ကမ္ဘာ့ဖလားသမိုင်းတလျှောက်
ဂိုးသွင်းဘုရင်သစ်မက်ဆီဖြစ်လာ
ဇွန်-၂၃၊၂၀၂၆။People's Spring
အာဂျင်တီးနား နဲ့ သြစတြီးယားတို့ယှဥ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ပွဲစဥ်မှာမက်ဆီက အနိုင်ဂိုး ၂ ဂိုး စလုံးကိုသွင်းယူလိုက်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်းတလျှောက်သွင်းဂိုး
စုစုပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်ဖြစ်လာပါတယ် ။
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု J ရဲ့ ဒုတိယအကျော့ပွဲစဥ်အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားချန်
ပီယံ နဲ့ သြစတြီးယားတို့ ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး ပွဲအစ ၉ မိနစ်မှာအာဂျင်တီးနားကပင်နယ်တီရပေမယ့် မက်ဆီကလွဲချော်ခဲ့ပါတယ်။
ဒါပေမယ့် ၃၈ မိနစ်မှာ အာဂျင်တီးနားဘယ်အစွန် နောက်ခံလူ မီဒီနာဖြတ်တင်ပေးတဲ့ဘောလုံးကို မက်ဆီကသူပုံစံအတိုင်း ဂိုးသ
မားညာဘက်ထောင့်ကျဥ်းထဲ ကန်သွင်းပြီး
ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ် ။ဒီသွင်းဂိုး
ကြောင့် မကြာခင်ရက်ပိုင်းကမှ ၃၉ နှစ်
ပြည့်ထားတဲ့ မက်ဆီဟာကမ္ဘာ့ဖလားဂိုးသွင်းစံချိန်ရှင် ဂျာမနီတိုက်စစ်မှူးကြီး ကလိုဆေးရဲ့ ၁၆ ဂိုး စံချိန်ကို ၁ ဂိုးအသာနဲ့စတင်ကျော်ဖြတ်ပြီး ဂိုးသွင်းဘုရင်သစ်ဖြစ်လာပါတယ် ။
ဒါအပြင် အချိန်ပို ၅ မိနစ် မှာ တန်ပြန်တိုက်
စစ်ကတဆင့်မက်ဆီကဆွဲပြေးပြီးအဲဗာရက်စ်ကိုခင်းပေးလိုက်ပေမယ့် အဲဗာရက်စ်ကန်ချက်ပြိုင်ဘက်ဂိုးသမားနဲ့ထိပြီး ပြန်ထွက်လာတဲ့ဘောလုံးကို ပါရီဒက်စ်က မက်ဆီကိုခင်းပေးပါတယ်။ မက်ဆီ ပထမအကြိမ်ကန်သွင်းတာမှာသြစတြီယားနောက်ခံလူတွေထိပြီးပြန်ထွက်လာတဲ့ဘောလုံးကို နောက်တစ်ကြိမ်ဖြတ်ကန်ရင် ဒုတိယမြောက်အနိုင်ဂိုးကိုသွင်းယူသွားတာပါ။
ဒီသွင်းဂိုး ၂ ဂိုးကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲသက်တမ်းတလျှာက် သွင်းဂိုးစုစုပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းဘုရင်သစ်ဖြစ်လာပါတယ်။ သူ့ရဲ့နောက်မှာတော့ ၁၆ ဂိုး နဲ့ ကလိုဆေးကဒုတိယ ၊ ၁၅ ဂိုးနဲ့ ဘရာဇီးဂန္တဝင်တိုက်စစ်မှူးကြီး ရော်နယ်ဒိုလ်ကတတိယဖြစ်ပါတယ် ။ဒါ့အပြင် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း၂ ပွဲကစားအပြီးမှာ သွင်းဂိုး ၅ နဲ့ ဂိုးသွင်းအများဆုံးအဖြစ်ရပ်တည်နေပါတယ် ။
လက်ရှိချန်ပီယံတို့က နှစ်ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် သြစတြီးယားရဲ့ ဖိအားပေးကစားတာ ၊အမြင့်ဘောကစားတာတွေကြောင့် ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ် ။
