People's Spring
59.9K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
သရုပ်​ဖော်ပုံကို AI အသုံးပြု ပုံ​ဖော်ထားခြင်းဖြစ်ပါသည်
🤮28👍10🤣4🔥3🖕2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မြဝတီမြို့နယ်ထဲက စစ်ရေးတင်းမာမှုတွေကြောင့် ထိုင်းဘက်ခြမ်းက စာသင်ကျောင်းပိတ်

မြန်မာဖက်ခြမ်း ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက စစ်ရေးတင်းမာမှုတွေကြောင့် နယ်စပ်နားက စာသင်ကျောင်းတစ်​ကျောင်းကို ပိတ်ထားလိုက်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနယ်စပ်စည်း တစ်ဖက်ခြမ်းမှာ အာဏာသိမ်း စစ်တပ်နဲ့ ကရင်တော်လှန်ရေး တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့သတင်းတွေကြောင့် တက်ခ်ပြည်နယ်ရဲ့ မဲဆောက်ခရိုင်ထဲမှာရှိတဲ့ ဘန်မယ်ခွန်ကန် ကျောင်းကို ဒီနေ့ ဇွန်လ ၂၂ ရက်မှာ ပိတ်ထားစေခဲ့တာပါ။ မြဝတီ မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့စစ်သား ၂၀၀ လောက်က စစ်ကြောင်းထိုးဖို့ စီစဉ်နေတယ်လို့ သတင်းတွေကြောင့် အတန်းအားလုံးကို တစ်ရက်ကြာ ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ကြောင်း မဟာဝမ် ခရိုင်ခွဲမှာရှိတဲ့ စာသင်ကျောင်းရဲ့ ညွှန်ကြားရေးမှူး သာဝတ်ချိုင် ဆန်ပလန်းက ပြောကြားခဲ့ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မြန်မာဖက်ခြမ်းက တိုက်ပွဲတွေအတွင်း လမ်းချော်လာတဲ့ ကျည်ဆန်တွေဟာ ထိုင်းပိုင်နက်ထဲကျရောက်ခဲ့ပါသေးတယ်။

◾️ဘုရားသုံးဆူမြို့ကို DKBA ဆီကနေ စစ်တပ် ပြန်တောင်း

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့ကို ပြန်လည်ပေးအပ်ဖို့ အာဏာသိမ်းစစ်တပ်က ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကို ထပ်မံတောင်းဆိုနေတယ်လို့ ကရင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ ကရင်ပြည်နယ်က အရေးပါတဲ့ နယ်စပ်စခန်းတွေ ပြန်လည်ရယူနိုင်ဖို့ စစ်တပ်က ထိုးစစ်နေချိန်မှာ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ကြာအင်းဆိပ်ကြီးခရိုင်ထဲက ဘုရားသုံးဆူမြို့ကို ပြန်လည်ပေးအပ်ဖို့ DKBAကို တောင်းဆိုလာတာပါ။ DKBA ဟာ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက်အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သူရစောဇော်လွင်စိုးက ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားတဲ့ DKBA ဗိုလ်မှူးချုပ်စောအေဝမ်းဆီ တောင်းဆိုခဲ့တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဘုရားသုံးဆူမြို့ကို ပြန်လည်ပေးအပ်ဖို့ စစ်တပ်ရဲ့အခုတကြိမ်တောင်းဆိုမှုဟာ ဒုတိယအကြိမ်လို့ သိရပါတယ်။ အခုတစ်ကြိမ်တောင်းဆိုမှုမှာ ဘုရားသုံးဆူမြို့ကို စစ်တပ်ဆီပြန်လည် ပေး၊ မပေးကိုတော့ DKBA ဗိုလ်မှူးချုပ်စောအေဝမ်းက မဆုံးဖြတ်ရသေးဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ DKBAက ဘုရားသုံးဆူမြို့ကို ပြန်မပေးရင် စစ်ရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ စစ်တပ်က ခြိမ်းခြောက်ထားသလို ကြာအင်းဆိပ်ကြီးမြို့မှာလည်း အင်အားအများအပြား ဖြည့်တင်းလာနေတယ်လို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။ DKBA ဘက်ကတော့ ဘုရားသုံးဆူမြို့နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

◾️ချင်းတောင်ပိုင်းကို စစ်တပ် လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲနေ

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အဲဒီလိုလေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတာဟာ တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ် အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ ဗုံးသီးအလုံးရေများစွာ အသုံးပြု တိုက်ခိုက်နေတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ ဒေသခံသတင်းရင်းမြစ်က အခုလို သုံးသပ်ပါတယ်။ စစ်တပ်က အထိနာလို့ အခုလို အင်အားသုံး ဗုံးကြဲတာလို့ ယူဆသလို ချင်းတောင်ပိုင်းကို မရရအောင် တက်ချင်နေကြတာလည်း ပါမယ်လို့ သူက ဆိုပါတယ်။ စစ်တပ်မှာ စိတ်ကြွမူးယစ်ဆေးဝါးသုံးစွဲသူတွေ အများကြီးပဲလို့ အဲဒီဒေသခံသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ စစ်တပ်ဟာ ဇွန်လ ၂၁ရက် မနေ့က မနက်အစောကနေ ညသန်းခေါင်ယံအချိန်ထိ တနေန့တာအတွင်း မင်းတပ်နဲ့ ကန်ပက်လက်ကို လေကြောင်းဗုံးကြဲမှု အကြိမ် ၅၀နီးပါး ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို အကြိမ်ပေါင်းများစွာ လေကြောင်း တိုက်ခိုက်မှုအတွင်း ဗုံးအလုံးရေ ၁၁၀ကျော် အသုံးပြု တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

