People's Spring
60K subscribers
71.2K photos
1.24K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒါတွေ တကယ် လက်တွေ့ ဖြစ်လာဖို့ မင်းအောင်လှိုင်ဘက်က အများကြီး ပြင်ဆင်ရဦးမှာ၊ ပြီးမှ နောက်တစ်ဆင့် လက်တွေ့ လုပ်ကိုင်ဖို့ အသေးစိတ်စကားပြောကြရဦးမှာ။ MoU
(နားလည်မှုစာချွန်လွှာ)လောက်နဲ့တော့ ရွှေအိုးထမ်းလာတယ်ပြောလို့မရဘူးပေါ့”လို့ အ
ထက်ပါ နိုင်ငံရေးအကဲခတ်က တရုတ်ခရီးစဥ်အတွင်း မင်းအောင်လှိုင်ရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့ပတ်သက်လို့ မှတ်ချက်ပြုပါတယ်။

မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဥ်မှာ နယ်စပ်ချင်းထိစပ်နေတဲ့ ချင်း၊ စစ်ကိုင်း၊ ကချင်
ပြည်နယ်က စစ်တပ်ခန့် ဝန်ကြီးချုပ်တွေကို ခေါ်မသွားပေမယ့် အခုတရုတ်ခရီးစဥ်မှာတော့ စစ်တပ်ခန့် ကချင်နဲ့ ရှမ်းပြည်နယ်တို့က ဝန်ကြီးချုပ်တွေ လိုက်ပါသွားပါတယ်။ ခရီး
စဥ်မှာ ကချင်ပြည်နယ်က ထွက်ရှိ မြေရှားသတ္တုအရေးနဲ့ မြစ်ဆုံစီမံကိန်းလို အရေးကြီးကိစ္စရပ်တွေ ထည့်သွင်းဆွေးနွေးကြလိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ယူဆနေပေမယ့် ပူးတွဲထုတ်ပြန်ချက်တွေမှာ အဲဒီအရေးကိစ္စတွေ ထည့်သွင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။

ကချင်ပြည်နယ်က မြစ်ဆုံစီမံကိန်းနဲ့ပတ်
သက်ရင်လည်း အာဏာသိမ်းစစ်တပ်ဟာ သူ့ရွေးကောက်ပွဲမတိုင်ခင်ကတည်းက စီမံကိန်းပြန်စဖို့ အားစိုက်ကြိုးစားနေတာပါ။ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဘူမိဗေဒပညာရှင်တွေကတော့ မြစ်ဆုံစီမံ
ကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆို ဆန္ဒပြနေကြပါတယ်။

“တရုတ်နဲ့ပတ်သက်ရင် လူထုထိလွယ်ရှလွယ်ဖြစ်နေတဲ့ မြစ်ဆုံလိုမျိုး ကိစ္စရပ်တွေမှာ ဘာပြောလိုက်လဲဆိုတာ ရှေ့မှာ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ရမှာပေါ့”လို့ နိုင်ငံရေးအကဲခတ် ကိုသူရိန်နိုင်က မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစစ်အုပ်စုက သူ့တရားဝင်မှုရရှိရေး၊ အာဏာတည်မြဲရေးအတွက် တရုတ်ကို တိတ်တဆိတ် ဘာတွေ ထိုးအပ်ခဲ့သလဲဆိုတာ သမိုင်းသင်ခန်းစာတွေအရ စိုးရိမ်စရာကောင်းတယ်လို့ ရန်ကုန်သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောပါတယ်။ “စစ်တပ်နဲ့ တရုတ်ကြားက သဘောတူညီမှုတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့လူထုကို ပွင့်လင်းမြင်သာစွာ ဘာများ ချပြခဲ့လို့လဲ။ အခုလို သူတို့ ထုတ်ပြန်သလောက်ပဲ လူထုက သိကြရတာ”လို့ သူက ဆိုပါတယ်။

ဒေါက်တာ လှကျော်ဇောကလည်း စစ်ခေါင်း
ဆောင်မင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဥ်တ
လျှောက်လုံးကို စောင့်ကြည့်ဖြစ်ပြီး အရည်
အချင်းနိမ့်ပါးလွန်းသူတစ်ဦးဆိုတာကို ထင်ထင်ရှားရှားတွေ့လိုက်ရတယ်လို့ မှတ်ချက်ပြုပါတယ်။ “မင်းအောင်လှိုင်မှာ တိုင်းချစ်ပြည်ချစ်စိတ်တောင် အခြေခံမရှိဘူးထင်တယ်။ ကျွန်မကကိုယ့်ပြည်သူတွေကို သတိရတယ်၊ စိတ်ထဲထိခိုက်တယ်။သူ(မင်းအောင်လှိုင်)
ကတော့ ပျော်မြူးနေတာလေ”လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

တရုတ်-စစ်အုပ်စုပူးတွဲထုတ်ပြန်ချက်အရတော့ တစ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားနဲ့ အလေးထားရမယ့် အရေးကိစ္စရပ်တွေမှာ အပြန်အလှန် ခိုင်မာစွာ ဆက်လက်ပံ့ပိုးကူညီသွားကြမယ်လို့ ထပ်လောင်းအတည်ပြုခဲ့ကြောင်း ဖော်ပြပါတယ်။ စစ်အုပ်စုဟာ နိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်မယ်လို့ သမ္မတရှီကို ကတိပြုခဲ့ပါတယ်။

