People's Spring
60.5K subscribers
69.8K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
👍18🤮3💩1
■​ဆောင်းပါး

AI ၏ သိသယောင် အဖြေများကို အထူးသတိထားပါ

-ကိုပါဝဲလ်​ရေးသားသည်။

လူ့အဖွဲ့စည်းတွင် ယနေ့ခေတ်ကာလမှာ AI (Artificial Intelligence) ဉာဏ်ရည်တုကို နယ်ပယ်အသီးသီးတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်သည်။ ထို AI ဉာဏ်ရည်တုကို အသုံးပြုသည့်အခါ သိသယောင် အားနည်းချက်(Hallucination)သည် အန္တ
ရာယ်အလွန် ရှိနိုင်သည့် ပြဿနာတခု ဖြစ်နေပါသည်။

ခေတ်သစ် နည်းပညာလောကတွင် လူသားကဲ့သို့ စဉ်းစားတွေးခေါ်နိုင်ရန် ကြိုးစားသည့် AI (Artificial Intelligence) စနစ်များသည် လူသားတို့၏ နေ့စဉ်ဘဝနှင့် အလုပ်အကိုင်ကဏ္ဍအသီးသီးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။

သို့သော် AI များတွင် အဓိက ရင်ဆိုင်နေရသည့် အားနည်းချက်တခုမှာ Hallucination ခေါ် သိသယောင် အားနည်းချက်ပင် ဖြစ်
သည်။

︎သိသယောင် အားနည်းချက် (Hallucination) ဆိုသည်မှာ အဘယ်နည်း ။

AI Hallucination ဆိုသည်မှာ AI စနစ်များက ၎င်းတို့တွင် တိကျသော အချက်အလက် မရှိသော်လည်း ရှိသယောင် ဖန်တီး၍ ဖြေကြားခြင်း သို့မဟုတ် မသက်ဆိုင်သော အချက်
အလက်များကို ရောထွေး၍ အဖြေထုတ်ပေးခြင်း ဖြစ်သည်။

ဥပမာအနေဖြင့် မရှိသော သမိုင်းဖြစ်ရပ်များ၊ မရှိသော လူပုဂ္ဂိုလ်များ သို့မဟုတ် မမှန်ကန်သော သိပ္ပံနည်းကျ အချက်အလက်များကို ထုတ်ပေးခြင်း ဖြစ်သည်။ ပို၍ ဆိုးရွားသည်မှာ AI က ထိုအမှားကို အလွန်ယုံကြည်မှုရှိရှိ ပြောဆိုနေခြင်းပင် ဖြစ်သည်။

︎ဘာကြောင့် ဖြစ်ရသနည်း

AI များသည် လူသားများကဲ့သို့ အမှန်တရား ကို နားလည်ပြီး ပြောဆိုခြင်း မဟုတ်ဘဲ ၎င်းတို့ လေ့ကျင့်ထားသော ဒေတာ (Data) များပေါ် အခြေခံကာ ရှေ့စကားလုံးနှင့် နောက်စကားလုံး မည်သို့ ဆက်စပ်နိုင်သည်ကို သင်္ချာနည်းအရ ခန့်မှန်းတွက်ချက်ခြင်း (Statistical Probability) သာ ဖြစ်သည်။
ထို့ကြောင့် လေ့ကျင့်ထားသော ဒေတာထဲတွင် အချက်အလက် မရှိသည့်အခါ AI က ရှေ့နောက် ဆက်စပ်မှုများဖြင့် အဖြေတခုကို အတင်းအဓမ္မ ဖန်တီးယူတတ်ခြင်း၊ နာမည်တူ သို့မဟုတ် အကြောင်းအရာတူသော အချက်အလက်များကို ရောထွေးပြီး တဦးတည်း၊ တခုတည်းအဖြစ် တင်ပြမိခြင်းများ မကြာခဏ ဖြစ်တတ်ပါသည်။

AI သည် "မသိဘူး" ဟု ဝန်ခံရန်ထက် အဖြေတခုခု ပေးရန် ပိုမိုအားသန်အောင် တည်
ဆောက်ထားသော AI Model များတွင် ဤပြဿနာများ ပိုမိုဖြစ်ပွားတတ်သည်။

︎သိသယောင် အားနည်းချက်၏ အန္တရာယ်များ

အထိခိုက်မခံသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများ၊ ဥပဒေရေးရာနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များတွင် အမှားများ ပါဝင်သွားပါက လူသားတို့၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည်။

