■အတွေးအမြင်
ပြည်ထောင်စုသမ္မတ မျှော်လင့်ချက်များစွာနဲ့နိုင်ငံတော်က ရုန်းထွက်ကြစို့
-Anynon ရေးသားသည်။
မြန်မာပြည်သူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်
ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့
မျှော်လင့်ချက်တွေကသာ များနေတာ ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြပါဘူး။
ဟိုဟာလေးဖြစ်မလားဆိုပြီးမျှော်လိုက်ရ၊ဒီဟာလေး ဖြစ်မလားဆိုပြီး စောင့်လိုက်ရနဲ့၊ အဆုံးသတ်မှာတော့ ဘာတခုမှ လက်တွေ့မဖြစ်လာဘဲ လေဟာနယ်ထဲမှာပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။
တိုင်းပြည်တခုမှာ မျှော်လင့်ချက်တွေသာ ဒီလောက်များပြားပြီးတခုမှ ဖြစ်မလာဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ တခုခု အလွန်အမင်း မှားယွင်းနေပြီဆိုတာ သေချာနေပါပြီ။
ကျွန်တော်တို့တိုင်းပြည်အေးချမ်းဖို့ မျှော်လင့်ကြတယ်။ဒါပေမဲ့အာဏာကို အာသာငမ်းငမ်းတပ်မက်နေတဲ့ စစ်အာဏာရှင်တွေကြောင့် ငြိမ်းချမ်းရေးတွေ အဟောသိကံဖြစ်ရပြီး ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ ဆိတ်သုန်းကြရတယ်။
ပြည်သူတွေဟာ တရားတဲ့ ဥပဒေအောက်မှာ ဥပဒေနဲ့အညီ နေထိုင်ခြင်ကြပေမဲ့ မတရားတဲ့ ဥပဒေတွေ ရှိနေတာများပါတယ်။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ပေးရမယ့်အရာ ဖြစ်ရမယ့်အစား၊ အာဏာရှိသူတွေရဲ့ လက်ကိုင်
တုတ်အဖြစ် ပြောင်းလဲပြီး ပြည်သူကို ခြိမ်း
ခြောက်နေသရွေ့တော့ တရားတဲ့ ဥပဒေတွေအောက်နေချင်တဲ့မျှော်လင့်ချက်ဟာ အိပ်မက်
ထဲမှာပဲ ရှိနေဦးမှာပါ။
အစိုးရတရပ်ရဲ့ တာဝန်ဆိုတာ ပြည်သူကို လူလိုသူလို ဆက်ဆံ အလုပ်အကြွေးပြုရဖို့ ဖြစ်ပေမဲ့၊ အုပ်ချုပ်သူတွေက ပြည်သူကို ပိုင်ဆိုင်မှုတခုလို သဘောထားပြီး ဖိနှိပ်နေတဲ့အတွက် ပြည်သူကိုအလေးထားတဲ့ အစိုးရဆိုတာ မျှော်တိုင်းဝေးနေရဆဲ ဖြစ်ပါတယ်။
မြန်မာပြည်သူတိုင်းနီးပါးမှာ တူညီတဲ့ မျှော်
လင့်ချက်ရှိကြပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ အသက် ၈၁ နှစ်အရွယ် အမေအိုအရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဥ်းသားဘဝကနေ ပြန်လည်လွတ်
မြောက်ရေးပါ။
ဒေါ်အောင်ဆန်းစုကြည်ဆို ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်မရတာ အတော်ကြာနေပြီး သေသလားရှင်သလားတောင် မသေချာပါဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုဟာ တိုင်းပြည်ရဲ့ လွတ်လပ်မှုနဲ့ အမြဲတမ်း တိုက်ရိုက်ဆက်စပ်နေပါတယ်။
မြန်မာပြည်သူတွေ ချစ်မြတ်နိုးရတဲ့ လူထုခေါင်းဆောင်ကို အကျဥ်းသားဘဝကနေ လွတ်မြောက်ချင်ကြတဲ့ မျှော်လင့်ချက်ဆန္ဒတွေဟာ ကနေ့အထိ မပြည့်ဝသေးပါဘူး။
နေ့စဉ်ဘဝရဲ့ စီးပွားရေး ရုန်းကန်မှုတွေကို ကြည့်လိုက်ရင်လည်း မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှုနေရတာပါ။ ကုန်စျေးနှုန်းတွေက ကောင်းကင်ကို ထိုးတက်နေပြီး ပြည်သူတွေရဲ့ ဝင်ငွေကတော့ ဟိုးအောက် အဝီစိထိ ထိုးကျနေပါတယ်။
