အခုတစ်ခါတော့ ပါးစပ်က “ဒီမိုကရေစီ...ဒီမိုကရေစီ...ဒီမိုကရေစီ”ဆိုပြီး ကရားရေလွှတ်တတွတ်တွတ်ပြောနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေဘက်လှည့်ပြီး မေးခွန်းတ
ချို့မေးကြည့်ချင်ပါတယ်။ ပန်းရောင်းလို့၊ ပန်းပန်လို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ 81 နံပါတ်အင်္ကျီဝတ်ပြီး လမ်း
လျှောက်မိလို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ လေးစားချစ်ခင်ရတဲ့သူတစ်ယောက်ရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲကျင်းပတဲ့အပေါ် ဖမ်းဆီးတာ ကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ ဘုရားမှာပန်းကပ်ပူဇော်ခြင်းကို တားမြစ်တာ၊ ဘုရားစင်မှာ နှင်းဆီ ပန်းကပ်လှူလို့ ဖမ်းဆီးတာကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ အသက်အန္တရာယ်ကြောင့် စစ်ဘေးကနေ တိမ်းရှောင်ဖို့ ကြိုးစားတဲ့ ပြည်သူကို ရှောင်တိမ်းခွင့် မပြုတာကရော ဒီမိုကရေစီလား။ အခုပြောခဲ့တာတွေဟာ လတ်တလော ပူပူနွေးနွေးဖြစ်စဉ်တွေထဲက တချို့ကိုထုတ်ပြီးမေးထားတာပါ။
နေရာစုံမှာ မီးလိုက်ရှို့နေတာ ဒီမိုကရေစီလား။ နေရာအနှံ့ဗုံးလိုက်ကျဲနေတာဒီမိုကရေစီလား။ မတရားအကျဉ်းချခံ ထားရသူရဲ့နေရာကို လျှို့ဝှက်ထားတာ ဒီမိုကရေစီလား။ ဘာလက်နက်ခဲယမ်းမှကိုင်ဆောင်ထားခြင်းမရှိတဲ့ အမျိုး သမီးတစ်ယောက်ကို ကြောက်ရွံ့ပြီး မတရားသဖြင့် ဖိနှိပ်ချုပ်နှောင်ထားတာကရော ဒီမိုကရေစီလား။ “ဒီမိုကရေစီ”ကို ပါးစပ်ကမချသူတွေအတွက် မေးခွန်းပေါင်းများစွာမေးဖို့ ကျန်နေပါသေးတယ်။
ဒီစာအစမှာ ပြောခဲ့သလိုပဲနွားကို ပလာတာကျွေးတဲ့အလုပ် ကျွန်တော် ဘယ်တော့မှမလုပ်ပါ။ ဒီလိုပဲ နဖားကြိုးထိုးဖို့လည်း စိတ်ကူးမရှိပါ။ နကန်တစ်ချောင်းနဲ့သာ ခပ်ဆတ်ဆတ်လေးရိုက်ပေးချင်မိရုံပါ။
စာကိုအနှစ်ချုပ်ရရင် နွားများသည်ပလာတာ
ကို မစားသုံးပါ။ ထို့အတူ အာဏာရူး စစ်ဗိုလ်ချုပ်များသည်လည်း ဒီမိုကရေစီကို မစားသုံးပါ။ရွှေစလွယ်လွယ်ကောင်းရုံအသံကောင်း
ဟစ်ပြနေခြင်းသာဖြစ်သည်ဟု တထစ်ချ မှတ်ယူကြပါကုန်။ ။

❤21👍10🤣2🤮1💩1
မန္တလေးမြို့မှာ နယ်ကျော်လာတဲ့ ပုသိမ်ကြီးပျူစောထီး ၃ ဦးကို အောင်မြေသာစံပျူတွေက ပြန်ဖမ်း
ဇွန် ၂၃၊ ၂၀၂၆။မေရီ/People's Spring
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။
မနေ့က ဇွန်လ ၂၂ရက် ည ၈ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ စစ်အသုံးဆောင်ပစ္စည်းတွေဝတ်ဆင်ပြီး ဓားရှည်တွေကိုင်ဆောင်ထားတဲ့ လူငယ် ၃ ဦးကို ယင်းမြို့နယ်က စစ်တပ်နဲ့ ပျူစောထီးတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလူငယ် ၃ ဦးဟာ ပုသိမ်ကြီးမြို့မှာ နေထိုင်ကြသူတွေဖြစ်ပြီး စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ ခိုးဆိုးလုယက်ဖို့ လုပ်နေလို့ အောင်မြေသာစံပျူစောထီးတွေက ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြပါတယ်။
"အတုမဟုတ်ပါဘူး။ အချင်းချင်းပြန်ဖမ်းတာနေမှာပါ။"လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဇွန်လ ၁၀ရက်ညကလည်း ပုသိမ်ကြီးမြို့အဝင်မှာ ဆိုင်ကယ်စီးလာတဲ့စုံတွဲတစ်တွဲကို ဓါးထောက်လုယက်ခဲ့သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးရာမှာ ပုသိမ်ကြီး မြို့မ(၂)ပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၂ ဦးက ဖြစ်နေခဲ့ပါသေးတယ်။
မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ စစ်တပ်နဲ့အတူ ပြည်သူတွေကို ဖိနှိပ်မှုတွေပြုလုပ်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးပြီး လူရောင်းစားတာ၊ ခိုးဆိုးလုယက်ဓါးပြတိုက်တာတွေပါ ပြုလုပ်နေကြောင်း မြို့ခံတွေဆီက သိရပါတယ်။
(စစ်တပ်က ပြန်ဖမ်းထားတဲ့ ပျူစောထီး ၃ ဦးနဲ့ ၎င်းတို့ရဲ့ စစ်အသုံးအဆောင်များ။ ဓာတ်ပုံ-စကစ) Se

🤣16❤5🤮4👎1🔥1👏1
ကမ္ဘာ့ဖလားဘောလုံးကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ဖို့ လှုပ်ရှားမှုပြုလုပ်
ဇွန်-၂၃၊၂၀၂၆။တေဇ/People's Spring
ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုပြုလုပ်ချိန်မှာ ပါဝင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားပြီး "Free Aung San Suu Kyi and All Political Prisoners" စာတန်းကို ကိုင်ဆောင်ကာ လက်သုံးချောင်းထောင် တောင်းဆိုခဲ့ကြတာပါ။
ဘောလုံးပွဲမစတင်ခင် ပွဲကြည့်စင်မှာ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဘောလုံးကွင်းအတွင်း နေရာအချို့နဲ့ ကွင်းရှေ့မှာလည်း ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။
နော်ဝေနဲ့ ဆီနီဂေါ အသင်းဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က နယူးဂျာစီကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

❤47👍16👎1😁1🤮1💩1
အင်းလေးမှာ ဖမ်းဆီးခံရတဲ့ ရဲဘော်နဲ့ဆက်စပ်သူတွေကို စစ်တပ်က ထောင်ချောက်ဆင် ဖမ်းဆီး၊ CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ဖမ်းဆီးခံရ
ဇွန်-၂၃၊၂၀၂၆။ဇော်၀င်း/People's Spring
ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ဦး ကတဆင့် ရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့ဆက်စပ်သူတွေကို ထောင်ချောက်ဆင်မျှားခေါ်မှုကြောင့် CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလက အင်းလေးမြို့နယ်၊ ရွာမကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နဲ့ ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို အခွင့်အရေးပေးပြီး သူတို့ဖုန်းတွေကတဆင့် နယ်မြေအတွင်း ဖြန့်ကြက်လှုပ်ရှားနေတဲ့ တခြားရဲဘော်တွေ၊တော်လှန်ရေးနဲ့ ဆက်စပ်သူတွေကို ထောင်ချောက်ဆင် မျှားခေါ်ဖမ်းဆီးဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
"ဆက်သွယ်ခံရတာတွေတော့ ရှိတယ်။ဖမ်းမိတာက ၁ယောက်ပဲ။ကျန်တဲ့သူတွေ သတိထားရအောင်နဲ့ အဲဒီကလေး ၂ယောက်ကို သုံးပြီး ဆက်လုပ်ဖို့ရှိနေသေးတယ်။အမျိုးမျိုး အသုံးချပါလိမ့်မယ်"လို့ ၁၀၀၉ တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ CDM ကျန်းမာရေးဝန်ထမ်းဟောင်း ၁ဦးကို ဇွန်လ ၁၉ ရက် ည ၇ နာရီ၀န်းကျင်မှာ စက်မှုဇုန်ကနေ အင်းလေးအပြန်လမ်းမှာ ဖမ်းဆီးခံရတာလို့ အသိပေးပါတယ်။
