People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
PLA စခန်းကိုသွားရောက်ပြီးညှိနှိုင်းစဉ်တင်း
မာမှုရှိခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိပေမယ့် မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရဲဘော်အချို့ထိခိုက်မှုရှိခဲ့တယ်လို့ လည်းသတင်းရရှိပါတယ်။

​တော်လှန်​ရေးတပ်ဖွဲ့ အချင်းချင်းကြား ​အင်
အားသုံး​ဖြေရှင်းမှာကို ​တော်လှန်​ရေးအင်
အားစု​တွေကစိုးရိမ်​နေကြပြီး ၊ NUG လက်​အောက်ခံတပ်​တွေကအင်အားသုံး​ဖြေရှင်းဖို့လုပ်​နေတာဆိုပြီး ဝေဖန်မှု​တွေလည်းထွက်​ပေါ်​နေပါတယ် ။

NUG လက်​အောက်ခံမဟုတ်တဲ့ တပ်ဖွဲ့အချို့ကို ယခုနှစ်အတွင်းမှာ ပြစ်မှုကျူးလွန်တယ်ဆိုပြီး ​ခေါင်း​ဆောင်းပိုင်း​တွေကိုဖမ်းဆီးကာ NUG ကွပ်ကဲမှု​အောက်ဝင်ရန် ဖိအား​ပေးတဲ့ဖြစ်စဥ်အချို့ရှိခဲ့ပါတယ် ။အဲဒီလို အင်အားသုံးဖိအား​ပေးတဲ့အ​​ပေါ် ​တော်လှန်​ရေးအင်
အားစု​တွေကြား​ဝေဖန်မှု​တွေများစွာရှိခဲ့သလို တကွဲတပြားဖြစ်​နေတဲ့တပ်​တွေ ကွပ်ကဲမှုတခုတည်း​အောက်ဖြစ်​အောင်လုပ်တာလို့ ခုခံကာကွယ်​ပြောဆိုမှု​တွေလည်းရှိပါတယ်။

ယခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး People's Spring က NUG မှတာဝန်ရှိသူ​တွေထံ ဆက်သွယ်​မေးမြန်းဖို့ ကြိုးစား​နေ​ပေမယ့် ဆက်သွယ်​မေးမြန်းလို့မရ​သေးပါဘူး။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် စစ်ရုံးချုပ်က ​တောင်သာဖြစ်စဥ်နဲ့ပတ်သက်၍ ယ​နေ့ည ၁၁ နာရီ ဝန်းကျင်မှာသတင်းထုတ်ပြန်ခဲ့ရာ PLA က ပြည်သူကိုစစ်တပ်သတင်း​ပေးဟုဖမ်းဆီးပြီး တန်ဖိုးရှိပစ္စည်းများယူ​ဆောင်ရာမှ ထိုပြသာနာများကို​ဖြေရှင်းရန်ကြိုးစားရင်း ညှိနှိုင်းရန်သွား​ရောက်စဥ် မိုင်း​ထောင်ထားခံရသဖြင့် PDF ၄ ဦးကျဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ​ဖော်ပြပါတယ်။

"စခန်းနဲ့မလှမ်းမကမ်းမှာ တွေ့ဆုံညှိနှိုင်းအဖွဲ့တွေနဲ့ စကားပြောနေရင်းတန်း တစ်ယောက်ချင်း မသိမသာထွက်သွားတယ်။ သူတို့ရှောင်ထွက်သွားလို့ စခန်းကိုပြန်တာပဲဖြစ်မှာဆိုပြီး စခန်းကိုလိုက်သွားတဲ့အချိန်မှာ တစ်ယောက်မှမရှိဘူး။ ရဲဘော်တွေက စခန်းထဲဝင်ကြည့်တဲ့အချိန်မှာ မိုင်းနေမိတာ"လို့ ပြည်သူ့ကာ
ကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

တော်လှန် ရေးတပ်တွေနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးက " PLA က စခန်းကိုစွန့်ခွာသွားပြီး မိုင်းထောင်ခဲ့တာဗျ။ ကျဆုံးတာကအားလုံးရဲဘော်အဆင့်တွေပဲ"လို့ ပြောပါတယ်

၁၂ဦး ဒဏ်ရာရပြီး လေးဦးကျဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ရှစ်ဦးဟာဆေးရုံတက် ရောက်ကုသနေရဆဲလို့ ဆိုပါတယ်။

