ဧရာဝတီစစ်မျက်နှာမှာ စစ်တပ်စစ်ကြောင်းစစ်ကျွံပြီးအထိနာ
■ရေကြည်မြို့နယ်ထဲက ရှေ့တန်းစခန်းတစ်ခုကို AAနဲ့ ပူးပေါင်းတပ်တွေထပ်သိမ်း
ဇွန်-၂၃၊၂၀၂၆။ဇော်ရမ်း/People's Spring
ရေကြည်မြို့နယ်ထဲကတိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေရဲ့ ဗျူဟာထဲမှာ စစ်ကျွံနေတဲ့ စစ်တပ်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးထားသလို စစ်ကြောင်းတခုလုံးရဲ့ ရိက္ခာအတွက်လည်း ရွာတွေဆီကနေ အတင်းအဓမ္မတောင်းယူနေတယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ရွာတွေဖြစ်တဲ့ ရေ
ကြည်မြို့နယ်ထဲက သောင်တန်း နဲ့ ညောင်မှော်ရွာ ပတ်ဝန်းကျင်မှာဇွန်လဆန်းက
တည်းက တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိမှာ ကမ်းနီရွာနဲ့ ကြို့ကုန်းရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
"ဒဏ်ရာရတဲ့သူတွေအများကြီးပါလာတဲ့ စစ်ကြောင်းက ကမ်းနီရွာထဲကိုဝင်လာတယ်။ ဒေသခံတွေထွက်ပြေးပေမယ့် ပြေးဖို့အချိန်မရတဲ့သူတွေကို စစ်တပ်ကခေါ်ထားတယ်။လူ ၂၀၀ စာအတွက် ရိက္ခာလုပ်ခိုင်းတယ်။ အဲ့ဒါ အခုကိုဖြစ်နေတာ"လို့ ဒေသခံတစ်ဦးက ဇွန်
လ၂၃ရက်မနက်ပိုင်းမှာပြောပါတယ်။
စစ်တပ်က သောင်တန်းရွာမှာ လက်နက်ကြီးတွေတပ်ဆင်ထားပြီး ရိုးမအခြေကကျေးရွာတွေဘက်ကို နေ့ရောညပါပစ်ခတ်နေတယ်လို့ သိရပါတယ်။ လက်ရှိစစ်တပ်စစ်ကြောင်းရောက်ရှိနေတဲ့ ကမ်းနီရွာက ဒေသခံအများစုဟာ ရေကြည်မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကိုအကူအညီ ပေးနေသူတဦးကပြောပါတယ်။
"တိုက်ပွဲအခြေအနေက စစ်တပ်ဖက်ကနေ လက်နက်ကြီးရော၊လေယာဉ်ပါပစ်တာ။ ဘယ်လောက်ပစ်ပစ် AA နဲ့ မဟာမိတ်တွေက စီးမိနေတာ။ စစ်တပ်ဘက်က ပြေးသူတွေရှိလို့ မြို့အဝင်တွေ ပိတ်စစ်နေတာလည်း တွေ့တယ်။ ဘူတာမှာရောပဲ"လို့ ရေကြည်မြို့ခံတစ်ဦးကပြောပါတယ်။
ရေကြည်မြို့ဟာ ပုသိမ်-ဟင်္သာတ ကားလမ်းပေါ်မှာရှိသလို ပုသိမ်-ဟင်္သာတ-ကြံ့ခင်းရထားလမ်းပိုင်းလည်းဖြတ်သွားပါတယ်။
ပြီးခဲ့တဲ့ဇွန်လ၉ရက်ကတိုက်ပွဲမှာစစ်တပ် တပ်
စွဲထားတဲ့ ကြောင်ရှာတောက ဆင်စခန်းကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီး ယခုရက်ပိုင်းမှာလည်း နောက်ထပ်စခန်းတစ်ခုကိုသိမ်းနိုင်ခဲ့တယ် စစ်ရေးသတင်းရင်းမြစ်နဲ့နီးစပ်သူကပြောပါတယ်။
၁၈၈ ကုန်းလို့ ခေါ်တဲ့ စစ်တပ်စခန်းကုန်းကို ဇွန်လ၂၀ ရက်နေ့မှာညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိခဲ့သလို သုံ့ပန်းတွေလည်းဖမ်းမိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ဧရာဝတီတိုင်းက ရွှေသောင်ယံ၊ သာပေါင်း၊ရေကြည်၊ လေးမျက်
နှာမြို့တွေနဲ့ ဆက်စပ်နေပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းက ရေကြည်မြို့နယ်ထဲမှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း အရပ်သားတွေနဲ့ နိုင်ငံ ရေးလှုပ်ရှားသူအချို့ကို စစ်ကောင်စီတပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိစစ်ရေးအခြေအနေအရ ဒေသ
ခံတွေသတိပြုနေထိုင်ကြဖို့ PDF ရဲဘော်အချို့က အကြံပြုပါတယ်။
လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်
တပ်(၃၄၄)နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်ကောင်စီရဲ့ဗုံးကြဲလေယာဉ်တွေဟာရေကြည်၊လေးမျက်နှာမြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေကို နေ့စစ် ဖြတ်ပျံနေပါတယ်။ ယမန်နေ့ ဇွန်လ ၂၂ရက်ညက စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ နှစ်စင်းဟာ စက္ကန့် ၃၀ခန့်သာခြားပြီး ရေကြည်မြို့နယ်ဘက်ကို ပျံသွားတယ်လို့
ဇလွန်မြို့ခံအချို့ကပြောပါတယ်။
စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နှာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေနဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့လည်း စစ်မြေပြင်မှာ ရှိနေတယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