"အမှန်အတိုင်းပြောရရင် ဒီနိုင်ပွဲအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အထူးသဖြင့် ဒါဟာ အလွန်အရေးကြီးတဲ့ နိုင်ပွဲဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ ထိုက်တန်တဲ့ နိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲက ရှေ့ဆက်ရမယ့် ခရီးအတွက် ကျွန်တော်တို့ကို စိတ်အေးချမ်းမှုတစ်ခု ပေးနိုင်ခဲ့ပါတယ်။ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ ပွဲက အင်အားချင်း အလွန်နီးစပ်ပြီး ပြင်းထန်မှုလည်း မြင့်မားခဲ့ပါတယ်။ ကျွန်တော်တို့ ၆ မှတ်ပြည့် ရထားပြီး နောက်တစ်ဆင့်တက်ဖို့အာမခံနိုင်ခဲ့တဲ့အတွက်အရမ်းဝမ်းသာပါတယ်။" လို့ ပွဲစဥ်အလိုက်အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ မက်ဆီကပြောပါတယ်။သူက ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲလုံးအကောင်းဆုံးကစားသမားဆုရထားတာပါ။
၂ပွဲကစား၂ ပွဲနိုင်တာကြောင့်လက်ရှိချန်ပီယံ
ဟာ ၃၂ သင်းရှုံးထွက်အဆင့်တက်ရောက်သွားပြီဖြစ်ပါတယ်။ သြစတြီးယားကတော့ ၁ ပွဲ နိုင် ၁ ပွဲရှုံးထားတာကြောင့်အုပ်စုနောက်ဆုံးပွဲမှာအယ်လ်ဂျီးရီးယားနဲ့ ပွဲစဥ်ဟာ အဆုံးအ
ဖြတ်ဖြစ်လာပြီး အနိမ့်ဆုံး သရေကန်မှ ရှုံးထွက်အဆင့်တက်ဖို့ မျှော်လင့်နိုင်မှာပါ ။
ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၂ ရက်ရှိလာချိန်မှာ ၂ ပွဲကစားပြီး ၂ ပွဲနိုင် ၆ မှတ်နဲ့ ရှုံးထွက် ၃၂ သင်းအဆင့်ကို အိမ်ရှင်အမေရီကန် နဲ့ မက္ကဆီကို၊ဂျာမနီ ၊အာဂျင်တီးနား တို့ ၄ သင်းတက်ရောက်သွားပြီဖြစ်ပါတယ် ။ အုပ်စု ၁၂ စုရှိတာမှာ တတိယအကောင်းဆုံး ၈ သင်းလည်းရှုံးထွက်အဆင့်တက်မှာမို့ ၄ မှတ်ရထားတဲ့အသင်းတွေဟာ အနိမ့်ဆုံး တတိယအကောင်းဆုံး အနေနဲ့နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းနေပြီဖြစ်ပါတယ်။

❤37👍13🤣2👏1
ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့ ခံစားချက်က ထူးကဲလွန်းတယ်လို့ မက်ဆီဖွင့်ဟ
■မက်ဆီ ၅ ဂိုး ၊မက်ဘီ ၄ ဂိုး၊ဟာလန် ၄ ဂိုး
စီနဲ့ ရွှေဖိနပ်ဆုအတွက်အပြိုင်ဖြစ်နေ
ဇွန်-၂၃၊၂၀၂၆။People's Spring
ကမ္ဘာ့ဖလားရဲ့ သွင်းဂိုးအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့ ခံစားချက်က ထူးကဲလွန်းတယ်လို့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြောကြားခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားဟာ ဩစတြီးယားကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့နောက် ရှုံးထွက်အဆင့် တက်ရောက်ဖို့ ကျိန်းသေသွားပြီ ဖြစ်ပါတယ်။ အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ၂ ခုမှာ ၅ ဂိုးသွင်းပြီး ပေးဂိုး မရှိသေးပါဘူး။ အဲဒီ ၅ ဂိုးစလုံးကို အသက် ၃၈ နှစ်အရွယ် မက်ဆီ တစ်ဦးတည်းက သွင်းယူခဲ့တာပါ။