အသုံးပြုသူက AI ပေးသော အချက်အလက်ကို အမှန်ဟု ယူဆပြီး ဆုံးဖြတ်ချက်များ ချမှတ်ရာမှ အမှားများ ကြုံတွေ့ရသောအခါ နည်းပညာအပေါ် ယုံကြည်မှု လျော့နည်းသွားစေသည်။

AI က ဖန်တီးလိုက်သော မမှန်ကန်သည့် အ
ချက်အလက်များသည် အင်တာနက်ပေါ်တွင် သတင်းမှား (Misinformation) များအဖြစ် ပျံ့နှံ့သွားစေနိုင်သည်။ အသုံးပြုသူများအ
တွက် ကြီးမားသော အန္တရာယ်များကို ဖြစ်စေနိုင်ပါသည်။

︎မည်သို့ ကာကွယ်သင့်သနည်း

AI ၏ သိသယောင် အားနည်းချက်ကို လျှော့ချရန်အတွက် နည်းပညာရှင်များက နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားနေကြသည်။

AI ကို ၎င်း၏ မှတ်ဉာဏ်ထဲရှိ အချက်အလက်များဖြင့်သာ မဖြေခိုင်းဘဲ ယုံကြည်ရသော ပြင်ပရင်းမြစ်များ (External Sources) တွင် ရှာဖွေပြီးမှ ဖြေကြားစေခြင်း၊ AI ထုတ်ပေးသော အဖြေများကို လူသား ကျွမ်းကျင်သူများက ပြန်လည် စိစစ်ခြင်း၊ အချက်
အလက် မှန်မမှန် စစ်ဆေးနိုင်သော ကိရိယာများကို AI စနစ်အတွင်း ထည့်သွင်း တည်
ဆောက်ခြင်းတို့ဖြင့် အထက်ပါအားနည်း
ချက်ကို လျှော့ချစေနိုင်ပါသည်။

AI များသည် လူသားတို့အတွက် အလွန်အသုံးဝင်သော ကိရိယာများ ဖြစ်သော်လည်း သိသယောင်ယောင်ဖြင့် ထုတ်ပေးသည့် အဖြေများကို အထူးသတိထားရမည် ဖြစ်သည်။

ထို့ကြောင့် အသုံးပြုသူများအနေဖြင့် AI ပေးသော အချက်အလက်များကို မယုံကြည်ဘဲ မိမိကိုယ်တိုင် ပြန်လည် စိစစ်သည့် (Double-check) အလေ့အထ ရှိရမည်ဖြစ်သလို၊ AI တည်ဆောက်သူများကလည်း ပိုမို တာဝန်ယူမှုရှိသော၊ အမှန်တရားကို ဦးစား
ပေးသောစနစ်များဖြစ်လာစေရန်ဆက်လက်
ကြိုးပမ်းသွားကြရမည် ဖြစ်ပါသည်။ ။
👍404🤮1🤣1
17👍13🥰1🤮1🤣1
စစ်တပ်ဖိအားကြောင့် စိတ်ဓာတ်ကျနေတဲ့
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသန်းဝင်း
ကိုယ့်ကိုယ်ကို ကတ်​ကြေးနဲ့ထိုး

ဇွန်-၂၈၊၂၀၂၆။စိုင်းနောင်/People's Spring

ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးသန်းဝင်းဟာ ကိုယ့်ကိုယ်ကိုယ် ကတ်​ကြေးနဲ့ထိုးပြီး သေကြောင်းကြံလို့ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံမှာ အရေးပေါ် ကုနေရပါတယ်။

အဲ့ဒီဖြစ်စဉ်ကဇွန် ၂၈ ရက် ညနေ ၅ နာရီခန့်မှာ ပခုက္ကူမြို့၊ အမှတ် (၁၄) ရပ်ကွက်အ
တွင်း ကားလမ်းဘေးမှာ ဖြစ်ခဲ့တာပါ။

"အကင်ဆိုင်ကနေ ယူလာတဲ့ ကတ်ကြေးနဲ့ ကားထဲမှာ သူ့ကိုယ်သူထိုးတာ။ လည်ပင်းကို။ အသေလုပ်တာဖြစ်မယ်။တခြားရဲတွေက အတင်းဝိုင်းတားကြသေးတယ်။ ဒါပေမယ့် သွေးတွေ များတယ်။ ဆေးရုံသယ်သွားတယ်"
လို့ ဒီဖြစ်စဉ်ကိုသိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