❤43👍10😁3🤣2👏1💩1🖕1
■Breaking News
စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီးကို
မြိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေပစ်ချ
ဇွန်-၂၃၊၂၀၂၆။နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တနေရာမှာမှာ တော်လှန်ရေး
မဟာမိတ်တပ်ဖွဲ့တွေက ပစ်ချလိုက်ကြောင်း
မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်
(Magway - PDF)ကထုတ်ပြန်ပါတယ် ။
တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့တာလို့ဖော်ပြထားပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ဖော်ပြထားပါတယ် ။
ပြည်သူတွေ နဲ့ ရဲဘော်တွေ အနေနဲ့ စစ်တပ် လေကြောင်းအန္တရာယ်ဂရုစိုက်ကြဖို့လည်းမကွေး PDF ကတိုက်တွန်းထားပါတယ်။
မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်ဒေါက်
တာရဲထွန်းဇော်က "Congratulations ပါ၈/ သူရဲကောင်းအပေါင်းတို့" လို့ လူမှုကွန်ရက်မှာရေးသား ဂုဏ်ပြုထားပါတယ်။
မဟာမိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့တိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တာလို့PDF တဦးကပြောပါတယ်။
ဒေသတွင်းကပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက"မှန်တယ်။ အဲဒီကိစ္စသိတယ်။ Mi 17 ပစ်ချနိုင်ခဲ့တာဟုတ်တယ်။ အသေးစိတ်လုပ်စရာရှိတာဆက်လုပ်နေကြတယ်" လို့ ဆိုပါတယ်။
မြိုင်မြို့နယ်အတွင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောက်ဆက်တွဲရရှိတဲ့သတင်းကို People's Spring အနေနဲ့ ဆက်လက်ဖော်ပြပေးသွားပါမယ်။

❤48👍18👏4🤣2👎1😘1
စဉ့်ကူးမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၆ ဦး ဒဏ်ရာရ
ဇွန်-၂၃၊၂၀၂၆၊ကတ်သရင်းနှင်း၊People's Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ၂၃ရက် ဒီကနေ့ ၁၂နာရီက ထုံးကြီးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာရဲ့ အနောက်ဘက်က ကျွန်းပေါ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီလက်နက်ကြီးဟာ မြေနုကျွန်းရွာပေါ် ကျပြီး ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ဦးဟာ ဒဏ်ရာစိုးရိမ်ရတယ်လို့ သိရပါတယ်။
"၃လုံးက ရေထဲကျတာ ။စိုးရိမ်ရတဲ့ ၂ဦးက လက်နက်ကြီးကြောက်လို့ ပုန်းနေတဲ့ နေရာကို ကျတာလို့ ပြောတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ မြစ်ပဲခြားတာကြောင့် စစ်ကိုင်းတိုင်းဘက်ကနေ PDF တွေ ကူးလာမှာစိုးရိမ်ပြီး စစ်တပ်က စဉ့်ကူးနဲ့ မတ္တရာနယ်တို့ကို အင်အားတိုးချတာ တွေပြုလုပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ်နဲ့စဉ့်ကူးမြို့နယ်အထိုင်တပ်စွဲထားတဲ့ နေရာတွေကနေလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ စစ်ကိုင်းတိုင်းဘက်ကို ပစ်ခတ်နေပြီး အဲဒီလက်နက်ကြီးတွေဟာ ဧရာဝတီမြစ်အတွင်း ကျွန်းပေါ် နေပြည်သူတွေရွာထဲကျပြီး ပြည်သူထိခိုက်ဒဏ်ရာရတွေလည်း မကြာခဏဖြစ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

🤬21👎14❤2👏1🤣1
မဘသဘုန်းကြီး ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရလို့ မဘသဘုန်းကြီးတွေ ဒေါသထွက်ပြီး တရားရုံးရှေ့အင်အားပြ
ဇွန် ၂၃၊ ၂၀၂၆။ မေရီ/People's Spring
ရန်ကုန်မြို့မှာ မဘသဘုန်းကြီးတစ်ပါး ကားဝစ်သောက်စီးမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံထားရလို့ မဘသ ဘုန်းကြီးတွေ ဒေါသထွက်ပြီး သင်္ဃန်းကျွန်းတရားရုံးရှေ့ အင်အားပြခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့ကို မဘသတဖြစ်လဲမျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဘုန်းကြီးတွေက လာရောက်စုဝေးပြီး အဖမ်းခံရတဲ့ မဘသဆရာတော် ဒေါက်တာလက္ခဏသာရနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