သူဟာ အယ်လ်ဂျီးရီးယားနဲ့ အုပ်စုအဖွင့် ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုးသွင်းပြီး ဂျာမနီ တိုက်စစ်မှူးဟောင်း မီယိုဆလက်ဗ် ကလိုဆေးရဲ့ ကမ္ဘာ့ဖလား ဂိုးသွင်းစံချိန်ဖြစ်တဲ့ စုစုပေါင်း ၁၆ ဂိုးကို အမီလိုက်နိုင်ခဲ့ပါတယ်။ ဩစတြီးယားနဲ့ ပွဲမှာ မက်ဆီက ၂ ဂိုး ထပ်သွင်းတဲ့ အခါမှာတော့ စုစုပေါင်း ကမ္ဘာ့ဖလား သွင်းဂိုး ၁၈ ဂိုးထိ ရှိလာပြီး စံချိန်မှတ်တမ်းသစ် စိုက်ထူနိုင်ခဲ့တာပါ။ သူဟာ အခုပွဲစဉ် အစောပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အသုံးမချနိုင်ခဲ့လို့သာ နှစ်ပွဲဆက် သုံးဂိုးသွင်းပြီး hat-trick ရယူနိုင်မယ့် အခွင့်အရေးကို လွဲချော်သွားခဲ့တာပါ။
မက်ဆီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၅ ခုမှာ စုစုပေါင်း ၂၈ ပွဲကစားပြီး အခုလိုမျိုး သွင်းဂိုး ၁၈ ဂိုးထိ ရရှိလာတာ ဖြစ်ပါတယ်။ အခုလို ဂုဏ်ယူစရာ တစ်ဦးချင်း စံချိန်သစ်တစ်ခု ရရှိလာခြင်းက ထူးကဲလွန်းတယ်လို့ သူက ဝန်ခံခဲ့ပါတယ်။ အရေးကြီးတာက သူအကြိမ်ကြိမ် ပြောဖူးသလိုပဲ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေကြောင်း၊ ပင်နယ်တီ လွဲခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ အဲဒီ အခြေအနေကို ပြန်တည့်မတ်ပြီး အနိုင် ၃ မှတ် အပြည့်ရခဲ့ကြောင်း သူက ပြောကြားသွားပါတယ်။
သူ့ရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး ၁၈ ဂိုးထဲမှာ အကြိုက်ဆုံးက ဘယ်ဂိုးဖြစ်မလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ လောလောဆယ်တော့ သူအကုန်လုံးကို မမှတ်မိကြောင်း၊ အရမ်းလည်း ပင်ပန်းနေတော့ ပြန်တွေးဖို့ ခက်ခဲနေကြောင်း မက်ဆီက တုံ့ပြန်ပါတယ်။
မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင်တွေ စာရင်းမှာလည်း ထိပ်ဆုံးကနေ ၅ ဂိုးနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ထိပ်တန်း တိုက်စစ်မှူးတွေဖြစ်တဲ့ ပြင်သစ်သား ကိုင်လီယန် အမ်ဘက်ပေနဲ့ နော်ဝေးသား အာလင်ဟာလန်းတို့ကလည်း ၄ ဂိုးစီ သွင်းပြီး မက်ဆီရဲ့ ရပ်တည်မှုကို ခြိမ်းခြောက်နေပါတယ်။ အမ်ဘက်ပေဟာ အီရတ်ကို သုံးဂိုး-ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ ပြင်သစ်အတွက် နှစ်ဂိုး သွင်းခဲ့တဲ့နောက် အခုဆိုရင် ကမ္ဘာ့ဖလား သွင်းဂိုး စုစုပေါင်း ၁၆ ဂိုးထိ ရရှိထားပါပြီ။ ဒါဟာ ကလိုဆေးရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီပြီး မက်ဆီရဲ့ ပူပူနွေးနွေး စံချိန်သစ်ကိုပါ ၂ ဂိုးအကွာကနေဖိအားပေး စိန်ခေါ်နိုင်တဲ့ အရေအတွက် ဖြစ်ပါတယ်။ အမ်ဘက်ပေဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃ ကြိမ်၊ စုစုပေါင်း ပွဲစဉ် ၁၆ ပွဲ ကစားပြီး သွင်းဂိုး ၁၆ ဂိုးထိ ရရှိထားတာပါ။