ပခုက္ကူခရိုင်ထဲမှာပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆိတ်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့၊ ကမ္မမြို့၊ မြစ်ခြေမြို့ဆိုပြီး မြို့နယ်ငါးခု နဲ့ မြို့သုံးမြို့ပါဝင်ပါတယ်။ ဒေသတစ်ခုလုံးမှာ တိုက်ပွဲတွေရှ်ိနေပြီး စစ်တပ်က မြို့ပေါ်ကိုသာ ကွက်ပြီးထိန်း
ချုပ်ထားနိုင်ပါတယ်။ လက်ရှိစစ်ရေးအခြေ
အနေနဲ့ စစ်တပ်ရဲ့ ဖိအားတွေကို စစ်အုပ်စုနဲ့ရဲတပ်ဖွဲ့ထိပ်ပိုင်းအရာရှိတွေကိုယ်တိုင် ဖိအားများပြီး စိတ်ဓာတ်ကျနေကြပြီလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

"ခရိုင်တခုလုံးမှာတိုက်ပွဲမဖြစ်တဲ့မြို့မရှိဘူး။ တိုက်ပွဲတွေမှာလည်းကျတယ်။စစ်မှုထမ်းသင်တန်းအတွက်လည်း လူစုရတယ်။ထွက်
ပြေးတဲ့သူတွေလည်းများတယ်။ ရဲတွေလည်းထွက်ပြေးကြတယ်။ မြို့နယ်ရဲတွေ၊ခရိုင်ရဲတွေလည်း ဖိအားတွေမခံနိုင်ကြတော့ဘူး။ ဒီကြားထဲ မြိုင်မှာ ရဟတ်ယာဉ် ဒရုန်းစာမိတော့ ရဲတွေကိုပါ စစ်တပ်က ဆဲတာ"လို့ ၎င်းက ပြောပါတယ်။

မြိုင်မြို့နယ်မှာ ဇွန်လ ၂၃ ရက်နေ့က တိုက်ပွဲအတွင်း စစ်​ကောင်စီ စစ်ရဟတ်ယာဉ်တစ်စင်းကို ​တော်လှန်​​ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ ပျက်စီးသွားတယ်အဲဒီရဟတ်ယာဉ်အတွက် လုံခြုံရေးကို ရဲတွေလည်းယူခဲ့ရပါတယ်။ စစ်တပ်ကအဲဒီ ရဟတ်ယာဉ်ကို ကားနဲ့ပြန်ဆွဲသွားရပါတယ်။

"​​ေးတပ်က ပျက်နေပြီ။ အကုန်ဝိုင်းပြီး ဆော်ရင် ပွဲပြတ်မှာသေချာတယ်"လို့ ပခုက္ကူခရိုင်ထဲကပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

ဒါအပြင် ဇွန် လ ဒုတိယပါတ်မှာ ​PDF ၊ပကဖ နဲ့​တော်လှန်​ရေးတပ်​တွေက မြစ်​​ခြေရဲစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တာမှာ စစ်သား​နဲ့ရဲအများအပြား​သေဆုံးပြီး သုံ့ပန်း​တွေကိုလည်း ဖမ်းမိခဲ့ပါတယ် ။
32👏15👍5🤣4🔥1💩1
ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးသန်းဝင်း နဲ့ ခရိုင်ကွပ်ကဲ​ရေးမှူးရုံးမှာအစည်းအ​ဝေး
လုပ်​နေစဥ် ။ဓါတ်ပုံ-MOI
👍23🔥2😁1🤣1
👍33😁5🔥31🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့ (ဇွန်လ ၂၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်မှုထမ်းတပ်သားသစ်တွေက တပ်ရင်း
မှူး ဗိုလ်မှူးကျော်မင်းသန့်ကို သတ်ပြီး KNLA ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မ
ဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်
ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းက ဗိုလ်မှူးကျော်မင်းသန့်ကို အဓမ္မစစ်သားစုဆောင်းခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေက လုပ်ကြံသတ်ဖြတ်ပြီး တော်လှန်ရေးဘက်ကို အလင်းဝင်ပူးပေါင်းခဲ့တယ်လို့ လုပ်ကြံမှုမှာ ဦးဆောင်ခဲ့တဲ့ လူငယ်က ထွက်ဆိုပါတယ်။ အဲဒီလို အလင်းဝင် ပူးပေါင်းလာတဲ့ စစ်မှုထမ်းတပ်သားသစ်နဲ့ အမေးအဖြေလုပ်
ထားတဲ့ ရုပ်သံကို ဖာပွန်စစ်မြေပြင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
(KNLA)နဲ့အတူ တိုက်ပွဲဝင်နေတဲ့ တော်လှန်
ရေးတပ်ဖွဲ့ တစ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြသခဲ့ရာ အသက် ၃၃နှစ်အရွယ် စစ်မှုထမ်းတပ်သား
သစ်က အရာရှိကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်အကျဉ်းကို ရှင်းပြခဲ့ပါတယ်။ သူဟာ ပဲခူး
တိုင်းအတွင်း နေထိုင်သူဖြစ်ပြီး အခုနှစ် ဇန်နဝါရီမှာ ပေါ်တာဆွဲခံရတာ ဖြစ်ကြောင်း၊ နေအိမ်အတွင်းရှိနေစဉ် စစ်တပ်က ဝင်ပြီး ပေါ်တာဆွဲခဲ့တာဖြစ်ကြောင်း ရှင်းပြပါတယ်။ အပတ်စဉ် (၂၁)မှာ အခြား သင်တန်းသား ၂၇၀ ကျော်နဲ့အတူ သင်တန်းတက်ခဲ့ရတာလို့ဆိုပါတယ်။

