနောက်တွေ့ရစဥ် /မကွေးတိုင်းက စစ်စခန်း နဲ့ စစ်တပ်ကိုတော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တွေ့ရစဥ်။
ဓါတ်ပုံ-စစ်ကောင်စီ၊AA Info desk ၊PDF စစ်ရုံးချုပ်

👍29❤4😁2🤣1