အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် ၂စီး တိုက်မိ၊ လူ ၃ဦးသေပြီး ၄ဦး ဒဏ်ရာရ
ဇွန်-၂၂၊၂၀၂၆။တေဇ/People's Spring
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် ၂စီး ယာဉ်တိုက်မှုဖြစ်ပြီး လူ ၃ဦးသေဆုံးကာ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီနေ့(ဇွန် ၂၂) မနက် ၄ နာရီလောက်မှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တင် ၁၁၇/၇ မှာ ကားပျက်လို့ ပြင်နေတဲ့ ရတနာဖြိုး ခရီးသည်တင်ယာဉ်ကို ရွှေမန္တလာခရီးသည်တင်ယာဉ်မောင်းက အိပ်ငိုက်ပြီး ဝင်တိုက်ခဲ့တာလို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကားပျက်လို့ ပြင်နေတဲ့ယာဉ်က လမ်းဘေးကို ချရပ်ထားတာမဟုတ်ပဲ လက်ယာအစွန် ယာဉ်ကြောမှာ ရပ်ထားတာကြောင့် စည်းကမ်းမဲ့ရပ်တန့်ပြီး ကားပြုပြင်နေတာ လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယာဉ်တိုက်မှုကြောင့် ကားပျက်တာကိုပြင်နေတဲ့ ရတနာဖြိုးကားရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် နဲ့ ရွှေမန္တလာကားရဲ့ယာဉ်နောက်လိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရွှေမန္တလာကားပေါ်က ခရီးသည် အမျိုးသား ၃ဦး နဲ့ ရတနာဖြိုး ကားပေါ်က ခရီးသည် အမျိုးသား ၁ဦး စုစုပေါင်း အမျိုးသား ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို ကြက်ခြေနီအသင်း နဲ့ မြို့မလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်တွေနဲ့ ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အမြန်လမ်းကို အသုံးပြုတဲ့ အဝေးပြေးယာဉ်တွေ အနေနဲ့ သတ်မှတ်အမြန်နှုန်း အောက် မောင်းနှင်ဖို့ ၊တစီးနဲ့တစီး ကပ်မလိုက်ဖို့ ၊ ယာဥ်အားလုံး အနည်းဆုံး ၃၀၀ ပေအကွာကမောင်းနှင်ဖို့ ၊ယာဉ်မောင်းတွေ အနေနဲ့ ဘာကြောင့် ရပ်ရပ် မြေသားလမ်းတာပေါင် အတွင်းသို့ အပြည့်အဝ ရောက်ရှိရပ်တန့်ဖို့ ၊ ညအခါ လမ်းဘေး မြေသားပေါ်မှာယာဥ်ရပ်နားစဥ် parking light ရပ်နားမီး ၊ လမ်းမပေါ်/ယာဥ်ကြောပေါ် မှာအရေးပေါ်ရပ်တန့်စဥ် Hazard Light အဝါရောင်စုံ မှိတ်တုပ်အချက်ပြမီး၊ ကုန်တင်ယာဥ်များSide Lamp ဆိုင်းလင့်ကားဘေးမီးဖွင့်ထားဖို့ ၊ ပုံမှန်မောင်း နှင်ရင် လက်ယာဖက်ကပ် မောင်းဖို့ ၊ လက်ဝဲဖက်ယာဉ် ကြောကိုကျော်တက်ရန်အတွက် သုံးဖို့ ၊မိုးရွာ/လမ်းရေစိုနေရင် အထူးသတိထားမောင်းနှင် ကြပါဖို့ နဲ့ အိပ်မငိုက်ဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

❤17😢8👍7😱3
မုံရွာမှာ ရဲဘော် ၁ဦး တပ်ဖွဲ့ပိုင်ပစ္စည်းတွေယူပြီး စစ်တပ်နဲ့ ပူးပေါင်းသွား
ဇွန် ၂၂၊ ၂၀၂၆။ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်က Monywa Nightking တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောင်ကြီး(ခ)ဆန်းမင်းထွဋ်ဟာ တပ်ဖွဲ့ပိုင်ပစ္စည်းတွေကို ယူဆောင်ပြီး စစ်တပ်နဲ့ ပူးပေါင်းသွားကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့ ဇွန် ၂၂ ရက်မှာ အသိပေးပါတယ်။
ထောင်ကြီးဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို စစ်တပ်ကို သတင်းပေးပြီး ကျပ်သိန်း ၃၀ ရယူခဲ့တဲ့အပြင် တော်လှန်ရေးရဲဘော်၊ ရဲမေတွေကိုလည်း စစ်တပ်နဲ့ ပူးပေါင်းဖို့ စည်းရုံးတာ၊ စစ်တပ်ကို လမ်းပြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ Monywa Nightking တပ်ဖွဲ့က ဆိုပါတယ်။
"သူက ဒီလဒုတိယပတ်ထဲမှာ စစ်တပ်နဲ့ ပူးပေါင်းသွားတာပါ။ ဘာကြောင့် ပူးပေါင်းသွားတယ်ဆိုတာကတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ လောလောဆယ်တော့ သူစည်းရုံးလို့ပါသွားတဲ့သူတော့ မရှိသေးပါဘူး"လို့ Monywa Nightking တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
၎င်းအား တော်လှန်ရေးသစ္စာဖောက်အဖြစ် ထုတ်ပြန်လိုက်ပြီး ၎င်းကို တွေ့ပါက အကြောင်းကြားဖို့နဲ့ သူနဲ့ ပူးပေါင်းပြီး စစ်တပ်ကို ကူညီပေးနေသူတွေကိုပါ အရေးယူမယ်လို့ Monywa Nightking တပ်ဖွဲ့က သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်အတွင်းကလည်း မုံရွာမြို့နယ်က Eagle PDF တပ်ဖွဲ့က ခေါင်းဆောင်ဖြစ်သူ ကိုလင်းယုန် လုပ်ကြံခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