◾️တလိုင်းရွာ စစ်တပ် ဂျက်ဖိုက်တာနဲ့ဗုံးကြဲ ကလေးငယ်၄ဦး အပါအဝင် ၈ ဦးသေဆုံးပြီး၂၀ ကျော်ဒဏ်ရာရ

စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၊တလိုင်း(ထီးလှိုင်)ရွာကို စစ်တပ်က ဂျက်ဖိုက်တာတိုက်​လေယာဥ်​တွေနဲ့ ဒီက​နေ့မှာဗုံးကြဲတာ​ကြောင့်ကလေးငယ် တွေအပါအဝင် ပြည်သူ၈ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇွန်လ၂၈ ရက်နေ့ ၊မွန်းလွဲ၂နာရီ ကျော်မှာ တံတားဦး လေတပ်က နေဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိုင်ဗုံးကြဲခဲ့သလို စက်လက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ ​ဒေသခံ​တွေက​ပြောပါတယ်။ကျေးရွာ အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့အသက် ၆နှစ်အရွယ်မဂျူးဂျူး နဲ့ အသက်၁၄နှစ်အရွယ် မောင်ဟန်လင်းထက်တို့ မောင်နှမ နှစ်ဦး၊အသက်၂၀ အရွယ် မောင်နိုးနိုး၊အသက်၅၀အရွယ် ဒေါ်သင်း၊ အသက်၅၂နှစ်အရွယ် ဒေါ်ဝင်း၊အသက် ၄၀ အရွယ် မဝင်းဝင်းစိုး နဲ့ မဝင်းဝင်းစိုးရဲ့ အ
သက်၈နှစ်အရွယ်သားဖြစ်သူနဲ့ အသက် ၅နှစ်အရွယ် သမီးဖြစ်သူ စုစု​ပေါင်း ၈ဦး သေဆုံးခဲ့ပါတယ် ။ဒါ့အပြင် ပြည်သူ ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

◾️လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့အနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသ
တင်းရင်းမြစ်အချို့က ပြောပါတယ်။ဒီကနေ့(ဇွန်လ ၂၈ ရက်) မနက်အစောပိုင်းကစပြီး နေ့လယ်ပိုင်းအထိ လွိုင်ကော်- မိုးဗြဲမြို့ကြားမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်
လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်နေတာလို့ ဆိုပါတယ်။စစ်ရေးအခြေအနေနဲ့ မြေပြင်ရဲဘော်တွေရဲ့ လုံခြုံရေးအရ တိုက်ပွဲဖြစ်တဲ့နေရာ အသေးစိတ်ကိုတော့ ချန်လှပ်ပေးဖို့ သူက တောင်းဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ် အကောင့်တချို့မှာတော့ ဝါရီဆူးပလိုင်း၊ ဘုရားဖြူ နဲ့ ဘုရားနီရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဒီကနေ့ နေ့
လယ်ပိုင်းက ဖော်ပြနေကြပါတယ်။

◾️ဖားကန့် ‌တကျော့ပြန် ရေကြီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မိုးကြီးပြီး ကမ်းပါးပြိုမှုနဲ့ နွံကန်ပြိုကျမှုတွေကြောင့် ရေမဆေးကျောက်ရှာသူ ၁၀ဦးထက်မနည်း သေဆုံးသလို နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ကြုံတွေ့နေရပါတယ်။ ဇွန်လ၂၇ရက် မနက်ပိုင်းကစပြီး တကျော့ပြန်မိုးကြီးပြီးတဲ့နောက် နန့်မှော်ကျေးရွာအပါအဝင် ဒါ့အပြင် စွန့်ပစ်မြေဇာပုံတွေကနေဖြစ်တဲ့ နွံကန်ပြိုကျပြီး လူနေကျေးရွာတွေထဲကို ရွံ့နွံတွေနဲ့ရေတွေ စီးလာလို့ ထိခိုက်ပျပျက်စီးမှုများပြားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျက်
စီးဆုံးရှုံးမှုအသေးစိတ်ကို လတ်တလောမှာ မသိရသေးပါဘူး။ ဖားကန့်ဒေသမှာ ဇွန်လ ၁၄ရက်ကနေစပြီး ရေကြီးခဲ့တာပါ။