စခန်းလုံခြုံရေးအတွက်မိုင်းထောင်ထားတာဖြစ်ပြီး ဝင်​ရောက်စီးနင်းမှု​တွေမှာ ထိပ်တိုက်ပစ်ခတ်မှုမဖြစ်အောင် အချိန်မှီ​​ရှောင်​တိမ်းရတာ​ကြောင့် မိုင်းရှင်းလင်း​ရေး​သေချာမလုပ်နိုင်ခဲ့ဘူးလို့ PLA ပြောရေးဆိုခွင့်ရှိသူက လူမှု့ကွန်ရက်မှာရေးသားထားပါတယ်။ မိုင်းပေါက်ကွဲလို့ထိခိုက်မှုတွေအတွက်ဝမ်းနည်းရတယ်လို့ ရေးသားထားပါတယ်။

တောင်သာမြို့နယ်ထဲမှာ PLA စခန်းနှစ်ခုရှိပြီး အဲဒီစခန်းတွေကို PLA တပ်ဖွဲ့ဝင်တွေစွန့်ခွာသွားပြီလို့ သတင်းရရှိပါတယ်။

" ကာကွယ်ရေးတပ်တွေက ပိတ်ဆို့တာတွေ၊ လိုက်လံဖမ်းဆီးတာတွေလုပ်မနေပါဘူး"လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

(■မှတ်ချက်သတင်းကိုထပ်မံဖြည့်စွက်ထားပါတယ်)
👍15🔥63👎1👏1
PLA တပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်။
ဓါတ်ပုံ-PLA
🔥213👎2👏1
PLA ​ထောင်ထားတဲ့ မိုင်းထိပြီး PDF ၄ ဦးကျဆုံးအများအပြားဒဏ်ရာရ

ဇွန်-၂၂၊၂၀၂၆။​မေ/People's Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

ဇွန်လ၂၂ရက်နေ့ မှာမြင်းခြံခရိုင်အတွင်းက
PLAတပ်စခန်း နေရာတွေကို NUGလက် အောက်ခံ PDFတပ်တွေကပစ်ခတ်မှုမလုပ်ဘဲ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

"စခန်း၃ခုပေါ့။နောက်ဆုံးစခန်းမှာ ဖြေရှင်းပါမယ်လို့ မျှားခေါ်ပြီးတော့ မိုင်းထောင်လို့ ရဲ
ဘော်တွေ ထိခိုက်တာပါ"လို့ PDF တွေကျဆုံးမှုနဲ့ပတ်သက်လို့ဖြစ်စဉ်မှာအနီးကပ်ရှိ နေသူတဦးက ပြောပါတယ်။

ယခုလို ဝင်ရောက်စီးနင်းရတာဟာ ပြီးခဲ့တဲ့ မေလ၂၆ရက် နေ့၊ည၁၁နာရီမှာတောင်သာမြို့နယ် ၊ဝဲလောင်းရွာကပြည်သူ ဦးသန်း(အမည်လွှဲ)ကိုPLAတပ်ကဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ဖမ်းဆီးစဉ်မှာ ဦးသန်းနဲ့အတူ ကားတစီး၊အိမ်ဝိုင်းစာချုပ်၊အိမ်
ထောင်စုဇယား၊ဘွဲ့လက်မှတ်များ၊ငွေသား
၁၀သိန်းတို့ကို ပါယူသွားတယ်လို့ NUGလက် အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရှိ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

ဇွန်လ၁၈ရက် နေ့မှာ PLAတပ်ဖွဲ့ကပဲ ဦးသန်းရဲ့ ဇနီးကိုဆက်သွယ်လာပြီး ၁၉ရက် နေ့မှာကျပ်သိန်း၂၀၀၀ ပေးရန် မပေးပါက ဦးသန်းကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတာ ကြောင့် ဦးသန်းရဲ့ ဇနီးက တောင်သာမြို့နယ်၊ပြည်သူ့လုံခြုံရေး အဖွဲ့ကို တိုင်ကြားလာတာလို့ ဆိုပါတယ်။

ဒါ့ကြောင့် တောင်သာမြို့နယ်ပကဖက ဇွန်
လ၁၈ ရက်နေ့မှာပဲ PLAတပ်က ဖမ်းဆီးထားတဲ့ ပြည်သူဦးသန်းကို ပြန်လွှတ်ပေးဖို့နဲ့ ပြည်
သူပိုင်ပစ္စည်းများ ပြန်ပေးရန် လူကိုယ်တိုင်စာပို့ညှိုနှိုင်းခဲ့ပေမယ့် မလွှတ်ပေးနိုင်ကြောင်း PLAက အကြောင်းပြန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထပ်မံပြီး တောင်သာမြို့နယ်ပကဖက ခရိုင်အတွင်းနေထိုင်မည်ဆိုပါကတည်ဆဲဥပဒေကိုလိုက်နာရန်ပြာဆိုခဲ့ပြီးနောက် ဇွန်လ၂၂ရက်နေ့ ဒီနေ့ မှာထပ်မံဆက်သွယ်စဉ် ဦးသန်းကို ပြန်လွှတ်ပေးခဲ့တယ်လို့ PLAတပ်ဖွဲ့ကအ ကြောင်းပြန်တယ်လို့ဆိုပါတယ်။