🤬33👎6❤5😁3
တိုက်ပွဲကြောင့် နွားထိုး-ပြင်စည်လမ်းပိုင်း ညဘက်အသုံးမပြုဖို့ မြင်းခြံခရိုင်တပ်ရင်း ကြေညာ
ဇွန်၂၂၊၂၀၂၆၊ကတ်သရင်းနှင်း၊People's Spring
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။
ဇွန်လ၂၁ရက် မနေ့ကတည်းက နွားထိုးကြီး- ပြင်စည်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဒီထုတ်ပြန်ချက်ကို မလိုက်နာရင် တပ်ရင်းက တာဝန်ယူမှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်တပ်ရင်း (၄-၁၀)က ထုတ်ပြန်ထားပါတယ်။
"နွားထိုးကြီးမြို့နယ် မြောက်ခြမ်းမှာ ပစ်ခတ်သံ တွေတော့ ကြားနေရတယ်။အဲဒီဘက်က အရင်ကစစ်တပ်ကမီးရှို့ထားတာ ကုန်သလောက်ကို ဖြစ်နေလို့ ပြည်သူတွေက အရင်ထဲကရွာထဲသိပ်ပြီး ပြန်ဝင် မနေကြ တော့ဘူး"လို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။
နွားထိုးကြီးမြို့နယ် မြောက်ခြမ်းကို ဖေဖော်ဝါရီမှာ စစ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးကာ ဒေသခံ အမျိုးသမီး ၄ဦးကို အဓမ္မပြုကျင့်ခဲ့သလို ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူ့ ဆေးရုံကို ဗုံးပေါက်ခွဲဖျက်ဆီးပြီး မီး လောင်ဗုံးတွေပါကြဲခဲ့ပါတယ်။
နွားထိုးကြီး၊တောင်သာနဲ့ မြင်းခြံမြို့နယ်တို့ကို ၂၀၂၅ ဩဂုတ်ကတည်းက စစ်တပ်က စစ်ကြောင်းထိုးကာ ရွာလုံးကျွတ်မီးရှို့တာ တွေပြုလုပ်နေပြီး PDFကင်းစင် နယ်မြေလို့ ကြေညာခဲ့တာပါ။
ဒါပေမယ့် အဲဒီနယ်မြေတွေမှာပဲ စစ်တပ် စစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိ တိုက်ခိုက်ခံရမှု တွေဆက်တိုက်ဖြစ် နေခဲ့ပါတယ်။

👍38❤4🤬3🔥2
မြဝတီမြို့နယ်ဘက်စစ်ရေးတင်းမာမှုတွေကြောင့်ထိုင်းနယ်စပ်စာသင်ကျောင်းပိတ်
ဇွန်-၂၂၊၂၀၂၆။People's Spring
မြန်မာဖက်ခြမ်းက စစ်ရေးတင်းမာမှုတွေကြောင့်နယ်စပ်နားက စာသင်ကျောင်းတစ်
ကျောင်းကို ပိတ်ထားလိုက်ကြောင်းထိုင်းအာ
ဏာပိုင်တွေက ပြောပါတယ်။
နယ်စပ်စည်း တစ်ဖက်ခြမ်းမှာ အာဏာသိမ်း စစ်တပ် နဲ့ ကရင်တော်လှန်ရေး တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့သတင်းတွေကြောင့် တက်ခ်ပြည်နယ်ရဲ့ မဲဆောက်ခရိုင်ထဲမှာရှိတဲ့ ဘန်မယ်ခွန်ကန် ကျောင်းကို ဇွန်လ ၂၂ ရက်နေ့မှာ ပိတ်ထားစေခဲ့တာပါ။
မြန်မာဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီ မြို့
နယ်ထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့စစ်သား ၂၀၀ လောက်က စစ်ကြောင်းထိုးဖို့ စီစဉ်နေတယ်လို့ သတင်းတွေကြောင့် အတန်းအား
လုံးကို တစ်ရက်ကြာ ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ကြောင်း မဟာဝမ် ခရိုင်ခွဲမှာရှိတဲ့ စာသင်ကျောင်းရဲ့ ညွှန်ကြားရေးမှူး သာဝတ်ချိုင် ဆန်ပလန်းက ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မြန်မာဖက်ခြမ်းက တိုက်ပွဲတွေအတွင်းလမ်းချော်လာတဲ့ ကျည်ဆန်တွေဟာထိုင်းပိုင်နက်ထဲကျရောက်ခဲ့ပါသေးတယ်။ထိုင်းနယ်ခြားစောင့်တပ်က
တော့ အဲဒီ နေရာတဝိုက် နယ်စပ် အခြေအနေကို နိုးနိုးကြားကြား စောင့်ကြည့်နေကြောင်း ပြောပါတယ်။
လောလောဆယ်တော့ကျောင်းကို တစ်ရက်ပဲ ပိတ်ထားသေးပြီးအခြေအနေတွေလုံခြုံဘေးကင်းလောက်တယ်လို့ ယူဆရရင် ဇွန်လ ၂၃ ရက်နေ့မှာ ကျောင်းပြန်ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်။
လဆန်းပိုင်းတုန်းက တိုက်ပွဲတွေကြောင့် လမ်းချော်လာတဲ့ ကျည်ဆန်တွေဟာ ကျောင်းရဲ့ ပြန်လည် မွမ်းမံ တည်ဆောက်နေဆဲ အ
ဆောက်အအုံ တချို့ရဲ့ ပြတင်းပေါက်တွေကို ထိမှန်ခဲ့ပါတယ်။ပြီးတော့ထိုင်းဖက်မှာ ထိခိုက်ဒဏ်ရာရသူ တချို့လည်း ရှိခဲ့ပါတယ်။
ဇွန်လ၂၁ရက်နေ့တုန်းကလည်းအာဏာသိမ်း
စစ်တပ်ဟာ နယ်စပ်နားက ကော်သူးလေတပ်မတော် (KTLA) စခန်းတစ်ခုကို လေကြောင်းကနေဗုံးသုံးလုံးကြဲချခဲ့ကြောင်းထိုင်းနယ်
ခြားစောင့်တပ်က ပြောပါတယ်။အဲဒီတိုက်
ခိုက်မှုမှာ ထိခိုက်ပျက်စီးမှုဘယ်လောက်ရှိသလဲဆိုတာကိုတော့မသိရသေးပါဘူး။
နယ်စပ်တဝိုက်မှာနေထိုင်သူတွေ အနေနဲ့ မြန်
မာဖက်ခြမ်းက စစ်ရေး ပဋိပက္ခတွေနဲ့ ပတ်
သက်ပြီး နိုးနိုးကြားကြား ရှိကြဖို့၊ အာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေကိုအာရုံစိုက်နားစွင့်ဖို့လည်း ထိုင်းနယ်ခြားစောင့်တပ်က တိုက်