ကုန်စျေးနှုန်းနဲ့ဝင်ငွေအချိုး ညီမျှတဲ့ခေတ်
ကာလကို မျှော်လင့်နေကြပေမယ့်၊ ဘယ်ဆီ ဘယ်ချိန်မှ ရမယ်မှန်း မသေချာသေးပါဘူး။
စနစ်တကျ မရှိတဲ့ ပညာရေးနဲ့ ဆေးဝါးမလောက်ငှတဲ့ ကျန်းမာရေးစနစ်တွေကြားမှာ လူငယ်တွေရဲ့ အနာဂတ်ဟာ မှုံဝါးဝါးဖြစ်နေပြီး ပြည်သူတွေရဲ့ကျန်းမာရေးတွေဟာလည်း ငွေမရှိရင် ဆေးကုသခံခွင့် မလွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်။
အခြေခံအခွင့်အရေးတွေဖြစ်တဲ့ပညာကောင်း
မွန်စွာသင်ကြားခွင့်ရရေးနဲ့ လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးတွေကို ပြည်သူတွေက လိုချင်ကြ၊ ရချင်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအခွင့်အရေးတွေက အဝေးကြီးမှာပဲ ရှိပါသေးတယ်။
အခုချိန်မှာတော့ မြန်မာပြည်သူတွေဟာ သမိုင်းတလျှောက်အဆိုးယုတ်ဆုံး စစ်အာဏာရှင်တွေကြောင့် အခက်ခဲဆုံးကာလကိုရင်ဆိုင်နေရပါတယ် ။မျှော်လင့်ချက်တွေ အများကြီးနဲ့ ရှင်သန်နေရပြီး မျှော်လင့်ချက်တွေအတွက် အခက်အခဲတွေကြားထဲမှာ ရုန်းကန်နေရတဲ့ “ပြည်ထောင်စုသမ္မတ မျှော်လင့်ချက်များစွာနဲ့ ရုန်းကန်နေရတဲ့ နိုင်ငံတော်” ဖြစ်နေပါပြီ။
မျှော်လင့်ချက်ဆိုတာ အလုပ်မလုပ်ဘဲ ထိုင်စောင့်နေရုံနဲ့ ပြည့်ဝလာမှာ မဟုတ်ပါဘူး။
ဒီမျှော်လင့်ချက်တွေကို အိပ်မက်တွေအဖြစ် မထားပဲ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် စနစ်တခု ရဖို့ ပြန်လည် တည်ဆောက်ကြိုးစားကြရမှာပါ။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်၊ ဖိနှိပ်မှုကနေလွတ်လပ်မှု၊ ဆင်းရဲမွဲတေမှုကနေ ဖွံ့ဖြိုးတိုးတက်မှုဆီကို ပြောင်းလဲဖို့ဆိုတာ ပြည်သူအားလုံးရဲ့ ပေါင်းစည်းပြီး စစ်အာ
ဏာရှင်ကို တော်လှန်ကြရမှာ ဖြစ်ပါတယ်။
အလုပ်အကိုင် အဆင်ပြေဖို့၊ ကုန်စျေးနှုန်းတွေ ကျဆင်းဖို့၊ ကျန်းမာရေးနဲ့ ပညာရေးတွေကောင်းမွန်ဖို့ဆိုတာဟာ အခြေခံလိုအပ်ချက်တွေဖြစ်ပြီး၊ဒီလိုအပ်ချက်တွေကိုအမှန်တ
ကယ် ပြည့်ဖို့ဆိုရင် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ပြည်သူ့ဆန္ဒကို အခြေခံတဲ့၊ ပြည်သူ့အကျိုးကို ဦးတည်တဲ့ အစိုးရတရပ် စနစ်တခု ရှိကိုရှိရမှာပါ။
“ပြည်ထောင်စုသမ္မတ မျှော်လင့်ချက်များစွာနဲ့နိုင်ငံတော်”ကနေ ရုန်းထွက်ကြပါစို့။အာဏာ
ရှင်ကို ဖြုတ်ချဖို့ အဆုံးထိ တော်လှန်ကြပါစို့။

❤23👍10🔥2🤮1💩1
■အတွေးအမြင်
"နွားများသည် ဒီမိုကရေစီကို မစားသုံးပါ"
-ခါကာဘို ရေးသားသည်။
ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ပါးစပ်က အများဆုံးထွက်တဲ့ စကားလုံးက ဘယ်လို စကားလုံးဖြစ်ပါသလဲ။ စာကို ဒီမေးခွန်းနဲ့ စလိုက်ချင်ပါတယ်။
အဖြေကတော့ “မဲမသမာမှု”နဲ့ “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးတွေပဲဖြစ်ပြီး သမ္မတစလွယ်ကို မဖွယ်မရာလွယ်သိုင်းပြီးချိန်မှာတော့ “မဲမသမာမှု” ဆိုတဲ့ စကားထက် “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို ပိုပြီးတွင်တွင်ကျယ်ကျယ်သုံးလာတာ တွေ့ရပါတယ်။