နှစ်ဖက်လုံးဟာ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်မှုများကို တိုးမြှင့်သွားမှာဖြစ်ပြီး ‘ရပ်ဝန်းနဲ့ ပိုးလမ်းမ’တည်ဆောက်မှုအတွက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တကယ်တမ်း လက်တွေ့ မြေပြင်အ
ကျိုးစီးပွားတွေ ပေါ်ပေါက်ဖို့ဆိုတာ အဝေးကြီးလိုသေးပြီး တရုတ်စီမံကိန်း အဟောင်းတွေရော အသစ်တွေရော လက်တွေ့ မြေပြင်မှာ ဖော်ဆောင်ဖို့ဆိုတာ မင်းအောင်လှိုင်အနေနဲ့ အတော်ကြီး လုပ်ယူရဦးမှာလို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

“လတ်တလော ဖြစ်ပေါ်နေတဲ့ မြေပြင်စစ်ရေး အနေအထားတွေက စီမံကိန်းတွေ အေးအေး
လူလူ ပြန်စဖို့လောက်အထိ အာမခံချက်မရှိသေးဘူး။ တိုက်ပွဲ ဖြစ်နေတဲ့ အဖွဲ့တွေနဲ့ စားပွဲဝိုင်းဆွေးနွေးပွဲတွေ ဖြစ်လာဖို့ဆိုတာ လတ်တ
လောဖြစ်နိုင်ခြေ မမြင်သေးဘူး”လို့ သူက ဆက်ပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်
ရေးတွေကြောင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(လားရှိုး)အပါအဝင်ရှမ်းပြည်နယ်
မြောက်ပိုင်းတခွင်လုံးနီးပါးကိုလက်လွှတ်ဆုံး
ရှုံးခဲ့ရဖူးတဲ့ အာဏာသိမ်းစစ်တပ်ဟာ တရုတ်ရဲ့ ကြားဝင်မှုကြောင့်သာ အဲဒီဒေသမှာ စစ်ရေးအရပြန်လည်ဦးမော့လာခဲ့တာပါ။တရုတ်ကတော့ မြန်မာပြည်တွင်းရေး ဝင်မစွက်ဖက်ဘူးလို့ အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားပေ
မယ့် ရှမ်းမြောက်ဒေသ စစ်ရေး၊ နိုင်ငံရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေက သူ့အပေါ်မှာပဲ မူတည်နေတယ်လို့ ဒေသတွင်းသတင်းရင်း
မြစ်တွေက ပြောပါတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ တို့မှာ စစ်ရေးအောင်မြင်မှုအကြီးအကျယ်ရခဲ့တဲ့ ကိုးကန့်(MNDAA)နဲ့ တအာင်း(TNLA)တို့အပေါ် တရုတ်က တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါ ဖိအားပေးအကြပ်ကိုင်ခဲ့တာကြောင့် ရှမ်းမြောက်ရဲ့ စစ်ရေးချိန်ခွင်လျှာ အလှည့်အပြောင်းဖြစ်ပြီး စစ်တပ်ဘက်က ပြန်အလေး
သာသွားခဲ့တာလို့ စစ်ရေး-နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
😁15👎4👍1🤣1
တရုတ်ဟာ မြန်မာဆီကနေ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေကောင်းနိုင်ငံ၊ တသမတ်တည်းပြောဆိုပြုမှုတဲ့မိတ်ဖက်နိုင်ငံအဖြစ်အလိုရှိကြောင်း နိုင်ငံရေးအကဲခတ် ကိုသူရိန်နိုင်က မှတ်ချက်ပြုပါတယ်။ အာဏာသိမ်းခါစက စစ်တပ်ကို တရုတ်အနေနဲ့ ခပ်ခွာခွာကနေ ဆက်ဆံခဲ့တာဟာ စစ်တပ်ဆီကနေ သူလိုချင်တာတွေ မရခဲ့လို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ “မင်းအောင်လှိုင်အနေနဲ့ တရုတ်ကို အတိုင်းအတာတစ်ခုအထိ ပြန်စည်းရုံးနိုင်ခဲ့လို့ ဒါမျိုးကို တရုတ်က ဆက်လက်စောင့်
ကြည့်ဦးမယ်လို့ ထင်ပါတယ်”လို့ ကိုသူရိန်နိုင်က ဆက်ပြောပါတယ်။

ပြည်တွင်းနိုင်ငံရေးအကဲခတ်တစ်ဦးကလည်း တရုတ်အနေနဲ့ ဘယ်လိုပဲ စဉ်းစားသည်ဖြစ်စေ မြန်မာစစ်တပ်က တစ်ခုတည်းခေါင်း
ဆောင်မှု အောက်မှာရှိတာ၊ သူတို့လို ဗဟိုဦးစီးချုပ်ကိုင်မှု အားကောင်းတာတွေကြောင့် မင်းအောင်လှိုင်ကို ရွေးချယ်လိုက်တာလို့ သုံးသပ်ပါတယ်။

“တရုတ်က အနောက်နိုင်ငံ ပုံစံ ဒီမိုကရေစီကို မကြိုက်ဘူး။စစ်တပ်ကပဲပါတီဖွဲ့ပြီး လွှတ်
တော်ကိုလွှမ်းမိုးချုပ်ကိုင်ထားမယ်၊စစ်ခေါင်း
ဆောင်တွေကပဲ အစိုးရခေါင်းဆောင်တွေ ဖြစ်လာမယ်ဆိုတဲ့အခင်းအကျင်းဟာ တရုတ်
ကွန်မြူနစ် နိုင်ငံရေး အုပ်ချုပ်ရေးပုံစံနဲ့ သံ
တူကြောင်းကွဲပဲ။ ဒါ့ကြောင် မင်းအောင်လှိုင်ကိုအမြန်ကောက်ဝယ်လိုက်တယ်လို့မြင်တယ်”လို့ ပြည်တွင်းနိုင်ငံရေးအကဲခတ်က
ဆိုပါတယ်။