ထပ်မံဖမ်းဆီးခံလိုက်ရတဲ့ CDM ကျန်းမာရေးဝန်ထမ်းဟောင်းကို လက်ရှိမှာ တောင်ကြီးမြို့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှာ ထိန်းသိမ်းထားပြီး ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေအနေနဲ့ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ဆက်နွှယ်ဖူးသူ အားလုံးက ဖုန်းနဲ့ဆက်သွယ်လာမှု၊ ချိန်းဆိုမှုတွေ ရှိလာပါက စစ်တပ်ထောင်ချောက်ဖြစ်တယ်ဆိုတာ သတိ ပြုဖို့နဲ့ ရန်သူ့လက်လှမ်းမမှီရာ ဘေးလွတ်ရာကိုအရေးပေါ် ချက်ချင်း ရှောင်တိမ်းကြဖို့ ၁၀၀၉ တပ်ရင်းက တိုက်တွန်းပါတယ်။
ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နဲ့ ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို ညောင်ရွှေရဲစခန်းကနေ ဇွန်လ ၂၂ ရက်မှာ ဖယ်ခုံမြို့ သားတောင်ကြီးမှာနေထိုင်သူ စစ်တပ်ထောက်တိုင် အိုက်ဦးလန်က အင်းလေးရွာမကို ပြန်လည်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ ရန်သူရဲ့ သတင်းပေးဒလန်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနေသူတွေရဲ့လုပ်ရပ်တွေကိုလည်း ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

😡34❤8👍4🤬3👎2🔥1👏1
ဧရာဝတီစစ်မျက်နှာမှာ စစ်တပ်စစ်ကြောင်းစစ်ကျွံပြီးအထိနာ
■ရေကြည်မြို့နယ်ထဲက ရှေ့တန်းစခန်းတစ်ခုကို AAနဲ့ ပူးပေါင်းတပ်တွေထပ်သိမ်း
ဇွန်-၂၃၊၂၀၂၆။ဇော်ရမ်း/People's Spring
ရေကြည်မြို့နယ်ထဲကတိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေရဲ့ ဗျူဟာထဲမှာ စစ်ကျွံနေတဲ့ စစ်တပ်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးထားသလို စစ်ကြောင်းတခုလုံးရဲ့ ရိက္ခာအတွက်လည်း ရွာတွေဆီကနေ အတင်းအဓမ္မတောင်းယူနေတယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ရွာတွေဖြစ်တဲ့ ရေ
ကြည်မြို့နယ်ထဲက သောင်တန်း နဲ့ ညောင်မှော်ရွာ ပတ်ဝန်းကျင်မှာဇွန်လဆန်းက
တည်းက တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိမှာ ကမ်းနီရွာနဲ့ ကြို့ကုန်းရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
"ဒဏ်ရာရတဲ့သူတွေအများကြီးပါလာတဲ့ စစ်ကြောင်းက ကမ်းနီရွာထဲကိုဝင်လာတယ်။ ဒေသခံတွေထွက်ပြေးပေမယ့် ပြေးဖို့အချိန်မရတဲ့သူတွေကို စစ်တပ်ကခေါ်ထားတယ်။လူ ၂၀၀ စာအတွက် ရိက္ခာလုပ်ခိုင်းတယ်။ အဲ့ဒါ အခုကိုဖြစ်နေတာ"လို့ ဒေသခံတစ်ဦးက ဇွန်
လ၂၃ရက်မနက်ပိုင်းမှာပြောပါတယ်။
စစ်တပ်က သောင်တန်းရွာမှာ လက်နက်ကြီးတွေတပ်ဆင်ထားပြီး ရိုးမအခြေကကျေးရွာတွေဘက်ကို နေ့ရောညပါပစ်ခတ်နေတယ်လို့ သိရပါတယ်။ လက်ရှိစစ်တပ်စစ်ကြောင်းရောက်ရှိနေတဲ့ ကမ်းနီရွာက ဒေသခံအများစုဟာ ရေကြည်မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကိုအကူအညီ ပေးနေသူတဦးကပြောပါတယ်။
"တိုက်ပွဲအခြေအနေက စစ်တပ်ဖက်ကနေ လက်နက်ကြီးရော၊လေယာဉ်ပါပစ်တာ။ ဘယ်လောက်ပစ်ပစ် AA နဲ့ မဟာမိတ်တွေက စီးမိနေတာ။ စစ်တပ်ဘက်က ပြေးသူတွေရှိလို့ မြို့အဝင်တွေ ပိတ်စစ်နေတာလည်း တွေ့တယ်။ ဘူတာမှာရောပဲ"လို့ ရေကြည်မြို့ခံတစ်ဦးကပြောပါတယ်။
ရေကြည်မြို့ဟာ ပုသိမ်-ဟင်္သာတ ကားလမ်းပေါ်မှာရှိသလို ပုသိမ်-ဟင်္သာတ-ကြံ့ခင်းရထားလမ်းပိုင်းလည်းဖြတ်သွားပါတယ်။
ပြီးခဲ့တဲ့ဇွန်လ၉ရက်ကတိုက်ပွဲမှာစစ်တပ် တပ်
စွဲထားတဲ့ ကြောင်ရှာတောက ဆင်စခန်းကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီး ယခုရက်ပိုင်းမှာလည်း နောက်ထပ်စခန်းတစ်ခုကိုသိမ်းနိုင်ခဲ့တယ် စစ်ရေးသတင်းရင်းမြစ်နဲ့နီးစပ်သူကပြောပါတယ်။