◾️ပေါက်ကိုယ်တော်ဆွေမျိုး ပေါ်တာဆွဲခံရပြီး သာမန်စစ်မှုထမ်းထဲမဟုတ်ဘဲ အမြဲတမ်းတပ်သားထဲအထည့်ခံရလို့ မမျှတဟု​ပြော

စစ်မှုထမ်း ပေါ်တာဆွဲတာကို ထောက်ခံခဲ့တဲ့ ပေါက်ကိုယ်တော်ဟာ သူ့ရဲ့ဆွေမျိုးလူငယ်တစ်ဦး ပေါ်တာဆွဲခံလိုက်ရပြီး သာမန်စစ်မှုထမ်းမဟုတ်ဘဲ အမြဲတမ်းစစ်သားအဖြစ် ထည့်သွင်းခံလိုက်ရကြောင်း ၎င်းက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ စစ်မှု
ထမ်းပေါ်တာဆွဲတဲ့ဖြစ်စဥ်တွေကို ဒီကနေ့ ဇွန်လ ၂၈ ရက်မနက်ပိုင်းမှာ ၎င်းရဲ့ Tiktok အကောင့်ကနေ ပြောဆိုခဲ့ရာ ၎င်းရဲ့ဆွေမျိုး ပေါ်တာဆွဲခံလိုက်ရတဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့တာပါ။ ပေါ်တာဆွဲခံလိုက်ရဲ့ ၎င်းရဲ့ဆွေမျိုးဟာ ဘွဲ့ရတစ်ဦးဖြစ်ပြီး တပ်ထဲထည့်ချိန်မှာတော့ ၆ တန်းလို့ စာရင်းသွင်းကာ သာမန်စစ်မှုထမ်းထဲမဟုတ်ဘဲ သန္ဓေတပ်
သား(အမြဲတမ်းတပ်သား)အဖြစ် ထည့်သွင်းခံလိုက်ရကြောင်း ပေါက်ကိုယ်တော်က ပြောပါတယ်။

◾️မင်းတုန်းမြို့နယ်အနောက်ခြမ်း ရခိုင်ရိုးမကို စစ်ကြောင်းထိုးမရလို့ စစ်တပ် ဗုံးကြဲနေ
16👍11🔥1🤣1
မကွေးတိုင်း၊မင်းတုန်းမြို့နယ်အနောက်ခြမ်း ရခိုင်ရိုးမကို စစ်တပ်က မြေပြင်စစ်ကြောင်းတွေ ထိုးမရတာကြောင့် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။အခုဇွန်လဆန်းပိုင်းက မင်းတုန်းအနောက်ခြမ်းရခိုင်ရိုးမကို စစ်တပ်က အင်အား ၃၀၀ ၀န်းကျင်နဲ့ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပေမယ့် အထိနာလို့ ရခိုင်ရိုးမအခြေက ကျေးရွာတွေကို ပြန်ဆုတ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒါ့အပြင် မင်းတုန်းမြို့နယ်ကို စစ်တပ်က အင်အားထပ်ဖြည့်ဖို့ ပြင်ဆင်မှုတွေရှိတယ်လို့ သိရပါတယ်။

◾️မင်းတပ်တိုက်ပွဲ စစ်တပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူပေး

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တိုက်ပွဲမှာ စစ်တပ်က လေကြောင်း၊ လက်
နက်ကြီးနဲ့ ဒရုန်းတွေ အကြိမ်ပေါင်းများစွာ အသုံးပြု တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသ
ခံကပြောပါတယ်။မင်းတပ်မြို့ပြန်ထိန်းချုပ်
ဖို့ စစ်တပ်က ၂၀၂၆ မေလကုန်ပိုင်းမှာ ထိုး
စစ်ဆင်ခဲ့ရာ ၁လခန့်အတွင်း တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ပါတယ်။ စစ်တပ်ထိုးစစ်ကို ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)နဲ့ မဟာမိတ်တွေ ပူးပေါင်းခုခံနေတာဖြစ်ပါတယ်။ စစ်ရေးအခြေအနေသတင်းတွေ အသေးစိတ်ထုတ်ပြန်တာမရှိပေမယ့် မင်းတပ်နဲ့ ကန်ပက်လက်မြို့တိုက်ပွဲမှာ အာရက္ခတပ်တော်(AA)လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ AAက ဇွန် ၂၇ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့ည သန်းခေါင်
ကျော်နဲ့ ဒီမနက်အစောမှာလည်း မင်းတပ်မြို့ကို လေကြောင်းက အကြိမ်ပေါင်းများစွာ ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