အဲဒီနောက် ဦးသန်းကို ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သတိလစ်​မေ့မျောလျှက်ဝဲလောင်းရွာနဲ့ ရွာသစ်ရွာကြားမှာတွေ့ရှိခဲ့တယ်လို့ ​ဖော်ပြပါတယ်။

အဲဒီနောက် ခရိုင်အတွင်းနေထိုင်ခြင်းမရှိ တော့တဲ့ PLAတပ်ဖွဲ့ရဲ့စခန်းနေရာတွေကို ဝင်ရောက်ချိန် ရဲဘော် အိပ်ဆောင် နေရာတွေမှာ မိုင်း ထောင်ထားတာ ကြောင့် PDFရဲဘော်၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တာလို့ ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

PLAတပ်ဖွဲ့ရဲ့ပြောရေးဆို ခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကလည်း ဦးသန်းကို ဖမ်းဆီးခဲ့တာ မှန်ကန်ကြောင်းကို သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။မိုင်း ထောင်ထားတာဟာလည်း စခန်းလုံခြုံ ရေးအတွက် ထောင်
ထားတာဖြစ်ပြီး အချိန်မှီ ရှောင်တိမ်းရတာမို့ မိုင်းရှင်းလင်းရေး မလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းပေါက်ကွဲလို့ထိခိုက်မှုတွေအတွက်ဝမ်းနည်းရတယ်လို့ ရေးသားထားပါတယ်။

ဦးသန်းကိုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ကတော့ ရန်သူနဲ့ပူးပေါင်းလုပ် ဆောင်မှုတွေကို ခိုင်မာတဲ့သက်သေနဲ့ထုတ်ပြမယ်လို့ဆိုထားပါတယ်။

PDF စစ်ရုံးချုပ်ရဲ့ထုတ်ပြန်ချက်မတိုင်ခင် PLA ကဇွန် ၂၂ ရက်ည​နေပိုင်းမှာထုတ်ပြန်ရာ
NUG လက်​အောက်ရှိမြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဦးဆောင်ပြီး အင်အား ၅၀ဝ ခန့်နဲ့ တောင်သာမြို့နယ်အတွင်းရှိ PLAအထိုင်စခန်းတွေကိုဝိုင်းဝန်းပိတ်ဆို့ခြင်း၊ ခရိုင်ကွပ်ကဲရေးအမိန့်နဲ့ တာဝန်ဖြင့် သွားလာနေတဲ့ ထောက်ပို့ ရဲဘော် (၂) ဦးအား ဖမ်းဆီးရန် ကြိုးပမ်းတာ ၊​ကျေးရွာ ၂ ရွာရှိ PLA အထိုင်စခန်း​တွေကိုစီးနင်းတာ ၊ PLA ရဲ​ဘော်တဦးရဲ့အမကို ​သေနတ်နဲ့ခြိမ်း​ခြောက်ဖမ်းဆီး​ခေါ်​ဆောင် သွားခဲ့တယ်လို့ ဇွန် ၂၂ ရက် ညနေပိုင်းမှာသတင်းထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

PLA ရဲ့ထုတ်ပြန်ချက်မှာဖမ်းဆီးထားတဲ့ဒ
လန် (PLAထုတ်ပြန်ချက်အတိုင်း)တွေအား
လုံးကို သိမ်းဆည်းထားတဲ့ ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးရန်၊မြင်းခြံခရိုင်အတွင်းမှPLAတပ်များ အားလုံး ထွက်ခွာပေးရန် မြင်းခြံခရိုင်ကွပ်ကဲရေး တာဝန်ခံမှ PLAထံ တောင်းဆိုထားတဲ့လို့လည်းအသိပေးထားပါတယ်။

ဖမ်းဆီးထားတဲ့ ရန်သူ့သတင်းပေး (ဒလန်) တွေ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ (၂)ကြိမ်ရှိပြီ ဖြစ်ပြီး နောက်ထပ် ရန်သူ့သတင်းပေး (ဒလန်)များလွှဲပြောင်းပေးမယ့်အချိန်မှာမိမိ ခြိမ်းခြောက်ပြောဆိုခြင်းနှင့် တပ်အင်အားသုံး ဖိအားပေးသည့် အခြေအနေများ ရှိလာလို့ လွှဲပေးမယ့်အစီအစဉ် ကြန့်ကြာနေရခြင်း ဖြစ်တယ်လို့ PLAက ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