ဒါပေမဲ့ မင်းအောင်လှိုင်အပေါ် ဆန့်ကျင်မှုတွေ ရှိနေတာကို တရုတ်က စိတ်မချဘဲ အဲဒါကြောင့် သတိနဲ့ တဖြည်းဖြည်း လေ့ကျင့်ခန်းတွေ၊ အိမ်စာတွေ ပေးပြီး ရေရှည် သုံးနိုင်အောင် ပြုစုပျိုးထောင်နေတယ်တယ်လို့ အထက်ပါအကဲခတ်က ယူဆပါတယ်။

ဒီအခြေအနေမှာ တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ တော်လှန်ရေး ရည်မှန်းချက်တွေဟာ ဘယ်သူမှ ငြင်းပယ်လို့ မရတဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ်ဖြစ်တယ်ဆိုတာ တရုတ် နားလည်လက်ခံလာအောင်လုပ်ရမှာဖြစ်တယ်လို့ ပြည်
တွင်းနိုင်ငံရေးအကဲခတ်က တိုက်တွန်းပါတယ်။ တရုတ်ဟာ သူ့အကျိုးစီးပွားကို မထိိခိုက်ဘူးဆိုရင် တော်လှန်ရေးအဖွဲ့တွေရဲ့စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြောင်း
လဲပစ်ဖို့အထိ သဘောထားမရှိဘူးလို့ ယူဆကြောင်း သူက ဆက်ပြောပါတယ်။

မင်း​အောင်လှိုင်ကတရုတ်စီမံကိန်း​တွေနဲ့ တရုတ်နိုင်ငံသား​တွေကို အစွမ်းကုန်ကာကွယ်မယ်လို့ ရှီကျင့်ဖျင်ကို ကတိပြုခဲ့တာက အာ
ရုံစိုက်စရာတစ်ခုဖြစ်ပါတယ် ။အာဏာသိမ်း​
ခေါင်း​ဆောင်က တရုတ်စီမံကိန်း​တွေနဲ့ တရုတ်နိုင်ငံသား​တွေလုံခြုံ​ရေးကိုအာမခံတယ်ဆို​ပေမယ့် ကျောက်ဖြူ​ရေနက်ဆိပ်ကိမ်းစီမံကိန်း ၊အထူးစီပွား​ရေးဇုန် စတဲ့ တရုတ်ရဲ့ အဓိကစီမံကိန်း​တွေဟာ ရခိုင်ပြည်နယ်မှာတည်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကို အာရက္ခတပ်​တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။ ဒါ့အပြင် AA က အခုလပိုင်းမှာ ​ကျောက်ဖြူ ၊စစ်​တွေမြို့​တွေကစစ်တပ်စခန်း​
တွေကို အရှိန်မြှင့်ထိုးစစ်ဆင်​နေပါတယ် ။

အလားတူ တရုတ်နိုင်ငံကမြန်မာနိုင်ကအဓိကဝယ်ယူ​နေတဲ့ ​မြေရှားဓါတ်သတ္ထု​တွေဆိုရင်လည်းကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) ကထိန်းချုပ်​ဒေသ​တွေမှာအဓိကထွက်ရှိ​​ နေတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်း
တ​လျှောက် ​ဒေသအများအပြားကို​တော်လှန်​ရေးတပ်​တွေကထိန်းချုပ်ထားသလို ၊တရုတ် စီမံကိန်းအချို့ဟာလည်း​တော်လှန်​ရေးတပ်​​တွေစိုးမိုးထားတဲ့ ​ဒေသ​တွေမှာရှိ​နေတာဖြစ်ပါတယ်။

“မင်းအောင်လှိုင်လော်ဘီတွေက တရုတ်ရဲ့ ရပ်တည်ချက်ကို ပုံကြီးချဲ့ပြီး စိတ်ဓါတ်စစ်
ဆင်ရေးအတွက်သုံးနေတာပါ။ တော်လှန်ရေး
အဖွဲ့တွေအနေနဲ့ တရုတ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် စိတ်ရှည်ရှည် သတိကြီးကြီးနဲ့ချဉ်း
ကပ်ကြဖို့ လိုတယ်”လို့ အဲဒီနိုင်ငံရေးအကဲ
ခတ်က အကြံပြုပါတယ်။

ဆက်လက်ပြီး သူက “တရုတ်အပါအဝင် အိမ်
နီးချင်းနိုင်ငံတွေ မငြင်းပယ်နိုင်တဲ့ လက်တွေ့ မြေပြင်မှာစစ်ရေး၊နိုင်ငံရေးစည်းရုံးရေး ရ
လဒ်ကောင်းတွေ ဖေါ်ဆောင်နိုင်ဖို့ လိုတယ်”
လို့ အကြံပြုပါတယ်။

ဒီအ​ခြေအ​နေမှာ ပြည်သူ​တွေ နဲ့ တော်လှန်​ရေးအဖွဲ့​တွေရဲ့ ရည်မှန်းချက်ပြည့်ဝဖို့ ဆိုရင် အာရက္ခတပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ​ပြောသလို နောက်မဆုတ်တဲ့စိတ်၊​ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီကို မရောက်ရောက်အောင် သွားကြဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဇွန်လ ၁၉ရက် ကျရောက်တဲ့ လူထုခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဒေါက်တာညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူကင်မ်အဲရစ် ခေါ် ကိုထိန်လင်းဆီကို စာရေး
သားရာမှာ ထည့်သွင်းတိုက်တွန်းခဲ့တာပါ။