တွန်းထားပါတယ်။
ကိုးကား-Khaosod

👍34❤4🔥3😁3
■အတွေးအမြင်
"နွားများသည် ဒီမိုကရေစီကို မစားသုံးပါ"
-ခါကာဘို ရေးသားသည်။
ဒီစာကို မဖတ်ခင် မိတ်ဆွေကို တစ်ခုကြိုပြီးအသိပေးထားစရာရှိပါတယ်။ “ဟာ...ဒီလူကတော့ နွားကို ပလာတာ ကျွေးနေပြန်ပြီ”ဆိုတဲ့အတွေး ဒီစာဖတ်နေရင်းပေါ်လာခဲ့မယ်ဆိုရင် ခဏလေးမြိုသိပ်ထားပြီး စာကို ဆုံးအောင်ဖတ် ပေးစေလိုတာပါ။ ကျွန်တော် ဘယ်တော့မှ နွားကို ပလာတာမကျွေးပါ။
အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ပါးစပ်က အများဆုံးထွက်တဲ့ စကားလုံးက ဘယ်လို စကားလုံးဖြစ်ပါသလဲ။ စာကို ဒီမေးခွန်းနဲ့ စလိုက်ချင်ပါတယ်။
အဖြေကတော့ “မဲမသမာမှု”နဲ့ “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးတွေပဲဖြစ်ပြီး သမ္မတစလွယ်ကို မဖွယ်မရာလွယ်သိုင်းပြီးချိန်မှာတော့ “မဲမသမာမှု” ဆိုတဲ့ စကားထက် “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို ပိုပြီးတွင်တွင်ကျယ်ကျယ်သုံးလာတာ တွေ့ရပါတယ်။
ကြက်ပြေးသမ္မတရာထူးအတွက် ကြက်ပြေးလွှတ်တော်မှာ ကျမ်းကျိန်ပြီးနောက်ပြောခဲ့တဲ့မိန့်ခွန်းဆိုတာထဲမှာ “ဒီမို ကရေစီ” ဆိုတဲ့စကားလုံးကို (၁၅) ကြိမ်တိုင်တိုင်ထည့်သွင်းပြောဆိုသွားပါတယ်။ ကြက်ပြေးသမ္မတရာထူးကို ရယူ ပြီးပြီးချင်း သူရွေးခန့်တဲ့ ကြက်ပြေးအစိုးရအဖွဲ့နဲ့တွေ့ဆုံချိန် ပြောတဲ့မိန့်ခွန်းဆိုတာထဲမှာလည်း “ဒီမိုကရေစီ” ဆိုတဲ့ စကားလုံးကို(၈)ကြိမ်တိုင်ထည့်ပြောပါတယ်။
နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားထဲမှာလည်း “ဒီမိုကရေစီ”စကားလုံး ကျန်မနေခဲ့ပါဘူး။ (၅)ကြိမ်ထက်မနည်း ထည့် သုံးသွားသလို
သူတင်မြှောက်ရွေးချယ်ထားတဲ့ဝန်ကြီးဆိုသူတွေနဲ့တွေ့ဆုံတဲ့ အစည်းအဝေးတိုင်း “ဒီမိုကရေစီ” ဆို တာကို မဖြစ်မနေထည့်ပြောတာ တွေ့ရပါတယ်။ အစည်းအဝေးတစ်ခုမှာဆို (၁၇) ကြိမ်တိုင်ထည့်ပြောသွားတာ မျိုး တွေ့ရပြီး ကာလုံအစည်းအဝေးမှာလည်း “ဒီမိုကရေစီ”ကို လေးကြိမ်တိုင်ထည့်သုံးခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ တရုတ်ကလာတော့လည်း “ဒီမိုကရေစီ”ပါတယ်။ တရုတ်သွားတော့လည်း “ဒီမိုကရေစီ” ပါတယ်။ ရုရှားကလာတော့လည်း “ဒီမိုကရေစီ”ပါတယ်။ ရုရှားသွားတော့လည်း “ဒီမိုကရေစီ”ပါတယ်။ အိန္ဒိယ သွားတော့လည်း “ဒီမိုကရေစီ”ပါတာပါပဲ။ အိန္ဒိယသတင်းဌာနနဲ့ အင်တာဗျူးရာမှာလည်း “ဒီမိုကရေစီ” မကျန်ရစ် သလို တရုတ်သတင်းဌာနနဲ့တွေ့တော့လည်း “ဒီမိုကရေစီ”ဆိုတဲ့စကား သုံးလိုက်ပြန်တာပါပဲ။
နောက်ဆုံးလူရည် ချွန်မောင်မယ်ကလေးငယ်တွေနဲ့ တွေ့တဲ့အခါမှာလည်း “ဒီမိုကရေစီ” ဆိုတဲ့စကားပြောဖြစ်အောင် ပြောလိုက်ပါ သေးတယ်။
အတွင်းသတင်းတွေအရ သူ့အနားကဖြတ်လျှောက်သွားသူတွေကိုတောင် လက်တို့ပြီး “ဒီမိုကရေစီ” “ဒီမိုကရေစီ” ဆိုပြီး လိုက်ပြောပါသတဲ့။ စကားပြောတိုင်း “အာ့ကျကျ” “အာ့ကျကျ”လို့ ထည့်ထည့်ပြောတတ်တဲ့ သူ့တပည့်ကြီး ဇော်မဲလုံးကိုတောင် သတိရသွားစေပါတယ်။ ဒီမိုကရေစီဘိုးအေ၊ ဘွားအေနိုင်ငံကြီးတွေက အကြီးအကဲတွေတောင် သူ့လောက် “ဒီမိုကရေစီ” မယ်မထင်ပါဘူး။
နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးပါရစေ။ ဒီလောက် “ဒီမိုကရေစီ”ဆိုတာကို ထည်လဲသုံး၊ အားတိုင်းသုံး၊ကြုံတိုင်းသုံးနေတဲ့ အာဏာ
သိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဲဒီ “ဒီမိုကရေစီ”ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကို အမှန်တကယ်သိရှိမယ်လို့ထင်ပါသလား။ အဖြေကို စကားတစ်လုံးတည်းနဲ့ဖြေရမယ်ဆိုရင် “နိုး”ပါ။
Ethic လား၊ Ethnic လား။ ဒီစကားနှစ်ရပ်ကြား ဗျာများသွားခဲ့ရတဲ့ မင်းအောင်လှိုင်ဟာ “ဒီမိုကရေစီ” ဆိုတဲ့ အဓိပ္ပာယ်ကိုသိဖို့က ဟိုး...အဝေးကြီးမှာလို့သာ ပြောချင်ပါတယ်။ ဒါဟာ အမှန်တရားပါ။ ဒီမိုကရေစီဆိုတဲ့ စကားလုံးအပြင် ဒီမိုကရေစီရဲ့ အနှစ်သာရ၊ ဒီမိုကရေစီရဲ့စံနှုန်းတွေကို သိဖို့ဆိုရင်တော့ ဝေလာဝေးဆိုတဲ့စကားကို သုံးရပါလိမ့်မယ်။ ဒီမိုကရေစီရဲ့အဓိပ္ပာယ်နဲ့ အနှစ်သာရကို အမှန်တကယ်မသိလို့သာ အခုလို တွင်တွင်သုံးနေတာလို့ ကောက်ချက်ချလို့ရပါတယ်။
ဒီချုပ်အစိုးရလက်ထက် ကိုဗစ်ကာလ ကိုယ့်အသက်ကိုယ်ဂရုမစိုက်နိုင်ပဲ ဒီမိုကရေစီအ