ကြက်ပြေးသမ္မတရာထူးအတွက် ကြက်ပြေးလွှတ်တော်မှာ ကျမ်းကျိန်ပြီးနောက်ပြောခဲ့တဲ့မိန့်ခွန်းဆိုတာထဲမှာ “ဒီမို ကရေစီ” ဆိုတဲ့စကားလုံးကို (၁၅) ကြိမ်တိုင်တိုင်ထည့်သွင်းပြောဆိုသွားပါတယ်။ ကြက်ပြေးသမ္မတရာထူးကို ရယူ ပြီးပြီးချင်း သူရွေးခန့်တဲ့ ကြက်ပြေးအစိုးရအဖွဲ့နဲ့တွေ့ဆုံချိန် ပြောတဲ့မိန့်ခွန်းဆိုတာထဲမှာလည်း “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို(၈)ကြိမ်တိုင်ထည့်ပြောပါတယ်။
နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားထဲမှာလည်း “ဒီမိုကရေစီ”စကားလုံး ကျန်မနေခဲ့ပါဘူး။ (၅)ကြိမ်ထက်မနည်း ထည့် သုံးသွားသလို
သူတင်မြှောက်ရွေးချယ်ထားတဲ့ဝန်ကြီးဆိုသူတွေနဲ့တွေ့ဆုံတဲ့ အစည်းအဝေးတိုင်း “ဒီမိုကရေစီ” ဆို တာကို မဖြစ်မနေထည့်ပြောတာ တွေ့ရပါတယ်။ အစည်းအဝေးတစ်ခုမှာဆို (၁၇) ကြိမ်တိုင်ထည့်ပြောသွားတာ မျိုး တွေ့ရပြီး ကာလုံအစည်းအဝေးမှာလည်း “ဒီမိုကရေစီ”ကို လေးကြိမ်တိုင်ထည့်သုံးခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ တရုတ်ကလာတော့လည်း “ဒီမိုကရေစီ”ပါတယ်။ တရုတ်သွားတော့လည်း “ဒီမိုကရေစီ” ပါတယ်။ ရုရှားကလာတော့လည်း “ဒီမိုကရေစီ”ပါတယ်။ ရုရှားသွားတော့လည်း “ဒီမိုကရေစီ”ပါတယ်။ အိန္ဒိယ သွားတော့လည်း “ဒီမိုကရေစီ”ပါတာပါပဲ။ အိန္ဒိယသတင်းဌာနနဲ့ အင်တာဗျူးရာမှာလည်း “ဒီမိုကရေစီ” မကျန်ရစ် သလို တရုတ်သတင်းဌာနနဲ့တွေ့တော့လည်း “ဒီမိုကရေစီ”ဆိုတဲ့စကား သုံးလိုက်ပြန်တာပါပဲ။
နောက်ဆုံးလူရည် ချွန်မောင်မယ်ကလေးငယ်တွေနဲ့ တွေ့တဲ့အခါမှာလည်း “ဒီမိုကရေစီ” ဆိုတဲ့စကားပြောဖြစ်အောင် ပြောလိုက်ပါ သေးတယ်။
အတွင်းသတင်းတွေအရ သူ့အနားကဖြတ်လျှောက်သွားသူတွေကိုတောင် လက်တို့ပြီး “ဒီမိုကရေစီ” “ဒီမိုကရေစီ” ဆိုပြီး လိုက်ပြောပါသတဲ့။ စကားပြောတိုင်း “အာ့ကျကျ” “အာ့ကျကျ”လို့ ထည့်ထည့်ပြောတတ်တဲ့ သူ့တပည့်ကြီး ဇော်မဲလုံးကိုတောင် သတိရသွားစေပါတယ်။ ဒီမိုကရေစီဘိုးအေ၊ ဘွားအေနိုင်ငံကြီးတွေက အကြီးအကဲတွေတောင် သူ့လောက် “ဒီမိုကရေစီ” မယ်မထင်ပါဘူး။
နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးပါရစေ။ ဒီလောက် “ဒီမိုကရေစီ”ဆိုတာကို ထည်လဲသုံး၊ အားတိုင်းသုံး၊ကြုံတိုင်းသုံးနေတဲ့ အာဏာ
သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဲဒီ “ဒီမိုကရေစီ”ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို အမှန်တကယ်သိရှိမယ်လို့ထင်ပါသလား။ အဖြေကို စကားတစ်လုံးတည်းနဲ့ဖြေရမယ်ဆိုရင် “နိုး”ပါ။
Ethic လား၊ Ethnic လား။ ဒီစကားနှစ်ရပ်ကြား ဗျာများသွားခဲ့ရတဲ့ မင်းအောင်လှိုင်ဟာ “ဒီမိုကရေစီ” ဆိုတဲ့ အဓိပ္ပာယ်ကိုသိဖို့က ဟိုး...အဝေးကြီးမှာလို့သာ ပြောချင်ပါတယ်။ ဒါဟာ အမှန်တရားပါ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးအပြင် ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ဒီမိုကရေစီရဲ့စံနှုန်းတွေကို သိဖို့ဆိုရင်တော့ ဝေလာဝေးဆိုတဲ့စကားကို သုံးရပါလိမ့်မယ်။ ဒီမိုကရေစီရဲ့အဓိပ္ပာယ်နဲ့ အနှစ်သာရကို အမှန်တကယ်မသိလို့သာ အခုလို တွင်တွင်သုံးနေတာလို့ ကောက်ချက်ချလို့ရပါတယ်။