PLA အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယန္တရားများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေတဲ့ အချိန်မှာယခုလို့ တပ်စခန်းတွေကို အင်အားအလုံးအရင်းသုံး ဝင်ရောက်စီးနင်းခြင်း နှင့် ရန်သူစစ်အုပ်စုကို တိုက်ခိုက်ဖို့ မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ PLA တပ်ဖွဲ့တွေကို ထွက်ခွာစေခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မရှိဘူးလို့လည်းဆက်လက်ဖော်ပြထားပါတယ်။
15🤬13😢5👍1👏1🎉1
တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းရန်သာ လိုလားပြီး မိမိတို့ဘက်မှ မည်သည့်အခါမှ ကျည်စဖောက်မည်မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

"စခန်းနဲ့မလှမ်းမကမ်းမှာ တွေ့ဆုံညှိနှိုင်းအဖွဲ့တွေနဲ့ စကားပြောနေရင်းတန်း တစ်ယောက်ချင်း မသိမသာထွက်သွားတယ်။ သူတို့ရှောင်ထွက်သွားလို့ စခန်းကိုပြန်တာပဲဖြစ်မှာဆိုပြီး စခန်းကိုလိုက်သွားတဲ့အချိန်မှာ တစ်ယောက်မှမရှိဘူး။ ရဲဘော်တွေက စခန်းထဲဝင်ကြည့်တဲ့အချိန်မှာ မိုင်းနင်းမိတာ"လို့ ပြည်သူ့ကာ
ကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

တော်လှန် ရေးတပ်တွေနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးက " PLA က စခန်းကိုစွန့်ခွာသွားပြီး မိုင်းထောင်ခဲ့တာဗျ။ ကျဆုံးတာကအားလုံးရဲ
ဘော်အဆင့်တွေပဲ"လို့ ပြောပါတယ်

၁၂ဦး ဒဏ်ရာရပြီး လေးဦးကျဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ရှစ်ဦးဟာဆေးရုံတက် ရောက်ကုသနေရဆဲလို့ ဆိုပါတယ်။

"ကာကွယ်ရေးတပ်တွေက ပိတ်ဆို့တာတွေ၊ လိုက်လံဖမ်းဆီးတာတွေလုပ်မနေပါဘူး"လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။
😢29👍2💩21👎1
မြင်းခြံခရိုင်အတွင်းမှ PDF တပ်ရင်းအချို့
😢34🔥21😁1🤮1
တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲစစ်တပ်ကလက်နက်ချ၊အလင်းဝင်သူတွေဆက်တိုက်ရှိ​​နေ

ဇွန်-၂၂၊ ၂၀၂၆။ခိုင်မြတ်/People's Spring

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်
တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

ကျောက်ဖြူ - ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီ ထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းထိုးလာတဲ့ အာဏာ သိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)
က ကြားဖြတ်တိုက်နေတာကြောင့် စစ်တပ်ဘက်က အ ထိနာ အကျအဆုံးများပြီး နောက်
ပြန်ဆုတ်နေရကာ လက်နက်ချသူတွေပါ ရှိလာတာပါ။

“ဒီဘက်စစ်မျက်နှာမှာစစ်တပ်ကပစ(ပြည်
သူ့စစ်)တွေ အသုံးများတယ်။ အလင်းဝင်တာမှာလည်း အားလုံးနီးပါးက ပစတွေပါ။ ဒီတပတ်အတွင်းလောက်မှာ တဆယ်လောက်ရှိတယ် အလင်းဝင်လာတာ။ ရှေ့တန်းရှေ့ဆုံးထိကို ပို့ တော့ ကြောက်ပြီး ပြေးကြတာ ပစတွေ” လို့ မြေပြင်မှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲဒီလို အလင်းဝင်သူတွေရှိလာသလို အခုရက်ပိုင်းတိုက်ပွဲအတွင်း အထိအခိုက်၊ အကျ
အဆုံးတွေလည်းများနေတယ်လို့ဆိုပါတယ်။ တောင်မော်ဦးရေတပ်စခန်းကနေ စနဲမြို့ဆီ ထိုးဖောက်သိမ်းပိုက်ဖို့ အင်အားအများအပြားနဲ့ စစ်ကြောင်းထွက်လာတဲ့ အာဏာသိမ်းစစ်
တပ်ဟာ ရှေ့မရောက်ဘဲ အ၀တောင်ကျေးရွာအနီး ရပ်တန့်နေကာ အထိ နာနေတာဖြစ်ပါတယ်။

AA ဟာ တောင်မော်ဦးရေတပ်စခန်းအနီးပတ်လည်ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့ထွက်ကာကင်းစစ်ကြောင်း ငါးခု ထက်မနည်းကို ပြီးခဲ့တဲ့ ဇွန်လပထမပတ်အတွင်း သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိမှာ အ၀တောင်ကျေးရွာအနီးဝန်းကျင်ရှိ လက်ကျန်ကာကင်းစခန်းတွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းရှိတယ်။ တရက်လုံးပြင်းပြင်းထန်ထန်မဟုတ်ပေမယ့် ကိုယ့်ဘက်က အခြေအနေကောင်း ရင် ကောင်းသလို ဝင်ချတာရှိတယ်။ စနိုက်ပါနဲ့၊ ဒရုန်းနဲ့တိုက်လို့ အထိအခိုက်လည်း များတယ်” လို့ ကျောက်
ဖြူ ဒေ သခံ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