သူက တော်လှန်ပြည်သူတွေ၊ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက်လည်း ကိုထိန်လင်းရဲ့ စကားအတိုင်း ထပ်တူသုံးပြီး အားပေးစကားပြောရရင်တော့ “ညီအစ်ကိုတို့ရေ... အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်” လို့ စာရေးသားတိုက်တွန်းထားတာဖြစ်ပါတယ်။
😁15👎31👍1🤣1
အာဏာလု​ခေါင်း​ဆောင်ကို ရှီကျင့်ဖျင်က ပြည်သူ့ခမ်းမ​ဆောင်ကြီးမှာ အသိအမှတ်
ပြု ​ခဲ့ပေမယ့် အာဏာသိမ်းပြီး​နောက်ပိုင်းနေ့စဥ်နဲ့အမျှပြည်သူ​ထောင်​ပေါင်းများစွာသတ်ဖြတ်၊​နေအိမ်သိန်းချီမီးရှို့ တစ်နိုင်ငံလုံးအနှံ့ ဗုံးပတ်ကြဲ​နေတဲ့ မင်း​အောင်လှိုင်ကို ပြည်သူ​တွေက နိုင်ငံ​ခေါင်း​ဆောင်အဖြစ် အသိအမှတ်ပြုနိုင်ပါ့မလားဆိုတာ အဓိက​မေးခွန်းဖြစ်လာမှာပါ ။ ပြည်သူ့ခန်းမ​ဆောင်ကြီးမှာ ရှီကျင့်ဖျင်က ICCရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားအာဏာရှင် ပူတင်ကိုလည်းလက်ခံ​တွေ့ဆုံဖူးပါတယ် ။ မင်း​အောင်လှိုင်ကိုလည်း အာဂျင်တီးနားတရားရုံးက ၂၀၂၅ ​ဖေ​ဖော်ဝါရီလမှာ ဖမ်းဝရမ်းထုတ်ထားသလို ၊အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး
(ICC)က ဖမ်းဝရမ်းထုတ်​ပေးဖို့တရားလို​ပြရှေ့​နေက ၂၀၂၄ နိုဝင်ဘာလမှာ ​လျှောက်
ထား ထားပါတယ်။ဒါ့အပြင် မင်း​အောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်​တွေ ကျုးလွန်ထားတဲ့စစ်ရာ
ဇတ်မှု​တွေအတွက် အ​​ရှေ့တီ​မော နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကတရားရုံး​တွေမှာလည်း တရားစွဲဖို့ကြိုးစား​​​နေကြပါတယ် ။

တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအရပ်သားအစိုးရလက်ထက်က ဆက်ဆံရေးကောင်းမွန်ခဲ့ဖူးတဲ့ သာဓကရှိပြီး လက်ရှိတော်လှန်ရေးအင်အားစုတွေအနေနဲ့ တရုတ်နဲ့ ပြောဆိုဆက်ဆံရာမှာ တစ်ယောက်တပေါက်ဖြစ်လို့ မရဘဲ စိတ်ချယုံ
ကြည်ရတဲ့ မိတ်ဖက်၊ တသမတ်တည်းဖြစ်ဖို့လိုအပ်ကြောင်း ကိုသူရိန်နိုင်က အကြံပြုပါတယ်။

“reliable partner ဖြစ်တယ်ဆိုတာကို တရုတ်ကိုကိုယ့်ဘက်ကအမြဲတမ်းပြသနေနိုင်ဖို့ လိုတယ်။အဲဒီလိုမှပဲတရုတ်နဲ့ကဒီထက်ပိုပြီး အဆင်ပြေတဲ့ အရွေ့တွေ လုပ်နိုင်မှာ”လို့ သူ
က ဆိုပါတယ်။

ဒီစစ်အာဏာရှင်စနစ်ရှိနေသရွေ့ မြန်မာပြည်ကြီး မတိုးတက်နိုင်၊ မငြိမ်းချမ်းနိုင်ဘူးဆိုတာ ပြည်သူလူထုသိရှိထားပြီးဖြစ်ကြောင်းနဲ့ လုပ်စရာရှိတာ ဆက်လုပ်ကြဖို့အရေးကြီးကြောင်း
ဒေါက်တာလှကျော်ဇောက တိုက်တွန်းပါတယ်။အာဏာသိမ်းစစ်တပ်နဲ့ မင်းအောင်လှိုင်ကို တရုတ်မပြော နဲ့ သိကြားမင်းဆင်းကယ်လည်း ရနိုင်မယ် မထင်ကြောင်း သူက ဆက်ပြောပါတယ်။

“ဘယ်သူက ဆက်ဆံ ဆက်ဆံ၊ ကျွန်မ စောနက ပြောသလို ဘယ်သူက ကယ်ကယ် ဒီမင်းအောင်လှိုင်ကိုတော့ ကယ်လို့ရမယ် မထင်ဘူး။ ဒီစစ်တပ်ကတော့ သွားမှာပဲ။ ‘နိုင်’ရေးအတွက် ဝိုင်းကြိုးစားဖို့ပဲ”လို့ သူမက ဆိုလိုက်ပါတယ်။ ။
😁19👍2🔥1🤣1
အာဏာသိမ်း​ခေါင်း​ဆောင် မင်း​​အောင်လှိုင် ကိုတရုတ်သမ္မတရှီကျင့်ဖျင် က ကြိုဆိုလက်ခံ​တွေ့ဆုံစဥ် / မင်း​အောင်လှိုင် ခရီးစဥ်မှာလိုက်သွားတဲ့ ခရိုနီ​တွေ ။ဓါတ်ပုံ-FMPRC ၊စစ်​ကောင်စီ
🤣15🖕13🔥4👎1💩1
ဖားကန့်ရေဘေး သေဆုံးသူ ၂ဦးရှိလာ