ဒါအပြင် ဟာလန် နဲ့ မက်ဘီ တို့က ၂ ဂိုးစီထပ်သွင်းခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၂ပွဲစီကစားရသေးချိန်မှာပဲ ဂိုးသွင်းအများဆုံးရွှေဖိနပ် ဆုအတွက် မက်ဆီ ၅ ဂိုး ၊ မက်ဘီ ၄ ဂိုး၊ဟာလန် ၄ ဂိုးစီနဲ့ ထိပ်ဆုံးမှာအပြိုင်ဖြစ်နေပါတယ် ။
ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုတည်းမှာ သွင်းဂိုးအများဆုံး စံချိန်ရှင်ကတော့ ပြင်သစ်သား ဂျက်စ်ဖောင်တိန်ဖြစ်ပြီး ၁၉၅၈ ခုနှစ်၊ ဆွီဒင် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပွဲစဉ် ၆ ခုသာ ကစားပြီး ၁၃ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။
ကိုးကား: Guardian
ဓာတ်ပုံ - Getty Images
#မက်ဆီ #Messi #ကမ္ဘာ့ဖလား #စံချိန်သစ် #ဂိုးအများဆုံး #အာဂျင်တီးနား #အမ်ဘက်ပေ #Mbappe #ကလိုဆေး #ဘောလုံးသတင်း #နောက်ဆုံးရသတင်း

❤22👍6🤣2💩1
■အတွေးအမြင်
ပြည်ထောင်စုသမ္မတ မျှော်လင့်ချက်များစွာနဲ့နိုင်ငံတော်က ရုန်းထွက်ကြစို့
-Anynon ရေးသားသည်။
မြန်မာပြည်သူတိုင်းရဲ့ ရင်ထဲမှာ မျှော်လင့်
ချက်တွေအများကြီးရှိနေပါတယ်။ဒါပေမဲ့
မျှော်လင့်ချက်တွေကသာ များနေတာ ဘာမှရေရေရာရာ ဖြစ်ဖြစ်မြောက်မြောက် ဖြစ်မလာကြပါဘူး။
ဟိုဟာလေးဖြစ်မလားဆိုပြီးမျှော်လိုက်ရ၊ဒီဟာလေး ဖြစ်မလားဆိုပြီး စောင့်လိုက်ရနဲ့၊ အဆုံးသတ်မှာတော့ ဘာတခုမှ လက်တွေ့မဖြစ်လာဘဲ လေဟာနယ်ထဲမှာပဲ ပျောက်ဆုံးသွားတတ်ကြပါတယ်။
တိုင်းပြည်တခုမှာ မျှော်လင့်ချက်တွေသာ ဒီလောက်များပြားပြီးတခုမှ ဖြစ်မလာဘူးဆိုရင်တော့ ဒီတိုင်းပြည်မှာ တခုခု အလွန်အမင်း မှားယွင်းနေပြီဆိုတာ သေချာနေပါပြီ။
ကျွန်တော်တို့တိုင်းပြည်အေးချမ်းဖို့ မျှော်လင့်ကြတယ်။ဒါပေမဲ့အာဏာကို အာသာငမ်းငမ်းတပ်မက်နေတဲ့ စစ်အာဏာရှင်တွေကြောင့် ငြိမ်းချမ်းရေးတွေ အဟောသိကံဖြစ်ရပြီး ငြိမ်းချမ်းရေး မျှော်လင့်ချက်တွေ ဆိတ်သုန်းကြရတယ်။
ပြည်သူတွေဟာ တရားတဲ့ ဥပဒေအောက်မှာ ဥပဒေနဲ့အညီ နေထိုင်ခြင်ကြပေမဲ့ မတရားတဲ့ ဥပဒေတွေ ရှိနေတာများပါတယ်။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ပေးရမယ့်အရာ ဖြစ်ရမယ့်အစား၊ အာဏာရှိသူတွေရဲ့ လက်ကိုင်
တုတ်အဖြစ် ပြောင်းလဲပြီး ပြည်သူကို ခြိမ်း
ခြောက်နေသရွေ့တော့ တရားတဲ့ ဥပဒေတွေအောက်နေချင်တဲ့မျှော်လင့်ချက်ဟာ အိပ်မက်
ထဲမှာပဲ ရှိနေဦးမှာပါ။
အစိုးရတရပ်ရဲ့ တာဝန်ဆိုတာ ပြည်သူကို လူလိုသူလို ဆက်ဆံ အလုပ်အကြွေးပြုရဖို့ ဖြစ်ပေမဲ့၊ အုပ်ချုပ်သူတွေက ပြည်သူကို ပိုင်ဆိုင်မှုတခုလို သဘောထားပြီး ဖိနှိပ်နေတဲ့အတွက် ပြည်သူကိုအလေးထားတဲ့ အစိုးရဆိုတာ မျှော်တိုင်းဝေးနေရဆဲ ဖြစ်ပါတယ်။