တွက်လူထုဟာသူတို့ရဲ့ဆန္ဒမဲတစ်ပြားကို တန်
ဖိုးထားလို့ မဲရုံတွေမှာ တန်းစီရင်းကြိတ်ကြိတ်
တိုးမဲပေးခဲ့ကြပါတယ်။ ဒါဟာ လူထုက ဒီမိုက ရေစီကို ဖော်ဆောင်တာဖြစ်ပြီး အဲဒီရဲ့ဆန့်ကျင်ဘက်ကတော့ အာဏာသိမ်းတာပါပဲ။
ပြည်သူလူထုက တကူးတက ပေးခဲ့တဲ့မဲရ
လဒ်တွေကို ဖျက်ဆီးလိုက်တဲ့ အာဏာသိမ်းခြင်းက ဒီမိုကရေစီကို ခြေထိုးခံတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလို လူတွေက “ဒီမိုကရေစီ”ဆိုတဲ့စကား ပါးစပ်ကမချတာဟာ “ဒီမိုကရေစီ”ဆိုတာကိုအမှန်မသိလို့သာဖြစ်ပါလိမ့်မယ်။
ခပ်ရိုင်းရိုင်းနှိုင်းရရင်ခွေးပါးစပ်က နတ်စ
ကားထွက်ဆိုသလိုပဲ “ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ခဲ့တဲ့အစိုးရ”လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ပါးစပ်က ပြောထွက်ရအောင် မဲပေးခွင့်ရှိသူပြည်သူတွေထဲက ဘယ် နှဦးကများမဲထွက်ပေးခဲ့သလဲဆိုတာကို စာရင်းဇယားနဲ့ ပွင့်လင်းမြင်သာ ချပြရဲသလားဆိုတဲ့ မေးခွန်းထပ်မေးချင်ပါ တယ်။ လက်တစ်ဆုပ်စာလူတစ်စုရဲ့မဲနဲ့တော့ ဒီမိုကရေစီအစိုးရလို့ အသံကောင်းဟစ်၊ အမည်ခံခြင်းဟာ အကျည်း တန်လွန်းလှပါတယ်။

👍18❤9🤮2
အခုတစ်ခါတော့ ပါးစပ်က “ဒီမိုကရေစီ...ဒီမိုကရေစီ...ဒီမိုကရေစီ”ဆိုပြီး ကရားရေလွှတ်တတွတ်တွတ်ပြောနေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေဘက်လှည့်ပြီး မေးခွန်းတ
ချို့မေးကြည့်ချင်ပါတယ်။ ပန်းရောင်းလို့၊ ပန်းပန်လို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ 81 နံပါတ်အင်္ကျီဝတ်ပြီး လမ်း
လျှောက်မိလို့ ဖမ်းဆီးတာ ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ လေးစားချစ်ခင်ရတဲ့သူတစ်ယောက်ရဲ့ မွေးနေ့အထိမ်းအမှတ်ပွဲကျင်းပတဲ့အပေါ် ဖမ်းဆီးတာ ကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ ဘုရားမှာပန်းကပ်ပူဇော်ခြင်းကို တားမြစ်တာ၊ ဘုရားစင်မှာ နှင်းဆီ ပန်းကပ်လှူလို့ ဖမ်းဆီးတာကရော ဒီမိုကရေစီနဲ့ လျှော်ညီပါသလား။ အသက်အန္တရာယ်ကြောင့် စစ်ဘေးကနေ တိမ်းရှောင်ဖို့ ကြိုးစားတဲ့ ပြည်သူကို ရှောင်တိမ်းခွင့် မပြုတာကရော ဒီမိုကရေစီလား။ အခုပြောခဲ့တာတွေဟာ လတ်တလော ပူပူနွေးနွေးဖြစ်စဉ်တွေထဲက တချို့ကိုထုတ်ပြီးမေးထားတာပါ။
နေရာစုံမှာ မီးလိုက်ရှို့နေတာ ဒီမိုကရေစီလား။ နေရာအနှံ့ဗုံးလိုက်ကျဲနေတာဒီမိုကရေစီလား။ မတရားအကျဉ်းချခံ ထားရသူရဲ့နေရာကို လျှို့ဝှက်ထားတာ ဒီမိုကရေစီလား။ ဘာလက်နက်ခဲယမ်းမှကိုင်ဆောင်ထားခြင်းမရှိတဲ့ အမျိုး သမီးတစ်ယောက်ကို ကြောက်ရွံ့ပြီး မတရားသဖြင့် ဖိနှိပ်ချုပ်နှောင်ထားတာကရော ဒီမိုကရေစီလား။ “ဒီမိုကရေစီ”ကို ပါးစပ်ကမချသူတွေအတွက် မေးခွန်းပေါင်းများစွာမေးဖို့ ကျန်နေပါသေးတယ်။
ဒီစာအစမှာ ပြောခဲ့သလိုပဲနွားကို ပလာတာကျွေးတဲ့အလုပ် ကျွန်တော် ဘယ်တော့မှမလုပ်ပါ။ ဒီလိုပဲ နဖားကြိုးထိုးဖို့လည်း စိတ်ကူးမရှိပါ။ နကန်တစ်ချောင်းနဲ့သာ ခပ်ဆတ်ဆတ်လေးရိုက်ပေးချင်မိရုံပါ။
စာကိုအနှစ်ချုပ်ရရင် နွားများသည်ပလာတာ
ကို မစားသုံးပါ။ ထို့အတူ အာဏာရူး စစ်ဗိုလ်ချုပ်များသည်လည်း ဒီမိုကရေစီကို မစားသုံးပါ။ရွှေစလွယ်လွယ်ကောင်းရုံအသံကောင်း
ဟစ်ပြနေခြင်းသာဖြစ်သည်ဟု တထစ်ချ မှတ်ယူကြပါကုန်။ ။

👍19🤮14❤7😁1🤣1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”
ဒီနေ့(ဇွန်လ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။
◾️မြဝတီမြို့နယ်ထဲက စစ်ရေးတင်းမာမှုတွေကြောင့် ထိုင်းဘက်ခြမ်းက စာသင်ကျောင်းပိတ်
မြန်မာဖက်ခြမ်း ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက စစ်ရေးတင်းမာမှုတွေကြောင့် နယ်စပ်နားက စာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထားလိုက်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနယ်စပ်စည်း တစ်ဖက်ခြမ်းမှာ အာဏာသိမ်း စစ်တပ်နဲ့ ကရင်တော်လှန်ရေး တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့သတင်းတွေကြောင့် တက်ခ်ပြည်နယ်ရဲ့ မဲဆောက်ခရိုင်ထဲမှာရှိတဲ့ ဘန်မယ်ခွန်ကန် ကျောင်းကို ဒီနေ့ ဇွန်လ ၂၂ ရက်မှာ ပိတ်ထားစေခဲ့တာပါ။ မြဝတီ မြို့နယ်ထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့စစ်သား ၂၀၀ လောက်က စစ်ကြောင်းထိုးဖို့ စီစဉ်နေတယ်လို့ သတင်းတွေကြောင့် အတန်းအားလုံးကို တစ်ရက်ကြာ ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ကြောင်း မဟာဝမ် ခရိုင်ခွဲမှာရှိတဲ့ စာသင်ကျောင်းရဲ့ ညွှန်ကြားရေးမှူး သာဝတ်ချိုင် ဆန်ပလန်းက ပြောကြားခဲ့ပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ မြန်မာဖက်ခြမ်းက တိုက်ပွဲတွေအတွင်း လမ်းချော်လာတဲ့ ကျည်ဆန်တွေဟာ ထိုင်းပိုင်နက်ထဲကျရောက်ခဲ့ပါသေးတယ်။