မဘသဆရာတော် ဒေါက်တာလက္ခဏသာရကို သင်္ဃန်းကျွန်းသံဃနာယကနဲ့ သင်္ဃန်းကျွန်းစည်းကမ်းထိန်းသိမ်းသံဃာတွေက ရဲတွေ၊ အခြားဌာနဆိုင်ရာတွေနဲ့အတူ လာရောက်ဖမ်းဆီးသွားကြောင်း၊ ယခုအခါ ဒေါက်တာလက္ခဏသာရကို ကားဝစ်သောက် (လိုင်စင်မဲ့ယာဥ်) စီးလို့ဆိုပြီး သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ (၈)၊ ၎င်းကားပေါ်မှာ ဓါးတွေ့လို့ဆိုပြီး လက်နက်ဥပဒေ ပုဒ်မ ၂၃(က) တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခံထားရကြောင်း မဘသဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးပညာဝံသက တရားရုံးရှေ့မှာ ပြောပါတယ်။
"ဝစ်သောက်မှုဆိုတာ ရဟန်းသံဃာတွေ အားလုံးစီးနေတာ။ အဲနေ့က သင်္ဃန်းကျွန်းမှာရှိတဲ့ သံဃနာယကနဲ့ သင်္ဃန်းကျွန်း စည်းထိန်းသံဃာတွေက ဦးလက္ခဏကို လာရောက်ပြီးတော့ ရဲနဲ့ဌာနဆိုင်ရာနဲ့ ပေါင်းပြီးတော့ ဖမ်းသွားပါတယ်။ လာဖမ်းတဲ့ကိုယ်တော်တွေကလည်း ဝစ်သောက်တွေစီးလာပါတယ်။ ဒီပုဂ္ဂိုလ်တွေကျ ဒါတွေကျတော့မဖမ်းဘူး။ ငါလိုချင်တဲ့ ပုဂ္ဂိုလ်ကျတော့ မဖမ်းဘူး။ ငါမလိုချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဖမ်းတယ်ဆိုတာ စောက်မြင်ကပ်ပုဒ်မနဲ့ ကြီးနိုင်ငယ်ညှင်းတွေ မလုပ်ပါနဲ့။"လို့ ဦးပညာဝံသက ပြောပါတယ်။
မဘသဘုန်းကြီးက လက်ရှိ အာဏာသိမ်းစစ်ကောင်စီကို အစိုးရလို့ သုံးနှူန်းပြီး ၎င်းတို့နဲ့ ပူးပေါင်းဆောင်ရွက်နေသူ ဦးလက္ခဏကို အင်းစိန်ထောင်ကို ဖမ်းဆီးပို့ဆောင်ခံရမှုအပေါ် ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
"ဦးလက္ခဏဆိုရင် လက်ရှိအစိုးရနဲ့ ဝန်ကြီးချုပ်တွေ ပါတီတွေနဲ့အကုန် ပူးပေါင်းပြီးတော့ ဦးဇင်းတို့မြန်မာနိုင်ငံကို အကြမ်းဖက်နေတဲ့ အကြမ်းဖက် PDF NLD တွေကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေတဲ့ မျိုးချစ်နိုင်ငံချစ် ဘာသာချစ်တစ်ယောက်ဖြစ်ပါတယ်။ အာ့ကြောင့်မို့လို့ လက်ရှိ နိုင်ငံမှာရှိနေတဲ့ လူကြီးမင်းတွေ နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရမင်းတွေ ကြံ့ခိုင်ရေးပါတီဝင် လူကြီးမင်းများကိုလည်း ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။ အကြမ်းဖက်ကိုသာ ထန်းလျက်လို ချိုနေပြီးတော့ ဦးဇင်းတို့ အချင်းချင်းကိုကျ တအားနင်းနေတဲ့အမှုတွေ မလုပ်ပါနဲ့။ ဘုရားပြီး ငြမ်းဖျက်မှုတွေလည်း မလုပ်ပါနဲ့။ ကိုယ့်ကို ထောက်နေတဲ့ ထောက်တိုင်ကိုလည်း ပြန်ပြီးတော့ မဖြိုချပါနဲ့"ဆိုပြီး ဦးပညာဝံသက ပြောပါတယ်။
မြို့နယ်သာသနာထိန်းသိမ်းရေး သံဃာအဖွဲ့တွေကလည်း အလှူခံ၊ အရက်သောက်၊ မိန်းမရှုပ်ပြီးတော့ သာသနာညှိုးနွမ်းပုဂ္ဂိုလ်တွေကိုသာ ဖမ်းဆီးအရေးယူနိုင်အောင် ကြိုးစားဖို့ ဦးပညာဝံသက ဆိုပါတယ်။
မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့)တွေကို ၂၀၁၃-၂၀၁၄ ဝန်းကျင်မှာ အမျိုးသားရေးဝါဒီ ရဟန်းသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ စုစည်းပြီးဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ရဲ့ ပိတ်ပင်မှုတွေကြောင့် မဘသ အမည်ကို အသုံးမပြုတော့ဘဲ "ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း" အမည်နဲ့ ပြောင်းလဲလှုပ်ရှားခဲ့ပါတယ်။
ခေတ်အဆက်ဆက် စစ်တပ်ကိုထောက်ခံပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဆန့်ကျင်ခဲ့ပါတယ်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂကတော့ မဘသရဲ့ လှုပ်ရှားမှုတွေ အားကောင်းစဉ်နဲ့ နောက်ပိုင်းကာလတွေမှာ အဓိကအားဖြင့် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေက အမျိုးသားရေးလှုပ်ရှားသူ ရဟန်းသံဃာငယ်တွေ စုစည်းပြီး သမဂ္ဂပုံစံနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မဘသအဖွဲ့ကြီးရဲ့ သဘောတရားတွေကို အပြည့်အဝ ထောက်ခံတဲ့အဖွဲ့ ဖြစ်ပါတယ်။