မြန်မာပြည်သူတိုင်းနီးပါးမှာ တူညီတဲ့ မျှော်
လင့်ချက်ရှိကြပါတယ်။ မတရားဖမ်းဆီးခံထားရတဲ့ အသက် ၈၁ နှစ်အရွယ် အမေအိုအရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြစ်မဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဥ်းသားဘဝကနေ ပြန်လည်လွတ်
မြောက်ရေးပါ။
ဒေါ်အောင်ဆန်းစုကြည်ဆို ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်မရတာ အတော်ကြာနေပြီး သေသလားရှင်သလားတောင် မသေချာပါဘူး။ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်မြောက်မှုဟာ တိုင်းပြည်ရဲ့ လွတ်လပ်မှုနဲ့ အမြဲတမ်း တိုက်ရိုက်ဆက်စပ်နေပါတယ်။
မြန်မာပြည်သူတွေ ချစ်မြတ်နိုးရတဲ့ လူထုခေါင်းဆောင်ကို အကျဥ်းသားဘဝကနေ လွတ်မြောက်ချင်ကြတဲ့ မျှော်လင့်ချက်ဆန္ဒတွေဟာ ကနေ့အထိ မပြည့်ဝသေးပါဘူး။
နေ့စဉ်ဘဝရဲ့ စီးပွားရေး ရုန်းကန်မှုတွေကို ကြည့်လိုက်ရင်လည်း မျှော်လင့်ချက်တွေနဲ့ပဲ အသက်ရှုနေရတာပါ။ ကုန်စျေးနှုန်းတွေက ကောင်းကင်ကို ထိုးတက်နေပြီး ပြည်သူတွေရဲ့ ဝင်ငွေကတော့ ဟိုးအောက် အဝီစိထိ ထိုးကျနေပါတယ်။
ကုန်စျေးနှုန်းနဲ့ဝင်ငွေအချိုး ညီမျှတဲ့ခေတ်
ကာလကို မျှော်လင့်နေကြပေမယ့်၊ ဘယ်ဆီ ဘယ်ချိန်မှ ရမယ်မှန်း မသေချာသေးပါဘူး။
စနစ်တကျ မရှိတဲ့ ပညာရေးနဲ့ ဆေးဝါးမလောက်ငှတဲ့ ကျန်းမာရေးစနစ်တွေကြားမှာ လူငယ်တွေရဲ့ အနာဂတ်ဟာ မှုံဝါးဝါးဖြစ်နေပြီး ပြည်သူတွေရဲ့ကျန်းမာရေးတွေဟာလည်း ငွေမရှိရင် ဆေးကုသခံခွင့် မလွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်။
အခြေခံအခွင့်အရေးတွေဖြစ်တဲ့ပညာကောင်း
မွန်စွာသင်ကြားခွင့်ရရေးနဲ့ လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးတွေကို ပြည်သူတွေက လိုချင်ကြ၊ ရချင်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအခွင့်အရေးတွေက အဝေးကြီးမှာပဲ ရှိပါသေးတယ်။
အခုချိန်မှာတော့ မြန်မာပြည်သူတွေဟာ သမိုင်းတလျှောက်အဆိုးယုတ်ဆုံး စစ်အာဏာရှင်တွေကြောင့် အခက်ခဲဆုံးကာလကိုရင်ဆိုင်နေရပါတယ် ။မျှော်လင့်ချက်တွေ အများကြီးနဲ့ ရှင်သန်နေရပြီး မျှော်လင့်ချက်တွေအတွက် အခက်အခဲတွေကြားထဲမှာ ရုန်းကန်နေရတဲ့ “ပြည်ထောင်စုသမ္မတ မျှော်လင့်ချက်များစွာနဲ့ ရုန်းကန်နေရတဲ့ နိုင်ငံတော်” ဖြစ်နေပါပြီ။
မျှော်လင့်ချက်ဆိုတာ အလုပ်မလုပ်ဘဲ ထိုင်စောင့်နေရုံနဲ့ ပြည့်ဝလာမှာ မဟုတ်ပါဘူး။
ဒီမျှော်လင့်ချက်တွေကို အိပ်မက်တွေအဖြစ် မထားပဲ လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် စနစ်တခု ရဖို့ ပြန်လည် တည်ဆောက်ကြိုးစားကြရမှာပါ။
အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်၊ ဖိနှိပ်မှုကနေလွတ်လပ်မှု၊ ဆင်းရဲမွဲတေမှုကနေ ဖွံ့ဖြိုးတိုးတက်မှုဆီကို ပြောင်းလဲဖို့ဆိုတာ ပြည်သူအားလုံးရဲ့ ပေါင်းစည်းပြီး စစ်အာ
ဏာရှင်ကို တော်လှန်ကြရမှာ ဖြစ်ပါတယ်။
အလုပ်အကိုင် အဆင်ပြေဖို့၊ ကုန်စျေးနှုန်းတွေ ကျဆင်းဖို့၊ ကျန်းမာရေးနဲ့ ပညာရေးတွေကောင်းမွန်ဖို့ဆိုတာဟာ အခြေခံလိုအပ်ချက်တွေဖြစ်ပြီး၊ဒီလိုအပ်ချက်တွေကိုအမှန်တ
ကယ် ပြည့်ဖို့ဆိုရင် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ပြည်သူ့ဆန္ဒကို အခြေခံတဲ့၊ ပြည်သူ့အကျိုးကို ဦးတည်တဲ့ အစိုးရတရပ် စနစ်တခု ရှိကိုရှိရမှာပါ။
“ပြည်ထောင်စုသမ္မတ မျှော်လင့်ချက်များစွာနဲ့နိုင်ငံတော်”ကနေ ရုန်းထွက်ကြပါစို့။အာဏာ
ရှင်ကို ဖြုတ်ချဖို့ အဆုံးထိ တော်လှန်ကြပါစို့။

❤23👍10🔥2🤮1💩1
■အတွေးအမြင်
"နွားများသည် ဒီမိုကရေစီကို မစားသုံးပါ"
-ခါကာဘို ရေးသားသည်။
ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ပါးစပ်က အများဆုံးထွက်တဲ့ စကားလုံးက ဘယ်လို စကားလုံးဖြစ်ပါသလဲ။ စာကို ဒီမေးခွန်းနဲ့ စလိုက်ချင်ပါတယ်။
အဖြေကတော့ “မဲမသမာမှု”နဲ့ “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးတွေပဲဖြစ်ပြီး သမ္မတစလွယ်ကို မဖွယ်မရာလွယ်သိုင်းပြီးချိန်မှာတော့ “မဲမသမာမှု” ဆိုတဲ့ စကားထက် “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို ပိုပြီးတွင်တွင်ကျယ်ကျယ်သုံးလာတာ တွေ့ရပါတယ်။
ကြက်ပြေးသမ္မတရာထူးအတွက် ကြက်ပြေးလွှတ်တော်မှာ ကျမ်းကျိန်ပြီးနောက်ပြောခဲ့တဲ့မိန့်ခွန်းဆိုတာထဲမှာ “ဒီမို ကရေစီ” ဆိုတဲ့စကားလုံးကို (၁၅) ကြိမ်တိုင်တိုင်ထည့်သွင်းပြောဆိုသွားပါတယ်။ ကြက်ပြေးသမ္မတရာထူးကို ရယူ ပြီးပြီးချင်း သူရွေးခန့်တဲ့ ကြက်ပြေးအစိုးရအဖွဲ့နဲ့တွေ့ဆုံချိန် ပြောတဲ့မိန့်ခွန်းဆိုတာထဲမှာလည်း “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို(၈)ကြိမ်တိုင်ထည့်ပြောပါတယ်။
နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားထဲမှာလည်း “ဒီမိုကရေစီ”စကားလုံး ကျန်မနေခဲ့ပါဘူး။ (၅)ကြိမ်ထက်မနည်း ထည့် သုံးသွားသလို
သူတင်မြှောက်ရွေးချယ်ထားတဲ့ဝန်ကြီးဆိုသူတွေနဲ့တွေ့ဆုံတဲ့ အစည်းအဝေးတိုင်း “ဒီမိုကရေစီ” ဆို တာကို မဖြစ်မနေထည့်ပြောတာ တွေ့ရပါတယ်။ အစည်းအဝေးတစ်ခုမှာဆို (၁၇) ကြိမ်တိုင်ထည့်ပြောသွားတာ မျိုး တွေ့ရပြီး ကာလုံအစည်းအဝေးမှာလည်း “ဒီမိုကရေစီ”ကို လေးကြိမ်တိုင်ထည့်သုံးခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ တရုတ်ကလာတော့လည်း “ဒီမိုကရေစီ”ပါတယ်။ တရုတ်သွားတော့လည်း “ဒီမိုကရေစီ” ပါတယ်။ ရုရှားကလာတော့လည်း “ဒီမိုကရေစီ”ပါတယ်။ ရုရှားသွားတော့လည်း “ဒီမိုကရေစီ”ပါတယ်။ အိန္ဒိယ သွားတော့လည်း “ဒီမိုကရေစီ”ပါတာပါပဲ။ အိန္ဒိယသတင်းဌာနနဲ့ အင်တာဗျူးရာမှာလည်း “ဒီမိုကရေစီ” မကျန်ရစ် သလို တရုတ်သတင်းဌာနနဲ့တွေ့တော့လည်း “ဒီမိုကရေစီ”ဆိုတဲ့စကား သုံးလိုက်ပြန်တာပါပဲ။