◾️ဘုရားသုံးဆူမြို့ကို DKBA ဆီကနေ စစ်တပ် ပြန်တောင်း
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့ကို ပြန်လည်ပေးအပ်ဖို့ အာဏာသိမ်းစစ်တပ်က ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကို ထပ်မံတောင်းဆိုနေတယ်လို့ ကရင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ ကရင်ပြည်နယ်က အရေးပါတဲ့ နယ်စပ်စခန်းတွေ ပြန်လည်ရယူနိုင်ဖို့ စစ်တပ်က ထိုးစစ်နေချိန်မှာ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ကြာအင်းဆိပ်ကြီးခရိုင်ထဲက ဘုရားသုံးဆူမြို့ကို ပြန်လည်ပေးအပ်ဖို့ DKBAကို တောင်းဆိုလာတာပါ။ DKBA ဟာ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက်အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သူရစောဇော်လွင်စိုးက ဘုရားသုံးဆူမြို့ကို ထိန်းချုပ်ထားတဲ့ DKBA ဗိုလ်မှူးချုပ်စောအေဝမ်းဆီ တောင်းဆိုခဲ့တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဘုရားသုံးဆူမြို့ကို ပြန်လည်ပေးအပ်ဖို့ စစ်တပ်ရဲ့အခုတကြိမ်တောင်းဆိုမှုဟာ ဒုတိယအကြိမ်လို့ သိရပါတယ်။ အခုတစ်ကြိမ်တောင်းဆိုမှုမှာ ဘုရားသုံးဆူမြို့ကို စစ်တပ်ဆီပြန်လည် ပေး၊ မပေးကိုတော့ DKBA ဗိုလ်မှူးချုပ်စောအေဝမ်းက မဆုံးဖြတ်ရသေးဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ DKBAက ဘုရားသုံးဆူမြို့ကို ပြန်မပေးရင် စစ်ရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်သွားမယ်လို့ စစ်တပ်က ခြိမ်းခြောက်ထားသလို ကြာအင်းဆိပ်ကြီးမြို့မှာလည်း အင်အားအများအပြား ဖြည့်တင်းလာနေတယ်လို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။ DKBA ဘက်ကတော့ ဘုရားသုံးဆူမြို့နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
◾️ချင်းတောင်ပိုင်းကို စစ်တပ် လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲနေ
အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ အဲဒီလိုလေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတာဟာ တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ် အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ ဗုံးသီးအလုံးရေများစွာ အသုံးပြု တိုက်ခိုက်နေတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ ဒေသခံသတင်းရင်းမြစ်က အခုလို သုံးသပ်ပါတယ်။ စစ်တပ်က အထိနာလို့ အခုလို အင်အားသုံး ဗုံးကြဲတာလို့ ယူဆသလို ချင်းတောင်ပိုင်းကို မရရအောင် တက်ချင်နေကြတာလည်း ပါမယ်လို့ သူက ဆိုပါတယ်။ စစ်တပ်မှာ စိတ်ကြွမူးယစ်ဆေးဝါးသုံးစွဲသူတွေ အများကြီးပဲလို့ အဲဒီဒေသခံသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ စစ်တပ်ဟာ ဇွန်လ ၂၁ရက် မနေ့က မနက်အစောကနေ ညသန်းခေါင်ယံအချိန်ထိ တနေန့တာအတွင်း မင်းတပ်နဲ့ ကန်ပက်လက်ကို လေကြောင်းဗုံးကြဲမှု အကြိမ် ၅၀နီးပါး ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို အကြိမ်ပေါင်းများစွာ လေကြောင်း တိုက်ခိုက်မှုအတွင်း ဗုံးအလုံးရေ ၁၁၀ကျော် အသုံးပြု တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
◾️ချောက်မြို့နယ်မှာ ဂွေးပင်စခန်းမှူးတိုက်ခိုက်ခံရပြီး သေဆုံး

👍16❤4🔥2