😁36🤣7❤6👏5🔥3🤔2👎1
■Breaking News
စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီးကို
မြိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေပစ်ချ
ဇွန်-၂၃၊၂၀၂၆။နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တနေရာမှာမှာ တော်လှန်ရေး
မဟာမိတ်တပ်ဖွဲ့တွေက ပစ်ချလိုက်ကြောင်း
မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်
(Magway - PDF)ကထုတ်ပြန်ပါတယ် ။
တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့တာလို့ဖော်ပြထားပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ဖော်ပြထားပါတယ် ။
ပြည်သူတွေ နဲ့ ရဲဘော်တွေ အနေနဲ့ စစ်တပ် လေကြောင်းအန္တရာယ်ဂရုစိုက်ကြဖို့လည်းမကွေး PDF ကတိုက်တွန်းထားပါတယ်။
မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်ဒေါက်
တာရဲထွန်းဇော်က "Congratulations ပါ၈/ သူရဲကောင်းအပေါင်းတို့" လို့ လူမှုကွန်ရက်မှာရေးသား ဂုဏ်ပြုထားပါတယ်။
မဟာမိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့တိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တာလို့PDF တဦးကပြောပါတယ်။
ဒေသတွင်းကပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက"မှန်တယ်။ အဲဒီကိစ္စသိတယ်။ Mi 17 ပစ်ချနိုင်ခဲ့တာဟုတ်တယ်။ အသေးစိတ်လုပ်စရာရှိတာဆက်လုပ်နေကြတယ်" လို့ ဆိုပါတယ်။
မြိုင်မြို့နယ်အတွင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောက်ဆက်တွဲရရှိတဲ့သတင်းကို People's Spring အနေနဲ့ ဆက်လက်ဖော်
ပြပေးသွားပါမယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတော်လှန်ရေးတပ်တွေကခုခံတော်လှန်စစ်အတွင်း စစ်တပ်တိုက်လေယာဥ်နဲ့ ရဟတ်ယာဥ်တွေကိုပစ်ချနိုင်ခဲ့တာ အနည်းဆုံး ၁၃ စီးရှိပြီဖြစ်ပါတယ်။ဒါအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ် လေယာဥ် ၊ရဟတ်ယာဥ်တွေပျက်ကျတာ ၊ချို့ယွင်းတာအစီးရေး ဆယ်စီးဝန်းကျင်ရှိနေပြီဖြစ်ပါတယ် ။

❤44👏17👍7🥰4🤣2👎1
စစ်တပ် Mi-17ကိုPDF နဲ့ပကဖတွေက
FPVဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီး
■စစ်တပ်က အရာရှိအပါအဝင်သေဆုံးဒဏ်ရာရသူတွေရှိ ၊ တိုက်ခိုက်ခံရတဲ့နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲနေ
ဇွန်-၂၃၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring
မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်တပ်ရဲ့ သယ်
ယူပို့ ဆောင် ရေးယာဉ် Mi-17ကိုတော်
လှန်ရေးတပ်တွေက FPV ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ကြောင်းတော်လှန်ရေး တပ်တွေကပြောပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့မှာ ပျူစောထီးရွာ တွေကိုတော်လှန်ရေးတပ်တွေသိမ်းယူခဲ့ပြီးတဲ့နောက် စက်မှု( ၂)ထဲကို စစ်တပ်က ရဟတ်ယာဉ်နဲ့ မေလ၂၅ရက် နေ့က အင်အား အများအပြားပို့ ဆောင်ခဲ့တယ်လို့စုံစမ်း သိရပါတယ်။
အင်အားဖြည့်ထားတဲ့စစ်သားတွေကို တွင်းမ ပျူရွာဘက်ကို လည်းပို့ခဲ့ပြီး ဇွန် ၂၃ ရက်မှာ Mi-17နဲ့ အဲဒီစစ်သားတွေကို ပြန်လာခေါ်တာ
လို့ စုံစမ်းသိရပါတယ်။ တော်လှန်ရေး တပ်တွေကသတင်းကြိုတင်ရထားပါတယ်။စစ်တပ်ရဟတ်ယာဥ်က စက်မှု၂ကစစ်သားတွေ ကို ခေါ်ပြီး တွင်းမပျူစေထီးရွာက စစ်သားတွေကိုဝင်ခေါ်ချိန်မှာ ဒရုန်းနဲ့တိုက်
ခိုက်မှုစတင်ခဲ့တာလို့ သတင်းရရှိပါတယ်။
"Mi-17 ပြန်တက်တဲ့ အချိန်မှာလည်း FPV
(အသေခံဒရုန်း)တွေနဲ့ ဝင်အောင်းလိုက်တယ်"လို့တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်တပ်ဘက်က အရာရှိအပါအဝင် သေဆုံးဒဏ်ရာရသူ ၂၀ ခန့်ရှိနိုင်တယ်လို့တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။သေဆုံးတဲ့ စစ်တပ်ဗျူဟာမှူးရဲ့ အလောင်းပုံတွေပါရ
ထားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူခန့်မှန်း၂၀ လောက်ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုအရေအတွက်ကို People's Spring အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ရဟတ်ယာဥ်ကိုဒရုန်းနဲ့တိုက်ခိုက်ဖို့ ချဥ်းကပ်လာချိန်မှာ ရဟတ်ယာဥ်ပေါ်နဲ့ ရဟတ်ယာဥ်နားကစစ်သား ၁၀ ဦးကျော်ထွက်ပြေးကြတာကိုလည်း ပကဖ အသံထုတ်ပြန်တဲ့ရုပ်သံမှတ်တမ်းမှာမြင်တွေ့ရပါတယ်။ဒါပေမယ့်ရဟတ်ယာဥ်ပေါ်မှာစစ်သားဘယ်လောက်ကျန်သေးတယ်ဆိုတာကိုတော့မသိရပါဘူး။
မကွေးPDFထုတ်ပြန်တဲ့ ဒရုန်းတိုက်ခိုက်မှုရသံမှာ ရဟတ်ယာဥ် အနီးစစ်သားတဦးရှိနေချိန် အသေခံဒရုန်းကဝင်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။ရဟတ်
ယာဥ်အတွင်းပိုင်းကိုယ်ထည်အတွင်းကြီးမားတဲ့ပေါက်ကွဲမှုဖြစ်ပြီး မီးတောက်နဲ့ မီးခိုးလှုံးကြီးထွက်လာတာကိုလည်း ရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။
လက်ရှိမှာအဲဒီနေရာပတ်ပတ်လည်ကိုစစ်တပ်က ဇွန် ၂၃ ရက်ညနေ၆နာရီဝန်းကျင်မှာ Y-12
နဲ့ ဗုံးပတ်ကြဲ နေတယ်လို့ သတင်းရရှိပါတယ်။
အဲဒီစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ၊ မင်းဘူးခရိုင်အမှတ် (၄ )တပ်ရင်းသင်တန်းသားတွေနဲ့ MGY-PDF၊အညာဖိုက်တာLocal
တပ်ဖွဲ့၊စကားပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပကဖ အသံကရုပ်သံမှတ်တမ်းနဲ့တကွသတင်းထုတ်ပြန်ပါတယ်။

❤64👏6🤣2🖕2👍1👎1🥰1
မန္တလေးအိုးဘိုထောင်မှာ လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
ဇွန်-၂၃၊၂၀၂၆။သတိုး/People's Spring
ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေစုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ၁၉ ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ အိုးဘိုထောင်က နိုင်ငံရေအကျဉ်းသားတွေက မိသားစုတွေ ပို့ပေးထားတဲ့ ထောင်ဝင်စာ ပါဆယ်ပစ္စည်း တွေထဲက မုန့် ၊ ကော်ဖီမစ်ထုတ်နဲ့ ခေါက်ဆွဲခြောက်တွေကို ထောင်ဝင်စာပါဆယ်မလာတဲ့ အခြားအမှုသည်တွေနဲ့ နိုင်ကျဉ်းတွေကို လိုက်လံဝေမျှခဲ့ပြီး သူတို့ရရှိထားတဲ့ ဟင်းတွေကိုလည်း ထောင်တွင်းမှာ မျှဝေစားသုံးခဲ့ကြတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
"ညနေပိုင်း အကျဉ်းထောင်အတန်းပိတ်ချိန် ဘုရားရှိခိုးချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး၊ မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းကြေအေးစေရေးတို့အတွက် ရည်စူး၍ နိုင်ငံရေးအကျဉ်းသားများက မိမိတို့အဆောင်ခန်းများအလိုက် မေတ္တာသုတ်ကို သံပြိုင်ညီညာစွာ ရွတ်ဆိုဆုတောင်းခြင်းဖြင့် မွေးနေ့အထိမ်းအမှတ်လှုပ်ရှားမှုကို ရဲရဲဝံ့ဝံ့ အဆုံးသတ်ခဲ့ကြသည်။" လို့ PPNM က ဖော်ပြထားပါတယ်။
လတ်တလော ထောင်တွင်း တင်းကျပ်မှုနဲ့ ဖိအားပေးမှုတွေ ရှ်ိနေပေမယ့် လူထုခေါင်းဆောင်ရဲ့ မွေးနေ့အထိမ်းအမှတ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့တာက နိုင်ငံရေးကျဉ်းသားတွေရဲ့ မလျော့တဲ့ဇွဲ နဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ပြသတာလို့ PPNM က မှတ်ချက်ပြုပါတယ်။

👍34❤18🥰4🖕2🔥1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၂၃ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️စစ်တပ် Mi-17ကို PDF နဲ့ပကဖတွေက FPVဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီး
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်ရဲ့ သယ်ယူပို့ ဆောင်ရေးယာဉ် Mi-17ကို တော်လှန်ရေးတပ်တွေက FPV ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်တို့မှာ ပျူစောထီးရွာတွေကို တော်လှန်ရေးတပ်တွေ သိမ်းယူခဲ့ပြီးတဲ့နောက် စက်မှု( ၂)ထဲကို စစ်တပ်က ရဟတ်ယာဉ်နဲ့ မေလ၂၅ရက်က အင်အား အများအပြားပို့ဆောင်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။ အင်အားဖြည့်ထားတဲ့ စစ်သားတွေကို တွင်းမပျူရွာဘက်ကိုလည်းပို့ခဲ့ပြီး ဒီနေ့ ဇွန်လ ၂၃ ရက်မှာ Mi-17နဲ့ အဲဒီစစ်သားတွေကို ပြန်လာခေါ်တာလို့ စုံစမ်းသိရပါတယ်။ တော်လှန်ရေးတပ်တွေကသတင်းကြိုတင်ရထားတာကြောင့် တွင်းမပျူစေထီးရွာက စစ်သားတွေကို ဝင်ခေါ်ချိန်မှာ ဒရုန်းနဲ့တိုက်ခိုက်မှုစတင်ခဲ့တာလို့ သတင်းရရှိပါတယ်။ Mi-17 ပြန်တက်တဲ့ အချိန်မှာလည်း FPV(အသေခံဒရုန်း)တွေနဲ့ ဝင်အောင်းလိုက်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်််််ဦးက စစ်တပ်ရဟတ်ယာဥ်ကို တိုက်ခိုက်မှုအခြေအနေကို ပြောပါတယ်။ စစ်တပ်ဘက်က အရာရှိအပါအဝင် သေဆုံးဒဏ်ရာရသူ ၂၀ ခန့်ရှိနိုင်တယ်လို့ တော်လှန်ရေးရဲဘော်အချို့က ပြောပါတယ်။
◾️ဧရာဝတီစစ်မျက်နှာမှာ စစ်တပ်စစ်ကြောင်း စစ်ကျွံပြီး အထိနာ
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက တိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေရဲ့ ဗျူဟာထဲမှာ စစ်ကျွံနေတဲ့ စစ်တပ်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးထားသလို စစ်ကြောင်းတခုလုံးရဲ့ ရိက္ခာအတွက်လည်း ရွာတွေဆီကနေ အတင်းအဓမ္မတောင်းယူနေတယ်လို့ သတင်းရရှိပါတယ်။ ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ ရွာတွေဖြစ်တဲ့ ရေကြည်မြို့နယ်ထဲက သောင်တန်းနဲ့ ညောင်မှော်ရွာ ပတ်ဝန်းကျင်မှာ ဇွန်လဆန်းကတည်းက တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိမှာ ကမ်းနီရွာနဲ့ ကြို့ကုန်းရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက ဒဏ်ရာရသူတွေ အများကြီးပါတဲ့ စစ်တပ်စစ်ကြောင်းက ကမ်းနီရွာထဲကို ဝင်လာပြီး ထွက်ပြေးဖို့ အချိန်မရတဲ့ ဒေသခံတွေကို ဖမ်းခေါ်ထားတယ်လို့ ပြောါပတယ်။ အဲဒီစစ်တပ်စစ်ကြောင်းက လူ ၂၀၀စာအတွက် ရိက္ခာလုပ်ခိုင်းနေတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။ စစ်တပ်ဟာ သောင်တန်းရွာမှာ လက်နက်ကြီးတွေ တပ်ဆင်ထားပြီး ရိုးမအခြေက ကျေးရွာတွေ ဘက်ကို နေ့ရောညပါ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ လက်ရှိ စစ်တပ်စစ်ကြောင်းရောက်ရှိနေတဲ့ ကမ်းနီရွာက ဒေသခံအများစုဟာ ရေကြည်မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
◾️ကမ္ဘာ့ဖလားပွဲစဥ်တစ်ခုမှာ နိုင်ကျဉ်းတွေ လွတ်မြောက်ဖို့ လှုပ်ရှားမှု ပြုလုပ်
ဒီနေ့ ဇွန်လ ၂၃ရက် မနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုပြုလုပ်ချိန်မှာ ပါဝင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားပြီး "Free Aung San Suu Kyi and All Political Prisoners" စာတန်းကို ကိုင်ဆောင်ကာ လက်သုံးချောင်းထောင် တောင်းဆိုခဲ့ကြတာပါ။ ဘောလုံးပွဲမစတင်ခင် ပွဲကြည့်စင်မှာ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဘောလုံးကွင်းအတွင်း နေရာအချို့နဲ့ ကွင်းရှေ့မှာလည်း ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။
◾️ချောက်မြို့က စစ်တပ်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်
မကွေးတိုင်း၊ ချောက်မြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ် တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက် ပ.က.ဖ )က ဒီနေ့ ဇွန်လ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၀ ရက် ညနေ ၆ နာရီကျော်က ချောက်မြို့နယ်ရှိ စစ်တပ်ရဲ့ ကျောက်တဲလမ်းခွဲ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး နာရီ၀က်နီးပါးကြာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်က ၂ဦး သေဆုံးပြီး ၆ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။ ချောက်မြို့နယ်မှာ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ စစ်တပ် လက်အောက်ခံတွေနဲ့ စစ်တပ် စစ်ကြောင်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