ဒီချုပ်အစိုးရလက်ထက် ကိုဗစ်ကာလ ကိုယ့်အသက်ကိုယ်ဂရုမစိုက်နိုင်ပဲ ဒီမိုကရေစီအ
တွက်လူထုဟာသူတို့ရဲ့ဆန္ဒမဲတစ်ပြားကို တန်
ဖိုးထားလို့ မဲရုံတွေမှာ တန်းစီရင်းကြိတ်ကြိတ်
တိုးမဲပေးခဲ့ကြပါတယ်။ ဒါဟာ လူထုက ဒီမိုက ရေစီကို ဖော်ဆောင်တာဖြစ်ပြီး အဲဒီရဲ့ဆန့်ကျင်ဘက်ကတော့ အာဏာသိမ်းတာပါပဲ။
ပြည်သူလူထုက တကူးတက ပေးခဲ့တဲ့မဲရ
လဒ်တွေကို ဖျက်ဆီးလိုက်တဲ့ အာဏာသိမ်းခြင်းက ဒီမိုကရေစီကို ခြေထိုးခံတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလို လူတွေက “ဒီမိုကရေစီ”ဆိုတဲ့စကား ပါးစပ်ကမချတာဟာ “ဒီမိုကရေစီ”ဆိုတာကိုအမှန်မသိလို့သာဖြစ်ပါလိမ့်မယ်။
ခပ်ရိုင်းရိုင်းနှိုင်းရရင်ခွေးပါးစပ်က နတ်စ
ကားထွက်ဆိုသလိုပဲ “ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ခဲ့တဲ့အစိုးရ”လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပါးစပ်က ပြောထွက်ရအောင် မဲပေးခွင့်ရှိသူပြည်သူတွေထဲက ဘယ် နှဦးကများမဲထွက်ပေးခဲ့သလဲဆိုတာကို စာရင်းဇယားနဲ့ ပွင့်လင်းမြင်သာ ချပြရဲသလားဆိုတဲ့ မေးခွန်းထပ်မေးချင်ပါ တယ်။ လက်တစ်ဆုပ်စာလူတစ်စုရဲ့မဲနဲ့တော့ ဒီမိုကရေစီအစိုးရလို့ အသံကောင်းဟစ်၊ အမည်ခံခြင်းဟာ အကျည်း တန်လွန်းလှပါတယ်။

❤18👍7🤣2💩1
အခုတစ်ခါတော့ ပါးစပ်က “ဒီမိုကရေစီ...ဒီမိုကရေစီ...ဒီမိုကရေစီ”ဆိုပြီး ကရားရေလွှတ်တတွတ်တွတ်ပြောနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေဘက်လှည့်ပြီး မေးခွန်းတ
ချို့မေးကြည့်ချင်ပါတယ်။ ပန်းရောင်းလို့၊ ပန်းပန်လို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ 81 နံပါတ်အင်္ကျီဝတ်ပြီး လမ်း
လျှောက်မိလို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ လေးစားချစ်ခင်ရတဲ့သူတစ်ယောက်ရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲကျင်းပတဲ့အပေါ် ဖမ်းဆီးတာ ကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ ဘုရားမှာပန်းကပ်ပူဇော်ခြင်းကို တားမြစ်တာ၊ ဘုရားစင်မှာ နှင်းဆီ ပန်းကပ်လှူလို့ ဖမ်းဆီးတာကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ အသက်အန္တရာယ်ကြောင့် စစ်ဘေးကနေ တိမ်းရှောင်ဖို့ ကြိုးစားတဲ့ ပြည်သူကို ရှောင်တိမ်းခွင့် မပြုတာကရော ဒီမိုကရေစီလား။ အခုပြောခဲ့တာတွေဟာ လတ်တလော ပူပူနွေးနွေးဖြစ်စဉ်တွေထဲက တချို့ကိုထုတ်ပြီးမေးထားတာပါ။
နေရာစုံမှာ မီးလိုက်ရှို့နေတာ ဒီမိုကရေစီလား။ နေရာအနှံ့ဗုံးလိုက်ကျဲနေတာဒီမိုကရေစီလား။ မတရားအကျဉ်းချခံ ထားရသူရဲ့နေရာကို လျှို့ဝှက်ထားတာ ဒီမိုကရေစီလား။ ဘာလက်နက်ခဲယမ်းမှကိုင်ဆောင်ထားခြင်းမရှိတဲ့ အမျိုး သမီးတစ်ယောက်ကို ကြောက်ရွံ့ပြီး မတရားသဖြင့် ဖိနှိပ်ချုပ်နှောင်ထားတာကရော ဒီမိုကရေစီလား။ “ဒီမိုကရေစီ”ကို ပါးစပ်ကမချသူတွေအတွက် မေးခွန်းပေါင်းများစွာမေးဖို့ ကျန်နေပါသေးတယ်။