မကွေးတိုင်း၊ ချောက်မြို့နယ် လမ်းပိုင်းတနေရာမှာ စစ်တပ်လက်အောက်ခံ ဂွေးပင်စခန်းမှူးလိုက်ပါလာတဲ့ကားကို တိုက်ခိုက်ရာ စခန်းမှူး သေဆုံးပြီး နယ်ထိန်းရဲ ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ရက် မနက်အစောပိုင်းက ချောက်မြို့နယ် ဂွေးပင်ရွာရဲစခန်းမှူး လှမိုးအောင် လိုက်ပါလာတဲ့ ကားကို စောင့်ကြိုပစ်ခတ်ခဲ့တာလို့ မှတ်တမ်း ရုပ်သံဖော်ပြ အသိပေးပါတယ်။ ဂွေးပင်က ချောက်-ရေနံချောင်း လမ်းပေါ်မှာရှိပြီး ဂွေးပင်ရွာရဲစခန်းမှူးက ပေါ်တာဆွဲ၊ ငွေညှစ်တာတွေလုပ်တယ်လို့ ချောက်မြို့နယ် ပကဖ တာ၀န်ရှိသူက ပြောပါတယ်။ နယ်ထိန်းကတော့ ပိုဆိုးတယ်လို့ သူက ဆက်ပြောပါတယ်။ ချောက်မြို့နယ်ပကဖရဲ့ ထုတ်ပြန်ချက်မှာလည်း ပြည်သူကို မတရားဖမ်းဆီး၊ ငွေညှစ်၊ ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီလက်ပါးစေတွေကို တိုင်း/ခရိုင်/မြို့နယ် မဟာမိတ်ပူးပေါင်းအဖွဲ့က ထိရောက်စွာ အပြစ်ပေးလိုက်ပြီလို့ ဖော်ပြပါတယ်။
◾️မြန်မာကို အမည်ပျက်စာရင်းဆက်ထားဖို့ FATF ဆုံးဖြတ်
မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ(Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အမည်ပျက်စာရင်းမှာ မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ တရားမဝင် ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာနိုင်ငံအနေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့လူကုန်ကူးခြင်းခံရတဲ့ နစ်နာသူတွေဘက်က စာနာထောက်ထားမှုကို အလေးအနက်ထား ထည့်သွင်းစဉ်စားဖို့နဲ့ တရားဝင်စီးဆင်းနေတဲ့ ငွေကြေးတွေအပေါ် မလိုအပ်ဘဲ အလွန်အမင်း စစ်ဆေးဖိအားပေးမှုတွေ ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမယ်လို့ FATF ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ကို မလျော်ဩဇာသုံးပြီး အဟန့်အတားမဖြစ်စေဖို့လည်း တိုက်တွန်းထားပါတယ်။
◾️ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ သားဖြစ်သူ ထပ်မံတောင်းဆို
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရဖို့ စောင့်ဆိုင်းနေကြောင်း သားဖြစ်သူ ကိုထိန်လင်းက ဒီနေ့ ဇွန်လ ၂၂ရက်မှာ လူမှုကွန်ရက်မှာ ရေးသားဖော်ပြပြီး မိခင်အသက်ရှင်နေသေးတယ်ဆိုရင် မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော် ခွေးကလေး တိုက်ချီဒို ဇွန်လ ၂၁ရက် မနေ့က သေဆုံးသွားတာနဲ့ပတ်သက်ပြီး ကိုထိန်လင်းက အမှတ်တရ ရေးသားရာမှာ အခုလို တောင်းဆိုခဲ့တာပါ။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အဖော်ဆိုတာထက် ပိုပြီး ကိုထိန်လင်း သူ့မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ သူ့မေမေလက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းလို့ ရေးသားပါတယ်။ တိုက်ချီဒိုဟာလည်း ကိုထိန်လင်းလိုပဲ သူ့မေမေ ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးရှုံးခဲ့ရသလို စောင့်နေခဲ့တယ်လို့ ဆိုပါတယ်။ ကိုထိန်လင်းဟာ သူ့လိုပဲ တိုက်ချီဒိုလေးက သူ့မေမေကို တခေါက်လောက် ပြန်တွေ့ချင်နေခဲ့တာလို့ ရေးသားပါတယ်။ အခုတော့ ခွေးကလေး တိုက်ချီဒိုလည်း မရှိတော့သလို ခွေးကလေးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မတွေ့လိုက်ရတာကို တွေးမိရင် များစွာ နာကျင်ရတယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။
◾️ပုလဲနယ်မှာ PDF တွေ လက်မခံဖို့ စစ်တပ်က ခြိမ်းခြောက်စာ လိုက်ကပ်နေ
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေမှာ ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၂၁ ရက် နေ့လယ်ပိုင်းက ပုလဲမြို့ပေါ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ကျေးရွာတွေကို ဝင်ရောက်ကာ ဓါတ်တိုင်တွေမှာ ခြိမ်းခြောက်စာတွေလိုက်ကပ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ အဲဒီဝါဒဖြန့်စာရွက်တွေမှာ လေယာဥ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်စစ်ကြောင်းထိုးတာတွေ ပြုလုပ်တာဟာ PDF တွေရှိလို့ဆိုပြီး ရေးသားထားပါတယ်။ ဒါ့ကြောင့် NUG၊ PDF တွေကို လက်မခံဖို့နဲ့ လမ်းပိတ်တာ၊ မိုင်းထောင်တာတွေ မပြုလုပ်ဖို့ တားမြစ်ကြောင်း အဲဒီစာရွက်မှာ ရေးသားထားပါတယ်။ သတိပေးချက်ကို မလိုက်နာပါက ဖြစ်လာမယ့် အကျိုးဆက်ကို တာဝန်ယူမှာမဟုတ်ကြောင်းလည်း ဝါဒဖြန့်စာရွက်မှာ ခြိမ်းခြောက်ထားပါတယ်။
◾️တော်လှန်ရေးတပ်ဖွဲ့အမည်အလွဲသုံး ဓားပြတိုက်သူတွေကို ဓနုတပ်(၁၀၀၃)တပ်ရင်း ဖမ်းဆီး

👍18❤2🔥2