ဇွန်-၂၂၊ ၂၀၂၆။ စိုင်းနောင်/People's Spring

ရေဘေးကြုံတွေ့နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ နေအိမ်တစ်လုံးပေါ်ကို မြေပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ၂၁ရက် မနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်ထဲက နေအိမ်တစ်လုံးပေါ်ကို အိမ်နောက်ဘက်က တောင်မြေပြိုကျပြီး လူသေဆုံးမှုဖြစ်တာလို့ သိရပါတယ်။

"မိုးရွာရက်များနေတော့ မြေတွေက အိနေတာ။ မြေပြိုတဲ့ နေရာတွေလည်းများတယ်။ ရှေ့လျှောက်ပြီး စိုးရိမ်စရာတွေကြီးပဲ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၀နှစ်ခန့်ရှိ အမျိုးသားဖြစ်ပြီး မြေစာတွေအောက်က သူ့ရဲ့ ရုပ်အလောင်းကို သယ်ယူနိုင်ဖို့ လူမှုရေးအဖွဲ့တွေက လုပ်ဆောင်နေကြပါတယ်။

ဖားကန့်မှာ ဇွန်လ ၁၄ရက်ကတည်းက ရေကြီးခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန်လ၂၂ရက် မနက်အထိ ရေပြန်မကျ‌သေးပါဘူး။

အခုမြေပြိုလို့ လူသေဆုံးတဲ့ဖြစ်စဉ်ဟာ ဇွန်လ ၁၄ရက်က စတင်တဲ့ ရေဘေးကာလနောက်ပိုင်း နှစ်ဦးမြောက် သေဆုံးမှုဖြစ်ပါတယ်။ ဇွန်လ ၁၆ရက်က ကုဋေမှော်ရွာဘက်မှာ တောင်ကျရေကြောင့် လူတစ်ဦးရေစီးနဲ့မျောပါသေဆုံးခဲ့ပါတယ်။

ဖားကန့်မှာ လက်ရှိ ရေဘေးအပြင် နေရာအချို့မှာ မြေပြိုမှုဘေးကိုပါ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ဟာ မိုးတွင်းကာလ မိုးသည်းထန်စွာရွာသွန်းရင် ရေဘေးကြုံတွေ့ရလေ့ရှိပါတယ်။ လူထိခိုက်သေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ၊ ဒေသခံတွေပိုင်ဆိုင်တဲ့ အိမ်သုံးပစ္စည်းထိခိုက်ဆုံးရှုံးမှုတွေ နှစ်စဉ်ရင်ဆိုင်ရပါတယ်။ လက်ရှိမှာ နစ်မြုပ်နေတဲ့ အိမ်တွေမှာရှိနေတဲ့သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာကို ပို့ဆောင်နေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့မေလကနေ ဇွန်လအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းတွေမှာ မိုးကြီးပြီး တောင်ကျရေနဲ့မြေပြိုမှုတွေ၊ လေပြင်း ဘေးတွေကြောင့် လူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

လက်ရှိရာသီဥတု အခြေအနေအရ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ နေရာကွက်၍ မိုးကြီးနိုင်လို့ ရေဘေးနဲ့ မြေပြိုမှုဘေးသတိပြုကြဖို့
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
😢216🥰2🙏1
(ဖားကန့် ဥရုချောင်း ရေတက်လာမှုကြောင့် ရေကြီးမှု ရင်ဆိုင်နေရတဲ့ ဒေသခံများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဒေသခံ)
😢23👎51🙏1
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့‌ တွေ့ခွင့်မရခဲ့တဲ့ တိုက်ချီဒိုအတွက် နာကျင်နေတဲ့ ကင်မ်

ဇွန်-၂၂၊၂၀၂၆။သတိုး/People's Spring

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

"Taichito က မေမေ့ရဲ့ အဖော်ဆိုတာထက် ပိုပါတယ်။ မေမေနဲ့ ခွဲခွာခဲ့ရခါနီး ခက်ခဲလွန်းတဲ့အချိန်မှာ ကျွန်တော် မေမေ့လက်ထဲ ထည့်ပေးနိုင်ခဲ့တဲ့ မေတ္တာတစ်စိတ်တစ်ပိုင်းပါ။ သူလည်း ကျွန်တော်လိုပဲ မေမေကို ဆုံးရှုံးခဲ့ရပါတယ်။ မေမေကို ဘယ်ကိုခေါ်သွားခဲ့တယ်ဆိုတာ သူမသိခဲ့ဘူး။ ကျွန်တော့် လိုပဲ သူ စောင့်နေခဲ့တယ်။" လို့ ကင်မ်က သူ့ခံစားချက်ကို ရေးသားထားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုဟာ ဇွန်လ ၂၁ရက် ညဦးပိုင်း မှာ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ်(၅၄)သေဆုံးသွားတာပါ။

"ကျွန်တော်လိုပဲ သူလဲမေမေကို တစ်ခေါက်လောက် ပြန်တွေ့ချင်နေခဲ့တာပါ။အခုတော့ Taichito လည်း မရှိတော့ပါဘူး။ သူ မေမေကို နောက်ဆုံးတစ်ခေါက်တောင် ပြန်မတွေ့လိုက်ရဘူးဆိုတာ တွေးမိရင် ကျွန်တော် သိပ်နာကျင်ရပါတယ်။" လို့ ကင်မ်က ရင်ဖွင့်ထားတာပါ။