၁၈၈ ကုန်းလို့ ခေါ်တဲ့ စစ်တပ်စခန်းကုန်းကို ဇွန်လ၂၀ ရက်နေ့မှာညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိခဲ့သလို သုံ့ပန်းတွေလည်းဖမ်းမိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ဧရာဝတီတိုင်းက ရွှေသောင်ယံ၊ သာပေါင်း၊ရေကြည်၊ လေးမျက်
နှာမြို့တွေနဲ့ ဆက်စပ်နေပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းက ရေကြည်မြို့နယ်ထဲမှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း အရပ်သားတွေနဲ့ နိုင်ငံ ရေးလှုပ်ရှားသူအချို့ကို စစ်ကောင်စီတပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိစစ်ရေးအခြေအနေအရ ဒေသ
ခံတွေသတိပြုနေထိုင်ကြဖို့ PDF ရဲဘော်အချို့က အကြံပြုပါတယ်။
လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်
တပ်(၃၄၄)နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်ကောင်စီရဲ့ဗုံးကြဲလေယာဉ်တွေဟာရေကြည်၊လေးမျက်နှာမြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေကို နေ့စစ် ဖြတ်ပျံနေပါတယ်။ ယမန်နေ့ ဇွန်လ ၂၂ရက်ညက စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ နှစ်စင်းဟာ စက္ကန့် ၃၀ခန့်သာခြားပြီး ရေကြည်မြို့နယ်ဘက်ကို ပျံသွားတယ်လို့
ဇလွန်မြို့ခံအချို့ကပြောပါတယ်။
စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နှာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေနဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့လည်း စစ်မြေပြင်မှာ ရှိနေတယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

❤43👍10😁3🤣2👏1💩1🖕1
■Breaking News
စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီးကို
မြိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေပစ်ချ
ဇွန်-၂၃၊၂၀၂၆။နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တနေရာမှာမှာ တော်လှန်ရေး
မဟာမိတ်တပ်ဖွဲ့တွေက ပစ်ချလိုက်ကြောင်း
မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်
(Magway - PDF)ကထုတ်ပြန်ပါတယ် ။
တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့တာလို့ဖော်ပြထားပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ဖော်ပြထားပါတယ် ။
ပြည်သူတွေ နဲ့ ရဲဘော်တွေ အနေနဲ့ စစ်တပ် လေကြောင်းအန္တရာယ်ဂရုစိုက်ကြဖို့လည်းမကွေး PDF ကတိုက်တွန်းထားပါတယ်။
မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်ဒေါက်
တာရဲထွန်းဇော်က "Congratulations ပါ၈/ သူရဲကောင်းအပေါင်းတို့" လို့ လူမှုကွန်ရက်မှာရေးသား ဂုဏ်ပြုထားပါတယ်။
မဟာမိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့တိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တာလို့PDF တဦးကပြောပါတယ်။
ဒေသတွင်းကပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက"မှန်တယ်။ အဲဒီကိစ္စသိတယ်။ Mi 17 ပစ်ချနိုင်ခဲ့တာဟုတ်တယ်။ အသေးစိတ်လုပ်စရာရှိတာဆက်လုပ်နေကြတယ်" လို့ ဆိုပါတယ်။
မြိုင်မြို့နယ်အတွင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောက်ဆက်တွဲရရှိတဲ့သတင်းကို People's Spring အနေနဲ့ ဆက်လက်ဖော်ပြပေးသွားပါမယ်။