တော်လှန်ရေးတပ်ဖွဲ့အမည်အလွဲသုံးစားပြုလုပ်ပြီး ဓားပြတိုက်သူတွေကို ဖမ်းဆီးဖော်ထုတ်ခဲ့တယ်လို့ (၁၀၀၃)တပ်ရင်းဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ရင်းက ဒီနေ့ ဇွန်လ ၂၂ရက်မှာ ထုတ်ပြန်ပါတယ်။ ဇွန်လအတွင်းမှာ ရွာငံမြို့နယ်တနေရာမှာ ဓါးပြတိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဥ်ကို ကျူးလွန်ခဲ့ကြသူတွေဟာ အသက်မပြည့်သေးတဲ့လူငယ်တွေ ဖြစ်ကာ အွန်လိုင်းလောင်းကစားစလော့ဂိမ်းနဲ့ မူးယစ်သုံးစွဲနေကြသူတွေလို့ ဆိုပါတယ်။ ဓါးပြတိုက်သူတွေထဲက တစ်ဦးကို ဖမ်းမိထားပြီး ခေါင်းဆောင်ဖြစ်သူနဲ့ တခြားအဖွဲ့ဝင်တွေက ထွက်ပြေးတိမ်ရှောင်နေတယ်လို့ အသိပေးပါတယ်။ ငွေကြေးလိုအပ်ချက်အရ သေနတ်အတုတွေနဲ့ ဓါးတွေကို အသုံးပြုကာ ဒေသတွင်းကပြည်သူတွေအပေါ်အနိုင်ကျင့် ဓားပြတိုက်မှုကို ကျူးလွန်ခဲ့တယ်လို့ ဖမ်းမိခဲ့သူက ဝန်ခံထွက်ဆိုထားပါတယ်။ ဒါ့အပြင် ဓားပြအဖွဲ့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နာမည်ကိုအသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကြား၊ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ယုံကြည်မှုကင်းမဲ့စေဖို့ သတင်းအမှားတွေ ဖြန့်ဝေခဲ့တယ်လို့ ဖော်ပြပါတယ်။
◾️သံတောင်ကြီးနယ်က စစ်တပ်စခန်း KNU တိုက်ခိုက်မှု လက်နက် ၃လက်ရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူး(မုန်း)မြို့နယ် ဒိုးဒိုရွာက စစ်တပ်စခန်းကို ဇွန်လ ၂၀ရက် ညပိုင်းမှာ KNLA တပ်ရင်း(၈)က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒိုးဒိုရွာဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက ကျေးရွာတရွာဖြစ်ပြီး KNU ရဲ့ နယ်မြေသတ်မှတ်ချက်အရ မူးမြို့နယ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။ အဲဒီမှာ စစ်တပ်ရဲ့ ခမရ(၄၃၉) တပ်ရင်း ထိုင်ထားတာလို့ ဆိုပါတယ်။ စစ်ဆင်ရေးအတွင်း ထိခိုက်ကျဆုံး အခြေအနေ အသေးစိတ် ဖော်ပြမထားပေမဲ့ လက်နက် ၃လက် သိမ်းရခဲ့တယ်လို့ မှတ်တမ်းပုံတွေနဲ့ အသိပေးထားပါတယ်။
◾️ရေတာရှည် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေ
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်မှာရှိတဲ့ စစ်တပ်ရဲ့ ဆွာရွာမစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က အင်အား ၆၀၀ ၀န်းကျင်အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်လာလို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ လက်ရှိတိုက်ပွဲတွေမှာလည်း စစ်တပ်က သေဆုံးထိခိုက်သူများနေတာကြောင့် လေကြောင်းကနေ ဗုံးကြဲတာအပြင် ကျေးရွာတွေကိုပါ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။ စစ်တပ်ရဲ့စစ်ကြောင်းတွေက ပိတောက်ကုန်း၊ နဂျပ် နဲ့ အင်းကြီးပေါက်ကျေးရွာတွကို မီးရှို့တာအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၀ ရွာ၀န်းကျင်က ဒေသခံတွေ စစ်ရှောင်နေကြရပါတယ်။
◾️ရွှေကူမြို့မှာ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ၁ဦး ထပ်မံသေဆုံး
ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်က မြို့ထဲက နေရာအချို့မှာ လက်နက်ကြီးတွေ တပ်ဆင်ထားပြီး မြို့ပြင်ဘက်ကို အဆက်မပြတ်ပစ်ခတ်နေတာကနေ ဒီနေ့ ဇွန်လ၂၂ရက် နေ့လယ်ပိုင်းမှာ ပင်စင်ကုန်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။ သေဆုံးသူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။ အခုဖြစ်စဉ်ဟာ ရွှေကူမြို့နယ်မှာ ဇွန်လ ၁၁ရက်ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ ၅ဦးမြောက် အရပ်သားသေဆုံးမှုဖြစ်ပါတယ်။ ဇွန်လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီး ၂လုံးကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၄ဦး သေဆုံးခဲ့ပါတယ်။ မြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ KPDFက ဝိုင်းပိတ်တိုက်ခိုက်ဖို့ကြိုးပမ်းနေပြီး မြို့အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။
◾️တိုက်ပွဲကြောင့် နွားထိုး-ပြင်စည်လမ်းပိုင်း ညဘက်အသုံးမပြုဖို့ မြင်းခြံခရိုင်တပ်ရင်း ကြေညာ