တိုက်ချီဒိုလေးကို ၂၀၁၀ နိုဝင်ဘာ ၂၇ရက်က ကိုထိန်လင်း မြန်မာပြည်ကို ခေတ္တရောက်ချိန် မိခင်အဖော်ပြုနိုင်ဖို့ မင်္ဂလာဈေးအနီး အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်တဲ့ ဆိုင်တစ်ဆိုင်ကနေ ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုက်ချီဒိုလေးကို မိသားစုဝင်တစ်ဦးလို ချစ်ခင်ပြီး ၂၀၂၁ နှစ်လယ်ပိုင်းလောက်အထိ ၁၁ နှစ်လောက် အတူ ရှိခဲ့တာပါ။

"ကျွန်တော်ကိုယ်တိုင်လည်း မေမေကို ဘယ်အချိန်မှာ ပြန်တွေ့ရမလဲ၊ ပြန်တွေ့ခွင့်တောင် ရပါ့မလားဆိုတာ မသိရသေးပါ။သူက မေမေကို စောင့်ခဲ့တယ်။ကျွန်တော်လည်း အခုထိ စောင့်နေတုန်းပါပဲ။မေမေ အသက်ရှင်နေတယ်ဆိုရင် မိသားစုကို တွေ့ခွင့်ပေးပါ။မေမေကို လွတ်မြောက်ခွင့်ပေးပါ။" လို့ ကင်မ်က‌ တောင်းဆိုထားပါတယ်။

မိခင်ဖြစ်သူ အသက်ရှင်ကြောင်း သက်သေပြဖို့ ဧပြီလကတည်းက ‌ကင်မ်ဦးဆောင်ပြီး Proof Of Life ကမ်ပိန်းကို ပြုလုပ်ကာ တောင်းဆိုနေပေမယ့် စစ်တပ်ဘက်ကတော့ အတည်ပြုတာမျိုး မရှိသေးပါဘူး။
😢321🤮1🥴1😭1
(တိုက်ချီဒိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အတူတွေ့ရစဉ်။ ဓာတ်ပုံ - Kim Aris - Htein Lin)
36😭8😢3🤮1
အာရက္ခသတင်းမီဒီယာကောင်စီကို ရခိုင်သတင်းသမားတွေ ဖွဲ့စည်း

■သတင်းလွတ်လပ်ခွင့်၊ ဘေးကင်းလုံခြုံရေးနဲ့ သာရေး၊ နာရေးကိစ္စရပ်တွေအတွက်ဖွဲ့တာလို့ အသိ​ပေး

ဇွန်-၂၂၊ ၂၀၂၆။ ခိုင်မြတ်/ People's Spring

ရခိုင်ပြည်တွင်းနဲ့ ပြည်ပရောက် လွတ်လပ်တဲ့ရခိုင်သတင်းသမားတွေ ဦးဆောင်ပြီး အာရက္ခမီဒီယာကောင်စီ(APC) ကို စတင်ဖွဲ့စည်းလိုက်တယ်လို့ ဒီနေ့ (ဇွန်လ ၂၂ ) မနက်ပိုင်းမှာ အဲဒီကောင်စီက ထုတ်ပြန်ပါတယ်။

ကောင်စီကိုရခိုင်သတင်းသမား ၃၃ ဦးက ဇွန်လ ၁၄ ရက်နေ့မှာ အစည်းအဝေးတရပ်ပြုလုပ်ပြီး ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းခဲ့တာလို့​ဖော်ပြပြီးသတင်းသမားတွေရဲ့ လွတ်
လပ်စွာသတင်းရယူခွင့်၊ သတင်းလွတ်လပ်
ခွင့်မြှင့်တင်ရေး၊ ဘေးကင်းလုံခြုံရေးနဲ့ အ
ကာအကွယ်ရရှိရေး၊ မီဒီယာကျင့်ဝတ်တွေ ရေးဆွဲပြဌာန်းကျင့်သုံးရေးနဲ့ သတင်း စာပညာဆိုင်ရာအရည်အသွေးကဏ္ဍစုံမြှင့်တင်ရေးတို့ကို အဓိကတာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“APC ကို ဖွဲ့စည်းရတဲ့ အဓိကအကြောင်းရင်းကသတင်းသမားတွေလွတ်လပ်စွာ သတင်းရယူခွင့်ရဖို့ရယ်၊သတင်း လွတ်လပ်ခွင့်တွေ ပိုပြီးမြင့်တက်ဖို့ပေါ့နော်။ သတင်းသမားတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့ ကာကွယ်မှုရရှိရေး စတာ တွေကို လုပ်ပေးချင်တယ်။ ပြီးရင် သတင်းသမားတွေကို ပိုပြီးတော့ capacity building ဖြစ်အောင် လုပ်ပေးချင် တယ်ပေါ့လေ။ အဲဒါတွေကြောင့် ဖွဲ့စည်းရတာဖြစ်ပါတယ်ခင်ဗျ” လို့ APC ပြောရေးဆိုခွင့်ရှိသူ ကိုတေဇာအောင်က ပြောပါတယ်။