❤48👍18👏4🤣2👎1😘1
စဉ့်ကူးမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၆ ဦး ဒဏ်ရာရ
ဇွန်-၂၃၊၂၀၂၆၊ကတ်သရင်းနှင်း၊People's Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ရဲစခန်းမှာ တပ်စွဲထားတဲ့စစ်တပ်က လက်နက်ကြီးတွေနဲ့ ကျွန်းပေါ်က ကျေးရွာတွေကို ပစ်ခတ်ခဲ့လို့ ဒေသခံ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပြီး၂ဦး စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ၂၃ရက် ဒီကနေ့ ၁၂နာရီက ထုံးကြီးရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာရဲ့ အနောက်ဘက်က ကျွန်းပေါ်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီလက်နက်ကြီးဟာ မြေနုကျွန်းရွာပေါ် ကျပြီး ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ဦးဟာ ဒဏ်ရာစိုးရိမ်ရတယ်လို့ သိရပါတယ်။
"၃လုံးက ရေထဲကျတာ ။စိုးရိမ်ရတဲ့ ၂ဦးက လက်နက်ကြီးကြောက်လို့ ပုန်းနေတဲ့ နေရာကို ကျတာလို့ ပြောတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ မြစ်ပဲခြားတာကြောင့် စစ်ကိုင်းတိုင်းဘက်ကနေ PDF တွေ ကူးလာမှာစိုးရိမ်ပြီး စစ်တပ်က စဉ့်ကူးနဲ့ မတ္တရာနယ်တို့ကို အင်အားတိုးချတာ တွေပြုလုပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ္တရာမြို့နယ်နဲ့စဉ့်ကူးမြို့နယ်အထိုင်တပ်စွဲထားတဲ့ နေရာတွေကနေလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ စစ်ကိုင်းတိုင်းဘက်ကို ပစ်ခတ်နေပြီး အဲဒီလက်နက်ကြီးတွေဟာ ဧရာဝတီမြစ်အတွင်း ကျွန်းပေါ် နေပြည်သူတွေရွာထဲကျပြီး ပြည်သူထိခိုက်ဒဏ်ရာရတွေလည်း မကြာခဏဖြစ် နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

🤬21👎14❤2👏1🤣1
မဘသဘုန်းကြီး ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရလို့ မဘသဘုန်းကြီးတွေ ဒေါသထွက်ပြီး တရားရုံးရှေ့အင်အားပြ
ဇွန် ၂၃၊ ၂၀၂၆။ မေရီ/People's Spring
ရန်ကုန်မြို့မှာ မဘသဘုန်းကြီးတစ်ပါး ကားဝစ်သောက်စီးမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံထားရလို့ မဘသ ဘုန်းကြီးတွေ ဒေါသထွက်ပြီး သင်္ဃန်းကျွန်းတရားရုံးရှေ့ အင်အားပြခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒီကနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့ကို မဘသတဖြစ်လဲမျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဘုန်းကြီးတွေက လာရောက်စုဝေးပြီး အဖမ်းခံရတဲ့ မဘသဆရာတော် ဒေါက်တာလက္ခဏသာရနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
မဘသဆရာတော် ဒေါက်တာလက္ခဏသာရကို သင်္ဃန်းကျွန်းသံဃနာယကနဲ့ သင်္ဃန်းကျွန်းစည်းကမ်းထိန်းသိမ်းသံဃာတွေက ရဲတွေ၊ အခြားဌာနဆိုင်ရာတွေနဲ့အတူ လာရောက်ဖမ်းဆီးသွားကြောင်း၊ ယခုအခါ ဒေါက်တာလက္ခဏသာရကို ကားဝစ်သောက် (လိုင်စင်မဲ့ယာဥ်) စီးလို့ဆိုပြီး သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ (၈)၊ ၎င်းကားပေါ်မှာ ဓါးတွေ့လို့ဆိုပြီး လက်နက်ဥပဒေ ပုဒ်မ ၂၃(က) တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခံထားရကြောင်း မဘသဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးပညာဝံသက တရားရုံးရှေ့မှာ ပြောပါတယ်။