ဒီစာအစမှာ ပြောခဲ့သလိုပဲနွားကို ပလာတာကျွေးတဲ့အလုပ် ကျွန်တော် ဘယ်တော့မှမလုပ်ပါ။ ဒီလိုပဲ နဖားကြိုးထိုးဖို့လည်း စိတ်ကူးမရှိပါ။ နကန်တစ်ချောင်းနဲ့သာ ခပ်ဆတ်ဆတ်လေးရိုက်ပေးချင်မိရုံပါ။
စာကိုအနှစ်ချုပ်ရရင် နွားများသည်ပလာတာ
ကို မစားသုံးပါ။ ထို့အတူ အာဏာရူး စစ်ဗိုလ်ချုပ်များသည်လည်း ဒီမိုကရေစီကို မစားသုံးပါ။ရွှေစလွယ်လွယ်ကောင်းရုံအသံကောင်း
ဟစ်ပြနေခြင်းသာဖြစ်သည်ဟု တထစ်ချ မှတ်ယူကြပါကုန်။ ။

❤21👍10🤣2🤮1💩1
မန္တလေးမြို့မှာ နယ်ကျော်လာတဲ့ ပုသိမ်ကြီးပျူစောထီး ၃ ဦးကို အောင်မြေသာစံပျူတွေက ပြန်ဖမ်း
ဇွန် ၂၃၊ ၂၀၂၆။မေရီ/People's Spring
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။
မနေ့က ဇွန်လ ၂၂ရက် ည ၈ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ စစ်အသုံးဆောင်ပစ္စည်းတွေဝတ်ဆင်ပြီး ဓားရှည်တွေကိုင်ဆောင်ထားတဲ့ လူငယ် ၃ ဦးကို ယင်းမြို့နယ်က စစ်တပ်နဲ့ ပျူစောထီးတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလူငယ် ၃ ဦးဟာ ပုသိမ်ကြီးမြို့မှာ နေထိုင်ကြသူတွေဖြစ်ပြီး စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ ခိုးဆိုးလုယက်ဖို့ လုပ်နေလို့ အောင်မြေသာစံပျူစောထီးတွေက ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြပါတယ်။
"အတုမဟုတ်ပါဘူး။ အချင်းချင်းပြန်ဖမ်းတာနေမှာပါ။"လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဇွန်လ ၁၀ရက်ညကလည်း ပုသိမ်ကြီးမြို့အဝင်မှာ ဆိုင်ကယ်စီးလာတဲ့စုံတွဲတစ်တွဲကို ဓါးထောက်လုယက်ခဲ့သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးရာမှာ ပုသိမ်ကြီး မြို့မ(၂)ပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၂ ဦးက ဖြစ်နေခဲ့ပါသေးတယ်။
မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေဟာ စစ်တပ်နဲ့အတူ ပြည်သူတွေကို ဖိနှိပ်မှုတွေပြုလုပ်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးပြီး လူရောင်းစားတာ၊ ခိုးဆိုးလုယက်ဓါးပြတိုက်တာတွေပါ ပြုလုပ်နေကြောင်း မြို့ခံတွေဆီက သိရပါတယ်။
(စစ်တပ်က ပြန်ဖမ်းထားတဲ့ ပျူစောထီး ၃ ဦးနဲ့ ၎င်းတို့ရဲ့ စစ်အသုံးအဆောင်များ။ ဓာတ်ပုံ-စကစ) Se

🤣16❤5🤮4👎1🔥1👏1
ကမ္ဘာ့ဖလားဘောလုံးကွင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဉ်းတွေ လွတ်မြောက်ဖို့ လှုပ်ရှားမှုပြုလုပ်
ဇွန်-၂၃၊၂၀၂၆။တေဇ/People's Spring
ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုပြုလုပ်ချိန်မှာ ပါဝင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အင်္ကျီတွေ ဆင်တူဝတ်ဆင်ထားပြီး "Free Aung San Suu Kyi and All Political Prisoners" စာတန်းကို ကိုင်ဆောင်ကာ လက်သုံးချောင်းထောင် တောင်းဆိုခဲ့ကြတာပါ။