အဲဒီလို တောင်မော်ဦးရေတပ်စခန်းရဲ့ အဓိကကာကင်းစခန်း အ၀တောင်ကျေးရွာအနီးမှာ အထိနာနေတဲ့ အာဏာ သိမ်းစစ်တပ်ဟာ တောင်မော်ဦးရေတပ်စခန်းကို လက်နက်၊ အင်အားဖြည့်တင်းတာလည်း ရှိနေပြီး အခုဇွန်လ တတိ ယပတ်ထဲမှာ အင်အားနှစ်ရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောထား ကြပါတယ်။

“အင်အားကတော့ တောက်လျှောက်ဖြည့်တယ်။ တောင်မော်ဦးနားမှာ တိုက်ပွဲပြင်းနေလို့ တခြားဘက်မှာတောင် ဒီကောင်တွေ ထိုးစစ်တွေ မလုပ်နိုင်ဘူး။ မင်းပြင်တို့၊ ရဲတပ်ရင်းတို့ဘက်မှာလည်း တိုက်ပွဲငြိမ်နေတယ်” လို့ ကျောက် ဖြူဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့ရဲ့ အရှေ့တောင်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်
ဖြူ - ရမ်းဗြဲလမ်းဆုံစနဲမြို့ဆီအင်အားအများ
အပြားနဲ့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ထိုး စစ်ဆင်ချည်းကပ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီတုန်းကတော့ အာဏာသိမ်းစစ်တပ်ဟာ စနဲမြို့အနီးထိ ရောက်ခဲ့ပြီး AA ကတန်ပြန်ထိုး
စစ်ဆင်တိုက်ခိုက်ခဲ့ရာ တောင်မော်ဦးရေတပ်စခန်းနဲ့ တမိုင်ကျော်အကွာ အ၀တောင်ရွာနားထိ နောက်ပြန်ဆုတ်ခဲ့ရကာ အဲဒီကနေ ရှေ့မ တိုးနိုင်ဖြစ်နေတာပါ။

တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲတွေကြောင့် အဲဒီတဝိုက် ကျေးရွာပေါင်း နှစ်ဆယ်နီးပါးမှ စစ်ဘေးရှောင် ခုနစ်ထောင်ကျော် တိုးလာပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောကြပါတယ်။

ရမ်းဗြဲကျွန်းပေါ်ရှိ ရမ်းဗြဲမြို့နယ်အားလုံးနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက နေရာအများစုကို သိမ်းပိုက်ထားတဲ့ အာ ရက္ခတပ်တော်(AA)
ဟာ ကျောက်ဖြူမြို့နယ်အတွင်းကစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊အမှတ်(၃၂)ရဲတပ်ရင်း
တို့ကို ဝန်းရံပိတ်ဆို့၊ ထိုးစစ်ဆင်နေပြီး မြို့နီးပတ်လည်က တပ်ရင်းတွေကိုလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာ
ဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်နေသေးပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က
ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီး
ပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။
👍3613👏3🤣3🥰1😁1
၂၀၂၅ မေလအတွင်း ကျောက်ဖြူတိုက်ပွဲမှာ AAဖမ်းဆီးခဲ့တဲ့ စစ်တပ်ကဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်။ဓါတ်ပုံ-ပေးပို့
👏31👍10🤣2🥰1
ကမ္ဘာ့ဖလားသမိုင်းတ​လျှောက်
ဂိုးသွင်းဘုရင်သစ်မက်ဆီဖြစ်လာ

ဇွန်-၂၃၊၂၀၂၆။People's Spring

အာဂျင်တီးနား နဲ့ သြစတြီးယားတို့ယှဥ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ပွဲစဥ်မှာမက်ဆီက အနိုင်ဂိုး ၂ ဂိုး စလုံးကိုသွင်းယူလိုက်တာ​ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်းတ​လျှောက်သွင်းဂိုး
စုစု​ပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်ဖြစ်လာပါတယ် ။

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု J ရဲ့ ဒုတိယအ​ကျော့ပွဲစဥ်အဖြစ် ၂၀၂၂ ကမ္ဘာ့ဖလားချန်
ပီယံ နဲ့ သြစတြီးယားတို့ ယှဥ်ပြိုင်ခဲ့တာဖြစ်ပြီး ပွဲအစ ၉ မိနစ်မှာအာဂျင်တီးနားကပင်နယ်တီ​ရပေမယ့် မက်ဆီကလွဲ​ချော်ခဲ့ပါတယ်။