"ဝစ်သောက်မှုဆိုတာ ရဟန်းသံဃာတွေ အားလုံးစီးနေတာ။ အဲနေ့က သင်္ဃန်းကျွန်းမှာရှိတဲ့ သံဃနာယကနဲ့ သင်္ဃန်းကျွန်း စည်းထိန်းသံဃာတွေက ဦးလက္ခဏကို လာရောက်ပြီးတော့ ရဲနဲ့ဌာနဆိုင်ရာနဲ့ ပေါင်းပြီးတော့ ဖမ်းသွားပါတယ်။ လာဖမ်းတဲ့ကိုယ်တော်တွေကလည်း ဝစ်သောက်တွေစီးလာပါတယ်။ ဒီပုဂ္ဂိုလ်တွေကျ ဒါတွေကျတော့မဖမ်းဘူး။ ငါလိုချင်တဲ့ ပုဂ္ဂိုလ်ကျတော့ မဖမ်းဘူး။ ငါမလိုချင်တဲ့ ပုဂ္ဂိုလ်ကျတော့ ဖမ်းတယ်ဆိုတာ စောက်မြင်ကပ်ပုဒ်မနဲ့ ကြီးနိုင်ငယ်ညှင်းတွေ မလုပ်ပါနဲ့။"လို့ ဦးပညာဝံသက ပြောပါတယ်။
မဘသဘုန်းကြီးက လက်ရှိ အာဏာသိမ်းစစ်ကောင်စီကို အစိုးရလို့ သုံးနှူန်းပြီး ၎င်းတို့နဲ့ ပူးပေါင်းဆောင်ရွက်နေသူ ဦးလက္ခဏကို အင်းစိန်ထောင်ကို ဖမ်းဆီးပို့ဆောင်ခံရမှုအပေါ် ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
"ဦးလက္ခဏဆိုရင် လက်ရှိအစိုးရနဲ့ ဝန်ကြီးချုပ်တွေ ပါတီတွေနဲ့အကုန် ပူးပေါင်းပြီးတော့ ဦးဇင်းတို့မြန်မာနိုင်ငံကို အကြမ်းဖက်နေတဲ့ အကြမ်းဖက် PDF NLD တွေကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေတဲ့ မျိုးချစ်နိုင်ငံချစ် ဘာသာချစ်တစ်ယောက်ဖြစ်ပါတယ်။ အာ့ကြောင့်မို့လို့ လက်ရှိ နိုင်ငံမှာရှိနေတဲ့ လူကြီးမင်းတွေ နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရမင်းတွေ ကြံ့ခိုင်ရေးပါတီဝင် လူကြီးမင်းများကိုလည်း ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်။ အကြမ်းဖက်ကိုသာ ထန်းလျက်လို ချိုနေပြီးတော့ ဦးဇင်းတို့ အချင်းချင်းကိုကျ တအားနင်းနေတဲ့အမှုတွေ မလုပ်ပါနဲ့။ ဘုရားပြီး ငြမ်းဖျက်မှုတွေလည်း မလုပ်ပါနဲ့။ ကိုယ့်ကို ထောက်နေတဲ့ ထောက်တိုင်ကိုလည်း ပြန်ပြီးတော့ မဖြိုချပါနဲ့"ဆိုပြီး ဦးပညာဝံသက ပြောပါတယ်။
မြို့နယ်သာသနာထိန်းသိမ်းရေး သံဃာအဖွဲ့တွေကလည်း အလှူခံ၊ အရက်သောက်၊ မိန်းမရှုပ်ပြီးတော့ သာသနာညှိုးနွမ်းပုဂ္ဂိုလ်တွေကိုသာ ဖမ်းဆီးအရေးယူနိုင်အောင် ကြိုးစားဖို့ ဦးပညာဝံသက ဆိုပါတယ်။
မဘသ (အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့)တွေကို ၂၀၁၃-၂၀၁၄ ဝန်းကျင်မှာ အမျိုးသားရေးဝါဒီ ရဟန်းသံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ စုစည်းပြီးဖွဲ့စည်းခဲ့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ရဲ့ ပိတ်ပင်မှုတွေကြောင့် မဘသ အမည်ကို အသုံးမပြုတော့ဘဲ "ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း" အမည်နဲ့ ပြောင်းလဲလှုပ်ရှားခဲ့ပါတယ်။
ခေတ်အဆက်ဆက် စစ်တပ်ကိုထောက်ခံပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဆန့်ကျင်ခဲ့ပါတယ်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂကတော့ မဘသရဲ့ လှုပ်ရှားမှုတွေ အားကောင်းစဉ်နဲ့ နောက်ပိုင်းကာလတွေမှာ အဓိကအားဖြင့် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေက အမျိုးသားရေးလှုပ်ရှားသူ ရဟန်းသံဃာငယ်တွေ စုစည်းပြီး သမဂ္ဂပုံစံနဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ မဘသအဖွဲ့ကြီးရဲ့ သဘောတရားတွေကို အပြည့်အဝ ထောက်ခံတဲ့အဖွဲ့ ဖြစ်ပါတယ်။

😁36🤣7❤6👏5🔥3🤔2👎1