◾️စဉ့်ကူးမှာ စစ်တပ်လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၆ ဦး ဒဏ်ရာရ

🔥13👍7😢2🤣1
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ၂၃ရက် ဒီနေ့ ၁၂နာရီက ထုံးကြီးရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာရဲ့ အနောက်ဘက်က ကျွန်းပေါ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီလက်နက်ကြီးဟာ မြေနုကျွန်းရွာပေါ် ကျပြီး ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ဦးဟာ ဒဏ်ရာစိုးရိမ်ရတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ ဧရာဝတီမြစ်ပဲခြားတာကြောင့် စစ်ကိုင်းတိုင်းဘက်ကနေ PDF တွေ ကူးလာမှာစိုးရိမ်ပြီး စစ်တပ်က စဉ့်ကူးနဲ့ မတ္တရာနယ်တို့ကို အင်အားတိုးချတာ တွေပြုလုပ်ထားတယ်လို့ သိရပါတယ်။
◾️စစ်တပ်က ထောင်ချောက်ဆင် ဖမ်းဆီးလို့ CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ထပ်မံဖမ်းဆီးခံရ
ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ဦးကတဆင့် ရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့ဆက်စပ်သူတွေကို ထောင်ချောက်ဆင်မျှားခေါ်မှုကြောင့် CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလက အင်းလေးမြို့နယ်၊ ရွာမကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နဲ့ ရဲဘော် AD (ခ) ကောင်းစည်သူတို့ကို အခွင့်အရေးပေးပြီး သူတို့ဖုန်းတွေကတဆင့် နယ်မြေအတွင်း ဖြန့်ကြက်လှုပ်ရှားနေတဲ့ တခြားရဲဘော်တွေ၊တော်လှန်ရေးနဲ့ ဆက်စပ်သူတွေကို ထောင်ချောက်ဆင် မျှားခေါ်ဖမ်းဆီးဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းဟောင်း ၁ဦး(CDM)ကို ဇွန်လ ၁၉ ရက် ည ၇ နာရီ၀န်းကျင်မှာ စက်မှုဇုန်ကနေ အင်းလေးအပြန်လမ်းမှာ ဖမ်းဆီးခံရတာလို့ အသိပေးပါတယ်။ ကျန်တဲ့သူတွေ သတိထားရအောင်နဲ့ စစ်တပ်က ရဲဘော်နှစ်ဦးကို သုံးပြီး ဆက်လုပ်ဖို့ရှိနေသေးကာ အမျိုးမျိုး အသုံးချလိမ့်မယ်လို့ ၁၀၀၉ တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
◾️ချင်းမိုင်မှာ မြန်မာအမျိုးသမီးတစ်ဦး အဖမ်းခံရ
ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ခွင့်ပြု လုပ်ငန်းလိုင်စင် မရှိဘဲ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေတယ်ဆိုပြီး မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဧည့်လမ်းညွှန်အလုပ်ဟာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့် သတ်မှတ်ထားပြီး ထိုင်းရောက် နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့်ရှိတဲ့ လုပ်ငန်း အမျိုးအစားမှာ မပါဝင်ပါဘူး။ ကမ္ဘာလှည့် ခရီးသွား ဧည့်လမ်းညွှန် လုပ်ငန်းခွင်ထဲကို တရားဝင် လိုင်စင်မရှိတဲ့ နိုင်ငံခြားသားတွေ ဝင်ရောက်လာတဲ့အတွက် ထိုင်းနိုင်ငံသား ဧည့်လမ်းညွှန်တွေ နစ်နာနေပါတယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင့် ထိုင်းကမ္ဘာလှည့် ခရီးသွား ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်တွေ၊ အာဏာပိုင်တွေ ပူးပေါင်းပြီး စုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ရဲတွေက မြန်မာဘာသာနဲ့ ဖွင့်လှစ်ထားတဲ့ သံသယဖြစ်စရာ ဧည့်လမ်းညွှန် Facebook စာမျက်နှာတွေကို ခြေရာခံ စောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ အမျိုးသမီးဟာ ဧည့်လမ်းညွှန်အဖြစ် တရားမဝင် လုပ်ကိုင်နေတာ သေချာကြောင်း နေ့တစ်ဝက်စာလောက် သက်သေ အထောက်အထားတွေ စုဆောင်းပြီးတဲ့ အခါမှာတော့ ချင်းမိုင်မှာရှိတဲ့ ဝတ်ဖရာသက် ဒွိုင်ဆူသပ်မှာ သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။