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာဖို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။ ဇွန်လ၂၁ရက် မနေ့ကတည်းက နွားထိုးကြီး- ပြင်စည်လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒီထုတ်ပြန်ချက်ကို မလိုက်နာရင် တပ်ရင်းက တာဝန်ယူမှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်တပ်ရင်း (၄-၁၀)က ထုတ်ပြန်ထားပါတယ်။ နွားထိုးကြီး၊တောင်သာနဲ့ မြင်းခြံမြို့နယ်တို့ကို ၂၀၂၅ ဩဂုတ်ကတည်းက စစ်တပ်က စစ်ကြောင်းထိုးကာ ရွာလုံးကျွတ်မီးရှို့တာတွေပြုလုပ်နေခဲ့ပြီး PDFကင်းစင် နယ်မြေလို့ ကြေညာခဲ့တာပါ။

👍15❤2🔥2
◾️မုံရွာမှာ ရဲဘော် ၁ဦး တပ်ဖွဲ့ပိုင်ပစ္စည်းတွေယူပြီး စစ်တပ်နဲ့ ပူးပေါင်းသွား
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေတာကြောင့် သတိပြုကြဖို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်က Monywa Nightking တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထောင်ကြီး(ခ)ဆန်းမင်းထွဋ်ဟာ တပ်ဖွဲ့ပိုင်ပစ္စည်းတွေကို ယူဆောင်ပြီး စစ်တပ်နဲ့ ပူးပေါင်းသွားကြောင်း ဒီနေ့ ဇွန် ၂၂ ရက်မှာ အသိပေးပါတယ်။ ထောင်ကြီးဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို စစ်တပ်ကို သတင်းပေးပြီး ကျပ်သိန်း ၃၀ ရယူခဲ့တဲ့အပြင် တော်လှန်ရေးရဲဘော်၊ ရဲမေတွေကိုလည်း စစ်တပ်နဲ့ ပူးပေါင်းဖို့ စည်းရုံးတာ၊ စစ်တပ်ကို လမ်းပြပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ Monywa Nightking တပ်ဖွဲ့က ဆိုပါတယ်။ ထောင်ကြီးကို တော်လှန်ရေးသစ္စာဖောက်အဖြစ် ထုတ်ပြန်လိုက်ပြီး သူ့ကို တွေ့ပါက အကြောင်းကြားဖို့နဲ့ သူနဲ့ ပူးပေါင်းပြီး စစ်တပ်ကို ကူညီပေးနေသူတွေကိုပါ အရေးယူမယ်လို့ Monywa Nightking တပ်ဖွဲ့က သတိပေးထားပါတယ်။
◾️နယ်စပ်က မြန်မာစစ်ရှောင်တွေအတွက် မှတ်ပုံတင်ကတ်တွေ ထိုင်းက စတင်ထုတ်ပေး
နယ်စပ်မှာ ရှိနေတဲ့ ထိုင်းစစ်ရှောင်တွေအတွက် တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်တွေကို ထိုင်းနိုင်ငံက စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ ထိုင်းအစိုးရက ထုတ်ပေးတဲ့ မှတ်ပုံတင် ကတ်တွေမှာတော့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအခြေချသူတွေ ဆိုတာကို တရားဝင် အသိအမှတ်ပြုပေးထားပါတယ်။ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ကာလရှည်ကြာ နေထိုင်ခဲ့ပြီး သတ်မှတ် စည်းမျဉ်းတွေနဲ့ ကိုက်ညီသူတွေကို ထိုင်းအစိုးရက စိစစ်ပြီး အခုလို မှတ်ပုံတင် ထုတ်ပေးနေတာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထိုင်းအစိုးရရဲ့ အခုအစီအစဉ်ကို သမိုင်းဝင် ခြေလှမ်းတစ်ခုလို့ ချီးကျူးခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံသား စစ်ရှောင်တွေ အနေနဲ့ ထိုင်းလူ့အဖွဲ့အစည်းမှာ ပိုပြီး အဆင်ပြေပြေ ပါဝင်နိုင်စေရေး၊ အကာအကွယ်တွေ ရရှိရေး၊ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်ပြီး အခုလို မှတ်ပုံတင်တွေ ထုတ်ပေးတာလို့ ပြောပါတယ်။ ထိုင်း-မြန်မာ နယ်စပ် စစ်ရှောင်တွေဟာ ကမ္ဘာပေါ်မှာ ကာလ အရှည်ကြာဆုံး နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတဲ့ လူ့အဖွဲ့အစည်းတွေထဲက တစ်ခုလို့ သတ်မှတ် ခံထားရပါတယ်။
◾️ဖားကန့်ရေဘေး သေဆုံးသူ ၂ဦးရှိလာ
ရေဘေးကြုံတွေ့နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ နေအိမ်တစ်လုံးပေါ်ကို မြေပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ၂၁ရက် မနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ထဲက နေအိမ်တစ်လုံးပေါ်ကို အိမ်နောက်ဘက်က တောင်မြေပြိုကျပြီး လူသေဆုံးမှုဖြစ်တာလို့ သိရပါတယ်။ သေဆုံးသူဟာ အသက် ၅၀နှစ်ခန့်ရှိ အမျိုးသားဖြစ်ပြီး မြေစာတွေအောက်က သူ့ရဲ့ ရုပ်အလောင်းကို သယ်ယူနိုင်ဖို့ လူမှုရေးအဖွဲ့တွေက လုပ်ဆောင်နေကြပါတယ်။ ဖားကန့်မှာ ဇွန်လ ၁၄ရက်ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန်လ၂၂ရက် မနက်အထိ ရေပြန်မကျသေးပါဘူး။ အခုမြေပြိုလို့ လူသေဆုံးတဲ့ဖြစ်စဉ်ဟာ ဇွန်လ ၁၄ရက်က စတင်တဲ့ ရေဘေးကာလနောက်ပိုင်း နှစ်ဦးမြောက် သေဆုံးမှုဖြစ်ပါတယ်။ ဇွန်လ ၁၆ရက်က ကုဋေမှော်ရွာဘက်မှာ တောင်ကျရေကြောင့် လူတစ်ဦးရေစီးနဲ့မျောပါသေဆုံးခဲ့ပါတယ်။

👍17❤5🔥2