ဒါ​ပေမယ့် ၃၈ မိနစ်မှာ အာဂျင်တီးနားဘယ်အစွန် ​နောက်ခံလူ မီဒီနာဖြတ်တင်​ပေးတဲ့​ဘောလုံးကို မက်ဆီကသူပုံစံအတိုင်း ဂိုးသ
မားညာဘက်​ထောင့်ကျဥ်းထဲ ကန်သွင်းပြီး
ဦး​ဆောင်ဂိုးသွင်းယူခဲ့ပါတယ် ။ဒီသွင်းဂိုး​
ကြောင့် မကြာခင်ရက်ပိုင်းကမှ ၃၉ နှစ်
ပြည့်ထားတဲ့ မက်ဆီဟာကမ္ဘာ့ဖလားဂိုးသွင်းစံချိန်ရှင် ဂျာမနီတိုက်စစ်မှူးကြီး ကလို​ဆေးရဲ့ ၁၆ ဂိုး စံချိန်ကို ၁ ဂိုးအသာနဲ့စတင်​ကျော်ဖြတ်ပြီး ဂိုးသွင်းဘုရင်သစ်ဖြစ်လာပါတယ် ။

ဒါအပြင် အချိန်ပို ၅ မိနစ် မှာ တန်ပြန်တိုက်
စစ်ကတဆင့်မက်ဆီကဆွဲ​ပြေးပြီးအဲဗာရက်စ်ကိုခင်း​ပေးလိုက်​ပေမယ့် အဲဗာရက်စ်ကန်ချက်ပြိုင်ဘက်​ဂိုးသမားနဲ့ထိပြီး ပြန်ထွက်လာတဲ့​ဘောလုံးကို ပါရီဒက်စ်က မက်ဆီကိုခင်း​ပေးပါတယ်။ မက်ဆီ ပထမအကြိမ်ကန်သွင်းတာမှာသြစတြီယား​​​နောက်ခံလူ​တွေထိပြီးပြန်ထွက်လာတဲ့​ဘောလုံးကို ​နောက်တစ်ကြိမ်ဖြတ်ကန်ရင် ဒုတိယ​မြောက်အနိုင်ဂိုးကိုသွင်းယူသွားတာပါ။

ဒီသွင်းဂိုး ၂ ဂိုး​ကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲသက်တမ်းတ​လျှာက် သွင်းဂိုးစုစု​ပေါင်း ၁၈ ဂိုးနဲ့ ဂိုးသွင်းဘုရင်သစ်ဖြစ်လာပါတယ်။ သူ့ရဲ့​နောက်မှာ​တော့ ၁၆ ဂိုး နဲ့ ကလို​ဆေးကဒုတိယ ၊ ၁၅ ဂိုးနဲ့ ဘရာဇီးဂန္တဝင်တိုက်စစ်မှူးကြီး ​ရော်နယ်ဒိုလ်ကတတိယဖြစ်ပါတယ် ။ဒါ့အပြင် မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း၂ ပွဲကစားအပြီးမှာ သွင်းဂိုး ၅ နဲ့ ဂိုးသွင်းအများဆုံးအဖြစ်ရပ်တည်​နေပါတယ် ။

လက်ရှိချန်ပီယံတို့က နှစ်ဂိုးပြတ်အနိုင်ရခဲ့​ပေမယ့် သြစတြီးယားရဲ့ ဖိအား​ပေးကစားတာ ၊အမြင့်​ဘောကစားတာ​တွေ​ကြောင့် ပွဲကအကြိတ်အနယ်ရှိခဲ့ပါတယ် ။​

"အမှန်အတိုင်းပြောရရင် ဒီနိုင်ပွဲအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ အထူးသဖြင့် ဒါဟာ အလွန်အရေးကြီးတဲ့ နိုင်ပွဲဖြစ်ပါတယ်။ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ ထိုက်တန်တဲ့ နိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲက ရှေ့ဆက်ရမယ့် ခရီးအတွက် ကျွန်တော်တို့ကို စိတ်အေးချမ်းမှုတစ်ခု ပေးနိုင်ခဲ့ပါတယ်။ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ ပွဲက အင်အားချင်း အလွန်နီးစပ်ပြီး ပြင်းထန်မှုလည်း မြင့်မားခဲ့ပါတယ်။ ကျွန်တော်တို့ ၆ မှတ်ပြည့် ရထားပြီး နောက်တစ်ဆင့်တက်ဖို့အာမခံနိုင်ခဲ့တဲ့အတွက်အရမ်းဝမ်းသာပါတယ်။" လို့ ပွဲစဥ်အလိုက်အ​ကောင်းဆုံးကစားသမားဆုရခဲ့တဲ့ မက်ဆီက​ပြောပါတယ်။သူက ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲလုံးအ​ကောင်းဆုံးကစားသမားဆုရထားတာပါ။