◾️ချောက်မြို့နယ်မှာ ဂွေးပင်စခန်းမှူးတိုက်ခိုက်ခံရပြီး သေဆုံး
👍164🔥2
မကွေးတိုင်း၊ ချောက်မြို့နယ် လမ်းပိုင်းတနေရာမှာ စစ်တပ်လက်အောက်ခံ ဂွေးပင်စခန်းမှူးလိုက်ပါလာတဲ့ကားကို တိုက်ခိုက်ရာ စခန်းမှူး သေဆုံးပြီး နယ်ထိန်းရဲ ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ရက် မနက်အစောပိုင်းက ချောက်မြို့နယ် ဂွေးပင်ရွာရဲစခန်းမှူး လှမိုးအောင် လိုက်ပါလာတဲ့ ကားကို စောင့်ကြိုပစ်ခတ်ခဲ့တာလို့ မှတ်တမ်း ရုပ်သံဖော်ပြ အသိပေးပါတယ်။ ဂွေးပင်က ချောက်-ရေနံချောင်း လမ်းပေါ်မှာရှိပြီး ဂွေးပင်ရွာရဲစခန်းမှူးက ပေါ်တာဆွဲ၊ ငွေညှစ်တာတွေလုပ်တယ်လို့ ချောက်မြို့နယ် ပကဖ တာ၀န်ရှိသူက ပြောပါတယ်။ နယ်ထိန်းကတော့ ပိုဆိုးတယ်လို့ သူက ဆက်ပြောပါတယ်။ ချောက်မြို့နယ်ပကဖရဲ့ ထုတ်ပြန်ချက်မှာလည်း ပြည်သူကို မတရားဖမ်းဆီး၊ ငွေညှစ်၊ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီလက်ပါးစေတွေကို တိုင်း/ခရိုင်/မြို့နယ် မဟာမိတ်ပူးပေါင်းအဖွဲ့က ထိရောက်စွာ အပြစ်ပေးလိုက်ပြီလို့ ဖော်ပြပါတယ်။

◾️မြန်မာကို အမည်ပျက်စာရင်းဆက်ထားဖို့ FATF ဆုံးဖြတ်

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ(Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အမည်ပျက်စာရင်းမှာ မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ တရားမဝင် ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာနိုင်ငံအနေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့လူကုန်ကူးခြင်းခံရတဲ့ နစ်နာသူတွေဘက်က စာနာထောက်ထားမှုကို အလေးအနက်ထား ထည့်သွင်းစဉ်စားဖို့နဲ့ တရားဝင်စီးဆင်းနေတဲ့ ငွေကြေးတွေအပေါ် မလိုအပ်ဘဲ အလွန်အမင်း စစ်ဆေးဖိအားပေးမှုတွေ ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ FATF ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ကို မလျော်ဩဇာသုံးပြီး အဟန့်အတားမဖြစ်စေဖို့လည်း တိုက်တွန်းထားပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ သားဖြစ်သူ ထပ်မံတောင်းဆို

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရဖို့ စောင့်ဆိုင်းနေကြောင်း သားဖြစ်သူ ကိုထိန်လင်းက ဒီနေ့ ဇွန်လ ၂၂ရက်မှာ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပြီး မိခင်အသက်ရှင်နေသေးတယ်ဆိုရင် မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော် ခွေးကလေး တိုက်ချီဒို ဇွန်လ ၂၁ရက် မနေ့က သေဆုံးသွားတာနဲ့ပတ်သက်ပြီး ကိုထိန်လင်းက အမှတ်တရ ရေးသားရာမှာ အခုလို တောင်းဆိုခဲ့တာပါ။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အဖော်ဆိုတာထက် ပိုပြီး ကိုထိန်လင်း သူ့မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ သူ့မေမေလက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းလို့ ရေးသားပါတယ်။ တိုက်ချီဒိုဟာလည်း ကိုထိန်လင်းလိုပဲ သူ့မေမေ ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးရှုံးခဲ့ရသလို စောင့်နေခဲ့တယ်လို့ ဆိုပါတယ်။ ကိုထိန်လင်းဟာ သူ့လိုပဲ တိုက်ချီဒိုလေးက သူ့မေမေကို တခေါက်လောက် ပြန်တွေ့ချင်နေခဲ့တာလို့ ရေးသားပါတယ်။ အခုတော့ ခွေးကလေး တိုက်ချီဒိုလည်း မရှိတော့သလို ခွေးကလေးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မတွေ့လိုက်ရတာကို တွေးမိရင် များစွာ နာကျင်ရတယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။

◾️ပုလဲနယ်မှာ PDF တွေ လက်မခံဖို့ စစ်တပ်က ခြိမ်းခြောက်စာ လိုက်ကပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေမှာ ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၂၁ ရက် နေ့လယ်ပိုင်းက ပုလဲမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ကျေးရွာတွေကို ဝင်ရောက်ကာ ဓါတ်တိုင်တွေမှာ ခြိမ်းခြောက်စာတွေလိုက်ကပ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီဝါဒဖြန့်စာရွက်တွေမှာ လေယာဥ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်စစ်ကြောင်းထိုးတာတွေ ပြုလုပ်တာဟာ PDF တွေရှိလို့ဆိုပြီး ရေးသားထားပါတယ်။ ဒါ့ကြောင့် NUG၊ PDF တွေကို လက်မခံဖို့နဲ့ လမ်းပိတ်တာ၊ မိုင်းထောင်တာတွေ မပြုလုပ်ဖို့ တားမြစ်ကြောင်း အဲဒီစာရွက်မှာ ရေးသားထားပါတယ်။ သတိပေးချက်ကို မလိုက်နာပါက ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်ယူမှာမဟုတ်ကြောင်းလည်း ဝါဒဖြန့်စာရွက်မှာ ခြိမ်းခြောက်ထားပါတယ်။