ဘောလုံးပွဲမစတင်ခင် ပွဲကြည့်စင်မှာ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဘောလုံးကွင်းအတွင်း နေရာအချို့နဲ့ ကွင်းရှေ့မှာလည်း ဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။
နော်ဝေနဲ့ ဆီနီဂေါ အသင်းဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က နယူးဂျာစီကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

❤47👍16👎1😁1🤮1💩1
အင်းလေးမှာ ဖမ်းဆီးခံရတဲ့ ရဲဘော်နဲ့ဆက်စပ်သူတွေကို စစ်တပ်က ထောင်ချောက်ဆင် ဖမ်းဆီး၊ CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ဖမ်းဆီးခံရ
ဇွန်-၂၃၊၂၀၂၆။ဇော်၀င်း/People's Spring
ဖမ်းဆီးခံရတဲ့ ရဲဘော် ၂ဦး ကတဆင့် ရဲဘော်တွေနဲ့ တော်လှန်ရေးနဲ့ဆက်စပ်သူတွေကို ထောင်ချောက်ဆင်မျှားခေါ်မှုကြောင့် CDM ကျန်းမာရေး၀န်ထမ်း ၁ဦး ထပ်မံဖမ်းဆီးခံရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အမှတ် (၁၀၀၉)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလက အင်းလေးမြို့နယ်၊ ရွာမကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နဲ့ ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို အခွင့်အရေးပေးပြီး သူတို့ဖုန်းတွေကတဆင့် နယ်မြေအတွင်း ဖြန့်ကြက်လှုပ်ရှားနေတဲ့ တခြားရဲဘော်တွေ၊တော်လှန်ရေးနဲ့ ဆက်စပ်သူတွေကို ထောင်ချောက်ဆင် မျှားခေါ်ဖမ်းဆီးဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
"ဆက်သွယ်ခံရတာတွေတော့ ရှိတယ်။ဖမ်းမိတာက ၁ယောက်ပဲ။ကျန်တဲ့သူတွေ သတိထားရအောင်နဲ့ အဲဒီကလေး ၂ယောက်ကို သုံးပြီး ဆက်လုပ်ဖို့ရှိနေသေးတယ်။အမျိုးမျိုး အသုံးချပါလိမ့်မယ်"လို့ ၁၀၀၉ တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ CDM ကျန်းမာရေးဝန်ထမ်းဟောင်း ၁ဦးကို ဇွန်လ ၁၉ ရက် ည ၇ နာရီ၀န်းကျင်မှာ စက်မှုဇုန်ကနေ အင်းလေးအပြန်လမ်းမှာ ဖမ်းဆီးခံရတာလို့ အသိပေးပါတယ်။
ထပ်မံဖမ်းဆီးခံလိုက်ရတဲ့ CDM ကျန်းမာရေးဝန်ထမ်းဟောင်းကို လက်ရှိမှာ တောင်ကြီးမြို့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှာ ထိန်းသိမ်းထားပြီး ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်သူတွေ၊ တော်လှန်ရေးရဲဘော်တွေအနေနဲ့ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ဆက်နွှယ်ဖူးသူ အားလုံးက ဖုန်းနဲ့ဆက်သွယ်လာမှု၊ ချိန်းဆိုမှုတွေ ရှိလာပါက စစ်တပ်ထောင်ချောက်ဖြစ်တယ်ဆိုတာ သတိ ပြုဖို့နဲ့ ရန်သူ့လက်လှမ်းမမှီရာ ဘေးလွတ်ရာကိုအရေးပေါ် ချက်ချင်း ရှောင်တိမ်းကြဖို့ ၁၀၀၉ တပ်ရင်းက တိုက်တွန်းပါတယ်။
ရဲဘော်အငယ်ကောင် (ခ) ကျော်ဖြိုးလင်း နဲ့ ရဲဘော် AD (ခ) ကောင်းစည်သူ တို့ကို ညောင်ရွှေရဲစခန်းကနေ ဇွန်လ ၂၂ ရက်မှာ ဖယ်ခုံမြို့ သားတောင်ကြီးမှာနေထိုင်သူ စစ်တပ်ထောက်တိုင် အိုက်ဦးလန်က အင်းလေးရွာမကို ပြန်လည်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ ရန်သူရဲ့ သတင်းပေးဒလန်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဒုက္ခပေးနေသူတွေရဲ့လုပ်ရပ်တွေကိုလည်း ပြင်းထန်စွာ တုံ့ပြန်အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