၂ပွဲကစား၂ ပွဲနိုင်တာ​ကြောင့်လက်ရှိချန်ပီယံ
ဟာ ၃၂ သင်းရှုံးထွက်အဆင့်တက်​ရောက်သွားပြီဖြစ်ပါတယ်။ သြစတြီးယားက​တော့ ၁ ပွဲ နိုင် ၁ ပွဲရှုံးထားတာ​ကြောင့်အုပ်စုနောက်ဆုံးပွဲမှာအယ်လ်ဂျီးရီးယားနဲ့ ပွဲစဥ်ဟာ အဆုံးအ
ဖြတ်ဖြစ်လာပြီး အနိမ့်ဆုံး သ​ရေကန်မှ ရှုံးထွက်အဆင့်တက်ဖို့ ​မျှော်လင့်နိုင်မှာပါ ။
ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၂ ရက်ရှိလာချိန်မှာ ၂ ပွဲကစားပြီး ၂ ပွဲနိုင် ၆ မှတ်နဲ့ ရှုံးထွက် ၃၂ သင်းအဆင့်ကို အိမ်ရှင်အ​မေရီကန် နဲ့ မက္ကဆီကို၊ဂျာမနီ ၊အာဂျင်တီးနား တို့ ၄ သင်းတက်​ရောက်သွားပြီဖြစ်ပါတယ် ။ အုပ်စု ၁၂ စုရှိတာမှာ တတိယအ​ကောင်းဆုံး ၈ သင်းလည်းရှုံးထွက်အဆင့်တက်မှာမို့ ၄ မှတ်ရထားတဲ့အသင်း​တွေဟာ အနိမ့်ဆုံး တတိယအ​ကောင်းဆုံး အ​နေနဲ့​နောက်တစ်ဆင့်တက်ဖို့အ​ခြေအ​နေ​ကောင်း​နေပြီဖြစ်ပါတယ်။
37👍13🤣2👏1
ဓါတ်ပုံ-FIFA ၊ESPN၊AP၊ AFP၊ Getty
🥰3516👍6🤣2
ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့ ခံစားချက်က ထူးကဲလွန်းတယ်လို့ မက်ဆီဖွင့်ဟ

■မက်ဆီ ၅ ဂိုး ၊မက်ဘီ ၄ ဂိုး၊ဟာလန် ၄ ဂိုး
စီနဲ့ ​ရွှေဖိနပ်ဆုအတွက်အပြိုင်ဖြစ်​​နေ

ဇွန်-၂၃၊၂၀၂၆။People's Spring

ကမ္ဘာ့ဖလားရဲ့ သွင်းဂိုးအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့ ခံစားချက်က ထူးကဲလွန်းတယ်လို့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြောကြားခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားဟာ ဩစတြီးယားကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့နောက် ရှုံးထွက်အဆင့် တက်ရောက်ဖို့ ကျိန်းသေသွားပြီ ဖြစ်ပါတယ်။ အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ၂ ခုမှာ ၅ ဂိုးသွင်းပြီး ပေးဂိုး မရှိသေးပါဘူး။ အဲဒီ ၅ ဂိုးစလုံးကို အသက် ၃၈ နှစ်အရွယ် မက်ဆီ တစ်ဦးတည်းက သွင်းယူခဲ့တာပါ။

သူဟာ အယ်လ်ဂျီးရီးယားနဲ့ အုပ်စုအဖွင့် ပွဲစဉ်မှာ တစ်ဦးတည်း ၃ ဂိုးသွင်းပြီး ဂျာမနီ တိုက်စစ်မှူးဟောင်း မီယိုဆလက်ဗ် ကလိုဆေးရဲ့ ကမ္ဘာ့ဖလား ဂိုးသွင်းစံချိန်ဖြစ်တဲ့ စုစုပေါင်း ၁၆ ဂိုးကို အမီလိုက်နိုင်ခဲ့ပါတယ်။ ဩစတြီးယားနဲ့ ပွဲမှာ မက်ဆီက ၂ ဂိုး ထပ်သွင်းတဲ့ အခါမှာတော့ စုစုပေါင်း ကမ္ဘာ့ဖလား သွင်းဂိုး ၁၈ ဂိုးထိ ရှိလာပြီး စံချိန်မှတ်တမ်းသစ် စိုက်ထူနိုင်ခဲ့တာပါ။ သူဟာ အခုပွဲစဉ် အစောပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကို အသုံးမချနိုင်ခဲ့လို့သာ နှစ်ပွဲဆက် သုံးဂိုးသွင်းပြီး hat-trick ရယူနိုင်မယ့် အခွင့်အရေးကို လွဲချော်သွားခဲ့တာပါ။