◾️တော်လှန်ရေးတပ်ဖွဲ့အမည်အလွဲသုံး ဓားပြတိုက်သူတွေကို ဓနုတပ်(၁၀၀၃)တပ်ရင်း ဖမ်းဆီး
👍182🔥2
တော်လှန်ရေးတပ်ဖွဲ့အမည်အလွဲသုံးစားပြုလုပ်ပြီး ဓားပြတိုက်သူတွေကို ဖမ်းဆီးဖော်ထုတ်ခဲ့တယ်လို့ (၁၀၀၃)တပ်ရင်းဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ရင်းက ဒီနေ့ ဇွန်လ ၂၂ရက်မှာ ထုတ်ပြန်ပါတယ်။ ဇွန်လအတွင်းမှာ ရွာငံမြို့နယ်တနေရာမှာ ဓါးပြတိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဥ်ကို ကျူးလွန်ခဲ့ကြသူတွေဟာ အသက်မပြည့်သေးတဲ့လူငယ်တွေ ဖြစ်ကာ အွန်လိုင်းလောင်းကစားစလော့ဂိမ်းနဲ့ မူးယစ်သုံးစွဲနေကြသူတွေလို့ ဆိုပါတယ်။ ဓါးပြတိုက်သူတွေထဲက တစ်ဦးကို ဖမ်းမိထားပြီး ခေါင်း‌ဆောင်ဖြစ်သူနဲ့ တခြားအဖွဲ့ဝင်တွေက ထွက်ပြေးတိမ်ရှောင်နေတယ်လို့ အသိပေးပါတယ်။ ငွေကြေးလိုအပ်ချက်အရ သေနတ်အတုတွေနဲ့ ဓါးတွေကို အသုံးပြုကာ ဒေသတွင်းကပြည်သူတွေအပေါ်အနိုင်ကျင့် ဓားပြတိုက်မှုကို ကျူးလွန်ခဲ့တယ်လို့ ဖမ်းမိခဲ့သူက ဝန်ခံထွက်ဆိုထားပါတယ်။ ဒါ့အပြင် ဓားပြအဖွဲ့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နာမည်ကိုအသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကြား၊ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ယုံကြည်မှုကင်းမဲ့စေဖို့ သတင်းအမှားတွေ ဖြန့်ဝေခဲ့တယ်လို့ ဖော်ပြပါတယ်။

◾️သံတောင်ကြီးနယ်က စစ်တပ်စခန်း KNU တိုက်ခိုက်မှု လက်နက် ၃လက်ရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူး(မုန်း)မြို့နယ် ဒိုးဒိုရွာက စစ်တပ်စခန်းကို ဇွန်လ ၂၀ရက် ညပိုင်းမှာ KNLA တပ်ရင်း(၈)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒိုးဒိုရွာဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက ကျေးရွာတရွာဖြစ်ပြီး KNU ရဲ့ နယ်မြေသတ်မှတ်ချက်အရ မူးမြို့နယ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ အဲဒီမှာ စစ်တပ်ရဲ့ ခမရ(၄၃၉) တပ်ရင်း ထိုင်ထားတာလို့ ဆိုပါတယ်။ စစ်ဆင်ရေးအတွင်း ထိခိုက်ကျဆုံး အခြေအနေ အသေးစိတ် ဖော်ပြမထားပေမဲ့ လက်နက် ၃လက် သိမ်းရခဲ့တယ်လို့ မှတ်တမ်းပုံတွေနဲ့ အသိပေးထားပါတယ်။

◾️ရေတာရှည် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်မှာရှိတဲ့ စစ်တပ်ရဲ့ ဆွာရွာမစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အား ၆၀၀ ၀န်းကျင်အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်လာလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲတွေမှာလည်း စစ်တပ်က သေဆုံးထိခိုက်သူများနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတာအပြင် ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။ စစ်တပ်ရဲ့စစ်ကြောင်းတွေက ပိတောက်ကုန်း၊ နဂျပ် နဲ့ အင်းကြီးပေါက်ကျေးရွာတွကို မီးရှို့တာအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၀ ရွာ၀န်းကျင်က ဒေသခံတွေ စစ်ရှောင်နေကြရပါတယ်။

◾️ရွှေကူမြို့မှာ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ၁ဦး ထပ်မံသေဆုံး

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က မြို့ထဲက နေရာအချို့မှာ လက်နက်ကြီးတွေ တပ်ဆင်ထားပြီး မြို့ပြင်ဘက်ကို အဆက်မပြတ်ပစ်ခတ်နေတာကနေ ဒီနေ့ ဇွန်လ၂၂ရက် နေ့လယ်ပိုင်းမှာ ပင်စင်ကုန်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။ သေဆုံးသူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။ အခုဖြစ်စဉ်ဟာ ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ ၅ဦးမြောက် အရပ်သားသေဆုံးမှုဖြစ်ပါတယ်။ ဇွန်လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီး ၂လုံးကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၄ဦး သေဆုံးခဲ့ပါတယ်။ မြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFက ဝိုင်းပိတ်တိုက်ခိုက်ဖို့ကြိုးပမ်းနေပြီး မြို့အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