◾️ပခုက္ကူမှာ မြစ်ရေတိုက်စားလို့ ကျေးရွာ ၂ရွာ အရေးပေါ်ရွှေ့ပြောင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေတိုက်စားလို့ သိမ်ကုန်းနဲ့ မရိုးကုန်း ကျေး
ရွာ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ပခုက္ကူမြို့နယ်က ဧရာဝတီမြစ်ဘေးမှာ တည်ထားတဲ့ သိမ်ကုန်းရွာနဲ့ မရိုးကုန်းရွာဟာ နှစ်စဥ် ကမ်းပါးပြိုကျမှုဒဏ်ကြောင့်နေအိမ်တွေ၊စာသင်ကျောင်း
တွေ၊ ဘုန်းကြီးကျောင်းနဲ့စေတီတွေ၊ လယ်
မြေတွေ ဆုံးရှုံးခဲ့ရပါတယ်။ ယခု ဇွန်လထဲမှာ ဧရာဝတီမြစ်ရေတက်လာချိန် ကမ်းပါးပြိုကျမှုတွေ ထပ်မံ ဖြစ်ပွားလာတာကြောင့် အဆိုပါကျေးရွာက အိမ်ခြေရာချီရှိတဲ့အနက် ၃ ပုံ ၂ ပုံ ရွှေ့ပြောင်းထားရကြောင်း ဒေသခံတွေက ပြောပါတယ်။ အိမ်ဖျက် အပြောင်းအရွှေ့ကို ရွာသူရွာသားတွေစုပေါင်းလုပ်နေပေမဲ့ ကမ်းပါးပြိုကျမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ်းပါးပြိုကျတဲ့နေရာနဲ့ဝေးတဲ့နေရာမှာ ရွာအသစ်တည်ဖို့ကိုလည်း ကြိုးစားနေကြပြီး သောက်သုံးရေကအစ လိုအပ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️ရေဦးမြို့က ဗိုလ်ချုပ်ကြေးရုပ်ကိုလည်း စစ်အုပ်စုကဖျက်ဆီးပြန်

စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။ ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို လူခြေတိတ်ချိန်မှာဖျက်ဆီးသွားတာလို့ မြို့ခံအချို့ကပြောပါတယ်။ ရေဦးမြို့ကဗိုလ်ချုပ်ကျေးရုပ်ကို အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၈ခုနှစ်မှာ ဌာနဆိုင်ရာနဲ့ပြည်သူတွေပူးပေါင်းပြီး တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်ရုပ်တုကိုဖြိုချဖျက်ဆီးသွားတဲ့လုပ်ရပ်ကို မြို့ခံတွေနဲ့ တော်လှန်ရေးအင်
အားစုတွေက ရှုတ်ချနေကြပါတယ်။

◾️စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူလာပြီး KNDO ထံ အလင်းဝင်

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်
အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။စစ်တပ်ရဲ့ ခမရ(၅၉၆) တပ်ရင်းက တပ်သား ပြည့်စုံအောင်ဟာ ဇွန် ၂၇ရက်မှာ KNU ညောင်လေးပင်ခရိုင်အတွင်းရှိ KNDO တပ်ရင်း (၃) ထံကို အလင်းဝင်လာတာလို့ အသိပေးပါတယ်။ အလင်းဝင်လာတဲ့ တပ်သားက MA-1 သေနတ် (၁)နဲ့ ကျည်ခဲယမ်းတွေ ယူလာကြောင်း သလို အဲဒီတပ်သားကို KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)က ဆုငွေ ကျပ် ၁၀ သိန်း ပေးအပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။အလင်းဝင်လာတဲ့ တပ်သားဟာ စစ်တပ်ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းမှုကြောင့် စစ်မှုထမ်းနေရသူဖြစ်တယ်လို့ ဆိုပါတယ်။