နောက်ဆုံးလူရည် ချွန်မောင်မယ်ကလေးငယ်တွေနဲ့ တွေ့တဲ့အခါမှာလည်း “ဒီမိုကရေစီ” ဆိုတဲ့စကားပြောဖြစ်အောင် ပြောလိုက်ပါ သေးတယ်။
အတွင်းသတင်းတွေအရ သူ့အနားကဖြတ်လျှောက်သွားသူတွေကိုတောင် လက်တို့ပြီး “ဒီမိုကရေစီ” “ဒီမိုကရေစီ” ဆိုပြီး လိုက်ပြောပါသတဲ့။ စကားပြောတိုင်း “အာ့ကျကျ” “အာ့ကျကျ”လို့ ထည့်ထည့်ပြောတတ်တဲ့ သူ့တပည့်ကြီး ဇော်မဲလုံးကိုတောင် သတိရသွားစေပါတယ်။ ဒီမိုကရေစီဘိုးအေ၊ ဘွားအေနိုင်ငံကြီးတွေက အကြီးအကဲတွေတောင် သူ့လောက် “ဒီမိုကရေစီ” မယ်မထင်ပါဘူး။
နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးပါရစေ။ ဒီလောက် “ဒီမိုကရေစီ”ဆိုတာကို ထည်လဲသုံး၊ အားတိုင်းသုံး၊ကြုံတိုင်းသုံးနေတဲ့ အာဏာ
သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဲဒီ “ဒီမိုကရေစီ”ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို အမှန်တကယ်သိရှိမယ်လို့ထင်ပါသလား။ အဖြေကို စကားတစ်လုံးတည်းနဲ့ဖြေရမယ်ဆိုရင် “နိုး”ပါ။
Ethic လား၊ Ethnic လား။ ဒီစကားနှစ်ရပ်ကြား ဗျာများသွားခဲ့ရတဲ့ မင်းအောင်လှိုင်ဟာ “ဒီမိုကရေစီ” ဆိုတဲ့ အဓိပ္ပာယ်ကိုသိဖို့က ဟိုး...အဝေးကြီးမှာလို့သာ ပြောချင်ပါတယ်။ ဒါဟာ အမှန်တရားပါ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးအပြင် ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ဒီမိုကရေစီရဲ့စံနှုန်းတွေကို သိဖို့ဆိုရင်တော့ ဝေလာဝေးဆိုတဲ့စကားကို သုံးရပါလိမ့်မယ်။ ဒီမိုကရေစီရဲ့အဓိပ္ပာယ်နဲ့ အနှစ်သာရကို အမှန်တကယ်မသိလို့သာ အခုလို တွင်တွင်သုံးနေတာလို့ ကောက်ချက်ချလို့ရပါတယ်။
ဒီချုပ်အစိုးရလက်ထက် ကိုဗစ်ကာလ ကိုယ့်အသက်ကိုယ်ဂရုမစိုက်နိုင်ပဲ ဒီမိုကရေစီအ
တွက်လူထုဟာသူတို့ရဲ့ဆန္ဒမဲတစ်ပြားကို တန်
ဖိုးထားလို့ မဲရုံတွေမှာ တန်းစီရင်းကြိတ်ကြိတ်
တိုးမဲပေးခဲ့ကြပါတယ်။ ဒါဟာ လူထုက ဒီမိုက ရေစီကို ဖော်ဆောင်တာဖြစ်ပြီး အဲဒီရဲ့ဆန့်ကျင်ဘက်ကတော့ အာဏာသိမ်းတာပါပဲ။
ပြည်သူလူထုက တကူးတက ပေးခဲ့တဲ့မဲရ
လဒ်တွေကို ဖျက်ဆီးလိုက်တဲ့ အာဏာသိမ်းခြင်းက ဒီမိုကရေစီကို ခြေထိုးခံတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလို လူတွေက “ဒီမိုကရေစီ”ဆိုတဲ့စကား ပါးစပ်ကမချတာဟာ “ဒီမိုကရေစီ”ဆိုတာကိုအမှန်မသိလို့သာဖြစ်ပါလိမ့်မယ်။