◾️တိုက်ပွဲကြောင့် နွားထိုး-ပြင်စည်လမ်းပိုင်း ညဘက်အသုံးမပြုဖို့ မြင်းခြံခရိုင်တပ်ရင်း ကြေညာ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာဖို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။ ဇွန်လ၂၁ရက် မနေ့ကတည်းက နွားထိုးကြီး- ပြင်စည်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒီထုတ်ပြန်ချက်ကို မလိုက်နာရင် တပ်ရင်းက တာဝန်ယူမှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်တပ်ရင်း (၄-၁၀)က ထုတ်ပြန်ထားပါတယ်။ နွားထိုးကြီး၊တောင်သာနဲ့ မြင်းခြံမြို့နယ်တို့ကို ၂၀၂၅ ဩဂုတ်ကတည်းက စစ်တပ်က စစ်ကြောင်းထိုးကာ ရွာလုံးကျွတ်မီးရှို့တာတွေပြုလုပ်နေခဲ့ပြီး PDFကင်းစင် နယ်မြေလို့ ကြေညာခဲ့တာပါ။
👍152🔥2
◾️မုံရွာမှာ ရဲဘော် ၁ဦး တပ်ဖွဲ့ပိုင်ပစ္စည်းတွေယူပြီး စစ်တပ်နဲ့ ပူးပေါင်းသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေတာကြောင့် သတိပြုကြဖို့ အဲဒီတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်က Monywa Nightking တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောင်ကြီး(ခ)ဆန်းမင်းထွဋ်ဟာ တပ်ဖွဲ့ပိုင်ပစ္စည်းတွေကို ယူဆောင်ပြီး စစ်တပ်နဲ့ ပူးပေါင်းသွားကြောင်း ဒီနေ့ ဇွန် ၂၂ ရက်မှာ အသိပေးပါတယ်။ ထောင်ကြီးဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို စစ်တပ်ကို သတင်းပေးပြီး ကျပ်သိန်း ၃၀ ရယူခဲ့တဲ့အပြင် တော်လှန်ရေးရဲဘော်၊ ရဲမေတွေကိုလည်း စစ်တပ်နဲ့ ပူးပေါင်းဖို့ စည်းရုံးတာ၊ စစ်တပ်ကို လမ်းပြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ Monywa Nightking တပ်ဖွဲ့က ဆိုပါတယ်။ ထောင်ကြီးကို တော်လှန်ရေးသစ္စာဖောက်အဖြစ် ထုတ်ပြန်လိုက်ပြီး သူ့ကို တွေ့ပါ​က အကြောင်းကြားဖို့နဲ့ သူနဲ့ ပူးပေါင်းပြီး စစ်တပ်ကို ကူညီပေးနေသူတွေကိုပါ အရေးယူမယ်လို့ Monywa Nightking တပ်ဖွဲ့က သတိပေးထားပါတယ်။

◾️နယ်စပ်က မြန်မာစစ်ရှောင်တွေအတွက် မှတ်ပုံတင်ကတ်တွေ ထိုင်းက စတင်ထုတ်ပေး

နယ်စပ်မှာ ရှိနေတဲ့ ထိုင်းစစ်ရှောင်တွေအတွက် တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်တွေကို ထိုင်းနိုင်ငံက စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ ထိုင်းအစိုးရက ထုတ်ပေးတဲ့ မှတ်ပုံတင် ကတ်တွေမှာတော့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအခြေချသူတွေ ဆိုတာကို တရားဝင် အသိအမှတ်ပြုပေးထားပါတယ်။ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ကာလရှည်ကြာ နေထိုင်ခဲ့ပြီး သတ်မှတ် စည်းမျဉ်းတွေနဲ့ ကိုက်ညီသူတွေကို ထိုင်းအစိုးရက စိစစ်ပြီး အခုလို မှတ်ပုံတင် ထုတ်ပေးနေတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထိုင်းအစိုးရရဲ့ အခုအစီအစဉ်ကို သမိုင်းဝင် ခြေလှမ်းတစ်ခုလို့ ချီးကျူးခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံသား စစ်ရှောင်တွေ အနေနဲ့ ထိုင်းလူ့အဖွဲ့အစည်းမှာ ပိုပြီး အဆင်ပြေပြေ ပါဝင်နိုင်စေရေး၊ အကာအကွယ်တွေ ရရှိရေး၊ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်ပြီး အခုလို မှတ်ပုံတင်တွေ ထုတ်ပေးတာလို့ ပြောပါတယ်။ ထိုင်း-မြန်မာ နယ်စပ် စစ်ရှောင်တွေဟာ ကမ္ဘာပေါ်မှာ ကာလ အရှည်ကြာဆုံး နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတဲ့ လူ့အဖွဲ့အစည်းတွေထဲက တစ်ခုလို့ သတ်မှတ် ခံထားရပါတယ်။

◾️ဖားကန့်ရေဘေး သေဆုံးသူ ၂ဦးရှိလာ

ရေဘေးကြုံတွေ့နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ နေအိမ်တစ်လုံးပေါ်ကို မြေပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ၂၁ရက် မနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ထဲက နေအိမ်တစ်လုံးပေါ်ကို အိမ်နောက်ဘက်က တောင်မြေပြိုကျပြီး လူသေဆုံးမှုဖြစ်တာလို့ သိရပါတယ်။ သေဆုံးသူဟာ အသက် ၅၀နှစ်ခန့်ရှိ အမျိုးသားဖြစ်ပြီး မြေစာတွေအောက်က သူ့ရဲ့ ရုပ်အလောင်းကို သယ်ယူနိုင်ဖို့ လူမှုရေးအဖွဲ့တွေက လုပ်ဆောင်နေကြပါတယ်။ ဖားကန့်မှာ ဇွန်လ ၁၄ရက်ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန်လ၂၂ရက် မနက်အထိ ရေပြန်မကျ‌သေးပါဘူး။ အခုမြေပြိုလို့ လူသေဆုံးတဲ့ဖြစ်စဉ်ဟာ ဇွန်လ ၁၄ရက်က စတင်တဲ့ ရေဘေးကာလနောက်ပိုင်း နှစ်ဦးမြောက် သေဆုံးမှုဖြစ်ပါတယ်။ ဇွန်လ ၁၆ရက်က ကုဋေမှော်ရွာဘက်မှာ တောင်ကျရေကြောင့် လူတစ်ဦးရေစီးနဲ့မျောပါသေဆုံးခဲ့ပါတယ်။
👍175🔥2
👍23🔥21🤣1
👍12👎4🖕3👏1🤬1🤮1
တောင်သာမြို့နယ်ထဲက PLAစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်စီးနင်းပိတ်ဆို့

■ဒေသခံတွေကိုဒလန်လို့‌ ခေါင်းစဉ်တပ်ဖမ်းဆီးထားလို့ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေခြင်းဟုတော်လှန်ရေးသတင်းရင်းမြစ်ပြော