◾️ဟားခါးဒေသက ချင်းတပ်စခန်းအချို့နဲ့ ကျေးရွာအချို့ကို စစ်တပ် ဗုံးကြဲ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်
လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ ဇွန်လ ၂၆ရက်က ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်စခန်း ၂ခုကို စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်က အခုလို ပြောတာပါ။ တော်လှန်ရေးရဲဘော်အချို့ ကျဆုံးပေမယ့် အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ သူက ပြောပါတယ်။ Chinland ရဲ့ ဖော်ပြချက်မှာတော့ CDF ဟားခါး တပ်စခန်းတွေ ဗုံးကြဲခံရမှုကြောင့် ရဲဘော် ၅ဦး ကျဆုံးခဲ့သလို ဇွန် ၂၇ရက်မှာလည်း စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ ကာနန်ကျေးရွာကို စစ်တပ် လေကြောင်း တိုက်ခိုက်ခဲ့ရာ ချင်းအမျိုးသားတပ်ဦး (CNA) ခမ်းပတ်လှုပ်ရှားတပ်ရင်း မှ ရဲဘော် နှစ်ဦး
👍182😢2🔥1🤣1
နဲ့ Zo Army ရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ Zo Army ကလည်း ရဲဘော် မန်မွန့်တွောင်ဟာ စစ်တပ်ကို တွန်းလှန်ရင်း ဇွန်လ ၂၇ရက်မှာ ကျဆုံးခဲ့ကြောင်း ဒီကနေ့ ထုတ်ပြန်အသိပေးထားပါတယ်။

◾️ရေစကြိုမှာ PDF အ‌ယောင်ဆောင်ပြီး စစ်ဆေးပိုက်ဆံတောင်းနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အ‌ယောင်ဆောင်ပြီး အရပ်သားတွေကို စစ်ဆေးပိုက်ဆံတောင်းနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။ ရေစကြိုမြို့ပေါ်ကနေ စစ်တပ်က အင်အား ၄၅ ဦးနဲ့ မြို့နဲ့ (၁)မိုင်ခွဲ၀န်းကျင်က ပေကုန်းကျေးရွာနားမှာ မနေ့က (ဇွန်လ ၂၇ ရက်) ည
နေ ၆နာရီ၀န်းကျင်ကPDFအယောင်ဆောင်
ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးပိုက်ဆံတောင်းနေတာလို့ ဆိုပါတယ်။ ဒါ့ကြောင့် ပေကုန်းကျေးရွာဘောလုံးကွင်းထိပ်မှာ ကာကွယ်ရေးရဲဘော်တွေက အနီးကပ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ဒဏ်ရာရသူတချို့ရှိတယ်လို့ အသိပေးပါတယ်။

ဧရာဝတီကစစ်တပ်စခန်ကုန်း‌သုံးခုကို
AAသိမ်းပိုက်

ဧရာဝတီတိုင်း ၊ရေကြည်မြို့နယ်ထဲက စစ်
တပ်စခန်းကုန်းသုံးခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူမြို့နယ်​တွေအပါအဝင် စစ်
မျက်နှာ ၆ ခုမှာ တိုက်ပွဲတွေဆက်လက်ပြင်း
ထန်နေတယ်လို့ အာရက္ခတပ်တော်(AA)က
သတင်းထုတ်ပြန်ပါတယ်။ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်ရေကြည်မြို့နယ်ထဲက ပွိုင့် (၂၈၈) ကုန်းကိုဇွန်လ (၁၇) ရက်၊ ပွိုင့် (၁၈၈) ကုန်းကို ဇွန်လ (၁၉) ရက်နဲ့ ပွိုင့် (၁၄၈) ကုန်းကို ဇွန်လ (၂၁) ရက်နေ့မှာ တစ်ခုပြီးတစ်ခု ဆက်တိုက် သိမ်းပိုက်ရရှိခဲ့တာလို့ ဇွန်လ ၂၇ရက်နေ့ညမှာ AA ကထုတ်ပြန်ထားပါတယ်။စစ်တပ်စစ်ကြောင်းတွေဟာ ဂွမြို့နယ်အတွင်းသို့ ဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးဖြင့် ထိုးဖောက်ရန် ကြိုးစားနေတာကြောင့် ရခိုင်-ဧရာ
ဝတီ အစပ် နေရာ​တွေမှာတိုက်ပွဲများ နေ့စဉ်
ရက်ဆက် ပြင်းထန်နေတယ်လို့ ​ဖော်ပြပါတယ်။