မက်ဆီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၅ ခုမှာ စုစုပေါင်း ၂၈ ပွဲကစားပြီး အခုလိုမျိုး သွင်းဂိုး ၁၈ ဂိုးထိ ရရှိလာတာ ဖြစ်ပါတယ်။ အခုလို ဂုဏ်ယူစရာ တစ်ဦးချင်း စံချိန်သစ်တစ်ခု ရရှိလာခြင်းက ထူးကဲလွန်းတယ်လို့ သူက ဝန်ခံခဲ့ပါတယ်။ အရေးကြီးတာက သူအကြိမ်ကြိမ် ပြောဖူးသလိုပဲ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေကြောင်း၊ ပင်နယ်တီ လွဲခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ အဲဒီ အခြေအနေကို ပြန်တည့်မတ်ပြီး အနိုင် ၃ မှတ် အပြည့်ရခဲ့ကြောင်း သူက ပြောကြားသွားပါတယ်။

သူ့ရဲ့ ကမ္ဘာ့ဖလား သွင်းဂိုး ၁၈ ဂိုးထဲမှာ အကြိုက်ဆုံးက ဘယ်ဂိုးဖြစ်မလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ လောလောဆယ်တော့ သူအကုန်လုံးကို မမှတ်မိကြောင်း၊ အရမ်းလည်း ပင်ပန်းနေတော့ ပြန်တွေးဖို့ ခက်ခဲနေကြောင်း မက်ဆီက တုံ့ပြန်ပါတယ်။

မက်ဆီဟာ အခုနှစ် ကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းဘုရင်တွေ စာရင်းမှာလည်း ထိပ်ဆုံးကနေ ၅ ဂိုးနဲ့ ဦးဆောင်နေပါတယ်။ ဒါပေမဲ့ ထိပ်တန်း တိုက်စစ်မှူးတွေဖြစ်တဲ့ ပြင်သစ်သား ကိုင်လီယန် အမ်ဘက်ပေနဲ့ နော်ဝေးသား အာလင်ဟာလန်းတို့ကလည်း ၄ ဂိုးစီ သွင်းပြီး မက်ဆီရဲ့ ရပ်တည်မှုကို ခြိမ်းခြောက်နေပါတယ်။ အမ်ဘက်ပေဟာ အီရတ်ကို သုံးဂိုး-ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ ပြင်သစ်အတွက် နှစ်ဂိုး သွင်းခဲ့တဲ့နောက် အခုဆိုရင် ကမ္ဘာ့ဖလား သွင်းဂိုး စုစုပေါင်း ၁၆ ဂိုးထိ ရရှိထားပါပြီ။ ဒါဟာ ကလိုဆေးရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီပြီး မက်ဆီရဲ့ ပူပူနွေးနွေး စံချိန်သစ်ကိုပါ ၂ ဂိုးအကွာက​နေဖိအားပေး စိန်ခေါ်နိုင်တဲ့ အရေအတွက် ဖြစ်ပါတယ်။ အမ်ဘက်ပေဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃ ကြိမ်၊ စုစုပေါင်း ပွဲစဉ် ၁၆ ပွဲ ကစားပြီး သွင်းဂိုး ၁၆ ဂိုးထိ ရရှိထားတာပါ။

ဒါအပြင် ဟာလန် နဲ့ မက်ဘီ တို့က ၂ ဂိုးစီထပ်သွင်းခဲ့တာ​ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၂ပွဲစီကစားရ​သေးချိန်မှာပဲ ဂိုးသွင်းအများဆုံး​ရွှေဖိနပ် ဆုအတွက် မက်ဆီ ၅ ဂိုး ၊ မက်ဘီ ၄ ဂိုး၊ဟာလန် ၄ ဂိုးစီနဲ့ ထိပ်ဆုံးမှာအပြိုင်ဖြစ်​​​နေပါတယ် ။

ကမ္ဘာ့ဖလား ပြိုင်ပွဲတစ်ခုတည်းမှာ သွင်းဂိုးအများဆုံး စံချိန်ရှင်ကတော့ ပြင်သစ်သား ဂျက်စ်ဖောင်တိန်ဖြစ်ပြီး ၁၉၅၈ ခုနှစ်၊ ဆွီဒင် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပွဲစဉ် ၆ ခုသာ ကစားပြီး ၁၃ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။

ကိုးကား: Guardian
ဓာတ်ပုံ - Getty Images
#မက်ဆီ #Messi #ကမ္ဘာ့ဖလား #စံချိန်သစ် #ဂိုးအများဆုံး #အာဂျင်တီးနား #အမ်ဘက်ပေ #Mbappe #ကလိုဆေး #ဘောလုံးသတင်း #နောက်ဆုံးရသတင်း
22👍6🤣2💩1
23👍8🔥1💩1🤣1