အာရက္ခမီဒီယာကောင်စီအနေနဲ့ ပြည်ပရှိ သ
တင်းမီဒီယာအဖွဲ့အစည်းတွေ၊ ရခိုင်ဒေသအာဏာပိုင်အစိုးရဖြစ်တဲ့ AA တို့နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိပြီး ရခိုင်သတင်းသမားတွေရဲ့သာရေး၊ နာရေးကိစ္စရပ်တွေကိုလည်း ကူ
ညီဆောင် ရွက်ပေးဖို့ စီစဉ်ထားတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင်မြေပြင်မှာသတင်းရယူခွင့်နဲ့ ပတ်
သက်လို့ အာဏာပိုင်တွေနဲ့ သတင်းထောက်တွေကြား အမြင်မတူမှုတွေ ကို ညှိနှိုင်းပေးသွားမှာဖြစ်ပြီး သတင်းသမားတွေအတွက် ကျင့်ဝတ်၊ စံနှုန်းတွေလည်း ရေးဆွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“တချို့အပိုင်းတွေမှာလုံခြုံရေး၊စစ်ရေးနဲ့ဆိုင်တဲ့အခါကန့်သတ်ချက်တွေတော့ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ရဲ့ အစိုးရဖြစ်တဲ့ AA ကလည်း သူ့ပြည်သူတွေတခုခုဖြစ်မှာကို စိုးရိမ်တယ်၊စစ်ရေး၊လုံခြုံရေးကိုစိတ်ပူတယ် ပေ့ါနော်။ ဒီဘက်က သတင်းသမားကျတော့လည်း ဒါကို သတင်းထုတ်သင့်တယ်ဆိုပြီးတော့ မြင်တာမျိုးတွေရှိ တယ်။ ဒီလိုအမြင်မတူတာလေးတွေကိုဘယ်လိုပိုကောင်းအောင် လုပ်မလဲ၊ ဘယ်လိုကျော်လွှားကြမလဲ၊ ကျွန် တော်တို့သတင်းသမားတွေဘက်ကလည်း စည်းမျဉ်းစည်းကမ်းနဲ့ ဘယ်လိုသတ်မှတ်ကြလဲ၊ ဒါကို ကျွန်တော်တို့ လုပ်ချင်လို့ ဒါကို လုပ်ရတာဖြစ်တယ်” လို့ ကိုတေဇာအောင်က ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်အတွင်းကမြို့နယ် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က ထိန်း
ချုပ်ပြီး အုပ်ချုပ်ရေး၊ တရားစီရင် ရေး၊ တရားဥပဒေစိုးမိုးရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ် ငန်းတွေကိုပါ ဆောင်ရွက်နေတာပါ။

အဲဒီလိုအခြေအနေမှာ မြေပြင်မှာရှိနေတဲ့ သ
တင်းသမားတွေဟာမြေပြင်အခြေအနေသ
တင်းတွေကို ရေးသား၊ ထုတ်လုပ်ဖို့ ရိုက်ကူး၊ မေးမြန်းကြတဲ့အခါ အောက်ခြေအဆင့် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ ခွင့်ပြုချက်လိုအပ်ပြီး တ ခါတရံ သတင်းယူခွင့် ကန့်သတ်ခံရတာတွေ ရှိတယ်လို့ သတင်း​ထောက်အချို့က ပြောကြပါတယ်။

ဒါ့ကြောင့်အခုလိုသတင်းသမားတွေကို အ
ကာအကွယ်ပေးဖို့ ရည်ရွယ်တတဲ့ အာရက္ခမီဒီယာကောင်စီ ပေါ်ပေါက်လာတဲ့အပေါ် ကြိုဆိုပြီး သတင်းသမားတွေအတွက် ရပ်တည်၊ ကာကွယ်ပေးဖို့ မျှော်လင့်တယ်လို့ APC အဖွဲ့ဝင်ဖြစ် တဲ့ ရခိုင်မှာနေထိုင်သူအလွတ်တန်းသ
တင်းထောက် ကိုအောင်စိုးက ပြောပါတယ်။

“ကျွန်တော်တို့ မြေပြင်မှာရှိနေတဲ့သတင်းသ
မားတွေမှာစိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။အဲဒီလို စိန်ခေါ်မှုတွေကိုသတင်းသမားတဦး၊ တယောက်ကပဲ ထုတ်ဖော်ပြောဆိုတာက မြေပြင်မှာ အလုပ်မဖြစ်ပါဘူး။ APC က သတင်း သမားတွေရဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ရှေ့ကနေပြီးမှ ထုတ်ဖော်ပြောဆိုတာကပိုပြီးသက်ရောက်မှု ရှိပါလိမ့်မယ်။ ဒါကြောင့် APC က သတင်းသမားတွေအတွက် ဘယ်အခြေအနေမှာမဆို အကာအကွယ်တခုအဖြစ် ရပ်တည် ပေးဖို့ကို မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ အာရက္ခမီဒီယာကောင်စီကို ယာယီကော်မတီတွေနဲ့ လည်ပတ်နေပြီး ဖွဲ့စည်းပုံအ
ခြေခံဥပေဒ(မူကြမ်း)နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို စနစ်တကျရေးဆွဲနေကာ မကြာခင်ကျင်းပမယ့် ညီလာခံမှာ အတည်ပြုလုပ်ဆောင်သွား မယ်လို့ ကောင်စီဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

အဲဒီလို သီးခြားလွတ်လပ်တဲ့သတင်းသမားတွေစုစည်းပြီးအာရက္ခမီဒီယာကောင်စီဖွဲ့စည်းလိုက်တဲ့အပေါ် AA ရဲ့ အမြင်၊ သဘောထားကို သိရဖို့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ဖို့ကြိုးစား​နေဆဲဖြစ်ပါတယ်။
👍293🔥3🤮1
👍28🤮1
ရွှေကူမြို့မှာ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ၁ဦး ထပ်မံသေဆုံး