😡34❤8👍4🤬3👎2🔥1👏1
ဧရာဝတီစစ်မျက်နှာမှာ စစ်တပ်စစ်ကြောင်းစစ်ကျွံပြီးအထိနာ
■ရေကြည်မြို့နယ်ထဲက ရှေ့တန်းစခန်းတစ်ခုကို AAနဲ့ ပူးပေါင်းတပ်တွေထပ်သိမ်း
ဇွန်-၂၃၊၂၀၂၆။ဇော်ရမ်း/People's Spring
ရေကြည်မြို့နယ်ထဲကတိုက်ပွဲအတွင်း အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေရဲ့ ဗျူဟာထဲမှာ စစ်ကျွံနေတဲ့ စစ်တပ်စစ်ကြောင်းက အရပ်သားတွေကို ဖမ်းဆီးထားသလို စစ်ကြောင်းတခုလုံးရဲ့ ရိက္ခာအတွက်လည်း ရွာတွေဆီကနေ အတင်းအဓမ္မတောင်းယူနေတယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ရွာတွေဖြစ်တဲ့ ရေ
ကြည်မြို့နယ်ထဲက သောင်တန်း နဲ့ ညောင်မှော်ရွာ ပတ်ဝန်းကျင်မှာဇွန်လဆန်းက
တည်းက တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိမှာ ကမ်းနီရွာနဲ့ ကြို့ကုန်းရွာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
"ဒဏ်ရာရတဲ့သူတွေအများကြီးပါလာတဲ့ စစ်ကြောင်းက ကမ်းနီရွာထဲကိုဝင်လာတယ်။ ဒေသခံတွေထွက်ပြေးပေမယ့် ပြေးဖို့အချိန်မရတဲ့သူတွေကို စစ်တပ်ကခေါ်ထားတယ်။လူ ၂၀၀ စာအတွက် ရိက္ခာလုပ်ခိုင်းတယ်။ အဲ့ဒါ အခုကိုဖြစ်နေတာ"လို့ ဒေသခံတစ်ဦးက ဇွန်
လ၂၃ရက်မနက်ပိုင်းမှာပြောပါတယ်။
စစ်တပ်က သောင်တန်းရွာမှာ လက်နက်ကြီးတွေတပ်ဆင်ထားပြီး ရိုးမအခြေကကျေးရွာတွေဘက်ကို နေ့ရောညပါပစ်ခတ်နေတယ်လို့ သိရပါတယ်။ လက်ရှိစစ်တပ်စစ်ကြောင်းရောက်ရှိနေတဲ့ ကမ်းနီရွာက ဒေသခံအများစုဟာ ရေကြည်မြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်တွေကိုအကူအညီ ပေးနေသူတဦးကပြောပါတယ်။
"တိုက်ပွဲအခြေအနေက စစ်တပ်ဖက်ကနေ လက်နက်ကြီးရော၊လေယာဉ်ပါပစ်တာ။ ဘယ်လောက်ပစ်ပစ် AA နဲ့ မဟာမိတ်တွေက စီးမိနေတာ။ စစ်တပ်ဘက်က ပြေးသူတွေရှိလို့ မြို့အဝင်တွေ ပိတ်စစ်နေတာလည်း တွေ့တယ်။ ဘူတာမှာရောပဲ"လို့ ရေကြည်မြို့ခံတစ်ဦးကပြောပါတယ်။
ရေကြည်မြို့ဟာ ပုသိမ်-ဟင်္သာတ ကားလမ်းပေါ်မှာရှိသလို ပုသိမ်-ဟင်္သာတ-ကြံ့ခင်းရထားလမ်းပိုင်းလည်းဖြတ်သွားပါတယ်။
ပြီးခဲ့တဲ့ဇွန်လ၉ရက်ကတိုက်ပွဲမှာစစ်တပ် တပ်
စွဲထားတဲ့ ကြောင်ရှာတောက ဆင်စခန်းကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူနိုင်ခဲ့ပြီး ယခုရက်ပိုင်းမှာလည်း နောက်ထပ်စခန်းတစ်ခုကိုသိမ်းနိုင်ခဲ့တယ် စစ်ရေးသတင်းရင်းမြစ်နဲ့နီးစပ်သူကပြောပါတယ်။
၁၈၈ ကုန်းလို့ ခေါ်တဲ့ စစ်တပ်စခန်းကုန်းကို ဇွန်လ၂၀ ရက်နေ့မှာညနေပိုင်းမှာ သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကသေဆုံးမှုတွေရှိခဲ့သလို သုံ့ပန်းတွေလည်းဖမ်းမိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ဧရာဝတီတိုင်းက ရွှေသောင်ယံ၊ သာပေါင်း၊ရေကြည်၊ လေးမျက်
နှာမြို့တွေနဲ့ ဆက်စပ်နေပါတယ်။ ၂၀၂၅ ခုနှစ်အတွင်းက ရေကြည်မြို့နယ်ထဲမှာဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း အရပ်သားတွေနဲ့ နိုင်ငံ ရေးလှုပ်ရှားသူအချို့ကို စစ်ကောင်စီတပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ လက်ရှိစစ်ရေးအခြေအနေအရ ဒေသ