◾️မန္တလေးအိုးဘိုထောင်မှာ လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
ထောင်တွင်းဖိနှိပ်မှုတွေရှိပေမယ့် မန္တလေးအိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ အိုးဘိုထောင်က နိုင်ငံရေအကျဉ်းသားတွေက မိသားစုတွေ ပို့ပေးထားတဲ့ ထောင်ဝင်စာ ပါဆယ်ပစ္စည်းတွေထဲက မုန့် ၊ ကော်ဖီမစ်ထုတ်နဲ့ ခေါက်ဆွဲခြောက်တွေကို ထောင်ဝင်စာပါဆယ်မလာတဲ့ အခြားအမှုသည်တွေနဲ့ နိုင်ကျဉ်းတွေကို လိုက်လံဝေမျှခဲ့ပြီး သူတို့ရရှိထားတဲ့ ဟင်းတွေကိုလည်း ထောင်တွင်းမှာ မျှဝေစားသုံးခဲ့ကြတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဇွန်လ ၁၉ရက် ညနေပိုင်း အကျဉ်းထောင်အတန်းပိတ်ချိန် ဘုရားရှိခိုးချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး၊ မြန်မာပြည်သူပြည်သားအပေါင်း ဘေးရန်ခပ်သိမ်း ငြိမ်းချမ်းကြေအေးစေရေးတို့အတွက် နိုင်ငံရေးအကျဉ်းသားတွေက အဆောင်ခန်းများအလိုက် မေတ္တာသုတ်ကို သံပြိုင် ရွတ်ဆိုဆုတောင်းခြင်းဖြင့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုကို ရဲရဲဝံ့ဝံ့ အဆုံးသတ်ခဲ့ကြတယ်လို့ PPNM က ဖော်ပြထားပါတယ်။
◾️မဘသဘုန်းကြီး ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရ

👍10🔥10❤5🤣1
ရန်ကုန်မြို့မှာ မဘသဘုန်းကြီးတစ်ပါး ကားဝစ်သောက်စီးမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံထားရလို့ မဘသ ဘုန်းကြီးတွေ ဒေါသထွက်ပြီး သင်္ဃန်းကျွန်းတရားရုံးရှေ့ အင်အားပြခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးရှေ့ကို မဘသတဖြစ်လဲမျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဘုန်းကြီးတွေက လာရောက်စုဝေးပြီး အဖမ်းခံရတဲ့ မဘသဆရာတော် ဒေါက်တာလက္ခဏသာရနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ မဘသဆရာတော် ဒေါက်တာလက္ခဏသာရကို သင်္ဃန်းကျွန်းသံဃနာယကနဲ့ သင်္ဃန်းကျွန်းစည်းကမ်းထိန်းသိမ်းသံဃာတွေက ရဲတွေ၊ အခြားဌာနဆိုင်ရာတွေနဲ့အတူ လာရောက်ဖမ်းဆီးသွားကြောင်း၊ လက်ရှိမှာ ဒေါက်တာလက္ခဏသာရကို ကားဝစ်သောက် (လိုင်စင်မဲ့ယာဥ်) စီးလို့ဆိုပြီး သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ (၈)၊ အဲဒီကားပေါ်မှာ ဓါးတွေ့လို့ဆိုပြီး လက်နက်ဥပဒေ ပုဒ်မ ၂၃(က) တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခံထားရကြောင်း မဘသဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးပညာဝံသက တရားရုံးရှေ့မှာ ပြောပါတယ်။
◾️နယ်ကျော်လာတဲ့ ပုသိမ်ကြီးပျူ ၃ဦးကို အောင်မြေသာစံပျူတွေက ပြန်ဖမ်း
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။ ဇွန်လ ၂၂ရက် ည ၈ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ စစ်အသုံးဆောင်ပစ္စည်းတွေဝတ်ဆင်ပြီး ဓားရှည်တွေကိုင်ဆောင်ထားတဲ့ လူငယ် ၃ ဦးကို အဲဒီမြို့နယ်က စစ်တပ်နဲ့ ပျူစောထီးတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလူငယ် ၃ ဦးဟာ ပုသိမ်ကြီးမြို့မှာ နေထိုင်ကြသူတွေဖြစ်ပြီး စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ ခိုးဆိုးလုယက်ဖို့ လုပ်နေလို့ အောင်မြေသာစံပျူစောထီးတွေက ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြပါတယ်။ ဇွန်လ ၁၀ရက် ညကလည်း ပုသိမ်ကြီးမြို့အဝင်မှာ ဆိုင်ကယ်စီးလာတဲ့ စုံတွဲတစ်တွဲကို ဓါးထောက်လုယက်ခဲ့သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးရာမှာ ပုသိမ်ကြီး မြို့မ(၂)ပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၂ ဦးက ဖြစ်နေခဲ့ပါသေးတယ်။

👍12🔥12🤣4❤3💩1