ရေကြည်မြို့အခြေစိုက် အမြောက်တပ် (၃၄၄) နဲ့ ပုသိမ်အခြေစိုက် တပ်ရင်းတွေကနေထုတ်နုတ်အင်အား (၄၀၀) ကျော်နဲ့ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်နေပြီး စခန်းသိမ်းတိုက်ပွဲတွေအတွင်းရုပ်အလောင်းအချို့နဲ့ လက်နက်ခဲယမ်း‌ တွေ၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းဓါတ်ပုံ​တွေနဲ့တကွထုတ်ပြန်အသိပေးထားပါတယ်။ဂွမြို့နယ်ကိုဦးတည်တဲ့ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဟာ ယခုတစ်ကြိမ်မှ မဟုတ်ဘဲ ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်ရဲ့တန်ပြန် ထိုးစစ်တိုင်း စစ်​ကြောင်း​တွေလန်ကျနေတာလို့စစ်ရေးသတင်း ရင်းမြစ်အချို့ကပြောပါတယ်။
👍236🔥1🎉1🤣1
👍402🔥2🤣1
မိုးဗြဲနဲ့ လွိုင်ကော်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစု ထိုးစစ်ဆင်တိုက်ခိုက်ရာ သုံးပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းရ

ဇွန် -၂၉၊၂၀၂၆။ဇော်၀င်း/People's Spring

ရှမ်း-ကရင်နီပြည်နယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်မြို့နယ်က စစ်တပ်ကာကင်းစခန်းတွေကို ကရင်နီတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ဇွန်လ၂၈ရက် မနက် ၄ နာရီခွဲ၀န်းကျင်ကစပြီး ကရင်နီ JOC တော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော်- မိုးဗြဲမြို့နယ်ကြားက စစ်တပ်ကာကင်းစခန်းတွေကို နေ့လယ်ပိုင်းအထိ ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

"နယ်‌မြေစိုးမိုးမှုကို ခြေကုတ်ယူထားတာဖြစ်တဲ့အတွက်ပြန်လည်ခြေမှုန်းတာဖြစ်ပါတယ်"လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

အဲဒီကာကင်းစခန်းတွေဟာ ဒီးမော့ဆိုမြို့နယ်၊နန်းမယ်ခုံမြို့ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်ဆင်စုဖွဲ့ထားတဲ့နေရာတွေလို့ အသိပေးပါတယ်။

"မိုးဗြဲ နဲ့ ဘုရားဖြူမှာ တိုက်ပွဲဖြစ်တယ်။ ကာကင်းတချို့ကို ချေမုန်းနိုင်ခဲ့တယ်။ ရန်သူ့သေဆုံး ထိခိုက်မှု့များပြီး ဆုတ်ခွါသွားတယ်။ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်။သုံ့ပန်းနှစ်ယောက်မိတယ်"လို့ ကရင်နီတပ်ပေါင်းစု တာ၀န်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ကရင်နီတပ်ပေါင်းစုဘက်ကလည်း ထိခိုက်မှုတချို့ရတယ်လို့ သူက ဆက်ပြောပါတယ်။

"ကာမီကာဇေနဲ့ လက်နက်ကြီးတွေနဲ့ ပြန်တိုက်ခိုက်တာတွေရှိတယ်"လို့ ကာကင်းစခန်းတချို့သိမ်းခံရပြီး နောက်ဆက်တွဲအခြေအနေကို မိုးဗြဲ မြို့မှာရှိတဲ့ ရဲဘော်တစ်ဦးက ရှင်းပြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ် အကောင့် တချို့မှာတော့ ဝါရီဆူးပလိုင်း၊ ဘုရားဖြူ နဲ့ ဘုရားနီရွာအနီးမှာ တိုက်ပွဲ ဖြစ်နေတယ်လို့ မနေ့က နေ့လယ်ပိုင်းမှာ ဖြန့်ဝေထားပါတယ်။

"အခုတိုက်ပွဲက အားကောင်းတဲ့တပ်ပေါင်းစုထိုးစစ်ပါ။လဝ(လျှို့ဝှက်) တဲ့ စစ်ဆင်ရေးလည်းဖြစ်တယ်"လို့ ရှမ်း-ကရင်နီပူးပေါင်းတပ်ဖွဲ့၀င်တစ်ဦးက ‌ပြောပါတယ်။

မိုးဗြဲမြို့မှာရှိတဲ့ တော်လှန်ရေးတပ်တွေရဲ့ ရှေ့တန်းကင်းစခန်းနေရာကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ မေလ ၁၃ ရက်နဲ့ ဇွန်လ ၁၉ ရက်တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ - အယ်လ်ဖာဇုန် (မိုးဗြဲဇုန်)က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီ တိုက်ပွဲတွေမှာလည်း စစ်တပ်က ၁၉ ဦး၀န်းကျင် သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
👍36👏72😁2🥰1🎉1🤣1
(တိုက်ပွဲအတွင်း ဖမ်းမိတဲ့ သုံ့ပန်းနဲ့ သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - CJ)
👍36👏137🥰2😁1🎉1🤣1