■PLA ​ထောင်ထားတဲ့ မိုင်းနင်းမိ၍ PDF ​၄ ဦးကျဆုံးပြီး အများအပြားဒဏ်ရာရဟု PDF စစ်ရုံးချုပ်ထုတ်ပြန်

ဇွန်-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဦးဆောင်ပြီး အင်အား ၅၀ဝ ခန့်နဲ့ တောင်သာမြို့နယ်အတွင်းရှိ PLAအထိုင်စခန်းတွေကိုဝိုင်းဝန်းပိတ်ဆို့ခြင်း၊ ခရိုင်ကွပ်ကဲရေးအမိန့်နဲ့ တာဝန်ဖြင့် သွားလာနေတဲ့ ထောက်ပို့ ရဲဘော် (၂) ဦးအား ဖမ်းဆီးရန် ကြိုးပမ်းတာ ၊​ကျေးရွာ ၂ ရွာရှိ PLA အထိုင်စခန်း​တွေကိုစီးနင်းတာ ၊ PLA ရဲ​ဘော်တဦးရဲ့အမကို ​သေနတ်နဲ့ခြိမ်း​ခြောက်ဖမ်းဆီး​ခေါ်​ဆောင် သွားခဲ့တယ်လို့ ဇွန် ၂၂ ရက် ညနေပိုင်းမှာသတင်းထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်အ​ပေါ် PDF အချို့က​တော့ PLA တပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို ဒလန်လို့‌ ခေါင်းစဉ်တပ်ပြီးတော့ဖမ်းဆီးထားလို့ ပြန်လွှတ်ပေးဖို့ ဖိအားပေးတောင်းဆိုနေတာလို့ ​ပြောပါတယ် ။

တောင်သာမြို့နယ်ထဲက PLA စခန်းတစ်ခုကို ဇွန်လ၂၂ရက်နေ့မနက်ပိုင်းမှာပြည်သူ့ကာ
ကွယ်ရေးရဲဘော်တွေသွားရောက်ပြီး ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ကာကွယ်ရေးရဲ
ဘော်တဦးကပြောပါတယ်။

"ဒေသခံတွေကို ဖမ်းထားလို့လွှတ်ပေးဖို့အကြိမ်ကြိမ်ညှိနိုင်ခဲ့ပေမယ့်မရခဲ့တာကြောင့် အခုလိုအဆင့်အထိဖြစ်လာတာလို့ ကျွန်​​​တော်တို့သိတယ်။ ဒီနေ့သွားတော့လည်း ညှိနှိုင်းနေတုန်းမှာပဲ အရပ်သားတွေကိုပါခေါ်ပြီး ရှောင်သွားတာ။ဖမ်းဆီးထားသူတစ်ဦးကိုတော့ရိုက်နှက်ပြီးစွန့်ပစ်ခဲ့တယ်"လို့၎င်းကပြောပါတယ်။

​ဒေသခံအချို့ကလည်း တောင်သာမြို့နယ်ထဲကပြည်သူ့လွတ်မြောက်ရေးတပ်မတော်
(PLA)တပ်ဖွဲ့ဟာ ၂၀၂၄ ကနေ ၂၀၂၆ခုနှစ်အတွင်း ဒေသခံအရပ်သားတွေနဲ့စီးပွားရေးလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးပြီးငွေတောင်းတာတွေ၊ ကားတွေကိုသိမ်းဆည်းတာတွေ ပြုလုပ်ခဲ့တယ်လို့ပြောပါတယ်။

​တော်လှန်​ရေးသတင်းရင်းမြစ်တဦးကလည်း PLA က ၂၀၂၅ စက်တင်ဘာလမှာ ​တောင်သာကိုကထိန်လာခင်းတဲ့ သူ​တွေထဲက ကား ၂ စီးကိုဖမ်းပြီး ပြည်သူ ၄ ဦးကိုဖမ်းပြီး ကျပ်သိန်း ၃၆၀၀ ​တောင်းခဲ့တယ်လို့​ပြောပါတယ်။ကျပ်သိန်း ၂၀၀၀ ကိုစက်တင်ဘာ ၂၃ ရက်မှာ​ပေးခဲ့ရပြီး ဖမ်းထားသူ​တွေထဲမှ ၁ ဦးကိုသာပြန်လွှတ်ပြီး ကျန်​ငွေ​တွေကို​တောင်းထားတဲ့အတွက် ​​​တောင်သာမြို့နယ်က PDF တာဝန်ရှိသူက တိုင်ကြားမှုများဆိုင်ရာ​ကော်မတီကိုတိုင်ကြားထားတယ်လို့​ပြောပါတယ်။

PLA ရဲ့ထုတ်ပြန်ချက်မှာဖမ်းဆီးထားတဲ့ဒ
လန် (PLAထုတ်ပြန်ချက်အတိုင်း)တွေအား
လုံးကို သိမ်းဆည်းထားတဲ့ ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးရန်၊မြင်းခြံခရိုင်အတွင်းမှPLAတပ်များ အားလုံး ထွက်ခွာပေးရန် မြင်းခြံခရိုင်ကွပ်ကဲရေး တာဝန်ခံမှ PLAထံ တောင်းဆိုထားတဲ့လို့လည်းအသိပေးထားပါတယ်။

ဖမ်းဆီးထားတဲ့ ရန်သူ့သတင်းပေး (ဒလန်) တွေ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ (၂)ကြိမ်ရှိပြီ ဖြစ်ပြီး နောက်ထပ် ရန်သူ့သတင်းပေး (ဒလန်)များလွှဲပြောင်းပေးမယ့်အချိန်မှာမိမိ ခြိမ်းခြောက်ပြောဆိုခြင်းနှင့် တပ်အင်အားသုံး ဖိအားပေးသည့် အခြေအနေများ ရှိလာလို့ လွှဲပေးမယ့်အစီအစဉ် ကြန့်ကြာနေရခြင်း ဖြစ်တယ်လို့ PLAက ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