ခပ်ရိုင်းရိုင်းနှိုင်းရရင်ခွေးပါးစပ်က နတ်စ
ကားထွက်ဆိုသလိုပဲ “ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ခဲ့တဲ့အစိုးရ”လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပါးစပ်က ပြောထွက်ရအောင် မဲပေးခွင့်ရှိသူပြည်သူတွေထဲက ဘယ် နှဦးကများမဲထွက်ပေးခဲ့သလဲဆိုတာကို စာရင်းဇယားနဲ့ ပွင့်လင်းမြင်သာ ချပြရဲသလားဆိုတဲ့ မေးခွန်းထပ်မေးချင်ပါ တယ်။ လက်တစ်ဆုပ်စာလူတစ်စုရဲ့မဲနဲ့တော့ ဒီမိုကရေစီအစိုးရလို့ အသံကောင်းဟစ်၊ အမည်ခံခြင်းဟာ အကျည်း တန်လွန်းလှပါတယ်။

❤18👍7🤣2💩1
အခုတစ်ခါတော့ ပါးစပ်က “ဒီမိုကရေစီ...ဒီမိုကရေစီ...ဒီမိုကရေစီ”ဆိုပြီး ကရားရေလွှတ်တတွတ်တွတ်ပြောနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေဘက်လှည့်ပြီး မေးခွန်းတ
ချို့မေးကြည့်ချင်ပါတယ်။ ပန်းရောင်းလို့၊ ပန်းပန်လို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ 81 နံပါတ်အင်္ကျီဝတ်ပြီး လမ်း
လျှောက်မိလို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ လေးစားချစ်ခင်ရတဲ့သူတစ်ယောက်ရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲကျင်းပတဲ့အပေါ် ဖမ်းဆီးတာ ကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ ဘုရားမှာပန်းကပ်ပူဇော်ခြင်းကို တားမြစ်တာ၊ ဘုရားစင်မှာ နှင်းဆီ ပန်းကပ်လှူလို့ ဖမ်းဆီးတာကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ အသက်အန္တရာယ်ကြောင့် စစ်ဘေးကနေ တိမ်းရှောင်ဖို့ ကြိုးစားတဲ့ ပြည်သူကို ရှောင်တိမ်းခွင့် မပြုတာကရော ဒီမိုကရေစီလား။ အခုပြောခဲ့တာတွေဟာ လတ်တလော ပူပူနွေးနွေးဖြစ်စဉ်တွေထဲက တချို့ကိုထုတ်ပြီးမေးထားတာပါ။
နေရာစုံမှာ မီးလိုက်ရှို့နေတာ ဒီမိုကရေစီလား။ နေရာအနှံ့ဗုံးလိုက်ကျဲနေတာဒီမိုကရေစီလား။ မတရားအကျဉ်းချခံ ထားရသူရဲ့နေရာကို လျှို့ဝှက်ထားတာ ဒီမိုကရေစီလား။ ဘာလက်နက်ခဲယမ်းမှကိုင်ဆောင်ထားခြင်းမရှိတဲ့ အမျိုး သမီးတစ်ယောက်ကို ကြောက်ရွံ့ပြီး မတရားသဖြင့် ဖိနှိပ်ချုပ်နှောင်ထားတာကရော ဒီမိုကရေစီလား။ “ဒီမိုကရေစီ”ကို ပါးစပ်ကမချသူတွေအတွက် မေးခွန်းပေါင်းများစွာမေးဖို့ ကျန်နေပါသေးတယ်။
ဒီစာအစမှာ ပြောခဲ့သလိုပဲနွားကို ပလာတာကျွေးတဲ့အလုပ် ကျွန်တော် ဘယ်တော့မှမလုပ်ပါ။ ဒီလိုပဲ နဖားကြိုးထိုးဖို့လည်း စိတ်ကူးမရှိပါ။ နကန်တစ်ချောင်းနဲ့သာ ခပ်ဆတ်ဆတ်လေးရိုက်ပေးချင်မိရုံပါ။
စာကိုအနှစ်ချုပ်ရရင် နွားများသည်ပလာတာ
ကို မစားသုံးပါ။ ထို့အတူ အာဏာရူး စစ်ဗိုလ်ချုပ်များသည်လည်း ဒီမိုကရေစီကို မစားသုံးပါ။ရွှေစလွယ်လွယ်ကောင်းရုံအသံကောင်း
ဟစ်ပြနေခြင်းသာဖြစ်သည်ဟု တထစ်ချ မှတ်ယူကြပါကုန်။ ။

❤21👍10🤣2🤮1💩1