ခံတွေသတိပြုနေထိုင်ကြဖို့ PDF ရဲဘော်အချို့က အကြံပြုပါတယ်။
လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်
တပ်(၃၄၄)နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်ကောင်စီရဲ့ဗုံးကြဲလေယာဉ်တွေဟာရေကြည်၊လေးမျက်နှာမြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ ကျုံပျော်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ ကွင်းကောက်၊ အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေကို နေ့စစ် ဖြတ်ပျံနေပါတယ်။ ယမန်နေ့ ဇွန်လ ၂၂ရက်ညက စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ နှစ်စင်းဟာ စက္ကန့် ၃၀ခန့်သာခြားပြီး ရေကြည်မြို့နယ်ဘက်ကို ပျံသွားတယ်လို့
ဇလွန်မြို့ခံအချို့ကပြောပါတယ်။
စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နှာတွေဆီကို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေနဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မ (၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့လည်း စစ်မြေပြင်မှာ ရှိနေတယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

❤43👍10😁3🤣2👏1💩1🖕1
■Breaking News
စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဥ်တစ်စီးကို
မြိုင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေပစ်ချ
ဇွန်-၂၃၊၂၀၂၆။နေ့သစ်/People's Spring
အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တနေရာမှာမှာ တော်လှန်ရေး
မဟာမိတ်တပ်ဖွဲ့တွေက ပစ်ချလိုက်ကြောင်း
မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်
(Magway - PDF)ကထုတ်ပြန်ပါတယ် ။
တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့တာလို့ဖော်ပြထားပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ဖော်ပြထားပါတယ် ။
ပြည်သူတွေ နဲ့ ရဲဘော်တွေ အနေနဲ့ စစ်တပ် လေကြောင်းအန္တရာယ်ဂရုစိုက်ကြဖို့လည်းမကွေး PDF ကတိုက်တွန်းထားပါတယ်။
မကွေးဖက်ဒရယ်ယူနစ်ဝန်ကြီးချုပ်ဒေါက်
တာရဲထွန်းဇော်က "Congratulations ပါ၈/ သူရဲကောင်းအပေါင်းတို့" လို့ လူမှုကွန်ရက်မှာရေးသား ဂုဏ်ပြုထားပါတယ်။
မဟာမိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်နေတဲ့တိုက်ပွဲမှာ ပစ်ချနိုင်ခဲ့တာလို့PDF တဦးကပြောပါတယ်။
ဒေသတွင်းကပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက"မှန်တယ်။ အဲဒီကိစ္စသိတယ်။ Mi 17 ပစ်ချနိုင်ခဲ့တာဟုတ်တယ်။ အသေးစိတ်လုပ်စရာရှိတာဆက်လုပ်နေကြတယ်" လို့ ဆိုပါတယ်။
မြိုင်မြို့နယ်အတွင်းမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နောက်ဆက်တွဲရရှိတဲ့သတင်းကို People's Spring အနေနဲ့ ဆက်လက်ဖော်ပြပေးသွားပါမယ်။

❤48👍18👏4🤣2👎1😘1