PLA အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယန္တရားများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေတဲ့ အချိန်မှာယခုလို့ တပ်စခန်းတွေကို အင်အားအလုံးအရင်းသုံး ဝင်ရောက်စီးနင်းခြင်း နှင့် ရန်သူစစ်အုပ်စုကို တိုက်ခိုက်ဖို့ မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ PLA တပ်ဖွဲ့တွေကို ထွက်ခွာစေခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မရှိဘူးလို့လည်းဆက်လက်ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းရန်သာ လိုလားပြီး မိမိတို့ဘက်မှ မည်သည့်အခါမှ ကျည်စဖောက်မည်မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

PLAပြောရေးဆိုခွင့်ရှိသူတွေ ကိုဝေယံဖြိုးမိုးကတော့"ကျ​နော်တို့ကို ​ရွေးချယ်စရာမရှိ​အောင် မလုပ်ပါနဲ့။NUG အ​နေနဲ့ တပ်​တွေကို ​သက်ဆိုင်ရာ​နေရာတွေကို ပြန်ဆုတ်​ပေးဖို့လိုပါတယ်၊ဝိုင်းဝန်းပိတ်ဆို့တာ ပစ်ခတ်ဖမ်းဆီးတာ​တွေ ဆက်လုပ်ရင် ထိပ်တိုက်​တွေ့ပြီး ပိုရှုပ်​ထွေးကုန်ပါ့မယ်"လို့ ​ဖေစ်ဘွခ်လူမှုကွန်ယက်မှာရေးသားထားပါတယ်။

ဒေသခံအရပ်သားတဦးကတော့ PLA တပ်ဟာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေကို ဒလန်ဆိုပြီး ဖမ်းဆီးတာတွေနဲ့ဧရာဝတီမြစ်
ကြောင်းအတွင်းငွေကြေး အတင်းအကျပ်ကောက်ခံတာတွေ ရှိနေလို့လက်မခံနိုင်ဘူးလို့ပြောပါတယ်။

PLAဖမ်းဆီးခံထားရသူတွေရဲ့ဆွေမျိုးအ
သိုင်းအဝိုင်း​က မြင်းခြံခရိုင်တပ်ရင်းတွေထံတိုင်ကြားထားပြီးအဲဒီတိုင်ကြားမှုတွေအ
တွက် စုံစမ်းစစ်ဆေးမှုတွေလုပ်သွားဖို့ရှိတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။
👍209🔥2👏1
PLA စခန်းကိုသွားရောက်ပြီးညှိနှိုင်းစဉ်တင်း
မာမှုရှိခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းမရှိပေမယ့် မိုင်းပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရဲဘော်အချို့ထိခိုက်မှုရှိခဲ့တယ်လို့ လည်းသတင်းရရှိပါတယ်။

​တော်လှန်​ရေးတပ်ဖွဲ့ အချင်းချင်းကြား ​အင်
အားသုံး​ဖြေရှင်းမှာကို ​တော်လှန်​ရေးအင်
အားစု​တွေကစိုးရိမ်​နေကြပြီး ၊ NUG လက်​အောက်ခံတပ်​တွေကအင်အားသုံး​ဖြေရှင်းဖို့လုပ်​နေတာဆိုပြီး ဝေဖန်မှု​တွေလည်းထွက်​ပေါ်​နေပါတယ် ။

NUG လက်​အောက်ခံမဟုတ်တဲ့ တပ်ဖွဲ့အချို့ကို ယခုနှစ်အတွင်းမှာ ပြစ်မှုကျူးလွန်တယ်ဆိုပြီး ​ခေါင်း​ဆောင်းပိုင်း​တွေကိုဖမ်းဆီးကာ NUG ကွပ်ကဲမှု​အောက်ဝင်ရန် ဖိအား​ပေးတဲ့ဖြစ်စဥ်အချို့ရှိခဲ့ပါတယ် ။အဲဒီလို အင်အားသုံးဖိအား​ပေးတဲ့အ​​ပေါ် ​တော်လှန်​ရေးအင်
အားစု​တွေကြား​ဝေဖန်မှု​တွေများစွာရှိခဲ့သလို တကွဲတပြားဖြစ်​နေတဲ့တပ်​တွေ ကွပ်ကဲမှုတခုတည်း​အောက်ဖြစ်​အောင်လုပ်တာလို့ ခုခံကာကွယ်​ပြောဆိုမှု​တွေလည်းရှိပါတယ်။

ယခုဖြစ်စဥ်နဲ့ ပတ်သက်ပြီး People's Spring က NUG မှတာဝန်ရှိသူ​တွေထံ ဆက်သွယ်​မေးမြန်းဖို့ ကြိုးစား​နေ​ပေမယ့် ဆက်သွယ်​မေးမြန်းလို့မရ​သေးပါဘူး။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် စစ်ရုံးချုပ်က ​တောင်သာဖြစ်စဥ်နဲ့ပတ်သက်၍ ယ​နေ့ည ၁၁ နာရီ ဝန်းကျင်မှာသတင်းထုတ်ပြန်ခဲ့ရာ PLA က ပြည်သူကိုစစ်တပ်သတင်း​ပေးဟုဖမ်းဆီးပြီး တန်ဖိုးရှိပစ္စည်းများယူ​ဆောင်ရာမှ ထိုပြသာနာများကို​ဖြေရှင်းရန်ကြိုးစားရင်း ညှိနှိုင်းရန်သွား​ရောက်စဥ် မိုင်း​ထောင်ထားခံရသဖြင့် PDF ၄ ဦးကျဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ​ဖော်ပြပါတယ်။