ဇွန်-၂၂၊၂၀၂၆။စိုင်းနောင်/ People's Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က မြို့ထဲကနေရာအချို့မှာ လက်နက်ကြီးတွေတပ်ဆင်ထားပြီး မြို့ပြင်ဘက်ကိုအဆက်မပြတ်ပစ်ခတ်နေတာကနေ ဒီကနေ့ ဇွန်လ၂၂ရက်နေ့လယ်ပိုင်းမှာ ပင်စင်ကုန်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။

" ခြံထဲကို ကျတာဟုတ်တယ်။ အဲဒီခြံထဲကတစ်ဦးသေဆုံးသွားတယ်။ မြို့ထဲကနေလက်နက်ကြီးတွေပစ်နေပြီး လေယာဉ်လည်းဗုံးကြဲနေတယ်"လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။ ယခုဖြစ်စဉ်ဟာ ရွှေကူမြို့နယ်မှာ ဇွန်လ၁၁ရက်ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ ၅ ဦးမြောက်အရပ်သားသေဆုံးမှုဖြစ်ပါတယ်။

ဇွန်လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီး ၂လုံးကျရောက်ပေါက်ကွဲခဲ့လို့အရပ်သား ၄ဦး သေဆုံးခဲ့ပါတယ်။

မြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက ဝိုင်းပိတ်တိုက်ခိုက်ဖို့ကြိုးပမ်းနေပြီး မြို့အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ် ။

စစ်တပ်က မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ နေရောညပါပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဖြစ်နေသလို ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူတွေလည်း ရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ရွှေကူမှာ မြို့ခံတွေ ဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ KIA ကဇွန်လ ၈ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီရက်ပိုင်းမှာ အရပ်သား ၈ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကတော့ စစ်တပ်က ရွှေကူမြို့ကနေ ထွက်ပြီး စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေပေမယ့် ရှေ့မတိုးနိူင်ဘဲ ပြန်ဆုတ်သွားသလို တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့သတင်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People's Spring ကို ဇွန်လ၂၀ရက်မှာ ‌ပြောထားပါတယ်။
👍11😡9🔥5🤬5👎3🖕1
(စစ်တပ် မီးရှို့ဖျက်ဆီးထားတဲ့ ရွှေကူမြို့နယ်က ကျေးရွာတစ်ရွာကို လာရောက်စစ်ဆေးနေတဲ့ ရွှေကူPDFက ရဲဘော်တွေကို တွေ့ရစဉ်။ People Defense Force - ShweGu)
🔥16👍62👎2🤬2🖕1
ချောက်မြို့နယ်မှာ ဂွေးပင်စခန်းမှူးကား တိုက်ခိုက်ခံရပြီး စခန်းမှူး သေ၊ နယ်ထိန်း ဒဏ်ရာရ

ဇွန် -၂၂၊ ၂၀၂၆။ ထားမြတ်၊မိုမို/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်လမ်းပိုင်း တနေရာမှာ စစ်တပ်လက်အောက်ခံ ဂွေပင်စခန်းမှူးလိုက်ပါလာတဲ့ကား တိုက်ခိုက်ရာ စခန်းမှူး သေဆုံးပြီး နယ်ထိန်းရဲ ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ရက် မနက်အစောပိုင်းက ချောက်မြို့နယ် ဂွေးပင်ရွာရဲစခန်းမှူး လှမိုးအောင် လိုက်ပါလာတဲ့ ကားကို စောင့်ကြိုပစ်ခတ်ခဲ့တာလို့ မှတ်တမ်း ရုပ်သံဖော်ပြ အသိပေးပါတယ်။ "ဂွေးပင်က ချောက်-ရေနံချောင်း လမ်းပေါ်မှာရှိတယ်။ ပေါ်တာဆွဲငွေညစ်တာ တွေလုပ်တယ်။နယ်ထိန်းကတော့ပိုးဆိုးတယ်"လို့ ချောက်မြို့နယ် ပကဖ တာ၀န်ရှိသူက ပြောပါတယ်။

“ပြည်သူကို မတရားဖမ်းဆီး၊ ငွေညှစ်၊ ပေါ်တာဆွဲနေသည့် စစ်ကောင်စီလက်ပါးစေများကို တိုင်း/ခရိုင်/မြို့နယ် မဟာမိတ်ပူးပေါင်းအဖွဲ့မှ ထိရောက်စွာ အပြစ်ပေးလိုက်ပြီ ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

ပြည်သူကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီလက်ပါးစေများနဲ့ စစ်ကြောင်းများကို ဆက်လက်ချေမှုန်းသွားမယ်လို့လည်း ချောက်ပကဖက ထုတ်ပြန်ပါတယ်။

ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးကြောင့် ဂွေးပင်စခန်းမှူး လှမိုးအောင် နေရာမှာ ပွဲချင်းပြီး သေဆုံးကာ နယ်ထိန်း တင်လင်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသွားတဲ့ နယ်ထိန်းဟာ ဒဏ်ရာပြင်းထန်လို့ ကျောက်ပန်းတောင်းဆေးရုံမှာ လက်ဖြတ်လိုက်ရသလို ခြေထောက်မှာလည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးအတွင်း ပကဖနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ အထိအခိုက်မရှိဟု အသိပေးပါတယ်။
25👏8🥰3🔥2
This media is not supported in your browser
VIEW IN TELEGRAM
ရုပ်သံ - ချောက် ပကဖ
👍3412🔥2🥰2