"စခန်းနဲ့မလှမ်းမကမ်းမှာ တွေ့ဆုံညှိနှိုင်းအဖွဲ့တွေနဲ့ စကားပြောနေရင်းတန်း တစ်ယောက်ချင်း မသိမသာထွက်သွားတယ်။ သူတို့ရှောင်ထွက်သွားလို့ စခန်းကိုပြန်တာပဲဖြစ်မှာဆိုပြီး စခန်းကိုလိုက်သွားတဲ့အချိန်မှာ တစ်ယောက်မှမရှိဘူး။ ရဲဘော်တွေက စခန်းထဲဝင်ကြည့်တဲ့အချိန်မှာ မိုင်းနေမိတာ"လို့ ပြည်သူ့ကာ
ကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

တော်လှန် ရေးတပ်တွေနဲ့နီးစပ်တဲ့ဒေသခံတစ်ဦးက " PLA က စခန်းကိုစွန့်ခွာသွားပြီး မိုင်းထောင်ခဲ့တာဗျ။ ကျဆုံးတာကအားလုံးရဲဘော်အဆင့်တွေပဲ"လို့ ပြောပါတယ်

၁၂ဦး ဒဏ်ရာရပြီး လေးဦးကျဆုံးတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။ ရှစ်ဦးဟာဆေးရုံတက် ရောက်ကုသနေရဆဲလို့ ဆိုပါတယ်။

စခန်းလုံခြုံရေးအတွက်မိုင်းထောင်ထားတာဖြစ်ပြီး ဝင်​ရောက်စီးနင်းမှု​တွေမှာ ထိပ်တိုက်ပစ်ခတ်မှုမဖြစ်အောင် အချိန်မှီ​​ရှောင်​တိမ်းရတာ​ကြောင့် မိုင်းရှင်းလင်း​ရေး​သေချာမလုပ်နိုင်ခဲ့ဘူးလို့ PLA ပြောရေးဆိုခွင့်ရှိသူက လူမှု့ကွန်ရက်မှာရေးသားထားပါတယ်။ မိုင်းပေါက်ကွဲလို့ထိခိုက်မှုတွေအတွက်ဝမ်းနည်းရတယ်လို့ ရေးသားထားပါတယ်။

တောင်သာမြို့နယ်ထဲမှာ PLA စခန်းနှစ်ခုရှိပြီး အဲဒီစခန်းတွေကို PLA တပ်ဖွဲ့ဝင်တွေစွန့်ခွာသွားပြီလို့ သတင်းရရှိပါတယ်။

" ကာကွယ်ရေးတပ်တွေက ပိတ်ဆို့တာတွေ၊ လိုက်လံဖမ်းဆီးတာတွေလုပ်မနေပါဘူး"လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

(■မှတ်ချက်သတင်းကိုထပ်မံဖြည့်စွက်ထားပါတယ်)
👍15🔥63👎1👏1
PLA တပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်။
ဓါတ်ပုံ-PLA
🔥213👎2👏1
PLA ​ထောင်ထားတဲ့ မိုင်းထိပြီး PDF ၄ ဦးကျဆုံးအများအပြားဒဏ်ရာရ

ဇွန်-၂၂၊၂၀၂၆။​မေ/People's Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

ဇွန်လ၂၂ရက်နေ့ မှာမြင်းခြံခရိုင်အတွင်းက
PLAတပ်စခန်း နေရာတွေကို NUGလက် အောက်ခံ PDFတပ်တွေကပစ်ခတ်မှုမလုပ်ဘဲ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

"စခန်း၃ခုပေါ့။နောက်ဆုံးစခန်းမှာ ဖြေရှင်းပါမယ်လို့ မျှားခေါ်ပြီးတော့ မိုင်းထောင်လို့ ရဲ
ဘော်တွေ ထိခိုက်တာပါ"လို့ PDF တွေကျဆုံးမှုနဲ့ပတ်သက်လို့ဖြစ်စဉ်မှာအနီးကပ်ရှိ နေသူတဦးက ပြောပါတယ်။

ယခုလို ဝင်ရောက်စီးနင်းရတာဟာ ပြီးခဲ့တဲ့ မေလ၂၆ရက် နေ့၊ည၁၁နာရီမှာတောင်သာမြို့နယ် ၊ဝဲလောင်းရွာကပြည်သူ ဦးသန်း(အမည်လွှဲ)ကိုPLAတပ်ကဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ဖမ်းဆီးစဉ်မှာ ဦးသန်းနဲ့အတူ ကားတစီး၊အိမ်ဝိုင်းစာချုပ်၊အိမ်
ထောင်စုဇယား၊ဘွဲ့လက်မှတ်များ၊ငွေသား
၁၀သိန်းတို့ကို ပါယူသွားတယ်လို့ NUGလက် အောက်ခံ ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရှိ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။

ဇွန်လ၁၈ရက် နေ့မှာ PLAတပ်ဖွဲ့ကပဲ ဦးသန်းရဲ့ ဇနီးကိုဆက်သွယ်လာပြီး ၁၉ရက် နေ့မှာကျပ်သိန်း၂၀၀၀ ပေးရန် မပေးပါက ဦးသန်းကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတာ ကြောင့် ဦးသန်းရဲ့ ဇနီးက တောင်သာမြို့နယ်၊ပြည်သူ့လုံခြုံရေး အဖွဲ့ကို တိုင်ကြားလာတာလို့ ဆိုပါတယ်။

ဒါ့ကြောင့် တောင်သာမြို့နယ်ပကဖက ဇွန်
လ၁၈ ရက်နေ့မှာပဲ PLAတပ်က ဖမ်းဆီးထားတဲ့ ပြည်သူဦးသန်းကို ပြန်လွှတ်ပေးဖို့နဲ့ ပြည်
သူပိုင်ပစ္စည်းများ ပြန်ပေးရန် လူကိုယ်တိုင်စာပို့ညှိုနှိုင်းခဲ့ပေမယ့် မလွှတ်ပေးနိုင်ကြောင်း PLAက အကြောင်းပြန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထပ်မံပြီး တောင်သာမြို့နယ်ပကဖက ခရိုင်အတွင်းနေထိုင်မည်ဆိုပါကတည်ဆဲဥပဒေကိုလိုက်နာရန်ပြာဆိုခဲ့ပြီးနောက် ဇွန်လ၂၂ရက်နေ့ ဒီနေ့ မှာထပ်မံဆက်သွယ်စဉ် ဦးသန်းကို ပြန်လွှတ်ပေးခဲ့တယ်လို့ PLAတပ်ဖွဲ့ကအ ကြောင်းပြန်တယ်လို့ဆိုပါတယ်။

အဲဒီနောက် ဦးသန်းကို ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သတိလစ်​မေ့မျောလျှက်ဝဲလောင်းရွာနဲ့ ရွာသစ်ရွာကြားမှာတွေ့ရှိခဲ့တယ်လို့ ​ဖော်ပြပါတယ်။

အဲဒီနောက် ခရိုင်အတွင်းနေထိုင်ခြင်းမရှိ တော့တဲ့ PLAတပ်ဖွဲ့ရဲ့စခန်းနေရာတွေကို ဝင်ရောက်ချိန် ရဲဘော် အိပ်ဆောင် နေရာတွေမှာ မိုင်း ထောင်ထားတာ ကြောင့် PDFရဲဘော်၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တာလို့ ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

PLAတပ်ဖွဲ့ရဲ့ပြောရေးဆို ခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကလည်း ဦးသန်းကို ဖမ်းဆီးခဲ့တာ မှန်ကန်ကြောင်းကို သူ့ရဲ့လူမှုကွန်ယက်မှာရေးသားထားပါတယ်။မိုင်း ထောင်ထားတာဟာလည်း စခန်းလုံခြုံ ရေးအတွက် ထောင်
ထားတာဖြစ်ပြီး အချိန်မှီ ရှောင်တိမ်းရတာမို့ မိုင်းရှင်းလင်းရေး မလုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းပေါက်ကွဲလို့ထိခိုက်မှုတွေအတွက်ဝမ်းနည်းရတယ်လို့ ရေးသားထားပါတယ်။

ဦးသန်းကိုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ကတော့ ရန်သူနဲ့ပူးပေါင်းလုပ် ဆောင်မှုတွေကို ခိုင်မာတဲ့သက်သေနဲ့ထုတ်ပြမယ်လို့ဆိုထားပါတယ်။

PDF စစ်ရုံးချုပ်ရဲ့ထုတ်ပြန်ချက်မတိုင်ခင် PLA ကဇွန် ၂၂ ရက်ည​နေပိုင်းမှာထုတ်ပြန်ရာ
NUG လက်​အောက်ရှိမြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဦးဆောင်ပြီး အင်အား ၅၀ဝ ခန့်နဲ့ တောင်သာမြို့နယ်အတွင်းရှိ PLAအထိုင်စခန်းတွေကိုဝိုင်းဝန်းပိတ်ဆို့ခြင်း၊ ခရိုင်ကွပ်ကဲရေးအမိန့်နဲ့ တာဝန်ဖြင့် သွားလာနေတဲ့ ထောက်ပို့ ရဲဘော် (၂) ဦးအား ဖမ်းဆီးရန် ကြိုးပမ်းတာ ၊​ကျေးရွာ ၂ ရွာရှိ PLA အထိုင်စခန်း​တွေကိုစီးနင်းတာ ၊ PLA ရဲ​ဘော်တဦးရဲ့အမကို ​သေနတ်နဲ့ခြိမ်း​ခြောက်ဖမ်းဆီး​ခေါ်​ဆောင် သွားခဲ့တယ်လို့ ဇွန် ၂၂ ရက် ညနေပိုင်းမှာသတင်းထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

PLA ရဲ့ထုတ်ပြန်ချက်မှာဖမ်းဆီးထားတဲ့ဒ
လန် (PLAထုတ်ပြန်ချက်အတိုင်း)တွေအား
လုံးကို သိမ်းဆည်းထားတဲ့ ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးရန်၊မြင်းခြံခရိုင်အတွင်းမှPLAတပ်များ အားလုံး ထွက်ခွာပေးရန် မြင်းခြံခရိုင်ကွပ်ကဲရေး တာဝန်ခံမှ PLAထံ တောင်းဆိုထားတဲ့လို့လည်းအသိပေးထားပါတယ်။

ဖမ်းဆီးထားတဲ့ ရန်သူ့သတင်းပေး (ဒလန်) တွေ လွှဲပြောင်းပေးအပ်ခဲ့သည်မှာ (၂)ကြိမ်ရှိပြီ ဖြစ်ပြီး နောက်ထပ် ရန်သူ့သတင်းပေး (ဒလန်)များလွှဲပြောင်းပေးမယ့်အချိန်မှာမိမိ ခြိမ်းခြောက်ပြောဆိုခြင်းနှင့် တပ်အင်အားသုံး ဖိအားပေးသည့် အခြေအနေများ ရှိလာလို့ လွှဲပေးမယ့်အစီအစဉ် ကြန့်ကြာနေရခြင်း ဖြစ်တယ်လို့ PLAက ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

PLA အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယန္တရားများနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားနေတဲ့ အချိန်မှာယခုလို့ တပ်စခန်းတွေကို အင်အားအလုံးအရင်းသုံး ဝင်ရောက်စီးနင်းခြင်း နှင့် ရန်သူစစ်အုပ်စုကို တိုက်ခိုက်ဖို့ မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ PLA တပ်ဖွဲ့တွေကို ထွက်ခွာစေခြင်းသည် မည်သို့မျှလက်ခံနိုင်ဖွယ်မရှိဘူးလို့လည်းဆက်လက်ဖော်ပြထားပါတယ်။
15🤬13😢5👍1👏1🎉1